စာေရးသူ - : ညွှန့်ဝင်းလေး

ပြည်သူမသိသေးသောအာခီတက်များ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ညွှန့်ဝင်းလေး မှ
November 22, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

အတ္ထုပ္ပတ္တိစာပေရေးသားခြင်း။
၂၃ နှစ်သားအရွယ် ဆရာဒဂုန်တာရာဟာ ၁၉၅၁ မှာသူ့ရဲ့အတ္တရုပ်ပုံလွှာ (သို့မဟုတ်) ကိုယ်တိုင်ရေးပုံတူပန်းချီကားကို “ဒဂုန်တာရာ”
အမည်နဲ့ ရေးဆွဲခဲ့ပါတယ်။ နောက်ရုပ်ပုံလွှာမှာ နိုင်ငံရေးစာပေလောက၊ ဂီတလောက၊ ပန်းချီလောကမှ လူများကိုလေ့လာရေးဖွဲ့ပြန်တယ်။ ၉၇ထုတ် “ဖြတ်ခနဲတွေ့ရသောရုပ်ပုံလွှာကားချပ်များ”မှာတော့ အလွှာစုံ၊ အရောင်စုံ၊ လူစုံ၊ စာပေ၊ ဂီတရုပ်ရှင်၊ ဇာတ်သဘင်၊ ပန်းချီ၊ နိုင်ငံရေး၊ နယ်ပယ်စုံမှ လူများကိုစုတ်ချက်ရေးချယ်ပြန်တယ်။
အတ္ထုပ္ပတ္တိစာပေအဖွဲ့အနွဲ့ပါပဲ။
ဆရာမကြီးလူထုဒေါ်အမာက “ပြည်သူချစ်သောအနုပညာသည်များ”တဲ့။ မထွေးလေး၊ မငွေမြိုင်၊ စိန်ဗေဒါ၊ မြို့မငြိမ်းဇာတ်၊ ရုပ်သေး၊ မငြိမ့်ဆိုင်းနဲ့ ဂီတစာရေးဆရာပေါင်းရှစ်ဦး။ ၉၇ ထုတ် “ မြန်မာခေတ်သစ်ပန်းချီ”ဦးဘဇော်အစ၊ ဦးဘသက်အလယ်၊ ဆရာပေါ်ဦးသက်အဆုံး။ မြန်မာ့မော်ဒန်ပန်းချီကျော်များ။
ခေတ်ရဲ့ မဂ္ဂဇင်းဂျာနယ်စာမျက်နှာပေါ်မှာ “ မော်ဒယ်ဂဲလ်တွေ စန်းထလာသလိုဒီခေတ်ရဲ့ စာရေးဆရာ၊ ပန်းချီဆရာ၊ ဗေဒင်ဆရာ၊ ဆေးဆရာ”ဘာဆရာညာဆရာရုပ်ပုံလွှာအဖွဲ့အနွဲ့တွေ စန်းထလာပါတယ်။
ဆရာချစ်ဦးညို၊ ဆရာကေတီတင့်လွင်ထူး၊ ဆရာမောင်တင်ဆင့်၊ ဆရာမောင်သာချို စတဲ့ ဆရာတွေ ရေးဖွဲ့တာတွေ့ရပါတယ်။ ကျန်တာတွေ ရှိသေးတယ်။
သို့သော် ့ ့ ့ သို့သော်။
အာခီတက် ( architect) ခေါ် ဗိသုကာတို့ရဲ့ ရုပ်ပုံလွှာ။ ဘယ်သူတွေ ရေးဖွဲ့ဖူးပါသလဲ။
ကိုမြင့်ဟန်နဲ့ အင်တာဗျူး၊ ကိုအောင်မြင်နဲ့ အင်တာဗျူး၊ ကိုအောင်မြင့်ထွန်းနဲ့ “ဗျူး”။ ဒေါ်သင်းသင်းအေးနဲ့ “ဗျူး”။ ကျွန်တော်ဖတ်မိသလောက် ဒီလောက်ပါပဲ။ (ဦး)ခင်မောင်ရင်ရဲ့ ရုပ်ပုံလွှာကိုဆရာတင့်လွင်ထူးနဲ့ ဆရာမခင်သူသူဝင်း ရေးဖွဲ့ဖူးတယ်။ ပန်းချီဆရာ့ရုပ်သွင်နဲ့၊ အာခီတက်အနေနဲ့ မဟုတ်။ စာရေးဆရာမမစန္ဒာကိုတီဗီဖန်သားပြင်ပေါ်မှာအမျိုးသားစာပေဆုရတုန်းကတွေ့လိုက်မိပါသေးတယ်။ အာခီတက်ဒေါ်ချိုချိုတင်အနေနဲ့ မဟုတ်။ စာရေးဆရာမစန္ဒာကို “ဗျူး” ခြင်း။
ဆရာမကြီးဒေါ်အမာရဲ့ ပြည်သူချစ်သောအနုပညာသည်များကိုအားကျစွာနဲ့။ ကျွန်တော်က “ပြည်သူမသိသေးသောအာခီတက်များ” လို့ စိတ်ကူးမိရင်းမှ။
ဟိုဘက်ခေတ်(၂၀ ရာစုအစဆိုပါတော့)
ဂရိတ်ဦးဖိုစိန်ကြီးကိုလူတိုင်းသိကြတယ်။ အထူးမိတ်ဖွဲ့ပေးရန်မလို။ ဇာတ်မင်းသားမဟာကြယ်ပွင့်ကြီး။
အဲဒီခေတ်။
ဂရိတ်ဦးသာထွန်း။ ဘယ်သူသိသလဲ။ ဘယ်သူများရုပ်ပုံလွှာကောက်ကြောင်းရေးခြစ်ဖူးပါသလဲ။ (ကျွန်တော့်အထင်ပြောရရင်) ခေတ်ဗိသုကာဘွဲ့ရအာခီတက်တချို့ပင် သိဖူး၊ ကြားဖူးဟန်မတူ။
နှစ်ယောက်စလုံးဟာဂရိတ်တော့ ဂရိတ်ချည်းပါပဲ။
ဂရိတ်ချင်းမတူသောဂရိတ်
ဦးဖိုစိန်ကြီးကဇာတ်ဆရာဂရိတ်
ဦးသာထွန်းကြီးကဗိသုကာဆရာဂရိတ်။
ဆရာမကြီးလူထုဒေါ်အမာစကာလုံးနဲ့ သုံးရင်တော့ “ပြည်သူချစ်သောအနုပညာသည် ဂရိတ်နှင့် ပြည်သူမသိသေးသောအာခီတက် အနုပညာသည် ဂရိတ်။ ဂရိတ်ရွက်ပုန်းသီး။
လူတွေဟာဇာတ်ရုံ၊ ပွဲရုံထဲမှာနေတာမဟုတ်ဖူးနော်။ ဦးဖိုးစိန်ကြီးကို မြင်ဖူးတယ်။ သိဖူးမယ်။ ကြားဖူးမယ်။
လူတွေဟာဘုန်းကြီးကျောင်းမှာဇရပ်မှာနေကြမှာနေကြတာမဟုတ်ဖူးနော်။ အိမ်ထဲမှာနေကြတာ။ ဒီခေတ်တော့ ကွန်ဒိုတွေ အပတ်မင့်တွေမှာနေကြတာ။ အံ့ပါရောဦးသာထွန်းကြီးကိုမသိကြဘူး။ သုံးနဲ့ လေးလိုပဲနီးရက်နဲ့ ဝေးနေလား။ သို့တည်းမဟုတ် ဟင်းအိုးထဲကယောင်းမလိုဟင်းရဲ့အရသာမခံစားတက်တာမျိုးလား။ မတွေးတတ်ပါဘူး။
ကျွန်တော်တို့ဟာ ကျွန်းတော်ကြီးတွေအကြောင်းကိုပြောကြရင် အရှေ့ရိုးမ၊ အလယ်ရိုးမ၊ အနောက်ရိုးမတောင်တန်းကြီးတွေကနေစကားဦးသန်းကြသလို “ အာခီတက်” တွေအကြောင်းပြောကြရင်လည်းဂရိတ်ဦးသာထွန်းကြီးကပင် ခြေဆင်းပျိုးရပါလိမ့်မယ်။
Louis Henry Sullivianကိုမိုးပျံတိုက်ကြီး၏ Father of Sky Scraper လို့ ပြောကြသကဲ့သို့ . . .
Robert Venturiကိုပို့စ်မော်ဒန် ဗိသုကာလက်ရာဟန်နဲ့ ဖခင်ကြီး (Father of Post-Modern Architecture) လို့ ပြောကြသကဲ့သို့ . . .
မြန်မာပြည်ရဲ့ ပထမဆုံး “အာခီတက်” ဂရိတ်ဦးသာထွန်းကိုရောဘယ်လိုဖြေကြမလဲ။ မြန်မာပြည် မော်ဒန်ဗိသုကာရဲ့ ဖခင်ကြီးလို့ ချီးမြှင့်မလား။ ဒါမှမဟုတ်ရှေ့ဆောင် (pioneer) ကြီးလို့ ဂါဝရပြုရမလား။ စဉ်းစားစရာ။
မဟာမြိုင်ဆေးရုံမှာ၊ ဆာကူရာဆေးရုံမှာ၊ ပါရဂူမှာ၊ သျှင်ပါဂူမှာ၊ ကန်သာသာမှာ F.R.C.S တွေ၊ M.R.C.P တွေ၊ ဆေးပညာရပ်ဆိုင်ရာပါရဂူကြီးတွေ၊ သမားတော်ကြီးတွေ လက်ချိုးရေတွက်လို့ မရနိုင်ပါဘူး။ ဦးသာထွန်းအစကိုမြင့်ဟန်တို့အလယ် ၉၈ ဘွဲ့ရ နေမျိုးဝင်းတို့အဆုံး ဗိသုကာနယ်ကျဉ်းကျဉ်းလေးထဲမှာပါရဂူဘွဲ့ မဟာဗိသုကာဘွဲ့ရတွေ ရှိသော်လည်း တော်ဝင်ဗြိတိသျှ ဗိသုကာအသင်းဝင် (F.R.I.B.A) ဖြစ်တဲ့ အာခီတက်အကျော်အမော်တွေဟာဦးသာထွန်းတစ်ယောက်တည်းရှိနေပါသေးတယ်။
၁၈၉၉ ခုနှစ်ဟာဖိုးစိန်မင်းသာစဖြစ်တဲ့နှစ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကြည့်မြင်တိုင်သူကြီးဦးမြို့နဲ့ ဒေါ်ယဉ်တို့ကမောင်သာထွန်းကိုမွေးဖွားတဲ့နှစ်၊ မောင်နှမ ခြောက်ယောက်တည်းမှာမောင်သာထွန်းလေးကသားကြီး သြရသ။
အရှင်သီလာနန္ဒာဘိဝံသ (ဆရာဆိုင်ရဲ့သား)ရေးတဲ့ “မြန်မာဗိသုကာပညာရှင်ဆရာဆိုင်” အတ္ထုပ္ပတ္တိစာအုပ်မှာဖတ်ရတာများပန်းချီဆရာကြီး၊ ပန်းပုဆရာကြီး၊ ဗိသုကာဆရာကြီး၊ သာသနာပြု၊ ကျမ်းပြုဆရာကြီး၊ ဂုဏ်ယူဖွယ်၊ အားကျစဖွယ်၊ လေးစားစဖွယ်ပါ။
ဆရာဆိုင်ဟာ မဟာဝိဇယစေတီတော်ကြီးရဲ့ ရိုးရာဗိသုကာပညာရှင်ကြီးဦးငွေလှိုင်ရဲ့ အဖေ၊ ခုခေတ်ပြိုင်အာခီတက် ဦးသာထွန်း၊ ဦးစန်းမောင်၊ ဒေါ်ချိုချိုတင် (မစန္ဒာရဲ့ခင်ပွန်း) တို့ရဲ့ အဘိုးပါ။
ဆရာကြီးဦးသာထွန်းရဲ့ ရုပ်ပုံလွှာဘယ်မှာလဲ။ ဘယ်သူတွေ ရေးဖွဲ့ခဲ့ပါသလဲ။ အာခီတက်ဆိုတော့ သူ့ရဲ့လက်ရာ (works) တွေကရော၊ ဘာတွေကျန်ခဲ့လဲ။
ဆရာ(ဦး)မင်းနိုင်ရဲ့ ပန်းချီဆရာကြီးဦးဘဉာဏ်မှာရေဆေးအကြည် ပန်းချီကားထဲကလိုစုတ်ချက်ခပ်ပါးပါးလေးတစ်ချက်နှစ်ချက်။
၁၉၂၁ သြဂုတ်လ ၂၄ မှာပန်းချီဦးဘဉာဏ်နဲ့အတူအက်စ်အက်စ်အမရပူရဘောၤနဲ့ ဘိလပ်သို့ ဗိသုကာပညာတော်သင် ထွက်ခွါခဲ့ကြောင်း။
၁၉၃၀ ဝန်းကျင်၊ မြန်မာလူမျိုးထဲမှ ပထမဆုံးပန်းချီဥက္ကဌ ဖြစ်ခဲ့ကြောင်း။

ကိုဆန်ဦးနဲ့ ကိုကျော်မင်းတို့ ကျောင်းသားဗိသုကာဘဝက ရေးခဲ့ထုတ်ဝေခဲ့တဲ့ “မြန်မာဗိသုကာလောကတစေ့တစောင်း” လက်ရေးစာဆောင်ငယ်လေးမှာလည်းခပ်ပါးပါးစုတ်ချက်လေးတစ်ချက်နှစ်ချက်။


ဦးသာထွန်း (၁၈၉၉-၁၉၅၄)
F.R.I.B.A.B.SC (Rgn) A Adip (London) A.M.T.P.I AA မှ မထဆဆုံးရွှေတံဆိပ်ဆုချီးမြှင့်ခံခဲ့ရ။ ဆေးတက္ကသိုလ် (၁) ဗိုလ်ချုပ်လမ်း၊ အင်းယားဆောင်၊ သီရိဆောင်၊ ရွှေမောဓောဘုရား ပြင်ဆင်မှုများ၊သွင်ရုပ်ရှင်ရုံနှင့် အခြားနေအိမ်အဆောက်အအုံအများအပြားပုံစံထုတ်ခဲ့။
ဆရာကြီး၏တူမ (အရင်း) ဆရာမဒေါက်တာဒေါ်ယဉ်နွဲ့ကတော့ ဆရာကြီး၏ရုပ်ပုံလွှာကိုရိုးရိုးသားသားပင် ကျွန်တော့ကိုပြောပြခဲ့ဖူးရာ၊
ဆရာကြီးဟာပန်းပွင့်ကလေးတွေရဲ့ သဘာဝကို မြတ်နိုးတတ်ကြောင်း အိမ်မွေးသတ္တဝါငယ်များကို ချစ်တတ်ကြောင်း၊ ပန်းချီကို ဝါသနာကြီးကြောင်း၊ အိမ်မွေးသတ္တဝါငယ်များကို ချစ်တတ်ကြောင်း၊ ပန်းချီကို ဝါသနာကြီးကြောင်း ဒီလောက်သိခွင့်ရပါတယ်။
ဆရာဒေါက်တာမျိုးသန့်တင်ဟာဦးထွန်းညိုမက္ခရာမင်းသားကြီးအစချီပြီးတော့ “ကုန်းဘောင်ခေတ် မြန်မာ့သိပ္ပံပညာရှင်များ” ဆိုတဲ့ ကျမ်းကြီးတစ်စောင်ကို ၁၉၈၄ မှာ ပြုစုခဲ့ပါတယ်။ ဒီစာအုပ်ကြီးကိုဖတ်နေရင်းမှ အဲဒီခေတ် မြန်မာ့ရိုးရာဗိသုကာပညာရှင်ကြီးတွေ အကြောင်းကိုလေ့လာချင်လိုက်တာ။
ကိုဆန်းဦးနဲ့ ကိုကျော်မင်းတို့ရဲ့ မှတ်တမ်းလွှာလေးထဲမှာပဲ ပြည်သူမသိသေးတဲ့ စစ်ကြိုခေတ် အာခီတက်ကြီးခြောက်ဦး။ ဦးသာထွန်း၊ စည်သူဦးတင်၊ ဦးအုန်းကြိုင်၊ ဦးလှသွင်၊ ဦးအုန်းသန်း၊ ဦးမောင်မောင် အာခီတက်အာဇာနည်ခြောက်ဦး။ စစ်ပြီးခေတ်အနောက်မှ ဗိသုကာဘွဲ့၊ မဟာဘွဲ့ရခဲ့သူလေးဦး။ ဦးအောင်မြင့်၊ ဦးခင်မောင်သန်း၊ ဦးကျော်မင်း၊ ဦးဝင်းထိန်၊ ဗိသုကာပညာရပ်ဆိုင်ရာသင်တန်းဒီပလိုမာရခဲ့သူတစ်ဆယ့်နှစ်ဦး။
ပြည်လမ်းမကြီးပေါ်ကလိပ်ခုံးဘီအိုစီကောလိပ်ဟာတစ်ခါကအင်ဂျင်နီယာဗိသုကာကျောင်းကြီးပါ။ လိပ်ခုံးအင်ဂျင်နီယာပင်မြင့်မှ ၁၉၅၈ မှာပထမဆုံးအာခီတက် သဇင်ငါးခက် မွှေးပျံ့လှိုင်ခဲ့ပါတယ်။ ဦးမြင့်သိန်း၊ ဦးထွန်းသန်း၊ ဦးမျိုးမြင့်စိန်၊ ဦးတင်မောင်ရင်၊ ဦးတင်ထွန်းခင်။ ဦးတင်မောင်ရင်ကတော့ ကြွေရက် စောရှာခဲ့လေပြီ။
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ရှုမဝ၊ မိုးဝေမဂ္ဂဇင်းစာမျက်နှာပေါ်မှာဗိသုကာအနုပညာရပ်ဆိုင်ရာဆောင်းပါးတွေ ရေးဖွဲ့ခဲ့တဲ့ ဆရာဒေါက်တာလွင်အောင်။
ဘာကြာသေးလဲ။ “ပေါ်ဦးသက်အလယ်လာခြင်း” လို့ စကာလုံးနဲ့ ပန်းချီဆွဲတဲ့ဆရာ(ဦး)ခင်မောင်ရင်။
လူတိုင်းလဲတီဗီဖန်သားပြင်ပေါ်မှာသတင်းစာ၊ ဓာတ်ပုံများပေါ်မှာခဏခဏတွေ့ဖူးကြမှာပါ။ ပုဆိုးတိုတိုဝတ်တတ်တဲ့ မဟာနဖူးနဲ့အတူ နှုတ်ခမ်းမွေးဖြူဖြူထားတတ်တဲ့ အာခီတက်ပညာရှင်ကြီးဦးအောင်ကြီးမြင့် (ဒုအင်ဂျင်နီယာချုပ် ဗိသုကာ ဆ-ဆ-က)
စတဲ့စတဲ့ အာခီတက်မြန်မာကျော်တွေအပါအဝင် လိပ်ခုံးကအာခီတက် (၂၈) ယောက်မြောက် ရှင်သန်ခဲ့ပါတယ်။ အချို့လည်းရန်ကုန်မှာတချို့လည်းအရှေ့မှာတချို့လည်းအနောက်မှာ။
အာခီတက်ပဲဗျာ။ ရွှေဘ၊ တင်ညွန့်တို့လိုတွံတေးသိန်းတန် တို့လိုကျေးရွာအရောက် ဘယ်ခရီးပေါက်ပါမလဲ။
အဲဒီဘက်ခေတ်မှာ. . .
Architect Firm လို့ခေါ်တဲ့ ဗိသုကာအုပ်စု၊ အဖွဲ့စုတွေ ရှိခဲ့ပါသေးရဲ့။ ကျော်မင်း၊ ကျော်ရင်၊ ဖေဝင်း။
ဘိုးကြီး၊ တင်ထွန်း၊ အောင်ကြီးမြင့်။ အဲဒီအောင်ကြီးမြင့်ဟာခု ကျွန်တော်တို့ တီဗီဖန်သားပြင်ပေါ်မှာမကြာမကြာတွေ့နေရတဲ့ ဦးအောင်ကြီးမြင့်ပါပဲခင်ဗျား။ ဆရာဘိုဟာBuckminster fuller ရဲ့ dome သီဝရီဒီဇိုင်းတွေကို မြန်မာပြည်နဲ့ မိတ်ဖွဲ့ပေးသူ။ ပုဂံသီရိပစ္စယာဟိုတယ်ရဲ့ အာခီတက်က အဝေးမှာ ဦးတင်ထွန်း။


ရန်ကုန်မြို့တော်ခန်းမကြီးကစည်သူဦးတင်ရဲ့ လက်ရာ။
အဝေးသင်တက္ကသိုလ်က ဦးမျိုးမြင့်စိန်ရဲ့ လက်ရာ၊။
နဝဒေးရုပ်ရှင်ရုံကြီးက ဦးမြင့်သိန်းရဲ့ လက်ရာ။
သဇင်တွေ ညိုးလို့ ကံ့ကော်တွေလည်းကြွေပြီလေ။
ဦးသာထွန်းကပဲတစ်စပြန်စရရင် စစ်ကြိုခေတ်ကအာခီတက်ကြီးတွေ ကြွေရှာပါပြီ။ လိပ်ခုံးခေတ် ဦးတင်မောင်ရင်၊ ဦးကျော်ဇောကြွေခဲ့ပြန်ပြီ။ R.I.T ခေတ် ဦးသောင်းဟန်၊ ဦးဆွေမြင့်၊ ဦးဆန်ညွန့် ဘယ်သူကျန်ဦးမလဲ။ တစ်ဘဝဟာ ရေပွတ်ပမာ၊ ခဏလေးကြွေသွားပြန်ပြီ၊ ကျန်ခဲ့မှာတော့ သူတို့ရဲ့ ဗိသုကာလက်ရာတွေပါပဲ။
ကျွန်တော် ခုရေးဖွဲ့နေတဲ့ ဆောင်းပါးလေးဟာဗိသုကာပညာရပ်ဆိုင်ရာဆောင်းပါးမဟုတ်ပါ။ ဗိသုကာလက်ရာဟန်များကို ဝေဖန်ရေးသားခြင်းလည်း မဟုတ်ပါ။ အိမ်ထဲမှာနေပြီးအာခီတက်တွေနဲ့ ဝေးနေတဲ့သူတွေကို မဂ္ဂဇင်းစာမျက်နှာပေါ်ကတစ်ဆင့် မိတ်ဆက်ပေးခြင်းပါ။ အိမ်ထဲမှာနေတဲ့လူနဲ့ အာခီတက်အကြားပေါင်းကူးတံတားလေးထိုးပေးခြင်းရယ်ပါ။
နှလုံးအထူးကုသမားတော်ကြီးဦးအောင်ချိန်ကိုလူသိပ်မသိကြဘူး။ ကြည်အေး၊ ဂျူး၊ လွန်ထားထား (ဆေးတက္ကသိုလ်)၊ ယဉ်မင်းဦး (ဆေးတက္ကသိုလ်) လူသိများတယ်။ ကဗျာတွေ စာတွေ ရေးကြလို့။
အာခီတက်တွေထဲမှာဆရာဒေါက်တာလွင်အောင်၊ မစန္ဒာ၊ ဆုမိလဲ့ နာမည်ကြီးတယ်။ လူသိများတယ်။ စာရေးကြလို့ပါ။ မိမိရဲ့ ဗိသုကာလက်ရာကြောင့်ဂုဏ်သတင်းမွှေးပျံ့တဲ့ အာခီတက်လည်းရှိပါသေးရဲ့။
ဥပမာ- ဗိုလ်ကြီး (ဦး) ကြူးကျော်။
Domestic Architecture လို့ခေါ်တဲ့ လူနေအိမ် ဗိသုကာလိုင်းမှာဗိုလ်ကြီးကြူးကျော်ဆိုတာဗိသုကာခေတ်တစ်ခေတ် ရှိခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ဗိသုကာလက်ရာဟန်လေးတွေလည်းရှိတယ်။ ၇၀ ခုနှစ်ဝန်းကျင်ဟာ ဦးကြူးကျော်ရဲ့ အိမ်ပုံစံဒီဇိုင်းလေးတွေ တည်ဆောက်လိုက်မှ ခေတ်မီတာ။ ရန်ကုန်၊ မန္တလေး၊ မိုးကုတ်၊ မော်လမြိုင်၊ တောင်ကြီးမြို့ကြီးတွေမှာဦးကြူးကျော်လက်ရာတွေချည်း။
ဦးကြူးကျော်ခေတ်ရဲ့နောက်ပိုင်းလုံးချင်းတိုက်ပုပုကလေးတွေ ဒီဇိုင်းမှာပါစီ(ဦး)မျိုးမြင့်၊ ဦးဝင်းသိဏ်း(နကြီးသိဏ်း)တို့ဟာရန်ကုန်ကျော် အာခီတက်တွေ။
ကနေ့ အရှေ့အနောက် အာခီတက်လောကကို အဝေးကြည့်မှန်ပြောင်းနဲ့လှမ်းကြည့်လိုက်ရင် Ando ရှိတယ်။ Richard Rogerrရှိတယ်။ Frank Gehryရှိတယ်။ အများကြီးပဲရှိသေးတယ်။ ခေတ်ပြိုင် ကမ္ဘာကျော် အာခီတက်တွေ။
၉၀ ခုနှစ် ဝန်းကျင်မှာ မန္တလေးကျော် တစ်ယောက်ရှိဖူးတယ်။ သိကြမှာပါ။ ကိုမြင့်ဟန်၊ သူ့ရဲ့ လက်ရာတွေမှာထူးထူးခြားခြားကိုယ်ပိုင်ဟန်တစ်ခုရှိတယ်။ ဒါ ကိုမြင့်ဟန်ရဲ့ လက်ရာပဲ။ ဒီဇိုင်းပဲလို့ ဆိုင်းဘုတ် ချိတ်ဖို့မလိုဘူး။
မန္တဘေးဈေးချိုသစ်ကြီးကို ကြည့်မလား။ ပြီးတော့ လူနေအိမ် ဒီဇိုင်းတွေ။
ဒီလိုပဲကိုယ်ပိုင်ဟန်တစ်ခုကိုဖန်တီးနိုင်တဲ့ ရှားရှားပါးပါးအာခီတက် အကျော်အမော်တစ်ယောက် ရှိသေးတယ်။


ဆရာရွှေ (အာခီတက် ဦးရွှေ)
ဆရာရွှေဟာကန်ထရိုက်တာလုပ်မစားဘူး။ ဗိသုကာပညာရပ်ကို မြတ်မြတ်နိုးနိုးခင်တွယ်တဲ့ပါရမီရှင်၊ ဖန်တီးရှင် အာခီတက်စစ်တစ်ယောက်ပါ။ “ဗိဿနိုးဂယ်လာရီ” ဟာဆရာရွှေရဲ့ လက်ရာ။ နောက် ဆရာဦးကိုယု၊ ကဗျာဆရာ(ဦး)တင်မိုးတို့ရဲ့ အိမ်လေးတွေ။ ရေစကြိုမှာ၊ မန္တလေးမှာ၊ သြော်. . . “ဖူရိုဆာတို” ဂျပန်စားသောက်ဆိုင်ကလေး။
သမင်လည်ပြန် တွေးကြည့်ရင်။
ဦးသာထွန်းဟာအင်းယား၊ သီရိဆောင်စတဲ့ သူတို့ရဲ့ ဒီဇိုင်းတွေကို “ခဲ” နဲ့ပဲဆွဲမှာ။ ပြီးမှ “မင်” လိုက်ချင်လိုက်ပါ။
ဒီလိုပဲဗိသုကာဆွဲပုံတွေကိုဆွဲခဲ့မှာ။ ဒီတုန်းက ၂၀ ရာစုခေတ်ဦးကိုး။
ခု ၉၈ ခုနှစ်ဘွဲ့ယူတဲ့ နေမျိုးဝင်းတို့ခေတ်။ “ခဲ” တွေ၊ “မင်” တွေ ခေတ်ကုန်သွားပြီ။ Auto Card Archi Cad တွေနဲ့ ဆွဲတဲ့ ကွန်ပျူတာခေတ်၊ ကန်တော်ကြီးS.N.Towerကို နေမျိုးဝင်း ဒီဇိုင်းလုပ်တယ်။ ဦးသာထွန်းတို့ ခေတ်တုန်းကလိုပါစပက်တစ် (Prespective) ကိုခဲတွေ၊ မင်တွေနဲ့ လုပ်မနေတော့ဘူး။ မျက်လှည့်ဆရာများမျက်လှည့်ပြလိုက်သလိုဟောခနဲ၊ ဒိုင်းခနဲ၊ ကွန်ပျူတာနဲ့ဆွဲ printer နဲ့ ထွက်၊ ဆောက်ပြီးသားအဆောက်အအုံကိုဓာတ်ပုံရိုက်ထားသလို၊ ရောင်စုံသုံးဖက်မြင်ပုံထွက်လာတယ်။ အဲဒါ photo realism ပါပဲ ၂၀ ရာစုခေတ်နှောင်း။ ၂၁ ရာစုခေတ်ကြိုရောက်ပြီလေ။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

ရွက်ပုန်းသီး အာခီတက် စည်တော်ကြီး ဆရာဦးလှမြင့်

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ညွှန့်ဝင်းလေး မှ
November 16, 2019 နေ့
ဆောင်းပါး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

(တစ်)
ဒီတစ်နွေ……။
ပိတောက်ပွင့်ရက်များအလွန်(ဟိုတလောက….)။
ဆရာ့အိမ်ကလေးဆီသို့ ကျွန်တော်တို့တစ်သိုက်ရောက်သွားကြသည်။ ဆရာ့အိမ်ကလေးက အရှေ့ ကြို့ကုန်း(၁)လမ်း၊ ရန်ကုန်စက်မူတက္ကသိုလ်(နည်းပညာ)၏ ခြံစည်းရိုး အုတ်တံတိုင်းမြင့်မြင့်ကြီး နံဘေးနားမှာ။ ဆရာ့အိမ်ကလေးကိုကြည့်လျှင် “အာခီတက် ပညာရှင်ကြီး၏အိမ်”ဟုဘယ်ထင်ပါ့မလဲ။ ခမ်းခမ်းနားနားလည်းမရှိ ။ ဘာဗိသုကာဒီဇိုင်းမှလည်းမပါ။တတ်နိုင်သော ငွေကြေားနှင့် နေဖြစ်ရုံလုပ်ထားသောနှစ်ထပ်အိမ်ကလေး။
ကျွန်တော်တို့အဖွဲ့ကလေးတွင် လူငယ်လူရွယ်အာခီတက်များဖြစ်ကြသော ကိုဝင်းအောင်၊ ကိုစံဌေး၊ နေမျိုးဝင်း၊ တင်မျိုးအောင်နှင့်ကျွန်တော်။ အင်ဂျင်နီယာတစ်ယောက်ပါသေး၏။ ကိုမျိုးအောင်။
လွန်ခဲ့သောရက်ပိုင်းအတွင်းက ဆေးရုံမှဆင်းလာသောဆရာ့ကို လူမမာမေးသွားကြခြင်းဖြစ်ပါသည်။
ဆရာ….။ကျွန်တော်တို့ဆရာ ဘယ်လိုနေပါလိမ့်…..။ သတိမှရပါရဲ့လား။ ပိုက်တွေတန်းလန်းနဲ့လား။ ရင်ခုန်နှုန်းရောမှန်ပါရဲ့လား။ သို့တည်းမဟုတ် စကားတွေလှိုင်လှိုင်ပြောနေနိုင်ပြီလား…..။
ကျွန်တော့်ရင်တွေတဒိတ်ဒိတ်ခုန်လာ၏။ အသက်ခုန်နှုန်းတွေလည်းတဖြည်းဖြည်းမြန်လာ၏။ “ဆရာ ကျန်းမာပါစေ၊ ဆရာအသက်ရှည်ပါစေ။ ကျွန်တော်တို့ကို ဗိသုကာပညာရပ်များ ပို့ချပေးသောဆရာ၊ ကျွန်တော် တို့ကို အင်ဂျင်နီယာနည်းပညာများသင်ကြားပေးသောဆရာ၊ ကျွန်တာ်တို့ကိုစာတွေ့လက်တွေ့ပြသပေးသော အနီးဆုံးဆရာ၊ ပီတိပန်းသီးများကိုမြုံ့ရင်း ဗီတာမင်များပြည့်နေသောဆရာ။ ခု …..နှစ်ဆယ်ရာစုရဲ့ နောက်ဆုံး နေ့ရက်အချို့မှာ သေမင်းနဲ့စစ်ခင်းလာတဲ့ဆရာ။
နှစ်လုံး၊ သွေးတိုး၊ ဆီးချိုဝေဒနာများကို တမြေ့မြေ့ခံစားရှာနေရသောဆရာ။ ကျွန်တော်တို့အာခီတက် တွေခင်မင်ရပါသော၊ လေးစားရပါသောဆရာ၊ ဟော တွေ့ပါပြီ။ဆရာ….နေမဝင်သေးပါ။”ဆရာနေကောင်းသွား ပြီလား”လို့ ဟုယိမ်းကသလို တစ်သံတည်းမေးလိုက်ရာ “အေး အေး ကောင်းသွားပြီ”ဟုဆံပင်လေးသပ်ကာ နဖူး မှချွေးလေးသုပ်ကာဖြေပါသည်။ ဒါ…..ဆရာ့မူပိုင်ဟန်။ဆရာ့မူပိုင်လေ။ ရာနှုန်းပြည့်ကျန်းမာနေသောလေသံ တော့မဟုတ်။ တစ်စုံတစ်ရာအားအင်ချို့တဲ့နေသေးသည်ဟု ထင်မိသည်။
ဆရာသည် အပြာရောင်ပလေကပ်လုံချည်ဟောင်းကလေးနှင့် အဖြူရှပ်လက်တိုကို ဝတ်နေကြပုံစံမျိုး ဝတ်ဆင်ထား၏။ ခေါင်းအုံးနံဘေးတွင်ဖတ်လက်စစာအုပ်ကလေး နှစ်အုပ်သုံးအုပ် စီရီထားဆဲ။ ရန်ကုန်ဆေးရုံ ကြီး နှလုံးအထူးကုအသည်းအသန်ခန်းမှရှင်သန်နိုးထလာသော အသက်ခြောက်ဆယ်စွန်းစွန်းဆရာ့ကိုကြည့်နေ မိရင်းမှ………။


(နှစ်)
၁၉၇၉-၈၀။ ကျွန်တော်တို့လေးတန်း ဗိသုကာကျောင်းသားဘဝ၊ ဆရာကအရွယ်လတ်၄၅၀န်းကျင်။ ကျွန်တော် တို့ကို ဗိသုကာဆိုင်ရာပညာရပ်သင်ပြသည်။ ဆရာ၏မျက်နျာသည်လပြည့်ဝန်းကဲ့သို့ ဝင်းလက်ပြီး ဆရာ၏ စ ကားသံသည် ကန်ရေပြင်ကဲ့သို့တည်ငြိမ်လှသည်။ ကျောင်းသားတွေစိတ်ဝင်စားအောင် ကျူရှင်ဆ ရာတွေလို ဟာသတွေပြက်လုံးတွေမနှော။ ခန့်ခန့်တည်တည်သင်ကြား၏။ ကိုတိုး၊ ကျော်မြင့်၊ ဘဲဥတို့အကြိုက်။ ဆရာဦးလှမြင့်၏ lecture တစ်ချိန်ပြီးခြင်းသည် ကိုတိုးတို့၏တစ်ရေးနိုးချိန်နှင့်ကွက်တိ။
ထိုသောအခါက ဆရာနှင့်ကျွန်တော်တို့သည် နွေးထွေးမူသိပ်မရှိလှသေး။ ဆရာ၏တည်ကြည်လွန်း သောမျက်နှာထားကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် ရူးရူးသွပ်သွပ်ဆွဲထားသော ဗိသုကာဒီဇိုင်းပုံများ၏ ဆောက်ဖွဲ့ပုံပြဿနာအရပ်ရပ်ကို မညည်းမညူဒိုင်ခံဖြေရှင်းပေးသူကား ဆရာဦးလှမြင့်ပင်။
ဆရာဦးလှမြင့်သည် ဗိသုကာပညာရပ်ကို သိပ ္ပံနည်းကျစွာချည်းကပ်သူဟု နားလည်ထားမိပါသည်။ သြ စကြေးလျနိုင်ငံ ဆစ်ဒနီမြို့မှမဟာသိပံ ္ပဘွဲ့ (Master of Building Science 1973)ကို ဆရာကရရှိခဲ့သည်။ ထို ဘွဲ့မျိုးရရှိသူသည် မြန်မာပြည်တွင်ဆရာတစ်ဦးသာရှိသည်ဟု ထင်မိသည်။
သူများတွေကငွေကြေးကပ်စီးနည်းပြီး ဆရာကစကားလုံးချွေတာလေ့ရှိ၏။ မရင်းနှီးလျှင်၊ မလိုအပ်လျှင် စကားသိပ်မပြော။ မေးလျှင်တော့ဖြေသည်။ “ပညာရှိဟူသည် မတီးလျှင်မမြည်သောစည်ကြီးနှင့်တူသည်” ဟူ သော ရှေးဆိုရိုးစကားရှိ၏။ ဆရာလည်း “စည်တော်ကြီး” ဖြစ်လိမ့်မည်။ ဟုတ်သားပဲ။ အရှင်နာဂသိန်ကြည့်ပါ လား။ မဟော်သဓာကြည့်ပါလား။ တီးမှမြည်သော”စည်” လိုမေးမှဖြေ။ ပြောခဲ့ပါပြီကော။ ဆရာက သိပံ ္ပသမား၊ လက်တွေ့သမား။ စိတ်သာချ။ ဝိဇ္ဇာမမယ်တွေစိတ်မဝင်စား။ ဆရာစိတ်ဝင်စားသည်က အဆောက်အဦဝိဇ္ဇာပညာ မဟုတ်။ သိပ ္ပံပညာ၊နောက်…..ဆောက်ဖွဲ့ပုံစနစ်(Structure)၊ နောက် ဆောက်လုပ်ခြင်း (contruction)။ ကျွန် တော်တို့ငါးတန်းဗိသာကာကျောင်းသားဘဝတွင် ဆရာ့ထံမှ Advanced Architecutural Construction နှင့် Structure in Architecture ဘာသာရပ်များ ဆည်းပူးလေ့လာခွင့်ရသလို ……။ ခြောက်တန်းတွင် Advanced Architecutural Construction ဘာသာရပ်ကို တစ်ထစ်တက်ပြီးလေ့လာခွင့်ရပါသည်။
(သုံး)
၁၉၈၂၊ ဆောင်းနှင်းတစ်ရက်၊ နံနက်ခင်းတစ်ခု ။ ရန်ကုန် စက်မူတက္ကသိုလ်၊ ဗိသုကာဌာန၏ လူသွားစ င်္ကြံကလေးမှာ ဌာနမှဆရာ၊ ဆရာမများ၊ ဗိသုကာများနှင့် ကျောင်းသား၊ ကျောင်းသူများ မချိန်းဘဲ ဆုံလေ့ဆုံထရှိ ကြသောနေရာကလေး။ ဒီနေရာကလေးမှာပဲ ဆရာကကျွန်တော့်ကိုခလုတ်တိုက်မိလိုက်သလို……။” မင်း..ဘယ် မှာဘာလုပ်နေလဲ”
“ကျွန်တော်ဘယ်မှာမှမလုပ်သေးပါဘူးဆရာ၊ အောင်စာရင်းထွက်တာစောင့်နေပါတယ်။ “
“သမကော”
“………..”
“မင်းငါ့ဆီမှာလုပ်မလား”
“ဟုတ်ကဲ့ လုပ်ပါ့မယ်ဆရာ”
ဆရာအလုပ်ခန့်တာများလွယ်လိုက်တာ။ ကျွန်တော်အလုပ်ရဖို့လည်း လွယ်လိုက်တာ။ ဘယ်မန်နေဂျာ နဲ့မှ မဗျူးလိုက်ရ။ လွယ်လွယ်ကလေးနဲ့ပဲဆရာ့ရဲ့(ကြီးကြီးကျယ်ကျယ်ပြောရရင်) Firm ဆိုပါတော့လေ။ အဲဒီမှာ အပျံသင်စဗိသုကာဌက်ကလေး မောင်ညွှန့်ဝင်းလေးဗိသုကာ(သို့မဟုတ်) အာခီတက်လောကထဲသို့ မဝံ့မရဲခြေ လှမ်းစခဲ့ပါတော့သည်။ ဤသို့ဖြင့် ဆရာ၏ ” ဗိသုကာအရိပ်”အောက်တွင် တစ်ထောက်တစ်နားကွန်းခိုခဲ့ပါသည်။
ဆရာ၏ကထိကနေအိမ် ဧည့်ခန်းဆောင်ကလေးသည် ဆရာနှင့်ကျွန်တော်တို့၏ ဒီဇိုင်းစတူရီယိုအလုပ် ခန်း၊ ဧည့်သည်လာလျှင်ဧည့်ခန်းပေါ့။ ဒီအချိန်က ဆိုဗီယက်ပြန်နွဲ့နွဲ့စန်း၊ ယိုးဒယားပြန်အမာစိန်တို့လို ကျွန်တော် တို့၏ သီးသိန်းမြင့်သည်လည်း အင်္ဂလန်ပြန်ဦးသိန်းမြင့် ဖြစ်နေပြီ။ (ယခု ဆရာ၊ဗိသုကာဌာန)။ ကိုဝင်းအောင်နှင့် ကျွန်တော်ကတော့ ဘယ်နိုင်ငံမှလည်းမရောက်ဖူးသေး၊ တစ်ခုတော့ပြောလျှင်ရသည်။ ကိုဝင်းအောင်က တောင် ငူပြန်၊ ကျွန်တော်ကရွှေတောင်ပြန်။ ထိုစဉ် ဆရာ့တွင်အလုပ်နှစ်ခုရှိသည်။ တစ်ခုကတံလျှပ်တေးသံသွင်း၊ လင်းစ တောင်း(ဗိုလ်တထောင်)နှင့် နောက်တစ်ခုက(မင်းဘူး)ရွှေစက်တော်ဘုရား ပြုပြင်မွမ်းမံခြင်း။ လုပ်ငန်းခွင်အတွေ့ အကြုံရင့်နေပြီဖြစ်သော ကိုဝင်းအောင်နှင့် ဦးသိန်းမြင့်တို့က ကြီးကြပ်သူတာဝန်ယူပြီး ဗိသုကာပေါက်စမောင် ညွှန့်ဝင်းလေးက စက္ကူပေါ်မှာတွင်မျဉ်းကြောင်းများရေးဆွဲရသည်။ စာသင်ခန်းထဲက စက္ကူပေါ်မှာရေးဆွဲခဲ့သော ဆွဲပုံများနှင့်မတူတော့ စိတ်ကူးဆန်းသစ်ရုံ၊ တွေးခေါ်တတ်ရုံသက်သက်မဟုတ်၊ တကယ်ဆောက်မှာ။ ဖြီးဖြန်းလို့ မရ။ ဘယ်လိုဆောက်မလဲ။ ဘာပစ္စည်းသုံးမလဲစဉ်းစားရပြီ။ ကဲ..လာပြီလေ ဆွဲပုံတွေ။ Architectural Drawings, Structural Drawings, working Drawings။ ခုထိ ဆရာဟာဆရာပါပဲ။
အစ်ကိုယ်တော်။ အမတော်နှင့် ရောင်းရင်းအာခီတက်များအပေါ်တွင် ဆရာဦးလှမြင့်၏ကျေးဇူး ဘယ် လောက်ရှိသလဲ ကျွန်တော်မသိနိုင်ပါ။ ကျွန်တော်၏ကိယ်ထည်ပေါ်တွင် ဆရာ့ကျေးဇူးများက ပင်လယ်၊ သမုဒ္ဒ ရာနှင့် တောင်တန်းများစွာ။ ကျွန်တော်ဘယ်လိုဆပ်နိုင်ပါ့မလဲ။ ဆရာ့ကျေးဇူးတွေကို တစ်ဘဝ၊ နှစ်ဘဝ၊ သံသရာ အဆက်ဆက် အကြွေး။


(လေး)
ဆရာ့ကိုပုဇွန်တောင်၊ ရေကျော်သားဟု တစ်ချို့ကထင်၏။ မဟုတ်ပါ။ ခရမ်းသုံးခွဇာတိ။ ရေကျော်အိမ် ကြီးလမ်းတွင်အရွယ်ရောက်လာ။ ရေကျော်မက်သဒစ်ကျောင်း(ယခု၊အထက၃ ဗိုလ်တထောင်) မှဆယ်တန်း အောင်။ ဆေးကျောင်းတက်။ ပြီးမှ ဗိသုကာကျောင်းသား ၁၉၆၂။ BOC ကောလိပ်မှဘွဲ့ရ။ ဆရာကြီး ဦးသာထွန်း၊ ဦးမောင်မောင်၊ ဦးခင်မောင်သင့်၊ ဦးကျော်မင်းတို့သည် ဆရာ၏ဆရာများဖြစ်ခဲ့ကြသည်ဟု ပြောဖူးပါသည်။ အခွင့်အခါသင့်၍ ဆရာ၏ရုပ်ပုံလွှာကို ခပ်ပါးပါးကောက်ကြောင်းရေးခြစ်လိုပါသည်။
A.C Martin ဖူးစာ။ ဆရာ့ရဲ့ မံှုရွှေရည်ပန်းအလှမှာ ဒေါ်ကြင်ကြူတဲ့။ ဆရာဦးလှမြင့်သာမက ကျွန်တော် တို့၏ဆရာ ဒေါက်တာ(ဦး)လွင်အောင်လည်း အေ-စီ-မာတင် ရင်ခုန်သူများအဖွဲ့တွင် ပါခဲ့ဖူးလေသည်။ နှလုံးသား ရှိလျှင်ရင်ခုန်ကြမှာပါပဲ။ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ကြခြင်းမဟုတ်လား။ လှိုင်တက္ကသိုလ်ဝင်း။ ပါရမီလမ်းမ ကြီအတိုင်းဖြတ်သန်းကြည့်လျှင် စိမ်းဖန့်ဖန့်ပင်အိုပင်ပျိုတို့ကြားမှ မော်ဒန်ဗိသုကာလက်ရာဟန် နှစ်ထပ်တိုက်ပု ပြတ်ပြတ်ကလေးများကို စီရရီတွေ့ရပေမည်။ တက္ကသိုလ်ဆရာများအိမ်ရာ။ ဒီ staff Housing ၏ပန်းပျိုးလက် များပိုင်ရှင် အာခီတက် ဒိဇိုင်နာဘယ်သူလဲ။ သိသူရှားပေလိမ့်မည်။ ကျွန်တော်တို့ချစ်တဲ့၊ကျွန်တော်တို့လေးစားရ တဲ့ ဆရာဦးလှမြင့်။ သူ့ရဲ့ဒီဇိုင်း။ သူ့ရဲ့ကြီးကြပ်မူနဲ့ဆောက်ထားတဲ့ ဝန်ထမ်းအိမ်ရာပါ။
အေ-စီ-မာတင်မှဖူးပွင့်လာသော “ရွက်ပုန်းသီး အာခီတက်” ဦးလှမြင့်သည် ၁၉၆၄ မှ ၆၆ထိ၊ Brown. Deltas ans Associates-Architect.U.S.A.I.D.Rangoon Company တွင် Architect –in-charge အဖြစ် New Arts College campas ဆောက်လုပ်ရေးစီမံကိန်းတွင် တာဝန်ယူဆောက်လုပ်ခဲ့လေသည်။ ဆရာသည် အေ-စီ-မာတင်၊ အေ-အိုင်- ဒီ စသည့် ဆောက်လုပ်ရေး Company၊ ဆောက်လုပ်ရေးလောကမှ ပညာရေးလော ကထဲသို့ ခြေစုံပစ်ဝင်လိုက်ပြန်သည်။ ၁၉၈၆၊ ရန်ကုန်စက်မူတက္ကသိုလ်(R.I.T)ဗိသုကာဌာနတွင် တက္ကသိုလ် ကျောင်းဆရာဘဝမှအနားယူခဲ့လေသည်။ သို့သော် ဆရာမှာ တပည့်သံယောဇဉ်၊ ဌာနသံယောဇဉ်၊ ကျောင်းသံ ယောဇဉ် အမျှင်တန်းများတန်းလျက်ရှိနေသေး၏။ ၁၉၉၁မှ ကနေ့အထိ Y.T.U ဗိသုကာဌာနတွင် ဂုဏ်ထူး ဆောင်ကထိကအဖြစ် အာခီတက်ပျိုးပင်များကိုယုယစွာ ပျိုးထောင်ပေးနေသေး၏။
ပီတိကိုစားအားရှိနေသောဆရာများစွာတွင် ဆရာဦးလှမြင့်ကိုထားခဲ့၍၊ ချန်ခဲ့၍မရနိုင်။ ဆရာ ဗိသုကာ ဒီဇိုင်းထုတ်ခဲ့သောဆရာ။ ကြီးကြပ်လုပ်ဆောင်ခဲ့သောဆရာ၊ Structural Design လုပ်ခဲ့သော ဆရာအကြံပြု ပေးခဲ့သောအဆောက်အအုံပေါင်းများစွာရှိရာ ပြောလျှင်တော့ အခန်းဆက်သိုင်းဝတ္ထု၊ သိုင်းရုပ်ရှင်လောက်ရှည် သွားနိုင်၏။ အချို့တစ်ဝက်၊ တစ်စိတ်တစ်ဒေသလောက်သာပြောပါရစေ။
-Recreation Complex သြစတြေးလျသံရုံး၊ ရန်ကုန်။
-ရေကူးကန်နှင့်ကျောင်း။ အင်ဒိုနီးရှားသံရုံး၊ ရန်ကုန်။
-အဝေးသင်တက္ကသိုလ်၊ ရန်ကုန်၏ Structural Design။
-တေးဥယျာဉ်တေးသံသွင်း။ လင်းစဒေါင်း၊ ဗိုလ်တထောင်။
-language lab၊ ကန်ဘဲ့ဆရာအတတ်သင်ကောလိပ်။
-Motel.မူဆယ်။
-သံဃာ့ဆေးရုံ၊ မြောက်ဥက္ကလာပ။
-မာလာမြိုင်အိမ်ရာစီမံကိန်း၊ လှည်းတန်း။
-လူနေအိမ်များ။
-၈၀၀န်းကျင်၊ (ဆရာ….ဥက္ကဋ္ဌလုပ်ခဲ့စဉ်) ဗိသုကာသမလျမ်းလျမ်းတောက်နေသောကာလ၊ ပညာရေးဝန်ကြီးှဌာ နနှင့် သမဝန်ကြီးဌာနတို့မှ အဆောက်အအုံများ။
-honda Car Show Room ပြည်လမ်း။
ဆရာအကြံပေးအဖြစ်လုပ်ခဲ့သော အဆောက်အအုံများလည်းရှိသေး၏။
-အာဇာနည်ဗိမာန်၊ ဗဟန်း။
-မြို့တော်ဟိုတယ်၊ ရှစ်မိုင်၊ ပြည်လမ်း။
-ဇေယျာသီရိဗိမာန်၊ ကုန်းမြင့်သာယာ၊ ပြည်လမ်း။
-မေဟွားခန်းမ..စသည်။
တေးဥယျာဉ်တေးသံသွင်းတွင် Two Way rib slab.precast concrete panel၊ ဇေယျာသီရိဗိမာန်တွင် Space Frame စသော နိုင်ငံတကာအဆင့်မီ ဆောက်လုပ်မူနည်းပညာများကို မိတ်ဆက်ပေးခဲ့သည်။
(ခြောက်)
နေ့လယ် ၁:၀၀ နာရီထိုးပြီ။ ဆရာကသူ၏ဝေဒနာတွေကို ခဏမေ့သွားဟန်ရှိ၏။ ၁၀နာရီလောက်က တည်းက မမောတမ်းပြောနေသည်။ ဆရာဗန်ကောက်မှပြန်လာသည်မှာ ရက်ပိုင်း၊လပိုင်းသာရှိသေးသမို့ သူ၏စကားပွင့်ဝေသီထဲတွင် ဗန်ကောက်၏ဆောက်လပ်ရေးလုပ်ငန်း အခြေအနေ၊ ဗိသုကာပညာရပ်အဆင့်အ တန်း….စတာတွေ။
ကျွန်တော်တို့တပည့်တွေက နားထောင်သမား။ ဆရာ့ကိုနားစေချင်ပြီ။ “ပြန်ကြရအောင်ပေါ့” တစ် ယောက်နှင့်တစ်ယောက် မျက်လုံးခြင်းစကားပြောကြသည်။ ဆရာကတော့ သူ၏ချစ်တပည့်များကို ပြန်စေချင် သေးဟန်မတူ။ ဒီလိုစကားတွေကို ဒီလိုတပည့်တွေကိုသာ ပြောလို့ရသည်မဟုတ်ပါလား။ ဒီတော့လည်းဆရာ့မှာ နားထောင်မယ့်သူလိုတာပေါ့။ ဒါပေမယ့် ပြန်ခွင့်ပြုပါဦး။
ဆရာ …နေဝင်သေးတာမှမဟုတ်ဘဲ။
ကျွန်တော်တို့လည်းဒီလိုပဲ….အရင်လိုပဲ။
ခဏခဏလာခဲ့ပါ့မယ်….ဆရာရယ်။
ပုလဲမဂ္ဂဇင်း၊ အမှတ်(၂၃)၊ ၁၉၉၉

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

မိခင္မ်ား၊ ရင္ေသြးမ်ား၊ အနမ္းမ်ား

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ညွှန့်ဝင်းလေး မှ
August 1, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ဗိသုကာ ဥယ်ာဥ္ႀကီးထဲမွာ ဒႆနပန္းပြင့္ေတြ ေရာင္စံု ပြင့္ဖူးေနပါတယ္။ ဖန္ရွင္ Function သာ အဓိက။ အသြင္သ႑ာန္ (Form) က “ဖန္ရွင္” ေနာက္က လိုက္ရမယ္ဆိုတဲ့ ဒႆနပန္းတစ္ပြင့္ ပြင့္ခဲ့ပါတယ္။ ပြင့္ေ၀ဆဲပါ။ Form Follow Function လို႔ ဆိုပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ေခတ္သစ ္ဗိသုကာလမ္းျပၾကယ္ႀကီး “ဖရင့္လိြဳက္ရုိက္” ကဒီပန္းပြင့္ကို ပြင့္ေ၀ေစခဲ့တယ္။ ဒါေပမဲ့ တကယ့္ “ပန္းပ်ိဳးလက္” က သူ႔ရဲ႕ ဆရာ“လူး၀စ္ဆလီဗင္”ပါ။ တခ်ိဳ႕ကလည္း ဒီဒႆနကို ျငင္းပယ္ၿပီး Function Follow Form လို႔ ဆန္႔က်င္ဘက္လမ္းကို ေလွ်ာက္ပါတယ္။

ဒီလို အယူအဆေတြ၊ ဒႆနေတြ၊ အေတြးအျမင္ေတြကို လြတ္လပ္စြာ ေဆြးေႏြးၾကတာ ျငင္းခံုၾကတာဟာ ဗိသုကာ၊ အႏုပညာရပ္ေတြေပၚ ရင္ခုန္ရတဲ့ “အရသာ”တစ္မ်ိဳးလို႔ ထင္ပါတယ္။ အေတြးအျမင္တူတဲ့အုပ္စု၊ အသိုင္းအ၀ိုင္းတစ္ခုကိုSchool of thought လို႔ ေျပာေလ့ရွိပါတယ္။

အဲသလို ဗိသုကာပညာရပ္ကို ေလ့လာတဲ့အခါ Form နဲ႔ Function ဘယ္ဟာက အဓိက ဦးေဆာင္သင့္တယ္လို႔ ေတြးဆၾကသလို မဂၢဇင္း စာမ်က္ႏွာ ပင္လယ္ျပင္ႀကီးမွာ ပံုသ႑ာန္(Form) နဲ့ အေၾကာင္းအရာ(Content) ဘယ္အရာက ဦးစားေပးသင္႕တယ္ဆိုတဲ႕ ျငင္းဆန္ပြဲ လႈိင္းလံုးႀကီးေတြကလည္း ေငးေမာခဲ႕ၾကဖူးမွာပါ။ စာေပအေရးအသားနဲ့ ႏြယ္တဲ့ “ပံုသဩာန္” နဲ့ “အေၾကာင္းအရာ” ပါ။

“မ်က္စိပသာဒ အႏုသုခုမပညာရပ္” လို့ပဲ ေျပာရမလား၊ Visual art ။ အဲဒီက “အသြင္သ႑ာန္” နဲ႔ “အေၾကာင္းအရာ” ကို အတန္ငယ္ တူးေဖာ္ၾကည္႕ပါရေစ။

ဦးစြာ အျမင္အာရုံ သိစိတ္ကေလး (Sence) ကို အေညႇာက္ေပါက္လာေအာင္ ေမြးျမဴယူရပါတယ္။ အလွတရားကို ခံစားတတ္လာေအာင္ ပ်ိဳးေထာင္ ေလ့က်င္ယူတဲ့သေဘာပါ။ ဒီလိုေလ့က်င့္ယူတဲ့အခါ သိစိတ္ကေလးဟာ တစ္စတစ္စ ဖူးလာ၊ ပြင့္လာပါလိမ့္မယ္။ “အသြင္သ႑ာန္” ေတြကို ၾကည့္တတ္ ျမင္တတ္လာပါမယ္။ တစ္ၿပိဳင္တည္း အသိတရားေလး ကပ္ပါလာမယ္၊ “သတိမူရင္ ျမဴေတာင္ ျမင္ႏိုင္တယ္” ဆိုသလိုေပါ့ ။ ဒီ “သိမႈ” ေလးကို awarences လို႔ ေျပာပါတယ္။ ျမင္တယ္။ သိတယ္။ ၿပီး . . . .ဘယ္လိုခံစားမလဲ . . . ။ How we feel about what we see.

အသြင္သ႑ာန္ form လို႔ေျပာလိုက္တာနဲ႔ ထုနဲ႔ထည္နဲ႔ ကိုယ္လံုး ကိုယ္ထည္နဲ႔ဆိုတာ ျမင္ေယာင္ၿပီးသားပါ။ ျဒပ္ထုပစၥည္း (materials) အေရာင္အႏုအရင့္ (color)၊ ပံုပန္းသ႑ာန္ (shape)၊ ေကာက္ေၾကာင္း (line)၊ ဒီဇိုင္း (design)စတဲ့ အေျခခံ (elements) ေတြပါ၀င္ ပတ္သက္ေနပါတယ္။ ျမင္ျမင္သမွ် အရာရာတိုင္းမွာ “အသြင္သ႑ာန္” ရွိတယ္။ အဲဒီ “အသြင္သ႑ာန္” အားလံုးမွာ “အေၾကာင္းအရာ” သို႔မဟုတ္ စိတ္၊ ၀ိညာဥ္ (spirit) ပူးကပ္ေနျပန္တယ္။

“အေၾကာင္းအရာ” ဟာ ကၽြန္ေတာ္တို႔ သိထားျမင္ထားတဲ့ အသြင္သ႑ာန္ (perception of form) နယ္နိမိတ္စည္းရုိးကို ေက်ာ္ခြစြက္ဖက္ ႏိုင္ပါေသးတယ္။ အႏုပညာလက္ရာဆိုတာ သဘာ၀က်က် realism ျဖစ္ခ်င္လည္းျဖစ္မယ္။ ျဖစ္ခ်င္မွလည္း ျဖစ္ပါမယ္။ ပန္းခ်ီကားထဲက စုတ္ခ်က္ေတြဟာ အႏုသုခုမလက္ရာတစ္ခုပါပဲ။ ျပင္ပက အရာနဲ႔ ေဇာက္ထိေဇာက္ထိုးေတြ၊ ဆန္႔က်င္ဘက္ေတြ ျဖစ္ေနတာလည္း ရွိႏိုင္ပါတယ္။ သိၿပီသား၊ ရင္းႏွီးၿပီးသားေတြကေန မသိေသးတဲ့ အရာေတြမ်ိဳးျဖစ္ႏိုင္ပါတယ္။ သဘာ၀ရဲ႕ ျဒပ္ပစၥည္း (object) ေတြကို တုပ တင္စားမႈမ်ိဳးေတြလည္း ရွိႏိုင္ေသးတယ္။ Visual metaphor လို႔ဆိုတယ္။

အႏုသုခုမ လက္ရာတစ္ခုရဲ႕ “အသြင္သ႑ာန္” လို႔ေျပာတာနဲ႔ အႏုပညာသမားရဲ႕ ေစတနာ(intensior) နဲ႔ အသံုးျပဳတဲ့ ပစၥည္းရဲ႕သေဘာ သဘာ၀ (Character of the materials) ဆိုတာ ပါၿပီးသားပါ။ အႏုပညာသမား“ ပစ္လႊတ္လိုက္တဲ့သူ” . . . .။ လက္ရာ(work) က သတင္းအခ်က္အလက္ ေဆာင္ၾကဥ္းတဲ့ “မီဒီယမ္” ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔က “ပြဲၾကည့္ပရိသတ္”။ လက္ရာကို ၾကည့္တတ္ဖို႔၊ ရႈတတ္ဖို႔က “အေတြ႔အႀကံဳ” မ်ားမ်ား လိုအပ္ပါတယ္။ သီခ်င္းကို နားေထာင္တတ္ဖို႔ ခံစားတတ္ဖို႔ နားေထာင္တဲ့ အေလ့အက်င့္ လိုသလိုေပါ့။ ပန္းခ်ီကား ၾကည့္တတ္ဖို႔၊ ခံစားတတ္ဖို႔လည္း အေတြ႕အႀကံဳ အမ်ားႀကီး လိုပါတယ္။ ဒါ  . . .  ေလ့လာသူ (viewer) ဘက္ကပါ။

လက္ရာရွင္ အႏုပညာသမားကေတာ့ အႏုသုခုမလက္ရာေကာင္းတစ္ခု ၀င္းပလာဖို႔၊ ထင္သေလာက္ မလြယ္ပါဘူး။ ပီပီျပင္ျပင္ အားထုတ္မႈ (effort) လိုတယ္။ ဒါေၾကာင့္ အေမရိကန္ေခတ္ၿပိဳင္ ဂီတဖန္တီးရွင္ “ဂၽြန္ေက့ရွ္” က လူေတြ သီခ်င္းတစ္ပုဒ္နားေထာင္တယ္။ ဒီလို နားေထာင္ဖို႔ဘာမွ လုပ္ဖို႔မလိုဘူး။ လြယ္လြယ္ကေလး ျဖစ္လာတယ္ထင္တယ္။ တကယ္ေတာ့ မဟုတ္ပါဘူး။ သီခ်င္းတစ္ပုဒ္ ေ၀ေ၀ဆာဆာျဖစ္လာဖို႔၊ ေသေသခ်ာခ်ာ ဖြဲ႕ႏြဲ႕သီကံုးရတယ္။ ပန္းခ်ီတစ္ကား ျဖစ္လာဖို႔လည္း ဒီလိုပါပဲ။ ဖြဲ႕ႏြဲ႕ရတယ္။ ေရးဆြဲရတယ္။ Arrange လုပ္တယ္လို႔ သံုးပါတယ္။ အႏုပညာဂုဏ္ေျမာက္ေအာင္ စီမံတာပါပဲ။

လူေတြဟာ ေတာ္ေတာ္ အံ့ၾသဖို႔ေကာင္းပါတယ္။ ျမင္ျမင္သမွ် အသြင္သ႑ာန္(Visual Forms) ေတြကို မွတ္မိတတ္ၾကတယ္။ ၀န္းက်င္မွာ လူေတြရွိတယ္။ တိရစာၦန္ေတြရွိတယ္။ သစ္ပင္ေတြ ရွိတယ္။ အရာ၀တၳဳေတြ ရွိတယ္။ အျဖစ္အပ်က္ေတြရွိတယ္။ “အသြင္သ႑ာန္” ရွိရင္၊ “အေၾကာင္းအရာ”လည္း ရွိစၿမဲပဲ။ “အသြင္သ႑ာန္” ရဲ႕ျဖတ္သန္းလာတဲ့ အေတြ႕အႀကံဳေပၚ မူတည္ၿပီး “အေၾကာင္းအရာ” ကို အဓိပၸါယ္ဖြင့္ဆိုေလ့ရွိပါတယ္။ ရင္းႏွီးၿပီးသား လူတစ္ေယာက္ရဲ႕မ်က္ႏွာကေလး ကိုယ္လံုးကေလး ျမင္လိုက္တာနဲ႔ သိေနသလိုေပါ့။ ဒီအရင္က ျမင္ခဲ့ဖူးတာကိုး။

(သံုး)

သက္ရွိသက္မဲ့၊ လူ သို႔မဟုတ္ ေနရာအခင္းအက်င္း စတာေတြကို သတိမူေလ့လာတဲ့အခါ “အသြင္သ႑ာန္” ေတြရဲ႕စရုိက္သဘာ၀ကို ကြက္ကြက္ကြင္းကြင္းျမင္လာႏိုင္ပါတယ္။  အႏုပညာသမားဟာ သူ အာရုံစိုက္ထားတဲ့ “အေၾကာင္းအရာ”ကို ရုပ္လံုးေဖာ္ဖို႔ “အသြင္သ႑ာန္” ကို ျခယ္မႈန္းတယ္။ ရုပ္လံုးအေၾကာင္းအရာ(subject) ဟာ အႏွစ္သာရပိုင္းအေၾကာင္းအရာ (content) နဲ႔မတူျပန္ပါဘူး။ Subject အတူတူမွာပဲ form ကို ေျပာင္းလိုက္တာနဲ႔ အႏွစ္သာရပိုင္း (content) လံုးလံုးလ်ားလ်ားေျပာင္းသြားႏိုင္တယ္။ ဥပမာအားျဖင့္ ခ်စ္သူမ်ားရဲ႕ ႏွလံုးသားဟာ လူ႔ရဲ႕ “ႏွလံုး”ကို ကိုယ္စားျပဳတယ္။ အခ်စ္သေကၤတကေလးကိုပဲ အနီေရာင္ကတ္ၱီပါေလး ျခယ္သလို လွလွပပေလး လက္ကမ္းရင္ ခ်စ္ျခင္းရဲ႕ အမူအရာသေဘာ။ အႏွစ္သာရ“အေၾကာင္းအရာ”ကေတာ့ အခ်စ္။ ခ်စ္ျခင္း။ Love ။ ဒီ“အခ်စ္သေကၤတ” ကေလးကိုပဲ ခပ္ႏြမ္းႏြမ္းစကၠဴတစ္ရြက္ေပၚမွာ အေရာင္မွိန္ ေရးျခစ္ထားရင္။ စိမ္းညိဳ႕ညိဳ႕ညိဳပုပ္ပုပ္ျခယ္ ထားရင္။ ဘယ္လိုအဓိပၸာယ္ရမလဲ။ မႀကိဳက္ဘူး။ မႏွစ္သက္ဘူးေပါ့။ Content က UGH,hate!

ဒီသေဘာမ်ိဳးပါပဲ။ Subject ကအတူတူဆိုေပမယ့္ Form နဲ႔ content ကြဲလြဲသြားတာေလးေတြ ျပခ်င္ပါေသးတယ္။ ကမၻာေက်ာ္ ပန္းပုဆရာႀကီး “ရုိဒန္” ရဲ႕အနမ္းရုပ္တု(the kiss) ပါပဲ။ “အနမ္း” ခ်င္းမတူေသာ “အနမ္း” ။ “ရုိဒန္” ရဲ႕လက္ရာက နဂိုအရြယ္ (life-size) ထုဆစ္ထားတယ္။ ပုရိသေယာက်ာ္းရုပ္သြင္ရဲ႕ ႀကံ႕ခိုင္မႈ၊ ခန္႔ညားမႈနဲ႔ ဣတိ္ၳလိင္ရဲ႕ ေသးသြယ္ညႊတ္ေျပာင္းမႈကို အားၿပိဳင္ထားပါတယ္။ ခ်စ္သူေတြဟာ ခ်စ္ျခင္းႏွင့္အတူ တစ္ဦးကိုတစ္ဦး ေပြ႔ဖက္ထားတဲ့အခါ ရင္လႈိင္းခတ္သံေတြ ၾကားေနရမယ္။ ကာမဂုဏ္အာရုံေတြ ပြင့္လန္းလာမယ္။ ခ်စ္ျခင္းရဲ႕ခ်ိဳၿမိန္ေသာ အရသာကို တစိမ့္စိမ့္ခံစားၾကရတယ္ဆိုတာ သဘာ၀တရားပါ။ အဲဒီ သဘာ၀အလွတရားကို ပန္းပု အေက်ာ္အေမာ္ႀကီး “ရုိဒန္”က စက်င္ေက်ာက္နဲ႔ ႂကြႂကြရြရြ လွလွပပ ထုဆစ္ထားပါတယ္။

Brancusi  ကေတာ့ “အခ်စ္” ကိုသဘာ၀ အေျချပဳ၀ါဒ (naturalism)ႏွင့္ မတင္ျပပါဘူး။ geometric abstraction လမ္းကို ေရြးခ်ယ္ထားပါတယ္။ ထံုးေက်ာက္နဲ႔ ျဗဳတ္အၾကမ္း အေခ်ာ၊ အေဖာင္း အခ်ိဳင့္၊ မ်ဥ္းေကြး မ်ဥ္းေျဖာင့္၊ အတြန္႔အလိမ္၊ အရြယ္အစား အေသးအႀကီး ပံုေဖာ္ထားတယ္။ ထုဆစ္ခ်က္ နည္းနည္း (minimal cutting)နဲ႔ သေကၤတ ရုပ္လံုးကို ထုနဲ႔ထည္နဲ႔တင္ျပထားပါသည္။

(ေလး)

အခ်ိန္ကာလအမ်ိဳးမ်ိဳး၊ ယဥ္ေက်းမႈအဖံုဖံုမွာ အႏုပညာရွင္ ၾကယ္ပြင့္ေတြ လင္းလက္လာပါတယ္။ အဲသလို ကာလ၊ ေဒသ၊ ယဥ္ေက်းမႈ၊ လူမ်ိဳးဘာသာမတူၾကသလို သူတို႔ရဲ႕ ခံစားမႈနဲ႔တင္ျပပံု တင္ျပနည္းေတြလည္း မတူႏိုင္ၾကပါဘူး။

မိခင္နဲ႔ ရင္ေသြးၾကားမွာ အခ်စ္၊ ေမတၱာ၊ ေစတနာ၊ ေ၀ဒနာ၊ ကရုဏာ၊ အၾကင္နာစတဲ့ attachment ေတြရွိပါတယ္။ သံေယာဇဥ္ေႏွာင္ႀကိဳးေတြနဲ႔ ရစ္ပတ္ႏြယ္ထားတယ္လို႔ ေျပာတတ္ၾကတယ္ မဟုတ္လား။ အဲဒီ မိခင္နဲ႔ ရင္ေသြးကေလးေတြရဲ႕ ေမတၱာဘြဲ႕ပန္းခ်ီကားေတြ၊ ပန္းပုေတြအမ်ားအျပားရွိခဲ့ဖူးတယ္။ ခုလည္း ရွိမွာပဲ။ ေနာင္လည္း . .. .။ subject က မိခင္နဲ႔ရင္ေသြး mother and child ။ ဒီမိခင္နဲ႔ရင္ေသြးကိုပဲ ဖြဲ႕ႏြဲ႕ပံု တူမွာမဟုတ္ပါဘူး။ စိတ္ကူးစိတ္သန္း ေစတနာ၊ ျဖတ္သန္းလာတဲ့ အေတြ႕အႀကံဳေတြအရ သူတို႔နဲ႔ ထင္ဟပ္မႈေတြ ကြာဟေနမွာပါပဲ။

ပန္းခ်ီေက်ာ္ပီကာဆိုရဲ႕ ခေရယြန္ “ဆြဲပံု” ဆက္ကပ္မိသားစုရဲ႕ ပံုမွာ မိခင္ရဲ႕ ညာဘက္လက္ အေနအထားကို အမ်ိဳးမ်ိဳးေရးဆြဲၾကည့္တယ္။မိခင္ရဲ႕ လက္ေခ်ာင္းေတြက ကေလးငယ္ကို ရြရြေလး ေထြးေပြ႕ထားသလို ကေလးငယ္ကလည္း မိခင္ရဲ႕ လက္ေမာင္းကို အသာအယာ ထိေတြ႕ထားတယ္။ လက္ကေလးတစ္ဖက္က မိခင္ရဲ႕ပါးေလး၊ ေမးေလးကို ကိုင္တြယ္လို . . .။ ႏို႔ခ်ိဳစို႔ေနတယ္။ ဒီပံုဟာ မိခင္နဲ႔ ရင္ေသြးၾကား တြယ္ရစ္ေနတဲ့ ခ်စ္ျခင္းေမတၲာကို ရင့္က်ဴးထားတဲ့ ပီကာဆိုရဲ႕ “ကဗ်ာ” တစ္ပုဒ္ပါ။

ပီကာဆိုဟာ အဲသလို သိမ္ေမြ႔တဲ့၊ ေပ်ာ့ေပ်ာင္းတဲ့ ေကာက္ေၾကာင္းေတြနဲ့ Mother and child ကို သီဖြဲ႕ခဲ့သလို၊ မခ်ိတင္ကဲ ေ၀ဒနာနဲ႔ တစာစာ ေအာ္ဟစ္ေနတဲ့ မိခင္နဲ႔အတူ၊ ၀ိညာဥ္ခ်ဳပ္ေနတဲ့ ကေလးငယ္ေလးပံုကိုလည္း Guernica ဆိုတဲ့ ကမၻာေက်ာ္ ပန္းခ်ီကားႀကီးမွာ ေၾကကြဲဖြယ္ ေရးဆြဲ ထားပါေသးတယ္။ ဒီလက္ရာမွာ ပီကာဆိုက လူရဲ႕ ခႏၶာကိုယ္ တည္ေဆာက္ပံုကို ပံုပ်က္ပန္းပ်က္ (abstracted and distorted anatomy) တမင္ ေရးဆြဲထားတယ္။ ပိုၿပီး စိတ္ပ်က္ လႈပ္ရွားဖြယ္ျဖစ္တယ္လို႔ ဆိုၾကတယ္။

ေခတ္ၿပိဳင္အႏုပညာရွင္ Elizabeth catlett ကေတာ့အႏုပညာသမား သို႔မဟုတ္ မိခင္တစ္ေယာက္ရဲ႕ ေဖာ္ထုတ္ျပသခ်က္ (expression) ကိုပန္းပုနဲ႔ျပသထားပါတယ္။ မိခင္ရဲ႕လက္ဟန္အမူအရာ အေနအထားဟာ “ေ၀ဒနာဆိုး” တစ္ခုကို ခံစားေနရသေယာင္ ပံုေဖာ္ထားပါတယ္။ မိခင္ေရာ ကေလးပံုႏွစ္ခုလံုးကို မ်ဥ္းေကြးမ်ားအထားအသို (composition of cures) အားရွိေသာ ေကာက္ေၾကာင္းမ်ား (Bold line)၊ ထုနဲ့ထည္နဲ့ (solid shapes)၊ အက္ဘ္စထရက္(abstract) ထုဆစ္ထားပါတယ္။

အီတလီ“ရီေနဆန္း” ေခတ္ ပန္းခ်ီဆရာ Andrea Mantegna ရဲ႕ခရစ္ေတာ္၏ မယ္ေတာ္ ဗားဂ်င္းမာရီ။ Mantegna ရဲ႕ Madonna မာန္မာနကင္းမဲ့တဲ့ ၊ ႏွိမ္ခ်တဲ့ မ်က္ႏွာမ်ိဳးနဲ႔ပါ။ ခရစ္ေတာ္ကေတာ့ အိပ္ေမာက်ေနတဲ့ ႏို႔စို႔ကေလးအရြယ္ ကေလးပါပဲ။ ကေလးငယ္ကို အႏွီးပိတ္နဲ႔ ေသေသခ်ာခ်ာ ထုပ္ပိုးထားတာဟာ ေသျခင္းတရားရဲ႕သေကၤတ (symbol of death) လို႔ဆိုပါတယ္။

(ငါး)

အသြင္သ႑ာန္(form) ဆိုတာ ဘာလဲ။ ကၽြန္ေတာ္တို႔ အၿမဲ ျမင္ေတြ႕ေနရတဲ့ အရာေတြဟာ “အသြင္သ႑ာန္”ေတြပါပဲ။ အေၾကာင္းအရာ (content) ဆိုတာ ဘာလဲ။ ျမင္တဲ့အရာေတြကို အဓိပၸာယ္ေကာက္ယူထားပါ။ အႏုသုခုမ လက္ရာ “အသြင္သ႑ာန္” ဟာ visual elements လို႔ ေခၚတဲ့ အျမင္အာရုံဆိုင္ရာ အေျခခံပစၥည္းေတြရဲ႕ အက်ိဳးသက္ေရာက္မႈျဖစ္ပါတယ္။ “အေၾကာင္းအရာ” ကေတာ့ အႏုသုခမ လက္ရာရဲ႕ အဓိပၸာယ္ သို႔မဟုတ္ သတင္းအခ်က္အလက္(meaning or message)  ျဖစ္ပါတယ္။ ၾကည့္ရႈသူ၊ ျမင္ရသူ၊ ေလ့လာသူ (viewer) အတြက္ အႏုပညာသမားရဲ႕ “ေဖာ္ထုတ္ျပသမႈ” (expression) ဒါမွမဟုတ္ “ဆက္သြယ္ေရးလမ္းေၾကာင္း” (commonication) လို႔လည္း ေခၚႏိုင္ပါတယ္။ “အေၾကာင္းအရာ” က “ပံုသ႑ာန္” ကို အဆံုးအျဖစ္ ေပးတယ္။ ၿပီးမွ သရုပ္သကန္ ေဖာ္ထုတ္ျပသတယ္။ ဒီႏွစ္ခုကို တစ္ကန္႔စီ ခြဲထားလို႔ေတာ့ မျဖစ္ႏိုင္ပါဘူး။ “အသြင္သ႑ာန္” ေျပာင္းလဲသလို “အေၾကာင္းအရာ” လည္းေျပာင္းလဲႏိုင္ပါတယ္။

unicode ျဖင့္ဖတ္ရန္

မိခင်များ၊ ရင်သွေးများ၊ အနမ်းများ

ဗိသုကာ ဥယျာဉ်ကြီးထဲမှာ ဒဿနပန်းပွင့်တွေ ရောင်စုံ ပွင့်ဖူးနေပါတယ်။ ဖန်ရှင် Function သာ အဓိက။ အသွင်သဏ္ဍာန် (Form) က “ဖန်ရှင်” နောက်က လိုက်ရမယ်ဆိုတဲ့ ဒဿနပန်းတစ်ပွင့် ပွင့်ခဲ့ပါတယ်။ ပွင့်ဝေဆဲပါ။ Form Follow Function လို့ ဆိုပါတယ်။ ကျွန်တော်တို့ရဲ့ ခေတ်သစ ်ဗိသုကာလမ်းပြကြယ်ကြီး “ဖရင့်လွိုက်ရိုက်” ကဒီပန်းပွင့်ကို ပွင့်ဝေစေခဲ့တယ်။ ဒါပေမဲ့ တကယ့် “ပန်းပျိုးလက်” က သူ့ရဲ့ ဆရာ“လူးဝစ်ဆလီဗင်”ပါ။ တချို့ကလည်း ဒီဒဿနကို ငြင်းပယ်ပြီး Function Follow Form လို့ ဆန့်ကျင်ဘက်လမ်းကို လျှောက်ပါတယ်။
ဒီလို အယူအဆတွေ၊ ဒဿနတွေ၊ အတွေးအမြင်တွေကို လွတ်လပ်စွာ ဆွေးနွေးကြတာ ငြင်းခုံကြတာဟာ ဗိသုကာ၊ အနုပညာရပ်တွေပေါ် ရင်ခုန်ရတဲ့ “အရသာ”တစ်မျိုးလို့ ထင်ပါတယ်။ အတွေးအမြင်တူတဲ့အုပ်စု၊ အသိုင်းအဝိုင်းတစ်ခုကိုSchool of thought လို့ ပြောလေ့ရှိပါတယ်။
အဲသလို ဗိသုကာပညာရပ်ကို လေ့လာတဲ့အခါ Form နဲ့ Function ဘယ်ဟာက အဓိက ဦးဆောင်သင့်တယ်လို့ တွေးဆကြသလို မဂ္ဂဇင်း စာမျက်နှာ ပင်လယ်ပြင်ကြီးမှာ ပုံသဏ္ဍာန်(Form) နဲ့ အကြောင်းအရာ(Content) ဘယ်အရာက ဦးစားပေးသင့်တယ်ဆိုတဲ့ ငြင်းဆန်ပွဲ လှိုင်းလုံးကြီးတွေကလည်း ငေးမောခဲ့ကြဖူးမှာပါ။ စာပေအရေးအသားနဲ့ နွယ်တဲ့ “ပုံသဩာန်” နဲ့ “အကြောင်းအရာ” ပါ။
“မျက်စိပသာဒ အနုသုခုမပညာရပ်” လို့ပဲ ပြောရမလား၊ Visual art ။ အဲဒီက “အသွင်သဏ္ဍာန်” နဲ့ “အကြောင်းအရာ” ကို အတန်ငယ် တူးဖော်ကြည့်ပါရစေ။
ဦးစွာ အမြင်အာရုံ သိစိတ်ကလေး (Sence) ကို အညှောက်ပေါက်လာအောင် မွေးမြူယူရပါတယ်။ အလှတရားကို ခံစားတတ်လာအောင် ပျိုးထောင် လေ့ကျင်ယူတဲ့သဘောပါ။ ဒီလိုလေ့ကျင့်ယူတဲ့အခါ သိစိတ်ကလေးဟာ တစ်စတစ်စ ဖူးလာ၊ ပွင့်လာပါလိမ့်မယ်။ “အသွင်သဏ္ဍာန်” တွေကို ကြည့်တတ် မြင်တတ်လာပါမယ်။ တစ်ပြိုင်တည်း အသိတရားလေး ကပ်ပါလာမယ်၊ “သတိမူရင် မြူတောင် မြင်နိုင်တယ်” ဆိုသလိုပေါ့ ။ ဒီ “သိမှု” လေးကို awarences လို့ ပြောပါတယ်။ မြင်တယ်။ သိတယ်။ ပြီး . . . .ဘယ်လိုခံစားမလဲ . . . ။ How we feel about what we see.
အသွင်သဏ္ဍာန် form လို့ပြောလိုက်တာနဲ့ ထုနဲ့ထည်နဲ့ ကိုယ်လုံး ကိုယ်ထည်နဲ့ဆိုတာ မြင်ယောင်ပြီးသားပါ။ ဒြပ်ထုပစ္စည်း (materials) အရောင်အနုအရင့် (color)၊ ပုံပန်းသဏ္ဍာန် (shape)၊ ကောက်ကြောင်း (line)၊ ဒီဇိုင်း (design)စတဲ့ အခြေခံ (elements) တွေပါဝင် ပတ်သက်နေပါတယ်။ မြင်မြင်သမျှ အရာရာတိုင်းမှာ “အသွင်သဏ္ဍာန်” ရှိတယ်။ အဲဒီ “အသွင်သဏ္ဍာန်” အားလုံးမှာ “အကြောင်းအရာ” သို့မဟုတ် စိတ်၊ ဝိညာဉ် (spirit) ပူးကပ်နေပြန်တယ်။
“အကြောင်းအရာ” ဟာ ကျွန်တော်တို့ သိထားမြင်ထားတဲ့ အသွင်သဏ္ဍာန် (perception of form) နယ်နိမိတ်စည်းရိုးကို ကျော်ခွစွက်ဖက် နိုင်ပါသေးတယ်။ အနုပညာလက်ရာဆိုတာ သဘာဝကျကျ realism ဖြစ်ချင်လည်းဖြစ်မယ်။ ဖြစ်ချင်မှလည်း ဖြစ်ပါမယ်။ ပန်းချီကားထဲက စုတ်ချက်တွေဟာ အနုသုခုမလက်ရာတစ်ခုပါပဲ။ ပြင်ပက အရာနဲ့ ဇောက်ထိဇောက်ထိုးတွေ၊ ဆန့်ကျင်ဘက်တွေ ဖြစ်နေတာလည်း ရှိနိုင်ပါတယ်။ သိပြီသား၊ ရင်းနှီးပြီးသားတွေကနေ မသိသေးတဲ့ အရာတွေမျိုးဖြစ်နိုင်ပါတယ်။ သဘာဝရဲ့ ဒြပ်ပစ္စည်း (object) တွေကို တုပ တင်စားမှုမျိုးတွေလည်း ရှိနိုင်သေးတယ်။ Visual metaphor လို့ဆိုတယ်။
အနုသုခုမ လက်ရာတစ်ခုရဲ့ “အသွင်သဏ္ဍာန်” လို့ပြောတာနဲ့ အနုပညာသမားရဲ့ စေတနာ(intensior) နဲ့ အသုံးပြုတဲ့ ပစ္စည်းရဲ့သဘော သဘာ၀ (Character of the materials) ဆိုတာ ပါပြီးသားပါ။ အနုပညာသမား“ ပစ်လွှတ်လိုက်တဲ့သူ” . . . .။ လက်ရာ(work) က သတင်းအချက်အလက် ဆောင်ကြဉ်းတဲ့ “မီဒီယမ်” ဖြစ်ပါတယ်။ ကျွန်တော်တို့က “ပွဲကြည့်ပရိသတ်”။ လက်ရာကို ကြည့်တတ်ဖို့၊ ရှုတတ်ဖို့က “အတွေ့အကြုံ” များများ လိုအပ်ပါတယ်။ သီချင်းကို နားထောင်တတ်ဖို့ ခံစားတတ်ဖို့ နားထောင်တဲ့ အလေ့အကျင့် လိုသလိုပေါ့။ ပန်းချီကား ကြည့်တတ်ဖို့၊ ခံစားတတ်ဖို့လည်း အတွေ့အကြုံ အများကြီး လိုပါတယ်။ ဒါ . . . လေ့လာသူ (viewer) ဘက်ကပါ။
လက်ရာရှင် အနုပညာသမားကတော့ အနုသုခုမလက်ရာကောင်းတစ်ခု ဝင်းပလာဖို့၊ ထင်သလောက် မလွယ်ပါဘူး။ ပီပီပြင်ပြင် အားထုတ်မှု (effort) လိုတယ်။ ဒါကြောင့် အမေရိကန်ခေတ်ပြိုင် ဂီတဖန်တီးရှင် “ဂျွန်ကေ့ရှ်” က လူတွေ သီချင်းတစ်ပုဒ်နားထောင်တယ်။ ဒီလို နားထောင်ဖို့ဘာမှ လုပ်ဖို့မလိုဘူး။ လွယ်လွယ်ကလေး ဖြစ်လာတယ်ထင်တယ်။ တကယ်တော့ မဟုတ်ပါဘူး။ သီချင်းတစ်ပုဒ် ဝေေ၀ဆာဆာဖြစ်လာဖို့၊ သေသေချာချာ ဖွဲ့နွဲ့သီကုံးရတယ်။ ပန်းချီတစ်ကား ဖြစ်လာဖို့လည်း ဒီလိုပါပဲ။ ဖွဲ့နွဲ့ရတယ်။ ရေးဆွဲရတယ်။ Arrange လုပ်တယ်လို့ သုံးပါတယ်။ အနုပညာဂုဏ်မြောက်အောင် စီမံတာပါပဲ။
လူတွေဟာ တော်တော် အံ့သြဖို့ကောင်းပါတယ်။ မြင်မြင်သမျှ အသွင်သဏ္ဍာန်(Visual Forms) တွေကို မှတ်မိတတ်ကြတယ်။ ဝန်းကျင်မှာ လူတွေရှိတယ်။ တိရစ္ဆာန်တွေရှိတယ်။ သစ်ပင်တွေ ရှိတယ်။ အရာဝတ္ထုတွေ ရှိတယ်။ အဖြစ်အပျက်တွေရှိတယ်။ “အသွင်သဏ္ဍာန်” ရှိရင်၊ “အကြောင်းအရာ”လည်း ရှိစမြဲပဲ။ “အသွင်သဏ္ဍာန်” ရဲ့ဖြတ်သန်းလာတဲ့ အတွေ့အကြုံပေါ် မူတည်ပြီး “အကြောင်းအရာ” ကို အဓိပ္ပါယ်ဖွင့်ဆိုလေ့ရှိပါတယ်။ ရင်းနှီးပြီးသား လူတစ်ယောက်ရဲ့မျက်နှာကလေး ကိုယ်လုံးကလေး မြင်လိုက်တာနဲ့ သိနေသလိုပေါ့။ ဒီအရင်က မြင်ခဲ့ဖူးတာကိုး။
(သုံး)
သက်ရှိသက်မဲ့၊ လူ သို့မဟုတ် နေရာအခင်းအကျင်း စတာတွေကို သတိမူလေ့လာတဲ့အခါ “အသွင်သဏ္ဍာန်” တွေရဲ့စရိုက်သဘာဝကို ကွက်ကွက်ကွင်းကွင်းမြင်လာနိုင်ပါတယ်။ အနုပညာသမားဟာ သူ အာရုံစိုက်ထားတဲ့ “အကြောင်းအရာ”ကို ရုပ်လုံးဖော်ဖို့ “အသွင်သဏ္ဍာန်” ကို ခြယ်မှုန်းတယ်။ ရုပ်လုံးအကြောင်းအရာ(subject) ဟာ အနှစ်သာရပိုင်းအကြောင်းအရာ (content) နဲ့မတူပြန်ပါဘူး။ Subject အတူတူမှာပဲ form ကို ပြောင်းလိုက်တာနဲ့ အနှစ်သာရပိုင်း (content) လုံးလုံးလျားလျားပြောင်းသွားနိုင်တယ်။ ဥပမာအားဖြင့် ချစ်သူများရဲ့ နှလုံးသားဟာ လူ့ရဲ့ “နှလုံး”ကို ကိုယ်စားပြုတယ်။ အချစ်သင်္ကေတကလေးကိုပဲ အနီရောင်ကတ်္တီပါလေး ခြယ်သလို လှလှပပလေး လက်ကမ်းရင် ချစ်ခြင်းရဲ့ အမူအရာသဘော။ အနှစ်သာရ“အကြောင်းအရာ”ကတော့ အချစ်။ ချစ်ခြင်း။ Love ။ ဒီ“အချစ်သင်္ကေတ” ကလေးကိုပဲ ခပ်နွမ်းနွမ်းစက္ကူတစ်ရွက်ပေါ်မှာ အရောင်မှိန် ရေးခြစ်ထားရင်။ စိမ်းညို့ညို့ညိုပုပ်ပုပ်ခြယ် ထားရင်။ ဘယ်လိုအဓိပ္ပာယ်ရမလဲ။ မကြိုက်ဘူး။ မနှစ်သက်ဘူးပေါ့။ Content က UGH,hate!
ဒီသဘောမျိုးပါပဲ။ Subject ကအတူတူဆိုပေမယ့် Form နဲ့ content ကွဲလွဲသွားတာလေးတွေ ပြချင်ပါသေးတယ်။ ကမ္ဘာကျော် ပန်းပုဆရာကြီး “ရိုဒန်” ရဲ့အနမ်းရုပ်တု(the kiss) ပါပဲ။ “အနမ်း” ချင်းမတူသော “အနမ်း” ။ “ရိုဒန်” ရဲ့လက်ရာက နဂိုအရွယ် (life-size) ထုဆစ်ထားတယ်။ ပုရိသယောကျာ်းရုပ်သွင်ရဲ့ ကြံ့ခိုင်မှု၊ ခန့်ညားမှုနဲ့ ဣတ္ထိလိင်ရဲ့ သေးသွယ်ညွှတ်ပြောင်းမှုကို အားပြိုင်ထားပါတယ်။ ချစ်သူတွေဟာ ချစ်ခြင်းနှင့်အတူ တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားတဲ့အခါ ရင်လှိုင်းခတ်သံတွေ ကြားနေရမယ်။ ကာမဂုဏ်အာရုံတွေ ပွင့်လန်းလာမယ်။ ချစ်ခြင်းရဲ့ချိုမြိန်သော အရသာကို တစိမ့်စိမ့်ခံစားကြရတယ်ဆိုတာ သဘာဝတရားပါ။ အဲဒီ သဘာဝအလှတရားကို ပန်းပု အကျော်အမော်ကြီး “ရိုဒန်”က စကျင်ကျောက်နဲ့ ကြွကြွရွရွ လှလှပပ ထုဆစ်ထားပါတယ်။
Brancusi ကတော့ “အချစ်” ကိုသဘာ၀ အခြေပြုဝါဒ (naturalism)နှင့် မတင်ပြပါဘူး။ geometric abstraction လမ်းကို ရွေးချယ်ထားပါတယ်။ ထုံးကျောက်နဲ့ ဗြုတ်အကြမ်း အချော၊ အဖောင်း အချိုင့်၊ မျဉ်းကွေး မျဉ်းဖြောင့်၊ အတွန့်အလိမ်၊ အရွယ်အစား အသေးအကြီး ပုံဖော်ထားတယ်။ ထုဆစ်ချက် နည်းနည်း (minimal cutting)နဲ့ သင်္ကေတ ရုပ်လုံးကို ထုနဲ့ထည်နဲ့တင်ပြထားပါသည်။
(လေး)
အချိန်ကာလအမျိုးမျိုး၊ ယဉ်ကျေးမှုအဖုံဖုံမှာ အနုပညာရှင် ကြယ်ပွင့်တွေ လင်းလက်လာပါတယ်။ အဲသလို ကာလ၊ ဒေသ၊ ယဉ်ကျေးမှု၊ လူမျိုးဘာသာမတူကြသလို သူတို့ရဲ့ ခံစားမှုနဲ့တင်ပြပုံ တင်ပြနည်းတွေလည်း မတူနိုင်ကြပါဘူး။
မိခင်နဲ့ ရင်သွေးကြားမှာ အချစ်၊ မေတ္တာ၊ စေတနာ၊ ဝေဒနာ၊ ကရုဏာ၊ အကြင်နာစတဲ့ attachment တွေရှိပါတယ်။ သံယောဇဉ်နှောင်ကြိုးတွေနဲ့ ရစ်ပတ်နွယ်ထားတယ်လို့ ပြောတတ်ကြတယ် မဟုတ်လား။ အဲဒီ မိခင်နဲ့ ရင်သွေးကလေးတွေရဲ့ မေတ္တာဘွဲ့ပန်းချီကားတွေ၊ ပန်းပုတွေအများအပြားရှိခဲ့ဖူးတယ်။ ခုလည်း ရှိမှာပဲ။ နောင်လည်း . .. .။ subject က မိခင်နဲ့ရင်သွေး mother and child ။ ဒီမိခင်နဲ့ရင်သွေးကိုပဲ ဖွဲ့နွဲ့ပုံ တူမှာမဟုတ်ပါဘူး။ စိတ်ကူးစိတ်သန်း စေတနာ၊ ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေအရ သူတို့နဲ့ ထင်ဟပ်မှုတွေ ကွာဟနေမှာပါပဲ။
ပန်းချီကျော်ပီကာဆိုရဲ့ ခရေယွန် “ဆွဲပုံ” ဆက်ကပ်မိသားစုရဲ့ ပုံမှာ မိခင်ရဲ့ ညာဘက်လက် အနေအထားကို အမျိုးမျိုးရေးဆွဲကြည့်တယ်။မိခင်ရဲ့ လက်ချောင်းတွေက ကလေးငယ်ကို ရွရွလေး ထွေးပွေ့ထားသလို ကလေးငယ်ကလည်း မိခင်ရဲ့ လက်မောင်းကို အသာအယာ ထိတွေ့ထားတယ်။ လက်ကလေးတစ်ဖက်က မိခင်ရဲ့ပါးလေး၊ မေးလေးကို ကိုင်တွယ်လို . . .။ နို့ချိုစို့နေတယ်။ ဒီပုံဟာ မိခင်နဲ့ ရင်သွေးကြား တွယ်ရစ်နေတဲ့ ချစ်ခြင်းမေတ္တာကို ရင့်ကျူးထားတဲ့ ပီကာဆိုရဲ့ “ကဗျာ” တစ်ပုဒ်ပါ။
ပီကာဆိုဟာ အဲသလို သိမ်မွေ့တဲ့၊ ပျော့ပျောင်းတဲ့ ကောက်ကြောင်းတွေနဲ့ Mother and child ကို သီဖွဲ့ခဲ့သလို၊ မချိတင်ကဲ ဝေဒနာနဲ့ တစာစာ အော်ဟစ်နေတဲ့ မိခင်နဲ့အတူ၊ ဝိညာဉ်ချုပ်နေတဲ့ ကလေးငယ်လေးပုံကိုလည်း Guernica ဆိုတဲ့ ကမ္ဘာကျော် ပန်းချီကားကြီးမှာ ကြေကွဲဖွယ် ရေးဆွဲ ထားပါသေးတယ်။ ဒီလက်ရာမှာ ပီကာဆိုက လူရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကို ပုံပျက်ပန်းပျက် (abstracted and distorted anatomy) တမင် ရေးဆွဲထားတယ်။ ပိုပြီး စိတ်ပျက် လှုပ်ရှားဖွယ်ဖြစ်တယ်လို့ ဆိုကြတယ်။
ခေတ်ပြိုင်အနုပညာရှင် Elizabeth catlett ကတော့အနုပညာသမား သို့မဟုတ် မိခင်တစ်ယောက်ရဲ့ ဖော်ထုတ်ပြသချက် (expression) ကိုပန်းပုနဲ့ပြသထားပါတယ်။ မိခင်ရဲ့လက်ဟန်အမူအရာ အနေအထားဟာ “ဝေဒနာဆိုး” တစ်ခုကို ခံစားနေရသယောင် ပုံဖော်ထားပါတယ်။ မိခင်ရော ကလေးပုံနှစ်ခုလုံးကို မျဉ်းကွေးများအထားအသို (composition of cures) အားရှိသော ကောက်ကြောင်းများ (Bold line)၊ ထုနဲ့ထည်နဲ့ (solid shapes)၊ အက်ဘ်စထရက်(abstract) ထုဆစ်ထားပါတယ်။
အီတလီ“ရီနေဆန်း” ခေတ် ပန်းချီဆရာ Andrea Mantegna ရဲ့ခရစ်တော်၏ မယ်တော် ဗားဂျင်းမာရီ။ Mantegna ရဲ့ Madonna မာန်မာနကင်းမဲ့တဲ့ ၊ နှိမ်ချတဲ့ မျက်နှာမျိုးနဲ့ပါ။ ခရစ်တော်ကတော့ အိပ်မောကျနေတဲ့ နို့စို့ကလေးအရွယ် ကလေးပါပဲ။ ကလေးငယ်ကို အနှီးပိတ်နဲ့ သေသေချာချာ ထုပ်ပိုးထားတာဟာ သေခြင်းတရားရဲ့သင်္ကေတ (symbol of death) လို့ဆိုပါတယ်။
(ငါး)
အသွင်သဏ္ဍာန်(form) ဆိုတာ ဘာလဲ။ ကျွန်တော်တို့ အမြဲ မြင်တွေ့နေရတဲ့ အရာတွေဟာ “အသွင်သဏ္ဍာန်”တွေပါပဲ။ အကြောင်းအရာ (content) ဆိုတာ ဘာလဲ။ မြင်တဲ့အရာတွေကို အဓိပ္ပာယ်ကောက်ယူထားပါ။ အနုသုခုမ လက်ရာ “အသွင်သဏ္ဍာန်” ဟာ visual elements လို့ ခေါ်တဲ့ အမြင်အာရုံဆိုင်ရာ အခြေခံပစ္စည်းတွေရဲ့ အကျိုးသက်ရောက်မှုဖြစ်ပါတယ်။ “အကြောင်းအရာ” ကတော့ အနုသုခမ လက်ရာရဲ့ အဓိပ္ပာယ် သို့မဟုတ် သတင်းအချက်အလက်(meaning or message) ဖြစ်ပါတယ်။ ကြည့်ရှုသူ၊ မြင်ရသူ၊ လေ့လာသူ (viewer) အတွက် အနုပညာသမားရဲ့ “ဖော်ထုတ်ပြသမှု” (expression) ဒါမှမဟုတ် “ဆက်သွယ်ရေးလမ်းကြောင်း” (commonication) လို့လည်း ခေါ်နိုင်ပါတယ်။ “အကြောင်းအရာ” က “ပုံသဏ္ဍာန်” ကို အဆုံးအဖြစ် ပေးတယ်။ ပြီးမှ သရုပ်သကန် ဖော်ထုတ်ပြသတယ်။ ဒီနှစ်ခုကို တစ်ကန့်စီ ခွဲထားလို့တော့ မဖြစ်နိုင်ပါဘူး။ “အသွင်သဏ္ဍာန်” ပြောင်းလဲသလို “အကြောင်းအရာ” လည်းပြောင်းလဲနိုင်ပါတယ်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း