ကြော်ငြာဆောင်းပါး

ads

အတွင်းခန်းနံရံအလှဆင်ခြင်းဆိုတာအိမ်တစ်ခု၊ အခန်းတစ်ခုအတွက်အဓိကအသက်ပါ။ နံရံမှာ ဘာတွေထည့်မလဲ။ အသုံးပြုစရာပစ္စည်းတွေက အမျိုးမျိုးရှိပါတယ်။ ကေပြား၊ ကျောက်ပြားတွေကပ်မလား၊ ဆေးရောင်လှလှလေးတွေ သုတ်မလား၊ နံရံကပ် စက္ကူတွေသုံးကြမလားဆိုတာ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ဖို့တော့လိုပါတယ်။ မိမိပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်မယ့် ရွေးချယ်မှုဖြစ်ရပါမယ်။ မိမိ သုံးမယ့်ပစည်းက တပ်ဆင်အသုံးပြုတဲ့အခါ ရိုးရှင်းလွယ်ကူမြန်ဆန်ဖို့လည်းလိုပါတယ်။ ဒီလိုရွေးချယ်မှုတွေ ထဲ က အလွယ်ဆုံးကတော့ Wallpaper တွေပါပဲ။ Wallpaper အသုံးပြုခြင်းဟာ အချိန်ကုန်သက်သာခြင်း၊ သုံးစွဲရန်လွယ်ကူခြင်းတို့ကြောင့် လူကြိုက်များပါတယ်။ အခုဆိုရင် နေအိမ်အတွင်းခန်းတွေမှာသာမကပဲ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ဆေးရုံတွေ၊ ကျောင်းစာသင်ခန်းတွေ မှာ လိုက်ဖက်တဲ့ ဒီဇိုင်းတွေနဲ့ Wallpaper တွေကို အသုံးပြုကြပါတယ်။

Wallpaper ကို အသုံးပြုတာက အကုန်အကျသက်သာပြီး ခေတ်နဲ့ အညီပြောင်းလဲပြင်ဆင်မှုတွေ မြန်မြန်ဆန်ဆန်လုပ်နိုင်တာကြောင့် အသင့်တော်ဆုံးပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Wallpaper ဖြစ်ဖို့လည်း လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ စာသင်ခန်းမှာ Wallpaper အသုံးပြု ခြင်းအကြောင်းလေးပြောချင်ပါတယ်။
စာသင်ခန်းတွေမှာ အသုံးပြုမယ့် Wallpaperတွေမှာ အဓိကကျတာက ကျန်းမာရေးနဲ့ ညီညွတ်ရပါမယ်။ အနံဆိုးတွေ ကင်းစင်ရပါမယ်။ ခဲ၊ နီကယ်ဓာတ်များကင်းစင်ပြီး Eco Logo နဲ့ Green Guard Certificate တွေ ရရှိထားတဲ့ အမျိုးအစား Wallpaperကို ရွေးချယ်ရပါမယ်။ ဒါမှသာ မိဘတွေအတွက်လည်း မိမိသားသမီးတွေကို ကျန်းမာရေးအတွက်လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်မှာရှိနေတယ်ဆိုတဲ့ ယုံကြည်မှုကိုပေးနိုင်မှာပါ။ နောက်တစ်ခု က စာသင်ခန်းနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းတစ်ခုဖြစ်ဖို့လိုပါတယ်။ စာသင်ခန်းထဲမှာ ရှိနေမယ့် လူတွေအတွက် ဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုဖြစ်နေဖို့ကအရေးကြီးပါတယ်။ ဒါတွေအားလုံးပြည့်စုံမှသာ ကျန်းမာပျော်ရွှင် တက်ကြပြီး အောင်မြင်မှုတွေကို အထောက်အပံ့ပေးနိုင်မယ့်အသိုင်းအဝန်းလေးတစ်ခု ဖြစ်မယ်လို့ ပြောချင် ပါတယ်။ Wall Art By Xenon မှာဆိုရင် Wallpaperတွေကို မိမိစိတ်ကြိုက်ဒီဇိုင်းတွေရရှိနိုင်ပါပြီ။ စာသင်ခန်းနဲ့လိုက်ဖက်မယ့် ဒီဇိုင်းတွေကို အဆင်သင့်ရနိုင်တဲ့အပြင် မိမိလိုချင်တဲ့ ဒီဇိုင်းပုံကိုပေးပြီး အရည်အသွေးကောင်းတဲ့ Wallpaper များအဖြစ် လွယ်ကူ လျင်မြန်စွာပုံနှိပ်ထုတ်ယူနိုင်ပါတယ်။ မိမိသုံးမယ့် အတိုင်းအတာအရေအတွက်အတိုင်း ထုတ်ယူထားနိုင်တာကြောင့် မလိုအပ်ပဲ အပိုဝယ်ထားစရာမလိုသလို လိုသွားရင်လည်း လိုက်ရှာဝယ်ရတာမျိုးမဖြစ်တော့ပဲ အလွယ်တကူ ထပ်ထုတ်နိုင်တာကြောင့် အချိန်ကုန်၊ ငွေကုန် သက်သာစေပါတယ်။

ဒါက Wall Art By Xenon မှ Wallpaper တွေရဲ့ အားသာချက်တစ်ခုပါ။ နောက်ထပ် အားသာချက်ကတော့ Wall Art By Xenon မှာ Wallpaper တွေကို ပုံနှိပ်တဲ့ အခါ HP Latex Ink ကို အသုံးပြုထားတာကြောင့် အနံ့လုံးဝကင်းစင်ပါတယ်။ အခန်းတစ်ခုမှာ ပုံမှန်အားဖြင့် ဆေးသုတ်ထားပြီးရင် အနံ့ ကျန်နေတတ်ပါတယ်။ အနံ့တွေပျောက်တဲ့ အထိ အခန်းကိုအသုံးမပြုပဲ အချိန်ပေးရပါမယ်။ Wall Art By Xenon က Wallpaper တွေကတော့ အနံ့ကင်းစင်တာကြောင့် နံရံမှာကပ်ပြီးတာနဲ့ အခန်းကို ချက်ချင်း အသုံးပြုနိုင်ပါတယ်။ ခဲ၊ နီကယ်ဓာတ်များ ကင်းစင်ကြောင်း Eco Logo နဲ့ Green Guard Certificate ရရှိထားပြီးသားလည်းဖြစ်တာကြောင့် ကျန်းမာရေးအတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တာကြောင့် ရွေးချယ်သင်တဲ့ Wallpaper အမျိုးအစားပါ။ အခုဆိုရင် Wall Art By Xenon မှ Wallpaper များကို အိမ်တွေသာမက ရုံးတွေ၊ ဘဏ်တွေ၊ ဆေးရုံ နဲ့ စာသင်ခန်းတွေမှာပါ အသုံးပြုနေကြပါပြီ။ Wall Art By Xenon က ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိလိုတာတွေကို Xenon Premium Printing Shop အမှတ် (၇၈)၊ အနော်ရထာလမ်း၊ ၃၉ x ၄၀ လမ်းကြား၊ ကျောက်တ့တားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၀၁ ၃၉၈၈၄၄၊ ၀၉ ၄၂၈၃၀၇၇၇၇၊ ၀၉ ၂၆၄၅၉၆၇၂၂ မှာ ဆက်သွယ်မေးမြန်းနိုင်ပါတဲ့ အကြောင်း ဖော်ပြလိုက်ပါတယ်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

ဆွဲဆောင်မှုအပြည့်ဖြင့်သင်နဲ့ အတူရှိနေမယ့် Wall Art by Xenon

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သက်ထင် မှ
October 21, 2018 နေ့
ကြော်ငြာဆောင်းပါးဈေးဝယ်လမ်းညွှန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ဆွဲဆောင်မှုအပြည့်ဖြင့်သင်နဲ့ အတူရှိနေမယ့် Wall Art by Xenon

ဒီတစ်ပတ် အဖွဲ့သားတွေ ရန်ကုန်မြို့ထဲ အလည်အပတ်သွားရင်း ရောက်ခဲ့တဲ့ ဆိုင်လေး တစ်ခုအကြောင်းပြောပြချင်ပါတယ်။ ဆိုင်လေးအကြောင်းဆိုတာထဲမှာမှ ဆိုင်မှာ ပြင်ဆင်ထားတဲ့ ဆိုင်အပြင်အဆင်ကို အဓိကထားပြောချင်ပါတယ်။ ဆိုင်ကိုဝင်သွားတဲ့အခါ ဆိုင်ရဲ့အခင်းအကျင်းတွေထဲမှာ နံရံကမြင်ကွင်းတွေက စိတ်ကိုဆွဲဆောင်မှုအပြည့်ပေးနေပါတယ်။ ဆိုင်ကိုရောက်လာတဲ့သူတွေအတွက် အတိတ်ကို ပြန်လည်သတိရစေမယ့် အခင်းအကျင်းလေး တစ်ခုပါ။ ၁၉၈ဝ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အတွင်း ရန်ကုန်ရဲ့ အထင်ကရမြင်ကွင်းများစွာက သက်လတ်ပိုင်းအရွယ်တွေအတွက် အတိတ်နေ့ရက်တွေကိ်ု ပြန်လည် သတိရစေမှာပါ။ ရန်ကုန်ရဲ့ အငွေ့အသက်များစွာ လွှမ်းခြုံနေတဲ့လှပတဲ့ မြင်ကွင်းလေးဖြစ်အောင် အဓိက ပံ့ပိုးပေးထားတာက နံရံက Wallpaper တွေပါ။ ၁၉၈ဝ – ၁၉၉၅ အတွင်း ရန်ကုန်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ အထင်ကရ အဖြစ်အပျက်တွေ ၊ သတင်းတွေ သာမက ရန်ကုန်တကúသိုလ်မှအစ ရန်ကုန်ရဲ့ နာမည်ကြီး အဆောက်အဦတွေရဲ့ ပုံရိပ်တွေကို concept ယူပြီး Wallpaper အဖြစ် စိတ်တိုင်းကျ အရည်အသွေးမြင့် ပုံနှိပ်ထားတာဖြစ်ပါတယ်။ ဆွဲဆောင်မှုအပြည့်ပေးနေတဲ့ လွမ်းမောဖွယ်ရာ မြင်ကွင်းတွေပါပဲ။ ဆိုင်ကိုလာတဲ့ သူတွေရော၊ မရောက်ဖူးသေးတဲ့သူတွေပါ စိတ်ဝင်တစားနဲ့ ရောက်လာမယ့်နေရာတစ်ခုလို ့ ထင်မိပါတယ်။

ဒီ Wallpaper တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတာမို့ စာဖတ်ပရိသတ်အတွက်ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။  ဒီဆိုင်လေးအတွက် Wallpaper တွေကို Wall Art by Xenon မှ တာဝန်ယူ ပုံနှိပ်ပြင်ဆင်ပေးထားတာဖြစ်ပါတယ်။ ဒီနေရာမှာ သုံးထားတဲ့ Wallpaper အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ Wall art by xenon မှာ Wallpaper တွေအကြောင်းကို လေ့လာ စုံစမ်းဖြစ်ခဲ့ပါတယ်။ Wall Art by Xenon ရဲ့ Wallpaper တွေက HP Latex Ink ကို အသုံးပြုပုံနှိပ်ထားတာကြောင့် အနံ့ ကင်းစင်တာကို တွေ့ရပါတယ်။  စားသောက်ဆိုင်တွေ ၊ ဘားတွေနဲ့ ကော်ဖီဆိုင်တွေအတွက် ဒါက တကယ့်ကို ရွေးချယ်ဖို့ အသင့်တော်ဆုံး နဲ့ အဓိကကျတဲ့ အချက်ပါ။ မဖြစ်မနေထည့်စဉ်းစားရမယ့် အချက်ပါ။ ဒါကို Wall Art by Xenon ရဲ့ Wallpaper တွေက အာမခံချက်ပေးနိုင်ပါတယ်။  နောက်တစ်ခုကတော့ အသုံးပြုတဲ့ ကုန်ကြမ်းတွေအကုန်လုံးဟာ ခဲ၊ နီကယ်လ် ဓာတ်များ ကင်းစင်ကြောင်း နိုင်ငံတကာစံချိန်စံညွှန်းနဲ့ အညီ Eco Logo နဲ့ Green Guard Certificate ရရှိထားတဲ့ အမျိုးအစား လည်းဖြစ်တာကြောင့် ကျန်းမာရေး အတွက်ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာပါ။

နောက်ထက်အထူးအားသာချက်ကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ ဒီဇိုင်း၊ ဓာတ်ပုံ ကိုပုံနှိပ်နိုင်တဲ့ အပြင် အတိုင်းအတာကိုလည်း လိုသလောက်အတိအကျ ရနိုင်ပါတယ်။ ကိုယ့်စိတ်ကူးထဲကအတိုင်း တစ်ထပ်တည်း ပုံဖော်နိုင်မှာပါ။ အနံ့ကင်းစင်တဲ့ HP Latex Ink ကို အသုံးပြုပြီး လိုသလောက် အတိုင်းအတာ ကိုသာပုံနှိပ်ရတာကြောင့် Wallpaper တွေကို မလိုအပ်ပဲ အပိုဝယ်စရာမလိုသလို၊ လိုသွားရင်လည်း အရောင် အဆင် မတူတော့တာမျိုး၊ ဝယ်ရခက်တာမျိုး မဖြစ်တော့ပဲ အလွယ်တကူနဲ့ Wall art by xenon မှာ ထက်မံပြီး ပုံနှိပ်ထုတ်ယူလိုက်ရုံပါပဲ။ အရမ်းကို အဆင်ပြေနေပါပြီ။ နောက်တစ်ခုက အခုနောက်ပိုင်းမှာခေတ်ရဲ့ အလိုအရ အခန်းအပြင်အဆင်ကို အချိန်ကာလအလိုက် ပြောင်းလဲ ပေးဖို့လိုပါတယ်။ ဒီလို ပြောင်းလဲချင်တဲ့အခါ အလွယ်တကူပြောင်းလဲနိုင်တာကလည်း Wallpaper တွေရဲ့ အားသာချက်တစ်ခုပါ။ ဒါတွေအားလုံး အဆင်ပြေစေဖို့က Wall Art by Xenon မှာ ရနိုင်ပါတယ်။ Wall Art by Xenonမှာ ရွေးချယ်စရာ ဒီဇိုင်းတွေအဆင်သင့်ရှိပါတယ်။ ဒီထဲကမဟုတ်ပဲ ကိုယ်ကြိုက်တဲ့ ပုံကို ပေးပြီးလည်း ပုံနှိပ် ရယူနိုင်တာကြောင့် မိမိလုပ်ငန်းနဲ့ အံဝင်ခွင်ကျဖြစ်မယ့် ၊ မိမိရဲ့ ဖောက်သည်တွေကို ဆွဲဆောင်မှု အပြည့်ပေးနိုင်မယ့် အပြင်အဆင်တွေနဲ့ ပိုမိုအောင်မြင်တဲ့ လုပ်ငန်း တစ်ခုဖန်တီးနိုင်ပါတယ်။ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းလည်းရမယ်၊ ပစöည်းအပိုအလိုမရှိ တပ်ဆင်ရလွယ်ကူ အချိန်ကုန်သက်သာတာကြောင့်  ကုန်ကျစရိတ်တွေအလေအလွင့်မဖြစ်ဘူး ၊ အရည်အသွေးကောင်းတယ်၊ ကျန်းမာရေးအတွက်လည်း စိတ်ချရတဲ့ Eco Logo နဲ့ Green Guard Certificate ရရှိထားပြီး ၊ ခေတ်နဲ့အညီ ပြင်ဆင်ရတာလည်းလွယ်တယ်ဆိုတော့ Wall Art by Xenon ရဲ့ Wallpaper တွေက အသုံးပြုဖို့ အကောင်းဆုံးပါပဲ။ အခုလိုပဲ စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ ဘားတွေအတွက် လိုက်ဖက်ညီသင့်တော်မယ့် ဒီဇိုင်းတွေနဲ့ Wallpaperကို အသုံးပြုပြီး ဆိုင်ကို လာမယ့် ဧည့်သည်တွေကို ဆွဲဆောင်­နိုင်ပါတယ်။

စာဖတ်ပရိသတ်အတွက် Wall Art By Xenon ရဲ့ လိပ်စာကို စပ်စုခဲ့ကြပါသေးတယ်။ Wall Art By Xenon ရဲ့ Wallpaper ကို ဆက်သွယ်မှာယူချင်တယ်ဆိုရင်တော့ Xenon Premium Printing Shop အမှတ်(၇၈)၊ အနော်ရထာလမ်း၊ ၃၉လမ်း နှင့် ၄ဝလမ်း ကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ။ ဖုန်း – ဝ၁ ၃၉၈၈၄၄၊ ဝ၉ ၄၂၈၃၀၇၇၇၇၊ ဝ၉ ၂၆၄၅၉၆၇၂၂ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း သတင်းပေး ဖော်ပြလိုက်ပါတယ်။

Myanmar Home & Decor Magazine ( Vol- 7, Issue – 5)

Photo – T Kyi Ye Yint  ­

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

Luxury Brand ချစ်သူများအတွက်  LaVie Furniture

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဝင်နီ မှ
October 8, 2018 နေ့
ကြော်ငြာဆောင်းပါးဆောင်းပါးများဈေးဝယ်လမ်းညွှန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

အိမ်ထောင်ပရိဘောဂဆိုတာအိမ်တစ်လုံးရဲ့ အဆင်တန်ဆာပါ။ အိမ်မှာနေထိုင်သူတို့ရဲ့ အဆင့်အတန်းကိုဖော်ပြပေးရာ အဆင်တန်ဆာတစ်ခုလည်းဖြစ်ပါတယ်။  ဒီလို ပရိဘောဂတွေကို ရွေးချယ် ဝယ်ယူတဲ့အခါမှာ မိမိ အဆင့်အတန်း၊ နေအိမ်၊ အခန်းဖွဲ့စည်းပုံနဲ့ လိုက်ဖက်ပြီး အမြင်လှရုံသာမကပဲ ကောင်းမွန်တဲ့ အရည်အသွေးကိုလည်း မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့လိုပါတယ်။ မိမိ အကြိုက်ကိုလည်း တိကျစွာသိထားရပါမယ်။  မိမိက အကောင်းစားပရိဘောဂတွေသုံးချင်တယ်၊ ငွေပမာဏလည်း တတ်နိုင်တယ် ဆိုရင်တော့  ဇိမ်ခံပရိဘောဂ အမျိုးအစားကောင်းကောင်းကိုသာ တခါတည်း ရှာဝယ် သင့်ပါတယ်။ ငွေကုန်ကြေးကျများပြီး မိမိလက်ထဲရောက်ပြီးမှ အရည်အသွေးမကောင်းလို့ စိတ်ညစ်ရတာတွေ၊ မိမိလိုချင်တဲ့ ဒီဇိုင်း၊ အရောင် မရလိုက်တာတွေမဖြစ်ရအောင် အရည်အသွေးစိတ်ချရပြီး ရေရှည်အာမခံချက် များစွာရှိတဲ့၊ ရွေးချယ်စရာ ဒီဇိုင်းများစွာ ရှိတဲ့ အမျိုးအစားကို မှန်ကန်စွာရွေးချယ်တတ်ဖို့လိုပါတယ်။ ဒီနေရာမှာ Luxury Brand ပရိဘောဂဖြစ်တဲ့  Lavie Furniture နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Sweety Home & Industry Co.,Ltd ဆိုရင် အတော်များများ ရင်းနှီးကြပြီးသားဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ Lavie Furniture ဟာ Sweety Home Industry Co.,Ltd ကနေ  High Class Level တစ်ခုအဖြစ်ရည်ညွှန်းပြီး Luxury Brandအနေနဲ့ မိတ်ဆက်တင်သွင်းလာတာဖြစ်ပါတယ်။ Lavie Furniture အတွက်Showroom ကို ၂၀၁ရ ခုနှစ်၊ ဇူလိုင်လ မှာစတင် ဖွင့်လှစ်ခဲ့ပါတယ်။ Lavie Furniture အတွက် အနောက်နိုင်ငံများမှ solid သားကုန်ကြမ်းကို အများဆုံးတင်သွင်းပြီး တရုတ်ပြည်စက်ရုံမှ ထုတ်လုပ်ပေးထား ပါတယ်။Solidသားဆိုတဲ့ နေရာမှာ  Walnut၊ မဟော်ဂနီ၊ ဝက်သစ်ချ၊ ရာဘာ စသဖြင့် လေးမျိုးကို အသုံးပြုထားပြီး Leather ကို လည်း အီတလီနိုင်ငံမှ Leather အစစ်ကိုသာ အသုံးပြုထားတာဖြစ်ပါတယ်။ မိမိ ကြိုက်နှစ်သက်ရာဒီဇိုင်းကို ရွေးချယ်နိုင်ဖို့အတွက် Showroom မှာ ပရိဘောဂစတိုင်လ် (၆)မျိုးနဲ့ တကယ့် အိမ်လေးထဲကိုရောက်သွားသလို ခံစားရစေအောင် တစ်ခန်းချင်းစီ ခင်းကျင်းပြသပေးထားပါတယ်။ ရနိုင်တဲ့ အမျိုးအစားတွေကတော့ Boreal Europe Style, Post Modern Style, England Style, American Classic Style, Neo Classic Style  နဲ့  Modern Style Furniture တွေဖြစ်ပါတယ်။

Boreal Europe Style မှာ ဆိုရင် မြောက်အမေရိကမှတင်သွင်းတဲ့ Walnut အသားရဲ့ အလယ်သားကိုယူပြီး ထူးခြားချက်အနေနဲ့ ကနုတ်မပါပဲသစ်ကျောဖြောင့်တာကိုပဲသုံးထားပြီး အနုပညာလက်ရာဆန်ဆန် Handmade ပုံစံနဲ့ ပြုလုပ်ပေးထားပါတယ်။ သစ်သား အဓိကသုံးထားပြီး အီတလီလယ်သာအစစ်နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အားသာချက်ကတော့ ရေဓာတ်ပါဝင်မှုနည်းတာကြောင့် အလွယ်တကူချစားခြင်း၊ ပိုးစားခြင်း၊ အချိန်ကြာသည်နှင့် အမျှအက်ကွဲခြင်း၊  အပူထိ၍မဲခြင်း၊ ကွက်ခြင်း၊ အလွယ်တကူ ပွန်းပဲ့ခြင်းတို့ မဖြစ်နိုင်ပါဘူး။

Post Modern Style နဲ့ England Style ပရိဘောဂတွေကိုတော့ မဟော်ဂနီသားနဲ့ ပြုလုပ်ထားပါတယ်။ မဟော်ဂနီသားဟာရှေးက တော်ဝင်နန်းသုံး အဆင့်မြင့် ပရိဘောဂထုတ်တဲ့ သစ်မာတစ်မျိုးဖြစ်ပြီးသစ်ပွခြင်း၊ ကျုံ့ခြင်း၊ ပုံစံပြောင်းခြင်းဖြစ်ရန် ခက်ခဲပါတယ်။ Lavie  မှာတော့ တောင်အမေရိမှ  သက်တမ်းစေ့၍ ခုတ်ထွင်းခွင့် ခွင့်ပြုချက်ရထားတဲ့  တရားဝင်တင်သွင်းတဲ့ မဟော်ဂနီသားနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဘရာဇီးနဲ့ အာဖရိက က ထွက်တဲ့သစ်နဲ့မတူတဲ့ အချက်ကတော့   သစ်ကျောအလွန်ကျစ်လစ်တဲ့အပြင် အနည်းငယ် အချောကိုင်ကာဆေးမှုတ်ရုံဖြင့် သစ်ကျောမှာ ပိုးသားကဲ့သို့ နူးညံ့ပျော့ပြောင်းမှန်းသိသာပါတယ်။  လယ်သာ၊ ချည်သား၊ ကတီ်္တပါသား သုံးမျိုးလုံးကို သုံးပေးထားပါတယ်။ ထူးခြားချက်မှာတော့ မဟော်ဂနီသားကို ဆင်စွယ်ရောင် ( invories colour) နဲ့ ဖက်ရှင်ကျကျပြုလုပ်ထားပြီး ရွှေရောင် Accessories လေးများဖြင့် တန်ဖိုးပိုမိုပေါ်လွင်စေတာပဲ ဖြစ်ပါတယ်။

American Classic Style ကိုတော့ မလေးရှားမှ ထွက်တဲ့ ရာဘာနဲ့ အီတလီလယ်သာအစစ်ဖြင့် ပြုလုပ်ထားပါတယ်။ ထူးခြားချက်အနေနဲ့ သစ်ကြောကပ်နည်းပညာကို သုံးပြီး အပြင်ပိုင်းအလှကို အနုစိပ်ပုံဖော်ပေးထားပါတယ်။

ဝက်သစ်ချသား Neo Classic Style  ကတော့ခေတ်သစ်ဂန္တဝင် လက်ရာ ရှေးဟောင်းပုံစံတွေကို ယနေ့ခေတ် ပုံစံပြုလုပ်ထားပါတယ်။ ဝက်သစ်ချအသားနဲ့ အီတလီလယ်သာအစစ်ဖြင့်ပြုလုပ်ထားတာပါ။ ဝက်သစ်ချသား ရဲ့အားသာချက်ကတော့ သစ်ကျောက တောင်တန်းပုံသဏ္ဍာန်ရှိပြီး ကိုင်ကြည့်လျှင် အသားကောင်းမှန်း အလွန် သိသာပါတယ်။ သိပ်သည်းပြီး ကနုတ်ပုံဖော်ရာမှာ ရုပ်လုံးကြွတဲ့ အပြင် Lavie Furniture မှာ နှစ်ဖက်လှကနုတ်ဖော်ထားတာကြောင့် အမြင်လည်းအလွန်လှပါတယ်။

ရန်ကုန်မြို့မှာထပ်ဖွင့်မယ့် အလုံ Showroom မှာတော့ Modern Style Furniture များ ခင်းကျင်း ပြသထားပါတယ်။ ၎င်းပရိဘောဂ ပစ္စည်းများမှာ သုံးထားတဲ့ ကုန်ကြမ်းတွေကတော့ လူကို အ န္တရာယ် မဖြစ်စေတဲ့ E1 Level High Denisty Fiber Borad  နဲ့ အမေရိကမှ တင်သွင်းတဲ့ Oak Wood (သဘာဝ ဝက်သစ်ချသား) များပဲဖြစ်ပါတယ်။ ထမင်းစား စားပွဲဆိုရင်လည်း အမေရိကမှတင်သွင်းသော  Rock Plate ကို အသုံးပြုထားပြီး အားသာချက်ကတော့ မျက်နှာပြင် ဖွဲ့ စည်းမှုကျစ်လစ်ချောမွေ့ပြီး  အပူအအေးဒဏ်၊ ပွန်းပဲ့မှုဒဏ်များကို ကောင်းစွာခံနိုင်ရည်ရတာတွေပဲဖြစ်ပါတယ်။ အသုံးပြုသောသုတ်ဆေးဟာ သတ်မှတ် စံညွှန်းများ နဲ့အညီ လူကိုဘေးဥပါဒ် မဖြစ်စေနိုင်တဲ့ Enviromental Protection Paint ကိုသာ အသုံးပြု ထားတယ် လို့ သိရပါတယ်။

Lavie Furniture ကနေ ပရိဘောဂများကို ရောင်းချပေးရုံသာမကပဲ မိမိအိမ်ခန်းနဲ့တွဲဖက်မယ့်ဒီဇိုင်းကို Layout Plan ထွက်တဲ့အထိအခမဲ့ဆွဲပေးခြင်း၊ အိမ်တစ်လုံးစာ၊ ရုံးခန်း၊ ကွန်ဒိုများအတွက်  Furniture နဲ့ ပတ်သက်ပြီး မိမိစိတ်တိုင်းကျ ဒီဇိုင်းရအောင် မှာယူပေးပါတယ်။ ပစ္စည်းအရည်အသွေးအာမခံချက်များရှိပြီး After Sale Service ရှိပါတယ်။ ဝန်ဆောင်မှုအသစ်တွေ ရှိတိုင်းမှာလည်း  ဝယ်ပြီးသား Client များထံကို အမြဲချိတ်ဆက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ အထူးဝန်ဆောင်မှုအနေနဲ့ကတော့ တရုတ်ပြည်မှာ ကိုယ်တိုင်လိုက်ဝယ်ချင်တဲ့ Client တွေအတွက် Buget သတ်မှတ်ပြီးဝန်ဆောင်မှုပေးပါတယ်။ Lavie Furniture ကနေ One Stop Solution Service ပေးနိုင်ဖို့အထိကြိုးစားနေတယ်လို့လည်း သိရပါတယ်။ လောလောဆယ်မှာတော့ Lavie Furnitureကို ဆိုင်ခွဲ(၃)ခုအနေနဲ့ ရန်ကုန်မြို့ သာကေတ၊ အလုံနဲ့ မန္တလေးမြို့တို့မှာ  ဖွင့်လှစ်ထားပြီး မတူညီတဲ့ ဒီဇိုင်းတွေကို ခင်းကျင်းပြသထားပါတယ်။

Lavie Furniture Showroom တွေမှာ VR System( Virtual Reality System) ကို အသုံးပြုပြီး မိမိကို်ယ်တိုင် အခန်းထဲရောက်သွားရသလို ခံစားရစေကာ ပရိဘောဂများကို စိတ်ကြိုက်ရွေးချယ်နိုင်တယ်လို့လည်း သိရပါ တယ်။

အခုဆိုရင် မတူညီတဲ့ စတိုင်လ်တွေနဲ့ ရွေးချယ်စရာ ဒီဇိုင်းစုံလင်တဲ့ Lavie Furniture မှပရိဘောဂများအကြောင်းကို ဖော်ပြပေးခဲ့ပြီးဖြစ်ပါတယ်။ အပြောင်းအလဲလေးတွေကိုနှစ်သက်ပြီး အများနဲ့မတူတဲ့ ဒီဇိုင်းတွေကိုလိုချင်သူ Luxury Brand ချစ်သူများအတွက် အထောက်အပံ့ဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။ စိတ်ဝင်စားလို့ ဒီထက်ပိုပြီး အသေးစိတ် သိလိုတယ်ဆိုရင်တော့ Lavie Furniture Showroom များမှာ သွားရောက်လေ့လာနိုင်ပါတယ်။ ဖုန်းနဲ့ဆက်သွယ်ချင်တဲ့သူတွေအတွက် ဖုန်း – ဝ၉ ၉၅၃၀၁၈၈၈၆၊ ဝ၉ ၉၅၃၀၃၈၈၈၆ သို့ ဆက်သွယ်နိုင်ပါတယ်။ lavie.mm123@gmail.com သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ လှပခေတ်မီတဲ့ ပရိဘောဂတွေနဲ့  မိမိအိမ်လေးကို အလှဆင်ပြီး သာယာပျော်ရွှင်သောအိမ်လေးဖန်တီးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Myanmar Home & Decor (Vol – 7, Issue – 4)

 

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း