SCG Cement and Construction ကုမ္ပဏီသည် AMATA ၏ နိုင်ငံတကာ မဟာဗျူဟာ မိတ်အဖွဲ့အစည်း တစ်ခုအဖြစ် Yangon AMATA Smart and Eco-City (Smart City) စီမံကိန်းတွင် ပါဝင်ခြင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
February 13, 2020 နေ့
သတင်းနှင့် ပြပွဲများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြ နှင့် အိမ်ရာ စီမံကိန်းဦးစီးဌာန နှင့် AMATA Asia Myanmar (Limited) မှ ဖက်စပ်လုပ်ငန်းသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်း အခမ်းအနားတွင် SCG Cement and Construction ကုမ္ပဏီသည် AMATA ၏ နိုင်ငံတကာ မဟာဗျူဟာ မိတ်အဖွဲ့အစည်း တစ်ခုအဖြစ် Yangon AMATA Smart and Eco City (Smart City) စီမံကိန်းတွင် ပါဝင်ခဲ့သည်။
နေပြည်တော်, မြန်မာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၄) ရက် တွင် Yangon AMATA Smart နှင့် Eco City (Smart City) စီမံကိန်းအတွက် နားလည်မှုစာချွန် လက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ AMATA Corporation Limited မှ အမှုဆောင်ဥက္ကဌ Mr. Vikrom Kromadit၊ ရန်ကုန် တော်ဝင်ထိုင်းသံရုံး မှ သံအမတ် H.E. Mrs. Suphatra Srimaitreephithak၊ SCG Cement and Construction ကုမ္ပဏီမှ ဒုတိယ ဥက္ကဌ Mr.Pramate Nisagornsen နှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာန မှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြပါသည်။

မြန်မာနိုင်ငံ ရှိ SCG Cement and Construction ကုမ္ပဏီ မှ Country Director ဖြစ်သူ Mr.Surachai Pornjindachote နှင့် YASEC (Yangon Amata Smart & Eco City) မှ Managing Director Mr. Yasuo Tsutsui တို့သည် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံမှ Country Director ဖြစ်သူ Mr.Surachai Pornjindachote က ပြောကြားခဲ့သည်မှာ – ဆောက်လုပ်ရေးလုပ်ငန်များ ဖွံ့ဖြိုးတိုးတက်ရန် နှင့် မြန်မာနိုင်ငံ၏ မြို့သစ်စီမံကိန်း အတွက် ကောင်းမွန်သော solution များ ပေးနိုင်ရန်ပူးပေါင်းဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်အတွက် ခေတ်မီသော အဆင့်မြင့် ဆောက်လုပ်ရေးနည်းပညာ (Construction Solution) များကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ထို့အပြင် ဆောက်လုပ်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Yangon AMATA Smart and Eco City (Smart City) တည်ဆောက်ရာတွင် ကုန်ကြမ်းများ၊ အလုပ်သမားများနှင့် ဆောက်လုပ်ရေး အတွက် အချိန်ကို စီမံခန့်ခွဲရာ၌ ပြည့်စုံသော ထိရောက်မှုရှိစေရန် အမြင့်ဆုံး စံချိန်စံညွှန်းများ ဖြင့် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ထို့ကြောင့် SCG ၏ မူဝါဒ ဖြစ်သော Circular Economy နည်းလမ်းအောက်တွင် ဤစီမံကိန်း ကို မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင် နှင့် သဟဇာတဖြစ်၍ ရေရှည်တည်တံ့ခိုင်မြဲအောင် ကောင်းမွန်သော နည်းပညာများဖြင့် တည်ဆောက်သွားမည် ဖြစ်ပါသည်။
SCG နှင့် AMATA အကြားပူးပေါင်းဆောင်ရွက်မှုသည် Yangon AMATA Smart and Eco City (Smart City) စီမံကိန်း၏ တိုးတက်မှု အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မြို့ပြ နှင့် အိမ်ရာစီမံကိန်းဌာန နှင့်လည်း သဘောတူညီချက်ပြုလုပ်ခဲ့သည်။ YASEC (Yangon Amata Smart & Eco City) မှ Managing Director ဖြစ်သူ Mr. Yasuo Tsutsui ပြောကြားခဲ့သည်မှာ – ပထမဆုံးဆောက်လုပ်ရေးအဆင့်ကို ၅ နှစ် အတွင်း ပြီးမြောက်အောင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာဆိုရင်ဖြင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၀,၀၀၀ ကို ယူဆောင်လာမှာဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှပ်နှံသူများလာတဲ့အတွက် တိုင်းပြည်ဝင်ငွေအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ဖြစ်စေပါတယ်။ ဒီစီမံကိန်းဟာ မြန်မာ နှင့် ထိုင်းကြား စက်မှုဇုန်ဘက်တွင် ပူးပေါင်းဆောင်ရွက်သော ပထမဆုံးဖြစ်ပါတယ်။

Download eBook version as a FREE!

ဆက်စပ်ဆောင်းပါးများ

မြန်မာနိုင်ငံ၏ အခမ်းနားဆုံး အိမ်ခြံမြေဆုချီးမြှင့်ပွဲကြီး

မြန်မာနိုင်ငံ၏ အခမ်းနားဆုံး အိမ်ခြံမြေဆုချီးမြှင့်ပွဲကြီး

မွန်ပြည်နယ်အစိုးရ၏လမ်းညွှန်ချက်ဖြင့် MCL သည် မွန်ပြည်နယ်အတွင်းရှိဒေသများအတွက် လူထုအကျိုးပြုလှုပ်ရှားမှုများကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ

မွန်ပြည်နယ်အစိုးရ၏လမ်းညွှန်ချက်ဖြင့် MCL သည် မွန်ပြည်နယ်အတွင်းရှိဒေသများအတွက် လူထုအကျိုးပြုလှုပ်ရှားမှုများကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ

SCG မှ ၂၀၂၀ ခုနှစ် ပထမသုံးလပတ် Q1/2020 လုပ်ငန်းဆောင်ရွက်မှုရလဒ်များကိုကြေညာ COVID-19 ကာလအကျပ်အတည်းကို တိုက်ဖျက်ရေး၊ COVID-19မှတဆင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန်ကြိုးစားနေစဉ် လူ့အဖွဲ့အစည်း၊ လုပ်ဖော်ကိုင်ဖက်များ၊ ၀န်ထမ်းများအားလမ်းညွှန်မှုပြုနိုင်ရန်ပြန်လည်ထူထောင်ရေးမဟာဗျူဟာများကိုကြိုတင်ပြင်ဆင်ခြင်း

မြန်မာနိုင်ငံအတွင်းရှိအမြင်အာရုံချို့တဲ့လူနာများကိုလက်ရောက်ကူညီခြင်း – မျက်စိအတွင်းတိမ်အကြောင်းကျွန်ုပ်တို့ဘာတွေသိထားပြီလဲ-

မြန်မာနိုင်ငံအတွင်းရှိအမြင်အာရုံချို့တဲ့လူနာများကိုလက်ရောက်ကူညီခြင်း – မျက်စိအတွင်းတိမ်အကြောင်းကျွန်ုပ်တို့ဘာတွေသိထားပြီလဲ-

SCG သည် မြန်မာနိုင်ငံအတွင်းရှိ COVID-19 ကို တိုက်ဖျက်ရန် အရောင်းကိုယ်စားလှယ်များ၊ ဖြန့်ဖြူးရောင်းချသူများနှင့်အတူ ပူးပေါင်းလုပ်ဆောင်

SCG သည် မြန်မာနိုင်ငံအတွင်းရှိ COVID-19 ကို တိုက်ဖျက်ရန် အရောင်းကိုယ်စားလှယ်များ၊ ဖြန့်ဖြူးရောင်းချသူများနှင့်အတူ ပူးပေါင်းလုပ်ဆောင်