SCG မှ ၂၀၁၉ ခုနှစ် ပထမသုံးလပတ် Q1/2019 လုပ်ငန်းဆောင်ရွက်မှုရလဒ်များကိုကြေညာ
တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
May 2, 2019 နေ့
သတင်းနှင့် ပြပွဲများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။
13
ဘန်ကောက်။ မေလ ၂ ရက်၊ ၂၀၁၉ – SCG မှ ၂၀၁၉ ခုနှစ် ပထမသုံးလပတ် လုပ်ငန်းဆောင်ရွက်မှုရလဒ်များကို ကြေညာခြင်းနှင့်အတူ ပုံမှန်ထက်ပိုမိုတိုးတက်စေသည့် လုပ်ငန်းများ အထူးသဖြင့် ကုန်ထုပ်ပိုးလုပ်ငန်းနှင့် တသမတ်တည်း တိုးတက်မှုနှုန်း မြင့်မားစေသည့် ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို လက်လီရောင်းချခြင်းဖြင့် အရှိန်မြှင့် တိုးတက်မည့် မဟာဗျူဟာများကို လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ အဆိုပါလုပ်ငန်းဆောင်ရွက်မှု ရလဒ်အလုံးစုံသည် ပထမသုံးလပတ်အတွင်း အမြတ်ငွေတိုးတက်မှု ၁၁ ရာခိုင်နှုန်း ရှိသော်လည်း ရေနံဈေးနှုန်း မတည်ငြိမ်မှု များနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုတို့ကြောင့် ယခင်နှစ်ကထက် ၆ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်ကို တွေ့ရှိရပါသည်။’
Mr. Roongrote Rangsiyopash, President and CEO of SCG (left) and Mr. Thammasak S.
SCG ၏ President နှင့် CEO ဖြစ်သောMr. Roongrote Rangsiyopash က ၂၀၁၉ ခုနှစ် ပထမသုံးလပတ် အတွက် စာရင်းစစ်ဆေးခြင်း မပြုရသေးသော လုပ်ငန်းဆောင်ရွက်မှုရလဒ်အရ စာရင်းသွင်းပြီးသော အရောင်းဝင်ငွေမှာ မြန်မာကျပ်ငွေ ၅,၄၂၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃,၅၅၄ သန်း) ရှိပြီး ကမ္ဘာလုံးဆိုင်ရာဝယ်လိုအား ကျဆင်းပြီး ဓာတုထုတ်ကုန်ဈေးနှုန်း လျော့နည်းခြင်းတို့ကြောင့် ယခင်သုံးလပတ်၏ ၄ ရာခိုင်နှုန်း၊ယခင်တစ်နှစ်လုံး၏ ၅ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့သည်။ ဤကာလအတွင်း အမြတ်ငွေပေါင်းမှာ ပြီးခဲ့သော သုံးလထက် စီးပွားရေးလုပ်ငန်းများ စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် မြန်မာကျပ်ငွေ ၅၆၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၃၆၉ သန်း) ရရှိခဲ့ရာ ယခင်သုံးလပတ်ကထက် ၁၁ ရာခိုင်နှုန်းခန့် ရရှိခဲ့သည် သို့သော် အဓိကအားဖြင့် ဓာတုပစ္စည်းလုပ်ငန်းရှိ ထုတ်ကုန်အမြတ် အနည်းငယ်ကျဆင်းခြင်း စွမ်းဆောင်ရည်များ လျော့နည်းခြင်းကြောင့် ယခင်နှစ်ထက်၆ ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားပါသည်။
၂၀၁၉ ခုနှစ်ပထမသုံးလပတ်အတွင်း SCG ၏ တန်ဖိုးမြင့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကိုရောင်းချရခြင်းမှ အရောင်းဝင်ငွေ မြန်မာကျပ်ငွေပေါင်း ၂,၁၉၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁,၄၃၈ မီလီယံ) အထိ ရောက်ရှိခဲ့ခြင်းသည် ရောင်းရငွေ၏စုစုပေါင်း ၄၀ ရာခိုင်နှုန်း စာရင်းသွင်းထားရှိပြီး ပြီးခဲ့သော နှစ်နှင့် နီးစပ်မှုရရှိခဲ့ပါသည်။ ကုမ္ပဏီသည် ဆန်းသစ်တီထွင်မှုနှင့် ဖွံဖြိုးရေးဌာနအတွက် အသုံးပြုငွေစုစုပေါင်း မြန်မာငွေကျပ် ၇၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၆ သန်း) ခန့် ရှိခဲ့ပြီး အရောင်းရရှိငွေမှစုစုပေါင်း အခွန်ဘဏ္ဌာ ၁.၃ ရာခိုင်နှုန်းခန့် ဟု ယူဆနိုင်ခဲ့ပါသည်။
SCG ၏ အာဆီယံနိုင်ငံများတွင် (ထိုင်းနိုင်ငံမပါ) လုပ်ငန်းဆောင်ရွက်ချက်များ
အာဆီယံ (ထိုင်းနိုင်ငံမပါ) တွင်SCG ၏ ၂၀၁၉ ခုနှစ်ပထမသုံးလပတ် Q1/2019 အရောင်းဝင်ငွေမှာ ယခင်နှစ်ကထက် ၁ ရာခိုင်နှုန်းလျော့ကျပြီး မြန်မာကျပ်ငွေ ၁,၂၉၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၄၇ သန်း) ရှိရာ ၎င်းပမာဏသည် SCG စုစုပေါင်း အရောင်းဝင်ငွေ၏ ၂၄ ရာခိုင်နှုန်းရှိပါသည်။ အဆိုပါ အရောင်းဝင်ငွေတွင် အာဆီယံအတွင်းရှိ လုပ်ငန်းလည်ပတ်မှုများနှင့် ထိုင်းနိုင်ငံလုပ်ငန်းမှ တင်သွင်းမှုများ ပါဝင်ပါသည်။ ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့ စာရင်းများအရ SCG ၏ Asset ပိုင်ဆိုင်မှု ပမာဏစုစုပေါင်းမှာ မြန်မာကျပ်ငွေ ၂၈,၆၃၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈,၈၁၄ သန်း) ရှိပြီး အာဆီယံနိုင်ငံများအတွင်း (ထိုင်းနိုင်ငံမပါ) SCG ၏ Asset ပိုင်ဆိုင်မှုပမာဏမှာ မြန်မာကျပ်ငွေ ၇,၇၉၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅,၁၁၉ သန်း) ရှိသဖြင့် ၎င်းပမာဏသည် SCG ကုမ္ပဏီ Asset စုစုပေါင်း၏ ၂၇ ရာခိုင်နှုန်းဖြစ်ပါသည်။
SCG Myanmar ၏ လုပ်ငန်းဆောင်ရွက်ချက်များ
SCG ၏ Q1/2019 ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် SCG ၏ ပိုင်ဆိုင်မှုစုစုပေါင်းတန်ဖိုးမှာ
မြန်မာကျပ်ငွေ ၅၃၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၅၀ သန်း) ခန့်ရှိပြီး ယခင်တစ်နှစ်လုံး၏ ၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည်။ မြန်မာဈေးကွက်တွင် ပြည်တွင်းလုပ်ငန်းလည် ပတ်မှုနှင့် ထိုင်းနိုင်ငံလုပ်ငန်းမှ တင်သွင်းမှုနှစ်ခုလုံးအပါအဝင် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွက် SCG ၏ Q1/2019 အရောင်းဝင်ငွေမှာ မြန်မာကျပ်ငွေ ၁၀၂ ဘီလီယံ(အမေရိကန်ဒေါ်လာသန်း ၆၇ သန်း) ရရှိခဲ့ပါသည်။ ဤကိန်းဂဏန်းသည် ယခင်နှစ်ကထက် ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းလုပ်ငန်းများမှ အဓိကရရှိကြောင်း ကိုယ်စားပြုဖော်ပြနေပါသည်။
မြန်မာနိုင်ငံအတွင်း လှုပ်ရှားမှုများအနေဖြင့် SCG သည်ဒုတိယအကြိမ်မြောက် တက္ကသိုလ် ကျောင်းသားကျောင်းသူ ၁၀ ဦးအား အဆင့်မြင့် ပညာရပ်များကို ကျောင်းပြီးဆုံးသည်အထိ သင်ယူနိုင်ရန် ကူညီပေးနေသည့် “Sharing the Dream” ပညာသင်ဆု ပေးအပ်ခြင်းအစီအစဉ်ကို ကျင်းပခဲ့ပြီး ကျောင်းသားကျောင်းသူများကို အနာဂတ်တွင် ပိုမိုကောင်းမွန်သော အလုပ်အကိုင်များနှင့် နိုင်ငံတိုးတက်ရေးတွင် ပါဝင်နိုင်ရန်အတွက် ရည်ရွယ်ပါသည်။
ထို့အပြင် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင် ဘိလပ်မြေစက်ရုံ MCL အနေဖြင့်လဲ ဒေသအတွင်း နေထိုင်ကြသူများအတွက် လူမှုဘဝ ဖွံဖြိုးတိုးတက်စေရေးအတွက် ပညာရေးထောက်ပံ့မှုများ၊ ရွေ့လျားကျန်းမာရေး စောင့်ရှောက်မှုများနှင့် ဘာသာသာသနာ တိုးတက်စေရေး လုပ်ဆောင်ချက်များ စသည့်ရပ်ရွာနှင့် လူထုအကျိုးပြုအစီအစဉ်များကို တိုးချဲ့လုပ်ဆောင်လျက်ရှိသည်။
Mr. Surachai Pornjindachote, Country Director Of SCG Myanmar
SCG Myanmar ၏ Country Director ဖြစ်သူ Mr. Surachai Pornjindachote သည် ဖောက်သည်ဗဟိုပြုနှင့် စီးပွားရေးစွမ်းဆောင်မှု နှစ်ခုစလုံးအတွက် လုပ်ငန်းပိုင်းဆိုင်ရာ အမှုအကျင့်များ ပြောင်းလဲနိုင်ရန် ကုမ္ပဏီ၏ ဖွဲ့စည်းပုံနှင့် လုပ်ဆောင်မှုပုံစံတို့ကို ပြန်လည်စီစဉ်ခြင်းအားဖြင့် အဓိကစီးပွားရေး လုပ်ငန်းတိုးတက်လာနိုင်စေရန်နှင့် ရေရှည်တည့်တံနိုင်စေရန်အတွက် ဖောက်သည်များ၏ လိုအပ်ချက်များကို လျှင်မြန်စွာတုံ့ပြန်နိုင်ရန် စီးပွားရေးလမ်းညွှန်ချက်ကို ကြေညာခဲ့သည်။ ထို့သို့ပြုမှုခြင်းကြောင့် SCG သည် အရာအားလုံးအတွက် ဖောက်သည်ဦးစားပေးနိုင်ခြင်း ကတိကဝတ်နှင့်အတူ ပိုမိုကောင်းမွန်သော လူနေမှုဘဝအတွက် ဖြေရှင်းချက်များ၊ ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များကို လိုအပ်သော ဖောက်သည်များအတွက် ပို့ဆောင်နိုင်ခြင်းတို့ကို ရလဒ်ကောင်းအနေဖြင့် ရရှိခဲ့သည်။
Mr. Roongrote မှ “SCG ရဲ့ စီးပွားရေး လုပ်ငန်းစုအားလုံးက စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေ ရှင်းဖို့လိုအပ်လာတဲ့အခါမှာ လျှင်မြန်ပါးနပ်ခြင်းနဲ့ ကောင်းမွန်သော အခြေနေတစ်ခု တည်ဆောက်နိုင်ဖို့ အဓိက မဟာဗျူဟာများကို ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အာဆီယံဒေသတွင်း ကုန်ထုပ်ပိုးလုပ်ငန်းကို တိုးချဲ့တည်ထောင်ခြင်းအားဖြင့် အထူးသဖြင့် ဈေးကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်းနှင့် စားသုံးသူ များ၏ လိုအပ်ချက်များကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်ရန် ဝန်ဆောင်မှုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များမှာ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ ဖွံဖြိုးလာပြီး ထုတ်ကုန်တန်ဖိုး ထည့်သွင်းရန်အတွက် စဉ်ဆက်မပြတ် စီးပွားရေးတိုးတက်မှု အခွင့်အလမ်းများနဲ့အတူ Total Packaging Solutions Provider အဖြစ် ရည်မှန်းထားပါတယ် SCG သည် ပြန်လည်ဖွံဖြိုးမြဲစွမ်းအင် အသုံးပြုခြင်းလမ်းစဉ်နှင့် အညီ စွန့်ပစ်ကုန်ထုတ်ပစ္စည်းများ ပြန်လည်အသုံးပြုခြင်းနှင့် ကုန်ထုတ်လုပ်ငန်းစဉ်အတွင်း ကောင်းမွန်သော ထုတ်ကုန်အရည်အသွေးကို ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်အတွင်း ကုန်ထုတ်ပစ္စည်း အသုံးပြုမှု လျှော့ချအသုံးပြုခြင်းဖြင့် အကျိုးဖြစ်ထွန်းစေနိုင် သော အရင်းအမြစ်များ အသုံးချခြင်းကို တိုးမြှင့်နိုင်ဖို့ ပြန်လည်ဖွံဖြိုးမြဲစွမ်းအင်အညီ “SCG Circular way” အစီအစဉ်ကို စတင်လိုက်နာ ကျင့်သုံးလျက်ရှိသည်။ Mono material plastic ထုပ်ပိုးလုပ်ငန်းစု လုပ်ငန်းစဉ်များမှ Fibro coasted စက္ကူအိတ်များ၊ ၄ နာရီနှင့် အထက်လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် ပြုလုပ်ထားသည့် မကြာသေးမီက ဖွံဖြိုးလာသော စက္ကူပိုက်များသည်လည်း ဥပမာအားဖြင့်ပါဝင်သည်။
ထို့အပြင် ဓာတုစီးပွားရေး လုပ်ငန်းများသည်လည်း ဆန်းသစ်မှုများဖြင့် အရှိန်အဟုန်ဖြင့် ဖွံဖြိုးလျက်ရှိပြီး အရည်အသွေးမြင့် ထပ်တိုးထုတ်ကုန်နှင့် ဝန်ဆောင်မှုများ (HVA) များဖြင့် စက်မှုလုပ်ငန်းများနှင့် ဝယ်ယူသူများ၏ လိုအပ်ချက်များကို ပြည့်မှီစွာ ဖြည့်ဆည်းနိုင်ခြင်းတို့ကြောင့် ဗီယက်နမ်နိုင်ငံအတွင်းရှိ LSP Petrochemical Complex project သည် စီစဉ်ထားရှိသည့်အတိုင်း ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ လေးနက်သော ဥပမာတစ်ခုအနေဖြင့် ထိုင်းနိုင်ငံအတွင်း ပထမဆုံးအကြိမ်အဖြစ် Koh Samui ကျွန်းအထိ ရေအောက်ပိုက်လိုင်း သွယ်တန်းလုပ်ဆောင်မှု ဖွံဖြိုးတိုးတက်ရန် Provincial Waterworks Authority နှင့် အတူပူးပေါင်းလုပ်ဆောင်ခဲ့ ပါသည်။ အဆိုပါစီမံကိန်းတွင် ရေရှားပါးမှု သက်သာစေနိုင်ကြောင်းနှင့် ဒေသခံများ၏ လူနေမှုအရည်အသွေးကို တိုးတက်ကောင်းမွန်အောင် ကူညီပေးသည် အဆိုပါ ပိုက်လိုင်းအတွက် အသုံးပြုထားသောပိုက်များသည် SCG ၏ ကမ္ဘာ့အဆင့်မီဆန်းသစ်သော PE112 ဒြပ်ပေါင်းပစ္စည်းများကို အသုံးပြုထားပါသည်။ ထို့အတွက်ကြောင့် အဆိုပါပိုက်လိုင်းသည် ကြီးမားသော ရေဖိအားကို ခံနိုင်စွမ်းပိုမိုရှိပါသည်။ ထို့အပြင် SCG သည် ပြန်လည်ဖွံ့ဖြိုးရေးစွမ်းအင်ကို မြှင့်တင်လုပ်ဆောင်နိုင်ရန် မိတ်ဖက်အဖွဲ့အစည်းများဖြင့် လက်တွဲလုပ်ဆောင်နိုင်ရန် စူးစိုက်လျက်ရှိသည်။ ပူးပေါင်းမှုများမှာ ရုံးအတွင်း၊ဖြန့်ချိရေးစင်တာနှင့် 7 Eleven ရှိ ပလပ်စတစ်စွန့်ပြစ်ပစ္စည်းများ စုဆောင်းပြီး စတိုးဆိုင်ပတ်ဝန်းကျင်အတွင်း အဆင်ပြေစေရန် ကတ္တရာရောနှောလမ်းခင်းများကို CP All and Dow Thailand Group ဖြင့် ပူးပေါင်း၍ လုပ်ဆောင်လျက်ရှိသည်။
အခြားတဖက်တွင်လည်း SCG စီးပွားရေးလုပ်ငန်း ထိရောက်မှုမြှင့်တင်ရန် ဒစ်ဂျစ်တယ်နည်းပညာများ ကိုလည်း အသုံးပြုလျက်ရှိသည်။ ကမ္ဘာ့ပထမဆုံး ရောင်းသူဝယ်သူ တွေ့ဆုံကာ တိုက်ရိုက်ပေးချေခြင်း ဝယ်ယူခြင်းများကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်သော SCG Blockchain Corda R3 ဒစ်ဂျစ်တယ် ပလက်ဖောင်းတစ်ခုကိုလည်း လုပ်ဆောင်ခဲ့သည်။ ရလဒ်အနေဖြင့် SCG သည် ဆုအရေအတွက် များစွာအဖြစ် အာရှထိပ်တန်း ဘဏ္ဍာရေးမဂ္ဂဇင်းမှ ချီးမြှင့်သော အကောင်းဆုံး Supply Chain Solution ဆုဖြစ်သော Asset Triple A Treasury, Trade, Supply Chain and Risk Management Awards 2019 ဆုကို ၎င်း Shared Services နှင့် Outsourcing ပညာရှင်များအတွက် ကမ္ဘာ့အကြီးဆုံး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Shared services & Outsourcing Network (SSON) မှ ကြီးမှုးကျင်းပသည့် ၂၁ ကြိမ်မြောက် အာဆီယံ Shared Services & Outsourcing ၏ အကောင်းဆုံး အလိုအလျောက် စက်ပစ္စည်းအသုံးပြုခြင်းအတွက် Gold award ဆုကိုလည်း ပိုင်ဆိုင်နိုင်ခဲ့သည်။
SCG သည် ဝယ်ယူသူများပိုမိုအဆင်ပြေစွာဖြင့် SCG ၏ ထုတ်ကုန်များကို ဝယ်ယူနိုင်ရန်အတွက် အခြားနေရာဒေသများတွင်လည်း Blockchain အသုံးပြုနိုင်စေရန် တိုးချဲ့လုပ်ဆောင်သွားရန် စီစဉ်ထား ရှိပါတယ်’’ ဟု Mr. Roongrote ပြောဆိုခဲ့ပါသည်။
Download eBook version as a FREE!
ဆက်စပ်ဆောင်းပါးများ
“Architect Expo’19”ပြပွဲကြီးသို့ကြွရောက်လာသည့်ဧည့်သည်တော်များ စံချိန်တင်များပြားခဲ့ လာမည့်နှစ်ပြပွဲတွင်လည်း ရာနှင့်ချီသည့်ကုမ္ပဏီများ ပါဝင်ပြသဦးမည်ဟု သိရ
“Architect Expo’19”ပြပွဲကြီးသို့ကြွရောက်လာသည့်ဧည့်သည်တော်များ စံချိန်တင်များပြားခဲ့ လာမည့်နှစ်ပြပွဲတွင်လည်း ရာနှင့်ချီသည့်ကုမ္ပဏီများ ပါဝင်ပြသဦးမည်ဟု သိရ
HERA (EUROPEAN COLLECTION) SINGAPORE အမှတ်တံဆိပ် မိတ်ဆက်ပွဲ အခမ်းအနား
HERA (EUROPEAN COLLECTION) SINGAPORE အမှတ်တံဆိပ် မိတ်ဆက်ပွဲ အခမ်းအနား
ပတ်ဝန်းကျင်နှင့်လိုက်ဖက်ပြီးဥတုရာသီတိုင်းအတွက်ရေရှည်တည်တံ့နိုင်သောပစ္စည်းများ –   မြန်မာအိမ်ဆောက်လုပ်ရေးလုပ်ငန်း၏ဦးတည်ရာများ
ပတ်ဝန်းကျင်နှင့်လိုက်ဖက်ပြီးဥတုရာသီတိုင်းအတွက်ရေရှည်တည်တံ့နိုင်သောပစ္စည်းများ – မြန်မာအိမ်ဆောက်လုပ်ရေးလုပ်ငန်း၏ဦးတည်ရာများ
ASA နှင့် NEOတို့ အင်အားစုပေါင်းကာ အာဆီယံဒေသတွင်း ရှေ့ဆောင်ကုန်စည်ပြပွဲကြီးအထိ အဆင့်မြှင့်တင်ထားခဲ့ပြီး၊ ထိုင်းနိုင်ငံနှင့် နိုင်ငံပေါင်း ၄၀က နိုင်ငံတကာစီးပွားရေးလုပ်ငန်း ၈၅၀ကျော် ပါဝင် ပြသမည့်  Architect’ 19 ပြပွဲကြီး
ASA နှင့် NEOတို့ အင်အားစုပေါင်းကာ အာဆီယံဒေသတွင်း ရှေ့ဆောင်ကုန်စည်ပြပွဲကြီးအထိ အဆင့်မြှင့်တင်ထားခဲ့ပြီး၊ ထိုင်းနိုင်ငံနှင့် နိုင်ငံပေါင်း ၄၀က နိုင်ငံတကာစီးပွားရေးလုပ်ငန်း ၈၅၀ကျော် ပါဝင် ပြသမည့် Architect’ 19 ပြပွဲကြီး