စာေရးသူ - : လင်းလက်

ads

ခန်းဆီးလိုက်ကာဆိုတာနဲ့ နံရံပေါ်မှာ သံတန်းတွေနဲ့ လမ်းကြောင်းတွေ တပ်ဆင်ပြီးမှ ချိတ်ဆွဲစရာမလိုပါဘူး။ အဲဒီအစား ခန်းဆီးလိုက်ကာကို မျက်နှာကြက်က ချိတ်ဆွဲတဲ့ စနစ်ကမြင့်ရော၊ လှပမှုကိုပါ ထပ်ပေါင်းထည့်ပေး နိုင်တာကြောင့် ခန်းဆီးလိုက်ကာရဲ့ ပုံစံကို လုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။ ဥပမာအားဖြင့် ပြတင်းပေါက်တွေနဲ့ တံခါးပေါက်တွေရဲ့ နံရံပေါ်မှာ နေရာလွတ်မရှိဘူးဆိုရင် ဒါက အရမ်းအသုံးဝင်ပါတယ်။ မျက်နှာကြက်က တပ်ဆင်ထားတဲ့ ခန်းဆီးလိုက်ကာဟာ ဒီအခန်းတွေကို ဘယ်လိုလှပစေတယ်ဆိုတာ ကြည့်လိုက်ပါ။
၁။ နွေးနွေးထွေးထွေးရှိစေခြင်း
အထူးသဖြင့် ဆောင်းရာသီတွေမှာ ပြတင်းပေါက်ကြီးတွေက ချမ်းအေးစေနိုင်ပါတယ်။ ဒီအိပ်ခန်းမှာ ကြည့်လိုက်ရင် မျက်နှာကြက်မှာ ချိတ်ဆွဲထားတဲ့ ခန်းဆီးလိုက်ကာက ကျယ်ပြောတဲ့ ဧရိယာကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး တစ်ခန်းလုံးကို နွေးထွေးသွားစေနိုင်တာကြောင့် တစ်နေ့တာလုံးသက်သောင့်သက်သာ နေထိုင်နိုင်ပါတယ်။
အခန်းအပြင်အဆင်နဲ့ လိုက်ဖက်ညီတဲ့ ခန်းဆီးလိုက်ကာကို ရွေးချယ်ရမယ်ဆိုပေမယ့် လိုက်ကာကို ပိတ်ထားတဲ့အခါ အရောင်က အရမ်းလွှမ်းခြုံနေလို့ မဖြစ်ပါဘူး။ ပုံမှာကြည့်လိုက်ရင် မီးရောင်က အိပ်ရာဘေးနားက စားပွဲတွေ၊ အံဆွဲတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လှပနေပါတယ်။


၂။ ပေါ်တီကိုတံခါးများ
မျက်နှာကြက်မှာတပ်ဆင်ထားတဲ့ ခန်းဆီးလိုက်ကာက တောက်ပတဲ့ အခန်းကျယ်ဧည့်ခန်းရဲ့ ဖန်တံခါးတွေနဲ့ လိုက်ဖက်ညီပါတယ်။ ဒေါက်ချွန်းကွင်းတွေနဲ့ သံတန်းတွေထားဖို့ နံရံမှာနေရာလွတ်မရှိတဲ့အတွက် ခန်းဆီးလိုက်ကာတပ်ဆင်ဖို့ဆိုတာ လှည့်ကွက်လိုပါတယ်။
နံရံဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်အပြည့်တပ်ဆင်ထားတဲ့ မျက်နှာကြက်ခန်းဆီးလိုက်ကာလမ်းကြောင်းက ခန်းဆီးလိုက်ကာကို တံခါးနဲ့ ခပ်ခွါခွါထားနိုင်တဲ့အတွက် အလင်းရောင်ပိုရနိုင်သလို တံခါးဖွင့်ထားတဲ့အခါမှာလည်း ခန်းဆီးလိုက်ကာက ရှုပ်နေတော့မှာ မဟုတ်ပါဘူး။


၃။ ခန်းဆီးလိုက်ကာကို လှလှပပကျနနေအောင် ထားပါ။
ဒီပုံမှာကြည့်လိုက်ရင် အလင်းရောင်ဝင်တဲ့ နေရာနဲ့ အရောင်ဖျော့ခန်းဆီးလိုက်ကာက အဓိကပါပဲ။ မျက်နှာကြက်ကနေ နူးနူးညံ့ညံ့ကျနေပြီး အတွန့်အလိတ်တွေက လွင့်မျောနေပါတယ်။ ခန်းဆီးလိုက်ကာလမ်းကြောင်းက အလူမီနီယံ၊ သံမဏိနဲ့ ပလက်စတစ်အပါအဝင် အချိုးအစားပေါင်းမြောက်များစွာရှိပါတယ်။ ခန်းဆီးလိုက်ကာလမ်းကြောင်းကို ရွေးချယ်တဲ့အခါ မျက်နှာကြက်နဲ့ လိုက်ဖက်မယ့်အရာကို စဉ်းစားပါ။
ကြံ့ခိုင်မှုကိုလည်း ထည့်စဉ်းစားဖို့ လိုအပ်ပါတယ်။ သတ္ထုက ပလက်စတစ်ထက်ပိုကြံ့ခိုင်တာကြောင့် လေးလံတဲ့ ခန်းဆီးလိုက်ကာတွေနဲ့ ပိုပြီးသင့်တော်ပါတယ်။ သတ္ထုလမ်းကြောင်းတွေက ကြိုးနဲ့ချိတ်ဆက်လို့လည်း ပိုအဆင်ပြေတာကြောင့် ကြိုးတစ်ချက်ဆွဲလိုက်ရုံနဲ့ ခန်းဆီးလိုက်ကာကို ဆွဲဖွင့်လိုက်လို့ ရပါပြီ။ အထူးသဖြင့် ပြတင်းပေါက်တွေနဲ့ ခန်းဆီးလိုက်ကာတွေက အရမ်းမြင့်နေတဲ့ အခါမျိုးမှာပါ။


၄။ ကျယ်တဲ့ပြတင်းပေါက်မှာ တပ်ဆင်ပါ။
မျက်နှာကြက်မှာ ခန်းဆီးလိုက်ကာတပ်ဆင်ခြင်းက အခန်းကို ပိုရှည်သွားစေပြီး မြင့်သွားသယောင်ဖန်တီးပေးနိုင်တာကြောင့် ကျယ်ပြန့်တဲ့ ပုတိုတိုပြတင်းပေါက်တွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ အေးချမ်းငြိမ်သက်တဲ့ ဒီအခန်းလေးထဲမှာ ပြတင်းပေါက်ကထင်တာထက် ပိုကြီးသွားသယောင်ယောင်ရှိပါတယ်။ နက်မှောင်တဲ့ အရောင်တွေနဲ့ ညို့အားပြင်းတဲ့ အခန်းအပြင်အဆင်ကို မပြင်ဆင်သရွေ့တော့ အရောင်ဖျော့တဲ့ ခန်းဆီးလိုက်ကာတွေက အမြင်အားဖြင့် ကျယ်ပြောစေတဲ့အတွက် အခန်းကျဉ်းတွေမှာ ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။


၅။ သံတန်းအကွေးကို သုံးပါ။
ဒီလိုမျဉ်းကွေးသဏ္ဍာန်ပြတင်းပေါက်ရှိတဲ့ ထမင်းစားခန်းကို မျက်နှာကြက်ခန်းဆီးလိုက်ကာအဝိုင်း တပ်ဆင်ခြင်းက အခန်းကို ကျက်သရေရှိသွားစေပါတယ်

Photo credit – Internet

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်


    ads

    ၁။ သိမ်းဆည်းခန်းများများကိုရှာပါ။
    ဗီရိုခန်းတွေမှာ တခါတည်းထည့်သွင်းပြင်ဆင်ပါရှိတဲ့ သိမ်းဆည်းခန်းတွေမှာ တန်ဘိုးကြီးအမှတ်တံဆိပ် အဝတ်အထည်တွေကို အပြားလိုက်ထည့်သိမ်းပါ။ လှေကားထစ်ပုံစံမျိုးမှာ သိမ်းဆည်းခန်းတွေလုပ်ထားတဲ့ ဗီရိုမျိုးက နေရာကျဉ်းလေးတွေထဲမှာ အလွယ်တကူအသုံးပြုလို့ရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။


    ၂။ အဝတ်ဗီရိုမရိုက်ခင်မှာ အထည်တွေရဲ့ အရွယ်အစားကို တိုင်းပါ။
    အဝတ်အထည်တွေရဲ့ အတိုင်းအတာကို သိထားပြီးမှာ ဗီရိုစင်ကို ရိုက်တာက ဗီရိုစင်အတွက် နေရာအထားအသို ချင့်ချိန်နိုင်စေမှာ ဖြစ်ပါတယ်။ နေရာပိုထွက်လာစေပြီး အထည်အရှည်တွေနဲ့ ကုတ်တွေကို သီးခြားထားနိုင်မယ့် စင်တွေကို အံဝင်ဂွင်ကျဖြစ်အောင် ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ကုတ်အင်္ကျီတွေ၊ ဘလောက်စ်အင်္ကျီတွေကို ချိတ်နဲ့ချိတ်ထားနိုင်ပေမယ့် တီရှပ်တွေကိုတော့ ချိတ်မှာမချိတ်သင့်ပါဘူး။ တီရှပ်တွေက ချိတ်နဲ့ချိတ်ရင် ကျယ်ထွက်လာတတ်လို့ပါ။ ဒီတော့ တီရှပ်တွေကို ခေါက်ပြီးထားတာ သို့မဟုတ် အပြန့်လိုက်ထားတာ ပိုကောင်းပါတယ်။ ပုံမှာဆိုရင် ပြတင်းပေါက်ဘေးပတ်ပတ်လည်မှာ စင်တွေထည့်ပေးထားပြီး အပြန့်လိုက်ခေါက်သိမ်းရမယ့် အထည်တွေအတွက် နေရာများများ ဖန်တီးပေးထားတယ်။

    ၃။ ဘောင်းဘီနဲ့ စက်တွေအတွက် စင်လည်းထားပါ။
    တန်ဘိုးကြီးတဲ့ ဘောင်းဘီနဲ့ စကတ်တွေကို ချိတ်ထားသင့်ပါတယ်။ စကတ်ချိတ်တဲ့ ကလစ်ပါတဲ့ ချိတ်တွေနဲ့ ချိတ်ပြီး အောက်ဘက်တန်းတွေမှာ ချိတ်သင့်ပါတယ်။ အရမ်းနူးညံ့တဲ့ အထည်စတွေ ဒါမှမဟုတ် ချည်ထိုးကွက်တွေများတဲ့ အထည်တွေဆိုရင်တော့ အံဆွဲစင်မှာ စက္ကူခံပြီး အပြားလိုက်ထည့်သိမ်းတာ ပိုကောင်းပါတယ်။ တန်းမှာ ကလစ်ပါတဲ့ ချိတ်မျိုးနဲ့ ချိတ်သလို ရိုးရိုးချိတ်မှာပဲ အောက်ဘက်တန်းမှာ ခေါက်ချိတ်ပြီး ချိတ်ဆွဲထားလို့လည်း ရပါတယ်။


    ၄။ တန်ဘိုးကြီး အဝတ်အထည်တွေ သိမ်းဆည်းနိုင်တဲ့ စင်္ကြ ံလမ်း
    တချို့တိုက်ခန်းတွေက ပစ္စည်းတွေ သိမ်းထားနိုင်မယ့် အခန်းပိုမျိုးမပါတတ်ပါဘူး။ စတိုးဆိုင်က ဝယ်တဲ့ အဝတ်ဗီရိုတွေဆိုတာကလည်း အခန်းကျဉ်းလေးတွေမှာ အံမကိုက်လှတာကြောင့် အသုံးပြုရခက်ပါတယ်။ ဒါမျိုးဆိုရင် နေရာကိုတိုင်းပြီး ဗီရိုအသစ်ရိုက်ထည့်တာက ပိုပြီး အဆင်ပြေစေမှာပါ။ အိပ်ခန်းကလည်း ကျဉ်းတယ်၊ အခန်းပိုမျိုးလည်း မရှိဘူးဆိုရင် စင်္ကြ ံလမ်းတွေမှာ ဗီရိုရိုက်ပြီး အဝတ်ဗီရိုခန်း လုပ်လို့ရပါတယ်။ ကြမ်းခင်းကနေ မျက်နှာကြက်ထိ မြင့်မားတဲ့ ဗီရိုမျိုးရိုက်ထားပြီး ကိုယ့်ရဲ့အဝတ်အစား ပုံစံအမျိုးမျိုးအတွက် ချိတ်ဆွဲနိုင်မယ့်တန်းတွေ၊ အံဆွဲဗီရိုးခန်းတွေ၊ ဖိနပ်စင်တွေ၊ လက်ကိုင်အိတ်ထားမယ့်နေရာတွေ စသဖြင့် စိတ်ကြိုက် ထည့်သွင်းနိုင်ပါတယ်။ စားပွဲဗီရိုခံထားရလောက်တဲ့အထိ မကျယ်ဘူးဆိုရင်တောင် အဝတ်အစားဝတ်တဲ့အခါ အဆင်ပြေစေဖို့ ခွေးခြေထိုင်ခုံတစ်လုံးလည်း ထားရှိသင့်ပါတယ်။


    ၅။ နေရာကျဉ်းတွေမှာ ဖန်တီးမှုထည့်ပါ။
    အခန်းကကျဉ်းနေတာကြောင့် သိမ်းဆည်းမယ့်နေရာ မရှိဘူးဆိုတာ မဟုတ်သေးပါဘူး။ အခန်းကျဉ်းပေမယ့် ဆန်းသစ်တဲ့ ဖန်တီးမှုထည့်ပြီး သိမ်းဆည်းနိုင်မယ့်နေရာကို လုပ်ယူလို့ ရပါတယ်။ လှေကားခွင် အောက်ခန်းလေးတွေကို၊ မျက်နှာကြက်နိမ့်တဲ့ ထပ်ခိုးလိုနေရာလေးတွေမှာ ဗီရိုအခန်းကျဉ်းလေးတွေ ဖန်တီးနိုင်ပါတယ်။ လက်ဝတ်ရတနာတွေနဲ့ အခြားအသေးအဖွဲ ဖက်ရှင်အဆင်တန်ဆာတွေအတွက် နံရံမှာ ခပ်ပါးပါးဗီရိုခန်းငယ်လေး ဖန်တီးလို့ရပါတယ်။ ဗီရိုတံခါးအတွင်းဘက်မျက်နှာပြင်မှာ ကြေးမုံမှန်ချပ်ကြီး တပ်ပေးထားလိုက်ရင် အဆင်တန်ဆာတွေ ထုတ်ဝတ်တဲ့အခါ တခါတည်းမှန်ကြည့်ရင်း လိုက်ဖက်မယ့်အပြင်အဆင်မျိုးကို ရွေးချယ်ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။ အပြင်မှာလည်း ရှုတ်ပွမနေတော့ဘဲသွားခါနီး လာခါနီးမှာ သေးသေးမွှားမွှားလေးတွေ ပျောက်လို့ လိုက်ရှာနေစရာ မလိုတော့ဘဲ ဒီဗီရိုတံခါးလေးလှပ်ကြည့်ရုံနဲ့ အဆင်ပြေသွားမှာ ဖြစ်ပါတယ်။

    Download eBook version as a FREE!

    လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်


      ဖက်ရှင်ကျသည့် အဝတ်ဗီရိုခန်းဖန်တီးခြင်း အပိုင်း (၂)

      တည်းဖြတ်သူ Myanmar Home and Decoration
      ရေးသားသူ လင်းလက် မှ
      May 23, 2020 နေ့
      Bed Room ကဏ္ဍတွင်
      ထည့်သွင်းရေးသားခဲ့သည်။

      ads

      ၁။ ကတ္ထူပုံးထဲထည့်သိမ်းပါ။
      အခန်းကျဉ်းလေးထဲမှာတန်ဘိုးကြီးဖိနပ်တွေကို ဘယ်လိုသိမ်းဆည်းထားကြမလဲ။ ပူအိုက်စွတ်စိုတဲ့ရာသီဥတုမျိုး မှာ ဖိနပ်တွေမပျက်စီးအောင် ဘယ်လိုသိမ်းဆည်းကြမလဲ။ စက္ကူလုံးတွေကို ဖိနပ်ထဲထည့်ပြီး ချိတ်ချောင်းလေး တွေပါ ထည့်ပေးထားတာက ဖိနပ်ပုံစံမပျက်ယွင်းစေပါဘူး။ သားရေဖိနပ်တွေကို ရေငွေ့စုပ်ယူနိုင်စွမ်းရှိတဲ့ ကတ္ထူပုံးနဲ့ထည့်သိမ်းပေးပါ။ ဖိနပ်တွေကို အထူးနှစ်သက်သူတွေအတွက်တော့ ဖိနပ်ဗီရိုစင်က အရေးပါပါတယ်။ ဗီရိုကြီးတွေကြားထဲမှာ စင်အကန့်တွေပါပြီး ဖိနပ်ဗီရိုမျိုးလေးဖန်တီးနိုင်ပါတယ်။ ဖိနပ်တွေကို ဖုန်အကာကွယ်ပေးတဲ့ အိတ်လေးတွေနဲ့ ထည့်သိမ်းရင် ပိုကောင်းပါတယ်။


      ၂။ တန်ဘိုးကြီးဖိနပ်များကို အကောင်းဆုံးထိမ်းသိမ်းနည်း
      ပူအိုက်စွတ်စိုတဲ့ရာသီဥတုမျိုးမှာ တန်ဘိုးကြီးသားရေအသုံးအဆောင်ပစ္စည်းတွေမှာ မှိုပေါက်လွယ်တာက စိုးရိမ်စရာပါ။ ဖိနပ်မှာဆိုရင်လည်း ရေနဲ့ထိမိတာ၊ မိုးပေါက်လေးတွေနဲ့ထိမိတဲ့ အခါမျိုးမှာ ဒီပြသနာမျိုးရှိတတ်ပါတယ်။ အပြင်ကပြန်လာတဲ့အခါ ဒါမှမဟုတ် ဖိနပ်တွေစိုထိုင်းနေတဲ့အခါမျိုးမှာ အသေအချာသုတ်ပြီး တစ်ညတာလောက် လေသလပ်ခံထားပါ။ နောက်နေ့ကျရင် သားရည်ပေါ်လစ်ရှ်လေးနဲ့တိုက်ပြီး သိမ်းဆည်းထားပါ။


      ဖိနပ်တွေကို စင်အပွင့်ပေါ်မှာ နဂိုပါလာပြီးသား ကတ္ထုပုံးငယ်လေးတွေထဲထည့်ပြီးတင်ကာ သိမ်းဆည်းထားလေ့ရှိပါတယ်။ ဖိနပ်တွေများလို့ ကတ္ထုပုံးတွေမဆံ့တော့ဘူးဆိုရင် ဖုန်အကာအကွယ်အိတ်လေး ထဲထည့်ပြီးတင်သိမ်းထားပါတယ်။ နဂိုပါတဲ့ကတ္ထုပုံးခွံတွေက တစ်ခုနဲ့တစ်ခု ပုံစံမတူလို့ စင်ပေါ်မှာထားရရုပ်စိုးတယ်ဆိုရင် ဆင်တူတဲ့ ဖိနပ်ကတ္ထူပုံးငယ်တွေသီးသန့်ရောင်းတာမျိုး ဝယ်သုံးလို့ရပါတယ်။ ဒါပေမယ့် ဖိနပ်တွေစီးမလို့ရှာရင်တော့ အချိန်မကြာအောင် အမှတ်အသားလုပ်ထားဖို့တော့ လိုပါလိမ့်မယ်။


      ၃။ ကြည့်ကောင်းပေမယ့် ဖိနပ်ပျက်စီးစေတတ်တာက
      အရမ်းလှတဲ့ဖိနပ်တစ်ရံလောက်ကို ဗီရိုစားပွဲပေါ်မှာ အလှပြထားတာမျိုးက ကြည့်ရကောင်းပေမယ့် ဖိနပ်တွေပျက်စီးထိခိုက်နိုင်စေပါတယ်။ နေရောင်၊ မီးရောင်နဲ့ ထိတွေ့မှုကြောင့် မျက်နှာပြင်အသားအနားနဲ့ အရောင်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။


      ၄။ အဝတ်တွေဆံ့စေဖို့ ဗီရိုအကျယ်အဝန်းကို ချင့်ချိန်ပါ။
      အဝတ်ဗီရိုခန်းထဲကို လှလှပပလေးဝင်သွားသလိုမျိုး ခံစားချင်တယ်ဆိုပေမယ့် သင့်အိပ်ခန်းထဲမှာ နေရာပေးပြီး ဖန်တီးတဲ့အခါမျိုးမှာအဝတ်တွေကို ထားသိုဖို့ နေရာလုံလောက်ဖို့လည်း အရေးကြီးပါတယ်။ ဗီရိုထဲကနေ အဝတ်တွေမဆံ့ဘဲ အံထွက်နေမယ်ဆိုရင် ဖရိုဖရဲနဲ့ အဝတ်ပုံကြီးကြောင့် အခန်းရဲ့ အလှကိုတောင်ပျက်စီးသွားစေနိုင်ပါတယ်။
      ကုတ်အင်္ကျီ – သားရေကုတ်နဲ့ သိုးမွေးကုတ်တွေက စက္ကူစူတွေခံပြီး အံဆွဲမျက်နှာပြင်မှာ အလျားလိုက်ထားကာသိမ်းသင့်ပါတယ်။ ရှေးခေတ်က တန်ဘိုးကြီးအမွေအနှစ်အထည်တွေကို ပြတိုက်တွေမှာ သိမ်းတဲ့နည်းဖြစ်ပါတယ်။ သားရေဂျက်ကက်တွေနဲ့ ကုတ်တွေကို ချိတ်နဲ့အချိန်ကြာချိတ်ဆွဲထားရင် ပုခုံးနေရာတွေမှာ ပြန့်ကားလာတတ်ပြီး သိုးမွေးကုတ်တွေဆိုရင်လည်း အလေးချိန်ကြောင့် အောက်ကိုရှည်ထွက်လာတတ်ပါတယ်။ ဒါကြောင့် အဝတ်ဗီရိုခန်းတွေမှာ အံဆွဲစင်ငယ်ေတွေများနေတတ်တာဖြစ်ပါတယ်။ ချိတ်နဲ့ချိတ်တဲ့ နေရာတွေလည်း အများကြီးပါတတ်ပါတယ်။

      Download eBook version as a FREE!

      လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်