Khatter Penthouse

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဝင်နီ မှ
October 13, 2019 နေ့
စွဲမက်ဖွယ် အိမ်ပုံစံလေးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

အခုနောက်ပိုင်း တိုက်အမြင့်ကြီးတွေရဲ့ အပေါ်ဆုံးထပ်တွေမှာ ကွန်ဒိုတွေရဲ့အပေါ်ဆုံးထပ်တွေမှာ ပန့်ဟောက်စ်တွေအဖြစ် ဖန်တီးလာကြတာကိုတွေ့ရမှာပါ။ အရင်ကဆို တော်တော်များများက လုံးချင်းမ ဟုတ်ရင် မြေညီထပ်တွေပိုလူကြိုက်များပါတယ်။ အခုနောက်ပိုင်းမှာတော့ နေရာတိုင်းလိုလိုတိုက်တာအမြင့် ကြီးတွေဆောက်လာကြတော့ မြင်ကွင်းကောင်းကောင်းမြင်ရတဲ့ လေကောင်းလေသန့် ပိုရတဲ့ အပေါ်ထပ် အမြင့်ပိုင်းတွေကို ပိုလူကြိုက်များလာကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် မြင်ကွင်းကောင်း လေကောင်းလေသန့် လည်းရတဲ့ အပေါ်ဆုံးထပ်က ပန့်ဟောက်စ်တွေကို ရွေးချယ်မှုပိုလာကြပါတယ်။ ဒီလို ပန့်ဟောက်စ်တွေ ထဲကမှ MOPA က ဖန်တီးပေးထားတဲ့ ပန့်ဟောက်စ်လေးတစ်ခုကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ MOPA မှ Interior Designer ဖြစ်သူ ကိုအောင်စိုးပိုင်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာကတော့ –

Home Decoration မှာ Penthouse တွေကိုဒီဇိုင်းဖန်တီးတာခေတ်စားလာတဲ့အခါမှာmopaအနေနဲ့ Penthouse Design နဲ့ ပါတ်သက်ပြီးဖန်တီးခဲ့တဲ့ အတွေ့အကြုံလေးသိချင်ပါတယ်။

MOPA က ဖန်တီးထားတဲ့ လတ်တလော ပြီးစီးထားတဲ့ ခတ္တာပန့်ဟောက်စ်ဆိုတဲ့ Penthouse Design ကိုပြောပြချင်ပါတယ်။ Penthouse ဆိုတာအထပ်မြင့်အဆောက်အဦးတွေရဲ့ အပေါ်ဆုံးအလွှာမှာရှိတတ်ပြီးသာမန်တိုက်ခန်းတွေနဲ့မတူဘဲလုံးချင်းအိမ်တစ်ခုလိုဖန်တီးထားတဲ့ Apartment လိုဒီဇိုင်းမျိုး ဖြစ်ပါတယ်။ရန်ကုန်မှာတော်တော်များများတွေ့ရတဲ့ Penthouse ဆိုတာပုံမှန်အားဖြင့် နိုင်ငံတကာမှာအသိအမှတ်ပြုထားတဲ့ Penthouse တွေနဲ့ မတူပာဘူး။ ခတ္တာကွန်ဒိုမှာရှိတဲ့ Penthouse အတွက် ပိုင်ရှင်ကရန်ကုန်မှာပုံမှန်မြင်နေကြဖြစ်တဲ့ Penthouse Design တွေကနေကွဲထွက်ချင်ပါတယ်။ဒါပေမယ့် နိုင်ငံတကာမှာကျတော့ penthouse ရဲ့ သဘောတရားကအဆောက်အဦးတွေရဲ့ အပေါ်ဆုံးထပ်မှာဆိုပေမယ့်လည်းသူတို့ဆီမှာကpenhouseရဲ့ facility တွေ ရှိနေတတ်တယ်။ ဥပမာ penthouse ရဲ့ facility ထဲမှာအောက်ထပ်တွေနဲ့ မတူတဲ့ function တွေပေးထားတာရှိတယ်။

myanmar home & decor 
MOPA
Myanmar Home & Decor 
MOPA

Penthouse သည် အောက်ထပ်ကယူနစ်တွေထက် sqftလည်းတော်တော် များနေတတ်တယ်။ ပြောရမယ်ဆိုရင် penthouse ဆိုတာနဲ့ တစ်ထပ်တည်းမဟုတ်ဘူးပေါ့နော်။ ၂ ထပ်လိုပုံစံမျိုးရှိနေတယ်။ မြန်မာပြည်မှာရှိနေတဲ့ penthouse ကို နိုင်ငံတကာမှာရှိနေတဲ့ penthouse လိုပုံစံမျိုးသူဖန်တီးချင်တယ်ဆိုပြီးကျွန်တော်တို့ဆီရောက်လာတာပါ။ အဲ့ဒီအတွက်ကို ကျွန်တော်တို့ကclinetနဲ့ သေချာဆွေးနွေးတိုင်ပင်ပြီးမှ အကောင်အထည်ဖော်ခဲ့တာပေါ့။ အကောင်အထည်ဖေါ်တဲ့ အချိန်မှာ client ဘက်ကဘာကိုတောင်းဆိုခဲ့လဲဆိုတော့ Penthouseရဲ့ Decoration ကိုသူကိုယ်တိုင်လည်းတည်ဆောက်မယ် ၊ ကြီးကြပ်မယ်ဆိုတဲ့အချက်လည်းပါပါတယ်။ ဒီဇိုင်းကဘယ်လိုဒီဇိုင်းမျိုး ဖြစ်ရမယ်။ ဘယ်ပုံစံမျိုးဖြစ်ရမယ်ဆိုတာကိုမပြောဘူး။သူကိုယ်တိုင်နေထိုင်မယ့် အဲဒီpenthouseသည် အခြားpentouseနဲ့မတူရဘူးဆိုတဲ့အချက်ပါပဲ။client ရဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ပတ်သက်ပြီးသူဘယ်လိုပုံစံမျိုးနေချင်လဲဆိုတာကိုလည်းသေသေချာချာဆွေးနွေးကြတယ်။ဆွေးနွေးတဲ့အခါကျတော့ client ဆီမှာထူးခြားတဲ့ idea တချို့ပါလာတယ်။ Penthouse မှာသူ့အနေနဲ့ outdoor living တစ်ခုပုံစံမျိုးလည်းနေချင်တယ်ဆိုတဲ့အချက်ပါလာတယ်။ အဲ့အခါကျတော့ ကျွန်တော်တို့ အနေနဲ့ ဘာလုပ်ရလဲဆိုတော့ ပထမတော့ interior design တစ်ခုအနေနဲ့ပဲလက်ခံခဲ့တာ။

Myanmar Home & Decor 
MOPA

နောက်ပိုင်းမှာarchitecture ပုံစံမျိုးလည်းသွားပေးရတယ်၊ penthouse ကိုလည်း Landscape ပုံစံမျိုးကိုလည်း ကျွန်တော် ပြန်ပြီးစဉ်းစားပေးရတယ်။ ဒီတော့ ဒီ penthouse သည် ဘာဖြစ်လာလဲဆိုရင်interior design သီးသန့်တစ်ခုလိုမဟုတ်တော့ပဲသူ့ဆီမှာArchitecture/Interior/ Landscape တွေပါ ပါလာတာပေါ့နော်။ ဒီPenthouseအတွက် ဒီဇိုင်းဖန်တီးတဲ့အခါမှာ landscape ဘက်ကိုပိုပြီးဦးစားပေးခဲ့ရပါတယ်။အဲ့ဒီမှာ ကျွန်တော်ကclientကိုဘာပြောလဲဆိုတော့ ဒီpenthouseမှာအပင်တွေ အပြင် water feature တော်တော်များများကိုထည့်ချင်တယ်။ ဘာကြောင့် water feature တော်တော်များများကိုထည့်ချင်တာလဲဆိုတော့ ဒီ landscape ရဲ့ သဘောတရားကသက်ရှိနဲ့သက်မဲ့ကို ပြန်ပြီးတွဲပေးတဲ့အခါ ပိုပြီးစိတ်ဝင်စားစရာကောင်းလာတယ်ပေါ့။ နောက်တစ်ခုကဒီ penthouse သည် ရန်ကုန်ရဲ့ မြင့်တဲ့ နေရာမှာလည်းတည်ရှိနေတဲ့အတွက် မြင်ကွင်းက 360ဒီဂရီ ပတ်ပတ်လည် မြင်ရတယ်။ ရွှေတိဂုံဘုရားကိုလည်းရှင်းရှင်းလင်းလင်းဖူးလို့ရတယ်။ ပြီးရင် ဟိုးဘက်က ကြည့်မြင့်တိုင် တစ်ဘက်ကမ်းကိုလည်း မြင်ရတယ်။ဒီ penthouse က သူ့ဆီမှာအားသာချက်က မြင်ကွင်းပတ်ပတ်လည် ရှိနေတယ်။ မြင်ကွင်းပတ်ပတ်လည် ရှိနေတဲ့အတွက် ကျွန်တော်ကစောစောက water landscape ကိုထည့်တဲ့ အခါ landscape design အနေနဲ့လည်းပီပီပြင်ပြင်ဖြစ်လာသလို မြင်ကွင်းကိုလည်းမကွယ်တော့ဘူး။ အဲ့အတွက်ကိုလည်း water landscape ကိုထည့်ဖို့အတွက် ကျွန်တော် client ကိုပြောခဲ့တယ်။

Myanmar Home & Decor 
MOPA

ပြောခဲ့တဲ့ အချိန်မှာ client ဘက်ကလည်းသဘောတူတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ ဒီဇိုင်းကိုအကောင်အထည် ဖော်တဲ့ အခါကျတော့ စိန်ခေါ်မှုအနေနဲ့ ဘာတွေရှိလာလည်းဆိုတော့ အပေါ်ထပ်မှာများသောအားဖြင့် ရေကိုတင်မယ်ဆိုတဲ့ အခါ တချို့လူတွေကရေရဲ့အလေးဒဏ်ကိုအရမ်းကြောက်ကြတယ်။ ရေကတအားများတယ်၊ အောက်ထပ်တွေကိုရေယိုတဲ့ ပြသနာတွေ ဖြစ်မှာကိုစိုးရိမ်ကြတယ်။ကျွန်တော်တို့ ဒီဇိုင်းလုပ်နေတဲ့ အချိန်မှာမလိုလားအပ်ပဲဒီတိုက်မှာနေတဲ့သူတွေနဲ့ ကျွန်တော်ရဲ့ client နဲ့ ဖြေရှင်းရတဲ့ ပြသာနာလေးတွေပါလာခဲ့တယ်။ ကျွန်တော်တို့က water landscscapeကိုတင်တဲ့ အခါကျတော့ client ဘက်ကလည်းသေချာအောင်လုပ်ပေးပါတယ်။ water proofing တွေကအစသေချာ ပြန်လုပ်တယ်။ Client ဘက်ကလည်း Structure Engineer တွေနဲ့ ပြန်ညှိပါတယ်။ water levelကိုမြင့်ချင်တဲ့အခါ ရေရဲ့ ထုထည် ၊ အလေးချိန်ကို structure သမားတွေနဲ့ သူတို့ သေချာပြန်တွက်တယ်။ ပြန်တွက်ပြီးတဲ့ အခါကျတော့ ကျွန်တော်တို့ ဒီဇိုင်းမှာလည်း construction method မှာ water level မြင့်သွားအောင် raised floor လိုပုံစံမျိုးတွေနဲ့လည်းပြန်ပြီးတော့ ဖန်တီးလိုက်တယ်။ ရေကတော့ မြင့်တက်လာတယ် ၊ ဒါပေမယ့် တကယ်တမ်းရေထုထည်ကတော့ ပါးပါးလေးပဲရှိတော့တာပေါ့ ။ဒီလိုရေထည့်လိုက်တဲ့ အတွက် အဆောက်အဦးမှာလည်းအအေးဓာတ်ရသွားတယ်။ ပြီးတော့ ရေထဲမှာငါးတွေလည်းထည့်လို့ရတဲ့ အခါကျတော့ သက်ရှိနဲ့ သက်မဲ့ ဆက်စပ်မှုတစ်ခု ပြန်ပါလာတယ်။ ပတ်ပတ်လည်မှာရှိနေတဲ့ မြင်ကွင်းတွေကလည်းအင်အားတစ်ခုလို ဖြစ်လာတယ်။ ရေကိုထည့်ရတဲ့ နောက်တစ်ချက်ကဒီအဆောက်အဦးသည် ရန်ကုန်မြို့ရဲ့ မြင့်တဲ့ အပိုင်းမှာ ပါဝင်နေတဲ့အတွက် ဒီအဆောက်အဦးရဲ့ အပေါ်မှာနေရတာကောင်းကင်မှာရှိနေတဲ့ တိမ်တွေ နဲ့နီးစပ်နေသလိုတွေ့ရတယ်။ ရေရယ်၊ ကောင်းကင်ရယ် ၊ အပင်ရယ် ဆိုတာကဒီ penthouse မှာဒီဇိုင်းအစိတ်အပိုင်းတစ်ခုအနေနဲ့ပါလာတာကိုတွေ့ရတယ်။

Myanmar Home & Decor 
MOPA

ဒီဇိုင်းဖန်တီးတဲ့အခါမှာဘယ်လိုအချက်တွေကိုပါ ထည့်သွင်းစဉ်းစားခဲ့ပါသလဲ။

ဖန်တီးတဲ့အခါကျတော့ အတတ်နိုင်ဆုံးမော်ဒန်ဖြစ်တဲ့ဒီဇိုင်းကိုသွားတယ်၊ ရိုးရိုးရှင်းရှင်းပုံစံမျိုးကိုသွားတယ်။ အဲ့လိုသွားတဲ့အချိန်မှာ ကျွန်တော်တို့ ဘာထားပေးသေးလဲဆိုတော့ life style တစ်ခုပေါ့နော်။ Life style တစ်ခုကိုဖန်တီးထားတယ်။ penthouse မှာနေတဲ့ ပုံစံမျိုးမဟုတ်တော့ဘူး။ မြေပြင်ပေါ်က ခြံကျယ်ကြီးတစ်ခုလုံးကိုအပေါ်ဆုံးကိုတင်လိုက်တဲ့ ပုံစံမျိုးဖန်တီးပေးလိုက်တဲ့ အတွက် စောစောကပြောတဲ့ opened space တွေ ထားပေးလိုက်တယ်။ Opened space မှာဘာတွေ ပါလာလည်းဆိုတော့ Outdoor living area, outdoor barbecue area တွေ ပါလာတယ်။ ပြီးတော့ living နဲ့ dinning space သည် တစ်ခုနဲ့ တစ်ခုဆက်စပ်မှုတွေ ပြန်ပြီးဖန်တီးထားတယ်။ နောက်တစ်ခု ကျွန်တော်တို့ ပြန်သွားတဲ့ approach အနေအထားက မြန်မာနိုင်ငံမှာတော့ သိပ်ပြီးတော့ ခေတ်စားမှု မရှိသေးတဲ့ Architectural Interior Design ကိုသွားတယ်။ သဘောတရားကဘာလဲဆိုတော့ interior space တစ်ခုကို architecture တစ်ခုလိုသွားတာဖြစ်ပါတယ်။ နံရံလေးဖက်လေးတန် တစ်ခုထဲမှာအဆောက်အဦးတစ်ခုကိုကောက်ထည့်လိုက်သလိုပေါ့။ အဲ့ဒီမှာရှိတဲ့ built-in furniture တွေ၊ နံရံတွေ၊ လှေကားတွေ၊ မျက်နှာကျက်တွေ အကုန်လုံးသည့် တစ်ခုနဲ့ တစ်ခုကpavilionလိုခေါ်လို့ရတယ် အဆောက်အဦးတစ်ခုလိုပုံစံမျိုးတွေ အထဲထဲမှာချိတ်ဆက်ပြီးတော့သွားတယ်။ Space ကိုဖန်တီးတဲ့ အခါမှာအပိုင်း ၃ ပိုင်းခွဲပေးလိုက်တယ်။ ပထမဆုံးတစ်ပိုင်းက ဝင်ဝင်ချင်း foyer လိုပုံစံမျိုး။ Foyer ကနေ ဝင်ချလိုက်တဲ့ အခါ outdoor living roomကို မြင်ရတယ်။ Outdoor Living Room သည် court yard လိုပုံစံမျိုးဖြစ်နေတယ်။ အဲ့လို ဖြစ်နေပြီးတော့ ညာဘက်ခြမ်းမှာဆိုရင် အိပ်ခန်းရှိမယ်၊ ထမင်းစားခန်း၊ မီးဖိုဆောင် ရှိမယ်။ ဘယ်ဘက်ခြမ်းမှာမာစတာအိပ်ခန်းနဲ့ ဘုရားခန်းရှိမယ်။ စောစောက outdoor living သည် court yard လို ဖြစ်နေတဲ့ အတွက် သူရဲ့ space သည် ခြံထဲမှာဆိုရင် လမ်းလျှောက်လို့ရတဲ့ နေရာမျိုး ၊ ကစားလို့ရမယ့်နေရာမျိုးcorridor space ကြီးအကြီးကြီးကိုဖန်တီးပေးလိုက်တယ်။

Myanmar Home & Decor 
MOPA

ဒီcorridor space ကြီးသည် ဘာဖြစ်သွားလဲဆိုတော့ စောစောကပြောတဲ့ Space ၂ ခုကိုဟိုဘက်နဲ့ ဒီဘက် ကူးလို့ရတဲ့ ပေါင်းကူးတစ်ခုလို ပြန်ဖြစ်သွားတယ်။ အဲဒါသည် ကျွန်တော်တို့ ဖန်တီးထားတဲ့ ဒီဇိုင်းအစိတ်အပိုင်းတစ်ခုပါပဲ။ နောက်တစ်ခုကလှေကားတွေ၊ planter box တွေ ရှိမယ်၊ နောက်တစ်ခုကစောစောကပြောတဲ့ water feature နဲ့ ချိတ်ဆက်ထားတဲ့ boundary area တွေရှိမယ်။ အဲ့လိုareaတွေကလည်း ကျွန်တော်တို့ ဘာအတွက်ဖန်တီးထားလဲဆိုရင်အိမ်တစ်ခုလုံးမှာ client အနေနဲ့ ကြိုက်တဲ့နေရာမှာထိုင်လို့ရတယ်။ ကြိုက်တဲ့နေရာမှာသူအေးအေးဆေးဆေးစကားပြောလို့ရတယ်၊ gatheringလုပ်လို့ရအောင် ဖန်တီးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ client က တခါတလေသူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေ တွေ ခေါ်လာတတ်တယ်။Gathering လုပ်လေ့ရှိတယ်။ တခါတလေကျရင် ကလေးတွေနဲ့ ပါတီပွဲတွေ လုပ်တတ်တဲ့ အခါကျတော့ အဲ့ဒီမှာဧည့်သည်အုပ်စုလိုက်လာရင် ကိုယ်နှစ်သက်သလို ကြိုက်တဲ့နေရာမှာဆိုဖာမရှိပဲထိုင်လို့ရတဲ့ ပုံစံမျိုး ကျွန်တော်တို့ကဖန်တီးထားပေးလိုက်တယ်။ဒီတော့ အိမ်တစ်ခုလုံးသည် ကျွန်တော်တို့မြင်နေကျထိုင်ခုံတွေ ဆိုဖာတွေ မချပဲနဲ့ ထောင့်စုံမှာထိုင်လို့ရတဲ့ ပုံစံမျိုးပါနေတယ်။ ဒါသည် ဒီအိမ်ရဲ့ ထူးခြားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

Myanmar Home & Decor 
MOPA

Client နဲ့ Designer စိတ်ကျေနပ်မှုအပိုင်းကရောဒီဇိုင်းပြီးသွားတဲ့အခါမှာဘယ်လိုနေပါသလဲ။

Client နဲ့ Designer ရဲ့ စိတ်ကျေနပ်မှု အပိုင်းကတော့ Client ရဲ့ စိတ်ကျေနပ်မှုက ကျွန်တော်တို့ ဖန်တီးထားတဲ့ အပေါ်မှာသူဘယ်လောက်အသုံးပြုလဲဆိုတာနဲ့တိုင်းတာရမယ်ပေါ့။ ဥပမာပြောပြရရင် Client မှာသမီးငယ်လေးသုံးယောက်ပါတယ်။ Court yard ရဲ့ ညာဘက်ခြမ်းမှာကလေးတွေ အခန်းရှိတယ်၊ ကျွန်တော်ကတကယ်တော့ ကလေးတွေနဲ့ မနီးစပ်ပါဘူး။ကလေးအခန်းတွေ ဒီဇိုင်းဆွဲရတဲ့ အခါမှာ ကျွန်တေ်ာ့အတွက် ခက်ခဲပါတယ်။ ကလေးတွေ အတွက် ဘာတွေ လိုအပ်နိုင်သလဲဆိုတာကိုစိတ်ကူးရတာ ကျွန်တော့်အတွက် ကန့်သတ်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့် client နဲ့ စကားပြောတဲ့ အခါ client က ကျွန်တော့်ကိုလွတ်လွတ်လပ်လပ်တွေးခေါ်ခွင့်ပေးပါတယ်။ ကလေးအခန်းကိုဒီဇိုင်းဆွဲတဲ့အခါ ကလေးတစ်ယောက်ချင်းစီအတွက် အိပ်ရာ၊ ကိုယ်ပိုင်စာကြည့်တဲ့နေရာစသဖြင့် ကျွန်တော်တွဲပေးတယ်။ ဒီနေရာမှာရှေ့က ကျွန်တော်ပြောခဲ့သလိုပဲ Architectural Interior Space ကို ပြန်စဉ်းစားလိုက်တဲ့ အနေအထားမျိုးမှာကလေးအခန်းထဲကို ဝင်သွားလိုက်တာနဲ့ ကလေး ၃ယောက်ရဲ့ နေရာသည် သူတို့ ကိုယ်ပိုင် အိပ်ခန်းတိုက်ခန်းလေးတွေလိုနေရာမျိုး ကျွန်တော်ကဖွဲ့စည်းပေးထားလိုက်တယ်။

Myanmar Home & Decor 
MOPA
Myanmar Home & Decor 
MOPA

ကလေးအငယ်ဆုံးသည် အောက်ဆုံးထပ်မှာရှိမယ်၊ အလတ်လေးသည် အလယ်ထပ်မှာရှိမယ်၊ အကြီးဆုံးသည် အပေါ်ဆုံးထပ်မှာရှိတဲ့ ပုံစံမျိုး ကျွန်တော် ဖန်တီးထားပေးလိုက်တယ်။ ရေချိုးခန်း၊ အိမ်သာဆိုရင် ပုံမှန်ကရိုးရိုးရှင်းရှင်းပဲလုပ်ကြတယ်။ဒီနေရာမှာ ကျွန်တော် က Shower Area ကိုရေကန်လိုပုံစံဖန်တီးပေးဖြစ်တယ်။ ပုံမှန်အားဖြင့် Bathtub ပေါ့။ ကျွန်တော်တို့ client ကလည်း bathtub ထည့်ချင်တယ်။ ဒါပေမယ့် Bathtub သည် ကလေး ၃ ယောက် တစ်ပြိုင်တည်း ရေဝင်ချိုးဖို့က အဲ့လောက် ဆိုဒ်ကီးကြီးမရှိဘူး။ ဒီတော့ ကျွန်တော်ကဒီ Shower Area တစ်ခုလုံးကို Bathtub လိုပုံစံမျိုးဖန်တီးပေးလိုက်တယ်။ ဒီလိုဖန်တီးလိုက်တဲ့ အတွက် ရေဖြည့်ပေးလိုက်တဲ့ အခါ shower area က ရေပြည့်သွားမယ်၊ ကလေးတွေ အနေနဲ့ ရေကစားလို့ရတဲ့ နေရာဖြစ်သွားတယ်။နောက်ဆုံး client တွေ စနေတဲ့ အချိန်မှာ ကျွန်တော်ရောက်သွားတော့Client က ပြောပြတာကသူ့ရဲ့ကလေးတွေကရေချိုးရတာအရမ်းသဘောကျတယ်။ ကလေးတွေ ရေချိုးတဲ့ အခါ တော်ရုံတန်ရုံနဲ့တောင် ထွက်မလာဘူးလို့တောင် ပြောပြပါတယ်။ နောက်တစ်ခုကအလယ်မှာcournt yard လိုဖန်တီးပေးထားတဲ့ အတွက် လွတ်လွတ်လပ်လပ် သုံးလို့ရတဲ့ နေရာလေးဖြစ်သွားတယ်။ ကျွန်တော် ရောက်နေတဲ့ အချိန်မှာကလေးတွေ စက်ဘီးစီးပြီးဆော့နေတာတွေ့ရပါတယ်။ ကျွန်တော် ဖန်တီးမှုတွေသည် သူတို့ အတွက် ကောင်းစွာ အသုံးဝင်နေတာကို တွေ့ရတဲ့ အတွက် Designer တစ်ယောက်ရဲ့စိတ်ကျေနပ်မှု ရလားဆိုတာထက်ပိုပြီးပီတိဖြစ်မိပါတယ်လို့ပြောချင်ပါတယ်။

Photo – Thiri May


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

ခေါင်မိုးထပ်က ဥယျာဉ်လေး

ခေါင်မိုးထပ်က ဥယျာဉ်လေး

အချိန်တိုအတွင်း အိမ်ခန်းလေးသေသပ်လှပသွားစေမည့်နည်းလမ်းငါးသွယ် အပိုင်း(၁)

အချိန်တိုအတွင်း အိမ်ခန်းလေးသေသပ်လှပသွားစေမည့်နည်းလမ်းငါးသွယ် အပိုင်း(၁)

ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home

ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home