အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
October 24, 2020 နေ့
ဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ရှေးနှစ်ပေါင်းများစွာကတည်းက ငါးမွေးမြူခြင်းသည် စီးပွားလာဘ်လာဘကောင်းသည်ဟု ယုံကြည်လာခဲ့ကြပါသည်။ ယနေ့ခေတ်တွင် အလှမွေးငါးမွေးမြူးခြင်းသည် ပိုမိုတွင်ကျယ်လာသည်ဖြစ်ရာ အလှမွေးငါးကန်ကို အိမ်၏မည့်သည့်အရပ်၊ မည်သည့်နေရာတွင်ထားရှိပါက ငွေကြေးနှင့်စီးပွားကောင်းခြင်းကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း Myanmar Home & Decor Magazine မှ ယခုဆောင်းပါးဖြင့် တင်ဆက်ဖော်ပြလိုက်ပါသည်။
ဦးစွာပဏာမရှင်းပြလိုသည်က အလှမွေးငါးကန်များသည်အများအားဖြင့် လှပခြင်းနှင့်အတူ ရေကန်ဖြစ်ခြင်းကြောင့် အေးချမ်းခြင်းကိုပေးစွမ်းပါသည်။ ရေသည် ငွေကံကောင်းခြင်းအတွက် ဖိတ်ခေါ်ပေးသည် ဟု ရှေးခေတ်ဖုန်းရွှေပညာရှင်များက သတ်မှတ်ကြပါသည်။ အလှမွေးငါးကန်ကို အိမ်တွင်ထားရှိသည့်အခါ နေရာမှန်စွာထားရှိတတ်ရန်လိုအပ်ပါသည်။ သို့မှသာ ̏ချိ” ဓာတ်ဖြစ်သော ချမ်းသာခြင်းကို ရရှိနိုင်ပါလိမ့်မည်။

photo credit : Internet

ငါးမွေးကန်များ၏ ဓာတ်သဘောဖွဲ့စည်းမူ
ငါးမွေးကန်များသည် မင်္ဂလာရှိသည့်အတိတ်နှင့်နိမိတ်များကို ဆောင်ကျဉ်းပေးလေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ငါးမွေးကန်တွင်ပါ၀င်သော အရာဝတ္ထုငါးမျိုးကြောင့်ပင် ဖြစ်ပါသည်။ ထိုအရာဝတ္တုငါးမျိုး၏ တစ်ခုတစ်စည်းတည်းပေါင်းစုတည်ရှိနေခြင်းကြောင့် အလှမွေးငါးကန်များသည် အိမ်(သို့)ဆိုင်၏စီးပွားကို တိုးတက်စေခြင်းဖြစ်ပါသည်။ ယင်းတို့မှာ –

(၁) ရေဓာတ်
(၂) သစ်သားဓာတ် (သစ်ပင်ကို သစ်သားဓာတ်အနေဖြင့်မှတ်ယူပါသည်။)
(၃) သတ္တုဓာတ် (ငါးမွေးကန်၏ဘောင်တွင် သံ(သို့) အခြားသတ္ထုတစ်ခုခုရှိပါလိမ့်မည်။)
(၄) မြေဓာတ် (ငါးကန်ထဲရှိ ကျေက်တုံးငယ်လေးများကို ဆိုလိုခြင်းဖြစ်သည်။)
(၅) မီးဓာတ် (အဝါ၊ လိမ္မော်၊ အနီ၊ ရွှေရောင်ကဲ့သို့ ငါးကလေးများကို ဆိုလိုခြင်း ဖြစ်သည်။
 ထို့အပြင် ငါးကန်အတွက် တပ်ဆင်ထားသော မီးအရောင်ကိုလည်း မီးဓာတ်အနေဖြင့် မှတ်ယူနိုင်ပါသည်။)

ငါးကန်မထားသင့်သောနေရာ
အလှမွေးငါးကန်ကို အိပ်ခန်းနှင့် မီးဖိုခန်းတို့တွင်ဘယ်တော့မှ မထားရပါ။ ငါးကန်သည် အိပ်ခန်းနှင့် မီးဖိုခန်းအတွင်းသို့ ၀င်ရောက်လာမည့် ကောင်းသောခွန်အားတို့ကို အဟန့်အတား ဖြစ်စေပါသည်။ တစ်နည်းအားဖြင့် ထိုအခန်းများအတွင်း မလိုအပ်သော ပြဿနာများကို ယူဆောင်လာတတ်ပါသည်။

Photo credit : pinterest


ငါးအမျိုးအစား
Arrowana နှင့် dragon fish (မြန်မာနိုင်ငံတွင် Lucky fish ဟုလူသိများသည်။) တို့ကို လာဘ်ခေါ် ကံကောင်းစေသည်ဟု လူအများစုက ယုံကြည်ကြသည့်အားလျှော်စွာစျေးကြီးသည့်အပြင် အရွယ်အစားပေါ်မူတည်ပြီး သိန်းဆယ်ဂဏန်းအထိပေးဝယ်တတ်ကြပါသည်။ ရွှေငါးနှင့် Flowerhorn အမျိုးအစား ငါတို့သည်လည်း လာဘ်ကောင်းသည့် ငါးမျိုးများဟုမှတ်ယူလေ့ရှိကြပြီး စျေးနှုန်းမှာလည်း သင့်တင့်သောကြောင့် လူကြိုက်ပိုများကြပါသည်။ သတိပြုရမည်က ရွှေငါးများကို အလှမွေးငါးကန်အေနေနဲ့မွေးမြူမည်ဆိုပါက ၈ ကောင် (သို့မဟုတ်) ၉ ကောင်ထည့်ကာ မွေးမြူရပါမည်။ အနက်ရောင်ငါးတစ်ကောင်ကိုလည်း ထည့်သွင်းမွေးမြူးပါက မျက်စိပသာဒဖြစ်စေပါလိမ့်မည်။

ငါးမွေးကန်ထားရန် နေရာရွေးချယ်ခြင်းနှင့် ငါးကန်အမျိုးအစားများ
အလှမွေးငါးကန်ထားရန်အသင့်တော်ဆုံးနေရာမှာ
– အိမ်၏အရှေ့တောင်အရပ် (ဖုန်းရွှေနည်းအရ ချမ်းသာခြင်းနှင့် ကံကောင်းခြင်းတို့ အများဆုံးတည်ရှိရာအရပ်)၊
– မြောက်အရပ် (အလုပ်အကိုင်ကောင်းစေခြင်း)နှင့် အရှေ့အရပ် (ကျန်းမာကောင်းခြင်းနှင့် မိသားစုဖြင့်ချမ်းမြေ့ရခြင်း)
– ငါးကန်ကို အိမ်၏အရှေ့တောင်အရပ်တွင်ထားရှိမည်ဆိုပါက စတုရန်းပုံသဏ္ဍာန် (သို့) ထောင့်မှန်စတုဂံပုံသဏ္ဍာန် ငါးကန်ကိုအသုံးပြုရမည်။
– အရှေ့တောင်အရပ်တွင် အဝိုင်းပုံသဏ္ဍာန်ငါးကန်ကို ထားရှိလိုပါက အရွယ်အစာသေးငယ်သော ငါးကန်ကိုသာအသုံးပြုပါ။
– အိမ်၏မြောက်အရပ်တွင် ငါးကန်ထားမည်ဆိုပါက စက်ဝိုင်းပုံသဏ္ဍာန်ငါးကန်ကို အသုံးပြုပါက အကောင်းဆုံးဖြစ်သည်။ ငါးကန်အတွင်းတွင် အလှဆင်ပစ္စည်း များဖြင့် လှပစွာတန်ဆာဆင်သင့်ပြီး သန့်ရှင်းမူ၊ အလင်းရောင်နဲ့ ငါးများအတွက် အစာကိုလည်း ဂရုပြုရပါမည်။


အလုပ်အားလပ်ချိန်များတွင်အလှမွေးငါးများဖြင့်အပန်းဖြေပါ။ ငါးကန်ကိုသန့်ရှင်းသပ်ရပ်ပြီးကောင်းစွာဂရုပြုမွေးမြူးခြင်းဖြင့် စိတ်ကြည်းနူးဖွယ်ဖြစ်စေသည့်အပြင် အိမ်၏စီးပွားရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေပါလိမ့်မည်။ ထိုနည်းတူစွာ စိတ်ကူးအကြံဉာဏ်ကောင်းတို့ကိုပေးစွမ်းပါလိမ့်မည်။ ငါးများမြူးလေလေ ငွေကြေးကံကောင်းလေလေ ဖြစ်လိမ့်မည်။

ယခုဆောင်းပါးကို Myanmar Home & Décor Magazine မှ တင်ပြထားတာဖြစ်ပြီး ကူးယူဖော်ပြမည်ဆိုပါက credit ပေးရန် သတိပြုစေလိုပါတယ်။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

ဖုန်းရွှေနှင့် မီးဆိုင်းအကြောင်း သိမှတ်သားဖွယ် (၈) ချက်

ဖုန်းရွှေနှင့် မီးဆိုင်းအကြောင်း သိမှတ်သားဖွယ် (၈) ချက်

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၂)

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၂)

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၁)

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၁)

ဖုန်းရွှေအဘိဓာန်

ဖုန်းရွှေအဘိဓာန်