တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
May 27, 2019 နေ့
သတင်းနှင့် ပြပွဲများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။
38
          ယနေ့ အခမ်းအနားတွင် “HERA Product များ၏ အရည်အသွေးနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ချရေးအပေါ်မှာ သုံးစွဲသူများအနေဖြင့် ယုံကြည်ချက်ရှိရှိ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်သွားမည်” ဟု ဦးဝင့်သော်ဥာဏ် – Founder & CEO  – Royal Ricco Co.,Ltd မှ ပြောကြားပါသည်။
Unicode ဖြင့်ဖတ်ရန်
HERA (EUROPEAN COLLECTION) SINGAPORE အမှတ်တံဆိပ် မိတ်ဆက်ပွဲ အခမ်းအနား
၂၀၁၉ ခုနှစ် မေလ (၂၅)ရက်၊ ရန်ကုန်
HERA သည် European အရည်အသွေးဖြင့် ထုတ်လုပ်ထားသော အမှတ်တံဆိပ် ဖြစ်ပြီး UK၊ Spain၊ Ireland နှင့် Singapore တို့ရှိ အဆင့်မြင့် အဆောက်အအုံများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသော အမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။ လက်ရှိ HERA မှ ထုတ်လုပ်သော အဆင့်မြင့်ရေချိုးခန်း ပစ္စည်းများမှာ Water Closets၊ Basins၊ Cabinet Basins၊ Bathroom Furniture နှင့် Bathtub တို့ဖြစ်ပြီး အဆိုပါပစ္စည်းများကို ကောင်းမွန်သော အရည်အသွေး၊ ခေတ်မှီသော Design၊ လှပသေသပ်သော ပုံသဏ္ဍန်၊ ဝယ်ယူသူစိတ်ကြိုက်ရွေးချယ်နိုင်စေရန်အထူးထုတ်လုပ် ထားပါသည်။
Royal Ricco Company Limited သည် မြန်မာနိုင်ငံ၏ ခေတ်မီလူနေမှု အဆင့်အတန်းမြင့်မားရေးကို ရည်ရွယ်၍ ၂၀၁၃ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ Royal Ricco Company သည် အရည်အသွေးမြင့်သော ရေချိုးခန်းသုံး ပစ္စည်းများကို တင်သွင်းဖြန့်ချီသော ကုမ္ပဏီအဖြစ် ရပ်တည်နေပါသည်။ ပထမဆုံး ACQUA Sanitary ware & Bathroom Solution Showroom ကို Singapore နိုင်ငံမှ အရည်အသွေးမြင့်မားသော Sanitary Ware & Bathroom Products များဖြင့် ၂၀၁၄ ခုနှစ်အစောပိုင်းတွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ စင်္ကာပူအမှတ်တံဆိပ်ဖြစ်သည်နှင့်အညီ အရည်အသွေးပြည့်မီမှုကို အာမခံချက်ရှိပါသည်။ UPC၊ Watermark၊ SETSCO၊ TUV အစရှိသည့် အရည်အသွေးစစ် ကုမ္ပဏီများမှ ထောက်ခံချက်များလည်း ရရှိထားပါသည်။
Royal Riccoမှ Sanitary Ware များသည် လက်ရှိဈေးကွက်ဝင် ထုတ်ကုန်များနှင့် ယှဉ်၍သုံးစွဲရာတွင် ကြည်ရှည်ခံပြီး ဈေးနှုန်းသက်သာ အရည်အသွေး ပြည့်မီသော ပစ္စည်းများအဖြစ် ရပ်တည်နေပါသည်။ Condominium များ၊ Hotel များနှင့် Housing Project များတွင် တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ အာမခံပါရှိသော ပစ္စည်းများဖြစ်ပြီး သုံးစွဲသူများ၏ ရေချိုးခန်းကို ရာစုနှစ်တိုင် သန့်ရှင်းတောက်ပြောင်စေရန်လည်း အစဉ်တစိုက် ကြိုးစားဆောင်ရွက်နေပါသည်။
Eilumina Resources သည် Singapore အခြေစိုက် European Quality Sanitary ware နှင့် Bathroom Product များကို ထုတ်လုပ်ဖြန့်ချီသော ကုမ္ပဏီတစ်ခုဖြစ်သည်။ ၎င်းတို့ပစ္စည်းများကို Europe၊ UK၊ Spain၊ Ireland အစရှိသော နိုင်ငံများသို့ ၂၀၁၀ခုနှစ်မှ စ၍ ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ဖြန့်ဖြူးပေးနေပါသည်။
ယနေ့ အခမ်းအနားတွင် “HERA Product များ၏ အရည်အသွေးနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ချရေးအပေါ်မှာ သုံးစွဲသူများအနေဖြင့် ယုံကြည်ချက်ရှိရှိ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်သွားမည်” ဟု ဦးဝင့်သော်ဉာဏ် – Founder & CEO – Royal Ricco Co.,Ltd မှ ပြောကြားပါသည်။
`အမြင်အားဖြင့်လည်းကောင်း၊ ဒီဇိုင်းအားဖြင့်လည်းကောင်း၊ အဆင့်အတန်းမြင့်မားတဲ့ Sanitary ware များ ဖြစ်စေရန် ရည်ရွယ်ပြီး အနာဂတ် အိမ်သုံး လိုအပ်ချက်တစ်ခု ဖြစ်လာမယ့် iFlosense နဲ့ HERA ဖြစ်ပါတယ်။ ကျမတို့ကို ကူညီပံ့ပိုးပေးမယ့် မြန်မာနိုင်ငံက Royal Ricco နဲ့ လက်တွဲပြီး မြန်မာနိုင်ငံသူ၊ သားများ အားလုံးအတွက် ဒီဇိုင်းအလှဆုံး၊ သုံးစွဲရလွယ်ကူပြီး အဆင်ပြေ သက်သာတဲ့ ထိပ်တန်းအရည်အသွေးမြင့် HERA ကိုခေါ်ဆောင်လာနိုင်ပါပြီ´ ဟု Ms . Ee Ling Lew – Founder & Managing Director, Eilumina Resources Pte Ltd က ပြောကြားပါတယ်။
HERA နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိလိုပါက 09 254138342၊ 09254201607- Rayal Ricco Co., Ltd အမှတ် ၄၂၊၁၊ သံသုမာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက် ရန်ကုန်မြို့သို့ လူကိုယ်တိုင် လာရောက်လေ့လာ မေးမြန်းနိုင်ပါသည်။
Download eBook version as a FREE!
ဆက်စပ်ဆောင်းပါးများ
ပတ်ဝန်းကျင်နှင့်လိုက်ဖက်ပြီးဥတုရာသီတိုင်းအတွက်ရေရှည်တည်တံ့နိုင်သောပစ္စည်းများ –   မြန်မာအိမ်ဆောက်လုပ်ရေးလုပ်ငန်း၏ဦးတည်ရာများ
ပတ်ဝန်းကျင်နှင့်လိုက်ဖက်ပြီးဥတုရာသီတိုင်းအတွက်ရေရှည်တည်တံ့နိုင်သောပစ္စည်းများ – မြန်မာအိမ်ဆောက်လုပ်ရေးလုပ်ငန်း၏ဦးတည်ရာများ
SCG မှ ၂၀၁၉ ခုနှစ် ပထမသုံးလပတ် Q1/2019 လုပ်ငန်းဆောင်ရွက်မှုရလဒ်များကိုကြေညာ
SCG မှ ၂၀၁၉ ခုနှစ် ပထမသုံးလပတ် Q1/2019 လုပ်ငန်းဆောင်ရွက်မှုရလဒ်များကိုကြေညာ
ASA နှင့် NEOတို့ အင်အားစုပေါင်းကာ အာဆီယံဒေသတွင်း ရှေ့ဆောင်ကုန်စည်ပြပွဲကြီးအထိ အဆင့်မြှင့်တင်ထားခဲ့ပြီး၊ ထိုင်းနိုင်ငံနှင့် နိုင်ငံပေါင်း ၄၀က နိုင်ငံတကာစီးပွားရေးလုပ်ငန်း ၈၅၀ကျော် ပါဝင် ပြသမည့်  Architect’ 19 ပြပွဲကြီး
ASA နှင့် NEOတို့ အင်အားစုပေါင်းကာ အာဆီယံဒေသတွင်း ရှေ့ဆောင်ကုန်စည်ပြပွဲကြီးအထိ အဆင့်မြှင့်တင်ထားခဲ့ပြီး၊ ထိုင်းနိုင်ငံနှင့် နိုင်ငံပေါင်း ၄၀က နိုင်ငံတကာစီးပွားရေးလုပ်ငန်း ၈၅၀ကျော် ပါဝင် ပြသမည့် Architect’ 19 ပြပွဲကြီး
SCG မှ ၂၀၁၈ခုနှစ်၏ လုပ်ငန်းဆောင်ရွက်မှုရလာဒ်များကိုကြေညာခြင်း၊
SCG မှ ၂၀၁၈ခုနှစ်၏ လုပ်ငန်းဆောင်ရွက်မှုရလာဒ်များကိုကြေညာခြင်း၊