စွဲမက်ဖွယ် အိမ်ပုံစံလေးများ

ခေါင်မိုးထပ်က ဥယျာဉ်လေး

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
October 26, 2020 နေ့
စွဲမက်ဖွယ် အိမ်ပုံစံလေးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads


သစ်ပင်စိုက်ခြင်းဟာ ကျွန်တော်တို့အတွက် စိတ်ချမ်းသာမှုတို့ကို ပေးစွမ်းတယ်ဆိုတာ သစ်ပင်စိုက်ဖူးသူတွေပဲ သိနားလည်ပါတယ်။ မနက်အိပ်ရာနိုးချိန်နဲ့ အလုပ်ကပြန်လာတဲ့အချိန် သစ်ပင်လေးတွေ စိမ်းစိုနေတာ မြင်လိုက်ရရင် အင်မတန်စိတ်ချမ်းသာရပါတယ်။ ဒီတခါမှာတော့ အိမ်ခေါင်မိုးထပ်လေးတွေမှာ စိမ်းစိုတဲ့ ဥယျာဉ်လေးတစ်ခုကို ဘယ်လိုဖန်တီးမလဲဆိုတာကို လေ့လာနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်၊
ခေါင်မိုးထပ်မှာ စိမ်းလန်းတဲ့သစ်ပင်လေးတွေ စိုက်ပျိုးခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ကို လျှော့ချနိုင်ပြီး မိမိအိမ်နဲ့ ပတ်ဝန်းကျင်အတွက် လေသန့်စင်မှုကို ရရှိစေနိုင်ပါတယ်။ အသင့်အတင့် အမြင့်ရှိတဲ့့ အပင်လေးတွေကို စိုက်ခြင်းအားဖြင့် အရိပ်ရတဲ့အတွက် အပေါ်ဆုံးထပ်ကိုအပူချိန်မြင့်မားခြင်းမှ ကာကွယ်ပေးပါတယ်။

Photo – Pinterest


သစ်ပင်လေးတွေစိုက်တဲ့အခါမှာ မြေအိုးများ၊ ပလတ်စတစ်အိုးလေးများနဲ့ စိုက်ပျိုးနိုင်သလို နေရာအကျယ်အဝန်းပေါ်မူတည်ပြီး အုတ်ဘောက်ကွတ်ပြီးတော့လည်း စိုက်ပျိုးနိုင်ပါသေးတယ်။ ခေါင်မိုးထပ်ရဲ့ အနားသတ်ဘောင်တွေကလည်း ဘယ်လောက်အမြင့်ရှိသလဲဆိုတာကိုလည်း အနည်းငယ်သတိပြုသင့်ပါသေးတယ်။ တိုက်အမြင့်ပေါ်မူတည်ပြီး လေတိုက်နှုန်းကိုလည်း သတိပြုရပါအုံးမယ်နော်။
ခေါင်မိုးထပ်ဥယျာဉ်လေးမှာ သင်ကြိုက်နှစ်သက်တဲ့ ပန်းပင်၊ သီးပင်၊ စားပင်ကို စိုက်ပျိုးနိုင်ပါတယ်၊ လွယ်လွယ်ကူကူ စိုက်ပျိုးနိုင်တဲ့ ပန်းပင်လေးတွေကတော့ နှင်းဆီပင်၊ သစ်ခွပင်အမျိုးမျိုး၊ ပိန်းပန်းပင်အမျိုးမျိုး၊ သနပ်ခါးပင်၊ စံပယ်ပင်တို့ဖြစ်ကြပြီး တန်ဖိုးလည်း မကြီးလှပါဘူး။ သစ်ခွလို ရေလည်းကြိုက်၊ လေတိုက်တာလည်း ကြိုက်တဲ့ ပန်းပင်လေးတွေအတွက်ကတော့ ခေါင်မိုးထပ်ဥယျာဉ်လေးက အသင့်တော်ဆုံးပေါ့၊ နေပြင်းတာမကြိုက်တဲ့အတွက် အမိုးပါးလေးတော့ မိုးပေးထားရပါမယ်နော်။ တန်ဖိုးကြီးတဲ့ ပန်းတစ်မျိုးဖြစ်တဲ့ သဇင်ပန်းတိုင်တွေကို စိုက်ချင်တဲ့သူတွေအတွက်လည်း မြတ်မြတ်နိုးနိုးစိုက်ပျိုးနိုင်ပါတယ်။ အိမ်မှာပွင့်တဲ့ ပန်းပင်လေးတွေက ပန်းမှန်သမျှ ဘုရားပန်းပူဇော်တိုင်း အင်မတန်စိတ်ချမ်းသာရပါတယ်။ အားဆေးတွေမသုံးဘဲ ဆန်ဆေးရည်ကို သဘာဝအားဆေးအဖြစ်သုံးပေးတာဖြစ်ပြီး အပွင့်တွေလှိုင်လှိုင်ပွင့်တာကြောင့် အိမ်မှာ ဘုရားပန်းဝယ်စရာမလိုတော့ပါဘူး။



စားပင်တွေအနေနဲ့ စိုက်ပျိုးချင်တယ်ဆိုရင် နံနံပင်၊ ခရမ်းကျွတ်သီး၊ ငရုတ်သီး၊ ချဉ်ပေါင်ပင်၊ ဆလတ်ရွတ်၊ ကန်စွန်းရွက်၊ ပင်စိမ်း၊ ခရမ်းချဉ်သီးတို့ဖြစ်ကြပါတယ်။ မြေနေရာကျယ်ကျယ်မရှိပေမဲ့ ခေါင်မိုးမှာရှိတဲ့နေရာလေးမှာပဲ စိုက်ပျိုးပြီး လတ်လတ်ဆတ်ဆတ်စားသုံးနိုင်ခြင်းက ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်သလို organic အသီးရွက်တွေကို စျေးကြီးကြီး ပေးဝယ်စရာမလိုတော့ဘူးပေါ့။ ၀◌ါးပင်ငယ်လေးများနဲ့ တောင်ထန်းပင်လို အပင်လေးတွေကလည်း မျက်စေ့ပသာဒဖြစ်စေပါတယ်။

Photo – Pinterest

နေရာရှိနေသေးတယ်ဆိုရင် ထိုင်ခုံလေးတွေနဲ့အတူ စားပွဲလေးတစ်လုံးကိုပါ ထည့်သွင်းအလှဆင်လိုက်ပါ။ သင်အလုပ်အားတဲ့နေ့တွေရဲ့ နေခင်းမှာ စာဖတ်တာပဲဖြစ်ဖြစ် မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးစားသောက်ကြတာပဲဖြစ်ဖြစ် ဘ၀ရဲ့ သာယာတဲ့အချိန်တွေပို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ သစ်ပင်ပန်းပင်လေးတွေနဲ့အတူ မီးလုံးလေးတွေနဲ့လည်း အလှဆင်ထားကြည့်လိုက်ပါ။ အလုပ်အားတဲ့အချိန်တွေမှာပဲ ခေါင်မိုးထပ်ဥယျာဥ်လေးမှာ အချိန်ကုန်တတ်တာဖြစ်လို့ ညချမ်းအချိန်မှာ မီးအလှဆင်ထားခြင်းက သင့်စိတ်ကိုချမ်းမြေ့စေမှာပါ။ သဘာ၀တရားကိုအပြည့်အ၀ခံစားနိုင်ဖို့အတွက် စိမ်းစိုလှပတဲ့ပန်းဥယျာဥ◌်လေးတစ်ခုမှာ မြက်ခင်းတုကိုလည်း ထည့်သွင်းအလှဆင်သင့်ပါတယ်နော်။

ခေါင်မိုးထပ်မှာ သစ်ပင်တွေစိုက်တော့မယ်ဆိုရင် နေရောင်ခြည်ကောင်းကောင်းရတာဖြစ်ပေမယ့် မနက်ခင်းနေရောင်ခြည်ကြိုက်တဲ့အပင်လား၊ ညနေခင်းနေရောင်ခြည်ကြိုက်တဲ့အပင်လား ဆိုတာတော့ သေချာစီစစ်ဖို့လိုပါတယ်။ မနက်စောစောမှာ အပင်လေးတွေကို ရေလောင်းပေးရင်း သဘာဝလေကို ရှူရှိုက်တဲ့ပြီး သင့်ရဲ့ လှပတဲ့ နေ့ရက်တစ်ရက်ကို စတင်နိုင်ပါတယ်။
စိတ်အေးချမ်းသာခြင်းက သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ကိုပါ များစွာအထောက်အကူဖြစ်စေပါတယ်။ သင့်နေအိမ်ရဲ့ ခေါင်မိုးမှာ နေရာလွတ်ရှိတယ်ဆိုရင် ပန်းဥယျာဉ်လေးတစ်ခုကို မကြာမီဖန်တီးလိုက်တော့နော်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ခေါင်မိုးထပ်က ဥယျာဉ်လေး viewed
  • အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်း viewed
  • အိမ်ပြောင်းတဲ့အခါ လွယ်ကူစေမယ့်အချက်များ viewed

ads

သင်ရဲ့အိမ်လေးပြန်လည်အသက်ဝင်သွားစေဖို့ငွေကုန်ကြေးကျခံနေစရာမလိုပါဘူး။
အချက်အလက်လေးအနည်းငယ်ကို ဂရုစိုက်လုပ်ဆောင်ပေးရုံနဲ့ သင့်အခန်းလေးက
အချိန်တိုအတွင်းလှပသပ်ရပ်ပြီး ဆွဲဆောင်မှုရှိသွားစေမှာဖြစ်ပါတယ်။ အချိန်တိုလေးအတွင်းမှာ လှပသပ်ရပ်သွားစေဖို့ အဆင့်ငါးဆင့်ကိုတော့ လိုက်နာဖို့ လိုအပ်ပါတယ်။
ပစ္စည်းအသစ်တွေသိပ်များများမသုံးရဘဲ အခန်းသစ်သဖွယ် သပ်ရပ်လှပသွားစေဖို့
ဒီအဆင့်ငါးဆင့်ကိုတော့ လိုက်နာဖို့ လိုအပ်ပါတယ်။ ပစ္စည်းအသစ်တွေသိပ်များများ မသုံးရဘဲ အခန်းသစ်သဖွယ် သပ်ရပ်လှပသွားစေဖို့ ဒီအဆင့်ငါးဆင့်က အက္ခရာအကျဆုံးပါပဲ။
အဆင့်ငါးဆင့်ကတော့ ဖယ်ရှားရှင်းလင်းခြင်းပြင်ဆင်မွမ်းမံခြင်း၊ ဆေးသုတ်ဆေးခြယ်ခြင်း၊
ပာင်းရွှေ့နေရာချခြင်းနဲ့ ဝယ်ယူခြင်းတို့ပဲဖြစ်ပါတယ်။


၁။ ဖယ်ရှားရှင်းလင်းခြင်း
အခန်းကိုအသွင်အပြင်အသစ်ပြောင်းလဲသွားဖို့ချည်းပဲ စိတ်စောမနေသင့်ပါဘူး။
ပစ္စည်းပစ္စယတွေ အရမ်းများပြားနေလွန်းရင်အခန်းထဲက အပြင်အဆင်ပြောင်းလဲသွားဖို့
ပထမဦးဆုံးအနေနဲ့ သင့်အခန်းထဲကမလိုအပ်ဘဲ ရှုပ်ရှက်ခက်နေတဲ့ ပစ္စည်းတွေကိုဖယ်ရှားရှင်းလင်းလိုက်ပါ။ဟောင်းနွမ်းလွန်းနေပြီးခေတ်မမီတော့တဲ့ ပရိဘောဂတွေကနေစတင်လိုက်ပါ။ အခန်းကို အလှဆင်ဖို့ ရည်ရွယ်တပ်ဆင်ထားခဲ့ပေမယ့်ခတ်ကာလ ကြာရှည်လွန်သွားလို့ဟာင်းနွမ်းပျက်စီးနေတဲ့ အခန်းအလှဆင်ပစ္စည်းတွေက သင့်အခန်းကို အလှတွေတပ်ဆင့်ဆောင်ကျဉ်းပေးမလာတော့ဘူးဆိုတာ အသေအချာပဲမို့ သင့်အနေနဲ့ မာတသဖြစ်နေမယ့်အစား ဖယ်ရှားရှင်းလင်းလိုက်တာက သင့်ရဲ့ အခန်းကို အသက်ရှုချောင်သွားစေမှာဖြစ်ပါတယ်။

ပြီးရင်တော့ ကုလားထိုင်အောက် ဖုန်အလိမ်းလိမ်းနဲ့ သင်ရဲ့ ငယ်ကျွမ်းဆွေမွေးပွအရုပ်လေးတွေကိုတာ့ လွှင့်မပစ်ရက်ဘူးဆိုရင်ဖြင့် နောက်ဖေးကလျှော်စက်ထဲ ခဏလောက်သွားထည့်ပြီးလျှော်ထားလိုက်ပါ။ အခန်းလေးရှင်းပြီးရင် လျှော်စက်ထဲကလျှော်ဖွတ်သန့်စင်ပြီးသားအရုပ်တွေကိုပြန်ထုတ်လို့ နေလှန်းခြောက်သွေ့စေပြီးတာနဲ့သစ်လွင်တောင်ပြောင်နေတဲ့ သင့်အခန်းလေးထဲမှာ ပြန်ပြီး အကျအနထားလိုက်လို့ရပါတယ်။ပြတင်းပေါက်ဘောင်ပေါ်က ဖုန်တွေကိုလည်းသန့်ရှင်းပစ်ဖို့ မမေ့လိုက်ပါနဲ့ဦး။ ဒီလိုပြတင်းပေါက်ဘောင်ပေါ်မှာ ဖုန်တွေကို သန့်ရှင်းပြီးသား အိမ်ခန်းထဲကို ဖုန်တွေပြန့်နှံ့သွားရင် အကုန်လုံးအချည်းနှီးဖြစ်ရမှာပါ။ ပြီးရင်တော့အခန်းထဲက ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် အစီအရီညှိထားလိုက်ပါ။ ပထမဦးဆုံးအဆင့်လေးပြီးသွားရင်တောင်သင့်ရဲ့ အခန်းလေးက အတော်အသင့်လေးကြည့်ကောင်းသွားမှာ အသေအချာပါပဲ။


၂။ ပြောင်းရွှေ့နေရာချခြင်း
ဆေးသုတ်ဆေးခြယ်ပြီးရင်တော့ ပရိဘောဂတွေနဲ့ အခန်းအပြင်အဆင်ပစ္စည်းတွေကို
နရာချရတော့မှာပါ။ အသွင်သစ်အမြင်သစ်ဖြစ်ဖို့အတွက် ပရိဘောဂပစ္စည်းတွေကို
ခါတိုင်းနေရာမှာမထားတော့ဘဲနေရာနည်းနည်းလေးပြောင်းပေးရမှာပဲဖြစ်ပါတယ်။ TV
စင်ကနေ မီးလင်းဖို့ နေရာနဲ့ ပြတင်းပေါက်နေရာတွေနဲ့ ချိန်ညှိပြီးအခန်းထဲကပစ္စည်းတွေကိုအလိုက်သင့်နေရာပြောင်းရွှေ့ပေါ်ပေးမယ်ဆိုရင် ခံစားမှုအသစ်တွေကို ဖြစ်ပေါ်စေမှာသေအချာပါပဲ။

အခန်းနံရံဘက်မှာ ခါတိုင်းချောင်ထိုးတဲ့သလွန်စောင်းခုံလေးကို အခန်းအလယ်နားထိအောင် ထုတ်လိုက်ပါ။ သူ့နောက်မှာ ဆိုဖာစားပွဲလေးနဲ့ မီးအိမ်လေးကို တင်ထားလိုက်ပါ။ ပြီးရင်တော့ အိပ်ရာဘေးနေရာလွတ်မှာ စားပွဲခုံအသေးနဲ့ ထိုင်ခုံတွေ၊ အိမ်တွင်းအလှဆင်ပန်းအိုးလေးတွေကို စိတ်ကြိုက်ပုံစံနဲ့ ထားလိုက်မယ်ဆိုရင် အသစ်သစ်တွေနဲ့အရာအားလုံးလတ်ဆတ်သွားဦးမှာပါ။ ပြီးရင်ဆေးသုတ်ထားတဲ့ နံရံပေါ်မှာ မိသားစုအမှတ်တရ ဓာတ်ပုံကြီးတွေပဲဖြစ်ဖြစ် အနုပညာလက်ရာမြောက်ပန်းချီကားတွေပဲဖြစ်ဖြစ် ပုံစံအသစ်အဆန်းနဲ့ ချိန်ထားလိုက်ရင်တော့ အားလုံးပြည့်စုံသလောက်နီးပါးဖြစ်သွားပါပြီ။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ခေါင်မိုးထပ်က ဥယျာဉ်လေး viewed
  • အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်း viewed
  • အိမ်ပြောင်းတဲ့အခါ လွယ်ကူစေမယ့်အချက်များ viewed

Babara Barry

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သက်ပိုင်သူ မှ
February 29, 2020 နေ့
စွဲမက်ဖွယ် အိမ်ပုံစံလေးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

စိမ်းနုနုအသွေး၊ ဝါညိုရောင်နုနု၊ သနပ်ခါးရောင်ဖျော့ဖျော့၊ ပင်လယ်မှာပျော်ဝင်သွားတဲ့ စိမ်းပြာရည်လဲ့လဲ့၊ အဖြူပေါ်မှာ ဆင်စွယ်ရောင်လို ခပ်ဖျော့ဖျော့လေးပဲနေတတ်တဲ့ အဖြူရောင်မပြယ့်တပြယ်၊ မှောင်ရီကာမှိုင်းနေတတ်တဲ့ သစ်ကြောအကွက်ကလေးတွေက သူမရဲ့ ဂီတတစ်ခုလို့ ပြောလို့ရပါတယ်။ ထူးခြားသေသပ်လှပတဲ့ချုပ်ရိုးများနဲ့ အံ့မခန်းရင်သပ်ရှုမောဖွယ်ဖြစ်စေတဲ့ ထိုင်ခုံဆိုဖာတွေကလည်း သူမရဲ့ ဂီတသံကို အားဖြည့်ပေးတဲ့ သံစုံဂီတတူရိယာလို့လည်း ပြောလိုပါတယ်။ သူမကတော့ Babara Barry ပဲ ဖြစ်ပါတယ်။
Babara Barry ရဲ့ Furnishing Design တွေက လှပရုံတင်မကပါဘူး။ သူမရဲ့ လှပချော့မွေ့ပြီး ဖျတ်လတ်တတ်ကြွမှု မိမိကိုယ်ကို ယုံကြည်မှုရှိနေပုံက သူမကို မြင်တွေ့လိုက်ရတဲ့သူတိုင်းရဲ့ နှလုံးသားကို အထင်ကြီးလေးစား နှစ်လိုပျော်ရွှင်စေမိပါတယ်။
Babara Barry က သူ့ရဲ့ ကုမ္ပဏီကို ၁၈၈၅ ခုနှစ် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ Interior Decoration Company အဖြစ်တည်ထောင်ခဲ့ပါတယ်။ Babara Barry ရဲ့ ထူးခြားချက်ကတော့ ထူးခြားလှပသေသပ်လွန်းပြီး အရောင်ငြိမ်ငြိမ်နဲ့ မြင်ရသူကိုအေးချမ်းစေတဲ့ လက်ရာတွေပဲ ဖြစ်ပါတယ်။ အိမ်တွင်းလှပမှုကို ဦးစားပေးတဲ့အတွက် အိမ်အတွက်လိုအပ်တဲ့ ပရိဘောဂတွေသာမဘဲ ပန်းကန်ခွက်ယောက်နဲ့ စားပွဲတင်မျက်နှာကျက်မီးအလှများကိုပါ ဖန်တီးနိုင်ခြင်းဖြစ်ပါတယ်။ သူမဖန်တီးထားတဲ့ ဒီဇိုင်းကိုကြည့်လျှင် ရှေးဆန်တဲ့ အလှမျိုးပါ။ ဒါပေမယ့် ဒီဇိုင်းဖွဲ့စည်းမှုက ရိုးရှင်းပြီးလန်းဆန်းတတ်ကြွတဲ့ ဟန်အပြည့်ရှိလို့ စွဲမက်ဖွယ်ကောင်းလှပါတယ်။ နောက်ထပ်သူမရဲ့ ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်တစ်ခုကတော့ ရေဆေး water color ကို ပိုင်ပိုင်နိုင်နိုင်ရေးဆွဲတတ်ခြင်းဖြစ်ပါတယ်။ ရေးဆေးနဲ့ ဆွဲထားတဲ့ ပန်းချီတွေမှာ အရောင်ပြေပြေနဲ့ နုနုနယ်နယ်လေးရှိတတ်ပါတယ်။ ထိုပြေပြစ်နုနယ်မှုတွေက သူမရဲ့ Color Palrtte တွေ ဖြစ်လာပြီး မြင်ရသူစိတ်ကို ဘဝင်အေးစေပါတယ်။


သူမရဲ့ ဒီဇိုင်းတွေမှာ အရောင်တွေများများတော့ မရှိပါဘူး။ သဘောအကျဆုံးကတော့ သူမပြောလေ့ရှိတဲ့ အရောင်တစ်ခုကို ရွေးပါ။ ဒါပေမယ့် အဲဒီအရောင်ကိုပဲ အနုအရင့်မတူညီတဲ့ အရောင်တုန်းတွေနဲ့ ကစားပါတဲ့။ သောင်ပြင်ပေါ်မှာ အပြန့်လိုက်ဖြစ်နေတဲ့ သဲပြင်တွေလိုပါပဲ။ Horizontal ပြင်ညီမှာပင်လယ်ရေလှိုင်းလို တလိမ့်လိမ့်ဖြစ်နေတဲ့ သဲပြင်ကျယ်က နေထိနတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ လင်းရာကမှောင်၊ မှောင်ရာကလင်း gradation ဖြစ်နေတဲ့ အရောင်တွေက စိတ်ကို ကြည်နူးစေပါတယ်။


သူမရဲ့ အရောင်တွေက စိတ်ကိုကြည်နူးစေတယ်ဆိုတာကလည်း သူမအတွက် အလှတရားက အမြဲအရေးပါနေလို့ပဲ ဖြစ်ပါလိမ့်မယ်။ သူမရေးသားတဲ့ Around Beauty ဆိုတဲ့ စာအုပ်ထဲမှာ မြင်မြင်သမျှ အလှတရားတွေက သူမအတွက် Inspiration ယူစရာတွေ ဖြစ်နေတတ်ပါတယ်။ သူမအတွက် အလှတရားဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။ သစ်ရွက်ကလေးတွေ၊ ခရုလေးတွေ၊ နောက်ဆုံးသူမသောက်ဖို့ ငှဲ့ထားတဲ့ လက်ဖက်ရည်ခွက်ကလေးတွေ၊ ထိုအရာလေးပေါ်မှာ စိတ်ကူးယဉ်ကောင်းလောက်အောက် အလင်းရောင်လာရိုက်နေပုံလေးတွေကိုက သူမရဲ့ ဒီဇိုင်းတွေထဲမှာထည့်ပြီး အသုံးချစရာကောင်းနေပြန်ပါတယ်။ သူမအနေနဲ့ကတော့ အပြင်ကသဘာဝတရားနဲ့ သူမရဲ့အလုပ်ခန်းစတူဒီယိုထဲက ဒီဇိုင်းတွေနဲ့ အမြဲဆက်စပ်ဖို့ ကြိုးစားနေတတ်ပါတယ်။ သူမဒီဇိုင်းအနေနဲ့ ဖန်တီးတတ်ပြန်ပါတယ်။ တစ်ခါတစ်လေ ပန်းခြံထဲမှ လတ်လတ်ဆတ်ဆတ်ခူးဆွတ်ထားတဲ့ ပန်းလေးတစ်ပွင့်တောင် သူမအတွက် မသံးချစရာ အိုင်ဒီရာ အသစ်အဆန်းလေးတွေ ဖြစ်နေတတ်ပါတယ်။


Babara Barry အမြဲတမ်းပြောနေတတ်တဲ့ စကားတစ်ခွန်းကတော့ Simplicity ပါပဲ။ ရိုးရိုးရှင်းရှင်းနဲ့ Timeless ဖြစ်နေတဲ့ အလှတရားပါပဲ။ ဒါကြောင့်လည်း သူမဖန်တီးလိုက်တဲ့ စားပွဲခုံ၊ ကုလားထိုင် တစ်ခုကအစ ဂန္ဓဝင်အလှရှိနေပေမယ့် ခေတ်မီတဲ့ အသွင်အပြင်လို ရိုးရှင်းမှုဂုဏ်ကို ဆောင်နေတတ်ပါတယ်။
သူမအတွက် Material ဆိုတာ အမြဲအသစ်အဆန်းတွေဖြစ်နေအောင် ဖန်တီးတတ်သလို၊ ထို Material ရဲ့ လှပတဲ့ သဘာဝတရားကိုလည်း သိသာအောင်ဖန်တီးတတ်ပါတယ်။ သူမအများဆုံး အသုံးပြုတတ်တာ သစ်သားဖြစ်ပြီး ထိုသစ်သားရဲ့ အကြောအရောင်တွေပေါ်လွင်အောင် အရောင်နုနုများကို နောက်ခံထားပြီး Setting ချတတ်တာ သူမရဲ့ အားသာချက်တစ်ခုလည်း ဖြစ်ပါတယ်။


Babara Barry ရဲ့ ဒီဇိုင်းတွေမှာဆိုရင် ထိုင်ခုံစားပွဲတစ်ခုတည်းမဟုတ်ပါဘူး။ စားပွဲခင်း၊ အိပ်ယာခင်း၊ လက်သုတ်ပုဝါကအစ ခန်းဆီးကန့်လန့်ကာအဆုံး ကိုယ်တိုင်ဖန်တီးထုတ်လုပ်ပါတယ်။ Artificial Lighting နဲ့ ပတ်သက်လို့ရှိရင်တော့ စားပွဲတင်မီး၊ မီးပန်းဆိုင်းလည်း ပါသလို အိမ်သာရေးချိုးခန်းသုံးပစ္စည်းတွေကအစ ပါဝင်ပါတယ်။ ကြွေပြားသစ်သားကအစ ကိုယ်ပိုင်ထုတ်လုပ်ထားတာကြောင့် အိမ်တစ်အိမ်စာအတွက် လိုအပ်သောပစ္စည်းမှန်သမျှ သူမကိုယ်တိုင် ဒီဇိုင်းဖန်တီးထားတယ်ဆိုရင် မမှားပါဘူး။ Babara Barry ရဲ့ ဒီဇိုင်းတွေက အမေရိကန်နိုင်ငံရဲ့ထင်ရှားတဲ့ ပြယုဂ်တစ်ခုဖြစ်လာသလို Residential Interior Design အတွက် ထူးခြားတဲ့ အလှတရားတစ်ခုဖြစ်လာပါတယ်။
သူမရဲ့ တချို့ပရိဘောဂတွေက သိန်းရာချီတန်ပါတယ်။ နိုင်ငံတကာမှာရှိတဲ့ထင်ရှားတဲ့ Furniture အရောင်းပြခန်းတွေမှာ Babara Barry ရဲ့ ကုန်ပစ္စည်းများက နေရာယူလာသလို၊ ခေတ်မီချမ်းသာတဲ့လူတွေအတွက် အင်မတန်လက်ရာသေသပ်လွန်းတဲ့ ဇိမ်ခံပစ္စည်းတစ်ခုဖြစ်လာပါတယ်။


Babara Barry ရဲ့ ဒီဇိုင်းကို ဘာကြောင့် နှစ်သက်သလဲလို့ မေးလျှင်တော့ သူမအသုံးပြုတဲ့ကာလာအရောင်၊ နောက်ပြီး လက်ရာသေသပ်မှု၊ Fashion Design တစ်ခုလို Head to Toe ဖြစ်အောင် သူမဒီဇိုင်းနဲ့ ပတ်သက်တဲ့ Accessories တွေကအစ ကိုယ်ပိုင်ဖန်တီးနိုင်မှုပဲ ဖြစ်ပါတယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ခေါင်မိုးထပ်က ဥယျာဉ်လေး viewed
  • အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်း viewed
  • အိမ်ပြောင်းတဲ့အခါ လွယ်ကူစေမယ့်အချက်များ viewed