Haven နှင့်အတူ အဆင့်မြင့်တဲ့ လူနေမှုဘ၀ပုံရိပ်ကို ရှာဖွေခြင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
ဇန်နဝါရီ 23, 2021 နေ့
Content Partner ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

မိမိအိမ်လို သက်တောင့်သက်သာနေနိုင်ဖို့နဲ့ လုံခြုံစိတ်ချစွာနေထိုင်နိုင်ဖို့က serviced apartment ကို တည်ဆောက်ထားတဲ့ ဖန်တီးသူတို့ရဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။ ဖန်တီးသူလို့ဆိုလိုက်တဲ့အခါမှ ဗိသုကာ၊ interior designer တို့ရဲ့ အခန်းကအရေးပါနေသလို M&E နဲ့ ပရိဘောဂတွေရဲ့ အရည်သွေးကလည်း ချန်ထားလို့မရပါဘူး။

ရန်ကုန်မြို့မှာ မကြာသေးမီက တည်ဆောက်ပြီးစီးခဲ့တဲ့ Astor Place လို့အမည်ပေးထားတဲ့ Serviced Apartment ကို လေ့လာကြရအောင်။ ဘာလို့ Astor Place ကို ရွေးချယ်ပြီးပြောရသလဲဆိုရင် နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့ ဒီဇိုင်းနဲ့ အရည်အသွေးပြည့်မှီတဲ့ အပြင်အဆင်တွေကြောင့် ဖြစ်ပါတယ်။ နေရာကတော့ ရန်ကုန်မြို့၊ ကိုင်းတန်းလမ်းမှာရှိပြီး အနီးမှာ စျေးဝယ်စင်တာနဲ့အတူ နာမည်ကြီးစားသောက်ဆိုင်များလည်းရှိပြီး သွားလာရလွယ်ကူတဲ့ နေရာမှာ တည်ရှိပါတယ်။


Astor Place ရဲ့  စနစ်ကျတဲ့ အခန်းတွေကိုကြည့်ပြီး ကျွန်မတို့ Myanmar Home & Décor Magazine က ဖန်တီးသူတွေကို လေ့လာကြည့်မိပါတယ်။ ဖန်တီးခဲ့သူများကို သိရှိပြီးတဲ့အခါမှာ ဘာလို့ ပြည့်စုံလုံခြုံတဲ့ အသိုက်မြုံလေးတစ်ခုဖြစ်နေတာလဲဆိုတာ အဖြေထွက်ခဲ့ပါတယ်။ အကျယ်အ၀န်းအားဖြင့်   (20,000  sqft ) ရှိတဲ့မြေပေါ်မှာတည်ဆောက်ထားတဲ့ (၉ ထပ်) ရှိတဲ့ အဆောက်အဦဒီဇိုင်းကို ရေးဆွဲပေးခဲ့တာက ဗိသုကာ ဦးဆန်းဦး (Design 2000) ဖြစ်ပြီး  Pile ရိုက်သောလုပ်ငန်းမှ စပြီး RC & Steel Structure အကြမ်းထည်လုပ်ငန်း နှင့် အချောထည်လုပ်ငန်းများအားလုံးကိုပါ စနစ်တကျ တိကျစွာ တည်ဆောက်ခဲ့သူမှာ Haven Group of Companies ဖြစ်ပါတယ်။

အကျယ်အ၀န်းမတူတဲ့ အခန်းအမျိုးအစားပေါင်း (၄ မျိုး)ရှိပြီး စုစုပေါင်း အခန်း၁၅ခန်းဖွဲ့စည်းထားပါတယ်။ အခန်းဒီဇိုင်းတွေက အခန်းမှာနေတဲ့သူတွေအတွက် နေချင့်စဖွယ်ဖြစ်နေရုံသာက နွေးထွေးလုံခြုံမှုရှိတဲ့ ဒီဇိုင်းမျိုးတွေကို သတိထားမိပါတယ်။ အခန်းများမှာ သုံးထားတဲ့ အရောင်အသွေးနဲ့ ထည့်သွင်းအသုံးပြုထားတဲ့ ပရိဘောဂတွေဟာ ခေတ်မီပြီး အဆင့်အတန်းမြင့်တဲ့ လူနေမှုအဆင့်တစ်ခုကို ညွှန်ပြနေတာတွေ့ရပါတယ်။ အတွင်းခန်းအပြင်အဆင်များကတော့  Yours Design ရဲ့ ဒီဇိုင်းများကို Haven Group of Companies  ရဲ့ interior team က ပြင်ဆင်ထားတာြဖစ်ပါတယ်။ အခန်းတွေရဲ့ ထူးခြားမှုတစ်ခုကတော့ ရှိတဲ့ space ကို အကျိုးရှိအောင် အသုံးချထားတာပါပဲ။  အခန်းများရဲ့ interior design ကိုတာ၀န်ယူဒီဇိုင်းဆွဲပေးတဲ့ interior designer ကတော့ Yours Design မှ Ma Kyaw Lin Su San ဖြစ်ပါတယ်။


အခန်းအမျိုးအစားမှာ လေးမျိုးရှိပြီး Unit A , Unit B, Unit C and Penthouse တို့ပဲဖြစ်ပြီး

  • Unit A  တွင် Master Bedroom တစ်ခန်း ၊ Single Bed Room  တစ်ခန်း ၊ Common WC ၊ Kitchen ၊ Living & Dining Room တို့ပါဝင်ပြီး 950 sqft ရှိပါတယ်
  • Unit B တွင် Master Bedroom တစ်ခန်း ၊ Single Bedroom  တစ်ခန်း ၊  Common WC  ၊ Kitchen ၊ Living & Dining Room တို့ပါဝင်ပြီး 780 sqft ရှိပါတယ်။
  • Unit C တွင် Master Bedroom တစ်ခန်း ၊ WC  ၊ Kitchen ၊ Dining Room တို့ပါဝင်ပြီး 400 sqft ရှိပါတယ်။
  • Penthouse  မှာ Master Bedroom တစ်ခန်း ၊ WC  ၊ Kitchen ၊ Dining Room ၊ Outdoor Garden Area and Water Feature တို့ပါဝင်ပြီး ~1900 sqft ရှိပါတယ်။

အခန်းများအားလုံးရဲ့ လုံခြုံမှုအတွက် corridor များမှာ cctv ကင်မရာများတပ်ဆင်ပေးထားပြီးတော့ အခန်းတွင်းရော အခန်းအပြင်ဘက်တွေမှာ နိုင်ငံတကာအဆင့်မှီတဲ့ fire alarm system များကို တပ်ဆင်အသုံးပြုပေးထားပါတယ်။ မီးဖိုခန်းမှာ ဟင်းချက်တဲ့အခါ အနံ့မနံအောင် Exhaust Fan သေချာစနစ်တကျ စီစဉ်ပြီး ထည့်ထားတဲ့အတွက် အခန်းမှာ နေထိုင်တဲ့သူအနေနဲ့ ကိုယ့်အိမ်မှာလိုပဲ စိတ်ကြိုက်ချက်ပြုတ်စားသောက်နိုင်ပါတယ်။

အခန်းများရဲ့ အတွင်းပိုင်းအလှဆင်မှုများမှာ အစိမ်းရောင် နှင့် အစိမ်းရင့်ရောင်ကို သစ်ပင်က သစ်ရွက်လေးတွေ ပုံစံကို inspire ယူထားတာဖြစ်ပြီး  wallpaper တွေကအစ သစ်ရွက်ပုံလေးတွေ ယူထားပါတယ်။  မြို့လယ်ခေါင်မှာရှိတဲ့ အဆောက်အဦတစ်ခုဖြစ်တဲ့အတွက် မြို့ပြ ရဲ့မွန်းကြပ်မှုအနည်းငယ်ရှိမှာဖြစ်လို့ ခဏတာမေ့ပျောက်သွားအောင် နှင့် စိမ်းစိုသော ပတ်ဝန်းကျင်ကိုရောက်သွားအောင်ခံစားစေချင်လို့ အစိမ်းရောင်ကို အဓိက ထားပြီး သုံးဖြစ်တာ ဖြစ်ပါတယ်။

အိမ်တစ်အိမ်လှဖို့ အခန်းတစ်ခန်းနေချင်စရာဖြစ်နေဖို့အတွက် ဒီဇိုင်းဆွဲသူရဲ့  ဖန်တီးမှုအနုပညာ၊ အသုံးပြုတဲ့ အလှဆင်ပစ္စည်းများရဲ့  ခေတ်မီဆန်းသစ်မှု၊ contractor ရဲ့ ကျွမ်းကျင်မှုတို့ပေါင်းစပ်မှသာ  အသုံးပြုသူအတွက် စိတ်ချမ်းမြေ့မှုရရှိမှာပါ။ အခန်းလှလှလေးတွေကို Myanmar Home & Décor Magazine မှာ ဖော်ပြခွင့်ပေးတဲ့အတွက် Haven Group of Companies (Haven Group of Companies (Myanmar) | Construction and Property Development) နဲ့တကွတာ၀န်ရှိသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါတယ်။

Credits :
Architect –ဗိသုကာ ဦးဆန်းဦး (Design 2000)

Interior designer – Ma Kyaw Lin Su San

M&E ( Lighting products , sanitary product ) –Iceco ( Integrated Consultancy & Engineering Co.,Ltd)

Curtain – မေချောယဉ် (သာလွန်ကျော် ) အဆင်မြင့်ခန်းဆီးလိုက်ကာ

Furniture – New Look International Co.,Ltd



ဆက်စပ်ဆောင်းပါးများ

မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး

မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး

အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

အိမ်ကျဉ်းကျဉ်းလေးထဲမှာ စတိုင်လ်ကျကျပြင်ဆင်နိုင်မယ့်ပရိယာယ်များ

အိမ်ကျဉ်းကျဉ်းလေးထဲမှာ စတိုင်လ်ကျကျပြင်ဆင်နိုင်မယ့်ပရိယာယ်များ

အိမ်ပြင်တဲ့အခါ ဘယ်လိုငွေချွေတာနိုင်မလဲ

အိမ်ပြင်တဲ့အခါ ဘယ်လိုငွေချွေတာနိုင်မလဲ