Suite တစ်ခုရဲ့ရင်ခုန်သံ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ မေတန်ခူး မှ
September 24, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

10
ယနေ့ခေတ်မှာတော့ ခရီးသွားခြင်းအလေ့အထသည်ကား ၂၁ရာစုရဲ့ဟန်တစ်ခုလို့ ပြောလို့ရနေပါပြီ။ စိတ်လက်အပန်းခြေဖို့ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ် ခရီးသွားလာကြတဲ့ အခါမှာ သက်တောင့်သက်သာ အနားယူနိုင်ဖို့အတွက် ဟိုတယ်ကို သေသေချာချာရွေးချယ်လာကြပါပြီ။ မိမိအတွက် သွားလာရအဆင်ပြေမယ့် ဟိုတယ်နေရာကို ရွေးချယ်ပြီးပြီဆိုရင်တော့ မိမိအတွက်အဆင်ပြေနိုင်မယ့် အခန်းကို ထပ်မံရွေးချယ် လေ့ရှိကြပါတယ်။ အခုဆောင်းပါးမှာတော့ (၆၀၀) စတုရန်းပေကျယ်ဝန်းတဲ့ Jasmine Palace Hotel ရဲ့ Suite အဖြစ် စနစ်တကျပြင်ဆင်ပုံလေးကို တင်ပြချင်ပါတယ်။ 

Suite ဆိုတဲ့အခန်းအမျိုးအစားရဲ့ လိုအပ်ချက်များကို ပြည့်စုံပေါ်လွင်အောင် ဘယ်လိုဖြည့်ဆည်းထားသလဲဆိုတာ လေ့လာကြည့်ရအောင်နော် အခန်းထဲကို ဝင်လိုက်တာနဲ့ စတင် လှမ်းမြင်တွေ့ရမှာကတော့ နွေးထွေးစွာ ကြိုဆိုနေတဲ့ အနားယူချင်စရာ ဧည့်ခန်းပဲဖြစ်ပါတယ်။ ဝင်ပေါက်ရဲ့ ညာဘက်မှာတော့ Dry Kitchen တစ်ခုကိုမြင်တွေ့ရမှာဖြစ်ပြီး အခန်းမှာ နေထိုင်မယ့်သူအတွက်First Food များကို အလွယ်တကူ ပြုလုပ်နိုင်စေရန်အလို့ငှာ လိုအပ်တဲ့ မီးဖိုချောင်သုံးပစ္စည်းများကို ထည့်သွင်းပေးထား ပါတယ်။ Dry Kitchen အနားမှာပဲ ထမင်းစားစားပွဲ ထားလိုက်ခြင်းဖြင့် အစားအသောက်တွေ ပြင်ဆင်ပြီးတာနဲ့ အလွယ်ကူသုံးဆောင်နိုင်တဲ့အပြင် နေရာကို ချွေတာပြီးသားဖြစ်သွားပါတယ်။


တကယ်တော့ ထမင်းစားစားပွဲနဲ့ ဧည့်ခန်းနေရာက တဆက်တည်းဖြစ်နေတာဖြစ်ပြီး နေရာလွတ် အနည်းငယ်သာ ချန်လို့ရတာပါ။ အရောင်မတူညီတဲ့ Wallpaper ဒီဇိုင်းများက ထမင်းစားခန်းနဲ့ ဧည့်ခန်းကို ပိုင်းခြားထားတာပါ။ ဒါကတော့ Interior designer ရဲ့မှော်ဆန်တဲ့ တီထွင်ဖန်တီးမှုလို့ ပြောလို့ရပါတယ်။ အားသာချက်တစ်ခုကတော့ ဧည့်ခန်းမှာတီဗီဖွင့်ထားတဲ့အခါ ထမင်းစားပွဲမှာ အစားအသောက်တွေ သုံးဆောင်ရင်းနဲ့လည်း လှမ်းမြင်နိုင်ခြင်းပါပဲ။ အခန်းရဲ့မီးအရောင်တွေကိုတော့ Warm light ကိုသာ အဓိကအသုံးပြုထားတာ တွေ့ရပါတယ်။ Warm light ကိုလည်း မျက်နှာကျက်များမှ စနစ်တကျ ဖွဲ့စည်းပေးထားတာဖြစ်ပြီး တီဗီကြည့်ရင်း အနားယူတဲ့အခါမှာလည်း နွေးထွေးတဲ့ခံစားမှုကို
ရရှိစေပါတယ်။ အခန်းရဲ့ဖွဲ့စည်းပုံအရ မှန်ချပ်ကြီးတွေရှိတဲ့အတွက် နေ့ခင်းနေ့လည်ဘက်တွေမှာတော့ သဘာဝအလင်းရောင်ကိုသာ အားကိုးစေပါတယ်။ လျှပ်စစ်မီးချွေတာရာ ရောက်တဲ့အပြင် သဘာဝရဲ့နွေးထွေးမှုကို ရစေချင်တဲ့ သဘောပါ။


ရေချိုးခန်းနဲ့အိမ်သာကိုတော့ အိပ်ခန်းနဲ့ တွဲပေးထားတာကို တွေ့ရပါတယ်။ ရေချိုးခန်းနဲ့ အိမ်သာကိုတော့ သဘာဝကျောက်ပြားများနဲ့ အလှဆင်ထားပြီး ရေစိမ်ချိုးရင်းအနားယူနိုင်ဖို့ Bathtub လည်း တပ်ဆင်ထားပါတယ်။ ကုတင်နဲ့ မျက်နှာမူလျှက်ရှိတဲ့ နံရံမှာတော့ စားပွဲခုံတန်းရှည်တစ်ခုကို သီးသန့်ထည့်သွင်းထားခြင်းက အခန်းမှာနေသူအတွက် အသုံးအဆောင်များ တင်ရုံသာမကဘဲ ရုံးမှမပြီးပြတ်သေးတဲ့ အလုပ်တွေကိုဆက်လုပ်ဖို့အတွက် အဆင်ပြေလှပါတယ်။ ကုတင်ဘေးမှာ တစ်ယောက်ထိုင် ဆိုဖာခုံလေးတွေထားနိုင်အောင်နေရာချန်ပေးထား ပါသေးတယ်။


၆၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ ဟိုတယ်အခန်းတစ်ခု အစစအရာရာ ပြည့်စုံအောင် ထောင့်ပေါင်းစုံမှ စဉ်းစားပြီးအလှဆင် ထားခြင်းက အခန်းမှာနေမယ့်သူအတွက် လွန်စွာအဆင်ပြေလှပါတယ်။ အခန်းရဲ့ Interior Design & Installation ကို Aviva Interiors Co.,Ltd မှ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဟိုတယ်အခန်းလေးဆိုပေမယ့်လည်း တိုက်ခန်းကျဉ်းလေးတွေကို ဘယ်လို အလှဆင်နိုင်မလဲဆိုတဲ့ အမြင်လေးရရှိအောင် ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ ကျေနပ်နှစ်သက် လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Zawgyi ျဖင့္ဖတ္ရန္

Suite တစ္ခုရဲ႕ရင္ခုန္သံ

ယေန႔ေခတ္မွာေတာ့ ခရီးသြားျခင္းအေလ့အထသည္ကား ၂၁ရာစုရဲ႕ဟန္တစ္ခုလို႔ ေျပာလို႔ရေနပါၿပီ။ စိတ္လက္အပန္းေျခဖို႔ပဲျဖစ္ျဖစ္၊ အလုပ္ကိစၥနဲ႔ပဲျဖစ္ျဖစ္ ခရီးသြားလာၾကတဲ့ အခါမွာ သက္ေတာင့္သက္သာ အနားယူႏိုင္ဖို႔အတြက္ ဟိုတယ္ကို ေသေသခ်ာခ်ာေရြးခ်ယ္လာၾကပါၿပီ။ မိမိအတြက္ သြားလာရအဆင္ေျပမယ့္ ဟိုတယ္ေနရာကို ေရြးခ်ယ္ၿပီးၿပီဆိုရင္ေတာ့ မိမိအတြက္အဆင္ေျပႏိုင္မယ့္ အခန္းကို ထပ္မံေရြးခ်ယ္ ေလ့ရွိၾကပါတယ္။ အခုေဆာင္းပါးမွာေတာ့ (၆၀၀) စတုရန္းေပက်ယ္၀န္းတဲ့ Jasmine Palace Hotel ရဲ႔ Suite အျဖစ္ စနစ္တက်ျပင္ဆင္ပံုေလးကို တင္ျပခ်င္ပါတယ္။

Suite ဆိုတဲ့အခန္းအမ်ိဳးအစားရဲ႕ လိုအပ္ခ်က္မ်ားကို ျပည့္စံုေပၚလြင္ေအာင္ ဘယ္လိုျဖည့္ဆည္းထားသလဲဆိုတာ ေလ့လာၾကည့္ရေအာင္ေနာ္ အခန္းထဲကို ၀င္လိုက္တာနဲ႔ စတင္ လွမ္းျမင္ေတြ႔ရမွာကေတာ့ ေႏြးေထြးစြာ ႀကိဳဆိုေနတဲ့ အနားယူခ်င္စရာ ဧည့္ခန္းပဲျဖစ္ပါတယ္။ ၀င္ေပါက္ရဲ႕ ညာဘက္မွာေတာ့ Dry Kitchen တစ္ခုကုိျမင္ေတြ႔ရမွာျဖစ္ၿပီး အခန္းမွာ ေနထိုင္မယ့္သူအတြက္First Food မ်ားကို အလြယ္တကူ ျပဳလုပ္ႏိုင္ေစရန္အလို႔ငွာ လိုအပ္တဲ့ မီးဖိုေခ်ာင္သံုးပစၥည္းမ်ားကို ထည့္သြင္းေပးထား ပါတယ္။ Dry Kitchen အနားမွာပဲ ထမင္းစားစားပြဲ ထားလိုက္ျခင္းျဖင့္ အစားအေသာက္ေတြ ျပင္ဆင္ၿပီးတာနဲ႔ အလြယ္ကူသံုးေဆာင္ႏိုင္တဲ့အျပင္ ေနရာကို ေခြ်တာၿပီးသားျဖစ္သြားပါတယ္။

                    တကယ္ေတာ့ ထမင္းစားစားပြဲနဲ႔ ဧည့္ခန္းေနရာက တဆက္တည္းျဖစ္ေနတာျဖစ္ၿပီး ေနရာလြတ္ အနည္းငယ္သာ ခ်န္လို႔ရတာပါ။ အေရာင္မတူညီတဲ့ Wallpaper ဒီဇိုင္းမ်ားက ထမင္းစားခန္းနဲ႔ ဧည့္ခန္းကို ပိုင္းျခားထားတာပါ။ ဒါကေတာ့ Interior designer ရဲ႕ေမွာ္ဆန္တဲ့ တီထြင္ဖန္တီးမႈလို႔ ေျပာလို႔ရပါတယ္။ အားသာခ်က္တစ္ခုကေတာ့ ဧည့္ခန္းမွာတီဗီဖြင့္ထားတဲ့အခါ ထမင္းစားပြဲမွာ အစားအေသာက္ေတြ သံုးေဆာင္ရင္းနဲ႔လည္း လွမ္းျမင္ႏိုင္ျခင္းပါပဲ။ အခန္းရဲ႕မီးအေရာင္ေတြကိုေတာ့ Warm light ကိုသာ အဓိကအသံုးျပဳထားတာ ေတြ႔ရပါတယ္။ Warm light ကိုလည္း မ်က္ႏွာက်က္မ်ားမွ စနစ္တက် ဖြဲ႔စည္းေပးထားတာျဖစ္ၿပီး တီဗီၾကည့္ရင္း အနားယူတဲ့အခါမွာလည္း ေႏြးေထြးတဲ့ခံစားမႈကို

ရရွိေစပါတယ္။ အခန္းရဲ႕ဖြဲ႔စည္းပံုအရ မွန္ခ်ပ္ႀကီးေတြရွိတဲ့အတြက္ ေန႔ခင္းေန႔လည္ဘက္ေတြမွာေတာ့ သဘာ၀အလင္းေရာင္ကိုသာ အားကိုးေစပါတယ္။ လွ်ပ္စစ္မီးေခြ်တာရာ ေရာက္တဲ့အျပင္ သဘာ၀ရဲ႕ေႏြးေထြးမႈကို ရေစခ်င္တဲ့ သေဘာပါ။

                    ေရခ်ိဳးခန္းနဲ႔အိမ္သာကိုေတာ့ အိပ္ခန္းနဲ႔ တြဲေပးထားတာကို ေတြ႔ရပါတယ္။ ေရခ်ိဳးခန္းနဲ႔ အိမ္သာကိုေတာ့ သဘာ၀ေက်ာက္ျပားမ်ားနဲ႔ အလွဆင္ထားၿပီး ေရစိမ္ခ်ိဳးရင္းအနားယူႏိုင္ဖို႔ Bathtub လည္း တပ္ဆင္ထားပါတယ္။ ကုတင္နဲ႔ မ်က္ႏွာမူလွ်က္ရွိတဲ့ နံရံမွာေတာ့ စားပြဲခံုတန္းရွည္တစ္ခုကို သီးသန္႔ထည့္သြင္းထားျခင္းက အခန္းမွာေနသူအတြက္ အသံုးအေဆာင္မ်ား တင္ရံုသာမကဘဲ ရံုးမွမၿပီးျပတ္ေသးတဲ့ အလုပ္ေတြကိုဆက္လုပ္ဖို႔အတြက္ အဆင္ေျပလွပါတယ္။ ကုတင္ေဘးမွာ တစ္ေယာက္ထိုင္ ဆိုဖာခံုေလးေတြထားႏိုင္ေအာင္ေနရာခ်န္ေပးထား ပါေသးတယ္။

                    ၆၀၀ စတုရန္းေပ က်ယ္၀န္းတဲ့ ဟိုတယ္အခန္းတစ္ခု အစစအရာရာ ျပည့္စံုေအာင္ ေထာင့္ေပါင္းစံုမွ စဥ္းစားၿပီးအလွဆင္ ထားျခင္းက အခန္းမွာေနမယ့္သူအတြက္ လြန္စြာအဆင္ေျပလွပါတယ္။ အခန္းရဲ႕ Interior Design & Installation ကို Aviva Interiors Co.,Ltd မွ ဖန္တီးခဲ့တာျဖစ္ပါတယ္။ ဟိုတယ္အခန္းေလးဆိုေပမယ့္လည္း တိုက္ခန္းက်ဥ္းေလးေတြကို ဘယ္လုိ အလွဆင္ႏိုင္မလဲဆိုတဲ့ အျမင္ေလးရရွိေအာင္ ေဖာ္ျပေပးလိုက္တာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ေက်နပ္ႏွစ္သက္ လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

အိမ်ဝယ်ချင်ရောင်းချင်သူများအတွက်

အိမ်ဝယ်ချင်ရောင်းချင်သူများအတွက်

ဖုန်းရွှေအဘိဓာန်

ဖုန်းရွှေအဘိဓာန်

မက်မွန်ရောင်အခန်းလေး ချစ်စဖွယ်

မက်မွန်ရောင်အခန်းလေး ချစ်စဖွယ်

ဖုန်းရွှေအဘိဓာန်

ဖုန်းရွှေအဘိဓာန်