စွဲမက်ဖွယ် အိမ်ပုံစံလေးများ

Khatter Penthouse

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဝင်နီ မှ
October 13, 2019 နေ့
စွဲမက်ဖွယ် အိမ်ပုံစံလေးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

55
ads

အခုနောက်ပိုင်း တိုက်အမြင့်ကြီးတွေရဲ့ အပေါ်ဆုံးထပ်တွေမှာ ကွန်ဒိုတွေရဲ့အပေါ်ဆုံးထပ်တွေမှာ ပန့်ဟောက်စ်တွေအဖြစ် ဖန်တီးလာကြတာကိုတွေ့ရမှာပါ။ အရင်ကဆို တော်တော်များများက လုံးချင်းမ ဟုတ်ရင် မြေညီထပ်တွေပိုလူကြိုက်များပါတယ်။ အခုနောက်ပိုင်းမှာတော့ နေရာတိုင်းလိုလိုတိုက်တာအမြင့် ကြီးတွေဆောက်လာကြတော့ မြင်ကွင်းကောင်းကောင်းမြင်ရတဲ့ လေကောင်းလေသန့် ပိုရတဲ့ အပေါ်ထပ် အမြင့်ပိုင်းတွေကို ပိုလူကြိုက်များလာကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် မြင်ကွင်းကောင်း လေကောင်းလေသန့် လည်းရတဲ့ အပေါ်ဆုံးထပ်က ပန့်ဟောက်စ်တွေကို ရွေးချယ်မှုပိုလာကြပါတယ်။ ဒီလို ပန့်ဟောက်စ်တွေ ထဲကမှ MOPA က ဖန်တီးပေးထားတဲ့ ပန့်ဟောက်စ်လေးတစ်ခုကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ MOPA မှ Interior Designer ဖြစ်သူ ကိုအောင်စိုးပိုင်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာကတော့ –

Home Decoration မှာ Penthouse တွေကိုဒီဇိုင်းဖန်တီးတာခေတ်စားလာတဲ့အခါမှာmopaအနေနဲ့ Penthouse Design နဲ့ ပါတ်သက်ပြီးဖန်တီးခဲ့တဲ့ အတွေ့အကြုံလေးသိချင်ပါတယ်။

MOPA က ဖန်တီးထားတဲ့ လတ်တလော ပြီးစီးထားတဲ့ ခတ္တာပန့်ဟောက်စ်ဆိုတဲ့ Penthouse Design ကိုပြောပြချင်ပါတယ်။ Penthouse ဆိုတာအထပ်မြင့်အဆောက်အဦးတွေရဲ့ အပေါ်ဆုံးအလွှာမှာရှိတတ်ပြီးသာမန်တိုက်ခန်းတွေနဲ့မတူဘဲလုံးချင်းအိမ်တစ်ခုလိုဖန်တီးထားတဲ့ Apartment လိုဒီဇိုင်းမျိုး ဖြစ်ပါတယ်။ရန်ကုန်မှာတော်တော်များများတွေ့ရတဲ့ Penthouse ဆိုတာပုံမှန်အားဖြင့် နိုင်ငံတကာမှာအသိအမှတ်ပြုထားတဲ့ Penthouse တွေနဲ့ မတူပာဘူး။ ခတ္တာကွန်ဒိုမှာရှိတဲ့ Penthouse အတွက် ပိုင်ရှင်ကရန်ကုန်မှာပုံမှန်မြင်နေကြဖြစ်တဲ့ Penthouse Design တွေကနေကွဲထွက်ချင်ပါတယ်။ဒါပေမယ့် နိုင်ငံတကာမှာကျတော့ penthouse ရဲ့ သဘောတရားကအဆောက်အဦးတွေရဲ့ အပေါ်ဆုံးထပ်မှာဆိုပေမယ့်လည်းသူတို့ဆီမှာကpenhouseရဲ့ facility တွေ ရှိနေတတ်တယ်။ ဥပမာ penthouse ရဲ့ facility ထဲမှာအောက်ထပ်တွေနဲ့ မတူတဲ့ function တွေပေးထားတာရှိတယ်။

myanmar home & decor 
MOPA
Myanmar Home & Decor 
MOPA

Penthouse သည် အောက်ထပ်ကယူနစ်တွေထက် sqftလည်းတော်တော် များနေတတ်တယ်။ ပြောရမယ်ဆိုရင် penthouse ဆိုတာနဲ့ တစ်ထပ်တည်းမဟုတ်ဘူးပေါ့နော်။ ၂ ထပ်လိုပုံစံမျိုးရှိနေတယ်။ မြန်မာပြည်မှာရှိနေတဲ့ penthouse ကို နိုင်ငံတကာမှာရှိနေတဲ့ penthouse လိုပုံစံမျိုးသူဖန်တီးချင်တယ်ဆိုပြီးကျွန်တော်တို့ဆီရောက်လာတာပါ။ အဲ့ဒီအတွက်ကို ကျွန်တော်တို့ကclinetနဲ့ သေချာဆွေးနွေးတိုင်ပင်ပြီးမှ အကောင်အထည်ဖော်ခဲ့တာပေါ့။ အကောင်အထည်ဖေါ်တဲ့ အချိန်မှာ client ဘက်ကဘာကိုတောင်းဆိုခဲ့လဲဆိုတော့ Penthouseရဲ့ Decoration ကိုသူကိုယ်တိုင်လည်းတည်ဆောက်မယ် ၊ ကြီးကြပ်မယ်ဆိုတဲ့အချက်လည်းပါပါတယ်။ ဒီဇိုင်းကဘယ်လိုဒီဇိုင်းမျိုး ဖြစ်ရမယ်။ ဘယ်ပုံစံမျိုးဖြစ်ရမယ်ဆိုတာကိုမပြောဘူး။သူကိုယ်တိုင်နေထိုင်မယ့် အဲဒီpenthouseသည် အခြားpentouseနဲ့မတူရဘူးဆိုတဲ့အချက်ပါပဲ။client ရဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ပတ်သက်ပြီးသူဘယ်လိုပုံစံမျိုးနေချင်လဲဆိုတာကိုလည်းသေသေချာချာဆွေးနွေးကြတယ်။ဆွေးနွေးတဲ့အခါကျတော့ client ဆီမှာထူးခြားတဲ့ idea တချို့ပါလာတယ်။ Penthouse မှာသူ့အနေနဲ့ outdoor living တစ်ခုပုံစံမျိုးလည်းနေချင်တယ်ဆိုတဲ့အချက်ပါလာတယ်။ အဲ့အခါကျတော့ ကျွန်တော်တို့ အနေနဲ့ ဘာလုပ်ရလဲဆိုတော့ ပထမတော့ interior design တစ်ခုအနေနဲ့ပဲလက်ခံခဲ့တာ။

Myanmar Home & Decor 
MOPA

နောက်ပိုင်းမှာarchitecture ပုံစံမျိုးလည်းသွားပေးရတယ်၊ penthouse ကိုလည်း Landscape ပုံစံမျိုးကိုလည်း ကျွန်တော် ပြန်ပြီးစဉ်းစားပေးရတယ်။ ဒီတော့ ဒီ penthouse သည် ဘာဖြစ်လာလဲဆိုရင်interior design သီးသန့်တစ်ခုလိုမဟုတ်တော့ပဲသူ့ဆီမှာArchitecture/Interior/ Landscape တွေပါ ပါလာတာပေါ့နော်။ ဒီPenthouseအတွက် ဒီဇိုင်းဖန်တီးတဲ့အခါမှာ landscape ဘက်ကိုပိုပြီးဦးစားပေးခဲ့ရပါတယ်။အဲ့ဒီမှာ ကျွန်တော်ကclientကိုဘာပြောလဲဆိုတော့ ဒီpenthouseမှာအပင်တွေ အပြင် water feature တော်တော်များများကိုထည့်ချင်တယ်။ ဘာကြောင့် water feature တော်တော်များများကိုထည့်ချင်တာလဲဆိုတော့ ဒီ landscape ရဲ့ သဘောတရားကသက်ရှိနဲ့သက်မဲ့ကို ပြန်ပြီးတွဲပေးတဲ့အခါ ပိုပြီးစိတ်ဝင်စားစရာကောင်းလာတယ်ပေါ့။ နောက်တစ်ခုကဒီ penthouse သည် ရန်ကုန်ရဲ့ မြင့်တဲ့ နေရာမှာလည်းတည်ရှိနေတဲ့အတွက် မြင်ကွင်းက 360ဒီဂရီ ပတ်ပတ်လည် မြင်ရတယ်။ ရွှေတိဂုံဘုရားကိုလည်းရှင်းရှင်းလင်းလင်းဖူးလို့ရတယ်။ ပြီးရင် ဟိုးဘက်က ကြည့်မြင့်တိုင် တစ်ဘက်ကမ်းကိုလည်း မြင်ရတယ်။ဒီ penthouse က သူ့ဆီမှာအားသာချက်က မြင်ကွင်းပတ်ပတ်လည် ရှိနေတယ်။ မြင်ကွင်းပတ်ပတ်လည် ရှိနေတဲ့အတွက် ကျွန်တော်ကစောစောက water landscape ကိုထည့်တဲ့ အခါ landscape design အနေနဲ့လည်းပီပီပြင်ပြင်ဖြစ်လာသလို မြင်ကွင်းကိုလည်းမကွယ်တော့ဘူး။ အဲ့အတွက်ကိုလည်း water landscape ကိုထည့်ဖို့အတွက် ကျွန်တော် client ကိုပြောခဲ့တယ်။

Myanmar Home & Decor 
MOPA

ပြောခဲ့တဲ့ အချိန်မှာ client ဘက်ကလည်းသဘောတူတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ ဒီဇိုင်းကိုအကောင်အထည် ဖော်တဲ့ အခါကျတော့ စိန်ခေါ်မှုအနေနဲ့ ဘာတွေရှိလာလည်းဆိုတော့ အပေါ်ထပ်မှာများသောအားဖြင့် ရေကိုတင်မယ်ဆိုတဲ့ အခါ တချို့လူတွေကရေရဲ့အလေးဒဏ်ကိုအရမ်းကြောက်ကြတယ်။ ရေကတအားများတယ်၊ အောက်ထပ်တွေကိုရေယိုတဲ့ ပြသနာတွေ ဖြစ်မှာကိုစိုးရိမ်ကြတယ်။ကျွန်တော်တို့ ဒီဇိုင်းလုပ်နေတဲ့ အချိန်မှာမလိုလားအပ်ပဲဒီတိုက်မှာနေတဲ့သူတွေနဲ့ ကျွန်တော်ရဲ့ client နဲ့ ဖြေရှင်းရတဲ့ ပြသာနာလေးတွေပါလာခဲ့တယ်။ ကျွန်တော်တို့က water landscscapeကိုတင်တဲ့ အခါကျတော့ client ဘက်ကလည်းသေချာအောင်လုပ်ပေးပါတယ်။ water proofing တွေကအစသေချာ ပြန်လုပ်တယ်။ Client ဘက်ကလည်း Structure Engineer တွေနဲ့ ပြန်ညှိပါတယ်။ water levelကိုမြင့်ချင်တဲ့အခါ ရေရဲ့ ထုထည် ၊ အလေးချိန်ကို structure သမားတွေနဲ့ သူတို့ သေချာပြန်တွက်တယ်။ ပြန်တွက်ပြီးတဲ့ အခါကျတော့ ကျွန်တော်တို့ ဒီဇိုင်းမှာလည်း construction method မှာ water level မြင့်သွားအောင် raised floor လိုပုံစံမျိုးတွေနဲ့လည်းပြန်ပြီးတော့ ဖန်တီးလိုက်တယ်။ ရေကတော့ မြင့်တက်လာတယ် ၊ ဒါပေမယ့် တကယ်တမ်းရေထုထည်ကတော့ ပါးပါးလေးပဲရှိတော့တာပေါ့ ။ဒီလိုရေထည့်လိုက်တဲ့ အတွက် အဆောက်အဦးမှာလည်းအအေးဓာတ်ရသွားတယ်။ ပြီးတော့ ရေထဲမှာငါးတွေလည်းထည့်လို့ရတဲ့ အခါကျတော့ သက်ရှိနဲ့ သက်မဲ့ ဆက်စပ်မှုတစ်ခု ပြန်ပါလာတယ်။ ပတ်ပတ်လည်မှာရှိနေတဲ့ မြင်ကွင်းတွေကလည်းအင်အားတစ်ခုလို ဖြစ်လာတယ်။ ရေကိုထည့်ရတဲ့ နောက်တစ်ချက်ကဒီအဆောက်အဦးသည် ရန်ကုန်မြို့ရဲ့ မြင့်တဲ့ အပိုင်းမှာ ပါဝင်နေတဲ့အတွက် ဒီအဆောက်အဦးရဲ့ အပေါ်မှာနေရတာကောင်းကင်မှာရှိနေတဲ့ တိမ်တွေ နဲ့နီးစပ်နေသလိုတွေ့ရတယ်။ ရေရယ်၊ ကောင်းကင်ရယ် ၊ အပင်ရယ် ဆိုတာကဒီ penthouse မှာဒီဇိုင်းအစိတ်အပိုင်းတစ်ခုအနေနဲ့ပါလာတာကိုတွေ့ရတယ်။

Myanmar Home & Decor 
MOPA

ဒီဇိုင်းဖန်တီးတဲ့အခါမှာဘယ်လိုအချက်တွေကိုပါ ထည့်သွင်းစဉ်းစားခဲ့ပါသလဲ။

ဖန်တီးတဲ့အခါကျတော့ အတတ်နိုင်ဆုံးမော်ဒန်ဖြစ်တဲ့ဒီဇိုင်းကိုသွားတယ်၊ ရိုးရိုးရှင်းရှင်းပုံစံမျိုးကိုသွားတယ်။ အဲ့လိုသွားတဲ့အချိန်မှာ ကျွန်တော်တို့ ဘာထားပေးသေးလဲဆိုတော့ life style တစ်ခုပေါ့နော်။ Life style တစ်ခုကိုဖန်တီးထားတယ်။ penthouse မှာနေတဲ့ ပုံစံမျိုးမဟုတ်တော့ဘူး။ မြေပြင်ပေါ်က ခြံကျယ်ကြီးတစ်ခုလုံးကိုအပေါ်ဆုံးကိုတင်လိုက်တဲ့ ပုံစံမျိုးဖန်တီးပေးလိုက်တဲ့ အတွက် စောစောကပြောတဲ့ opened space တွေ ထားပေးလိုက်တယ်။ Opened space မှာဘာတွေ ပါလာလည်းဆိုတော့ Outdoor living area, outdoor barbecue area တွေ ပါလာတယ်။ ပြီးတော့ living နဲ့ dinning space သည် တစ်ခုနဲ့ တစ်ခုဆက်စပ်မှုတွေ ပြန်ပြီးဖန်တီးထားတယ်။ နောက်တစ်ခု ကျွန်တော်တို့ ပြန်သွားတဲ့ approach အနေအထားက မြန်မာနိုင်ငံမှာတော့ သိပ်ပြီးတော့ ခေတ်စားမှု မရှိသေးတဲ့ Architectural Interior Design ကိုသွားတယ်။ သဘောတရားကဘာလဲဆိုတော့ interior space တစ်ခုကို architecture တစ်ခုလိုသွားတာဖြစ်ပါတယ်။ နံရံလေးဖက်လေးတန် တစ်ခုထဲမှာအဆောက်အဦးတစ်ခုကိုကောက်ထည့်လိုက်သလိုပေါ့။ အဲ့ဒီမှာရှိတဲ့ built-in furniture တွေ၊ နံရံတွေ၊ လှေကားတွေ၊ မျက်နှာကျက်တွေ အကုန်လုံးသည့် တစ်ခုနဲ့ တစ်ခုကpavilionလိုခေါ်လို့ရတယ် အဆောက်အဦးတစ်ခုလိုပုံစံမျိုးတွေ အထဲထဲမှာချိတ်ဆက်ပြီးတော့သွားတယ်။ Space ကိုဖန်တီးတဲ့ အခါမှာအပိုင်း ၃ ပိုင်းခွဲပေးလိုက်တယ်။ ပထမဆုံးတစ်ပိုင်းက ဝင်ဝင်ချင်း foyer လိုပုံစံမျိုး။ Foyer ကနေ ဝင်ချလိုက်တဲ့ အခါ outdoor living roomကို မြင်ရတယ်။ Outdoor Living Room သည် court yard လိုပုံစံမျိုးဖြစ်နေတယ်။ အဲ့လို ဖြစ်နေပြီးတော့ ညာဘက်ခြမ်းမှာဆိုရင် အိပ်ခန်းရှိမယ်၊ ထမင်းစားခန်း၊ မီးဖိုဆောင် ရှိမယ်။ ဘယ်ဘက်ခြမ်းမှာမာစတာအိပ်ခန်းနဲ့ ဘုရားခန်းရှိမယ်။ စောစောက outdoor living သည် court yard လို ဖြစ်နေတဲ့ အတွက် သူရဲ့ space သည် ခြံထဲမှာဆိုရင် လမ်းလျှောက်လို့ရတဲ့ နေရာမျိုး ၊ ကစားလို့ရမယ့်နေရာမျိုးcorridor space ကြီးအကြီးကြီးကိုဖန်တီးပေးလိုက်တယ်။

Myanmar Home & Decor 
MOPA

ဒီcorridor space ကြီးသည် ဘာဖြစ်သွားလဲဆိုတော့ စောစောကပြောတဲ့ Space ၂ ခုကိုဟိုဘက်နဲ့ ဒီဘက် ကူးလို့ရတဲ့ ပေါင်းကူးတစ်ခုလို ပြန်ဖြစ်သွားတယ်။ အဲဒါသည် ကျွန်တော်တို့ ဖန်တီးထားတဲ့ ဒီဇိုင်းအစိတ်အပိုင်းတစ်ခုပါပဲ။ နောက်တစ်ခုကလှေကားတွေ၊ planter box တွေ ရှိမယ်၊ နောက်တစ်ခုကစောစောကပြောတဲ့ water feature နဲ့ ချိတ်ဆက်ထားတဲ့ boundary area တွေရှိမယ်။ အဲ့လိုareaတွေကလည်း ကျွန်တော်တို့ ဘာအတွက်ဖန်တီးထားလဲဆိုရင်အိမ်တစ်ခုလုံးမှာ client အနေနဲ့ ကြိုက်တဲ့နေရာမှာထိုင်လို့ရတယ်။ ကြိုက်တဲ့နေရာမှာသူအေးအေးဆေးဆေးစကားပြောလို့ရတယ်၊ gatheringလုပ်လို့ရအောင် ဖန်တီးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ client က တခါတလေသူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေ တွေ ခေါ်လာတတ်တယ်။Gathering လုပ်လေ့ရှိတယ်။ တခါတလေကျရင် ကလေးတွေနဲ့ ပါတီပွဲတွေ လုပ်တတ်တဲ့ အခါကျတော့ အဲ့ဒီမှာဧည့်သည်အုပ်စုလိုက်လာရင် ကိုယ်နှစ်သက်သလို ကြိုက်တဲ့နေရာမှာဆိုဖာမရှိပဲထိုင်လို့ရတဲ့ ပုံစံမျိုး ကျွန်တော်တို့ကဖန်တီးထားပေးလိုက်တယ်။ဒီတော့ အိမ်တစ်ခုလုံးသည် ကျွန်တော်တို့မြင်နေကျထိုင်ခုံတွေ ဆိုဖာတွေ မချပဲနဲ့ ထောင့်စုံမှာထိုင်လို့ရတဲ့ ပုံစံမျိုးပါနေတယ်။ ဒါသည် ဒီအိမ်ရဲ့ ထူးခြားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

Myanmar Home & Decor 
MOPA

Client နဲ့ Designer စိတ်ကျေနပ်မှုအပိုင်းကရောဒီဇိုင်းပြီးသွားတဲ့အခါမှာဘယ်လိုနေပါသလဲ။

Client နဲ့ Designer ရဲ့ စိတ်ကျေနပ်မှု အပိုင်းကတော့ Client ရဲ့ စိတ်ကျေနပ်မှုက ကျွန်တော်တို့ ဖန်တီးထားတဲ့ အပေါ်မှာသူဘယ်လောက်အသုံးပြုလဲဆိုတာနဲ့တိုင်းတာရမယ်ပေါ့။ ဥပမာပြောပြရရင် Client မှာသမီးငယ်လေးသုံးယောက်ပါတယ်။ Court yard ရဲ့ ညာဘက်ခြမ်းမှာကလေးတွေ အခန်းရှိတယ်၊ ကျွန်တော်ကတကယ်တော့ ကလေးတွေနဲ့ မနီးစပ်ပါဘူး။ကလေးအခန်းတွေ ဒီဇိုင်းဆွဲရတဲ့ အခါမှာ ကျွန်တေ်ာ့အတွက် ခက်ခဲပါတယ်။ ကလေးတွေ အတွက် ဘာတွေ လိုအပ်နိုင်သလဲဆိုတာကိုစိတ်ကူးရတာ ကျွန်တော့်အတွက် ကန့်သတ်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့် client နဲ့ စကားပြောတဲ့ အခါ client က ကျွန်တော့်ကိုလွတ်လွတ်လပ်လပ်တွေးခေါ်ခွင့်ပေးပါတယ်။ ကလေးအခန်းကိုဒီဇိုင်းဆွဲတဲ့အခါ ကလေးတစ်ယောက်ချင်းစီအတွက် အိပ်ရာ၊ ကိုယ်ပိုင်စာကြည့်တဲ့နေရာစသဖြင့် ကျွန်တော်တွဲပေးတယ်။ ဒီနေရာမှာရှေ့က ကျွန်တော်ပြောခဲ့သလိုပဲ Architectural Interior Space ကို ပြန်စဉ်းစားလိုက်တဲ့ အနေအထားမျိုးမှာကလေးအခန်းထဲကို ဝင်သွားလိုက်တာနဲ့ ကလေး ၃ယောက်ရဲ့ နေရာသည် သူတို့ ကိုယ်ပိုင် အိပ်ခန်းတိုက်ခန်းလေးတွေလိုနေရာမျိုး ကျွန်တော်ကဖွဲ့စည်းပေးထားလိုက်တယ်။

Myanmar Home & Decor 
MOPA
Myanmar Home & Decor 
MOPA

ကလေးအငယ်ဆုံးသည် အောက်ဆုံးထပ်မှာရှိမယ်၊ အလတ်လေးသည် အလယ်ထပ်မှာရှိမယ်၊ အကြီးဆုံးသည် အပေါ်ဆုံးထပ်မှာရှိတဲ့ ပုံစံမျိုး ကျွန်တော် ဖန်တီးထားပေးလိုက်တယ်။ ရေချိုးခန်း၊ အိမ်သာဆိုရင် ပုံမှန်ကရိုးရိုးရှင်းရှင်းပဲလုပ်ကြတယ်။ဒီနေရာမှာ ကျွန်တော် က Shower Area ကိုရေကန်လိုပုံစံဖန်တီးပေးဖြစ်တယ်။ ပုံမှန်အားဖြင့် Bathtub ပေါ့။ ကျွန်တော်တို့ client ကလည်း bathtub ထည့်ချင်တယ်။ ဒါပေမယ့် Bathtub သည် ကလေး ၃ ယောက် တစ်ပြိုင်တည်း ရေဝင်ချိုးဖို့က အဲ့လောက် ဆိုဒ်ကီးကြီးမရှိဘူး။ ဒီတော့ ကျွန်တော်ကဒီ Shower Area တစ်ခုလုံးကို Bathtub လိုပုံစံမျိုးဖန်တီးပေးလိုက်တယ်။ ဒီလိုဖန်တီးလိုက်တဲ့ အတွက် ရေဖြည့်ပေးလိုက်တဲ့ အခါ shower area က ရေပြည့်သွားမယ်၊ ကလေးတွေ အနေနဲ့ ရေကစားလို့ရတဲ့ နေရာဖြစ်သွားတယ်။နောက်ဆုံး client တွေ စနေတဲ့ အချိန်မှာ ကျွန်တော်ရောက်သွားတော့Client က ပြောပြတာကသူ့ရဲ့ကလေးတွေကရေချိုးရတာအရမ်းသဘောကျတယ်။ ကလေးတွေ ရေချိုးတဲ့ အခါ တော်ရုံတန်ရုံနဲ့တောင် ထွက်မလာဘူးလို့တောင် ပြောပြပါတယ်။ နောက်တစ်ခုကအလယ်မှာcournt yard လိုဖန်တီးပေးထားတဲ့ အတွက် လွတ်လွတ်လပ်လပ် သုံးလို့ရတဲ့ နေရာလေးဖြစ်သွားတယ်။ ကျွန်တော် ရောက်နေတဲ့ အချိန်မှာကလေးတွေ စက်ဘီးစီးပြီးဆော့နေတာတွေ့ရပါတယ်။ ကျွန်တော် ဖန်တီးမှုတွေသည် သူတို့ အတွက် ကောင်းစွာ အသုံးဝင်နေတာကို တွေ့ရတဲ့ အတွက် Designer တစ်ယောက်ရဲ့စိတ်ကျေနပ်မှု ရလားဆိုတာထက်ပိုပြီးပီတိဖြစ်မိပါတယ်လို့ပြောချင်ပါတယ်။

Photo – Thiri May

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Home page 8881 viewed
  • Welcome to Home & Decor 5279 viewed
  • ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home 3199 viewed
  • အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း 2790 viewed
  • လမ်းဦးတိုက်မှာ နေသူတွေ ချမ်းသာကြပါစေ 2703 viewed

ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဝင်နီ မှ
January 27, 2019 နေ့
စွဲမက်ဖွယ် အိမ်ပုံစံလေးများဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

59
ads

ပြည်တော်အေးရိပ်သာလမ်းထဲကိုရောက်ခဲ့တဲ့အချိန်မှာ သစ်သားတိုင်လုံးကြီးတွေနဲ့ ခမ်းနားလှပတဲ့ အိမ်လေးကို သတိထားမိခဲ့ပါတယ်။ ဒီအိမ်လေးက ထူးခြားလှပခမ်းနားပြီး ဆွဲဆောင်မှုရှိနေတာကြောင့် အိမ်လေးကို တာဝန်ယူဖန်တီးပေးခဲ့တဲ့ SPiNE Architects သို့သွားရောက်တွေ့ဆုံဖြစ်ခဲ့ပါတယ်။ ဒီအိမ်လေးနဲ့ ပတ်သက်ပြီး ကိုစတီဗင်ဇော်မိုးရွှေ (SPiNE Architects) ထံမှ စာရေးသူတို့ သိခွင့်ရခဲ့တာတွေကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဒီအိမ်လေးက Single Family Home ပါ။ Single Family ဆိုတာက မိသားစုတစ်စုတည်းနေတဲ့အိမ်ကို ခေါ်တာပါ။ ပြည်တော်အေးရိပ်သာလမ်းထဲမှာရှိတဲ့ Single Family Home လေးတစ်လုံးပါ။ ပထမဆုံး မြေကွက်အနေအထားက တခြားမြေကွက် အနေအထားတွေနဲ့စာရင်နည်းနည်းထူးခြားပါတယ်။ ပုံမှန်ကတော့ လေးထောင့်စပ်စပ် ပေ ၁၀၀ ပတ် လည်၊ ပေ ၈၀ ပတ်လည်၊ ပေ ၄၀ x ၆၀ စတဲ့အကွက်တွေ လုပ်ကြတဲ့အထဲမှာ ဒီအကွက် ကတော့မျက်နှာစာက ပေ ၆၀ ကျော်ကျော်လေးရှိတယ်။ အရှည်ကတော့ ပေ ၂၀၀ နီးပါး ရှိပါတယ်။ ပေ ၆၀ x ပေ ၂၀၀ ဆိုတော့ မြေကွက်ရဲ့အနေအထားက ပါးပါးရှည်ရှည်လေး ဖြစ်နေတယ်။ ဒီနေရာမှာ Challenge က ဘာလဲဆိုတော့ Site တစ်ခုရဲ့အနေအထားကို ကျွန် တော်တို့ Architect တွေက ကြည့်တဲ့အချိန်မှာ အဆောက်အဦးကို ဘယ်လိုသင့်တော်မလဲ၊ ဘယ်နေရာမှာထည့်မလဲဆိုတာ ဒီဇိုင်းလုပ်တဲ့လုပ်ငန်းစဉ်မှာ ပထမဆုံးစဉ်းစားရတဲ့အဆင့်ပါ။ ဒီ ပါးပါးရှည်ရှည်မြေကွက်လေးမှာ လိုအပ်တဲ့ Program တွေကို ဘယ်လိုထည့်မလဲဆိုရင် ဒီမြေကွက်အနေအထားနဲ့ ကျွန်တော်တို့စဉ်းစားပြီ။

ဘယ်လိုစဉ်းစားလဲဆိုတော့ဥပမာအားဖြင့် ပုံမှန်ကအရှေ့ခြမ်းမှာ ပန်းခြံထားလေ့ရှိတယ်။ ဒါပေမယ့်ဒီအိမ်မှာထူးခြားချက်က ပန်းခြံဆိုပေမယ့်အရံအတားသဘော Green Zone သေးသေးလေး ရှိပြီးတော့ဝင်လာတာနဲ့ကားပါကင်ရှိတယ်။ ပေါ်တီကိုနေရာလေးလုပ်ထားပြီး အဲ့ဒီပေါ်တီကိုအမိုးမှာ ရေကူးကန်ထည့်ထားတယ်။ ဘာဖြစ်လို့အဲဒီလိုစဉ်းစားလဲဆိုတော့ မြေပြင်မှာပဲ ရေကူးကန်ထည့်မယ်ဆိုရင် မြေကွက်က ပေ ၆၀ ပဲကျယ်တဲ့အတွက် နေရာက မလောက်တော့ဘူး။ ကျွန်တော်တို့က outdoor area ကို ပိုကျယ် အောင်လုပ်ချင်တဲ့အတွက် elevation မှာကစားလိုက်တာပါ။ သဘောတရားက ရေကူးကန်ကို ပေါ်တီကို ရဲ့အပေါ်ကို ဆွဲတင်လိုက်တယ်။ ပေါ်တီကိုရဲ့အပေါ်မှာက ရေကူးကန်နဲ့ swimming pool deck နဲ့ outdoor space area တွေ ထပ်ထွက်လာတယ်။ ဆိုတော့ကျွန်တော်တို့က ရှေ့ခြမ်းလေးကို outdoor နှစ်ဆဖြစ်အောင် လုပ်လိုက်တဲ့သဘောတရားပါ။ အောက်မှာလည်း ကားငါးစီး၊ ခြောက်စီးလောက် အေးအေးဆေးဆေးထားလို့ရတဲ့ ကားပါကင်တစ်ခုဖြစ်မယ်၊ အပေါ်မှာလည်း ရေကူးကန်လေးရှိမယ်၊ အရှေ့ နဲ့ ဘေးမှာလည်း Green Zone ရှိမယ်။

ဒီမှာတော့Linear ခေါ်တာပေါ့။ ဒီလို Linear ဖြစ်တဲ့ ဒီမြေကွက်တစ်ခုမှာပဲ ကျွန်တော်တို့က အိမ်ကိုလည်း Linear ဖြစ်အောင်ဆွဲချလိုက်တယ်။ သဘောတရားက ဒီပါးပါးရှည်ရှည်လေးမှာ အိမ်ကို အပြည့်သွားလုပ်လိုက်ရင် ဘာဖြစ်သွားမလဲဆိုတော့ နောက်က Back Yard နဲ့ ရှေ့က Front Yard က သိပ်ကွဲထွက်သွားမယ်။ ကျွန်တော်တို့က အဲ့ဒီလိုမလိုချင်ဘူး။ ကျွန်တော်တို့က ဒီအိမ်ကိုမြေကွက်ရဲ့ အနေအထားအရ ပန်းခြံကိုတောက်လျှောက်အပြည့်လုပ်ချင်တာ။ ပြီးတော့ ပေ ၂၀၀ လုံးကိုအသုံးချချင်တာ။ အဲဒီတော့ဘာလုပ်ရလည်းဆိုရင် အိမ်ကိုလည်း ဘယ်ဘက်ခြမ်းကိုပါးပါးလေးဆွဲထွက်လိုက်တယ်၊ ညာဘက် ခြမ်းကိုဖွင့်ပေးလိုက်တယ်။ ဆိုတော့ဘာပဲဖြစ်ဖြစ် ရှေ့ဘက် Front Yard နဲ့ ဘေးဘက် Side Yard ပန်းခြံ လေးနဲ့ Back Yard ကတစ်စုတစ်စည်းတည်းဖြစ်သွားတယ်။ ဒါတှကေဒီ Site Plan အတှကျ Architect တစ်ယောက်အနေနဲ့ ဘယ်လိုစဉ်းစားကြသလဲဆိုတာပါ။
နောက်တစ်ခုကတော့ Design Process မှာ ပထမဆုံးအရေးကြီးတာက Concept တစ်ခုက အခြေခံပါ။ Concept မရှိပဲလုပ်တဲ့Design မှာ Soul မရှိနိုင်ပါဘူး။ လူတစ်ယောက်မှာSoul ရှိသလို Design မှာလည်း Soul ရှိရပါမယ်။ အဆောက်အဦတစ်ခုမှာ ဘာကြောင့် ဒီလိုဖြစ်လာသလဲဆို တာက အရမ်းအရေးကြီးပါတယ်။ ဒီအဆောက်အဦဆိုရင် ဘေးကပန်းခြံထဲမှာ အပင်ကြီးတွေရှိတယ်။ အဆောက်အအုံကို အပေါ်ကိုဆွဲမြောက်လိုက်မယ်ဆိုရင် အောက်မှာ အပင်တွေက ပိုပြီးထင်ရှားစွာကျန်ခဲ့မယ်။ ဒီတိုင်တွေကလည်း ဘယ်လိုစဉ်းစားသလဲဆိုရင် သစ်တော (Jungle)တစ်ခုထဲရောက်သွားတဲ့ အချိန်မှာ သစ်ပင်ရဲ့ပင်စည်နဲ့အိမ်ကိုဆွဲတင်ထားသလို၊ သဘောကတော့ Tree House ပေါ့၊ သစ်ပင်ပေါ်မှာ အိမ်လေးကိုဆွဲတင်ထားသလိုမျိုး၊ ဒီအိမ်လေးကလည်း Tree House လို ပုံစံမျိုးပါပဲ။ ကျွန်တော်တို့ Architect တွေက ဒီလို Concept ယူတဲ့အခါမှာ တိုက်ရိုက်မဟုတ်ပဲ နဲနဲဖုံးကွယ်ထားတာမျိုး ရှိပါတယ်။ တိုက်ရိုက်ကြီးသွားတဲ့အခါကျတော့ professional မကျတော့ဘူး။Tresshouse မို့လို့ သစ်ပင်ပေါ်မှာအိမ်သွားဆောက်တာမျိုး မဟုတ်ဘူး။ ဒါပေမယ့် အတွေးအခေါ်ပိုင်းကျတော့ အဲ့ဒီကလာတာပါ။ အခု ကျွန်တော်က ဒီ Conceptကို ပြောပြလိုက်တဲ့အခါကျတော့ အော် ဟုတ်ပါလားပေါ့၊ ဒါ Tree House ပါလားပေါ့။ အဲ့လိုဖြစ်သွားတယ်။ အဲ့ဒါက တကယ်တော့ ကောင်းတယ်။ ရှင်းပြလိုက်တဲ့အခါကျတော့ Concept ကို တွေ့တယ်။ ချက်ချင်းကြီး ပေါ်တင်သွားချပြလိုက်တဲ့ အခါကျတော့ အရသာပေါ့သွားတာပေါ့။

ဒီတိုင်တွေကိုတော့ ကျွန်းပြားသေးသေးလေးတွေကိုကပ်ပြီး အလုံးဖြစ်အောင် ဖန်တီးထားတယ်။ ဒီထဲကမှ တချို့ က Structure တိုင်ပေါ့၊ တချို့ကျတော့လည်း architecture element အနေနဲ့ထပ်ပြီး ထည့်ရတာတွေရှိတယ်။ ဒါက သစ်တောထဲမှာ ပင်စည်တွေတစ်ခုနဲ့တစ်ခု ကပ်နေတဲ့ပုံမျိုး။ သစ်ပင်ဆိုတာက တည့်တည့်ပေါက်တာ၊ စောင်းစောင်းပေါက်တာရှိတယ်ပေါ့၊ ဒါတွေက ထည့်စဉ်းစားထားပါတယ်။ ခြံစည်းရိုးမှာ ကျောက်အစောင်းလေးတွေ ထည့်ထားတာကလည်း ဒီ့ Theme ကိုယူထားတာပါ။ အတွင်းနဲ့ အပြင်ကTheme က တူမှ အိမ်တစ်လုံးက ကြည့်ရတာ Harmony ဖြစ်တာပါ။ ကျွန်တော်တို့က ဒါကို main theme ပေါ့။ ဒီကနေမှ interior design လုပ်တဲ့အခါမှာလည်း သစ်သားပြားလေးတွေကို အ စောင်းအစောင်းလေးတွေနဲ့ pattern ဖော်ထားပါတယ်။
ဒီအဆောက်အဦမှာဆိုရင် အထပ်တွေက တစ်လွှာတစ်လွှာချင်းစီသွားထားတာမဟုတ်ပါဘူး။Split level ခေါ်တာပေါ့။ အထပ်တစ်ဝက်နဲ့ခွဲထားတာတွေရှိပါတယ်။ ပြောရမယ်ဆိုရင် ပေါ်တီကိုအပေါ်မှာ outdoor swimming pool ရှိတယ်။ ဒါပေမယ့်ကားရပ်ပြီးတက်လာရင် လှေကားအကွေ့တစ်ဝက်မှာLiving Room ရှိတယ်။ ဒီ living room က formal living room ပါ။ ပုံမှန်ဧည့်သည်တွေကို လာတွေ့ရတဲ့ဧည့်ခန်းပါ။ Program အရဆိုရင်လည်း အရင်ဆုံးတွေ့ရမှာက living room ဖြစ်ပါတယ်။ ဒီဧည့်ခန်းမှာရှိတဲ့လှေကားကနေဆက်တက်သွားမယ်ဆိုရင် အနောက်ဘက် dinning room ဖြစ်သွားပြီ။

လူတစ်ယောက်ကို အိမ်ထဲဝင်လာတဲ့အခါ ပထမဆုံးဘာတွေ့စေချင်လဲ၊ နောက်ထပ်သွားရင် ဘာထပ်တွေ့စေချင်လဲဆိုတာက control ပေါ့။ ဒါကရုပ်ရှင်ဒါရိုက်တာတွေလိုပဲ ကျွန်တော်တို့ architect တွေအနေနဲ့ကလည်း ကျွန်တော်တို့ဖန်တီးလိုက်တဲ့ အဆောက်အဦကို လူတွေဘယ်လိုသုံးစေချင်လဲဆိုတာ ဃသညအမသူ လုပ်ထားတာပါ။ ဒီမှာဆိုရင် လူတစ်ယောက်က ကားရပ်တယ် တက်လာတယ် လှေကား တစ် ဝက်ချိုးအလွှာမှာ formal living room ရောက်မယ်၊ နောက်ဆက်တက်သွားရင် မိသားစု ထမင်းစား ခန်းလေးနဲ့ Dry Kitchen လေးပေါ့။ ဒါက နည်းနည်းလေးပိုပြီး private ဘက်ရောက်သွားပါတယ်။

နောက်တစ်ခုထူးခြားတာက ဒီမှာကားပါကင်ကတက်လာတဲ့ အပြင်လှေကားကွေ့ချိုးကနေ ခေါက်ပြီး ဆက်တက်သွားမယ်ဆို အပေါ်က outdoor swimming pool area ကို တန်းရောက်သွားမယ်။ အဓိက ရည်ရွယ်ချက်ကတော့ ပါတီတွေဘာတွေလုပ်တဲ့အခါမျိုးမှာ ဧည့်သည်တွေက အိမ်ထဲဝင်စရာမလိုပဲ အပြင် လှေကားကနေတန်းတက်ပြီး ပါတီလုပ်လို့ရတယ်၊ ရေကူးလို့ရမယ်ပေါ့။ လျှောက်တဲ့ လမ်းကြောင်းတွေက လည်း အမျိုးမျိုးကွေ့ပြီး ပြထားပါတယ်။ ဒီ swimming pool area ကနေ ထပ်ပြီး လှေကားတစ်ဝက် ခေါက်ချိုးတက်သွားမယ်ဆိုရင် semi public ဖြစ်တဲ့ ဧည့်ခန်းနေရာကိုရောက်မယ်။ မိသားစု၊ ဆွေမျိုးတွေ လို ခင်မင်ရင်နှီးတဲ့ဧည့်သည်တွေအတွက် ရည်ရွယ်ပါတယ်။ အောက်မှာတုန်းကတော့ public area တွက် ဖန်တီးထားပါတယ်။ တစ်ဆင့်ထပ်တက်မယ်ဆိုရင်တော့ master bed room ၂ ခန်းရှိမယ်။ နောက်ထပ်တက်သွားရင် အိပ်ခန်း ၄ ခန်း၊ ဆိုတော့ စုစုပေါင်း အိပ်ခန်း ၆ ခန်းပါဝင်ပါတယ်။ ဒီလမ်းကြောင်းကနေတက်လာတာ နောက်ဆုံး အပေါ်ဆုံးအဆင့်မှာတော့ ဘုရားခန်းရှိပါတယ်။

ခုနပြောခဲ့တဲ့ progression ပေါ့။ လူတစ်ယောက်ရဲ့ လမ်းကြောင်းကို ပြန်ပြတာပေါ့။ အရေးကြီးဆုံး private ဖြစ်ဆုံးနေရာက လမ်းကြောင်းရဲ့နောက်ဆုံးမှာရှိတယ်။ public ဖြစ်တဲ့နေရာတွေကတော့အရှေ့ဆုံးမှာ ရှိတယ်ဆိုတာလေးပါ။ ဒီ project လေးမှာ အနှစ်သက်ဆုံးနေရာကိုပြောရမယ်ဆိုရင်တော့ တော်တော်များပါတယ်။ ဘာ ကြောင့်လဲဆိုတော့ကျွန်တေ်ာတို့အနေနဲ့ အိမ်တစ်လုံးဖန်တီးတယ်ဆိုတာ ခုနကပြောသလိုပါပဲ။ ဒါရိုက်တာ တစ်ယောက်က သူရဲ့ဇာတ်ကွက်တွေကိုဖန်တီးပြသလို ကျွန်တော်တို့ကလည်း လူတစ်ယောက် အိမ်ထဲဝင်လာတဲ့အခါ ဘာတွေတွေ့မလဲ၊ ဘယ်လိုခံစားမှုတွေရမလဲဆိုတာက ကွက်တိချိန်ပေးထားပါတယ်။ နောက်ပြီးတော့ နေရာတစ်ခုမှာ လူတစ်ယောက်ထိုင်နေတဲ့အခါ အဲ့ဒီထိုင်နေတဲ့လူကို ဘာမြင်စေချင်တာလေးတွေ ရှိတယ်။ အခန်းကိုအမှောင်လေးထားမှာလား ဒါမှမဟုတ် မြင်ကွင်းတစ်ခုခုပေးမှာလား စသဖြင့်ပေါ့၊ ဒါတွေက ကျွန်တော်တို့ ဒီအိမ်မှာဆိုရင် စုံလင်စွာတွေ့ရပါတယ်။ပုံမှန်အိမ်နဲ့ ကွဲထွက်သွားတာက ပုံမှန်အိမ်မှာက မြေညီမှာဆိုရင် ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်း နောက် အိပ်ခန်းတစ်ခန်း ပါရင်ပါမယ်ပေါ့။ ဒီအိမ်က ထူးခြားတာက ပါးပါးရှည်ရှည်လေးဖြစ်နေတာက တစ်ခု၊ မြေကြီးက ကျဉ်းတာတစ်ခု၊ ဒါတွေကြောင့် ကျွန်တော်တို့က အိမ်ကို အပေါ်ဆွဲမြောက်ထားပြီး နေရာတွေ အများကြီးထွက်လာအောင် ဖန်တီးထားပါတယ်။ တစ်နေရာနဲ့တစ်နေရာ၊ တစ်လွှာနဲ့တစ်လွှာကို ချိတ်ဆက် ထားပေးထားပါတယ်။ အောက်ကအခန်းနဲ့ အပေါ်ကအခန်းတွေက အချိတ်အဆက်ရှိနေမယ်။ လှမ်းမြင်နေရမယ်။ နောက်တစ်ခု ပထမဆုံးဝင်လာတဲ့နေရာကကြည့်လိုက်ရင် လှေကားထစ်တွေနဲ့ ပင်မဝင်ပေါက်ရှိ တယ်။ အဲ့နေရာမရောက်ခင်မှာ ရေကန်လေးတစ်ခုနဲ့တံတားလေးတစ်ခုထားပေးထားတယ်။ ဒါကဘာလဲဆိုရင် တံတားဆိုတာက ဒီဘက်နဲ့ ဟိုဘက်၊ ဇုံတစ်ခုနဲ့တစ်ခုကို ချိတ်ထားတဲ့ပုံစံပါ။ ဒီတံတားကို ကျော်တာ နဲ့ နောက်တစ်နေရာရောက်ပြီဆိုတဲ့သဘောပါ။ ကားရပ်တယ်၊ ဒီတံတားကို ကျော်တယ်၊ outdoor foyer လေးကိုရောက်မယ်။ အဲ့ဒီမှာ ဖိနပ်ချွတ်နေရာလေးကိုလည်း ကျကျနနထည့်ပေးထားတယ်။ လှေကားထစ်တွေကနေ ၄ပေ အမြင့်မှာရှိနေတဲ့ ဧည့်ခန်းကို သွားလို့ရတယ်။ နောက် အဲ့ဒီလှေကားကနေပဲ ဘယ်ဘက် အပေါ်ကိုခေါက်ချိုးပြီးတက်လိုက်ရင် ရေကူးကန်ကိုရောက်သွားမယ်။ အဲ့ဒီနေရာလေးကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ လူတစ်ယောက်ကို ရွေးချယ်ခွင့်ပေးထားတာပေါ့။ ပုံမှန်ဆို ဒီလမ်းကဝင် ဒီနေရာ ရောက်မယ်ပေါ့။ ဒါက ပုံသေထားရမယ်လို့ ဘယ်သူမှ မသတ်မှတ်ထားပါဘူး။

ဒီတော့ ဒီဖိနပ်ချွတ်လေးကနေ လှေကားလေး ခေါက်တက်ပြီး အပေါ်ကိုတက်ဖို့ နောက်ထပ် အခြေနေတစ်ခုကို ဖန်တီးပေးထားပါတယ်။ လှေကားဒီဇိုင်းကလည်း ဒီလို အခြေအနေတွေကိုဖန်တီးပေးချင်လို့ ဒီလိုပုံစံ မျိုးဖြစ်လာပါတယ်။ လှေကားကိုလုပ်ချင်လို့ ဒီအခြေအနေတွေဖြစ်လာတာ မဟုတ်ပါဘူး။ အဓိက function ပါ။ အဆောက်အဦကို သုံးစွဲတဲ့အနေအထားမှာ ဒီလိုအခြေအနေမျိုး လိုချင်တဲ့အတွက် ဒီပုံစံထွက်လာတာပါ။ မြင်နေကျမဟုတ်တာလေးတွေ ထွက်လာပါတယ်။ လှတာမလှတာကတော့ material ဘယ်လို သုံးမလဲ၊ အချိုးဘယ်လိုချမလဲဆိုတာနဲ့ ပြန်ထိန်းလို့ရပါတယ်။ အဓိကကတော့ function ကို ဦးစားပေးပြီးဖြစ်လာတဲ့ နေရာလေးပါ။
နောက်တစ်ခုကဧည့်ခန်းပါ။ လေးဘက် လေးတန် နံရံတွေမှာ ဘယ်လို စိတ်ဝင်စား

    အောင်လုပ်မလဲ ဆိုတဲ့အခါကျတော့ ဓာတ်လှေကားဒီဇိုင်းရှိမယ်။ ထမင်းစားခန်းကိုသွားတဲ့ လှေကားလေးရှိ မယ်။ ညာဘက်မှာ ပန်းခြံလေးမြင်နေရမယ်၊ အရှေ့ကိုကြည့်တဲ့အခါမှာ ရေကူးကန်ရဲ့  decking ကို တစ်စွန်းတစ်စလေး လှမ်းမြင်ရပါတယ်။ Dinning room လည်း ဒီလိုပါပဲ။ ပန်းခြံရဲ့အလှအပကို မြင်ရမယ်၊ လှေကားတစ်ခုလည်း ပန်းခြံနဲ့ dinning room ကို ဆက်ပေးထားပါသေးတယ်။ ထမင်းစားနေရင်း ပန်းခြံ ထဲကို ဆင်းလျှောက်လို့ရမယ်။ 
ဒီအိမ်မှာဆွဲတဲ့ plan တွေက အရမ်း open type ဖြစ်ပါတယ်။ လူတစ်ယောက်ကို ဒီနေရာမှာပဲ နေရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ရွေးချယ်စရာတွေ အများကြီးပေးထားပါတယ်။ ရေကူးကန်ဆိုရင်လည်း တော်တော်လှတဲ့နေရာလေးတစ်ခုပါ။ လမ်းမနဲ့ကပ်နေပေမယ့်လမ်းသွားလမ်းလာတွေမမြင်ရပါဘူး။ Privacy ရှိပါတယ်။ ရေကူးကန်ရဲ့အလှအပကို မိသားစုအခန်းလေးကနေ လှမ်းမြင်ရတယ်။ Gym ကနေ မြင်ရမယ်။ ဘယ်အခန်းကနေကြည့်ကြည့် ရေကူးကန်ကိုမြင်ရမယ်ဆိုတဲ့ စိတ်ကူးလေးပါပါတယ်။ ဒါတွေကတော့အကြိုက်ဆုံးနေရာတွေ ပါပဲ လို့ပြောချင်ပါတယ်။ 
ယခုဖတ်ရှုခဲ့ရတာကတော့ သစ်လုံးအိမ်လေးသဖွယ် လှပပြီးခမ်းနားတဲ့ အိမ်လေးအကြောင်းပါပဲ။ သဘောကျ နှစ် ခြိုက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အိမ်လေးအကြောင်းကို အချိန်ပေးဖြေကြားပေးခဲ့တဲ့ ကိုစတီဗင်ဇော်မိုးရွှေ (ှSPiNE Architects) ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။  

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Home page 8881 viewed
  • Welcome to Home & Decor 5279 viewed
  • ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home 3199 viewed
  • အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း 2790 viewed
  • လမ်းဦးတိုက်မှာ နေသူတွေ ချမ်းသာကြပါစေ 2703 viewed

ads

ရသစုံပေးစွမ်းနိုင်သည့် Classic City Tea Saloon

————————————————————

 

Summary: အဆောက်အဦပိုင်းအနေနဲ့  မန္တလေးမြို့ ၃၅လမ်း ၆၁လမ်းထောင့်မှာ ဖွင့်လှစ် Classic City Tea Saloon ကို နိုဗာတက်မှ ဒီဇိုင်းရေးဆွဲပေးထားပါတယ်။ လူ ၂၀ဝကျော်တပြိုင်တည်းစားသောက်နိုင်ပီး၊ ဆိုင်ထိုင်ရတာ တခါနဲ့တခါ တစ်နေရာနဲ့တနေရာ ရသမတူသော အတွေ့အကြုံ..၊ တချိန်က မန္တလေးကရပ်ကွက်လေးတစ်ခု.. အရင်မန္တလေး ဈေးချိုဝန်းကျင်က အဆောက်အဦတွေကို ရောက်သွားမည့် ပုံစံ… အဆောက်အဦ ရလုံးကို space within the space concept နဲ့ နေရာချထားပီး ၊ လိုက်ဖက်အောင် interior outdoor ဆက်စပ်ရေးဆွဲပေးထားပါတယ်။ ပထမ ဝင်ဝင်လာချင်း Spanish colonial style မျက်နှာစာနဲ့  အပေါ်အောက် terrace cafeteria area လေးတွေပေးထားပါတယ်။ အထဲကိုရောက်ရင် အဲကွန်းပေးထားတဲ့အခန်းကို အရင် ကိုလိုနီခေတ်လက်ရာ ဈေးချိုတော်ရဲ့ ဗိသုကာဟန်ကိုယူထားပါတယ်။ ဘေးမှာတော့ booth area, cashierအဆာင် တွေကို သီးသန့်လျှောက်လမ်း မြို့ဟောင်း အရသာ လမ်းကြားလေးတွေ နဲ့ချိတ်ဆက်ထားပါတယ်။ အရှေ့ဘက်မှာ သစ်ပင်တွေရှိတော့ သစ်ပင်ရိပ်မှာနားနေတတ်တဲ့ ရှေးက မန္တလေးကလမ်းဘေးလက်ဘက်ရည်ဆိုင်လေးတွေလို semi outdoor ပုံစံ ထိုင်ပီး စားသောက်နိုင်အောင်ပေးထားပါတယ်။ ဆိုက်မှာရှိပီးသား သစ်ပင်တွေကို ဒီဇိုင်းထဲမှာစဉ်းစားထားပီး အညာမြေ သစ်ပင်ရိပ်မှာ လက်ဖက်ရည်သောက်ရတဲ့ အရသာကို ပေးထားပါတယ်။ Kitchen အဆောင် က ၂ထပ်ဖြစ်ပီး သူ့ကိုလည်းဧည့်သည်တွေဘက်ကနေကြည့်ရင် colonial art deco အငွေ့အသက် အဆောက်အဦမျက်နှာစာတစ်ခုလို မြင်ရစေမှာပါ။ အပေါ်ထပ်ကလည်း သီးသန့် အဲကွန်းခန်းတစ်ခုထပ်ပေးထားပါတယ်။ ရှေ့မျက်နှာစာကလွဲလို့ နောက်က အဆောင် တွေအားလုံးကို သဘာဝအလင်းပေးနိုင်တဲ့ အမိုးနဲ့ ခပ်မြင့်မြင့်မိုးပေးထားပီး ဆိုင်ကို မျက်နှာစာ ၃ခုကဝင်လာနိုင်အောင် လည်းစဉ်းစားထားပါတယ်။

environment ကအဖြူနဲ့အနက်ကိုပဲ ရွေးခဲ့တယ်။ Branding လုပ်တော့တွေ့ရတဲ့အခါ ဆိုင်က များလာတဲ့ စားသောက်သူရောင်စုံ လူတွေကြားထဲမှာ အလှမပျောက်သွားအောင်ဆိုပြီး ဆိုင်နဲ့လိုက်ဖက်အောင်ပါ။ဝန်ထမ်းတွေကို ကာကီရောင် နဲ့ အနက်ကို ဝတ်ဆင်စေခဲ့ပါတယ်။

အဲဒီအတွက်Novatek Design ကျောင်းက crafter / လက်မှု တော်တဲ့ ကျောင်းသားဟောင်းတွေကို အိုင်ဒီယာညှိပီး အပ်ရ လုပ်ရတာပေါ့၊ တချို့တွေလည်းရုံးမှကိုယ်တိုင်လုပ်တယ်။ဝါးကြိမ်ပန်းပုကြေးမီးဖိုချောင်သုံးပစ္စည်းဆိုင်တွေလိုက်ရှာပေးရပါတယ်။ မင်းသားတွေရှင်ပြုပွဲတွေက ရွှေချည်ထိုးပုဆိုးတွေကို ဘောင်ခေတ်ပြဖို့ ၁လ ကြိုမှာခဲ့ရတယ်။ အဝတ်နဲ့လုပ်ထားတဲ့အရုပ်ဆို အဆင်ကအစ စစ်ပီးခောတ်ပုံစံလေးဖြစ်အောင်  သုံးနေကျမဟုတ်တဲ့ ရွှေချည်းထိုးပန်း ကို အဝတ်နဲ့ stitchလုပ်ပီး ထားတာကိုမှာယူခဲ့တယ်။ ဝါးနဲ့လုပ်လုပ် မြေနဲ့လုပ်လုပ် လက်မှုပစ္စည်းလေးတွေကိုမြင်ရင် ဈေးအနည်းအများထက် နိုင်ငံခြားသားကဆိုင်ကိုလာထိုင်ရင်တောင် မြန်မာပြည်အငွေ့အသက်လေးကို တမျိုးလေးပြချင်တာနဲ့သုံးနေကျအရောင်ကိုပြောင်းပစ်တာ၊ presentation ကို ပြောင်းတာမျိုးကြိုးစားထားပါတယ်။

 

ကိုယ်ကနောက်ဆုံးလုပ်နေတဲ့အချိန်မှာ ဆိုင်လေးမလှမှာ လူတွေမကြိုက်မှာကိုတော်တော်လေးစိုးရိမ်မ်ိတယ်။ ပါဝင်တဲ့ management, construction အဖွဲ့တွေများတော့ လွဲချော်သွားမှာ စိတ်ပူတယ်။

ဆိုင်ဖွင့်ခါနီး၁လကျော်လောက်မှာ   အင်ဂျင်နီယာတွေဆောက်နေတဲ့အခါထုတ်ထားတဲ့ Design အတိုင်းရအောင် ညှိပေးနေရင်းနဲ့ တဖက်က ဒီဘုစုခရုတွေလိုက်စုနေရတာပေါ့။ ပရိဘောဂ decoration တွေအထိ ဒီဇိုင်းနာဖန်တီးထားတဲ့အပေါ်မှာ ယုံယုံကြည်ကြည်နဲ့ အပိုအလို မရှိသလောက် တော်တော်လေးထိန်းသိမ်းပီး ပိုင်ရှင်ဖက်ကဖြည့်ဆည်းပေးခဲ့ပါတယ်။ လုပ်ခွင့်ပေးခဲ့ပါတယ်။ အခုလို လုပ်ခွင့်ရလို့ Novatek Design + Training Services အနေနဲ့ classic city Tea saloon ပိုင်ရှင်ကိုလည်း ကျေးဇူးတင်ပါတယ်။

Decoration လုပ်ရမယ်ဆိုတော့ 
Light -ပေါ့ပေါ့ပါးပါးလေးဖြစ်ချင်တယ်။ 
Festive & Fun-  – ပွဲလန်းသဘင်တစ်ခုလိုရောက်လာသူကို စိတ်တက်ကြွစေချင်တယ်။
Floral- ပန်း(ဖော်ပြချက်တွေတိုင်းမှာ ပန်းပွင့်ပန်းအရောင်တွေပါချင်တယ်)
Faces- မန္တလေးရှေးရှေးက ဇောတ်ပွဲတွေ လူတွေရဲ့မျက်နှာတွေနဲ့ပဲ မြန်မာဆန်တာကိုပြမယ်။
Colorful- အရောင်စိုစိုနုနုနဲ့တောက်တောက်လေးတွေကိုသုံးမယ်။
Sparkle- တချို့နေရာတွေမှာရွှေရောင် တဖြတ်ဖြတ်တောက်ရမယ်
custom made- DIYလုပ်လို့ရသမျှကိုယ်တိုင်လုပ်မယ် ဆိုအချိန်ပေးခဲ့တယ်။
Yadanarpone- ပုဂံတွေ ရှမ်းပြည်တွေ ပုသိမ်ထီးလိုမျိုးတွေ သိပ်မသုံးပဲရှောင်ခဲ့တယ်။

Market-ဈေးချိုဝန်းကျင်လေးလို လုပ်ထားမိတော့ဆိုင်လေးတွေလိုဈေးထဲရောက်သွားသလိုလေးလည်းဖြစ်စေချင်တယ်။ 
eclectic -ကနုတ်တွေချည်း၊ မြေအိုးတွေချည်းမသွားချင် လာတဲ့သူမငြီးငွေ့အောင် စပ်ဟပ်ထားပေမယ့် common groundတစ်ခု ချထားပါတယ်။

Project Name: Classic City Tea Saloon, Mandalay.

Design: Novatek, Mandalay.

Job scope: Visual Branding (Interior & Exterior Design)

Construction: Mayor Construction & Maw Kun interior decoration 

Status: Completed on June 2018 

Photography: Friday Photography, Soulmate Photography, Cai Photography 

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Home page 8881 viewed
  • Welcome to Home & Decor 5279 viewed
  • ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home 3199 viewed
  • အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း 2790 viewed
  • လမ်းဦးတိုက်မှာ နေသူတွေ ချမ်းသာကြပါစေ 2703 viewed