ဖုန်းရွှေအဘိဓာန်

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဟိန္းလတ္ မှ
June 6, 2020 နေ့
ဆောင်းပါးများဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

Gates (ဂိတ်ဝများ)
ဂိတ်ဝများ၏ ဒီဇိုင်းပုံဏ္ဍာန်နှင့် နေရာအိမ်အနေအထားပေါ်မူတည်ပြီး ကောင်းသောချီဓာတ်ကို ချူ၍ရ၏။ ဂိတ်တံခါးများတွင် တံခါးနှစ်ချပ်ပါပြီး အတွင်းသို့တွန်းဖွင့်သည့် ပုံစံဖြစ်ရမည်။ အပြင်သို့ဖွင့်သော ပုံစံကို ရှောင်ရမည်။ ဂိတ်တံခါးသည် အလည်တွင်မြင့်ပြီး ဘေးနှစ်ဖက်ကနိမ့်မှသာလျှင် မင်္ဂလာရှိ၏။ ဤသို့မှ အိမ်ပိုင်ရှင်၏ ရည်မှန်းချက်ပန်းတိုင်ရောက်မည့် နိမိတ်ဖြစ်၏။ တံခါးအလည်ကနိမ့်ပြီး ဘေးနှစ်ဖက်မြင့်နေလျှင် အလုပ်အကိုင်တွင် ကံဆိုးတတ်သည်။ သတိပြုရန်မှာ သင်၏ဂိတ်တံခါးဝသည် သင့်အိမ်၏တံခါးမကြီး မဟုတ်ခြင်းဖြစ်၏။ မိမိ၏ကြီးပွားချမ်းသာ မင်္ဂလာပြည့်ဝမှုသည် အိမ်ထဲဝင်သည့် တံခါးမကြီးပေါ်တွင်သာ မူတည်နေသည်။ ဂိတ်ဝတံခါးကို အိမ်ရှေ့တံခါးမကြီးလောက် အရေးထားစရာမလို။


Gazebos (အပန်းဖြေရုံ)
Gazebos ဆိုသည်မှာ ဥယျာဉ်ခြံတွင်းမှ ခုံတန်းလျားလေးရှိသော အပန်းဖြေရုံလေးကို ခေါ်သည်။ မှန်ကန်စွာဆောက်တည်ထားလျှင် တံခါးမကြီး၏ ချီဓာတ်ကို အားပေးနိုင်၏။ ၎င်း၏ တည်နေရာက အရေးကြီး၏။ အထူးသဖြင့် တံခါးမကြီး၏ ကောင်းကျိုးဆိုးကျိုးကို ပေးနိုင်၏။
တံခါးမကြီးတည်နေရာ အပန်းဖြေရုံနေရာကောင်း မကောင်းသော အပန်းဖြေရုံ
အရှေ့ (သို့) အရှေ့တောင် မြောက် အနောက် (သို့) အနောက်မြောက်
အနောက်(သို့) အနောက်မြောက် အနောက်တောင် (သို့) အရှေ့မြောက် တောင်
မြောက် အနောက် (သို့) အနောက်မြောက် အရှေ့တောင် (သို့) အရှေ့မြောက်တောင် အရှေ့ (သို့) အရှေ့တောင် မြောက်
အနောက်တောင် (သို့) အရှေ့မြောက် တောင် အရှေ့တောင် (သို့) အရှေ့


Globe (ကမ္ဘာလုံး)
ကမ္ဘာလုံးသည် ဓာတ်ကြီးငါးပါးထဲမှ မြေကြီးဓာတ်ကို ကိုယ်စားပြုပါသည်။ အထူးသဖြင့် သလင်းကျောက်နှင့်လုပ်ထားသည့် ကမ္ဘာလုံးက ပို၍အစွမ်းထက်သည်။ ကမ္ဘာလုံးသည် ပညာရေးကံကောင်းမှုအတွက် အကောင်းဆုံးအဆောင်ဖြစ်သည်။ ကောလိပ်ကျောင်းသား၏အခန်းထဲရှိ အရှေ့မြောက်အခြမ်းတွင် ကမ္ဘာလုံးထားသင့်သည်။
God of Longevity (အသက်ရှည်နတ်စင်း)
တရုတ်လူမျိုးတို့၏ ဘောစိမ်ကောင်နတ်မင်းသည် အသက်ရှည်စေသော တန်ခိုးရှိသည်ဟု ယူဆကြ၏။ ဤနတ်မင်းရုပ်တုကို အိမ်မှာထားလျှင်သက်ရှည်ကျန်းမာမည်ဟု တရုတ်လူမျိုးတို့က ယုံကြည်ကြသည်။ ဤရုပ်တုသည် မက်မွန်သီးကိုကိုင်ကာ သူ့ဘေးတွင် ကြိုးကြာငှက်နှင့် သမင်တို့ခြံရံနေ၏။ ထိုအရာအားလုံးသည် အသက်ရှည်ခြင်း၏ သင်္ကေတများဖြစ်ကြ၏။ အချို့ရုပ်တုများတွင် နတ်ဘုရားတို့၏ အနှစ်သာရကို ဗူးသီးတွင်ထည့်ကာ လက်တွင်ကိုင်ဆွဲထားမည့်ပုံလည်းရှိ၏။ မဟာနဖူးနှင့်ထိပ်ပြောင်ပြောင်နတ်မင်းသည် ပညာဉာဏ်ကြွယ်ဝသည့် သင်္ကေတလည်းဖြစ်၏။ နတ်မင်း၏ ရုပ်ပုံကားချပ်ဖြစ်စေ၊ ကြွေဖြင့်လုပ်ထားသောအရုပ်ဖြစ်စေ အိမ်တွင်ထားအပ်၏။


God of Wealth (ချမ်းသာခြင်းနတ်မင်း)
ချမ်းသာမှုကံကောင်းစေရန် ဤရုပ်တုကိုအိမ်တွင်ထားရ၏။ ချမ်းသာခြင်းနတ်မင်းက အမျိုးမျိုးရှိ၏။ ထိုအထဲမှာမှ အထင်ရှားဆုံးမှာ ဆိုက်ရှင်ယေနတ်မင်းဖြစ်၏။ ထိုရုပ်တုသည် များသောအားဖြင့် ကျားပေါ်ထိုင်နေသောပုံဖြစ်၏။ ကျားနှစ်တွင် ဤရုပ်တုကို အိမ်မှာထားခြင်းသည် အလွန်မင်္ဂလာရှိ၏။ ဤနတ်မင်းကို ရှစ်ခိုးကန်တော့စရာမလို။ အိမ်သို့ ရိုသေစွာပင့်ဖိတ်ရုံမျှဖြင့် ရပါပြီ။ တရုတ်ဒင်္ဂါးကိုးပြားကို ဖဲပြားအနီဖြင့် သွယ်တန်းကာ အိမ်တွင်ချိတ်ဆွဲခြင်းသည်လည်း လာဘ်ရွှင်စေ၏။
ချမ်းသာခြင်း နတ်မင်းကို လက်မ ၃၀ မှ ၃၃ လက်မမြင့်သော စားပွဲခုံပေါ်တွင်တင်ကာ တံခါးမကြီးကိုမျက်နှာချင်း ဆိုင်ထားရမည်။ အိမ်ကို လာမည့်ဧည့်သည်တိုင်း ချမ်းသာခြင်းနတ်မင်းကို မြင်ကြရမည်။ ဤသည်မှာ ကောင်းသောချီဓာတ်ကို အိမ်ထဲသို့ ဝင်စေ၏။ ချမ်းသာခြင်းနတ်မင်းကို ထမင်းစားခန်း (သို့) အိပ်ခန်းတွင်မထားသင့်။ ကွမ်ကုံးခေါ်နတ်မင်းသည်လည်း ချမ်းသာကြွယ်ဝမှုကို ဆောင်ကျဉ်းသော တရုတ်နတ်မင်းတစ်ပါးဖြစ်၏။


Goldfish (ရွှေငါး)
ရွှေငါးကိုးကောင်ကို ငါးကန်ထဲတွင်ထားလျှင် အိမ်၏ကျက်သရေဆောင်ကာ ကံကောင်းစေ၏။ ရွှေငါးကိုးကောင်တွင် ရှစ်ကောင်က ရောင်စုံ၊ တစ်ကောင်ကအနက်ဖြစ်ရမည်။ ငါးကန်ကို အိမ် (သို့) ရုံး၏မြောက်ဘက်၊ အရှေ့ဘက်၊ အရှေ့တောင်ဘက်တို့တွင်ထားလျှင် ကံပိုကောင်းစေ၏။ အိပ်ခန်းထဲတွင် ငါးကန်ကို မည်သည့်အခါမှ မထားပါနှင့်။


Good Fortune (ကောင်းသောကံကြမ္မာ)
ကောင်းသောကံကြမ္မာဆိုရာတွင် ကျန်းမာရေးကောင်း၊ မိသားစု စည်းရုံးချစ်ခင်၊ ငွေကြေးချမ်းသာတို့ပါဝင်၏။ မိမိ၏ ဂုဏ်သတင်းကျော်စောမှု၊ လူသိထင်ရှားဖြစ်မှု၊ လူချစ်လူခင်ပေါမှု၊ အသက်ရှည်စွာ အနာမဲ့မှုတို့အားလုံး ကံကောင်းခြင်းတွင် အကျုံုးဝင်၏။
Good Luck (ကံကောင်းခြင်း)
ကံကြမ္မာကောင်းခြင်းများပေါင်းစုရာသည် ကံကောင်းခြင်းပင်မည်၏။ ဖုန်းရွှေပညာတွင် ကံကောင်းခြင်း ရှစ်မျိုးရှိ၏။ ငွေကြေးချမ်းသာ၊ ကျန်းမာရေးကောင်း၊ မိသားစုချစ်ခင်၊ မိသားစုတပေါင်းတစည်းတည်းနေ၊ ကလေးများလိမ္မာ၊ ဂုဏ်သတင်းကျော်စော၊ အလုပ်အကိုင်ကောင်း၊ ပညာရေးကောင်း၊ သြဇာကြီးမားသော ပုဂ္ဂိုလ်များနှင့် ရင်းနှီးခင်မင်ခြင်း စသည်တို့သည် ကံကောင်းခြင်းများပင်ဖြစ်၏။ ငွေကြေးနှင့် ချမ်းသာမှုကံတွင် ရရှိခြင်း၊ လောင်းကစားနိုင်ခြင်း၊ ထီပေါက်ခြင်းတို့ ပါဝင်၏။ ဖုန်းရွှေပညာတွင် ကံကောင်းခြင်းကို အဓိပ္ပာယ်များစွာ ဖွင့်ထား၏။
Grass (မြက်)
အိမ်ရှေ့တွင် စိမ်းလန်းနေသော မြက်ခင်းတစ်ခုရှိခြင်းသည် ကံကောင်းခြင်းကိုဖြစ်စေ၏။
Green Dragon (နဂါးစိမ်း)
ဖုန်းရွှေပညာတွင် နဂါးစိမ်းသည် မြေကြီးနဂါးအုပ်စုတွင် ပါဝင်၏။ နဂါးကိုးမျိုးရှိ၏။ လေနဂါး၊ ပင်လယ်နဂါး၊ ရေနဂါး၊ ကောင်းကင်နဂါး၊ မီးနဂါး၊ ရွှေနဂါး၊ တောင်နဂါးနှင့် နတ်နဂါးတို့ဖြစ်ကြ၏။ နဂါးအမျိုးအစားတစ်မျိုးစီက ကံကောင်းခြင်းတစ်မျိုးစီကိုပေးတတ်၏။


Greenhouses (ဖန်လုံအိမ်များ)
ဖန်လုံအိမ်သည် ဖုန်းရွှေပညာတွင် တံခါးမကြီးကို ပို၍အားကောင်းစေသည်။ တံခါးမကြီး၏ တည်နေရာပေါ်တွင်မူတည်ကာ ဖန်လုံအိမ်သည် ကောင်းကျိုးဆိုးကျိုးကို ဖြစ်စေ၏။

Photo Credit – Internet


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

ခေါင်မိုးထပ်က ဥယျာဉ်လေး

ခေါင်မိုးထပ်က ဥယျာဉ်လေး

အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်း

အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်း

အိမ်ပြောင်းတဲ့အခါ လွယ်ကူစေမယ့်အချက်များ

အိမ်ပြောင်းတဲ့အခါ လွယ်ကူစေမယ့်အချက်များ

စိတ်ချမ်းမြေ့ဖွယ် ဒေါင်လိုက်ပန်းဥယျာဉ်

စိတ်ချမ်းမြေ့ဖွယ် ဒေါင်လိုက်ပန်းဥယျာဉ်