စာေရးသူ - : Home & Deco အဖွဲ့သားများ

မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
ဧပြီ 11, 2021 နေ့
Content Partnerစွဲမက်ဖွယ် အိမ်ပုံစံလေးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

အဆင့်မြင့်ပြီး အေးချမ်းလုံခြုံတဲ့ အိမ်ဂေဟာလေးတစ်ခုကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် မိသားစုဘ၀လေးက ပြီးပြည့်စုံနေပြီလို့ ဆိုနိုင်ပါတယ်။ ကားရပ်နားဖို့နေရာကို ရှာနေစရာမလို၊ သားသမီးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်အနားယူအပန်းဖြေနိုင်မယ့်Cluster House အမျိုးအစား အိမ်ကလေးကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က Golden Valley မှာတည်ဆောက်ထားပါတယ်။ လုံခြုံရေးပြည့်၀တဲ့အသိုက်အ၀န်းတစ်ခုထဲမှာရှိတဲ့ သင့်တော်တဲ့မြေအကျယ်အပေါ်မှာ တည်ဆောက်ထားတဲ့ ကိုယ်ပိုင်ခြံ၀င်းလေးထဲက လုံးချင်းပုံစံ cluster house များဟာ နိုင်ငံတကာမှာ ခေတ်စားနေတဲ့အဆင့်မြင့် လူနေမှုပုံစံတစ်ခုပါ။ 

အခုလေ့လာခွင့်ရမယ့်အိမ်လေးက Atlas Development မှ စီစဥ◌်တဲ့ Golden Valley Residence မှ Show Flat အား တည်ဆောက်ခဲ့သူကတော့ Haven Group of Companies ဖြစ်ပါတယ်။  

အကောင်းဆုံးတွေနဲ့ပြည့်နှက်နေတဲ့ Golden Valley Residence ရဲ့cluster house ကို သပ်ရပ်လှပစွာဆောက်ဖို့ကတော့ မလွယ်ဘူးဆိုတာ အိမ်ပုံကိုမြင်တာနဲ့ သိနိုင်မှာဖြစ်ပါတယ်။ အိမ်မှာနေမယ့် မိသားစု၀င်များအတွက် အရာရာပြည့်စုံအောင် ထောင့်စုံကစဥ်းစားရေးဆွဲထားတဲ့အိမ်ဒီဇိုင်းကိုတစ်ပုံစံတည်းရအောင် ပုံဖော်ပေးတဲ့  Haven Group Of Companies  အတွက်ကလည်း တာ၀န်ကြီးလှပါတယ်။ ထူးခြားပြီး ခေတ်ရှေ့ပြေးနေတဲ့ Cluster house ကို တာ၀န်ယူတည်ဆောက်ခဲ့တဲ့Haven Group Of Companies မှ U Aung Khant Kyaw  ( Managing Director ) က ပြောပြတာကတော့ ကျွန်တော်တို့ အနေ နှင့် ဒီအဆောက်အဦကို ဆောက်တဲ့အခါ နိုင်ငံခြား Architect ဖြစ်တဲ့ Ong & Ong  Design က နေရာသေးသေးလေးကိုကျယ်အောင် ခံစားချက်ပေးချင်တဲ့ architecture concept မပျက်အောင် ခက်ခဲတဲ့ design ကို structure ဆွဲပေးသော T& Associates မှ ကိုသူရနိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။ Project management company ဖြစ်သော Surbana Jurong (SJ) မှလည်းကျွန်တော်တို့ကို ဆောက်လုပ်ရေးအချိန်မှာ လိုအပ်တဲ့ technical and project managementsupportတွေကို ပေးသလို ကျွန်တော်တို့ဘက်မှလည်း နိုင်ငံခြား Designဖြစ်ပြီး  QA/QCပိုင်းဆိုင်ရာကို သေချာစွာ စစ်ဆေးပြီး တာဝန်ယူဆောက်လုပ်ပေးခဲ့ပါတယ်။ မြေကျဉ်းကျဉ်းလေးပေါ်မှာ အခန်းဖွင့်ကို အလှယူထားသောကြောင့် အချို့သော columnတိုင်တွေမှာ ခေါင်မိုးမှ မြေကြီးထိအထိမသွားဘဲ အချို့အလွှာတွေမှာ ရပ်ပြီး Transfer Column , Transfer Beam တွေ နှင့် တည်ဆောက်ပေးရပါတယ်။ ဒါအပြင့် Design ဆန်းသစ်အောင် လေပေါ်ဝဲနေသော Cantilever Beam အရှည်တွေကို သုံးထားသောကြောင့်လည်း QA/QC  ပိုင်းတွေကို သေချာစွာ ကြီးကြပ်ပြီး ဆောက်လုပ်ပေးခဲ့ရတာက အမှတ်တရတစ်ခုဖြစ်နေရုံသာမက အောင်မြင်မှုမှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။

အကျယ်အ၀န်းအားဖြင့် 61’ x 35’ အကျယ်ရှိပြီး ၄ထပ်တိုက်အမျိုးအစားဖြစ်ကာ မြေညီထပ်မှာ ကားပါကင်၊ ရုံးခန်း (သို့) မိသားစုအတူတူ အပန်းဖြေနိုင်မယ့် Home Theater အဖြစ် အသုံးပြုနိုင်မယ့် အခန်းတစ်ခန်း၊ စတိုခန်းတစ်ခန်းနဲ့အတူ အပြင်ဘက်မှာ‌တော့ ပေ၅၀ရှည်လျားတဲ့ရေကူးကန်ရှိပါတယ်။ 

ပထမထပ်မှာ ဧည့်ခန်းနဲ့ မီးဖိုခန်းတို့ရှိဖွဲ့စည်းထားပြီး ဒုတိယထပ်မှာ အိပ်ခန်း၃ခန်းနဲ့အတူ စာဖတ်ခန်းတစ်ခန်းပါ၀င်ပါတယ်။ တတိယထပ်ကတော့ အိမ်တစ်ခုလုံးရဲ့ အကြီးဆုံးအခန်းကျယ်ကြီးရှိပြီး ပန်းပင်လေးတွေစိုက်လို့ရတဲ့အပြင် အေးအေးလူလူ အနားယူနိုင်တဲ့ ၀ရန်တာကျယ်ကြီးတစ်ခုလည်း ပါရှိပါသေးတယ်။ စတုတ္ထထပ်မှာတော့ ရွှေတိဂုံဘုရားကို ဖူးမြော်နိုင်တဲ့ ကျယ်၀န်းလှတဲ့ rooftop gardenပြုလုပ်ပေးထားပါတယ်။ မိသားစုနဲ့အတူ ဘာဘီကျူးပါတီ( BBQ Party )လုပ်နိုင်တဲ့အပြင် ပန်းပင်လေးတွေနဲ့ သာယာလှတဲ့နေရာလေးဖြစ်ပါတယ်။

အိမ်ရဲ့ ဒီဇိုင်းမှာ သဘာ၀နေရောင်ခြည် ကောင်းကောင်းရနိုင်အောင် တည်ဆောက်ထားတာကို တွေ့ရသလိုအိမ်အတွင်းပိုင်းအပြင်အဆင်များမှာလည်း  space planningအင်မတန်ကောင်းတာကို တွေ့ရပါသေးတယ်။ အိမ်တွင်းအလှဆင်ပစ္စည်းများဟာ အကောင်းဆုံးအရည်အသွေးတွေကို သုံးထားတာ သိသာပြီး အဆင့်မြင့်နည်းပညာများနဲ့ စနစ်တကျအလှဆင်ထားကိုလည်း တွေ့ခဲ့ပါတယ်။ ယခုဆောင်းပါးမှာပါ၀င်တဲ့ cluster house ရဲ့ အိမ်အတွင်းပိုင်းအလှဆင်ခြင်းအတွက် ဒီဇိုင်းရေးဆွဲသူကတော့  (Jayoneo)ဖြစ်ပြီး  Haven နှင့်အတူ အသပ်ရပ်ဆုံးပြင်ဆင်ပေးထားတာကတော့  MCG Myanmar , MGTT , VIVA , Eclion , အခြားသော sub contractors များဖြစ်ပါတယ်။

နိုင်ငံတကာစံချိန်စံနှုန်းအတိုင်း အရည်အသွေးပြည့်မှီမှုကြောင့်Golden Valley Residenceသည် Myanmar Property Award 2017 က ချီးမြှင့်တဲ့ Best Housing Development Winner ဆုနဲ့ High recommended – Best Housing Design ဆုတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

အိမ်တစ်အိမ်လှဖို့ အခန်းတစ်ခန်းနေချင်စရာဖြစ်နေဖို့အတွက် ဒီဇိုင်းဆွဲသူရဲ့  ဖန်တီးမှုအနုပညာ၊ အသုံးပြုတဲ့ အလှဆင်ပစ္စည်းများရဲ့  ခေတ်မီဆန်းသစ်မှု၊ contractor ရဲ့ ကျွမ်းကျင်မှုတို့ပေါင်းစပ်မှသာ အသုံးပြုသူအတွက် စိတ်ချမ်းမြေ့မှုရရှိမှာပါ။

ဆောင်းပါးထဲက အိမ်ကလေးကို စာဖတ်ပရိတ်သတ်အားလုံးနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ နောက်လည်း နေချင်စရာကောင်းတဲ့ အိမ်ကလေးတွေကို ဆက်လက်ဖော်ပြပေးသွားအုံးမှာ ဖြစ်ပါတယ်။

ယခုဆောင်းပါးဖြစ်မြောက်ရေးအတွက် ကူညီပေးပါသော Haven Group of Companies (https://www.facebook.com/havengroupofcompanies ) အား ကျေးဇူးအထူးတင်ရှိပါကြောင်း Myanmar Home & Decor မှ မှတ်တမ်းတင်အပ်ပါတယ်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်


အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
ဖေ‌ဖော်ဝါရီ 3, 2021 နေ့
Content Partner ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ကွန်ဒိုအခန်းကျဉ်းလေးတွေမှာ နေတာပဲ ဖြစ်ဖြစ် တိုက်ခန်းကျဉ်းမှာနေတာပဲ ဖြစ်ဖြစ် စိတ်မွန်းကျပ်မှုမရှိစေဖို့အတွက် ကိုယ့်ရဲ့အခန်းကို အမြင်ပြောင်းလဲပစ်နိုင်ဖို့က အရေးကြီးပါတယ်။ အခန်းလေးကို နေချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားတယ်ဆိုရင် စိတ်ချမ်းသာရပါတယ်။ ကျဉ်းတဲ့အခန်းကို ကျယ်လာအောင် အမြင်အာရုံကို လှည့်စားမှုပြုလုပ်ရပါမယ်၊ အခုပြောပြမယ့် အချက်အလက်လေးတွေက အခန်းငယ်လေးတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ အလှဆင်ရင် ကျယ်သယောင်ဖြစ်မလဲဆိုတာပါပဲ… အတူတူလေ့လာကြရအောင်နော်….

၁။ မှန်တွေကို အသုံးချပါ။
စွယ်စုံသုံးလို့ရတဲ့ပစ္စည်းတွေအကြောင်းပြောရင် မှန်တွေကို ချန်ထားခဲ့လို့မရပါဘူး။ မှန်တွေက သဘာဝအလင်းရော၊ မီးချောင်းအလင်းတွေကိုပါ အလင်းပြန်ပေးနိုင်လို့ အိမ်ကိုပိုကျယ်သွားသယောင် ဖန်တီးပေးနိုင်ပါတယ်။ အခန်းတစ်ခုစီမှာ မှန်အကြီးတစ်ချပ်စီထားကြည့်ပါ။ မဟုတ်ရင်လည်း မှန်အသေးလေးတွေ နေရာအနှံ့ထားပေးပါ။ အနုပညာဝါသနာပါရင် မှန်ပြခန်းတစ်ခုတောင် ဖန်တီးထားလို့ရပါတယ်။

၂။ အရောင်တွေကို အသုံးချပါ
ပုံမှန်အားဖြင့် အိမ်ကျဉ်းကျဉ်းလေးတွေက အရောင်ရင့်တွေ၊ အဆင်ဒီဇိုင်းဆန်းတွေနဲ့ လိုက်ဖက်လေ့ရှိပါတယ်။ အိမ်ထဲမှာ မျက်စိမရှုပ်ချင်ရင်တော့ အရောင်ဖျော့လေးတွေနဲ့ တွဲသုံးပါ။ နံရံတွေမှာ အရောင်ရင့်တွေသုံးရတာ အရဲစွန့်လွန်းရာကျတယ်ထင်ရင် နောက်မှီတဲ့ခေါင်းအုံးတွေ၊ ဓာတ်ပုံဘောင်တွေနဲ့နံရံအောက်ခြေတွေမှာ သုံးကြည့်ပါ။ ဒါမှမဟုတ်ရင်လည်း အရောင်တောက်တဲ့နံရံကပ်စက္ကူပဲဖြစ်ဖြစ်၊ အပြာရောင်ဆိုဖာပဲဖြစ်ဖြစ် အသုံးပြုကြည့်လိုက်ပါ။ အိမ်ထဲမှာ အရောင်တွေကို မျှမျှတတအသုံးပြုနိုင်မယ်ဆိုရင် အရောင်ရင့်တွေ၊အဆင်ဆန်းတွေသုံးလည်း ကိစ္စမရှိတော့ပါဘူး။

၃။ ကော်ဇောအကြီးတွေသုံးပါ။
အိမ်ကျဉ်းကျဉ်းလေးကိုအလှဆင်တယ်ဆိုတာ မျက်လုံးကိုလှည့်စားရတာပါပဲ။ နေရာကျဉ်းကျဉ်းလေးမှာ ကော်ဇောသေးသေးလေးတွေထားတာဟာ ကျဉ်းတယ်ဆိုတာကို လူမြင်အောင်ပြလိုက်တာပါပဲ။ ဒါပေမဲ့ အရွယ်အစားကြီးမားတဲ့ကော်ဇောကို ရွေးသုံးမယ်ဆိုရင်တော့ ရင်သပ်ရှုမောဖွယ်ရာခံစားချက်ပေးနိုင်တာကြောင့် အခန်းကိုပိုကျယ်သွားသယောင်ဖြစ်စေပါတယ်။ အခန်းရဲ့ပုံသဏ္ဍာန်နဲ့ပရိဘောဂတွေကိုကြည့်ပြီး ကော်ဇောအရွယ်အစားကို ရွေးချယ်ဝယ်ယူပါ။ ကြီးနိုင်သမျှကြီးတဲ့ကော်ဇောကိုဝယ်တာတော့ အကောင်းဆုံးပါပဲ။

၄။ နံရံတွေကိုအသုံးချပါ။

နံရံတွေကို လျစ်လျူရှု့မထားပါနဲ့။ ကြမ်းပြင်မှာနေရာမရှိပေမယ့် နံရံပေါ်မှာ စင်တွေနဲ့ပန်းချီကားလို အရာမျိုးတွေထားပြီး ရှိတဲ့နေရာကို အကျိုးရှိရှိအသုံးချပါ။ ဥပမာ အရမ်းကြိုက်တဲ့ပန်းအိုးလေးရှိပေမယ့် ထားစရာနေရာမရှိဖြစ်နေရင် နံရံမှာ စင်လေးတစ်ခုလုပ်ပြီး တင်ထားလိုက်ပါ။ ခန်းဆီးလုပ်တဲ့အခါ သံချောင်းကို မျက်နှာကြက်နဲ့နှစ်လက်မလောက်ပဲခွာထားမယ်ဆိုရင် ပိုမြင့်သွားသယောင်ဖြစ်နေပါလိမ့်မယ်။


၅။ ပန်းအိုးတွေထားပါ။

အိမ်ကျဉ်းကျဉ်းလေးထဲမှာ ပန်းပင်တွေ၊ပန်းအိုးတွေထားတာဟာ လှပသလို အသက်ရှူပါချောင်စေတယ်ဆိုပေမယ့် ပြည့်ကြပ်မသွားစေဖို့တော့ ဂရုစိုက်ဖို့လိုပါတယ်။ အိမ်ထဲမှာ အပင်တွေသေနေတာကို သတိမထားမိဘူးဆိုရင်လည်း ဆိုးကျိုးတွေဖြစ်စေနိုင်တာ သိထားဖို့လိုပါတယ်။ ဒါကြောင့် အပင်တွေကိုထိန်းသိမ်းဖို့ တာဝန်မယူနိုင်ဘူးဆိုရင် ပန်းပင်အတုနဲ့ပန်းအတုတွေထားတာ ပိုကောင်းပါတယ်။

၆။ ခေါက်ချိုးညီခြင်းနိယာမကိုသုံးပါ။
လူတွေရဲ့မျက်နှာ၊ သဘာဝတရားကြီးနဲ့ နေအိမ်တွေမှာ ခေါက်ချိုးညီခြင်းနိယာမဆိုတာ ရှိပါတယ်။ ဧည့်ခန်းကျဉ်းကျဉ်းလေးထဲမှာ ထိုင်ခုံတွေအများကြီးထားချင်တယ် ဒါမှမဟုတ် ဗီရိုအကြီးကြီးတွေ မသုံးရမနေနိုင်ဘူးဆိုရင် အခန်းထဲမှာ ပစ္စည်းတွေကို ခေါက်ချိုးညီအောင် မျှမျှတတထားပေးလိုက်ပါ။ အခန်းထဲမှာ ပိုပြီးသန့်ရှင်းသပ်ရပ်သွားသလို မျက်စိပဒါဿလည်းဖြစ်စေပါတယ်။

၇။ ထောင့်တွေကိုအသုံးချပါ။
အိမ်ကျယ်တဲ့အခါ ချောင်ကြိုချောင်ကြားနေရာတွေကို ဒီအတိုင်းထားလို့လည်းရပေမယ့် အိမ်ကျဉ်းတဲ့အခါမှာ အကျိုးရှိရှိအသုံးချတတ်ဖို့လိုပါတယ်။ ဥပမာ ဒီလိုနေရာတွေမှာ စားပွဲလေးတွေလုပ်ပြီး ထားလို့ရပါတယ်။ ချောင်ကြိုချောင်ကြားနေရာတွေက အခန်းထဲမှာ ပစ္စည်းတွေရှုပ်ပွတာကို သက်သာစေနိုင်တာကြောင့် အလဟဿအဖြစ်မခံဘဲ လက်တွေ့အသုံးကြည့်လိုက်ပါ။

ယခုဆောင်းပါးကို Myanmar Home & Décor Magazine နှင့်အတူ Fortune Era Design & Decoration မှ စီစဉ်တင်ဆက်တာဖြစ်ပါသည်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်


Best Wellness ဆုရတဲ့အလှအပတွေဖန်တီးရာနေရာ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
ဇန်နဝါရီ 26, 2021 နေ့
အင်တာဗျူး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

အလှအပကို ချစ်မြတ်နိုးသူတို့အတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခုက ၂၀၁၀ ခုနှစ်လောက်က စလာတယ်လို့ပြောလို့ရပါတယ်။ အရွယ်တင်နုပျိုချင်တာပဲဖြစ်ဖြစ် လှပတဲ့ ခနာကိုယ်ကောက်ကြောင်းဖြစ်လာဖို့ပဲဖြစ်ဖြစ် အလှအပဆိုင်ရာကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့ ပညာရှင်များဆီမှာ ခေတ်မီနည်းပညာများနဲ့ ပြုပြင်လာကြပါတယ်။ မိမိကိုယ်ကို လှပအောင်ပြုပြင်ခြင်းဖြင့် စိတ်ကိုလည်း လန်းဆန်းစေပြီး မိမိကိုယ်ကို ယုံကြည်မှုတွေလည်း ရရှိစေပါတယ်။ 

Myanmar Home & Décor ပရိတ်သတ်ကို မိတ်ဆက်ပေးမှာက PropertyGuru Myanmar Property Award 2020 in partnership with Shwe Property က ပေးအပ်ချီးမြှင့်တဲ့Best Wellness Development (အကောင်းဆုံး ကျန်းမာရေးအဆောက်အဦဆု)ကို ရရှိခဲ့တာဖြစ်တဲ့ Imperial Clinic ဖြစ်ပါတယ်။  ရန်ကုန်မြို့ရဲ့ အလှဆုံးရှုခင်းများကို ခံစားနိုင်တဲ့နေရာမှာ တည်ရှိတဲ့ Imperial Clinic နဲ့ စကားစမြည်ပြောဖြစ်ခဲ့ပုံတွေကို တင်ဆက်လိုက်ပါတယ်။ 

မေး။      ။ မနွေးနွေးအောင်အနေနဲ့ Imperial Clinic ကို ဖွင့်လှစ်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါ။
ဖြေ။          ။ Imperial Clinic ကိုဖွင့်ခဲ့တာကတော့ အဓိက Beauty Clinic Industry မှာ နှစ်ပေါင်း ၁၀နှစ်နီးပါးရှိခဲ့ပါပြီ။ အရင် Brand တစ်ခုမှာလည်း အောင်မြင်မှု ရရှိခဲ့ပါတယ်။ ၂၀၂၀ နှစ်အစပိုင်းမှာတော့ Imperial Clinic ကို စတင်ဖွင့်လှစ်ခဲ့တယ်။ ဖွင့်လှစ်သည့်ရည်ရွယ်ချက်ကတော့ မိမိရဲ့ Customer တွေကို အကောင်းဆုံးပတ်ဝန်းကျင်တစ်ခု စိတ်ကျေနပ်မှုရရှိစေရန် Facilities တွေနဲ့ အလှအပနဲ့ပတ်သက်ပြီး One Stop Service ရရှိဖို့အတွက် Luxury Clinic ကို ဖွင့်လှစ်ခဲ့ပါတယ်ရှင့်။

မေး။      ။ ဒီအဆောက်အအုံကို ဘယ်လိုစိတ်ကူးနဲ့ ပုံဖော်ထားခဲ့ပါသလဲရှင့်။
ဖြေ။          ။ Interior နဲ့ ပတ်သက်ပြီး မစခင်မှာ အဓိက ကတော့ Customer ဝင်လာတာနဲ့ ရှင်းလင်းတဲ့ Classic ပုံစံကို ရွေးချယ်ထားပါတယ်။ White & Nude Color ကို အဓိကသုံးထားပြီး Open Window Design အနေနဲ့ Nature Environment ကို ခံစားနိုင်မှုအတွက် စဉ်းစားပြီးတော့ Decoration ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ 

မေး။      ။ Imperial Clinic ဖွင့်ထားတဲ့ အဆောက်အအုံလေးရဲ့ ဖွဲ့စည်းပုံလေးကို ပြောပြပေးပါဦး။
ဖြေ။          ။ Clinic ရဲ့ အကျယ်အဝန်းကတော့ Sqft17,000 ဝန်းကျင်ရှိပါတယ်။ လက်ရှိအသုံးပြုနေတဲ့ အထပ်က ၃ထပ်ရှိပြီး Treatment Room, Laser Room, Body Room, Hair Removal Room, Doctor Room, Nail Room နှင့် Foot Reflexology Room အနေနဲ့ အခန်းတွေကို ဖွဲ့စည်းထားပါတယ်။ 

မေး။      ။ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အနည်းငယ် ရှင်းပြပေးပါဦးရှင့်။ 
ဖြေ။          ။ အလှအပနဲ့ ပတ်သက်တဲ့ Treatment တွေကို ခေါင်းအစခြေအဆုံး တစ်နေရာတည်းမှာ ရရှိနိုင်အောင် စီစဉ်ထားပါတယ်ရှင့်။ မျက်နှာအသားအရေ ဆံပင်ပြုပြင်ထိန်းသိမ်းတာတွေအပြင် Wellness ပိုင်းတွေရော၊ Nail Art ပိုင်းတွေမှာပါ စုံလင်အောင်ထည့်သွင်းထားပြီး ထိုက်တန်တဲ့ ဝန်ဆောင်မှုရအောင် စီစဉ်ထားပါတယ်။ 

မေး။      ။ Myanmar Property Award 2020 In Partnership with Shwe Property မှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါဦး။
ဖြေ။          ။ ကျွန်မရဲ့ ၁၀နှစ်တာ Aesthetics & Wellness အတွေ့အကြုံများရဲ့ Mile Stone တစ်ခုအနေနဲ့ တည်ရှိစေဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင် ဖြစ်ခဲ့ပါတယ်ရှင့်။ ဆေးခန်းအနေနဲ့ကတော့ ကျွန်မနဲ့ ကျွန်ဝန်ထမ်းတွေရဲ့ စွမ်းဆောင်နိုင်မှုတွေကို သိရှိနိုင်ဖို့ Key Performance Indicator တစ်ခုအနေနဲ့ ပြသနိုင်ဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။ 

မေး။      ။ ပြိုင်ပွဲမှာ ဘာကြောင့်ဆုရရှိခဲ့တယ်လို့ ထင်ပါသလဲ။
ဖြေ။          ။ Best Wellness ဆုဆိုတော့ External အနေနဲ့ ဆေးခန်းရဲ့ Decoration, Luxury type design, Clean & Hygiene ဖြစ်မှုတွေကြောင့်အပြင် internal အနေနဲ့ ဆေးနဲ့စက်တွေရဲ့ Quality ကောင်းမှုတွေအပြင် Service ပေးတဲ့ ဝန်ထမ်းတွေရဲ့ နည်းစနစ်ကျမှုတွေကြောင့် ဆုရရှိခဲ့တယ်လို့ ထင်မိပါတယ်။ 

မေး။      ။ ပြိုင်ပွဲမှာ ဆုရရှိခြင်းအတွက် ဘယ်လိုခံစားရပါသလဲ။ 
ဖြေ။          ။ ကိုယ့်ရဲ့ ပန်းတိုင်တစ်ခု အကောင်အထည်ဖော်နိုင်တဲ့အတွက် ဝမ်းသာမိပါတယ်။ အကဲဖြတ်ပေးတဲ့ ဒိုင်လူကြီးနှင့် Organization ကိုလည်း ကျေးဇူးတင်ပါတယ်။

မေး။      ။ အခုပြိုင်ပွဲက Beauty Industry မဟုတ်တဲ့ Interior Decoration, Construction နယ်ပယ်ကပြိုင်ပွဲကို ဝင်ပြိုင်တာဆိုတော့ အခက်အခဲတွေရောရှိခဲ့ပါသလား။ ဘယ်လိုကြိုးစားခဲ့ရပါသလဲ။
ဖြေ။          ။ Best Wellness ဆုအတွက် သင့်လျော်ကိုက်ညီပြီး Safe & Hygiene ဖြစ်အောင် သေချာလေးပြုလုပ်ဖြစ်ပါတယ်။ 

မေး။      ။ အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ 
ဖြေ။          ။ ဟုတ်ကဲ့၊ ကျွန်မအနေနဲ့လည်း အခုလို မေးမြန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်