တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
August 6, 2019 နေ့
သတင်းနှင့် ပြပွဲများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။
တန်ဖိုးမြင့် ထပ်တိုးထုတ်ကုန်များထုတ်လုပ်မှုကိုမြှင့်တင်ခြင်း၊ Circular Economy နှင့် သတ်မှတ်ထားသောပန်းတိုင်သို့ရောက်ရန် တီထွင်ကြံဆချက်လုပ်ငန်းများကို အရှိန်မြှင့်တင်ခြင်းအတွက် နောက်ဆုံးတွက်ချက်မှုများ၊ ဆောက်လုပ်ရေးရေရှည်စီ မံကိန်းနှင့် စီးပွားရေးစိန်ခေါ်မှုများကြားတွင်ရပ်တည်ရေးတို့အတွက်လုပ်ဆောင်သွားမည်
Unicode ဖြင့်ဖတ်ရန်
SCG မှ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်နှင့် ပထမနှစ်ဝက် လုပ်ငန်းဆောင်ရွက်မှုရလဒ်များကိုကြေညာ
တန်ဖိုးမြင့် ထပ်တိုးထုတ်ကုန်များထုတ်လုပ်မှုကိုမြှင့်တင်းခြင်း၊ Circular Economy နှင့် သတ်မှတ်ထားသောပန်းတိုင်သို့ရောက်ရန် တီထွင်ကြံဆချက်လုပ်ငန်းများကို အရှိန်မြှင့်တင်ခြင်းအတွက် နောက်ဆုံးတွက်ချက်မှုများ၊ ဆောက်လုပ်ရေးရေရှည်စီ မံကိန်းနှင့် စီးပွားရေးစိန်ခေါ်မှုများကြားတွင်ရပ်တည်ရေးတို့အတွက်လုပ်ဆောင်သွားမည်
ဘန်ကောက်၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ၊ ၅ ရက် – SCG မှ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်နှင့် ပထမနှစ်ဝက် လုပ်ငန်းဆောင်ရွက်မှု ရလဒ်များကို ကြေငြာခြင်းနှင့်အတူ ကုန်သွယ်ရေးစစ်ပွဲဖိအားများကြောင့် အမြတ်ငွေလျော့ကျခြင်း၊ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုကို ရှေ့ဆက်လုပ်ဆောင်ရန် ကတိပြုခြင်းနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို မြင့်မားသော တန်ဖိုးများပေါင်းထည့်ခြင်း၊ ပြီးပြည့်စုံသော Circular Economy တစ်ခုရရှိခြင်းနှင့်အတူ သုံးစွဲသူများအတွက် အကောင်းဆုံး အရည်အသွေးကို ပို့ဆောင်ပေးခြင်း နှင့် သတ်မှတ်ထားသော ပန်းတိုင်သို့ရောက်ရန် အဓိကချဲ့ထွင်နေသော လုပ်ငန်းများကို အရှိန်မြှင့်တင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ထို့အပြင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရပ်တည်နေသော အဆင့်ကို ထိန်းသိမ်းရန် တိုင်းတာချက်လုပ်ငန်းစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
SCG ၏ ဥက္ကဌနှင့် စီအီးအိုဖြစ်သူ Mr. Roongrote Rangsiyopash က ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်အတွက် စာရင်းမစစ်ဆေးရသေးသော လုပ်ငန်းဆောင်ရွက်မှုရလာဒ်အရ စာရင်းသွင်းပြီးသော အရောင်းဝင်ငွေများမှာ မြန်မာကျပ်ငွေ ၅၂၇၀ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၃၄၅၃ သန်း ) ရရှိပြီး အဓိကအားဖြင့် ဓာတုထုတ်ကုန်တန်ဖိုးများမှ ယခင်တစ်နှစ်လုံး၏ ၉ % လျော့ကျခဲ့ပြီး အဓိကလုပ်ငန်းအားလုံးမှ ယခင်သုံးလပတ်၏ ၃% ကျဆင်းခဲ့သည်။ ယင်းကာလအတွင်း ( လုပ်အားခများမချိန်ညှိရသေး ) ကုန်သွယ်ရေးစစ်ပွဲကာလအတွင်း ကုန်ထုတ်လုပ်မှုနှင့် ဓာတုပစ္စည်းမျာထိန်းသိမ်းခြင်းတို့တွင် မြန်မာကျပ်ငွေ ၅၆ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၃၆ သန်း ) ထိခိုက်ခဲ့ခြင်းကြောင့် မြန်မာကျပ်ငွေ ၄၃၉ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၂၈၇ သန်း ) သို့မဟုတ် ယခင်တစ်နှစ်လုံး၏ ၂၇ % ၊ ယခင်သုံးလပတ်၏ ၂၂ % ကျဆင်းခဲ့ပါတယ်။ လုပ်အားခများသည် မြန်မာကျပ်ငွေ ၉၈ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၆၄ သန်း ) ရှိပြီး ယင်းကာလအတွက် SCF ၏အမြတ်ငွေသည် မြန်မာကျပ်ငွေ ၃၄၀ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၂၂၃ သန်း ) ရှိပါတယ်။
SCG ၏ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွက် အရောင်းဝင်ငွေ စာရင်းချုပ် သည် ဓာတုပစ္စည်းတန်ဖိုးများ သိသာထင်ရှားစွာ ကျဆင်းမှုကြောင့် ယခင်တစ်နှစ်ပတ်လုံး၏ ၇%၊ မြန်မာကျပ်ငွေ ၁၀၆၉၉ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၇၀၀၅ သန်း ) လျော့ပါးခဲ့ပါတယ်
ယင်းကာလအတွင်း ( လုပ်အားခမချိန်ညှိရသေး ) တွင် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲ သက်ရောက်မှုပေါ်မူတည်၍ ဓာတုပစ္စည်း သတ်မှတ်ချက်ကျဆင်းခြင်းကြောင့် ယခင်တစ်နှစ်ပတ်လုံး၏ ၁၆ %၊ မြန်မာကျပ်ငွေ ၁၀၀၂ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၆၅၆ သန်း ) ကျဆင်းခဲ့ပါတယ်။ သို့သော်လည်း ဘိလပ်မြေနှင့် ဆောက်လုပ်ရေးပစ္စည်းများ လုပ်ငန်းမှ မြင့်မားသောအရောင်းဝင်ငွေများ သည် စံချိန်တင်ခဲ့သည့်အတွက် သက်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းပိုင်းများကို ကျေးဇူးတင်ရပါမယ်။ လုပ်အားခများပါ ထည့်တွက်လျှင် ယင်းကာလအတွက် SCG ၏ အမြတ်ငွေသည် မြန်မာကျပ်ငွေ ၉၀၄ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၅၉၂ သန်း ) ရရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်အတွင်း SCG ၏တန်ဖိုးမြင့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ရောင်းချခြင်းမှ အရောင်းဝင်ငွေ မြန်မာကျပ်ငွေပေါင်း ၂၂၇၈ ဘီလီယံ ( အမေရိဒေါ်လာ ၁၄၉၃ သန်း ) အထိရောက်ရှိခဲ့ပြီး ရောင်းရငွေများအားလုံး၏ ၄၃% ၊ ယခင်တစ်နှစ်ပတ်လုံး၏ နှင့် ယခင်သုံးလပတ်၏ ၄% မြင့်တက်လာပါတယ်။ ရလာဒ်မှာ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွက် HVA ထုတ်ကုန်များကို ရောင်းချခြင်းမှအရောင်းဝင်ငွေ မြန်မာကျပ်ငွေ ၄၄၇၅ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၂၉၃၀ သန်း ) သို့မဟုတ် အရောင်းဝင်ငွေအားလုံး၏ ၄၂% ရရှိခဲ့ပြီး ယခင်တစ်နှစ်ပတ်လုံး၏ ၂ % တိုးတက်လာပါတယ်။
SCG ၏ အာဆီယံနိုင်ငံများအတွင်း ( ထိုင်းနိုင်ငံမပါ ) လုပ်ငန်းလုပ်ဆောင်ချက်များ
အာဆီယံ ( ထိုင်းနိုင်ငံမပါ ) တွင် SCG ၏ ၂၀၁၉ခုနှစ် ဒုတိယသုံးလပတ် Q2/2019 အရောင်းဝင်ငွေမှာ ယခင်တစ်နှစ်လုံး၏ ၇%၊ မြန်မာကျပ်ငွေ ၁၃၅၃ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၈၈၇ သန်း ) ကျဆင်းခဲ့ပြီး၊ ၎င်းပမာဏသည် SCG အရောင်းဝင်ငွေများအားလုံး၏ ၂၅% ရှိပါတယ်။ အဆိုပါအရောင်းဝင်ငွေတွင် အာဆီယံအတွင်းရှိ လုပ်ငန်းလည်ပတ်မှုများနှင့် ထိုင်းနိုင်ငံလုပ်ငန်းများမှ တင်သွင်းမှုများ ပါဝင်ပါတယ်။
၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ စာရင်းများအရ SCG ၏ Asset ပိုင်ဆိုင်မှု ပမာဏစုစုပေါင်း မှာ မြန်မာကျပ်ငွေ ၃၀၄၇၂ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၂၀၁၂၅ သန်း ) ရှိပြီး အာဆီယံနိုင်ငံများအတွင်း ( ထိုင်းနိုင်ငံမပါ ) မြန်မာကျပ်ငွေ ၁၀၂၀၅ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၆၇၃၉ သန်း ) ရှိသဖြင့် ၎င်းပမာဏသည် SCG ကုမ္ပဏီ Asset စုစုပေါင်း၏ ၃၃% ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း SCG ၏လုပ်ဆောင်မှုများ
Q2/2019 တင်ပြချက်ကို အခြေခံ၍ SCG သည် Asset စုစုပေါင်းပမာဏ မြန်မာကျပ်ငွေ ၅၃၀ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၃၅၀ သန်း ) ကို ရရှိခဲ့ပြီး ဖြစ်ပါသည်။ ကုမ္ပဏီမှ တင်ပြသည်မှာ ပြည်တွင်းဈေးကွက်နှင့် ထိုင်းနိုင်ငံလုပ်ငန်းများမှ တင်သွင်းမှုများပါအပါအဝင် Q2/2019 ရောင်းရငွေများမှ အရောင်းဝင်ငွေမှာ ယခင်တစ်နှစ်ပတ်လုံး၏ ၁၉% ပိုမိုရရှိခဲ့ပြီး၊ မြန်မာကျပ်ငွေ ၁၁၅ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၇၅ သန်း ) ရရှိခဲ့သည်။ H1/2019 ကာလအတွင်း SCG ၏ မြန်မာပြည်ဈေးကွက် တင်ပြချက်မှာ ရောင်းရငွေများမှ အရောင်းဝင်ငွေမှာ မြန်မာကျပ်ငွေ ၂၁၈ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁၄၃ သန်း ) ရရှိ၍ ယခင်တစ်နှစ်လုံး၏ ၇%ပိုမိုရရှိခဲ့ပြီး အဓိကအားဖြင့် ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများ လုပ်ငန်းမှ ပိုမိုရရှိခဲ့ခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှ နောက်ဆုံးလှုပ်ရှားမှုများအနေဖြင့် SCG မှ မြန်မာနိုင်ငံအတွင်း လုပ်ငန်းတည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် ၁၀ ကြိမ်မြောက် ‘SCG ၏ Build with Pride 2019’ အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ တန်ဖိုးကြီးမားလှသော လက်တွဲဖော်များ၊ ဖြန့်ဖြူးရောင်းချသူများ ၊ အရောင်းကိုယ်စားလှယ်များ ၊ ဈေးဆိုင်များ ၊ ကန်ထရိုက်တာများ စက်ရုံတာဝန်ခံများ၊ ပညာရှင်များနှင့် မြင့်မားသောတန်ဖိုးတစ်ရပ်ကို သုံးစွဲသူများထံ ပို့ဆောင်ပေးနေသော တိုးချဲ့ရေးသမားများနှင့် ရေရှည်ဆက်ဆံရေး တစ်ခုကို တည်တံ့စေဖို့ ၎င်းတို့အား ကျေးဇူးတင်သည့် အနေဖြင့်ပါ ကျင်းပခဲ့သည့် ပွဲဖြစ်ပါတယ်။ ဤပွဲသည် မြန်မာ့စီးပွားရေးလောကအတွင်း ကုမ္ပဏီ အောင်မြင်မှုကို ကြီးမားလာစေမည့်ပွဲတစ်ခုဖြစ်ပါတယ်။
ထို့အပြင် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL အနေဖြင့်လည်း ဒေသတွင်း နေထိုင်သူများအတွက် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆက်လက်ထောက်ပံ့ လုပ်ဆောင်လျက် ရှိပါတယ်။ မော်လမြိုင်၊ ဘားအံနှင့် ပခုက္ကူ နည်းပညာတက္ကသိုလ်များမှ ကျောင်းသား ၂၀ ဦးအားရွေးချယ်၍ ဘိလပ်မြေထုတ်လုပ်ရေးတွင် အလုပ်သင်ဝန်ထမ်းအနေဖြင့် ခန့်အပ်သင်ကြားပေးခြင်းများကို လုပ်ဆောင်လျက်ရှိပါတယ်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့၏ အနာဂတ်ပညာသင်ကြားရေးနှင့် ဆက်လျှောက်မည့်လမ်းအတွက် ကောင်းကျိုးများဖြစ်သည့် နိုင်ငံတကာ ထုတ်လုပ်ရေးများအကြောင်း သင်ကြားခွင့်ရရှိခြင်း၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ လုပ်ဆောင်တက်ခြင်းတို့ကို ရရှိသွားစေနိုင်မှာဖြစ်ပါတယ်။
Mr. Roongrote က “ကုန်သွယ်ရေးစစ်ပွဲမှ ဆက်စပ်ဖြစ်ပေါ်လာသော အခြေအနေများကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းသွားမှုတွင် Q2/2019 အတွင်း လုပ်အားခများနှင့်ကုန်ထုတ်လုပ်ရေး ဆုံးရှုံးမှုများသည် SCG ၏ဒုတိယ သုံးလပတ်နှင့် ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွက် လုပ်ငန်း ဆောင်ရွက်မှုများ အထူးသဖြင့် ဓာတုပစ္စည်းလုပ်ငန်းများကို ထိခိုက်စေခဲ့ပါတယ်။ SCG သည် ဆန်းသစ်မှုများဖြန့်ကျက်ရန်၊ HVA ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကို သုံးစွဲသူများထံသို့သေချာ တိကျသောရလာဒ်များဖြင့်ပေးနေချိန်တွင် ၎င်းတို့ကို Circular Economy နှင့် ဆက်စပ်လုပ်ငန်းစဉ်များ အတွင်းသို့ ထိရောက်စွာထည့်သွင်းနိုင်ရန် ဆက်လက် လုပ်ဆောင်မည် ဖြစ်ပါတယ်။ ကုမ္ပဏီသည် ရည်မှန်းထားသော ပန်းတိုင်သို့ရောက်ရှိရန် ဖြစ်ပေါ်နေသော စီးပွားရေးလုပ်ငန်းတန်ဖိုးများကို ကူညီရန်ရည်ရွယ်ချက်နှင့်အတူ အဓိကထုတ်လုပ်ရေးလုပ်ငန်းများကို စနစ်တကျကိုင်တွယ်နေပါတယ်။ သော့ချက်နှစ်ခုနည်းဗျူဟာကို လက်တွေ့အသုံးချ၍ SCG သည် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရပ်တည်ရေးကိုအာရုံထားပြီး စီမံခန့်ခွဲမှုတစ်ခုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး လွှမ်းမိုးမှုကို ဆန့်ကျင် ကာ ခံနိုင်ရည်အားကောင်းစေဖို့ အစွမ်းအစရှိပြီးသားဖြစ်ပါတယ်။
ရေရှည်ဖွံ့ဖြိုးတိုးတက်ရပ်တည်နိုင်ရေး စီမံခန့်ခွဲချက် နည်းဗျူဟာအရ ဓာတုပစ္စည်းလုပ်ငန်းများသည် SCG ၏ အားသာချက်ဖြစ်သော HVA ထုတ်ကုန်နှင့် ဝန်ဆောင်မှု ဖွံ့ဖြိုးမှုတွင် အထူးသဖြင့် Circular Economy တစ်ခုရရှိရန် ထိန်းသိမ်းထားနိုင်သော ဓာတုပစ္စည်းထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အများနှင့်ယှဉ်ပြိုင်ရသည့်အခါ မြင့်တက်နေသော အားနည်းချက်တစ်ခု ဖြစ်နေပါတယ်။ ဥပမာအနေဖြင့် ကွန်ဗာတာများအတွက် SMX နည်းပညာကုမ္ပဏီနှင့်အတူ ထုတ်လုပ်သော အကောင်းစားအဆင့် Polythylene ဒြပ်ပေါင်းများ ဖွံ့ဖြိုးထုတ်လုပ်မှုနှင့် စက်မှုပစ္စည်းများ ကန့်သတ်နေချိန်တွင် ကုန်ကြမ်းပစ္စည်းသုံးစွဲမှု လျော့ချခြင်းနှင့်အတူ အော်ဂဲနစ်ဒြပ်ပေါင်းများမှ တန်ဖိုးကြီး ပလတ်စတစ်အရည်အသွေး ထုတ်လုပ်ခြင်းကို ရှာဖွေနေကြသည့် အရည်အသွေးမှီ ပိုင်ဆိုင်သူများ နှင့် အပြည့်အဝ ပြန်လည်အသုံးပြုနိုင်သော ထုတ်ပိုးမှုအတွက် အထူးဖြည့်ဆည်း ပစ္စည်းများ ဖွံဖြိုးတိုးတက်မှုတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် SCG မှ လက်တွေ့အသုံးဝင်သောပစ္စည်းများ နမူနာပုံစံဖွံဖြိုးထုတ်လုပ်ရန် သတ်မှတ်ချက်တစ်ခု နှင့်အတူ ဗြိတိန်နိုင်ငံ အောက်စဖို့ဒ် တွင် R&D center တစ်ခုဖြစ်သော SCG Advanced Materials Laboratory ကို မကြာသေးမီက ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။
ဘိလပ်မြေနှင့် အိမ်ဆောင်ပစ္စည်းများလုပ်ငန်းမှခိုင်မာသော ဖွံ့ဖြိုးတိုးတက်မှုကို ပြသခဲ့ပြီး ပြည်တွင်းဝယ်လိုအားနည်းနေသော အင်ဒိုနီးရှားနိုင်ငံမှလွဲ၍ ယင်းနယ်မြေအတွင်းရှိနိုင်ငံများအားလုံး သည် အပေါင်းလက္ခဏာ စီးပွားရေးရလာဒ်များနှင့်အတူ ထိုင်းနိုင်ငံအစိုးရ၏ တည်ဆောက်ရေးလုပ်ငန်း များတွင် ပါဝင်မှုကို ဆက်လက်ချဲ့ထွင်လုပ်ကိုင်လျက်ရှိပါတယ်။ SCG သည် အလားအလာရှိသောအတွင်းပိုင်းလုပ်ငန်းနှင့် လက်လီရောင်းချခြင်းကဲ့သို့သော လျင်မြန်စွာတိုးပွားနေသည့်ဈေးကွက်များကို တက်ကြွစွာ အာရုံစိုက်လုပ်ဆောင်လျက်ရှိပါတယ်။ ဒီလုပ်ငန်းများအပြင် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းကို အပူချိန်ထိန်းသိမ်းပေးသည့် သိုလှောင်အိမ် ပမာဏအတိုင်း ချဲ့ထွင်ပြီးသားလည်းဖြစ်ပါတယ်။ ထို့ထက်ပိုပြီး SCG သည် သုံးစွဲသူများအတွက် စွမ်းအင်လျော့ချပေးခြင်း၊ အရောင်နှင့်အရည်အသွေးတာရှည်ခံခြင်းနှင့် စိတ်ကျေနပ်မှုပေးနိုင်သည့် အိမ်ခေါင်မိုးမိုးခြင်း ကဲ့သို့သော ရလာဒ်များကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ထုတ်ပိုးမှုလုပ်ငန်းတွင် သက်ဆိုင်ရာစီးပွားရေးနယ်ပယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှု အထူးသဖြင့် အာဆီယံနိုင်ငံများနှင့် တိကျကောင်းမွန်သည့်အလားအလာရှိသော ပြည်တွင်းလုပ်ငန်းနှင့်အတူ ပြည့်စုံသောဖွံ့ဖြိုးတိုးတက်မှုကို ပြသခဲ့ပြီးဖြစ်ပါတယ်။ ၎င်းလုပ်ငန်းတွင် Fast Food စက်ရုံများဖွံံ့ဖြိုးတိုးတက်ရန်နှင့် e-commerce မှ အခြားအချက်အလက်များကို တည်ငြိမ်အောင် ပြုလုပ်ခြင်းတို့လည်း ပါဝင်ပါတယ်။ SCG သည် ထုတ်ပိုးရေးဆိုင်ရာစက္ကူထုတ်လုပ်သူ အင်ဒိုနီးရှားနိုင်ငံသား Fajar ထံမှ မျှဝေချက်များကိုလေ့လာနေကြသည့် ဖိလစ်ပိုင်နိုင်ငံ UPPC စက်ရုံနှင့် ဗီယက်နမ်နိုင်ငံ BATICO စက်ရုံများတွင် ထုတ်လုပ်မှုပမာဏတိုးချဲ့ခြင်းဖြင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အရှိန်မြှင့်တင်ခြင်းလုပ်ငန်းများကို အာရုံစိုက်လုပ်ဆောင်လျက် ရှိပါတယ်။
ရပ်တည်ချက်ကိုဆက်လက်ထိန်းသိမ်းရန်၊ SCG သည် သက်ဆိုင်ရာအဆင့်တစ်ခုတွင် စီးပွားရေးမြို့တော်ကိုထိန်းသိမ်းထားခြင်းအားဖြင့် လုပ်ငန်း၏သက်ဆိုင်ရာကဏ္ဍတွင် ငွေပေါ်လွယ်စေမည့်စီမံခန့်ခွဲမှု အာရုံထားလုပ်ကိုင်လျက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်၏ ဒုတိယသုံးလပတ်အကုန်တွင် SCG ၏ ငွေကြေးနှင့်စီမံခန့်ခွဲမှုအောက်ရှိငွေကြေးသည် ချဲ့ထွင်နေသောလုပ်ငန်းများနှင့် မတည်မြဲသေးသောစီးပွားရေးလုပ်ငန်းခွင်များရှိနေသော်လည်း မြန်မာကျပ်ငွေ ၂၀၉၇ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁၃၈၅ သန်း ) ရှိပါတယ်။ ၎င်းတို့ပါဝင်သည့် ချဲ့ထွင်သည့်လုပ်ငန်းစဉ်များပြန်လည်သုံးသပ်ချက်တွင် SCG သည် ငွေကြေးတန်ဖိုးများကိုလျင်မြန်စွာ မြင့်တင်ပေးနိုင်မည့် လုပ်ငန်းစဉ်များအပေါ်တွင် အာရုံစိုက်လျက်ရှိပါတယ်။ ဥပမာအနေဖြင့် Fajar ၏ရှာဖွေစုဆောင်းမှုသည် ၂၀၁၉ ခုနှစ် တတိယသုံးလပတ်တွင် SCG ၏ ထုတ်ပိုးမှုလုပ်ငန်းနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်အရည်အသွေးများကို ပေါင်းစပ်သွားမှာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံ Long Son Petrochemical ( LSP ) ကဲ့သို့ လုပ်ဆောင်လျက်ရှိသောချဲ့ထွင်ရေးလုပ်ငန်းများကိုလည်း ရည်မှန်းထားသော သတ်မှတ်ချက်များအတိုင်းရောက်ရှိရန် ဦးတည်ဆောင်ရွက်လျက်ရှိပါတယ်။
ထို့အပြင် ကုမ္ပဏီသည် လုပ်ငန်းပင်မနေရာများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှု ကွင်းဆက်များကို မြင့်တင့်၍ စွမ်းအင်လိုအပ်ချက်ကိုမြှင့်တင်နေပြီဖြစ်ပါတယ်။ လုပ်ဆောင်မည့်လုပ်ငန်းများတွင် ဆိုလာဓာတ်အားပေးစနစ်သည်လည်းတစ်ခုအပါအဝင်ဖြစ်ပြီး ယင်းလုပ်ငန်းသည် လျှပ်စစ်ဓာတ်အား ၇၇ မီဂါဝပ်ကိုထုတ်လုပ်ပေးနိုင်ပြီး ပြင်ပအရင်းအမြစ်များကို လျော့ချခြင်း နှင့် တစ်နှစ်လျှင် မြန်မာကျပ်ငွေ ၁၆၀၀၀ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁၁ သန်း ) နီးပါး သက်သာစေမှာလည်းဖြစ်ပါတယ်။ အခြားစီမံချက်တစ်ခုမှာ စွန့်ပစ်စက္ကူထုတ်လုပ်ခြင်းဖြင့် စွမ်းအင်ထုတ်လုပ်ခြင်းဖြစ်သည့် စွန့်ပစ်ပစ္စည်းကိုစွမ်းအင်အဖြစ်ပြာင်းလဲခြင်းပဲဖြစ်ပါတယ်။ တိုင်းတာချက်များအရ လျှပ်စစ်ဓာတ်အား ၉.၆ မီဂါဝပ်ကို ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ SCG မှ နည်းပညာအကူအညီဖြင့် ထိရောက်သောထုတ်လုပ်ရေးများဖန်တီးနိုင်ရေးနှင့် သက်ဆိုင်ရာနယ်ပယ် အလိုက် ကုန်ကျစရိတ်လျော့ချရေးတို့ကိုလည်း တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ ပထမဦးဆုံးအနေဖြင့် SCG သည် ဒစ်ဂျစ်တယ်နည်းပညာများဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်မှုများလည်းရှိခဲ့ပါတယ်။ ယင်းလုပ်ငန်းတစ်လျှောက်လုံးတွင် အိမ်သုံးပစ္စည်းများထုတ်လုပ်ခြင်းနှင့် ရှေ့ဆက်၍ SCG အဓိက လုပ်ငန်းနေရာများအားလုံး၏ လည်ပတ်နေသော လုပ်ငန်းစဉ်အားလုံးတွင် နက်နဲသော နည်းပညာများကို ပေါင်းစပ်ထည့်သွင်း၍ ရှေ့ဆက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
SCG သည် ကမ္ဘာ့ဈေးကွက်ကိုလိုက်ပါ၍ ပို့ကုန်တိုးမြှင့်နိုင်မည့် အခွင့်အရေးများကိုလည်း မှတ်သားထားပါတယ်။ ဥပမာအနေဖြင့် တရုတ်နှင့် အာဆီယံနိုင်ငံများသို့ ထုတ်ပိုးခြင်းလုပ်ငန်းထွက် ပစ္စည်းများကို တင်ပို့ခြင်း၊ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးပစ္စည်းများလုပ်ငန်းမှ မျက်နှာကျက်နှင့် နံရံများကို တောင်ကိုရီးယားနိုင်ငံသို့တင်ပို့ခြင်းနှင့်အတူ ဥရောပသို့တင်ပို့ရန်အတွက်လည်း စီစဉ်နေပြီဖြစ်ပါတယ်။” ဟု အဆုံးသတ်ပြောကြားခဲ့ပါသည်။
Download eBook version as a FREE!
ဆက်စပ်ဆောင်းပါးများ
SCG မှ မွန်ပြည်နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးအကူအညီများပေးအပ်
SCG မှ မွန်ပြည်နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးအကူအညီများပေးအပ်
SCG ၏ ”စက္ခုအလင်း ကုသိုလ်ယူ SCG နှင့်အတူ” လှုဒါန်းခြင်းလှုပ်ရှားမှုတွင်ပါဝင်လိုသူများစိတ်ဝင်စားစေရန်ကိုအောင်သူနှင့်အတူ အမြင်အာရုံပြန်လည်ရရှိစေနိုင်ခြင်းအကျိုးများရရှိစေနိုင်သည့် အစီအစဉ်တစ်ရပ်စတင်
SCG ၏ ”စက္ခုအလင်း ကုသိုလ်ယူ SCG နှင့်အတူ” လှုဒါန်းခြင်းလှုပ်ရှားမှုတွင်ပါဝင်လိုသူများစိတ်ဝင်စားစေရန်ကိုအောင်သူနှင့်အတူ အမြင်အာရုံပြန်လည်ရရှိစေနိုင်ခြင်းအကျိုးများရရှိစေနိုင်သည့် အစီအစဉ်တစ်ရပ်စတင်
Mottama Development Group ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် နိုင်ငံတကာဆင့်မီ စီမံကိန်း ၅ ခု အား ခင်းကျင်းပြသထားသော ပြခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Mottama Development Group ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် နိုင်ငံတကာဆင့်မီ စီမံကိန်း ၅ ခု အား ခင်းကျင်းပြသထားသော ပြခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ