ဆောင်းပါး

၂၀၂၀အတွက် တရုတ်နှစ်ကူးအပြင်အဆင်များ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
January 24, 2020 နေ့
ဆောင်းပါး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

တရုတ်နှစ်ကူးပွဲတော်ဆိုတာက အဓိပ္ပာယ်တွေပြည့်နှက်နေတဲ့ အပြင်အဆင်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ လုပ်ဆောင်ချက်တွေ အများကြီး ရှိနေရမယ့် ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကမ္ဘာကြီးရဲ့ဘယ်နေရာမှာပဲ သင်ရှိနေပါစေ ယခုရောက်ရှိလာမယ့် နီးကပ်နေတဲ့ နှစ်သစ်အတွက် အနီရောင်တောက်တောက်နဲ့ ဆုတောင်းစာတွေကို မြင်နိုင်ဖို့ သင့်မှာ အခွင့်အရေးရှိပါတယ်။ ပွဲတော်နဲ့ လိုက်ဖက်အောင်လည်း တရုတ်နှစ်သစ်ကူးအကျ ႌကို ဝတ်ဆင်ကြပါတယ်။ ခုပြောပြသွားမှာတွေကတော့ ပွဲတော်အတွင်း တန်ဆာဆင်လေ့ရှိတဲ့ အပြင်အဆင်တချို့အကြောင်းပဲ ဖြစ်ပါတယ်။

အလှညှပ်ထားသောစာရွက်များဖြင့် အလှဆင်ခြင်း
စက္ကူစာရွက်နဲ့အလှဆင်တာက တရုတ်ရိုးရာအရဖြစ်ပြီး ပွဲတွေတော်တော်များများမှာ အသုံးပြုကြပေမယ့် နှစ်သစ်ကူးပွဲတော်မှာအသုံးပြုတာက ပိုပြီးထင်ရှားသလို ပိုပြီး သိသိသာသာအသုံးပြုကြပါတယ်။ အထူးသဖြင့်တော့ စာရွက်ကို အလှပုံစံအမျိုးမျိုးညှပ်ပြီး ပြတင်းပေါက်မှာ အလှဆင်တာမျိုုးက ပိုများပါတယ်။ တရုတ်ရိုးရာဒဏ္ဍာရီကို ကိုယ်စားပြုတဲ့ နဂါးကို တချို့ ကြိုက်ကြပေမယ့် ငါး ကို အသုံးပြုပေးတာကလည်း မင်္ဂလာတစ်ပါးဖြစ်ပါတယ်။ သစ်သီးဝလံတွေရဲ့ ပုံဟာဆိုရင် ကောက်ရိတ်သိမ်းချိန် မျှော်လင့်ချက်ကို ကိုယ်စားပြုထားပါတယ်။ တရုတ်နှစ်သစ်ကူး အပြင်အဆင်တွေမှာ သင်္ကေတ ဒါမှမဟုတ် စာလုံးတွဲတွေနဲ့ အလှဆင်ကြတာမျိုးလည်း ရှိပါတယ်။


တံခါးစောင့်ဘုရား ကွမ်းကုံး
တရုတ်ရိုးရာ ယုံကြည်ကိုးကွယ်ကြတဲ့ နတ်ဘုရားတွေ အများကြီးရှိပါတယ်။ ဒီထဲကမှ တံခါးစောင့်ဘုရား ကွမ်းကုံးတွေပဲ ဖြစ်ပါတယ်။ ကွမ်းကုံးရဲ့ ပုံတွေကို အိမ်ရဲ့ အဓိကတံခါးအဝင်ပေါက်မှာ ထားလေ့ရှိပါတယ်။ တရုတ်ရိုးရာအိမ်တွေမှာ ဆိုရင် အဓိက တံခါးဝင်ပေါက်မှာ တံခါးချပ်နှစ်ချပ် ပါရှိတာကြောင့် အမြဲတမ်း စုံလိုက် ဆိုတာမျိုးတွေကို တွေ့မြင်ရတာပါ။
ကွမ်းကုံးတွေရဲ့ မူလဒဏ္ဍာရီကို ပြောရမယ်ဆိုရင် တန် မင်းဆက် လက်ထက်ကပဲ ဖြစ်ပါတယ်။ ညတစ်ညမှာ အင်ပါယာမင်း တိုင်ဇွန်ဟာ မိစ္ဆာကောင်တွေရဲ့အော်သံတို့၊ အူသံတို့ကို ကြားနေရတဲ့အတွက် အင်ပါယာမင်းဟာ စစ်သူကြီးနှစ်ယောက်ကိုခေါ်ပြီး တံခါး ပိတ်လိုက်ဖို့ အမိန့်ပေးလိုက်ပါတယ်။ အဲ့အခါမှာ မိစ္ဆာကောင်တွေရဲ့ အော်ညည်းသံတွေ မကြားရတော့ပါဘူးတဲ့။ ဒါကြောင့် အင်ပါယာမင်းဟာ စစ်သူကြီးနှစ်ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ ပုံတူကို တံခါးမှာ ပန်းချီဆွဲပေးခဲ့ပါတယ်။ ဟိုးအရင်အချိန်အခါက ဒီအဖြစ်အပျက်ဟာ မကျော်ကြားခဲ့ပေမယ့်လည်း ယခုထက်ထိတိုင် တချို့လူတွေကတော့ သူတို့အိမ်ကို ငြိမ်းချမ်းမှုတွေ သယ်ဆောင်လာပေးတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ အိမ်တံခါးပေါက်မှာ ကပ်ကြလေ့ရှိပါတယ်။


ကံကောင်းခြင်းအဆောင်
လက်ရေးနဲ့ အလှစာလုံးရေးတာဟာလည်း တရုတ်လူမျိုးတို့ရဲ့ လူသိများတဲ့ အနုပညာ တစ်ခုပဲ ဖြစ်ပါတယ်။ ကျက်သရေမင်္ဂလာနဲ့ ပြည့်နှက်နေတဲ့ ဆုတောင်းစာတွေကို ကိုယ်စားပြုထားတဲ့ စာလုံးတွေကို အနီရောင် လေးထောင့်စာရွက်ပေါ်မှာ ရေးကြလေ့ရှိပြီး နံရံ၊ အိမ်တံခါးနဲ့ ပြတင်းပေါက်တွေမှာ ကပ်လေ့ရှိကြပါတယ်။ နှစ်သစ်ကူးမှာ အသုံးပြုတဲ့ စာလုံးကတော့ ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးတဲ့ အဓိပ္ပာယ်ရှိတဲ့ ဖု (fu) ဆိုတဲ့ စာလုံးပဲ ဖြစ်ပါတယ်။ တရုတ်လူမျိုးတွေက သနားကြင်နာတတ်တဲ့ ဧကရီဘုရင်မကို ဂုဏ်ပြုတဲ့အနေနဲ့ fu စာလုံးပါတဲ့ စာရွက်ကို ဇောက်ထိုးကပ်လေ့ရှိပါတယ်။
လူတွေကလည်းပဲ အဲ့ဒီလို ဇောက်ထိုးကပ်ဖို့ကို လိုလားကြပါတယ်။ တရုတ်ရိုးရာမှာဆိုရင် ဇောက်ထိုးကပ်ထားတာဟာ ‘here’ ဆိုတဲ့ ဧကဝုစ်ကိန်းပုံစံပဲ ဖြစ်ပါတယ်။ အဲ့ဒီဒဏ္ဍာရီရဲ့ မူလဟာ ဧကရာဇ်မင်းတစ်ပါးက fu ဆိုတဲ့ စကားလုံးကို နှစ်ကူးနေ့အိမ်ရဲ့ တံခါးတွေမှာ ကပ်ကြဖို့ လူတွေကို အမိန့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အိမ်တစ်အိမ်ဟာ အဲ့ဒီစာလုံးကို မှားပြီး ပြောင်းပြန် ကပ်မိပါတယ်။ နှစ်သစ်ကူးနေ့လည်းရောက်ရော ဧကရာဇ်မင်းဟာ လူတွေဟာ သူ့ရဲ့ အမိန့်ကို လိုက်နာလား မလိုက်နာလား သိဖို့ တပ်သားတွေ စေလွှတ်ပြီး စစ်ဆေးခိုင်းပါတယ်။ တပ်သားတွေဟာ ဇောက်ထိုးမှားပြီး ကပ်ထားတာကို မြင်ပြီး အဲ့ဒီမိသားစုကို သေဒဏ်ပေးပေးဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ ကံကောင်းစွာနဲ့ပဲ အဲ့အချိန်မှာ ဧကရီဘုရင်မ ရောက်ရှိလာပြီး ပညာသားပါပါနဲ့ အဲ့ဒီလို ဇောက်ထိုးကပ်လိုက်တာဟာ တရုတ်အသံထွက် ‘here’ဆိုတဲ့ စာလုံးနဲ့ တူပါတယ်။ ဒါကြောင့် ဒီမိသားစုပြောချင်တာဟာ ကံကောင်းခြင်းတွေဟာ ဒီမှာပါ ဆိုတာကို ပြောချင်ကြောင်း ဧကရီဘုရင်မဟာ ပညာသားပါပါနဲ့ ရှင်းပြခဲ့ပါတယ်။ နောက်တော့ ဧကရီဘုရင်မဟာ အဲ့ဒီမိသားစုကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ယနေ့ထိတိုင် ဧကရီဘုရင်မကို အမှတ်ရတဲ့အနေနဲ့ fu စာလုံးကို ဇောက်ထိုးကပ်ကြလေ့ရှိပါတယ်။


နွေဦးရာသီပွဲတော်ကဗျာများ
ဟိုးလွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအကြောင်းကို လှန်ပြန်ကြည့်ကြမယ်ဆိုရင် ပွဲတော်အတွက် စပ်ဆိုထားတဲ့ ကဗျာတွေဆိုတာ ခုချိန်ထိတည်ရှိနေပြီး အချိန်ကာလကြာရှည်သည်အထိ အသုံးပြုနေကြဆဲဖြစ်တဲ့ တန်ဆာဆင်ခြင်းတစ်ခုဖြစ်ပါတယ်။ ဒီလို စာရွက်အနီရောင်တွေမတိုင်ခင်မှာ ကဗျာတွေစာလုံးတွေထွင်းဖို့အတွက်သစ်ကို များသောအားဖြင့် မက်မွန်ပင်ကနေ ခုတ်ယူပြီး စာလုံးထွင်း တန်ဆာဆင်အသုံးပြုကြပါတယ်။ ကဗျာတွေဟာ နတ်ဆိုးတွေကို နှင်ထုတ်တယ်လို့ ယုံကြည်ကြတာကြောင့်လည်း ဖြစ်ပါတယ်။
တရုတ်ဒဏ္ဍာရီအရ မကောင်းဆိုးဝါးတွေအတွက် လူတွေရဲ့ကမ္ဘာကို ဖြတ်သန်းသွားလာနိုင်ဖို့ တံခါးပေါက်ပါရှိတဲ့ မက်မွန်ပင်တစ်ပင်ရှိခဲ့ပါတယ်။ ဒါကြောင့် နတ်ဘုရားနှစ်ပါးဟာ အဲ့ဒီအပင်ကို နတ်ဆိုးမလာနိုင်အောင် ပြုလုပ်ခဲ့ပါတယ်။ မကောင်းဆိုးဝါးတစ်ကောင်ကောင်ဟာ လူသားတစ်ဦးတစ်ယောက်ကို အန္တရာယ်ပြုခဲ့မယ်ဆိုရင် နတ်ဘုရားတွေက ကျားစားကျွေးခြင်းဖြင့် အပြစ်ပေးလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။
မကောင်းဆိုးဝါးတွေကို ကြောက်ရွံ့တာကြောင့် လူတွေဟာ မက်မွန်ပင်မှ သစ်သားပြားတွေကို ရယူပြီး အဲ့ဒီသစ်သားပြားပေါ်မှာ နတ်ဘုရားနှစ်ပါးရဲ့ အမည်နာမတွေကို ထွင်းထုခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သစ်သားပြားတွေအစား စာရွက်တွေနဲ့အစားထိုးအသုံးပြုလာကြပါတယ်။


ပန်းချီ
တရုတ်မှာဆိုရင် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက ပန်းချီအနုပညာဟာ ထင်ရှားခဲ့ပါတယ်။ တရုတ်နှစ်ကူးတော်တော်များများရဲ့ အပြင်အဆင်တွေမှာ ရောက်ရှိလာမယ့်နှစ်တစ်နှစ်အတွက် ကံကောင်းခြင်းနှင့် ကြီးပွားချမ်းသာခြင်းကို ကိုယ်စားပြုထားတဲ့ ဆုတောင်းတွေ ပါရှိပါတယ်။ ယနေ့ထိတိုင် ရိုးရာဓလေ့တွေကို အသုံးပြုနေဆဲ ဖြစ်သလို ပရင့်ထုတ်ပြီးတော့လည်း အစားထိုး အသုံးပြုကြပါတယ်။
တရုတ် ရိုးရာထုံးတမ်းစွယ်စုံကျမ်းစာအုပ်တွေထဲက ညွှန်ပြထားတဲ့အတိုင်းဆိုရင် တရုတ်ပန်းချီတွေဟာ ကောင်းကင်ဖန်ဆင်းရှင်တွေကအစ ယနေ့ခေတ်လှုပ်ရှားမှုတွေအထိ ဖြစ်ပါတယ်။ တရုတ်တွေဟာ များသောအားဖြင့် အရုပ်နဲ့တူတဲ့ ၀၀ကစ်ကစ်ကလေးလေးတွေ ဒါမှမဟုတ် မိန်းမလှလေးတွေပုံကို ဆွဲထားတဲ့ ပန်းချီကို အလှဆင်တတ်ပါတယ်။ အဲ့လိုပုံတွေ အလှဆင်တာဟာ ကလေးတွေ ကျန်းမာရေးကောင်းမွန်ဖို့ မိသားစုတွေ ချစ်ချစ်ခင်ခင်ရှိဖို့အတွက် ဆုတောင်းကိုဖော်ပြထားတာပဲ ဖြစ်ပါတယ်။


ပျားလိမ္မော်
ရွှေရောင်လိမ္မော်သီးလို့ခေါ်တဲ့ ပျားလိမ္မော်သီးတွေဟာ ဟောင်ကောင်အပါအဝင် တရုတ်နိုင်ငံတောင်ပိုင်းတွေမှာ အသုံးပြုခြင်းက ပိုပြီးလူသိများပါတယ်။ ပျားလိမ္မော်သီးဟာ တရုတ်စာလုံး ကံကောင်းခြင်းနှင့် ဆင်တူပါတယ်။ လိမ္မော်သီးက ရွှေဝါရောင်လို အဝါရောင်ဟာ ကံကောင်းခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းကို ကိုယ်စားပြုပါတယ်။ ပျားလိမ္မော်ကို တရုတ်နှစ်သစ်ကူးအချိုပွဲအမျိုးမျိုးမှာလည်း အသုံးပြုကြပါတယ်။ အဲ့လိုလာဘ်လာဘကောင်းစေတဲ့ ပျားလိမ္မော်အပင်ကို အိမ်အရှေ့အရပ်မှာ စိုက်ကြတာလည်း အံ့သြစရာမရှိပါဘူး။


မီးပုံးများ
နွေဦးရာသီပွဲတော်က ၁၅ ရက်ကြာမြင့်ပါတယ်။ ပွဲတော်ကို ပိုပြီး စည်ကားသွားအောင်လို့ မီးပုံးပွဲတော်ကို နောက်ဆုံးနေ့မှာ ကျင်းပလေ့ရှိပါတယ်။ အဲ့လိုမီးပံးုတွေရဲ့ အခြေခံဒီဇိုင်းဟာ စက်လုံးပုံစံ၊ အံစာတုံးပုံစံ၊ လုပ်ရတာပိုပြီး ခက်ခဲတဲ့ ကြာပွင့်ပုံစံ နဲ့ နဂါးပုံသဏ္ဍာန်တို့ရှိပါတယ်။ တချို့မီးပုံးတွေမှာဆိုရင် တရုတ်လက်ရေးမူစာလုံးတွေ၊ ကဗျာတွေကို ရေးသားအသုံးပြုကြပါတယ်။ “ခုန်မိန်” မီးပုံး ဟာဆိုရင် ပွဲတော်ရက်မှာ အသုံးပြုလေ့ရှိတဲ့ မီးပုံးအမျိုးအစားပဲ ဖြစ်ပါတယ်။ တရုတ်လူမျိုးတော်တော်များများဟာ မီးပုံးတွေကို ကောင်းကင်ပေါ်ကို မလွှတ်ပေးခင် မီးပုံးတွေပေါ်မှာ သူတို့ရဲ့ ဆန္ဒတွေကို ရေးတတ်ကြပါတယ်။
အခုပြောပြသွားတဲ့ တရုတ်နှစ်သစ်ကူးအပြင်အဆင်တွေဟာ တရုတ်လူမျိုးတွေ အသုံးပြုခဲ့ကြတဲ့ ဟိုးလွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာသော အချိန်ကတည်းက အလှဆင်နည်းတွေပဲ ဖြစ်ပါတယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Home page 10379 viewed
  • Welcome to Home & Decor 5561 viewed
  • ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home 3218 viewed
  • အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း 2797 viewed
  • ဖုန်းရွှေအဘိဓာန် 2749 viewed

နေရာကျဉ်းတွေမှာ ကုတင်နေရာချဖို့ နည်းလမ်းကောင်းများ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ မှ
January 21, 2020 နေ့
Othersဆောင်းပါး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads


ရေးသူ- လင်းလက်
ကုတင်က အလွန်ကြီးမားတဲ့ပရိဘောဂဖြစ်တာကြောင့် နေရာကျဉ်းကျဉ်းလေးမှာ အံဝင်ခွင်ကျဖြစ် အောင် နေရာချထားနိုင်ဖို့ဆိုတာကလည်း စိန်ခေါ်မှုတစ်ခုပါပဲ။ အိပ်ခန်းတစ်ခန်းထပ်ထားဖို့ လိုအပ်နေပြီဆို ရင်တော့ အရမ်းကိုအံ့အားသင့်ဖွယ်ကောင်းတဲ့ ကုတင်နေရာချပုံချနည်းတွေရှိပါတယ်။ သင့်အိမ်မှာ ကုတင်ကို ဘယ်လိုမျိုးအဆင်ပြေအောင်နေရာချမလဲဆိုရင်တော့ ဒီနည်းလမ်းကောင်းတွေကို အသုံးချပြီး ချင့်ချိန်လုပ် ဆောင်ကြည့်လိုက်ပါ။

Kia Designs
၁။ နံရံကပ်ထောင်ကုတင်
ဒီအခန်းမှာတော့ အိပ်ခန်းအတွက် နေရာသိပ်မရှိတာကြောင့် အိမ်ရှင်က ကုတင်ကို နံရံကပ်ထောင် ကုတင်ကို ရွေးချယ်အသုံးပြုထားတာဖြစ်ပါတယ်။ နံရံကပ်ဘီရိုအကန့်ထဲမှာ ကုတင်ကိုထောင်လျက် သိမ်းဆည်းထားတာဖြစ်ပြီး အိပ်စက်လဲလျောင်းဖို့လိုအပ်ချိန်ကြမှ ကုတင်ကို ထုတ်ယူဖြန့်ချလိုက်တာဖြစ်ပါတယ်။

Kia Designs
ဘီရိုတံခါးတွေက နှစ်ဖက်ခေါက်တံခါးတွေဖြစ်ပြီး ဖွင့်လိုက်တဲ့အခါ တစ်ချပ်ချင်းစီထပ်သွားပြီး သပ်သပ်ရပ်ရပ်ဖြစ်သွားပါတယ်။ ဒီပုံမှာဆိုရင် အိမ်ရှင်က ဖွင့်ပိတ်တဲ့ဘီရိုတံခါးမှာတောင် ကြော်ငြာဘုတ်လိုမျိုး စာရွက်တွေ၊ ဓာတ်ပုံတွေကပ်ထားတာကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
အဝင်တံခါးဘက်အပေါက်ဝနားလေးမှာ ဘီရိုစင်လေးတစ်ခုထားရှိထားပြီး ခြင်းတောင်းငယ်တွေနဲ့ သေ တ္တာပုံးငယ်တွေနဲ့ ပစ္စည်းတွေကိုစနစ်တကျထားရှိထားတာကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။

၂။ ဘီရိုကုတင်

ပုံမှာတော့ တစ်ယောက်အိမ်ကုတင်ကို အံဆွဲဘီရိုအောက်မှာ ခေါက်သိမ်းထားပြီး အိပ်စက်လဲလျောင်းဖို့ လိုမှပဲ အပြင်ကို ဆွဲထုတ်ခင်းချတဲ့ကုတင်းဖြစ်ပါတယ်။ နေရာမကျယ်တဲ့အခန်းတွေမှာ ဒီကုတင်ပုံကိုအသုံးပြုနိုင် ပြီး ခေါက်သိမ်း၊ ခေါက်ဖြန့်ရလွယ်တဲ့အပြင် သေသပ်ကျစ်လျစ်တဲ့ကုတင်ဖြစ်တာကြောင့် ဧည့်ခန်းမှာလည်း တင့်တယ်စွာသုံးနိုင်တဲ့ ကုတင်ဖြစ်ပါတယ်။

၃။ အံဆွဲကုတင်
ပုံမှာဆိုရင် ကြမ်းပြင်ကနေ မြှင့်ပေးထားတဲ့ ခုံမြင့်မီးဖိုခန်းလေးကို မြင်နေရမှာဖြစ်ပါတယ်။ ဗိသုကာရဲ့ ထူးခြားဆန်းသစ်တဲ့စိတ်ကူးဖြစ်ပြီး ကြမ်းခင်းခုံရဲ့အောက်မှာ အံဆွဲသဖွယ် အသွင်းအထုတ်လုပ်လို့ရတဲ့ ကုတင် ပုံစံကို အသုံးပြုထားတာဖြစ်ပါတယ်။ ကုတင်နေရာကို ထိုးဝှက်ထားနိုင်တာကြောင့် ကုတင်အတွက်လည်း သီး သန့်နေရာပေးထားရတာမျိုးမရှိတာကြောင့် နေရာပုပ်သက်သာစေပါတယ်။

ဒါ့ပြင် ဒီအံဆွဲကုတင်ကို တစ်ဝက်လောက်ပဲအပြင်ထုတ်ထားတဲ့အခါ ဆက်တီဆိုဖာခုံအဖြစ်လည်း သုံးလို့ရတဲ့ ကုတင်ပုံစံဖြစ်ပါတယ်။

Miriam Gassmann
ဒီပုံမှာဆိုရင်လည်း အံဆွဲကုတင်အမျိုးအစားပဲဖြစ်ပြီး ဒါကတော့ နံရံဘီရိုအောက်ဆုံးမှာ အသွင်းအထုတ်လုပ်ရ တဲ့ကုတင်ပဲဖြစ်ပါတယ်။

၄။ ဘီရိုအိပ်စင်
ဆွဲထုတ်ဖြန့်ခင်းရတဲ့ကုတင်အမျိုးအစားတော့မဟုတ်တော့ပါဘူး။ ထပ်ခိုးနေရာလေးလိုမျိုး သီးသန့် အမြင့်နေရာလေးမှာ ဘီရိုအံဖုံးတွေရဲ့အနောက်ဘက် ဝှက်ထားတဲ့ ကုတင်နေရာဖြစ်ပါတယ်။
ပုံစံစုံအသုံးပြုလို့ရတဲ့သေတ္တာပုံးပုံစံအဖြစ် ကုတင်၊ အဝတ်ဘီရိုနဲ့ စတိုခန်းတွေကို ပေါင်းစပ်ထားတာ လည်းဖြစ်ပါတယ်။
ဒီသစ်သားသေတ္တာပုံးပုံစံဘီရိုအိပ်စင်လေးက ၂.၅ မီတာ× ၁.၆ မီတာ× ၂ မီတာ အရွယ်အစားရှိပြီး ၅၀ စင်တီမီတာအကျယ်ရှိတဲ့လှေကားလေးတစ်ခုလည်း ပါရှိပါတယ်။

လှေကားထိပ် တံခါးငယ်လေးကနေတဆင့် ကုတင်ပေါ်ကို တက်နိုင်ပါတယ်။ လေဝင်လေထွက်ကောင်း စေလိုရင်တော့ ဘီရိုအိပ်စင်ရဲ့ အရှေ့ဘက် တံခါးတွေကိုလည်း ဖွင့်ထားနိုင်ပြီး တံခါးတွေကိုမဖွင့်ဘဲနဲ့လည်း အိပ်စက်အနားယူနိုင်ပါတယ်။ တံခါးတွေရဲ့ အတွင်းဘက်ခြမ်းမှာ စာအုပ်တွေထည့်ထားနိုင်တဲ့ စင်ငယ်လေးတွေ လည်း ရိုက်ပေးထားပါတယ်။

အိပ်ခန်းရဲ့အမြင့်ကတော့ အရပ်နဲ့လွတ်ရုံလောက်ထားသင့်ပြီး ၁.၂မီတာ အနိမ့်ဆုံးထားပေးသင့်ပြီး အောက်ဘက်မှာလည်း အံဆွဲအဝတ်ဘီရိုတွေ ထားရှိနိုင်ပါတယ်။
ဒီဘီရိုအိပ်စင်လေးမှာ အံဆွဲဘီရိုစုစုပေါင်း ၅ခုရှိပြီး သုံးခုကို အဝတ်အစားတွေထည့်ထားတာဖြစ်ပါ တယ်။
လှေကားအောက်မှာလည်း တံခါးတစ်ချပ်ရှိပြီး အဝတ်အံဆွဲဘီရိုတွေရဲ့နောက်ဘက်ခြမ်းက အခန်း လွတ်ကို စတိုခန်းအဖြစ်ထားရှိထားပါတယ်။ ဒီအိမ်ရှင်ကတော့ သူရဲ့စက်ဘီးလေးကို ဒီအခန်းမှာ သိမ်းထားပါ တယ်။

၅။ လျှောတံခါးကာအိပ်ခန်း
ဗိသုကာပညာရှင်က ဒီအခန်းလေးထဲမှာ ကုတင်ကို အတည်တကျနေရာချထားပါတယ်။ အိပ်ခန်းက စတုရန်းပေ ၂၈၀သာကျယ်ဝန်းတာကြောင့် တစ်လက်မလောက်တောင် နေရာအပုပ်မခံနိုင်တဲ့အခန်းဖြစ်ပြီး မွေ့ ယာကို ဖြန့်ခင်းလျက်နဲ့ကိုပဲ အတိအကျနေရာထားလိုက်ပြီး ကုတင်ဘေးမှာ လျှောတံခါးချပ်နဲ့ အခန်းကန့်ထား လိုက်ပါတယ်။ လျှောတံခါးအဖုံးရဲ့နောက်မှာ နံရံဝှက်ဘီရိုငယ်လေးတစ်ခုရှိပြီး ဘေးဘက် ဆိုဖာခုံတွေဘက် ကနေ ကြည့်နိုင်စေဖို့ တီဗီနဲ့ စက်တွေကို ထားရှိထားပါတယ်။

အပေါက်ငယ်လေးတွေဖောက်ထားတဲ့ တံခါးအနောက်လက်မှာတော့ အဝတ်လျှော်စက်တစ်လုံးနဲ့ ရေပူစက်တစ်လုံးကို အပြင်ဘက်ကနေ မမြင်ရအောင် ဝှက်ထားတာဖြစ်ပါတယ်။

မွေ့ယာတစ်ခုလုံးကို ၅၀စင်တီမီတာမြင့်တဲ့ ခုံမြင့်ပေါ်မှာ တင်ထားတာဖြစ်ပြီး မွေ့ယာကို မတင်လိုက် မယ်ဆိုရင် အောက်ဘက် ခုံမြင့်ရဲ့အတွင်းပိုင်းမှာ ခရီးဆောင်သေတ္တာလိုမျိုး အသုံးသိပ်မများလှတဲ့ ပစ္စည်း ခပ်ကြီးကြီးမျိုးတွေကို သိမ်းဆည်းထားနိုင်ပါတယ်။
တီဗီအောက်က အပေါက်ငယ်လေးတွေဖောက်ထားတဲ့ ဘီရိုအံတွေထဲမှာ ရုပ်သံပြစက်တွေနဲ့ ဂိမ်း စက်တွေကိုထားရှိနိုင်ပြီး အံဖုံးကိုမဖွင့်ဘဲနဲ့ ရုပ်သံလိုင်းတွေကို အဝေးထိန်းခလုတ်နဲ့ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

၆။ အခန်းဖောက်ခြင်း
အခန်းပိုတစ်ခန်းကို ရှိပြီးသားဧည့်ခန်းနဲ့ အံဝင်ခွင်ကျပေါင်းစည်းနေရာချမယ်ဆိုရင် ဒီနည်းလေးက သင့်လျော်ပါတယ်။
ပုံမှာ နောက်ဘက်က ရေချိုးခန်းထဲက အခန်းနေရာလွတ်အနည်းငယ်ကို ခိုးယူလိုက်ပြီး ဧည့်ခန်းက နေရာအနည်းငယ်နဲ့ ထပ်ပေါင်းကာ နောက်ထပ် အိပ်ခန်းတစ်ခုအဖြစ် ဗိသုကာက ထပ်ပြီးဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။

စတီးလ်ဘောင်ပြတင်းပေါက်နဲ့တံခါးကတဆင့် ဧည့်ခန်းထဲကျနေတဲ့အလင်းကို အိပ်ခန်းထဲထိဝင်လာ စေပါတယ်။ အရောင်မှိုင်းတဲ့ဘောင်က အနားသတ်ကိုပေါ်လွင်စေတာကြောင့် အခန်းနှစ်ခန်းအဖြစ် ရှင်းရှင်း လင်းလင်း မြင်ရမှာဖြစ်ပါတယ်။
ဒီအိပ်ခန်းမှာ ဗိသုကာက နှစ်ယောက်အိပ်ကုတင်တစ်ခုသာမက စင်တွေကိုလည်း ထပ်ပြီးထည့်ပေး ထားပါတယ်။ ကုတင်ခြေရင်းဘက် ဧည့်ခန်းထဲမှာ ဘီရိုနေရာတွေ ထပ်ထည့်ပေးထားပြီး ဧည့်ခန်းအတွက် သိမ်းဆည်းရမယ့်နေရာတွေ ထပ်ပြီးထည့်သွင်းဖန်တီးပေးထားတာဖြစ်ပါတယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Home page 10379 viewed
  • Welcome to Home & Decor 5561 viewed
  • ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home 3218 viewed
  • အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း 2797 viewed
  • ဖုန်းရွှေအဘိဓာန် 2749 viewed

တရုတ်နိုင်ငံ မင်ခေတ် အသုံးအဆောင်များ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
January 18, 2020 နေ့
ဆောင်းပါး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

တရုတ်ပြည်က တင်သွင်းလာတဲ့ တန်ဖိုးနည်းပရိဘောဂတွေကြောင့် ပြည်တွင်းပရိဘောဂ ဒီဇိုင်းလက်ရာများအပေါ် အများကြီးသက်ရောက်စေခဲ့ပါတယ်။ တရုတ်ပြည်မှ တန်ဖိုးနည်း ပရိဘော ဂလက်ရာတွေက ပုံစံမကျဘူးလို့ ထင်ရသလို အနုစိတ်လက်ရာတွေကလည်း တောင့်တောင့်ကြီး ခံစားရတယ်။ ဒါပေမယ့်သေချာလေ့လာကြည့်လျှင်တော့ အရမ်းကိုလက်ရာကောင်းတဲ့ တရုတ်ရှေး ဟောင်းလက်ရာတွေရှိခဲ့ပါလားလို့ သိရတယ်။ နောက်ပြီး

မြန်မာနိုင်ငံမှာလည်း တရုတ်ပုံစံ အိမ်ထောင်ပရိဘောဂပစ္စည်းတွေ သုံးစွဲလာတာများတော့ ကိုယ်သုံး နေတဲ့ ပစ္စည်းတွေက လက်ရာကောင်းတွေလားဆိုတာ သတိထားမိစေချင်တာလည်း ပါပါတယ်။ အထူးသဖြင့် စားပွဲတွေ ကုလားထိုင်တွေပေါ့။

တရုတ်နိုင်ငံသမိုင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်လောက်က စခဲ့တယ်လို့ သိရတယ်။ ဒါပေမယ့် မင်ခေတ်ပရိဘောဂပစ္စည်းတွေ အကြောင်းဆိုတော့ မင်ခေတ်မတိုင်ခင်နဲ့ မင်ခေတ် အလွန်တွေလောက်က စပြီး ပြောပြချင်တယ်။

မင်ခေတ်မတိုင်ခင်ကာလကို ရွမ်ခေတ် (့ကညေ ီပညေျအမပ ဗီ ၁၂၇၁-၁၃၆၈) လို့ခေါ်ပါတယ်။ အဲ့ဒီ ရွမ်ခေတ်က ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ မွန်ဂိုလူမျိုးတွေရဲ့ ခေတ်ပါ။ မြန်မာတို့ရဲ့ ပုဂံနိုင်ငံကို ကျူးကျော်သိမ်းပိုက်နိုင်ခဲ့တဲ့ ကူဘလိုင်ခန်တို့ ခေတ်ပေါ့။ မွန်ဂိုလူမျိုးတွေက ရက်စက်တယ်။ ခက်ထန်တယ်။ အင်အားကြီးတယ်။ ဒါပေမယ့် နိုင်ငံရေးနည်းပရိယာယ် မကြွယ်ဝဘူး။ ရာစုနှစ်တစ်ခုနီးပါးပဲ အုပ်ချုပ်ခွင့်ရခဲ့ပြီး နောက်ဆုံးတော့ ဟန်လူမျိုးတွေလက်ထဲ ပြန်ရောက်သွား တယ်။

ဟန်လူမျိုးတွေအုပ်ချုပ်တဲ့ခေတ်ကို မင်ခေတ် (ငြညါ ီပညေ-ျအမပ ဗီ ၁၃၆၈-၁၆၄၄) လို့ခေါ်ပါတယ်။ မင်ခေတ်ရောက်တော့ စီးပွားရေးအရမ်းကို တိုးတက်လာတယ်။ ဘေဂျင်းနဲ့ နန်ဂျင်းမြို့ တွေက တရုတ်နိုင်ငံရဲ့ အဓိကကုန်သွယ်မြို့တွေဖြစ်ခဲ့တယ်။ ရာစုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ ဂရိတ်ဝေါကိုလည်း အပြီးသတ်ခဲ့တယ်။ အဲဒီဂရိတ်ဝေါကို ဃြ ၂၂၀-၂၀၆ (လွန်ခဲ့တဲ့နှစ်ပေါင်း ၂၂၀ဝ ကျော်) ကတည်းက စဆောက်ခဲ့တာ မင်ခေတ်မှာ အဆုံးသတ်ခဲ့တယ်။ အခုခေတ်တွေ့နေရတဲ့ ဂရိတ်ဝေါကြီးရဲ့ အစိတ်အပိုင်းတော်တော်များများက မင်ခေတ်ရဲ့ လက်ရာတွေလို့လည်း ဆိုလို့ ရတယ်။ မင်ခေတ်မှာ ပြန်ပြီးပြုပြင်သလို မူရင်းနေရာတွေမှာ အသစ်ထပ်ထည့်တာတွေလည်း ရှိခဲ့တာကိုး။

မင်ခေတ်မှာ ကြွယ်ဝချမ်းသာသူ တော်တော်များများရှိလာသလို ဇိမ်ခံပစ္စည်းတော်တော်များ များလည်း ထုတ်လုပ်လာကြတယ်။ မင်ခေတ်ရောက်တော့၏ ပရိဘောဂဒီဇိုင်းတွေက သူမတူအောင် လှလာတယ်။ အိမ်သုံးပစ္စည်းတွေသာမကဘူး အနုပညာဆိုင်ရာ ပန်းချီလက်ရေး (ဃေူူငါမစေ့ပ)၊ ပန်းပု၊ ပုံညွန်းစာအုပ်တွေရဲ့ လက်ရာတွေပါမြင့်မားလာတယ်။ အဲ့ဒါမို့လို့ မင်ခေတ်အနုပညာလက်ရာ တွေ လေ့လာရင်အကုန်လုံး မပါမဖြစ်လေ့လာသင့်တယ်လို့ ထင်မိတယ်။ မင်ခေတ်လက်ရာတွေက ယခုခေတ်မှာ နာမည်ကြီးနေတဲ့ ငြညငာေူငျာ လို့ခေါ်တဲ့ ရိုးရှင်းတဲ့လိုင်းတွေနဲ့ ဒီဇိုင်းသေသွားတယ် ဆိုတာ မရှိသလောက်ပါပဲ။ ယခုခေတ်မှာလည်း မင်ခေတ်ဒီဇိုင်းတွေကို ပြန်ထုတ်သုံးလာတာတွေ တွေ့ရတယ်။

ဟန်လူမျိုးတွေရဲ့ မင်ခေတ်ကျဆုံးသွားတဲ့ နောက်ပိုင်းကို ချင်း (ျှငညါ ီပညေျအ ပ ၁၆၄၄-၁၉၀၁) လို့ခေါ်ပါတယ်။ မန်ချူး မင်းဆက်လို့လည်း ခေါ်ပါတယ်။  မန်ချူးလူမျိုး တွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်းက (ခန့်မှန်း)ဟန်လူမျိုးတွေလောက်မမြင့်မားပါဘူး။ ဒါကြောင့်မန်ချူး လူမျိုးတွေက ဟန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကိုဆက်ပြီး ထိန်းသိမ်းပြီး အဲ့ဒီယဉ်ကျေးမှုလက်ရာတွေက နေတဆင့် အကွန့်အညွန့်တွေထည့်ပြီး မန်ချူးလက်ရာတွေအဖြစ် ဖန်တီးကြပါတယ်။ ဒါကြောင့်မို့ ရိုးရှင်းလှပတဲ့ မင်ခေတ်ပရိဘောဂလက်ရာတွေက မန်ချူးခေတ်ရောက်လာတော့ ပိုပြီးအနုစိတ်လာ တယ်။ မလိုအပ်ဘဲနဲ့ အကွန့်အညွန့်တွေများလာတယ်။ ဒါကြောင့်မို့လားမသိဘူး။ မန်ချူးခေတ် ပရိ ဘောဂလက်ရာတွေက အချိုးအစားမကျတော့ပါဘူး။

ရာစုနှစ်ပေါင်းများစွာကတည်းက တရုတ်လူမျိုးတွေက ဂျပန်လူမျိုးတွေလိုပဲ အိမ်ထောင်ပရိဘောဂအနေနဲ့ ဖျာတွေကိုပဲ အသုံးပြုခဲ့ကြတယ်။ အခုကျွန်တော်တို့သိနေတဲ့ တရုတ် တွေရဲ့ အိမ်ထောင်ပရိဘောဂတွေက တန်ခေတ် (ွှညေါ ီပညေျအပ ဗီ၆၁၈-၉၀၆) အထိ မရောက်သေး ပါဘူး။ စုန်ခေတ် (ှသညါ ီပညေျအပ ဗီ ၉၆၀-၁၁၂၇) လောက်မှာတော့ စားပွဲနဲ့ ကုလားထိုင် အသုံးပြုမှုတွေက အဆင့်မြင့်နန်းတွင်းအရာရှိတွေလောက်ပဲ ခံစားခွင့်ရပါသေးတယ်။  အဲဒီခေတ် ကုန်ခါနီးကျမှ လူတန်းစားအမျိုးမျိုးမှာ အသုံးပြုလာနိုင်ကြပါတယ်။ စားပွဲကုလားထိုင်အသုံးပြုနိုင်မှုက ဘုရားထူးခံလူတန်းစားတရပ်အတွက် သီးသန့်မဟုတ်တော့ပါဘူး။

သာမန်ပြည်သူလူထုတွေပါ အသုံးပြုလာနိုင်တဲ့အတွက် မင်ခေတ်ရောက်လာ တော့ အကောင်းဆုံးပရိဘောဂတွေကို ထုတ်လုပ်နိုင်ခဲ့ကြတယ်။ နန်းတွင်းက အစလမ်းကြားက လက်ဖက်ရည်ဆိုင်တွေအဆုံး စားပွဲကုလားထိုင်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတယ်။ ငယ်ငယ်တုန်းကတော့ တရုတ်သိုင်းကားတွေကြည့်ရင် လက်ဖက်ရည်ဆိုင်ပဲဖြစ်ဖြစ် အရက်ဆိုင်ပဲ ဖြစ်ဖြစ်တိုက်ကြခိုက်ကြရင် စားပွဲကုလားထိုင်တွေ ကျိုးတာကြည့်ရင်း ဘာလို့စားပွဲကုလားထိုင်တွေကို တရုတ်တွေ သုံးကြတာလဲ . . . အဲဒါတွေက အနောက်နိုင်ငံက မဟုတ်ဘူးလားလို့ ကိုယ့်ကိုယ်ကို မေးမိတယ်။ အခုမှပဲ မင်ခေတ်အကြောင်း လေ့လာရင်းနဲ့ ပုဂံခေတ်နဲ့အပြိုင် သူတို့နိုင်ငံမှာ သုံးစွဲနေ မှန်းသိရတယ်။

မင်ခေတ်မှာ(၁၄၀၂ ခုနှစ်ဝန်းကျင်)ဘုရင်ကိုယ်တိုင်က တော်ဝင်အလုပ်ရုံကို တည်ထောင်ပြီး လက်ရာကောင်းတွေထွက်ဖို့ သေချာစီမံခဲ့လို့လည်း သူတို့ခေတ် လက်ရာတွေက ပိုပြီးလှပလာတာလည်းပါပါတယ်။ သစ်သားလက်ရာတွေနဲ့ပတ်သက်ပြီး နီညိုရောင် ဟမ်ဟွား လီ (ံကညေါ့ကေူင)လို့ခေါ်တဲ့ သစ်သားကို အများဆုံးသုံးခဲ့ပါတယ်။ သစ်သားရဲ့ လှပတဲ့ အကြောကို အသားပေးပြီး ပရိဘောဂတွေပြုလုပ်ခဲ့တယ်။ အခုအဲ့ဒီသစ်သားမျိုးတွေက ဆိတ်သုဉ်းသွားပါပြီ။ ယခုလက်ရှိရှေးဟောင်းပစ္စည်းဈေးကွက်မှာဆို ဟမ်ဟွားလိနဲ့ လုပ်ထားတဲ့ ပရိဘောဂသေးသေး လေးတွေကအစ ဈေးမြောက်ပါတယ်။ အခုဆို အဲ့ဒီသစ်သားနဲ့ဆင်တူဖြစ်တဲ့ နှင်းဆီသား (ျွသျန ျွှသသိ)ကို ပြန်သုံးလာပြီး ဆင်တူယိုးမှားလုပ်လာကြပါတယ်။ ရှေးဟောင်းလက်ရာစုဆောင်းတတ်တဲ့ ကျွန်တော့်မိတ်ဆွေတစ်ဦးက ဟမ်ဟွားလီနဲ့ နှင်းဆီသားကိုခွဲခြားချင်ရင် သစ်သားမျက်နှာပြင်ပေါ်က နပနျ မျက်လုံးတွေကိုကြည့်ရပါတယ်တဲ့။ ဟမ်ဟွားလီ ရဲ့မျက်နှာပြင်မှာ မျက်လုံးနဲ့တူတဲ့ အမဲစက် သေးသေးလေးတွေ ပါပါတယ်။ အဲ့ဒီအစက်ကလေးတွေကြည့်ပြီး အဲ့ဒီသစ်သားရဲ့ သက်တမ်းကို မှန်းလို့ ရပါတယ်တဲ့။

ဟွေ့ဟားလီသစ်သားကို တော်ဝင်မိသားစုနဲ့ နန်းတွင်းအရာရှိများသာ သုံးစွဲခွင့်ပြုခဲ့ပါတယ်။ နောက်ပြီး အရမ်းကိုကျွမ်းကျင်တဲ့ လက်သမားဆရာတွေသာ ထိုသစ်သားနဲ့ ပရိဘောဂလုပ်ခွင့် ရှိပါတယ်။ ဟွမ်ဟားလီသစ်သားကြီးကြီးရဖို့ ဆိုတာကလည်း အလွန်တရာမှပဲ ခဲယဉ်းပါတယ်။ ဘာလို့လည်းဆိုတော့ သစ်ပင်ကြီးလာပြီဆိုရင် ပင်စည်က ခွေကောက်ပြီး လိမ်သွားလို့ပါပဲ။ နောက်ပြီး အပင် ကြီးထွားနှုန်းကလည်း အတော့်ကို နှေးပါတယ်။ တစ်ပေ အရွယ်လောက်ကြီးလာဖို့ကို နှစ်ပေါင်း ၁၀ဝလောက်စောင့်ရပါတယ်။ ချင်ခေတ် အလယ်ပိုင်းကစပြီး တဖြေးဖြေးရှားပါးလာလိုက်တာ။ နောက် ဆုံးမျိုးသုဉ်းတဲ့အထိပါပဲ။

မင်ခေတ်မှာ လက်ရာတွေကောင်းလာပေမယ့် ထင်သလိုလုပ်လို့မရပါဘူး။ အစိုးရက ပရိဘော ဂတွေ ပုံစံနဲ့ အရွယ်အစားအတွက် နည်းလမ်းတွေ အသေအချာချထားပါတယ်။ ၁၅ရာစု နှစ်က ူက ြညေ ဲငညါ လုဘမ်းဂျင်လို့ခေါ်တဲ့ လက်သမားလက်စွဲစာအုပ်ကို ကြည့်ရင်သိနိုင်ပါတယ်။ သစ်ပင် ခုတ်လှဲတဲ့အခါပဲဖြစ်ဖြစ်၊ သစ်သားထွင်းတဲ့အခါပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာတွေလိုပဲ နေ့ကောင်း ရက်ကောင်းကို ရွေးချယ်ကြပါတယ်။ ဖုန်းရွှေအရစားပွဲပြုလုပ်ရင် မီတာတစ်ဝက်အရွယ်အစားက ကြွယ်ဝချမ်းသာမှုကို ကိုယ်စားပြုလို့ အဲဒီအရွယ်အတိုင်းလုပ်တတ်ကြတာများပါတယ်။

မင်ခေတ်မှာ ပရိဘောဂကို အဓိကထုတ်လုပ်တဲ့နေရာက တော်ဝင်နန်းတော်ရှိတဲ့ ဘေ ဂျင်းမှာပါ။ တရုတ်ပြည်ကြီးက ကြီးတဲ့အခါကျတော့ တစ်နယ်နဲ့တစ်နယ် ပုံစံတွေအကြိုက်တွေ ကွာပေမယ့် အခြေခံတွေ ဒီဇိုင်းတွေက တူပါတယ်။ ဘာလို့လည်းဆိုတော့ မင်ခေတ်အစောပိုင်းက ဘုရင်တွေက တစ်နိုင်ငံလုံးမှာရှိတဲ့ ဗိသုကာလက်သမားတွေကို အခွန်ကောက်တဲ့အနေနဲ့ နန်းတွင်း အလုပ်ရုံမှာ အမှုထမ်းခိုင်းလို့ပါ။ အနီးအနားကဆိုရင် နန်းတွင်းအလုပ်ရုံမှာ တစ်လကို ဆယ်ရက် အလုပ်ဆင်းပေးရပါတယ်။ အဝေးကဆိုရင်တော့ သုံးနှစ်မှာ သုံးလတစ်ကြိမ် အလုပ်ဆင်း ပေးရပါ တယ်။ ဒါကြောင့် နယ်စွန်နယ်ဖျားက လက်သမား၊ ဗိသုကာဆရာတွေက နန်းတွင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို နားလည်လိုက်နာနိုင်ကြတာပေါ့လေ။                      မင်ခေတ်ကျဆုံးပြီး မန်ချူးတွေရဲ့ ချင်ခေတ်ရောက်တဲ့တိုင်အောင် နယ်စွန်နယ်ဖျားက ဗိသုကာပညာရှင်တွေက နန်းတွင်းအလုပ်ရုံတွေနဲ့ အဆက်အသွယ်မပြတ်ပါဘူး။ ချင်းလုံလက် ထက် (၁၇၃၆-၉၆)မှာတော့ တရုတ်တွေရဲ့လက်ရာတွေက တမျိုးတဖုံပြောင်းလဲသွားပါတော့တယ်။ ချင်းလုံက ပန်းခက်အနုစိတ်လက်ရာတွေသဘောကျတော့ ရိုးရှင်းတဲ့ မင်လက်ရာတွေနေရာမှာ အပွင့် အခက်အပြောင်အမွမ်းတွေ နေရာယူလာကြပါတော့တယ်။ ဒါပေမယ့် အဲဒီခေတ်လက်ရာတွေက မင်ခေတ်လက်ရာတွေလောက် တစ်နိုင်ငံလုံးပျံ့နှံ့သွားခြင်းမရှိပေမယ့် တရုတ်ယဉ်ကျေးမှုလက်ရာ တွေမှာတော့ တမျိုးတဖုံထူးခြားတဲ့ လက်ရာတွေဖြစ်လာပါတော့တယ်။

မင်ခေတ်လက်ရာတွေ ချင်ခေတ်မှာ ပုံစံပြောင်းလာပြီး နှစ်ပေါင်းသုံးရာကျော်တဲ့ အခါ ချင်တော်ဝင်အဖွဲ့တွေက အနောက်နိုင်ငံခြားသားတွေကြောင့် မင်ခေတ်လက်ရာတွေကို ပြန်သုံး လာတာ တွေ့ရပြန်ပါတယ်။

ဒါပေမယ့် ၁၉၁၁မှာ ပဒေသရာဇ်ခေတ်ပျက်သုံးသွားတဲ့ အချိန်မှာတော့ တော်ဝင်နန်းတွင်းလက်သမားတွေရဲ့ အခန်းကဏ္ဍကလည်း တဖြေးဖြေး မှေးမှိန်သွားကြတာပေါ့။ ၁၉၃ ဝ-၁၉၄ဝ ပတ်ဝန်းကျင်မှာတော့ ဘေဂျင်းမှာနေထိုင်တဲ့ အနောက်နိုင်ငံသားတွေက ဘားဟော့ (ြကေ့ေ ကျ ှအပူန) စတိုင်လက်ရာတွေနဲ့ နှိုင်းယှဉ်ပြီး မင်ခေတ်လက်ရာတွေကို အမြတ်တနိုး စုဆောင်းလာကြ ပါတယ်။ ဘားဟော့စတိုင်ဆိုတာ မော်ဒန်ခေတ်ဦးအနောက်နိုင်ငံ ဂျာမနီကစပြီး နာမည်ကြီးလာတဲ့ စတိုင်ပါ။

မာဆယ်ဘားဟော့ရဲ့ စတီးနဲ့ ပြုလုပ်ထားတဲ့ ဝက်စလီထိုင်ခုံ ျွှေျျငူပ နဲ့ မင်ခေတ်သစ်သားလက်ရာ တရားထိုင်ခုံနှစ်ခုဟာ အနောက်နိုင်ငံလက်ရာနဲ့ တရုတ်လက်ရာတို့ရဲ့ နှိုင်းယှဉ်တန်ဖိုးထားတဲ့အရာ ဖြစ်လာတယ်။ ထိုင်ခုံနှစ်ခုလုံးရဲ့ ပုံစံအခြေခံက အတူတူပါပဲ။ ရိုးစင်းတဲ့ လိုင်းတွေနဲ့ ဖွဲ့ထားပုံချင်းပေါ့။ ဒါပေမယ့် မင်ခေတ်ထိုင်ခုံက ဝက်စလီထိုင်ခုံလို ခေါက်ရိုးကျေနေတဲ့ ယဉ်ကျေးမှုလက်ရာတွေထဲက ထိုးထွက်လာတဲ့ခေတ်ကို ရုန်းထွက်လာတဲ့အရာမဟုတ်ပါဘူး။ မင်ခေတ်ထိုင်ခုံက ပုံစံကျနတဲ့ ၁၆ရာစုနှစ် အမျိုးသားလက်ရာဖြစ်ပြီး ၄ရာစုကတည်းက သုံးစွဲခဲ့တဲ့ သစ်သားအဆက်ပြုလုပ်ပုံ လုပ်နည်းအတိုင်း တည်ဆောက်ထားတဲ့အရာတစ်ခုပေါ့။ ဝက်စလီ ထိုင်ခုံပေါ်ပြီးတဲ့ နောက်မှာတော့ စတီးကို ထိုင်ခုံတွေမှာ သုံးရင် ကြာရှည်ခိုင်ခံ့မှန်းသိလာတော့ စတီးနဲ့ အိမ်ထောင်ပရိဘောဂပြုလုပ်ခြင်းက ခေတ်စားလာပါတော့တယ်။

၁၉၅၉လောက်မှာ ကွန်မြူနစ်တွေအာဏာရလာတဲ့ အချိန်မှာတော့ နှစ်ပေါင်း များစွာ သက်တမ်းရှိတဲ့ မင်ခေတ်လက်ရာတွေက အန္တရာယ်တွေကြားကို ကျရောက်ခဲ့ ပါတယ်။ အထူးသဖြင့် ယဉ်ကျေးမှုတော်လှန်ရေးလို့ခေါ်တဲ့ (၁၉၆၆ ကနေ ၁၉၇၆) ခကူအကမေူ မနလ သူကအငသည မှာ ယဉ်ကျေးမှုလက်ရာအမြောက်အမြားဟာ ရစရာမရှိအောင် ဖျက်ဆီးခံခဲ့ရပါတယ်။ ကောင်းပေ့ဆိုတဲ့ မင်ခေတ်လက်ရာတွေကလည်း ပညာရှိတွေ အနောက်နိုင်ငံသားတချို့တလေ ကြောင့် ပြည်ပရောက်ပြီး ဖျက်ဆီးခံရမယ့် ဘေးမှလွတ်မြောက်ခဲ့တယ်။ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ တချို့တလေကလည်း အတွေးအခေါ်နဲ့ ယဉ်ကျေးမှုမြတ်နိုးတဲ့ အစိုးရအရာရှိတချို့ရဲ့ ဝှက်ထားပေး မှုကြောင့် အကောင်းပကတိကျန်ခဲ့တယ်။ ဒါပေမယ့် ရှေးဟောင်းလက်ရာတော်တော်များများကတော့ ဖျက်ဆီးခံရတဲ့ အထဲမှာပါသွားတာပေါ့။ အဲဒီယဉ်ကျေးမှုတော်လှန်ရေးကိုကြည့်ရင် ကိုယ့်နိုင်ငံ ယဉ်ကျေးမှုကို ဖျက်တာ တခြားနိုင်ငံသားတွေမဟုတ်ဘဲ ကိုယ့်နိုင်ငံသားတွေပဲဖြစ်နေတာ ဝမ်း နည်းစရာတွေ့ရပါတယ်။

ယဉ်ကျေးမှုတော်လှန်ရေးကြောင့် တရုတ်လူမျိုးတွေရဲ့ အနေအထိုင် အပြုအမူနဲ့ စိတ်ဓါတ်ရေးရာတွေပါ ပြောင်းလဲသွားကြတယ်။ ဒါပေမယ့် အချိန်မီတယ်လို့ ဆိုရမှာပဲ။ အခု တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုအနုပညာလက်ရာတွေကပြန်ပြီး ခေါင်းမော့လာပါပြီ။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Home page 10379 viewed
  • Welcome to Home & Decor 5561 viewed
  • ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home 3218 viewed
  • အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း 2797 viewed
  • ဖုန်းရွှေအဘိဓာန် 2749 viewed