Glass Film များအကြောင်းတစေ့တစောင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
April 4, 2020 နေ့
ဆောင်းပါး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

၂၁ရာစုရဲ့ဗိသုကာလက်ရာများမှာ မှန်များကို ထည့်သွင်းအသုံးပြုခြင်းက နေရာယူလို့နေပါတယ်။ မှန်များကို အသုံးပြုခြင်းဟာ သဘာဝနေရောင်ခြည်ကိုရရှိစေပြီး စွမ်းအင်ချွေတာ သုံးစွဲနိုင်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအတွက် အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ မှန်များကို အိမ်ရဲ့အတွင်းပိုင်းသာမက အပြင်နေရာများမှာ တပ်ဆင်လာတာကိုလည်း တွေ့ရပါတယ်။ လူနေအိမ်များ မှာမှန်ကိုအလှဆင် ရန်နှင့်ခြံဝင်းမှာရှိတဲ့ Landscaping သို့ ပတ်ဝန်းကျင်ရဲ့ အလှတရားကိုခံစားဖို့ မှန်များ တပ်ဆင်အသုံးပြုလာကြပါတယ်။ မှန်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့အတွက် ဒီတစ်ပတ်မှာတော့ စာဖတ်ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီပစ္စည်းလေးကတော့ Glass Film ဖြစ်ပါတယ်။ အချို့ရုံးခန်းကြီးများမှာတော့ အခန်းရဲ့ ဖွဲ့စည်းမှုအတွက်မှန်ကိုအသုံးပြုကြပါတယ်။ သို့ပေမဲ့ ဧည့်သည်နှင့်စကားပြောသည့် နေရာများ(သို့) ငွေပေးချေမှုနှင့်အရေးကြီး ကိစ္စများပြုလုပ်မည့် အခန်းများကို မှန်နှင့်ဖွဲ့စည်းမည် ဆိုလျှင်တော့ လုံခြုံမှုရှိစေဖို့အတွက် glass filmများကို အသုံးပြုသင့်ပါတယ်။ glass film မျာက မှန်ရဲ့ကြံခိုင်မှုကို ပိုမို ပံ့ပိုးပေးသည့် sticker အလွှားပါးများဖြစ်ပါတယ်။ သီးသန့်ကော် ထပ်သုံးစရာမလိုတဲ့အတွက် အသုံးပြုရာမှာ လွယ်ကူအဆင်ပြေစေပါတယ်။


3M Glass Film
Glass Film သည် လူအရေးပြားကိုထိခိုက်စေသည့် ခရမ်းလွန်ရောင်ခြည်ဝင်ရောက်မှုကို ၉၀% ကာကွယ်ပေးပြီး အခန်း၏ အတွင်းတွင်ရှိသောလိုက်ကာနှင့် ပရိဘောဂများအရောင်ပြောင်းခြင်းမှလည်း ကင်းဝေးစေပါတယ်။ ပြင်ပမြင်ကွင်းကို ကာကွယ်ပေးထားတာကြောင့် လုံခြုံရေးကိုလည်း စိတ်ချစေနိုင်ပါတယ်။


မှန်ကွဲသွားတဲ့အခါ ထပ်ဆင့်ထိခိုက်မှုဖြစ်စေသည့် အခြေအနေမှ ကာကွယ်ပေးပါတယ်။ glass film၏ မျက်နှာပြင်အပေါ်ယံတွင် Anti Scratch အလွှာရှိတာ ကြောင့် ခြစ်ရာမထင်စေဘဲ အညစ်အကြေးများကိုလည်း လွယ်ကူစွာသန့်စင်နိုင်ပါတယ်။ ကိုရီးယားနိုင်ငံမှထုတ်လုပ်ပြီး အရွယ်အစားအားဖြင့် (4’x98’, 4’ x 164’) တို့ရနိုင်ပါတယ်။


Decoration Film
ယခုခေတ်အချိန်အခါမှာ ယှဉ်ပြိုင်မှုများတဲ့ ဈေးကွက်မှာ နေရာတစ်ခုရယူဖို့ ရုံးခန်းများ၊ အရောင်းပြခန်းများ၊ café များဟာ သူများနှင့်မတူဘဲ ပိုမိုထူးခြားနေအောင် အလှဆင်လာကြပါသည်။ interior designer များရဲ့ ဒီဇိုင်းများကို Decoration Film များနှင့် ပေါင်းစပ်လိုက်လျှင်တော့ လှပဆန်းသစ်မှုကို ခံစားရစေမှာဖြစ်ပါတယ်။
Decoration Filmသည် တစ်ကမ္ဘာလုံးတွင် ကျော်ကြားနေသည့် နည်းပညာပိုင်းဆိုင်ရာ အသိမှတ်ပြုခံထားရသော 3M အမှတ်တံဆိပ်ဖြစ်ပါတယ်။ Wood Design Film ကို အသုံးပြုခြင်းဖြင့် Furniture များပြုလုပ်ရာတွင် လျင်မြန်လွယ်ကူခြင်း၊ Celling များအား Wood Texture ပြုလုပ်ရာတွင် Polish ဆေးအသုံးပြုရန် မလိုခြင်းကြောင့် အချိန် ကုန်သက်သာခြင်းနှင့် အနံ့အသက်ကင်းခြင်း၊ Leather Design၊ Metal Design အစရှိသဖြင့် design အများအပြားရွေးချယ်နိုင်တယ်။


ဒါ့အပြင် အခန်းတွင်းလေထုညစ်ညမ်းမှုကို မဖြစ်စေဘဲ လူသားနှင့် ပတ်ဝန်းကျင်အကျိုးပြုပစ္စည်းဖြစ်သည့်အတွက် စိတ်ချယုံကြည်စွာသုံးစွဲနိုင်ပါတယ်။ ညစ်ပေသွား သောအခါ ရေစိုဝတ်နှင့်တိုက်၍ အလွယ်တကူသန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။
Interior Film ရဲ့ အားသာချက်ကတော့ သင့်တင့်မျှတသောဈေးနှုန်း၊ လျင်မြန်လွယ်ကူသောအသုံးပြုနည်း၊ နူူူးညံ့သော သစ်သားပုံ ဒီဇိုင်းမှစ၍ Metal ခံစားချက်အထိပါပေးစွမ်းနိုင်သည့် ဒီဇိုင်းစုံသောအလှပစ္စည်းဖြစ်ပါတယ်။ ကိုရီယားနိုင်ငံမှထုတ်လုပ်ပြီး အရွယ်အစားအားဖြင့် ( 4’ x 164’ ) တို့ရရှိနိုင်ပါတယ်။


3M Safety Glass Film ]
သဘာဝဘေးဆိုတာ လူသားတို့မဖိတ်ခေါ်ဘဲ ရောက်လာတတ်သည် မဟုတ်ပါလား။ မှန်များကို နှစ်ခြိုက်သူများအနေနဲ့ ဒီအချက်ကနေ ကာကွယ်နိုင်ဖို့ အတွက်လည်း safety glass film နဲ့ထပ်ပြီး မိတ်ဆက်ပေးချင်ပါတယ်။ မှန်အပေါ်မှာထပ်မံကပ်ရတဲ့ sticker အမျိုးအစား film ဖြစ်ပြီး texture မပါတဲ့ အကြည်ရောင် Film များပဲဖြစ်ပါတယ်။


Safety Glass Film က မှန်ကွဲသွားသောအခါ မှန်စများ ပြန့်ကျဲခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် မှန်ကိုအလွယ်တကူ ထုခွဲဖျက်ဆီးမရနိုင်သောကြောင့် အကောင်းဆုံးသော ခုခံကာကွယ်မှုစနစ်အနေဖြင့် လုံခြုံရေးအတွက် အထူးကောင်းမွန်သော ပစ္စည်း ဖြစ်ပါတယ်။


မှန်တွင် စွဲမြဲစွာကပ်နေပြီး မှန်ကွဲစများကို ထိန်းပေးသောကြောင့် လူကိုထိခိုက်ခြင်းမှလည်း ကင်းဝေးစေနိုင်ပါတယ်။ ငလျင်၊ မုန်တိုင်းဒဏ်နှင့် ရာဇဝတ်မှုများအတွက် ကာကွယ်ပေးနိုင်ပြီး စိတ်ချရတဲ့ပစ္စည်းဖြစ်ပါတယ်။ ကိုရီယားနိုင်ငံမှ ထုတ်လုပ်ပြီး စိတ်ချရတဲ့ပစည်းဖြစ်ပါတယ်။ ကိုရီယားနိုင်ငံမှ ထုတ်လုပ်ပြီးအရွယ်အစားအားဖြင့် (5.65’ x 100’ ) တို့ရရှိနိုင်ပါတယ်။ စာဖတ်ပရိသတ်ကြီးလည်း မိမိအိမ်အတွက် သင့်တော်မယ့်အမျိုးအစားကိုစိတ်ကြိုက်ရွေးချယ်အလှဆင်ရင်းစိတ်ချမ်းသာနိုင်ကြပါစေ၊ ဤ ဆောင်ပါးအတွက်လိုအပ်သော အချက်များကို Myanmar Living Construction & Decoration မှ ပံ့ပိုးကူညီပေးထားပါသည်။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

တိုက်ခန်းတွင် နေထိုင်သူများအတွက် ကြိုတင်သတိထားကာကွယ်သင့်သည့်အချက်များ

တိုက်ခန်းတွင် နေထိုင်သူများအတွက် ကြိုတင်သတိထားကာကွယ်သင့်သည့်အချက်များ

မိမိတို့၏ နေအိမ်အလှကို ဖျက်ဆီးနေသောအရာဝတ္ထု(၉)ခု

မိမိတို့၏ နေအိမ်အလှကို ဖျက်ဆီးနေသောအရာဝတ္ထု(၉)ခု

အိမ်မှနေပြီး အလုပ်လုပ်ဖို့အတွက်  နည်းလမ်းကောင်းများ (၃)

အိမ်မှနေပြီး အလုပ်လုပ်ဖို့အတွက် နည်းလမ်းကောင်းများ (၃)

အိမ်မှအလုပ်လုပ်ဖို့အတွက် နည်းလမ်းကောင်းများ (၂)

အိမ်မှအလုပ်လုပ်ဖို့အတွက် နည်းလမ်းကောင်းများ (၂)