Decoration
ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်
တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သံသာ မှ
July 11, 2020 နေ့
Decorationဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။
ads
လူတိုင်းလူတိုင်းအတွက် ကျန်းမာလှပဖို့က အရေးကြီးဆုံးပါ။ တစ်နေ့တာလုံး အလုပ်တွေချည်းပဲ လုပ်ကိုင်ရင်း ကိုယ့်ရဲ့ကျန်းမာရေးနဲ့အလှအပအတွက် အချိန်မပေးဘဲနေတာမျိုးက ကိုယ့်ကိုယ်ကိုပဲ ထိခိုက်စေတာမဟုတ်ဘဲ ကိုယ်တိုင်အပါအဝင် မိသားစုတစ်ခုလုံးရဲ့ ပျော်ရွှင်မှုကိုပါ တစ်ချိန်မှာ အနှောက်အယှက်ဖြစ်သွားစေနိုင်ပါတယ်။ ကိုယ်တိုင်လည်း ကျန်းမာရွှင်လန်းပြီး ကိုယ့်ရဲ့မိသားစုနဲ့အတူ အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင် သက်ဆုံးတိုင်နေထိုင်သွားကြဖို့အတွက် ကျန်းမာရေးက အဓိက မခန်းကဏ္ဍမှာ ပါပါတယ်။ ကျန်းမာဖို့အတွက် ကိုယ်ပိုင် အားကစားခန်းမ ဖန်တီးဖို့ အိမ်ရဲ့ ဘယ်နေရာမှာ ဒီကိရိယာတွေနဲ့ ဘယ်လိုထိရောက်အောင် လေ့ကျင့်မလဲဆိုပြီး အခက်အခဲဖြစ်နေစရာမလိုအောင် ဒီကဏ္ဍလေးမှာ အားကစားခန်းမကို ကိုယ်ပိုင် ရည်ရွယ်ချက်အမျိုးမျိုးပေါ်မူတည်ပြီး အိမ်ထဲမှာ နေရာတကျ သပ်သပ်ရပ်ရပ်ထားရှိဖန်တီးနိုင်စေမယ့် အချက် ၁၀ ချက်ကို အကြံပြုဖော်ပြပေးလိုက်ပါတယ်။
၁။ တက်ကြွနိုးကြားစေရန် လှုံ့ဆော်ပေးရာ အားကစာခန်းမ
အားကစားခန်းမ ဖန်တီးတဲ့ခါ တက်ကြွနိုးကြားမှုကို အကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့ ပုံစံမျိုးဖြစ်အောင် ဘယ်လိုဖန်တီးလဲဆိုတာ ဦးစာပေးစဉ်းစာရမယ့်ထိပ်ဆုံးက အချက်ပါပဲ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ့်ကိုယ်အကောင်းဆုံး တက်ကြွနိုးကြားစေတာက ကိုယ့်ရဲ့ ဘဝတစ်လျှောက်လုံးမှာ အချစ်ရဆုံး မိသားစုဝင်တွေ၊ အခင်မင်ရဆုံး မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ရွှင်ဖူးခဲ့ဖူးတဲ့ အတိတ်တွေပဲဖြစ်ပါတယ်။ ဒီလို အတိတ်အချိန်ကာလတစ်ခုက ပျှော်ရွှင်ဖွယ်အခိုက်အတန့်လေးတွေကို ဓာတ်ပုံနဲ့ မှတ်တမ်းတင်ထားတာမျိုးရှိရင် ဓာတ်ပုံတွေကို အကြီးချဲ့ကူးပြီး မှန်ဘောင်တွေနဲ့ အားကစားခန်းမရဲ့ နံရံမှာ ချိတ်ဆွဲပေးပါ။ ကိုယ်အနှစ်သက်ဆုံး စံပြအားကစား အကျော်အမော်တွေရဲ့ ပိုစတာဓာတ်ပုံတွေလည်း နံရံမှာ ကပ်ထားပြီး အားကစားလုပ်နေရင်း မြင်နေရတဲ့အခါ သင့်ကိုအကောင်းဆုံးနိုးကြား သွက်လက်မှုကို ဖြစ်ပေါ်စေပြီး လေ့ကျင့်ခန်းတွေကို ပိုပြီးထိရောက်သွားစေမှာ ဖြစ်ပါတယ်။
၂။ အားကစားခန်းမကို ဧည့်ခန်းထဲမှာ သက်သောင့်သက်သာထားရှိပါ။
သင့်အနေနဲ့ အားကစားခန်းမကို ဘယ်လိုပြင်ဆင်မလဲဆိုတာ မေးစရာဖြစ်နေရင် သက်သောင့် သက်သာရှိစေဖို့ ဦးစားပေးပါလို့ အကြံပြုပါရစေ။ ပင်ပန်းနွမ်းလျမှုတွေကို ပပျောက်သွားအောင် သင့်ကို ဖျော်ဖြေမှုပေးနေတဲ့နေရာက ဧည့်ခန်းပါဆိုရင် လေ့ကျင့်ခန်းလုပ်မယ့် အားကစားခန်းမနေရာမှာလည်း ပင်ပန်းမှုတွေကို အလျော့ပါးဆုံးဖြစ်အောင် ဧည့်ခန်းလိုမျိုးကျကျနန ဖန်တီးပေးပါ။ အခန်းသီးသန့်ဖန်တီးနေရမှာ မလိုချင်ဘူးဆိုရင်လည်း သင့်ရဲ့ မူလဧည့်ခန်းမှာပဲ ထောင့်တစ်နေရာမှာ အားကစားစက်ပစ္စည်းတွေနဲ့ အလေးတစ်ချို့ကို ချထားပြီး ဧည့်ခန်းလည်း ဖြစ်၊ အားကစားခန်းမလည်းဖြစ်အောင် ဖန်တီးနိုင်ပါသေးတယ်။ အနည်းဆုံးသင့်အိမ်ကို အလည်လာတဲ့ ဧည့်သသည်တွေကတော့ ဧည့်ခန်းထဲက အားကစားပစ္စည်းတွေကို မြင်ရုံနဲ့ သင်က ကျန်းမာရေးကို အချိန်ပေးလိုက်စားတတ်သူအဖြစ် တမင်ထုတ်ပြောစရာမလိုဘဲ သူတို့ဘာသာ သူတို့ အလိုလိုမြင်တွေ့ လေးစားသွားကြမှာဖြစ်ပါတယ်။
၃။ အမြင်လှည့်ဖျားမှုဖြင့် အားကစားခန်းမကို ပိုကျယ်ဝန်းပါစေ
သင့်အိမ်မှာ အားကစားခန်းမအတွက် နေရာအကျယ်ကြီး မပေးနိုင်ဘူးဆိုပေမယ့် အမြင်လှည့်ဖျားရုံနဲ့ပဲ အားကစားခန်းမကို နဂိုရှိရင်းစွဲထက် ပိုကျယ်သွားအောင် ပြုပြင်ဖန်တီးလိုက်လို့ ရပါတယ်။ မျက်နှာကြက်ကနေ ကြမ်းပြင်အထိ နံရံအပြည့် ကြေးမုံမှန်ချပ် တပ်ဆင်ဖို့ပဲ လိုအပ်တာပါ။ ကြေးမုံပြင်တွေက ကျဉ်းနေတဲ့ အိပ်ခန်းနေရာတွေကို အမြင်အာရုံလှည့်ဖျားပြီး နဂိုထက်ပိုကျယ်သွားစေတယ်လို့ ထင်ရအောင် ကောင်းကောင်းကြီး ပံ့ပိုးပေးနိုင်ပါတယ်။ ပိုကျယ်တဲ့အခန်းလို့ ထင်မြင်ရပြီး အားကစားလေ့ကျင့်ခန်းလုပ်သူကလည်း ကိုယ်ကိုယ်တိုင်ရဲ့လေ့ကျင့်စွမ်းဆောင်မှုတိုင်းကို ဒီကြေးမုံပြင်ကနေ ပြန်မြင်နေရမှာဖြစ်တဲ့အတွက် တက်ကြွမှုတွေ ဆထက်ထမ်းပိုးတိုးသွားစေပြီး လေ့ကျင့်မှုတွေကိုပါ ပိုပြီးထိထိရောက်ရောက်ဖြစ်သွားစေမှာပါ။
၄။ ယောဂစတူဒီယို
အကုန်အကျသက်သာဆုံးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့ လေ့ကျင့်ခန်းအမျိုးအစားကတော့ ယောဂပါ။ စိတ်ရှည်ရှည်နဲ့ အချိန်အတိုင်းအတာတစ်ခုပေးပြီး ပြင်းထန်တဲ့ ခန္ဓာကိုယ်တွင်းတင်းအားတွေကို ဖြေလျှော့ပေးရတဲ့ ကျန်းမာရေးလေ့ကျင့်ခန်းဖြစ်တာမို့ အကြောအခြင်တွေ၊ ကြွက်သားတင်းအားတွေကို ပျော့ပျောင်းသွားစေလောက်အောင် လေ့ကျင့်မှုအပါးမဝသေးခင်အထိ ယောဂက အမြင်အရ သက်သာလွယ်ကူပေမယ့် တကယ်တမ်းလုပ်ကြည့်တော့ ပြင်းထန်ခက်ခဲတဲ့ လေ့ကျင့်မှုမျိုးဖြစ်ပါတယ်။ တကယ်လည်း ကျန်းမာရေးအတွက် အကျိုးများစေတာမို့ အချိန်အတိုင်းအတာတစ်ခု ကျော်လွန်နိုင်တဲ့အထိ မပျက်မကွက် လေ့ကျင့်ပေးသွားရင် နောက်ပိုင်းအဆင်ပြေသွားမှာ ဖြစ်ပါတယ်။ ယောဂစတူဒီယို အတွက်ကိုတော့ ယောဂကျင့်တဲ့ ဖျာပိုင်းလေးရယ်၊ ကြေးမုံချပ်ရယ်၊ စိတ်ဖျော့မှုပေးမယ့် အလင်းအမှိန်အဖျော့ မီးလုံးပြင်ဆင်မှုတွေလောက်နဲ့ ပြည့်စုံလုံလောက်သွားပါပြီ။
၅။ လှေကားခွင် အောက်က အားကစားခန်းမ
သင့်အိမ်မှာ အပေါ်အောက် အတက်အဆင်းလုပ်တဲ့ လှေကားမှာ လှေကားခွင်လို နေရာမျိုးပါရှိတယ်ဆိုရင် အားကစားခန်းမ ဖန်တီးဖို့အတွက် အရွေးချယ် သင့်ဆုံးနေရာလေးပဲ ဖြစ်ပါတယ်။ သင်အကြိုက်ဆုံး အတက်ကြွဆုံးနဲ့ အလုပ်ချင်ဆုံးစက်ကိရိယာကို လှေကားခွင်ခန်းရဲ့ အတွင်းဆုံးနေရာမှာသာ ထားလိုက်ပါ။ ဒီလိုထားခြင်းဖြင့် လှေကားခွင်မှာ ခပ်ကျဉ်းကျဉ်းလေးဖြစ်နေပေမယ့် အားကစားလုပ်ချင်စိတ် မရှိတော့မှာကို စိုးရိမ်နေစရာ လုံးဝမရှိတော့ပါ။
၆။ အကြောဖြေလျှော့ဖို့အတွက် နေရာဖန်တီးပေးပါ။
အားကစား လုပ်တဲ့နေရာမှာ လေ့ကျင့်ခန်းတွေကို ချွေးတင်မက အသက်ပင် ထွက်လုနီးပါး လုပ်နေရုံနဲ့ မလုံလောက်ဖူးဆိုတာ အားကစားလုပ်တဲ့လူတိုင်း သိထားပြီးသားဖြစ်မှာပါ။ အားကစားလေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်သလို လေ့ကျင့်ခန်းတွေ ပြီးသွားရင်လည်း အကြောဖြေလျှော့တာတွေနဲ့ အနားယူဖို့နေရာကို အလေးပေးလုပ်ဆောင်ကြရပါတယ်။ အားကစားခန်းမမှာပဲ သေတ္တာရှည်ပေါ်ဆိုဖာနဲ့ အံဖုံးအုပ်ထားတဲ့ ပုံစံမျိုး ခုံတန်းရှည်တွေက ဒီနေရာမှာ အကောင်းဆုံးပါပဲ။ လေ့ကျင့်ခန်းတွေ ပြီးသွားတဲ့အခါ အလေးတုံးတွေနဲ့ လေ့ကျင့်ခန်းသုံး ပစ္စည်း အတိုအထွာတွေကို သေတ္တာပုံးထဲမှာ ထည့်သိမ်းပြီး အခန်းကို တစ်ခါတည်း အလွယ်တကူ ရှင်းလင်းလိုက်လို့ ရပါတယ်။ အကြောလျှော့ လေ့ကျင့်ခန်းပြီးတာနဲ့ ခြေဆန့်လက်ဆန့် သက်သောင့်သက်သာ ခုံပေါ်မှာ ထိုင်ပြီး အနားယူလို့ရပါတယ်။
၇။ မိသားစုလေ့ကျင့်ခန်း အားကစားခန်းမ
ကလေးတွေရှိတဲ့ မိသားစုတွေမှာဆိုရင် ပိုသိသာပါတယ်။ မြင်မြင်သမျှ၊ တွေ့တွေ့သမျှကို မကြောက်၊ မရွှံ့ ကိုင်တွယ်ဆော့ကစားကြတဲ့ ကလေးတွေအတွက် မိဘတွေက အရိပ်တကြည့်ကြည့် ကာကွယ်ပေးနေရပါတယ်။ ကလေးတွေကို မျက်စိအောက်မှာ ထားမှအဆင်ပြေတဲ့အတွက် လူကြီးတွေက အိမ်အလုပ်လည်း လုပ်ရ၊ အပြင်စီးပွားရေးအတွက်လည်း အချိန်ပေးရနဲ့ ကျန်းမာရေးအတွက် အားကစားလေ့ကျင့်ခန်း ဆိုတာ ဘယ်နားနေလို့ နေရမှန်းတောင် မသိရတော့တဲ့အထိ ဖြစ်နေသူတွေအတွက် ဒီမိသားစုအားကစားခန်းမလေးက အခြေအနေတွေ အားလုံးကို ပြေလည်သွားစေမှာဖြစ်ပါတယ်။ အားကစားခန်းမမှာပဲ ကလေးတွေ အတွက် ပန်းချီခန်းနဲ့ ပုံပြရုပ်စုံခန်းငယ်လေးမျိုးကို ဖန်တီးကြည့်လိုက်ပါ။ ကိုယ်ကိုယ်တိုင်လည်း ကလေးတွေ ဆော့ကစားတာကို ကြည့်နေရုံနဲ့ပဲ အားကစားလေ့ကျင့်တာပါ တခါတည်း တွဲပြီးလုပ်ဆောင်နေလို့ ရပါတယ်။ မျက်နှာသုတ်ပုဝါတွေ အားကစားပစ္စည်းတွေ ထည့်သိမ်းတဲ့ သော့ပါတဲ့ locker ဗီရိုတွေရဲ့ မျက်နှာပြင်မှာလည်း ကျောက်သင်ပုန်းချပ်တွေနဲ့ ကလေးတွေ စိတ်ကြိုက် ရေးခြစ်၊ ရေးဆွဲလို့ရအောင် ဖန်တီးပေးထားလိုက်ပါ။ လေ့ကျင့်ခန်းလုပ်ရင်း၊ ကလေးတွေရဲ့ လက်စွမ်းပြ ပုံဆွဲရေးခြစ်မှုတွေကို ချီမွမ်းပြောဆိုပေးရင်း ကလေးတွေနဲ့ မိဘတွေကြား အချစ်တွေ တိုးပွားလာစေမှာဖြစ်ပါတယ်။
၈။ အခန်းကျဉ်း အားကစားခန်းမ
အားကစားခန်းမ ဖန်တီးဖို့အတွက် နေရာကျယ်ကျယ်ဝန်းဝန်း မပေးနိုင်လည်း စိတ်ပူနေစရာ မလိုပါဘူး။ လမ်းလျှောက်စက် တစ်လုံးသာသာပဲ ဝင်ဆံ့တဲ့ အခန်းလေးဆိုရင်တောင် ဒါက အားကစားခန်းမလို့ ဆိုနိုင်ပါပြီ။ ကိုယ်လက်လှုပ်ရှားမှုတိုင်းက အားကစားလေ့ကျင့်မှုတွေပဲ ဖြစ်တာမို့ အရမ်းကျဉ်းနေတဲ့အခန်းမှာဆိုရင် လမ်းလျှော်စက်ကိုထားပြီး အခန်းနံရံမှာ တီဗီနဲ့ ကြေးမုံချပ်တွေ ချိတ်ဆွဲလိုက်ရင် ရပါပြီ။ တီဗီဆင် ရတဲ့ အကြောင်းကတော့ တီဗီကြည့်ရင်း လမ်းလျှောက်စက်ပေါ်ပြေးတာမျိုးက အခန်းအကျဉ်းအကျယ်ကို အာရုံမရောက်စေဘဲ လမ်းလျှောက်လေ့ကျင့်ခန်းကို ပြီးမြောက်အောင်မြင်စေတာမို့ပါ။
၉။ ထပ်ခိုးပေါ်က အားကစားခန်းမ
အားကစားလေ့ကျင့်ဖို့အတွက် ခန်းမဖန်တီးဖို့ နေရာကြပ်တည်းနေသူများအတွက် နောက်ထပ်အကောင်းဆုံး ထပ်ခိုးပေါ်မှာ အားကစားခန်းမ ဖန်တီးထည့်သွင်းတာမျိုးပါ။ ထပ်ခိုးပေါ် ထားရှိမှာဖြစ်တဲ့ အရမ်းလေးလံတဲ့ လေ့ကျင့်ခန်း စက်ကိရိယာမျိုးတွေ များများစားစား မထားရှိဘဲ အလေးတုံးတွေနဲ့ စက်ကိရိယာလွတ် လေ့ကျင့်တာမျိုးတွေနဲ့၊ ယောဂလေ့ကျင့်တာမျိုးတွေပဲ လုပ်တဲ့ အားကစားခန်းမအဖြစ် အသုံးပြုတာက ပိုအဆင်ပြေပါတယ်။
၁၀။ ကိုယ်ပိုင် ရုံးခန်းထဲက အားကစားခန်းမ
အားကစားခန်းမ ဖန်တီးဖို့အတွက် လုံးဝနေရာမပေးနိုင်ဘူး ဆိုသူတွေအတွက်လည်း နောက်ဆုံးနည်းလမ်း တစ်ခုရှိပါသေးတယ်။ အိမ်မှာထားရှိတဲ့ စာကြည့်ခန်းပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ရုံးခန်းထဲမှာပဲဖြစ်ဖြစ် ကိုယ်အကြိုက်နှစ်သက်ဆုံး အားကစားစက်ကိရိယာတစ်ခုကို ထည့်ထားပြီး အားတဲ့အချိန်တိုင်း လေ့ကျင့်ခန်း အလွယ်လေး သွားပြီး လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ အလုပ်လုပ်ရင်း၊ စာဖတ်ရင်း ညောင်းချိလာတဲ့အချိန်မျိုးမှာ အနီးနား ထားထားတဲ့ လေ့ကျင့်ခန်း စက်ကိရိယာကို မြင်တွေ့ပြီး ကိုယ့်ကိုယ့်ကို ကျန်းမာရေး ဂရုစိုက်ဖြစ်စေဖို့ သတိဝင်လာစေမှာဖြစ်ပါတယ်။ အလုပ်တွေ ဖိစီးပြီး အာရုံနောက်ကျိလာတဲ့ အခါမျိုးမှာ လေ့ကျင့်ခန်းလေး အချိန်ခဏပေးထားလုပ်လိုက်တာမျိုးကြောင့် စိတ်ဓာတ်ကျမယ့်အချိန် လုံးဝမရှိတော့ပဲ လန်းဆန်းတက်ကြွမှုကို ပြန်လည်ရယူနိုင်ပြီး ဒီလိုလုပ်ဆောင်ခြင်းက စိတ်ကျဝေဒနာမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးတဲ့ အမူအကျင့်ကောင်း တစ်ရပ်လည်း ဖြစ်ပါတယ်။
Photo Credit – Internet
Download eBook version as a FREE!
လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်
  • ခေါင်မိုးထပ်က ဥယျာဉ်လေး viewed
  • အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်း viewed
  • အိမ်ပြောင်းတဲ့အခါ လွယ်ကူစေမယ့်အချက်များ viewed
မျက်နှာကြက်တွင် ချိတ်ဆွဲသည့် ခန်းဆီးလိုက်ကာ၏ အားသာချက်များ
တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
June 2, 2020 နေ့
Decorationဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။
ads
ခန်းဆီးလိုက်ကာဆိုတာနဲ့ နံရံပေါ်မှာ သံတန်းတွေနဲ့ လမ်းကြောင်းတွေ တပ်ဆင်ပြီးမှ ချိတ်ဆွဲစရာမလိုပါဘူး။ အဲဒီအစား ခန်းဆီးလိုက်ကာကို မျက်နှာကြက်က ချိတ်ဆွဲတဲ့ စနစ်ကမြင့်ရော၊ လှပမှုကိုပါ ထပ်ပေါင်းထည့်ပေး နိုင်တာကြောင့် ခန်းဆီးလိုက်ကာရဲ့ ပုံစံကို လုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။ ဥပမာအားဖြင့် ပြတင်းပေါက်တွေနဲ့ တံခါးပေါက်တွေရဲ့ နံရံပေါ်မှာ နေရာလွတ်မရှိဘူးဆိုရင် ဒါက အရမ်းအသုံးဝင်ပါတယ်။ မျက်နှာကြက်က တပ်ဆင်ထားတဲ့ ခန်းဆီးလိုက်ကာဟာ ဒီအခန်းတွေကို ဘယ်လိုလှပစေတယ်ဆိုတာ ကြည့်လိုက်ပါ။
၁။ နွေးနွေးထွေးထွေးရှိစေခြင်း
အထူးသဖြင့် ဆောင်းရာသီတွေမှာ ပြတင်းပေါက်ကြီးတွေက ချမ်းအေးစေနိုင်ပါတယ်။ ဒီအိပ်ခန်းမှာ ကြည့်လိုက်ရင် မျက်နှာကြက်မှာ ချိတ်ဆွဲထားတဲ့ ခန်းဆီးလိုက်ကာက ကျယ်ပြောတဲ့ ဧရိယာကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး တစ်ခန်းလုံးကို နွေးထွေးသွားစေနိုင်တာကြောင့် တစ်နေ့တာလုံးသက်သောင့်သက်သာ နေထိုင်နိုင်ပါတယ်။
အခန်းအပြင်အဆင်နဲ့ လိုက်ဖက်ညီတဲ့ ခန်းဆီးလိုက်ကာကို ရွေးချယ်ရမယ်ဆိုပေမယ့် လိုက်ကာကို ပိတ်ထားတဲ့အခါ အရောင်က အရမ်းလွှမ်းခြုံနေလို့ မဖြစ်ပါဘူး။ ပုံမှာကြည့်လိုက်ရင် မီးရောင်က အိပ်ရာဘေးနားက စားပွဲတွေ၊ အံဆွဲတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လှပနေပါတယ်။
၂။ ပေါ်တီကိုတံခါးများ
မျက်နှာကြက်မှာတပ်ဆင်ထားတဲ့ ခန်းဆီးလိုက်ကာက တောက်ပတဲ့ အခန်းကျယ်ဧည့်ခန်းရဲ့ ဖန်တံခါးတွေနဲ့ လိုက်ဖက်ညီပါတယ်။ ဒေါက်ချွန်းကွင်းတွေနဲ့ သံတန်းတွေထားဖို့ နံရံမှာနေရာလွတ်မရှိတဲ့အတွက် ခန်းဆီးလိုက်ကာတပ်ဆင်ဖို့ဆိုတာ လှည့်ကွက်လိုပါတယ်။
နံရံဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်အပြည့်တပ်ဆင်ထားတဲ့ မျက်နှာကြက်ခန်းဆီးလိုက်ကာလမ်းကြောင်းက ခန်းဆီးလိုက်ကာကို တံခါးနဲ့ ခပ်ခွါခွါထားနိုင်တဲ့အတွက် အလင်းရောင်ပိုရနိုင်သလို တံခါးဖွင့်ထားတဲ့အခါမှာလည်း ခန်းဆီးလိုက်ကာက ရှုပ်နေတော့မှာ မဟုတ်ပါဘူး။
၃။ ခန်းဆီးလိုက်ကာကို လှလှပပကျနနေအောင် ထားပါ။
ဒီပုံမှာကြည့်လိုက်ရင် အလင်းရောင်ဝင်တဲ့ နေရာနဲ့ အရောင်ဖျော့ခန်းဆီးလိုက်ကာက အဓိကပါပဲ။ မျက်နှာကြက်ကနေ နူးနူးညံ့ညံ့ကျနေပြီး အတွန့်အလိတ်တွေက လွင့်မျောနေပါတယ်။ ခန်းဆီးလိုက်ကာလမ်းကြောင်းက အလူမီနီယံ၊ သံမဏိနဲ့ ပလက်စတစ်အပါအဝင် အချိုးအစားပေါင်းမြောက်များစွာရှိပါတယ်။ ခန်းဆီးလိုက်ကာလမ်းကြောင်းကို ရွေးချယ်တဲ့အခါ မျက်နှာကြက်နဲ့ လိုက်ဖက်မယ့်အရာကို စဉ်းစားပါ။
ကြံ့ခိုင်မှုကိုလည်း ထည့်စဉ်းစားဖို့ လိုအပ်ပါတယ်။ သတ္ထုက ပလက်စတစ်ထက်ပိုကြံ့ခိုင်တာကြောင့် လေးလံတဲ့ ခန်းဆီးလိုက်ကာတွေနဲ့ ပိုပြီးသင့်တော်ပါတယ်။ သတ္ထုလမ်းကြောင်းတွေက ကြိုးနဲ့ချိတ်ဆက်လို့လည်း ပိုအဆင်ပြေတာကြောင့် ကြိုးတစ်ချက်ဆွဲလိုက်ရုံနဲ့ ခန်းဆီးလိုက်ကာကို ဆွဲဖွင့်လိုက်လို့ ရပါပြီ။ အထူးသဖြင့် ပြတင်းပေါက်တွေနဲ့ ခန်းဆီးလိုက်ကာတွေက အရမ်းမြင့်နေတဲ့ အခါမျိုးမှာပါ။
၄။ ကျယ်တဲ့ပြတင်းပေါက်မှာ တပ်ဆင်ပါ။
မျက်နှာကြက်မှာ ခန်းဆီးလိုက်ကာတပ်ဆင်ခြင်းက အခန်းကို ပိုရှည်သွားစေပြီး မြင့်သွားသယောင်ဖန်တီးပေးနိုင်တာကြောင့် ကျယ်ပြန့်တဲ့ ပုတိုတိုပြတင်းပေါက်တွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ အေးချမ်းငြိမ်သက်တဲ့ ဒီအခန်းလေးထဲမှာ ပြတင်းပေါက်ကထင်တာထက် ပိုကြီးသွားသယောင်ယောင်ရှိပါတယ်။ နက်မှောင်တဲ့ အရောင်တွေနဲ့ ညို့အားပြင်းတဲ့ အခန်းအပြင်အဆင်ကို မပြင်ဆင်သရွေ့တော့ အရောင်ဖျော့တဲ့ ခန်းဆီးလိုက်ကာတွေက အမြင်အားဖြင့် ကျယ်ပြောစေတဲ့အတွက် အခန်းကျဉ်းတွေမှာ ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။
၅။ သံတန်းအကွေးကို သုံးပါ။
ဒီလိုမျဉ်းကွေးသဏ္ဍာန်ပြတင်းပေါက်ရှိတဲ့ ထမင်းစားခန်းကို မျက်နှာကြက်ခန်းဆီးလိုက်ကာအဝိုင်း တပ်ဆင်ခြင်းက အခန်းကို ကျက်သရေရှိသွားစေပါတယ်
Photo credit – Internet
Download eBook version as a FREE!
လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်
  • ခေါင်မိုးထပ်က ဥယျာဉ်လေး viewed
  • အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်း viewed
  • အိမ်ပြောင်းတဲ့အခါ လွယ်ကူစေမယ့်အချက်များ viewed
David Snow Showroom visit
တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
October 28, 2019 နေ့
Decorationဈေးဝယ်လမ်းညွှန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။
ads
Unicode
ကျွန်တော် တို့ Myanmar Home & Decor အဖွဲ့သားတွေ ဟာ David Snow Showroom တည်ရှိရာ အမှတ် (၂၅၊ ၂၆) ပြည်ထောင်စုလမ်း၊ တောင်ဒဂုံမြို့နယ်ကို ရောက်ရှိခဲ့ကြပါတယ်။ David Snow ကနေ Indoor ပစ်္စည်းများစွာကို တင်သွင်း ဖြန့်ချိပေးနေတာဖြစ်ပြီး Outdoor ပစ်္စည်းများကိုလည်း ဝယ်ယူရရှိ နိုင်တယ်လို့သိရပါတယ်။Showroom မှာလည်း indoor ၊ outdoor သုံး ပစ်္စည်းများစွာကို ခင်းကျင်းပြသထားတာကို တွေ့ရပါတယ်။
ဒီ Showroom လေးကို ရောက်ရောက်ခြင်းသတိထားမိခဲ့တာကတော အရောင်အသွေးစုံ ဒီဇိုင်းအစုံ David Snow Luxury Vinyl Floor ကြမ်းခင်းတွေပါ။Showroom မှာ လက်တွေ့ခင်းကျင်းပြသပေးထားတာ တွေ့ရပါတယ်။ ဒီ vinyl floor တွေက ကျွန်းသစ် အစားထိုး ကြမ်းခင်းများ ဖြစ်တာကြောင့် သဘာဝသယံဇာတ ဆုံးရှုံးမှုကို ထိန်းသိမ်းနိုင်ပါတယ်။ အရောင်အနေနဲ့ ၁၈ ရောင်ရှိပြီး ဒီဇိုင်း အနေနဲ့လည်း ရွေးချယ်စရာစုံလင်ပါတယ်။ Certificate (၆) ခု ရထားပြီး တရုတ်နိုင်ငံမှသွင်းတဲ့ ပစ်္စည်းဆိုပေမယ့် europe အဆင့်မီ အရည်အသွေးမြင့်ပစ်္စည်းတစ်ခု ဖြစ်တယ်လို့သိရပါတယ်။ အထူအပါးအမျိုးမျိုးရှိပါပြီး ရေနဲ့ ထိတွေ့မှုကြောင့် အနံ့ဆိုးထွက်ခြင်းနဲ့ အရောင် လွင့်ခြင်း တို့အတွက်လည်း ၁၀ နှစ်အာမခံ ပါရှိပါတယ်။
David Snow
နောက်တစ်ခုကတော့ decking ပါ။ Deckingအတွက်တင်သွင်းထားတဲ့ပစ်္စည်းတွေကတော့ Wood Plastic Composite Decking ( WPC) လို့ခေါ်တဲ့ သစ်အမှုန်၊ ပလတ်စတစ်နဲ့ ကျောက်မှုန့်တွေနဲ့ ပေါင်းစပ်ထုတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ပင်လယ်ဆားငံရေ ထိတွေ့မှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ သူကလည်း ၁၀နှစ် အာမခံပေးပါတယ်။ Swimming pool ‌တွေမှာ အသုံးများတဲ့ ပစ်္စည်း ဖြစ်ပါတယ်။
David Snow
Myanmar Home & Decor
Interior product တွေထဲမှာဆိုရင် David Snow မှာ အရည်အသွေးကောင်းပြီး မျက်နှာကျက်အတွက် သုံးနိုင်မယ့် PVC ပစ်္စည်းတွေလည်း ရှိပါတယ်။ ဒီ PVC product တွေကို ွှwall panel အဖြစ်လည်း အသုံးပြုနိုင်တာကို ှ့သတမသသာ မှာ လက်တွေ့ ခင်းကျင်းပြသပေးထားပါတယ်။
စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ David Snow မှာ ရှိတဲ့ ပစ်္စည်းတွေတိုင်းက သဘာဝအစားထိုးပစ်္စည်းတွေ ဖြစ်နေတာပဲ ဖြစ်ပါတယ်။ David Snow မှာindoor, outdoor ပရိဘောဂတွေလည်း ခင်းကျင်းပြသထားပြီး အသံလုံ3D wall panel တွေလည်း ရရှိနိုင်တာ တွေ့ရပါတယ်။ ပရိဘောဂပစ်္စည်းများကိုတော့ ကွမ်တုံမှ တင်သွင်းတာဖြစ်ပြီး အရည်အသွေးကောင်း ပစ်္စည်းများ ဖြစ်ကြောင်းလည်း သိရပါတယ်။
Myanmar Home & Decor
နောက်ထပ်တွေ့ ရတာကတော့UV PVC marbel board wall panel ပဲဖြစ်ပါတယ်။ မာဘယ်လ်ကျောက်အစားထိုး ထုတ်လုပ်ထားတာဖြစ်ပြီး နေအိမ်၊ ဟိုတယ်၊KTV၊ Restaurant များအတွက် အသုံးပြုနိုင်ပါတယ်။ နောက်တစ်မျိုးကတော့ ဆေးရုံ၊ စက်ရုံတွေအတွက် ကြမ်းခင်းအဖြစ် အသုံးပြုနိုင်ဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ commercial PVC elastic floor ဖြစ်ပါတယ်။ ဒီ floor ဟာ anti bacteria ဖြစ်ပြီး ပိုးသတ်ဆေးလည်းအသုံးပြုခံတယ်လို့သိရပါတယ်။ ခင်းကျင်းရာမှာလည်းကော်ဇောခင်းသလို ခင်းရတာ ဖြစ်လို့ ကြမ်းကြားတွေမှာ ဘတ်တီးရီးယား ပေါက်ဖွားနေမှာ စိုးရိမ်စရာမလိုပါဘူး။ ဆေးရုံတွေမှာဆိုရင် သစနမအေငသည အ့နအေနမ တွေမှာအသုံးပြုတယ်လို့ သိရပါတယ်။ စက်ရုံတွေ အတွက်ဆိုလည်း အကြမ်းခံအမျိုးအစားဖြစ်ပါတယ်။
David Snow
David Snow ကနေ ဝယ်ယူတဲ့ ပစ်္စည်းတွေအတွက် down town မြို့နယ်တွေဆိုရင် ပို့ခ အခမဲ့ နဲ့ ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။Indoor and outdoor ပစ်္စည်းများစွာကို တစ်နေရာတည်း စုံလင်စွာရရှိနိုင်ပြီး လက်တွေ့ ခင်းကျင်းပြသထားတာကို မြင်တွေ့ရမှာဖြစ်လို့ တောင်ဒဂုံမြို့နယ်မှာ တည်ရှိနေတဲ့ David Snow showroom ကို သွားရောက် လေ့လာကြည့်ရှုနိုင်ဖို့သတင်းပေးလိုက်ပါတယ်။
Zawgyi 
လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်
  • ခေါင်မိုးထပ်က ဥယျာဉ်လေး viewed
  • အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်း viewed
  • အိမ်ပြောင်းတဲ့အခါ လွယ်ကူစေမယ့်အချက်များ viewed