SCG မှ ၂၀၂၀ ခုနှစ် ပထမသုံးလပတ် Q1/2020 လုပ်ငန်းဆောင်ရွက်မှုရလဒ်များကိုကြေညာ COVID-19 ကာလအကျပ်အတည်းကို တိုက်ဖျက်ရေး၊ COVID-19မှတဆင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန်ကြိုးစားနေစဉ် လူ့အဖွဲ့အစည်း၊ လုပ်ဖော်ကိုင်ဖက်များ၊ ၀န်ထမ်းများအားလမ်းညွှန်မှုပြုနိုင်ရန်ပြန်လည်ထူထောင်ရေးမဟာဗျူဟာများကိုကြိုတင်ပြင်ဆင်ခြင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
May 6, 2020 နေ့
သတင်းနှင့် ပြပွဲများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

SCG မှ ၂၀၂၀ ခုနှစ် ပထမသုံးလပတ် လုပ်ငန်းဆောင်ရွက်မှုရလဒ်များကို ကြေညာခဲ့ပြီး ယခင် သုံးလပတ်ကြေညာချက်မှ ကိန်းဂဏန်းများနှင့် ဆင်တူနေခြင်း နှင့်အတူ COVID-19 အကျပ်အတည်းမှတစ်ဆင့် အစိုးရ၏ညွှန်ကြားချက်များကို တင်းကျပ်စွာလိုက်နာ မှုရှိစေရန်နှင့် လူ့အဖွဲ့အစည်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် စီးပွားရေးလုပ်ငန်းများအတွက် မဖြစ်မနေ စီစဉ်အကောင်အထည်ဖော်ထားသော ခိုင်မာသည့်စီးပွားရေးလုပ်ငန်း စဉ်ဆက်မပြတ်စီမံခန့်ခွဲမှုအစီအစဉ်ကို လမ်းပြထုတ်ဖော်ခဲ့ပါသည်။

ဝယ်လိုအားအရှိန်အဟုန်ဖြင့် မြင့်တက်နေသည့်အချိန်တွင် တွေ့ကြုံရသည့် အခက်အခဲသက်ရောက်မှုများကို လျှော့ချရန်နှင့် အခွင့်အလမ်းအသစ်များကို အရယူနိုင်ရန်အတွက် မဟာဗျူဟာအရ ကြိုတင်ပြင်ဆင်ထားရှိမှု အစီအစဉ်နှင့်ပေါင်းစပ်ကာ ကုမ္ပဏီသည် သုံးစွဲသူများ လုံခြုံစိတ်ချရစေရန်နှင့် အဆင်ပြေလွယ်ကူစေရန် ကုန်ပစ္စည်းများပေးပို့ခြင်း၊ ဝန်ဆောင်မှုပေးခြင်းနှင့် ဖြေရှင်းနည်းများကို ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြု၍ ဆောင်ရွက်လျက်ရှိပါသည်။

COVID-19 ကူးစက်ပျံ့နှံ့နေသည့်အချိန်တွင် လုပ်ငန်းလည်ပတ်မှုကို ဆက်လက်လုပ်ဆောင်နိုင်ရန် SCG သည် Business Continuity Management လမ်းညွှန်ချက်ကို အပြည့်အ၀ထုတ်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် မိတ်ဖက်အဖွဲ့အစည်းများ၏ လုံခြုံရေးနှင့် အဆင်ပြေချောမွေ့စေရေးသည် ဦးစားပေးလုပ်ငန်းဖြစ်သည်ဟု ယုံကြည်ပါသည်။ SCG သည် ၀န်ထမ်းများအား နေအိမ်မှတဆင့် အလုပ်လုပ်ကိုင်နေစဉ် အတွင်း အထောက်အကူပြုနိုင်စေရန် cloud-based tool အပါအ၀င် လူမှုရေးအကွာအဝေးနှင့် ဒစ်ဂျစ်တယ်အခြေပြု နည်းစနစ်များကို အကောင်အထည်ဖော်ခဲ့သည်။ ထို့အပြင် SCG သည် အရောင်းကိုယ်စားလှယ်များ၊ ဖြန့်ဖြူး ရောင်းချသူများနှင့် အတူပူးပေါင်း၍ နိုင်ငံတဝှမ်းကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်ရေးကို အထောက်အပံ့ပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19ရောဂါစောင့်ကြည့်ရေးစင်တာများနှင့် ဆေးရုံများတွင် အသုံးပြုနိုင်ရန် နှာခေါင်းစည်း (Surgical Masks)၊ ဆပ်ပြာ၊ လက်သန့်ဆေးရည်၊ PPE ဝတ်စုံများ၊ SCG Myanmar ၏ ဝန်ထမ်းများမှ စေတနာ့လုပ်အားဖြင့် ပြုလုပ်ထားသော မျက်နှာအကာအကွယ် (Face Shields) အစရှိသည့်ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများလှူဒါန်းခြင်းကို ပြုလုပ်ခဲ့ပါသည်။

SCG သည် လူမှုဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေး၏အရေးပါခြင်းကို သိရှိနားလည်ထားသည်နှင့် အလျောက်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် “Sharing the Dream” ပညာသင်ဆုပေးအပ်ခြင်းကို တတိယ အကြိမ်အဖြစ် ဆက်လက်ပံ့ပိုး လုပ်ဆောင်ခဲ့ပါသည်။ SCG သည် ကျောင်းသားများမိမိကိုယ်ကို၊ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းသာမက ပိုမိုကောင်းမွန်သော ဘဝကိုဖန်တီးနိုင်၍ အိပ်မက်များကို အကောင်အထည်ဖော်ရန်ရည်ရွယ်ပြီး ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်၊ မြန်မာ့ရေကြောင်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်များတွင် ပညာသင်ကြားနေသူ ကျောင်းသားကျောင်းသူ ၁၀ ဦးအတွက် ဘွဲ့ကြိုအဆင့်ပညာသင်ဆုများကို ပေးအပ်ခဲ့ပါသည်။ တစ်ဖက်တွင်လည်းMawlamyine Cement Limited (MCL) မှ ဒေသခံလူမှုအသိုက်အဝန်း၏ ဘဝအရည်အသွေးကို မြှင့်တင်ရန်အတွက် ထိတွေ့ဆက်ဆံမှု အစီအစဉ်များအား စဉ်ဆက်မပြတ် တိုးချဲ့လုပ်ဆောင်လျက်ရှိသည်။

၎င်းအစီအစဉ်တွင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုများ၊ ရွေ့လျားကျန်းမာရေးစစ်ဆေးမှု အစီအစဉ်များနှင့် ဘာသာရေးဆိုင်ရာတိုးတက်ရေးအတွက် ပံ့ပိုးမှုလုပ်ဆောင်ခြင်းများပါ၀င်သည်။ ထို့အပြင် MCL အနေဖြင့် မွန်ပြည်နယ်အစိုးရထံသို့ ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန် မြန်မာငွေကျပ် သိန်း ၅၀ အပါအဝင် ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများ PPE ဝတ်စုံများကိုလဲ ထောက်ပံ့ လှုဒါန်းခဲ့ပါသည်။

Mr. Roongrote က အဆင်မပြေမှုများ ဝန်းရံနေသော ပတ်ဝန်းကျင်တွင် COVID-19 ကူးစက်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးများ ထိခိုက်လျက်ရှိသည်။ SCG သည် COVID၏ သက်ရောက်မှုများရှိသော်ငြားလည်း ယခင်သုံးလပတ်နှင့်နီးစပ်သော Q1 / 2020 လုပ်ငန်းဆောင်ရွက် မှုရလဒ်များကို ဆက်လက်ထိန်းသိမ်းထားရန် အစွမ်းကုန်ကြိုးပမ်းနေသည့် ကုမ္ပဏီများအနက်မှ တစ်ခုဖြစ်သည်။ မတ်လအတွင်းစတင်ခဲ့သော COVID-19 ကြောင့် လူ့အဖွဲ့အစည်း၊ လုပ်ဖော်ကိုင်ဖက်များ၊ ဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်းများကို ခက်ခဲသောအချိန်များ ဖြတ်သန်းနေရချိန်တွင်ကူညီရန် ပေါ်ပေါက်လာခဲ့သည်။

ကုမ္ပဏီအနေဖြင့် စီးပွားရေးကို အရှိန်အဟုန်နှင့်မြန်မြန်ဆန်ဆန် ဆက်လက်ထိန်းသိမ်းထားရန် ခိုင်မာသော စီးပွားရေးအဆက်မပြတ်စီမံခန့်ခွဲမှုအစီအစဉ်နှင့်အတူ ထိရောက်မှုရှိစေရန်ကြိုတင်ပြင်ဆင်ထားသည့် တုန့်ပြန်မှု အစီအစဉ်နှင့်အစိုးရ၏ ကျန်းမာရေးနှင့် ဘေးကင်းရေးအစီအမံများကို တင်းကျပ်စွာလိုက်နာရန် ရည်မှန်းလုပ်ဆောင်လျက်ရှိပါသည်။ ထို့ကြောင့်ကုမ္ပဏီအနေဖြင့် ဝန်ထမ်းများ၏ ၉၀ ရာခိုင်နှုန်းကျော်ကို အိမ်မှတဆင့် အလုပ်လုပ်ရန်နှင့် ဝယ်ယူသူများ လုံခြုံစိတ်ချနိုင်စေရန်နှင့် အဆင်ပြေချောမွေ့စေရန် ပစ္စည်းပို့ဆောင်ခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ ဖြေရှင်းနည်းများထောက်ပံ့ပေးခြင်းစသည့် supply chain management ကို ထိရောက်ပြီးတွက်ခြေကိုက်သော end-to-end လုပ်ငန်းစနစ်ကို အသုံးပြုနိုင်စေရန် ဒီဂျစ်တယ်နည်းပညာများကို ဖန်တီးအသုံးပြု လုပ်ဆောင်ခဲ့ပါသည်။

ထို့အပြင် ကုမ္ပဏီအနေဖြင့် ပြောင်းလဲနေသော လိုအပ်ချက်များကို ဖြည့်ဆည်းရန် အခွင့်အလမ်းသစ်များကို ရှာဖွေလုပ်ဆောင်လျက်ရှိသည်။ ဥပမာ – ရောင်းဝယ်ဖောက်ကားခြင်းကို online platforms ပေါ်သို့ပြောင်းရွေ့ခြင်း သို့မဟုတ် ဖြစ်နိုင်ချေရှိသည့် အထောက်အကူပြုပစ္စည်းများ ဝယ်ယူရေးအတွက် မိတ်ဖက်များနှင့်အတူ ငွေတောင်းခံခြင်းနှင့် ငွေပေးချေခြင်းတို့အတွက် Blockchain အသုံးပြုခြင်းတို့ ဖြစ်သောကြောင့် ခိုင်မာသည့်ဘဏ္ဍာရေးဆိုင်ရာအနေအထားကို ထိန်းသိမ်းနိုင်ရန်နှင့် ရှည်ကြာသောကာလအတွင်း စိန်ခေါ်မှုများနှင့် အကျွမ်းတဝင်ရှိနိုင်မည်ဖြစ်သည်။ ထုပ်ပိုးမှုလုပ်ငန်းအနေဖြင့် ခေတ်အခြေအနေနှင့်အညီဖြစ်ပေါ်လာသော သုံးစွဲသူများ အထူးသဖြင့် အစားအစာနှင့် အွန်လိုင်းစျေး၀ယ်ခြင်းများမှ လိုအပ်ချက်ကိုပြည့်မီစေနိုင်သည့် ထုပ်ပိုးမှုပုံစံအမျိုးမျိုးနှင့် ဝန်ဆောင်မှုများကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်းပေးနိုင်ရန် လုပ်ဆောင်ချက်ရှိပါသည်။ သုံးစွဲသူများ၏ ယုံကြည်စိတ်ချမှုကိုရရှိစေရန် ထုပ်ပိုးမှုလုပ်ငန်းဆောင်ရွက်မှုနှင့် သယ်ယူပို့ဆောင်ရေးများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်များအပြင် ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများကို စီမံထားရှိထားသည့်အပြင် စျေးကွက်၀ယ်လိုအားကို တုန့်ပြန်သည့်အခါ လျင်မြန်စွာနှင့်လုံခြုံသော ထုတ်လုပ်မှုဖြစ်စဉ်များကို သေချာစေရန်ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားရှိ စက်ရုံစီမံခန့်ခွဲမှုများကိုလည်း စီစဉ်လုပ်ဆောင်လျက်ရှိသည်။

ထို့အပြင် ကုမ္ပဏီသည် လက်ရှိအခြေအနေများနှင့်အညီ ပြောင်းလွယ်ပြင်လွယ်ဖြစ်သော်လည်း တစ်သမတ်တည်းဖြစ်သော ထုတ်ကုန်နှင့်၀န်ဆောင်မှုပေးခြင်းနှင့် အစီအစဉ်တကျလုပ်ဆောင်နိုင်စေရန်နှင့် အရောင်းမဟာဗျူဟာများကို အကောင်းဆုံးဖြစ်စေရန် စီးပွားရေးမိတ်ဖက်များနှင့်နီးကပ်စွာ အလုပ်လုပ်လျက်ရှိသည်။ ၎င်းတွင် စီးပွားရေးမိတ်ဖက်များအကြပ်အတည်းကာလတွင် ဆက်လက်လည်ပတ်နေစေရန် ကန့်သတ်ချက်များနှင့် အတားအဆီးများကို ဖြေလျှော့ပေးခြင်းတို့ပါဝင်သည်။ ဘိလပ်မြေ-ဆောက်လုပ်ရေးပစ္စည်းလုပ်ငန်းအနေဖြင့် ဝက်ဘ်ဆိုက်၊ အက်ပလီကေးရှင်း၊ လူမှုကွန်ယက်၊ online home consultation ဝန်ဆောင်မှုများလုပ်ဆောင်နိုင်ရန် ကမ်းလှမ်းခြင်းစသည့် အမျိုးမျိုးသောအရောင်းလမ်းကြောင်းများမှတဆင့် omni-channel စွမ်းရည်များကို တိုးမြှင့်ခြင်းအားဖြင့် လက်လီရောင်းချမှု e-commerce ပလက်ဖောင်းကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

web-enabled လက်လီ၀န်ဆောင်မှု များဖြင့် သုံးစွဲသူများသည် ကုန်ပစ္စည်းများကို ကြည့်ရှုနိုင်ပြီး ၎င်းတို့၏နေအိမ်များမှ မထွက်ဘဲ၀န်ဆောင်မှုများကိုရရှိနိုင်သည်။ ရလဒ်အနေဖြင့် omni-chanel မှ တဆင့်အွန်လိုင်းရောင်းချမှုသည် ယခင်သုံးလပတ်နှင့် နှိုင်းစာလျှင်မြင့်တက်ခဲ့သည်။ ထို့အပြင် သုံးစွဲသူများအနေဖြင့် ပစ္စည်းတပ်ဆင်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြားဝန်ဆောင်မှုများကို သန့်ရှင်းစိတ်ချရပြီး ဘေးကင်းလုံခြုံမှု အစီအမံများနှင့်အတူ အထူးသီးသန့်ဝန်ဆောင်မှုများကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် SCG Logistics အနေဖြင့် ကုန်တင်ကုန်ချပြုလုပ်ခြင်း၊ ကုန်ပစ္စည်းသိုလှောင်ခြင်း၊ ပို့ဆောင်ခြင်းတို့အပြင် ထပ်တိုးဝန်ဆောင်မှုအနေဖြင့် သန့်ရှင်းလတ်ဆတ် သောကုန်စုံပစ္စည်းများ ဥပမာ လတ်တလောဝယ်လိုအားမြင့်တက်လျက်ရှိသည့် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများ ပို့ဆောင်ခြင်းများ လုပ်ဆောင်ရာတွင် လဲတင်းကြပ်သောအစီအမံများကို ချမှတ်ခဲ့သည်။ ကုမ္ပဏီအနေဖြင့် COVID-19 ၏ ဘေးအန္တရာယ်ကိုအတူတကွ ကျော်လွှားနိုင်ရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဆောက်လုပ်သူများ၊ ကန်ထရိုက်တာများ၊ ပညာရှင်များနှင့် ကုန်သည်များအပါအ၀င် ဆောက်လုပ်ရေးလုပ်ငန်းများမှ လုပ်ဖော်ကိုင်ဖက်များအတွက် COVID-19၏အန္တရာယ်ကိုလျှော့ချရန်ဗဟုသုတနှင့် အလေ့အကျင့်များ ကိုလည်းမျှဝေလျက်ရှိပါသည်။

ဓာတုပစ္စည်းလုပ်ငန်းအနေဖြင့် မတည်ငြိမ်မှုများနှင့်စိန်ခေါ်မှုရှိသောပတ်ဝန်းကျင်တွင် ကုန်ကျစရိတ်လျှော့ ချရန်နှင့် ယှဉ်ပြိုင်နိုင်မှု တိုးမြှင့်ရန်ရည်ရွယ်သည့် စီးပွားရေးနည်းဗျူဟာများ လိုက်လျောညီထွေဖြစ်စေရန် အာရုံစိုက်လုပ်ဆောင်လျက်ရှိသည်။အစားအစာထုပ်ပိုးခြင်းနှင့်ဖြန့်ဝေခြင်းထုပ်ပိုးခြင်းကဲ့သို့သောထိခိုက်

မှုနည်းသောနေရာများတွင် အရောင်းအခွင့်အလမ်းများ တိုးမြှင့်စေရန် ကမ္ဘာအနှံ့ရှိဖောက်သည်များ ကွန်ယက်များ၏ အားသာချက်ကို မြှင့်တင်ပေးခြင်းဖြင့် ပြောင်းလဲနေသောလိုအပ်ချက်များကို ဖြည့်ဆည်းရန် ပလပ်စတစ်အစေးရောင်းအား၏ အချိုးအစားကို ပြင်ဆင်ညှိနှိုင်းလုပ်ဆောင်လျက်ရှိသည်။ ဒါ့အပြင် COVID-19 ကာကွယ်ရေးအတွက် သန့်ရှင်းသောအစီအမံများကို မြင့်မားစွာစီစဉ်ထားရှိခြင်းဖြင့် စီးပွားရေးလုပ်ငန်း လည်ပတ်မှုကို ထိန်းသိမ်းနိုင် ရန်လည်း တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

မြန်မာနိုင်ငံအတွင်းရှိအမြင်အာရုံချို့တဲ့လူနာများကိုလက်ရောက်ကူညီခြင်း – မျက်စိအတွင်းတိမ်အကြောင်းကျွန်ုပ်တို့ဘာတွေသိထားပြီလဲ-

မြန်မာနိုင်ငံအတွင်းရှိအမြင်အာရုံချို့တဲ့လူနာများကိုလက်ရောက်ကူညီခြင်း – မျက်စိအတွင်းတိမ်အကြောင်းကျွန်ုပ်တို့ဘာတွေသိထားပြီလဲ-

SCG သည် မြန်မာနိုင်ငံအတွင်းရှိ COVID-19 ကို တိုက်ဖျက်ရန် အရောင်းကိုယ်စားလှယ်များ၊ ဖြန့်ဖြူးရောင်းချသူများနှင့်အတူ ပူးပေါင်းလုပ်ဆောင်

SCG သည် မြန်မာနိုင်ငံအတွင်းရှိ COVID-19 ကို တိုက်ဖျက်ရန် အရောင်းကိုယ်စားလှယ်များ၊ ဖြန့်ဖြူးရောင်းချသူများနှင့်အတူ ပူးပေါင်းလုပ်ဆောင်

SCG Cement and Construction ကုမ္ပဏီသည် AMATA ၏ နိုင်ငံတကာ မဟာဗျူဟာ မိတ်အဖွဲ့အစည်း တစ်ခုအဖြစ် Yangon AMATA Smart and Eco-City (Smart City) စီမံကိန်းတွင် ပါဝင်ခြင်း

SCG Cement and Construction ကုမ္ပဏီသည် AMATA ၏ နိုင်ငံတကာ မဟာဗျူဟာ မိတ်အဖွဲ့အစည်း တစ်ခုအဖြစ် Yangon AMATA Smart and Eco-City (Smart City) စီမံကိန်းတွင် ပါဝင်ခြင်း

