Uncategorized

Living With Orange

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
March 24, 2020 နေ့
Uncategorizedဆောင်းပါး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

မိမိအိမ်လေးကို အုံ့ဆိုင်းမှောင်မိုက်ခြင်းမှကင်းဝေးစေပြီး အမြင်လှစေမယ့် အရောင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီတစ်ပါတ်အတွက် ရွေးချယ်ထားတဲ့ အရောင်လေးကတော့ လိမ္မော်ရောင်ပဲဖြစ်ပါတယ်။

လိမ္မော်ရောင်ဟာ လင်းလက်တောက်ပမှုနဲ့အတူ နွေးထွေးမှုကိုလည်းပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် စိုစွတ်အုံ့ဆိုင်းတဲ့ ရာသီအနေအထားမျိုးမှာ လိမ္မော်ရောင်ကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

မိမိရဲ့အိမ်ကလေးကို လိမ္မော်ရောင်နဲ့ အလှဆင်ထားမယ်ဆိုရင်တော့ အပြင်က ရာသီဥတုနဲ့ဆန့်ကျင်တဲ့ နွေးထွေးတောက်ပမှုကို အမှန်တကယ်ရရှိစေမှာဖြစ်ပါတယ်။

လိမ္မော်ရောင်နဲ့လိုက်ဖက်တဲ့အရောင်များကတော့ ခဲရောင်၊ ရွှေရောင်၊ အစိမ်းရောင်တို့ပဲဖြစ်ပါတယ်။ အနက်ရောင်ကတော့ အလိုက်ဖက်ဆုံးအရောင်ပဲဖြစ်ပါတယ်။


ဆန်းသစ်တဲ့ အတွေးသစ် စိတ်ကူးသစ်တွေ ဖန်တီးရာမှာ ပတ်ဝန်းကျင်ကလည်း တွန်းအားတစ်ခုပါပဲ။ မိမိအနားယူအိပ်စက်ရာ အိပ်ခန်းလေးကို နွေးထွေးတဲ့ လိမ္မော်ရောင်လေးနဲ့ လွှမ်းခြုံထားနိုင်ပါတယ်။


အခန်းတစ်ခုလုံးကို လိမ္မော်ရောင်တွေ ခြယ်သ အလှဆင်ထားတဲ့ ဧည့်ခန်းလေးကတော့ နွေးထွေးမှုတွေကို အပြည့်အဝပေးစွမ်းနိုင်မယ့် ဖန်တီးမှုပါ။


မိသားစုရဲ့နွေးထွေးမှုကို အပြည့်အ၀ ခံစားနိုင်တဲ့ ထမင်းစားခန်းလေးမှာလည်း လိမ္မော်ရောင်လေးသုံးထားမယ်ဆိုရင်တော့ နွေးထွေးမှုဟာ ပိုမိုပြည့်စုံသွားစေမှာပါ။

လိမ္မော်ရောင်ကို ကြည်ပြာ၊ ခဲ၊ အဖြူတို့နဲ့လည်း ရောစပ်အသုံးပြုနိုင်ပါတယ်။ ဒီတစ်ပါတ်ဖော်ပြပေးတဲ့ လိမ္မော်ရောင်ကို အသုံးပြုပြီး မိမိအိမ်ကလေးကို နွေးထွေးသော အိမ်ကလေးတစ်လုံးအဖြစ် ဖန်တီးနိုင်ကြပါစေ။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Home page 11454 viewed
  • Welcome to Home & Decor 5809 viewed
  • ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home 3236 viewed
  • အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း 2802 viewed
  • ဖုန်းရွှေအဘိဓာန် 2769 viewed

ads

ရန်ကုန်၊ မြန်မာ(၂၀)ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၀တွင် တော်ဝင်၏ ပံ့ပိုးမှုလက်အောက်ရှိ ထိုင်းနိုင်ငံ ဗိသုကာအသင်းနှင့် N.C.C Exhibition. Organizer Co., Ltd (NEO) တို့သည် အာဆီယံ၏ အကြီးဆုံး ဆောက်လုပ်ရေးနည်းပညာပြပွဲဖြစ်သော ၃၄ကြိမ်မြောက် ဗိသုကာပြပွဲကြီးကျင်းပရန် သတင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ Refous Heritage ဟုခေါ်တွင်သော ဗိသုကာ ၂၀ခေါင်းစဉ်ဖြင့် ယခုထုတ်ဝေမှုတွင် ဗိသုကာ အမွေအနှစ်နှင့် ယင်းတို့ အားထိန်းသိမ်းစောင့်ရှောက်ရေးအား အလေးထားရမည်ဖြစ်ပြီး၊ ယင်းပြပွဲအား (၂၈)ရက် ဧပြီလ ၂၀၂၀ မှ မေလ (၃)ရက် ၂၀၂၀ ထိုင်းနိုင်ငံဘန်ကောက် IMPACT ပြပွဲစင်တာ Challenger Halls 1.3


၎င်းစဉ်ကမ္ဘာဘဏ်၏ အရှေ့အာရှနှင့် ပစီပိတ်စီးပွားရေး ဆိုင်ရာ နောက်ဆုံးသတင်းများအရဆောင်လုပ်ရေး ဘဏ္ဍသည် ၂၀၂၀ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိကဟောင်းနှင်အား တစ်ခုဖြစ်ပါသည်။ အထူးသဖြင့် လူတန်းစားကွန်ဒိုမီနိုယမ်ဝယ်လိုအားမြင့်မားသော ရန်ကုန်မြို့ နှင့် မန္တမြို့တွင်ရှိပါသည်။ ၂၀၃၀ခုနှစ်တွင် ခန့်မှန်းခြေအရ အမေရိကန် ဒေါ်လာ၁၂၀ဘီလီယံ တန်းဖိုးရှိ နိုင်ငံခြား စီးပွားရေး လုပ်ငန်းများ ဖြစ်သော အစီက ရင်းနှီးမြှုတ်နှံမှုအခွင့်အလမ်းများဖြစ်သော အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ အခြေခံအဆောက်အဦ စီမံကိန်းများဖြစ်သောလမ်း၊ မီးရထားလမ်း ဆိပ်ကမ်းများနှင့် လေဆိပ်များဖြစ်ကြပါသည်။
မြန်မာနိုင်ငံသည် ခရီးသွားများအတွက် အကောင်းဆုံးဖြစ်ရပ်မှန်း အတွေ့ကြုံများကို ရှာဖွေသော ဆန်းကျယ်သော ယဉ်ကျေးမှုဆိုင်ရာ အံသြဖွယ် တစ်ရပ်ဖြစ်ပါသည်။ ပျူးရှေးပြန်ဟောင်းမှ လွဲ၍ ယူနက်စီကိုသည် မြန်မာနိုင်ငံရှေးဟောင်း မြို့တော်ပုဂံအား၊ ထောင်ပေါင်းများစွာသော ဘုရားကျောင်း၊ ပုထိုးနှင့် ထူပါများကို ကမ္ဘာရှေးဟောင်း အမွေအနှစ် နေရာအဖြစ် ၂၀၁၉ ခုနှစ်တွင် ထည့်သွင်းခဲ့ပါသည်။ နိုင်ငံတစ်ဝှမ်းရှိ အကြား ယဉ်ကျေးမှုနှင့် အမွေအနှစ် အဆောက်အဦးများကို ထိန်းသိမ်းခြင်းဖြင့် ထုတ်ပြန်ခဲ့ပါသည်။`


Architect 20 committee က ဥက္ကဌဖြစ်သူ ဒေါက်တာ Vasu Posthyanandana , dana Architet 20 Refocus Heritage သည် အများပြည်သူအား အမွေအနှစ်ဆိုင်ရာ အယူအဆကို ဘက်စုံစုဆောင်းမှုအမျိုးမျိုး မှသိရှိနားလည်စေရန်နှင့် အမွေအနှစ်နေရာများစွာကို ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု ယူဆနိုင်သည်။ အဆိုအရာအရှိများ ထိန်းသိမ်းစောင့်ရှောက်သူများအတွက် အမွေအနှစ်နေရာများ ထိန်းသိမ်းစောင်ရှောက်ခြင်း နှင့်ပြုပြင် ထိန်းသိမ်းမှုပံ့ပိုးခြင်းအား ကန့်သတ်ထားသဖြင့် ထို ပုဂ္ဂိုလ်များနှင့် မသက်ဆိုင်ပေ။ သို့သော် ၎င်းသည့် နေစဉ်ဘဝတွင်ရှိနေပြီး ကျွန်တော်တို့မှ ရရှိသော အလုပ်များနှင့် အခန်းကဏ္ဍတွင် မည်သို့ပင် အလေးမထား စေကာမှု သက်ဆိုင်မည်ဖြစ်သည်။ အိမ်ဟောင်း တစ်လုံး တစ်ပိုင်ရှင်သည် ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည်။ ဥပမာ အသုံးပြုရန် သင့်တော်သော ပစ္စည်း များနှင့် အသုံးပြုရန် ဆောက်လုပ်ရေးသတင်း အချက်အလက်များ လိုအပ်သကဲ့သို့ ကုန်ကျစရိတ်အားလည်းကျခံမည်ဖြစ်သည်။ ထိုနည်းတူစွာပင် အဆောက်အဦး ဟောင်းများ ပြုပြင်ထိန်းသိမ်းခြင်းသည် စီးပွားရေးလုပ်ငန်း သင်အခွင့်အလမ်းကို ဖန်တီးနိုင်မည်ဖြစ်သည်။ လူအသိုက်အပြုများနှင့် အဖွဲ့အစည်းများအတွက် အပို တန်ဖိုးများထုတ်ယူနိုင်မည်ဖြစ်ပြီး ကျွန်ုပ်တို့ အနေဖြင့် များစွာသော ဖန်တီးမှု အသိုက်အပြုများအား နိုင်ငံအနှံရှိတန်းလျားဟောင်းများမှ ပေါ်ထွက်နိုင်မည်ဖြစ်သည်။


ASA ခင်းကျင်းပြသသော အကြောင်း အရာလိုက်ပြပွဲတွင်းနေရာဧရိယာ စတုရန်းမီတာ ၅၀၀၀ကြယ်ဝန်းပြီးပြပွဲခင်းကျင်းပြသမှုကို ကြည့်ရှုခံစားနိုင်ပါသည်။ ရှားပါးသော်ရိုးရာပစ္စည်း များနှင့် ဆောက်လုပ်ရေးတွင်နည်းပညာများဖြစ်သည့်လက်ရာနှင့် အမွေအနှစ်ပြပွဲများသည် လွန်ခဲ့သော ရာစုနှစ်များမှ ထူးဆန်းသော ဗိသုကာလက်ရာ အသိပညာများကို လည်းပြပွဲတွင်ပြသခဲ့ပါသည်။ ရုပ်ရှင်ပြသမှု အပိုင်းတွင် အမွေအနှစ်ထိန်းသိမ်းရေးနေရာ (၆၃) နေရာမှ ရိုက်ကူးထားသော မှတ်တမ်းကို (၆၃) ခုအားခံစားနိုင်ရန် တွေ့ဆုံမေးမြန်း ခံရသူ(၆၃)ဦးမှ မှတ်တမ်းရုပ်ရှင်တိုအား အမွေအနှစ် ထိန်သိမ်းရေးခေါင်းစဉ်ဖြင့် ပြသမှုအားခံစားနိုင်ပါသည်။
ကွန်ယက်စနစ်မျက်နှာ စာပြပွဲတွင် အမွေအနှစ် ပြဿနာများနှင့် သက်ဆိုင်သော ရေပန်းစားသောခေါင်းစဉ်ဖြစ်သည့် လူမှုမီဒီယာအပါအဝင် ရှေးဟောင်း အမွေအနှစ် နေရာများဖျက်သိမ်းခြင်း၊ အသိပေးအကြောင်းကြားခြင်း မရှိသော ပြုပြင်ထိန်းသိမ်းမှု(သို့) ဘုရားကျောင်းများပြုပြင်မှုတို့ပါဝင်သည်။ နှစ်ပါတ်လည် ဗိသုကာ ပြိုင်ပွဲအား နေ့စဉ်အမွေအနှစ်ခေါင်းစဉ်ဖြင့် အမျိုးသား ဗိသုကာပြိုင်ပွဲ အဖြစ်အဆင်တိုးမြှင့် သွားမည်ဖြစ်ပါသည်။ အခြားပြပွဲများတွင် ၂၀၂၀ ASA Award ပြပွဲ၊ အနုပညာနှင့် ဗိသုကာထိန်းသိမ်းရေးဆုချီးမြှင့်ခြင်းပြပွဲ ယင်းနှစ်အတွက် ယူနက်စကိုအာရှနှင့်ပစိဖိတ်ဆုများ၊ နှင့် လိုက်လျောညီထွေးဖြစ်စေရန် ယခုနှစ်အတွက် စံချိန် သတ်မှတ်ထားခြင်းနှင့် ဒေသခံဗိသုကာကျောင်းသားများရှိရင်း အမွေအနှစ် အဆောက်အအုံများပြန်လည် ထူထောင်ရေးနှင့် ထိန်းသိမ်းခြင်းဆိုင်ရာများ ယင်းတို့၏ ကျောင်းနီးပတ်ဝန်းကျင်ဧရိယာများ၏ လက်ရှိ အမွေအနှစ်များအား ပြန်လည်ထိန်းသိမ်းရန်နှင့် အန္တရာယ်ရှိ ရှေးဟောင်းအမွေအနှစ်များပြသခြင်းတို့ဖြစ်သည်။


အခြားလုပ်ဆောင်မှုများ၊ ဒီဇိုင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းအကြံဉာဏ်များအတွက် အကြံဉာဏ်များပညာရှင်များအတွက်ရရှိနိုင်ပြီး၊ ASA Clinic (Mobaan ASA) ပြပွဲ (၆)ရက်ကာလအတွင်း ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများကို လူထုအတွက် လုပ်ဆောင်သောနေရာဖြစ်သည်။ ASA Place တွင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် နောက်ဆုံးပေါ် နည်းပညာနှင်ပတ်သက်သော သရုပ်ပြမှုများ သုံးဘက်မြင်ရုပ်လုံးကြွ ကူးယူမှုအပါအဝင်ဖြစ်သည်။ ဗိသုကာများ၊ ဧည့်သည်များ၊ အပြည်ပြည်ဆိုင်ရာ ဗိသုကာမြင်ကွင်းတွင် နောက်ဆုံးပေါ် အဖြစ်အပျက်များနှင့်ပတ်သက် ဆွေးနွေးရန်အတွက် ASAဖိုရမ်သို့ဆက်သွယ်ကာ နိုင်ငံတကာဗိသုကာအမြင်ဖြင့် ပါဝင်ဆွေးနွေးနိုင်ပါသည်။


ခေါင်းစဉ်ပါ ရည်ရွယ်ချက်ဖြစ်သော Retocus Heritage သည် အများပြည်သူများအား အမွေအနှစ်များ ပြန်လည်ကြည့်ရှုရန် ဖိတ်ခေါ်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ အမြင်နှင့် အသိပညာကိုပိုမိုရှင်းလင်းစေပါသည်။ ရှေးဟောင်းအဆောက်အဦးများ၏ တန်းဖိုးနှင့် ယင်းတို့၏ ခေတ်ပြိုင်လုပ်ဖော်ကိုင်ဘက်များ၏ ဘဝကို ထိန်းသိမ်းရန်အတွက် ဤဆောင်ပုဒ်သည် ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းနှင့် အမွေအနှစ်နေရာမများအကြား အတူယဉ်တွဲနေထိုင်ခြင်းသည် ပြောင်းလွယ်၊ မြင်လွယ်မှုနှင့်လည်း သက်ဆိုင်သည်။ ပြပွဲမှ ဗိသုကာပညာရပ်အပေါ် အများပြည်သူ၏ အာရုံစူးစိုက်မှုကို ပိုမိုကြယ်ပြန့်စေရန်နှင့် အသက်အရွယ်နှင့် နောက်ခံအမျိုးမျိုး ရှိသော ဧည့်သည်များ၏အမြင်ကို ရှုထောင့်မှဆုံဖြတ်ရန်၊ အမွေအနှစ်များအား ပြန်လည် ပိုင်ဆိုင်ရန် စဉ်စားတိုက်တွန်းခြင်း၊ အနာဂါတ်တွင် အဖိုးတန်အမွေအနှစ်များ ထိန်းသိမ်းမှုတွင်ပါဝင်ရန် Dr. Vasu မှပြောကြားသည်။ NEO ၏ ဥက္ကဌ နှင့်Archite ct’20 ကော်မတီဝင်တစ်ဦးဖြစ်သူ Sakchai Pattarapree chakul မှ ထိုပြပွဲ၏ နောက်ဆုံးတိုးတက်မှုကိုဖော်ပြခဲ့သည်။ ယခုနှစ်တွင် NEO သည် ယင်းပြပွဲအား မဟာဗျူးဟာမြောက်မြင့်တင်နိုင်ခဲ့ပြီး နိုင်ငံတကာဗိသုကာနှင့် ဗိသုကာဆောက်လုပ်ရေးပစ္စည်း နှင့် ဆောက်လုပ်မှုဆိုင်ရာနည်းပညာပြပွဲ အဖြစ်သို့ ရောက်ရှိခဲ့သည်။ ထို့နောက်ပြပွဲနေရာအား ၇၅၀၀၀ စတုရန်းမီတာ စီမံနိုင်ခဲ့ပြီးလက်ရှိတွင် နိုင်ငံတကာနှင့် ပြည်တွင်းပြပွဲ တင်သွင်းသူများ၏ သတင်းအချက်အလက်နည်းပညာ ဖြေရှင်းမှုနှင့် အာမခံမှုဖြင့် မြှင့်တင်နိုင်ခဲ့သည်။ ကျွနု်ပ်တို့ ပြည်သူများတွင် ဥရောပ USA သြစတြေးလျ၊ ရှရှား၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်၊ အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံများ ပါဝင်ပြသကြပါသည်။ ကုမ္ပဏီပေါင်း ၈၅၀ ခန့်မှ ကျွန်ုပ်တို့၏ ပြပွဲနေရာ၏ ၉၀% လက်ရှိဥရောပ ဗိသုကာနှင့်ဆောက်လုပ်ရေးအတွက်နည်းပညာအခွင့်အလမ်းများ ဝယ်ယူမှုအစီအစဉ် ပါဝင်ပြီး စီးပွားရေးအခွင့်အလမ်းများအကြောင်း ပိုမိုလေ့လာနိုင်ရန်နှင့် အာရှ၏ ကျယ်ပြန့်သော ဈေးကွက်တွင် နိုင်ငံတကာကုန်ပစ္စည်း ပေးသွင်းမှုများအား ဒေသထွက်ကုန် ဖြန့်ချီသူများဖြစ်လာစေရန် ပြသထားသော သူများနှင့် တွေ့ဆုံနိုင်သည်။ ထို့အပြင် စတိုင်ကျသော အိမ်သုံးဟန်ပြပထမဆုံး၊ အာရှဈေးကွက်ပံ့ပိုးချဲ့ထွင် ရန်ဖြစ်သည်။ စတိုင်ကျလူနေမှု ပုံစံဖြင့် အိမ်သူအိမ်သား ဖော်ဒဲလ်များကို ပြသခြင်းဖြစ်သည်။


ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ဗိသုကာ၊ နောက်ဆုံးပေါ် နည်းပညာ နှင့်ဆောက်လုပ်ရေးနည်းပညာ နှင့် ဆောက်လုပ်ရေး ပစ္စည်း များ၊ ဆန်းသစ်တီထွင်မှု့များကို လေ့လာရန်နှင့် ဤနှစ်ပါတ်လည် အခမ်းအနားတွင် စိတ်ဝင်စားဘွယ်ကောင်းသော လှုပ်ရှားမှုများကို ပျော်မွေ့ရန် Architect ‘ no ကိုလာရောက်လှည့်ပါ။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Home page 11454 viewed
  • Welcome to Home & Decor 5809 viewed
  • ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home 3236 viewed
  • အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း 2802 viewed
  • ဖုန်းရွှေအဘိဓာန် 2769 viewed

ပွန်ပေမြို့ရဲ့ အပိုင်းအစများ- ပွန်ပေရဲ့နောက်ဆုံးရုပ်ကြွင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သက်ပိုင်သူ မှ
February 1, 2020 နေ့
Uncategorized ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ပွန်ပေဆိုရင် ပန်းချီဆရာတွေကတော့ အနီရောင်နဲ့ တွဲပြီး မှတ်မိမလားပဲ.. ခပ်ရဲရဲနဲ့လှတဲ့ အနီရောင်ကိုး။ Pompeiiမြို့အကြောင်းကို ရင်းရင်းနှီးနှီး ပိုပြီးသိခွင့်ရခဲ့တဲ့အကြောင်းကတော့ စင်ကာပူမှာနေတုန်းက စင်ကာပူအမျိုးသားပြတိုက်မှာ ၁၆ရက် အောက်တိုဘာ ၂၀၁၀ကနေ ၂၃ ဇန်နဝါရီ၂၀၁၁အထိ ပြသခဲ့တဲ့ပြခန်းလေးကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီပြခန်းလေးကြောင့် နာမည်ကျော်ကြားလှတဲ့ ပွန်ပေမြို့ဟောင်းကိုသွားလည်ချင်စိတ်လည်း ဖြစ်ပေါ်လာခဲ့ပါတယ်။ပြခန်းထဲ ဝင်လိုက်တာနဲ့ ပြခန်းအဝင်တည့်တည့်မှာ ခွေးလေးတစ်ကောင်ရဲ့ ရုပ်ကြွင်းတစ်ခုကို တွေ့ရတယ်။ အဲဒီရုပ်ကြွင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်နီးပါးကပါ။ ရုပ်ကြွင်းဆိုပြီး အရိုးစုတွေလို့ မထင်ပါနဲ့။ တကယ့်ကို ခွေးတစ်ကောင်နဲ့ တူတဲ့ ရုပ်ကြွင်းပါ။ လည်ပင်းမှာ သားရေလည်ပတ်လေးတောင် ပါသေးတယ်။ ဘေးနားမှာတော့ လင်မယားလို့ထင်ရတဲ့ အတွဲတတွဲ။ ယောကျ်ားလုပ်သူက မိန်းမလုပ်သူကိုလှမ်းပြီး ထိဖို့ကြိုးစားနေတဲ့ ပုံစံနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းပါ။ အဲဒါတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်နီးပါးက ပွန်ပေမြို့ကို မီးတောင်ချော်ရည်တွေလွှမ်းပြီး သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေပေါ့လေ။


ပွန်ပေမြို့ဆိုတာ အလွန် စည်ကားခဲ့တဲ့ မြို့ကြီးတစ်မြို့ပါတဲ့။ အေဒီ၇၆မှာ အနီးအနားက Vesuvius ဗွီဆူဗွီးရပ်မီးတောင်ပေါက်ကွဲပြီး ပျက်ဆီးခဲ့ပါတယ်။ ပွန်ပေမြို့နဲ့အတူ အနီးအနားက ဟာကျူလမ်းနီးယမ်းမြို့တွေပါ ပျက်ဆီးသွားတယ်။ မီးတောင်ကနေ ချော်ရည်ပူတွေ၊ ဂတ်စ်တွေ၊ ပြာပူတွေ၊ ကျောက်ခဲ အပိုင်းအစတွေက မိုးတွေရွာသလိုပဲ ကျလာတယ်လို့ဆိုပါတယ်။ ပွန်ပေမှာတော့ လူပေါင်း တစ်ထောင့်ငါးရာလောက်သေဆုံးပြီး၊ ဟာကျူလမ်းနီးယမ်းမှာတော့ လူသုံးရာလောက်သေတယ်လို့ ယူဆကြပါတယ်။
မီးတောင်ကမနက် ၁၁နာရီကနေ နေ့လည် ၁၂အတွင်း (တစ်နာရီအတွင်း)မှာ ပြင်းပြင်းထန်ထန်ပေါက်ကွဲတော့ မြို့ထဲမှာ ကျန်ခဲ့တဲ့ ကျန်ခဲ့တဲ့ ခွေးရောလူရောမကျန်သေကုန်ပါတယ်။ ပထမဆုံး မီးတောင်ပေါက်ကွဲရာကနေ လွင့်စင်လာတဲ့ ကျောက်တုံးအပိုင်းအစတွေ၊ အကြိမ်ကြိမ်လှုပ်ခတ်နေတဲ့ ငလျင်တွေက မြို့ထဲမှာ ရှိတဲ့ အမိုးတွေကို အရင်ဆုံး ဖျက်ဆီးလိုက်ပါတယ်။ အမိုးတွေပျက်ဆီးသွားတာနဲ့ ပြာပူတွေ ရွှံရည်တွေက အဆောက်အဦးတွေထဲကို နေရာလပ်တွေ၊ အရာဝတ္ထုတွေပေါ်ဝင်ပြီး ဖုံးလိုက်ပါတယ်။ ချော်ရည်တွေ အရှိန်နဲ့ ပြေးဆင်းလာချိန်မှာ အဆောက်အဦးထဲမှာ ရှိနေပြီဖြစ်တဲ့ ပြာတွေက နံရံပန်းချီတွေ၊ အိမ်သုံးပစ္စည်းတွေကို အုပ်ပြီးကာကွယ်ထားလိုက်သလိုဖြစ်သွားတယ်။ အဲဒါကြောင့် အခုပွန်ပေမြို့ရဲ့ ရှေးဟောင်းလက်ရာတွေကို မပျက်မဆီးဘဲ ရာစုနှစ်ပေါင်းများစွာ ကာကွယ်လိုက်သလို ဖြစ်သွားပါတယ်။ နောက်တော့ပြာတွေ ချော်ရည်ပူတွေအောက်ကို ပွန်ပေမြို့တစ်ခုလုံးရောက်သွားပြီး နှောင်းလူတွေက ဘယ်မှာမြို့ရှိခဲ့မှန်းမသိအောင်ကို ပျောက်သွားပါတော့တယ်။

၁၇၄၈မှာ နေပယ်လ်ဘုရင်ကြီးအတွက် နွေရာသီ နန်းတော်ဖောင်ဒေးရှင်းတူးရင်း ဟာကျူးလမ်းနီးယမ်းမြို့ဟောင်းကို ပြန်လည် တွေ့ရှိခဲ့ပါတယ်။၁၈၆၀ကျတော့မှ မြို့နှစ်မြို့လုံးကို စနစ်တကျပြန်လည်တူးဖော်ရင်းနဲ့ မီးတောင်ပြာတွေအလွှာမှာ လေဟာနယ်လေးတွေတချို့ကို တွေ့ရတယ်။ အဲဒီလေဟာနယ်ထဲမှာ လူ့အရိုးစုတွေတွေ့တာနဲ့ အဲဒီလေဟာနယ်က ဘာတွေဖြစ်နိုင်မလဲဆိုပြီး ပလာစတာအရည်တွေ လောင်းထည့်ပြီး အအေးခံကြည့်လိုက်တော့မှ ပွန်ပေမြို့သားတွေရဲ့ နောက်ဆုံးအချိန်မှာကျန်ခဲ့တဲ့ ရုပ်ကြွင်းတွေမှန်းတွေ့ရတယ်။
သမိုင်းပညာရှင်တွေက ပလာစတာရုပ်ကြွင်းတွေကို ကြည့်ပြီး သူတို့ရဲ့နောက်ဆုံးချိန်မှာ ဘယ်လိုခံစားခဲ့ရသလဲ ဘယ်လိုသေဆုံးခဲ့သလဲဆိုတာကို လေ့လာကြပါတယ်။ မီးတောင်ပေါက်ကွဲရာကနေ ၁၀ကီလိုမီတာပဲဝေးတဲ့ ပွန်ပေမြို့မှာ မီးတောင်ကနေစီးလာတဲ့ အရမ်းပူတဲ့ ပြာပူတွေနဲ့ အဆိပ်ဓါတ်ငွေ့တွေ့ကြောင့် သေဆုံးခဲ့ရတယ်။ အဆောက်အဦးတွင်းမှာ ရှိနေတဲ့ လူတွေခမျာလည်း အပူရှိန်ကြောင့် မီးဖိုထဲ ထည့်ဖုတ်လိုက်သလို အရှင်လတ်လတ်သေကုန်ပါတယ်။ အရမ်းပူပြင်းတဲ့ ပြာပူတွေက သေဆုံးသူတွေရဲ့လောင်ကျွမ်းနေတဲ့အသားရည်ပေါ် ချက်ချင်းဖုံးသွားပြီး အသားစတွေထဲကို တိုးဝင်သွားပါတယ်။ အဲဒီတော့ သေဆုံးတဲ့ လူတွေကို ပလာစတာကိုင်လိုက်သလိုပါပဲ။ နှစ်ပေါင်းများစွာကြာတော့ လူ့ခန္စာအစိတ်အပိုင်းတွေက ပျက်စီးသွားပြီးအသားစတွေဝင်နေတဲ့ ပြာတွေကတော့ သေဆုံးသူတွေရဲ့ ပုံစံအတိုင်းမပျက်မစီးပဲ ကျန်ခဲ့တယ်။ ဒီလိုနဲ့ပဲ အခုပြတိုက်မှာ ပြသထားတဲ့ လူတွေရဲ့ရုပ်ကြွင်းဆိုတာ အဲဒီပလာစတာအရုပ်တွေပါပဲ။
လူရုပ်ကြွင်းတွေသာမကဘဲ အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ ရုပ်ကြွင်းကိုလည်းလည်း တွေ့ရပါတယ်။ အိမ်သားတွေက ဘေးလွတ်ရာပြေးချိန်မှာ အိမ်ကိုစောင့်ပေးဖို့ ဒီခွေးလေးကို ချိန်းကြိုးနဲ့ တိုင်မှာ ချည်ခဲ့ပါတယ်။ အိမ်ရဲ့ ခန်းမထဲကို မီးတောင်ချော်ကျောက်တွေကျလာပြီး တဖြည်းဖြည်းပြည့်သွားချိန်မှာ ဒီခွေးလေးက အဲဒီကျောက်တုံးပုံတွေပေါ် ပြေးတက်ပြီး အန္တရာယ်က လွတ်အောင် ပြေးပေမယ့်နောက်ဆုံး မီးခိုးတွေ ပြာတွေကြောင့် အသက်ရှူကျပ်ပြီး သေပါတယ်။


အိမ်တစ်အိမ်မှာတွေ့ရတဲ့ ယောကျာ်းနဲ့ အမျိုးသမီးနှစ်ယောက်ပါ။ ယောက်ျားက အမျိုးသမီးဆီလှမ်းနေဆဲမှာ အသက်ရှူကျပ်ပြီး သေပါတယ်
အမျိုးသမီးငယ်တစ်ယောက်ပါ။ ဘေးလွတ်ရာကိုပြေးရင်း သူမရဲ့ အကျီၤလက်စနဲ့ မျက်နှာကို အုပ်ထားပါတယ်။ အကျီ ၤရှည်တစ်ခုကိုလည်း ခါးချည်တစ်ခုနဲ့ ဝတ်ထားပြန်ပါသေးတယ်။ ပလာစတာမှာ အကျီ ၤကောက်ကြောင်းလေးကအစ မြင်ရပါတယ်။
အကျဉ်းသားလို့ ထင်ရပါတယ်။ ခြေထောက်မှာ သံခြေကျင်း ရှိနေပါတယ်။ ဒီလူက မြို့ဂိတ်ကိုရောက်ဖို့ ကြိုးစားနေချိန်မှာ သေဆုံးတယ်လို့ ထင်ပါတယ်။


ဒီရုပ်ကြွင်းကတော့ ထင်ရှားတဲ့ ရုပ်ကြွင်းပါ။ ဒီလူက ဘွတ်ဖိနပ်နဲ့ ကုတ်အကျီၤကို ဝတ်ထားပါတယ်။ ဆောင့်ကြောင့်ထိုင်ရင်း ကုတ်အကျီၤအနားစနဲ့ ပါးစပ်ကိုပိတ်ထားရင်းသေရှာပါတယ်။


ပွန်ပေမြို့ပြခန်းလေးမှာ လေ့လာရင်း သူတို့ရဲ့ နေထိုင်မှု ပုံစံကိုပါတွေ့ခဲ့ရပါတယ်။ ပြာရည်ပူတွေကြောင့် အတောင့်လိုက်မာကြောနေတဲ့ ပေါင်မုန့်တွေ အသီးတွေ စားစရာတချို့တွေက အချိန်တစ်ခုရပ်တန့်မှုမှာ အေးခဲသွားကြပါတယ်။ ပွန်ပေမြို့သားတွေရဲ့ အိမ်တွေမှာ မီးဖိုချောင်ဆိုတာ ထင်သလောက်ကြီးကျယ်ခမ်းနားမှုကို မတွေ့ရပါဘူး။ သူတို့ဆီမှာ အခုခေတ်လိုပဲ အိမ်နဲ့တွဲပြီး Shophouse လို ဈေးဆိုင်ခန်းလေးတွေ ဘားတွေ ရှိကြပါတယ်။ ရန်ကုန်မှာခေတ်စားနေတဲ့ Food court လို ပုံစံမျိုးတွေတောင် နှစ်ပေါင်းနှစ်ထောင်ကျော်ကတည်းက ပွန်ပေမှာ တွေ့နေရပါပြီ။ တချို့တွေက အိမ်မှာ ဘာမှမချက်တော့ဘဲ ချိုင့်ဆွဲစားတယ်ဆိုတာ ပွန်ပေမြို့သားတွေအတွက် မထူးဆန်းတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။
ပွန်ပေမြို့ဟောင်းမှာ ရောမခေတ်အတွက် နံရံပန်းချီတွေ Mosaic လက်ရာတွေက အချိန်တစ်ခုရပ်တန့်မှုအောက်မှာ အေးခဲသွားတဲ့ လူ့သမိုင်းတချို့ဖြစ်နေဆဲပါပဲ။ ပြခန်းကနေထွက်လာတဲ့အခိုက်မှာ အဲဒီမြို့ဟောင်းကို သွားပြီးကြည့်ချင်မိခဲ့တယ်။ ဒီလိုနဲ့ပဲပြီးခဲ့တဲ့နှစ် ၂၀၁၇ သင်္ကြန်ပိတ်ရက်အတွင်းမှာ သွားလည်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပွန်ပေနဲ့ ကျွန်တော့်နှလုံးသား တိုက်ရိုက်ထိတွေ့ခဲ့တဲ့ အချိန်ကလေးတစ်ခု ဖြစ်ခဲ့ပါတယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Home page 11454 viewed
  • Welcome to Home & Decor 5809 viewed
  • ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home 3236 viewed
  • အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း 2802 viewed
  • ဖုန်းရွှေအဘိဓာန် 2769 viewed