စာေရးသူ - : ဇင်ယော်နီ

ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဇင်ယော်နီ မှ
November 28, 2020 နေ့
ကျန်းမာရေးနှင့် စီးပွားရေး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…

တစ်နေ့သ၌ ကျွနု်ပ်ထံသို့ ပြည်မြို့မှမခင်မြဆိုသူရောက်ရှိလာလေ၏။ ၄င်းမခင်မြသည် အရေးအကြောင်းရှိလျှင်ရှိသလို ကျွနု်ပ်ထံသို့ ဗေဒင်လာမေးမြဲဖြစ်လေ၏။ ကျွနု်ပ်က “မခင်မြရယ် နီးနီးနားနား ဗေဒင်ဆရာတွေဆီမှာမေးပါလား” ဟုပြောလိုက် လျှင် မခင်မြက ” ကျွန်မတို့ကဗေဒင်လာမေးတာမဟုတ်ဘူးဆရာရဲ့ လူလာမေးတာ၊ ဆရာလည်းတစ်ခါတစ်လေ ဟိုးအဝေးကြီး က ထမင်းဆိုင်ကို သွားပြီးစားတတ်တယ်မဟုတ်လား။ ထမင်းကတော့ဆရာ့အနားလေးမှာလည်း ဆိုင်တွေရှိနေတာပဲ၊ အဲဒါကို ဟိုးအဝေးကြီးကဆိုင်ကိုသွားပြီးစားတယ်ဆိုကတည်းက ထမင်းကိုစားတာမဟုတ်ဘူး ဆိုင်ကိုစားတာဖြစ်သွားပြီလေ လောကကြီး မှာ အဲဒါမျိုးတွေအများကြီးပါဆရာရဲ့။ မော်လမြိုင်ကမိခင်က သူတို့ကလေးကို ပြင်ဦးလွင်မှာ ကျူရှင်သွားထားတာရှိသလို၊ မန္တ လေးကမိဘတွေကလည်း သူတို့ကလေးကို ပြည်မှာလာပြီးကျူရှင်ထားတာတွေလည်းရှိပါတယ်။ အဲဒါလည်းဘာလဲဆိုတော့ ပ ညာချင်းကတော့အတူတူပါပဲ။ ဘယ်ကျူရှင်၊ ဘယ်ကျောင်းဆိုတာ ရွေးချယ်တဲ့သဘောပေါ့ဆရာရယ်။ အခုလည်းကျွန်မတို့က ဗေဒင်ကိုမေးချင်တာမဟုတ်ဘူး။ ဆရာဇင်ယော်နီဆိုတာပြောပြတဲ့စကားကို ကြားချင်လို့လာခဲ့တာဆရာရဲ့” ဟုပြောပြလေတော့ ၏။


ထို့ကြောင့်ကျွနု်ပ်လည်း ” အင်း ကျုပ်ကလည်း မခင်မြပြောတဲ့စကားတွေကိုကြားချင်လို့ ပြည်ကိုလာရမယ့်ပုံပဲ။ ဒါနဲ့ လာ ရင်းကိစ္စကိုပြောစမ်းပါဦး” ဟုမေးလိုက်ရာ မခင်မြက ” ဒီလိုဆရာရယ်၊ ကျွန်မတို့မောင်နှမနှစ်ယောက် ၀ါကျွတ်မှာအိမ်ပြောင်းကြမ လို့ ကျွန်မကမောင်လေးရဲ့အိမ်ကိုပြောင်းမှာ၊ မောင်လေးက ကျွန်မတို့အိမ်ကိုပြောင်းမှာ၊ မောင်နှမနှစ်ယောက်အိမ်အလဲအထပ် လုပ်ပြီး ပြောင်းကြမှာလေဆရာရဲ့၊ အဲ့ဒါကြားဖူးနားတွေဝနဲ့တွက်ကြည့်တော့ နှစ်ယောက်လုံးအတွက်နဂါးလှည့်တွေကမကိုက်ဘူး ဖြစ်နေတယ်။ မပြောင်းလို့ကလည်းမရတော့ဘူးဆရာရဲ့၊ အဲဒါ နဂါးလှည့်အဆင်မပြေတဲ့ကိစ္စ ဒုက္ခမရောက်အောင် ဘာလုပ်ရမလဲ သိချင်လို့ လာခဲ့တာပါ” ဟုပြောပြလေ၏။ ကျွနု်ပ်က “ဟုတ်တာပေါ့ဗျာ ဒါလည်းအရေးကြီးတာပေါ့ ကျုပ်တို့အဘဆရာကြီး မင်းသိ င်္ခပြောသွားတဲ့ နည်းလေးတစ်ခုရှိတယ်ဗျာ။ အဲဒီနည်းလေးကမခင်မြတို့အတွက် တည့်တည့်ကြီးအသုံးဝင်ပါလိမ့်မယ်” ဟုပြော လိုက်လျှင် မခင်မြက “တစ်ခုတော့ရှိတယ်နော်ဆရာ၊ နတ်နဲ့နဂါးမလှည့်စားကောင်းဘူးလို့လဲ ကြားဖူးတယ်။ ကျွန်မတို့က ဘာမှ နားလည်တာမဟုတ်ဘူး။ အဲဒါတော့ကြောက်တယ်ဆရာ နဂါးကိုလှည့်စားတဲ့နည်းများဖြစ်နေမလား” ဟုမေးလေ၏။ ကျွနု်ပ်က စီး ကရက်တစ်လိပ်ကို မီးညှိ၍ရှိုက်ဖွာလိုက်ပြီးသည့်နောက်တွင်မှ

“အဲဒီနဂါးကလည်းဗျာ လူကိုကျတော့ လူကိုဖမ်းစားမယ် ဒုက္ခပေးမယ်၊လူကလှည့်စားတာလေးကျတော့ မခံနိုင်ဘူးဆို တော့ တော်တော်နဂါးပါးဝတာပဲ။ ပြီးတော့ နဂါးပြည်ရောက်သွားတဲ့သူကို သူလုပ်ချင်တာလုပ်မယ်ဆိုတာကတော်ပါသေးတယ်။ လူတွေနေတဲ့နေရာကို နဂါးကအနိုင်ကျင့်တဲ့သဘောဆိုရင်တော့မခံချင်စရာပေပဲဗျ။ ပြီးတော့ နတ်နဲ့နဂါးမလှည့်စားကောင်းဘူးဆို တော့ လူအချင်းချင်းကြတော့ လှည့်စားချင်လှည့်စားခွင့်ရှိတယ်ဆိုတဲ့သဘောပေါ့လေ။” ဟုပြောလိုက်ရာ မခင်မြလည်း မဲ့သလို ပြုံးသလိုဖြစ်လျက် “ပြောပါဆရာရယ် ဘယ်တွေရောက်ကုန်မှန်းလည်းမသိတော့ပါဘူး။ ဆရာတို့ဆရာကြီးသင်ပေးသွားတယ်ဆို တဲ့နည်းကိုသာ ပြောပြလိုက်ပါတော့” ဟု တိုက်တွန်းလေတော့၏။

ထို့ကြောင့် ကျွနု်ပ်က “ဒီလိုပါဗျာ အိမ်ပြောင်းတာတို့၊ ဆိုင် ပြောင်းတာတို့၊ နေရာပြောင်းတာတွေလုပ်တဲ့အခါမှာ ကြာသပတေးသားသမီးတစ်ယောက်ယောက်ကို ပါအောင်ခေါ်သွားရတယ် ဗျ။ ကြာသပတေးဆိုတာကကြွက်လေဗျာ။ ရှေးလူကြီးတွေက ” နဂါးကြီးဗိုက် ကြွက်ကြီးဖောက်” ဆိုပြီး လမ်းညွှန်သွားခဲ့ကြတယ် ဗျ။ နဂါးကဘယ်ဘက်ကိုပဲလှည့်လှည့် ကြွက်ကဖောက်သွားနိုင်တယ်ဆိုတဲ့အယူအဆပေါ့ဗျာ။ အဲဒီတော့ မခင်မြတို့မောင်နှမ လည်း အိမ်ပြောင်းကြတဲ့နေ့ ကြာသပတေးသမီးကိုအပါခေါ်ပြီး နဂါးကြီးဗိုက်ကြွက်ကြီးဖောက်ဆိုတဲ့ထုံးကို အသုံးချကြပေတော့ ဗျို့” ဟုပြောပြလိုက်ရပါလေတော့သတည်း။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

ရွေးကြပါစို့ နံပါတ်တွေ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဇင်ယော်နီ မှ
November 14, 2020 နေ့
ကျန်းမာရေးနှင့် စီးပွားရေး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

တစ်နေ့သ၌ အဘမင်းသိင်္ခသည် တပည့်များနှင့်လက်ဖက်ရည်ဝိုင်းဖွဲ့သောက်ရင်း ဗေဒင်နှင့်ပက်သက်သော ဗဟုသုတ များကို ပြောပြနေလေ၏။ ” တစ်ခါတုန်းကတောက ကျောင်းအုပ်ဆရာကြီးတစ်ယောက်ဟာ ဗေဒင်ဆရာကြီးတစ်ယောက်ဆီကို ဗေဒင် လာမေးတယ်။ အဲဒီဗေဒင်ဆရာကြီးက ခင်ဗျားဘော်လီအင်္ကျီချုပ်စားပါလို့ ရောက်ရောက်ချင်းပြောလိုက်တော့ ကျောင်း အုပ်ဆရာကြီးဟာတရူးရူးနဲ့ဒေါသထွက်ပြီး ကျုပ်ကကျောင်းအုပ်ဆရာကြီးဗျ၊ ဘော်လီအကျင်္ီချုပ်တာနဲ့ဘာဆိုင်လို့လဲ၊ ကျောင်းကိစ္စ ပဲဟောစမ်းပါဗျာ လို့ပြန်ပြောသတဲ့။ ဗေဒင်ဆရာကြီးကတော့ ဘောလီချုပ်စားဖို့ပဲစဉ်းစားပါဗျာ လို့ပဲတွင်တွင်ကြီးပြောနေတော့သ တဲ့။ ဒါနဲ့ ကျောင်းအုပ်ဆရာကြီးလည်း စိတ်ဆိုးမာန်ဆိုးနဲ့ပြန်သွားတော့တာပေါ့။ သိပ်မကြာပါဘူး တန်ဆောင်တိုင်ပွဲတော်ရက် ရောက်လာတယ်။ အဲဒီကျောင်းအုပ်ကြီးရဲ့အိမ်ကမြစ်ကမ်းဘေးမှာ၊ မြစ်ကိုကျောပေးပြီးဆောက်ထားတာ။ ရပ်ရွာထဲကလူရူပ်က လေးတွေဟာ ဘောလီအမြန်ချုပ်သည်ဆိုတဲ့ဆိုင်းဘုတ်ကြီးတစ်ခုကိုဖြုတ်လာကြပြီး ကျောင်းအုပ်ဆရာကြီးရဲ့ မြစ်ဘက်အခြမ်းက အိမ်နံရံမှာ ကပ်ထားလိုက်ကြပါလေရော့ဟေ့။ ရွာတွေကနေ ကောက်စိုက်သမတွေဟာ အဖွဲ့လိုက်၊ အစုလိုက် လှေတွေနဲ့မြို့ကို တက်ပြီးစျေးဝယ်လာကြတယ်။ ကောက်စိုက်သမဆိုတာတွေကလည်း တစ်ယောက်လုပ်ရင်အကုန်ဝိုင်းလုပ်ကြတာကွ။
ကျောင်းအုပ်ကြီးရဲ့အိမ်မှာချိတ်ထားတဲ့ ဘောလီအမြန်ချုပ်သည်ဆိုတဲ့ ဆိုင်းဘုတ်ကိုလည်းမြင်ရော တစ်ယောက်ကစပြီး ဟဲ့ငါတော့ဘော်လီချုပ်ဦးမယ် လို့ပြောလိုက်တော့ အားလုံးကလည်း သူလည်းချုပ်မယ်၊ ငါလည်းချုပ်မယ် ဆိုပြီးဖြစ်ကုန်ပါလေ ရော။ အဲ့ဒီမှာတင် ကောက်စိုက်သမတစ်အုပ်ကြီးဟာ ကျောင်းအုပ်ကြီးရဲ့အိမ်ထဲကိုလက်ပံပင်ဆက်ရက်ကျသလို ဝင်လာကြပြီး ဘောလီတွေသူ့ထက်ငါအပ်ကြပါလေရောဟေ့။ ကျောင်းအုပ်ကြီးကတော်မှာက အိမ်သုံးအပ်ချုပ်စက်ကလေးရှိနေတယ်။ ကျောင်း အုပ်ကြီးက ငါ့ကိုဘာမှတ်နေသလဲ ငါကကျောင်းအုပ်ကြီးဘာညာဆိုပြီး မျက်နှာကြီးရဲပြီး ကောက်စိုက်သမတွေကိုမောင်းထုတ်ပေ မယ့် ကောက်စိုက်သမတွေကတော့ သူတို့ကိုနောက်နေတယ်အောက်မေ့ပြီး တဟီးဟီးတဝါးဝါးနဲ့ ပိုတောင်ဆိုးနေကြသေးတော့ တာပေါ့။ အဲဒီမှာတင် ကျောင်းအုပ်ကြီးကတော်က မိန်းမဆိုတော့ လိုချင်မျက်စိရှိနေတော့လည်း အားလုံးပေါင်းဆယ့်နှစ်ယောက် ဆိုတော့ ဘော်လီဆယ့်နှစ်ထည်ချုပ်ရရင်လည်းဘယ်နည်းမှာလဲ လက်ခံထားလိုက်ပါ လို့ဝင်ပြောပါလေရောဟေ့။

ဒီလိုနဲ့ကျောင်းအုပ်ကြီးကတော်က ဘော်လီတွေကိုလက်ခံပြီးချုပ်ပေးလိုက်တာ အဲဒီလက်ရာကိုသဘောကျလွန်းလို့ဆိုပြီး သတင်းကကြီးသွားပြီး နောက်ထပ်နောက်ထပ် အခြားအခြားသောရွာတွေကကောက်စိုက်သမတွေဟာ လှေတွေထိုးထိုးဆိုက်ကြ ပြီး ဘော်လီတွေတွင်တွင်ကြီးအပ်ကြပါလေရော့ဟေ့။ နေ့ခင်းပိုင်းမှာ ကျောင်းအုပ်ကြီးကတော်တစ်ယောက်ချုပ်ရုံနဲ့တင်မနိုင်တော့ တာနဲ့ ညဘက်တွေဆိုရင် ကျောင်းအုပ်ကြီးကပါလူတွေမမြင်အောင်တံခါးတွေအလုံပိတ်ပြီး ဘော်လီဝင်ချုပ်ရတဲ့ဘဝရောက်သွား တယ်။နောက်ပိုင်းမှာ အပ်ထည်တွေကများသထက်များလာလေတော့ ကျောင်းအုပ်ကြီးခမျာခွင့်ပါယူပြီးဘော်လီချုပ်ရတော့သတဲ့။ နောက်ဆုံးကြတော့ မထူးပါဘူးလေ ဘော်လီချုပ်တဲ့ငွေကအရမ်းကောင်းနေပါတယ်ဆိုပြီး တစ်ခါတည်းအငြိမ်းစားယူပြီး ပေါ်ပေါ် တင်တင် မျက်မှန်ကြီးတကားကားနဲ့ စက်ခုံမှာထိုင်ပြီး ဘောလီချုပ်စားရတဲ့ဘဝကို ရောက်သွားပါတော့သတဲ့ဗျာ။”


ကျွနု်ပ်တို့လည်း လက်ဖက်ရည်ခွက်ကိုယ်စီကိုရှေ့တွင်ချရင်း အဘပြောသမျှကို စိတ်ဝင်တစားဖြင့် နားထောင်မှတ်သား ကြရလေ၏။ ထိုသို့လျှင် မိမိ၀ါသနာပါသောအလုပ်၊ လုပ်ကိုင်သောအလုပ်ကတစ်မျိုး၊ အကျိုးပေးသောအလုပ်ကတခြားဆိုသည် များ မကြာမကြာတွေ့ဖူးကြပေလိမ့်မည်။ လူတစ်ဦးချင်းစီ၏မွေးဖွားသောဇာတာကိန်းခန်းကိုအကြောင်းပြု၍ ထိုသို့လျှင် အကျိုး ပေးသောအလုပ်များကွဲပြားသွားနိုင်သကဲ့သို့ မိမိနေထိုင်သောအိမ်နံပါတ်၊ ခြံနံပါတ်၊ အခန်းနံပါတ်များကိုအကြောင်းပြု၍လည်း အကျိုးပေးထက်သန်သည့်အလုပ်များ ကွဲပြားသွားနိုင်ပေသည်။ သို့ဖြစ်၍ အဘမင်းသိင်္ခထံမှ ကျွနု်ပ်ရရှိခဲ့သော ဗေဒင်ပညာအဝ၀ နှင့် နှစ်ပေါင်း၂ဝရှိလာခဲ့ပြီဖြစ်သော ကျွနု်ပ်၏ဗေဒင်ဆရာဘဝသက်တမ်းမှအတွေ့အကြုံအရပ်ရပ်အား ပေါင်းစပ်ပြီးလျှင် မိတ်ဆွေ တို့မှီတင်းနေထိုင်ရာ အိမ်နံပါတ်၊ ခြံနံပါတ်၊ အခန်းနံပါတ်များအလိုက် အကျိုးပေးထက်သန်နိုင်သောလုပ်ငန်းများအား ရေးသား လိုက်ရပေတော့သတည်း။

၁၊ ၁၀၊ ၁၉၊၂၈၊ ၃၇၊ ၄၆၊ ၅၅၊ ၆၄ စသည်ဖြင့်ပေါင်းလိုက်လျှင် ၁ဂဏန်းရသောအိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် မကြာခဏနေရာပြောင်းရွှေ့ရသောအလုပ်များ၊ ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေးနှင့်ပက်သက်သောအလုပ်များ၊ စာအုပ်စာ တမ်း၊ စာပေနှင့်ပက်သက်သောအလုပ်များ၊ တီထွင်ကြံဆရသောအလုပ်များ၊ မွေးမြူရေး-တိရစ္ဆာန်နှင့်ပက်သက်သောအလုပ်များ၊ အိမ်ခြံမြေဆိုင်ရာအလုပ်များ အကျိုးပေးထက်သန်တတ်ပါသည်။

၂၊ ၁၁၊၂၀၊၂၉ ၊၃၈ ၊၄၇ ၊၅၆ ၊ ၆၅ စသည်ဖြင့်ပေါင်းလိုက်လျှင် ၂ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် အမျိုးသမီးများနှင့်ပက်သက်သောအလုပ်များ၊ ပရဟိတကူညီလှူဒါန်းထောက်ပံ့ရေးအလုပ်များ၊ ငွေရေးကြေးရေးလုပ်ငန်းများ၊ တရားဥပဒေနှင့်ပက်သက်သောလုပ်ငန်းများ၊ အလှအပ၊ အနုပညာနှင့်ပက်သက်သောအလုပ်များ၊ ကုန်သည်ပွဲစားအရောင်းအ ဝယ်အလုပ်များ၊ စာအုပ်စာပေလုပ်ငန်းများ အကျိုးပေးထက်သန်တတ်ပါသည်။

၃၊ ၁၂၊ ၂၁၊ ၃၀၊ ၃၉၊ ၄၈၊ ၅၇၊ ၆၆ စသည်ဖြင့်ပေါင်းလိုက်လျှင် ၃ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် နိုင်ငံခြားနှင့်ကူးသန်းဆက်သွယ်သောအလုပ်များ၊ ကိုယ်ဝန်ဆောင်နှင့်သားဖွားခြင်းဆိုင်ရာလုပ်ငန်းများ၊ အရိုးအကြောကုသခြင်း ဆိုင်ရာအလုပ်များ၊ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ၊ အသီးအနှံနှင့်ပက်သက်သောလုပ်ငန်းများ အကျိုးပေးထက်သန်တတ်ပါ သည်။

၄၊ ၁၃၊ ၂၂၊ ၃၁၊ ၄၀၊ ၄၉၊ ၅၈၊ ၆၇ စသည်ဖြင့်ပေါင်းလိုက်လျှင် ၄ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် ရုံးဌာနများ၊ ရဲစခန်း၊ တရားရုံး၊ ဥပဒေနှင့်ပက်သက်သော၊ အုပ်ချုပ်ရေးနှင့်ပက်သက်သောအလုပ်များ၊ ခွဲစိတ်ကုသမူဆိုင်ရာအလုပ် များ၊ ဓါတုဗေဒဆိုင်ရာအလုပ်များ၊ အပေါင်ဆိုင်ကဲ့သို့သောအလုပ်များ အကျိုးပေးထက်သန်တတ်ပါသည်။

၅၊ ၁၄၊ ၂၃၊ ၃၂၊ ၄၁၊ ၅၀၊ ၅၉၊ ၆၈ စသည်ဖြင့်ပေါင်းလိုက်လျှင် ၅ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင်-ပညာသင်ကြားရေးဆိုင်ရာအလုပ်များ ဘာသာရေးဆိုင်ရာအလုပ်များ၊ စာအုပ်စာပေနှင့်ပက်သက်သောအလုပ်များ၊ ငွေကြေးနှင့် ပက်သက်သော၊ ရတနာပစ္စည်းနှင့်ပက်သက်သောအလုပ်များ၊ အပြောင်းအရွေ့ဝန်ဆောင်မူအလုပ်များ၊ အကျိုးဆောင်အလုပ်များ ညှိနှိုင်းဖျန်ဖြေသောအလုပ်များ၊ အာမခံလုပ်ငန်းများ၊ အရောင်းဆိုင်များ အကျိုးပေးထက်သန်တတ်ပါသည်။

၆၊ ၁၅၊ ၂၄၊ ၃၃၊ ၄၂၊ ၅၁၊ ၆၀၊ ၆၉ စသည်ဖြင့်ပေါင်းလိုက်လျှင် ၆ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင်-အနုပညာဆိုင်ရာအလုပ်များ၊ အလှအပဆိုင်ရာအလုပ်များ၊ သီချင်းဂီတ၊ အသံနှင့်ပက်သက်သောအလုပ်များ၊ ရေထွက်ကုန်၊ အဖျော်ယမကာ၊ ရေနှင့်ပက်သက်သောအလုပ်များ၊ ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေးအလုပ်များ၊ အလှူမင်္ဂလာခန်းမအလှ ဆင်ခြင်းဆိုင်ရာအလုပ်များ အကျိုးပေးထက်သန်တတ်ပါသည်။

၇၊ ၁၆၊ ၂၅၊ ၃၄၊ ၄၃၊ ၅၂၊ ၆၁၊ ၇၀ စသည်ဖြင့်ပေါင်းလိုက်လျှင် ရဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် မော်တော်ကား၊ ယာဉ်ရထား၊ စက်မူဆိုင်ရာအလုပ်များ၊ အားကစားဆိုင်ရာအလုပ်များ၊ ဘာသာရေးဆိုင်ရာအလုပ်များ၊ ကူညီ ကယ်ဆယ်ရေးဆိုင်ရာနှင့်ပရဟိတအလုပ်များ၊ ပင်လယ်ရပ်ခြားနှင့်ပက်သက်သောအလုပ်များ၊ အနုပညာဆိုင်ရာအလုပ်များ၊ ဓါတ်ဆီ၊ ထင်း၊ မီးသွေး၊ လောင်စာနှင့်ပက်သက်သောအလုပ်များ အကျိုးပေးထက်သန်တတ်ပါသည်။

၈၊ ၁၇၊ ၂၆၊ ၃၅၊ ၄၄၊ ၅၃၊ ၆၂၊ ၇၁ စသည်ဖြင့်ပေါင်းလိုက်လျှင် ၈ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် ကျန်းမာရေးနှင့်ကုသရေးဆိုင်ရာလုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်ဖြန့်ချိရောင်းချရေးအလုပ်များ၊ ကျန်းမာရေးစစ်ဆေးစမ်းသပ်ခြင်း အလုပ်များ၊ နိဗ္ဗ္ဗန်ကုန်နှင့်ဘာသာရေးဆိုင်ရာပစ္စည်းအလုပ်များ၊ တရားဥပဒေဆိုင်ရာအလုပ်များ၊ ရှေးဟောင်းပစ္စည်းဆိုင်ရာအလုပ် များ အကျိုးပေးထက်သန်တတ်ပါသည်။

၉၊ ၁၈၊ ၂၇၊ ၃၆၊ ၄၅၊ ၅၄၊ ၆၃၊ ၇၂ စသည်ဖြင့်ပေါင်းလိုက်လျှင် ၉ဂဏန်းရသော အိမ်နံပါတ်၊ အခန်းနံပါတ်၊ ခြံနံပါတ်များတွင် ဘာသာရေးဆိုင်ရာအလုပ်များ၊ ပညာရေးနှင့်သင်ကြားရေးဆိုင်ရာအလုပ်များ၊ ခရီးလှည့်လည်ကူးသန်းသွားလာရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ သက်ကြီးရွယ်အိုများနှင့်ဆိုင်သောအလုပ်များ၊ လျှပ်စစ်မီးအလင်းနှင့်ပက်သက်သောအလုပ်များ၊ ဆက် သွယ်ရေးဆိုင်ရာအလုပ်များ၊ မွေးမြူရေး တိရစ္ဆာန်နှင့်ပက်သက်သောအလုပ်များ၊ လမ်းတံတားဆိုင်ရာအလုပ်များ အကျိုးပေး ထက်သန်တတ်ပါသည်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

ရှေ့မျက်နှာစာ ဂမ္ဘီရပဒေသာ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဇင်ယော်နီ မှ
October 31, 2020 နေ့
ကျန်းမာရေးနှင့် စီးပွားရေး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

တစ်နေ့သ၌ အဘမင်းသိင်္ခနှင့်ကျွနု်ပ်သည် ကန်တော်ကြီးကိုပတ်၍လမ်းလျှောက်နေခဲ့ကြလေ၏။တစ်နေရာသို့အရောက် တွင် အဘသည်အိမ်အိုကြီးတစ်လုံးအားမေးဖြင့်ညွှန်ပြလျှက် “အဲဒီအိမ်မှာ မိန်းမလျာတွေရှိလိမ့်မယ်ကွ” ဟုပြောလေ၏။ တိုက် ဆိုင်စွာပင် ထိုအခိုက် ထိုအိမ်ကြီးအတွင်းမှမိန်းမလျာနှစ်ဦးသည် ကနွဲ့ကလျလျှောက်လှမ်းလျက်ထွက်လာကြပါလေတော့၏။ ကျွနု်ပ်လည်းအလွန်ပင်အံ့သြသွားကာ ” အဘ ဟုတ်လိုက်တာအဘရယ် အဘကအဲဒီအိမ်ကြီးထဲမှာ မိန်းမလျာတွေရှိနေကြလိမ့် မယ်ဆိုတာကို ဘယ်လိုလုပ်ပြီးသိနေတာလဲအဘရဲ့” ဟုမေးမိလျှင် အဘကပြုံးလျှက် ထိုအိမ်ကြီးအရှေ့၏မျက်နှာစာမှ ကုက္ကိုပင် အိုကြီးတစ်ပင်ကို မေးဖြင့်ညွှန်ပြလိုက်ပြန်လေ၏။ ကျွနု်ပ်ကနားမလည်စွာဖြင့် “ဘာလဲအဘရဲ့” ဟုပြန်၍မေးလိုက်မိပြန်လေ၏။ အဘက ” ဒီလိုကွ အဲဒီအိမ်ကြီးရဲ့အရှေ့ကကုက္ကိုပင်ကြီးမှာ နွယ်ပင်တစ်ပင်ပတ်နေတယ်လေကွာ။ အဲဒီလိုပင်စည်ပင်စောက်ရှိတဲ့ အပင်မျိုးကို နွယ်ပင်ကပတ်နေရင် အဖိုကိုအမကပတ်နေတဲ့သဘော၊ အဖိုကိုအမကလွှမ်းမိုးနေတဲ့သဘော သက်ရောက်နေလို့ အဲဒီအိမ်မျိုးမှာမိန်းမလျာတွေနေလေ့ရှိတယ်လို့ ရှေးကဆေးဆရာကြီးဦးထွန်းမြတ်တို့ရဲ့ ဆန်းဟောကွက်တွေရှိဖူးတယ်ကွ” ဟု ပြောပြရာ ကျွနု်ပ်လည်းခေါင်းကို တဆိတ်ဆိတ်ညိတ်လျှက် “သြော် ဒီလိုကိုး ” ဟုရေရွတ်မိလိုက်ရပါလေတော့၏။

ကျွနု်ပ်တို့သည် တရွေ့ရွေ့နှင့်ဆက်လက်လျှောက်လာခဲ့ကြလေ၏။ တစ်နေရာသို့အရောက်တွင် လမ်းဘေးရှိ အုတ်ခုံ လေးတစ်ခုပေါ်တွင်ထိုင်၍နားကြရင်း ဆရာတပည့်နှစ်ယောက်သား ဆေးလိပ်သောက်ကြလေ၏။ အဘကငါးသုံးလုံးစီးကရက်ကို သောက်လေ၏။ ကျွနု်ပ်ကရွှေပြည်စိုးဆေးပေါ့လိပ်ကိုဖွာလေ၏။ “တစ်ချို့ကဆေးလိပ်သောက်ရင်အမောမခံနိုင်ဘူးလို့ပြောကြ တယ်။ ငါတို့ကကျတော့ အမောဖြေတဲ့အနေနဲ့ ဆေးလိပ်သောက်နေကြပါလား။ ဒါဖြင့် ဆေးလိပ်သောက်ခြင်းကမောစေတာလား အမောပြေစေတာလားကွာ” ဟုအဘကမေးလိုက်လျှင် ကျွနု်ပ်က “မစဉ်းစားမိပါဘူးအဘရယ်၊ အဘပဲပေါက်ပေါက်ရှာရှာတွေးမိ တယ်။” ဟုပြန်၍ပြောလိုက်ရာ အဘကရယ်လေ၏။ ထို့နောက်တွင်မှ “အဲလိုအမြင်မတူတဲ့နှစ်ယောက်ငြင်းကြရင်ရန်ထသတ်တာ ပဲအဖတ်တင်လိမ့်မယ်။ နှစ်ယောက်လုံးကတော့ကိုယ်အမှန်လို့ပဲ ယူဆထားကြမှာပဲလေ။ အဲဒါဟာ တကယ့်အမှန်တရားကသတ် သတ်၊ တစ်ဦးချင်းဆီရဲ့အမှန်တရားကသတ်သတ်ဖြစ်နေတယ်။ အဲ့သလိုတစ်ဦးချင်းဆီရဲ့၊ တစ်ဖွဲ့ချင်းဆီရဲ့၊ တစ်နိုင်ငံချင်းဆီရဲ့ ပု ဂ္ဂလိကအမှန်တရားတွေကြောင့်ပဲ တစ်နိုင်ငံနဲ့တစ်နိုင်ငံလည်းစစ်တွေဖြစ်ကြတယ်။ ကမ္ဘာစစ်ကြီးတွေတောင်ဖြစ်ခဲ့တယ်။ တကယ် ကတော့ နှစ်ဘက်လုံးမှန်နေကြတာကိုက မှားနေပြီကိုယ့်လူရေ ” ဟုပြောလေရာကျွနု်ပ်လည်း “အဘပဲပေါက်ပေါက်ရှာရှာ ကျွန် တော်ဖြင့်မတွေးမိပါဘူး အဘရယ်” ဟုသာပြန်ပြောလိုက်မိပါလေတော့၏။ ထိုအခိုက်မှာပင်အဘသည် မျက်စောင်းထိုးခပ်လှမ်း လှမ်းရှိ အိမ်တစ်အိမ်အားလှမ်း၍ မေးဖြင့်ညွှန်ပြကာ “အဲဒီအိမ်ကအိမ်သားတစ်ယောက်မှာ နှာခေါင်းမှာမှဲ့တို့အမှတ်တို့ရှိတတ် တယ်ကွ။” ဟုပြန်ပြောလေ၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအိမ်အတွင်းမှမိန်းမတစ်ဦးသည် စျေးခြင်းတောင်းကလေးကိုဆွဲလျက် ကျွနု်ပ်တို့ရှိရာဘက်သို့ တစ်လှမ်းခြင်းလျှောက်လာလေ၏။ ကျွနု်ပ်သည်ထိုအမျိုးသမီးက မသိမသာအသေအချာကြည့်ရင်း တအံ့ တသြဖြစ်သွားရပြန်လေ၏။ ထိုအမျိုးသမီး၏နှာခေါင်းတွင်မှဲ့နက်ကြီးတစ်လုံးသည်ထင်ထင်ရှားရှားပင်ရှိနေလေ၏။


ကျွနု်ပ်က “အံ့သြစရာကောင်းလိုက်တာအဘရယ်။ အဲဒီအိမ်ကထွက်လာတဲ့မိန်းမရဲ့နှာခေါင်းပေါ်မှာ မှဲ့ကြီးမှအကြီးကြီးပဲ အဘရဲ့။ အဘဘယ်လိုလုပ်ပြီးသိတာလဲ” ဟုမေးလိုက်မိလျှင် အဘကပြုံးလျက် “ဒီလိုကွ နှာခေါင်းမှာထူးထူးခြားခြားမှဲ့တို့အမှတ် တို့ပါတဲ့လူတွေဟာ ရေတွင်းရေကန်၊ မြစ်ချောင်းတွေကို မျက်နှာမူထားတဲ့အိမ်မျိုးမှာနေရတတ်တယ်ကွ။ အဲဒီအိမ်ရှေ့မှာ ဧရာမ ရေကန်ကြီးတစ်ကန် ထူးထူးခြားခြားရှိနေလေတော့ဒီအိမ်ကအိမ်သူအိမ်သားတွေမှာလည်း နှာခေါင်းမှာမှဲ့တွေ အမှတ်တွေပါနိုင် တယ်လို့ ကောက်ယူလိုက်တာပါကွာ” ဟုပြောပြလေ၏။ ကျွနု်ပ်လည်း “သြော် ဒီလိုကိုး” ဟုရေရွတ်မိပြန်လေတော့၏။ ဤသို့ဖြင့် လျှင် ကျွနု်ပ်တို့အဘမင်းသိင်္ခ၏တပည့်များသည် အဘနှင့်အတူနေထိုင်ခဲ့ကြရင်း အဘထံမှဗေဒင်ပညာရပ်များသာမက အထွေ ထွေသောဗဟုသုတများမှတ်သားဖွယ်ရာများကို နာရီနှင့်အမျှကြားရ၊ မှတ်သားခဲ့ကြရပါလေ၏။ မိမိတို့အိမ်များ၊ အလုပ်ခန်းများ၊ ရုံးခန်းများတွင် ရှေ့မျက်နှာစာတန်းသည် လွန်စွာမှအရေးကြီးလေ၏။ မိမိတို့၏အင်္ဂလိပ်မွေးရပ်ဂဏန်းကိုလိုက်၍ ရှေ့မျက်နှာစာ ပိုင်းတွင်ထားရှိသင့်သောအရာများလည်း ရှိပါလေ၏။ သို့ဖြစ်ပါသောကြောင့် မိတ်ဆွေတို့၏ ကျန်းမာရေး၊ ချမ်းသာရေး၊ အောင် မြင်ရေးတို့အတွက် အထောက်အကူဖြစ်စေအံ့သောဌာ အောက်ပါအတိုင်းရေးသားလိုက်ရပါပေသတည်း။

မည်သည့်အင်္ဂလိပ်လတွင်မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်တွင်မွေးဖွားသူများသည် ရှေ့မျက်နှာစာတွင် နေကြာပင်ကိုနိမိတ် ကောင်းယူလျက် စိုက်ပျိုးထားသင့်ပါသည်။ အဝါရောင်၊ ရွှေရောင်မီးပုံး၊ မီးအိမ်အလှများချိတ်ဆွဲထားသင့်ပါသည်။ နေမင်းတံဆိပ် ကိုထားရှိသင့်ပါသည်။

မည်သည့်အင်္ဂလိပ်လတွင်မဆို ၂၊ ၁၁၊ ၂၀၊ ၂၉ ရက်တွင်မွေးဖွားသူများသည် ရှေ့မျက်နှာစာတွင် အဖြူရောင်၊ ငွေရောင် မီးပုံး၊ မီးအိမ်အလှများ ချိတ်ဆွဲထားသင့်ပါသည်။ ညမွှေးပန်းပင်ကို နိမိတ်ကောင်းယူလျက်ချိတ်ဆွဲထားသင့်ပါသည်။ လမင်းတံ ဆိပ်ကိုထားရှိသင့်ပါသည်။
မည်သည့်အင်္ဂလိပ်လတွင်မဆို ၃၊ ၁၂၊ ၂၁၊ ၃၀ ရက်တွင်မွေးဖွားသူများသည် ရှေ့မျက်နှာစာတွင်နီညိုရောင်၊ ခရမ်းရောင် မီးပုံး၊ မီးအိမ်အလှများ ချိတ်ဆွဲထားသင့်ပါသည်။ ကျေးဌက်များအတွက် စပါးတွဲများ ဌက်အိမ်များကို နိမိတ်ကောင်းယူလျက်ချိတ် ဆွဲထားသင့်ပါသည်။ တြိဂံတံဆိပ်၊ စကြာတံဆိပ်ကိုထားရှိသင့်ပါသည်။

မည်သည့်အင်္ဂလိပ်လတွင်မဆို ၄၊ ၁၃၊ ၂၂၊ ၃၁ ရက်တွင်မွေးဖွားသူများသည် ရှေ့မျက်နှာစာတွင် နေကြာပင်ကိုနိမိတ် ကောင်းယူလျက် စိုက်ပျိုးထားသင့်ပါသည်။ အဝါရောင်၊ ရွှေရောင်မီးပုံး၊ မီးအိမ်အလှများချိတ်ဆွဲထားသင့်ပါသည်။ တက်သစ်စ နေဝန်းတံဆိပ်၊ စတုရန်းပုံစံတံဆိပ်ကိုထားရှိသင့်ပါသည်။

မည်သည့်အင်္ဂလိပ်လတွင်မဆို ၅၊ ၁၄၊ ၂၃ ရက်တွင်မွေးဖွားသူများသည် ရှေ့မျက်နှာစာတွင် အဖြူရောင်၊ ငွေရောင်နှင့် ငါးထောင့်ကြယ်ပုံသဏ္ဍန်မီးပုံး၊ မီးအိမ်အလှများချိတ်ဆွဲထားသင့်ပါသည်။ ငါးထောင့်ကြယ်တံဆိပ်ကိုထားရှိသင့်ပါသည်။

မည်သည့်အင်္ဂလိပ်လတွင်မဆို ၆၊ ၁၅၊ ၂၄ ရက်တွင်မွေးဖွားသူများသည် ရှေ့မျက်နှာစာတွင် အပြာရောင်၊ ပန်းရောင်မီးပုံး မီးအိမ်အလှများချိတ်ဆွဲထားသင့်ပါသည်။ ရေတံခွန်၊ရေကန်၊ ချစ်ခြင်းမေတ္တာနှင့်ပက်သက်သောသင်္ကေတများနှင့် ခြောက်ထောင့် ကြယ်တံဆိပ်ကို ထားရှိသင့်ပါသည်။

မည်သည့်အင်္ဂလိပ်လတွင်မဆို ၇၊ ၁၆၊ ၂၅ ရက်တွင်မွေးဖွားသူများသည် ရှေ့မျက်နှာစာတွင် အဖြူရောင်၊ငွေရောင်မီးပုံး၊ မီးအိမ်အလှများချိတ်ဆွဲထားသင့်ပါသည်။ ဘာသာရေးနှင့်ဂမ္ဘီရဆိုင်ရာအမှတ်တံဆိပ်များ၊ ပိရမစ်ပုံ စသည်တို့ကိုထားရှိသင့်ပါ သည်။

မည်သည့်အင်္ဂလိပ်လတွင်မဆို ၈၊ ၁၇၊ ၂၆ ရက်တွင်မွေးဖွားသူများသည် ရှေ့မျက်နှာစာတွင် ခရမ်းရောင်နှင့် ရှစ်ထောင့် ကြယ်ပုံသဏ္ဍန်မီးပုံး၊ မီးအိမ်အလှများချိတ်ဆွဲထားသင့်ပါသည်။ ရှေးဟောင်းအငွေ့အသက်ပါသော ပစ္စည်းများကိုထားရှိသင့်ပါ သည်။

မည်သည့်အင်္ဂလိပ်လတွင်မဆို ၉၊ ၁၈၊ ၂၇ ရက်တွင်မွေးဖွားသူများသည် ရှေ့မျက်နှာစာတွင် အနီရောင်၊ ကြက်သွေး ရောင်မီးပုံး၊ မီးအိမ်အလှများချိတ်ဆွဲထားသင့်ပါသည်။ ဘာသာရေးနှင့်ဂမ္ဘီရဆိုင်ရာအမှတ်တံဆိပ်များကို ထားရှိသင့်ပါသည်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း