ဖုန်းရွှေအဘိဓာန်

ads

မိမိရဲ့ ရာသီခွင် အကောင်ပေါ်လိုက်ပြီးတော့လည်း ရုံးအသုံးအဆောင်တွေကို အသုံးပြုပေးနိုင်ပါတယ်။ ဥပမာ ကြွက်၊ မျောက်နဲ့ နဂါးတို့လို သတ္တဝါတွေဟာ ရေဒြပ်စင် ၅ မျိုးထဲတွင် ပါဝင်ပြီး သတ္ထုဟာ ရေနဲ့ ဆက်စပ်နေတာကြောင့် ရုံးစားပွဲမှာ သတ္ထု အသုံးအဆောင်တွေ ထားပေးသင့်ပါတယ်။


ကျား၊ မြင်းနဲ့ ခွေးတို့ဟာ မီးဒြပ်စင် ၅ မျိုးထဲတွင် ပါဝင်ပြီး မီးနဲ့ ဆက်စပ်နေမှုဟာ သစ်သားဖြစ်တာကြောင့် သစ်သားအသုံးအဆောင် သို့ မဟုတ် သစ်ပင်မျိုးကို ထားပေးသင့်ပါတယ်။


ဝက်၊ သိုးနဲ့ ယုန်တို့ဟာ သစ်သားဒြပ်စင် ၅ မျိုးထဲတွင် ပါဝင်ပြီး ရေဟာ သစ်သားကို ဖြစ်စေတာကြောင့် ရေနေအပင်မျိုးကို ရုံးစားပွဲမှာ ထားသင့်ပါတယ်။


မြွေ၊ ကြက်ဖနဲ့ နွားတို့ဟာ သတ္ထုဒြပ်စင် ၅ မျိုးထဲတွင် ပါဝင်ပြီး မြေကြီးဟာ သတ္ထုဒြပ်စင်နဲ့ ဆက်ဆိုင်နေမှုကြောင့် အဝါရောင်၊ အညိုရောင် သို့မဟုတ် အဝါဖျော့ရောင် ရှိတဲ့ နဂါးမျက်လုံးသီး (တရုတ်ဆီးသီး) တို့လို အရာမျိုး သို့မဟုတ် မြေကြီးထည့်စိုက်ရတဲ့ အပင်မျိုးကို ရုံးမှာထားသင့်ပါတယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Home page 11454 viewed
  • Welcome to Home & Decor 5809 viewed
  • ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home 3236 viewed
  • အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း 2802 viewed
  • ဖုန်းရွှေအဘိဓာန် 2769 viewed

ရုံးခန်းဖုန်းရွှေ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
February 25, 2020 နေ့
ဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ရုံးခန်းတွေမှာ မိမိရဲ့ အလုပ်မှာ ကံကောင်းစေဖို့ စားပွဲထားသိုတဲ့နေရာမှာ ဖုန်းရွှေဟာ အရေးပါအရာရောက်ပါတယ်။ သင့်လျော်တဲ့ရုံးသုံးစားပွဲကို ရွေးချယ်ပြီး နေရာမှန်ထားတတ်ဖို့နဲ့ ပစ္စည်းကောင်းကို ရွေးချယ်အသုံးပြုတတ်ဖို့လည်း လိုပါတယ်။

ဖုန်းရွှေပညာအရ ၂၀၂၀ ခုနှစ် အတွင်း ရုံးသုံးစားပွဲတွေနေရာချထားဖို့အတွက် အကောင်းဆုံးနေရာ ၂ နေရာ ရှိပါတယ်။ စားပွဲကို မြောက်အရပ်ဘက် မျက်နှာမူထားတာဟာ သင့်ကို ယခင်ကထက် တည်ငြိမ်ရင့်ကျက်ကာ လွတ်လပ်စေပြီး အလုပ်မှာ ပိုလို့ တိုးတက်လာစေနိုင်ပါတယ်။

ထို့အပြင် စားပွဲကို အရှေ့တောင်အရပ်ဘက် မျက်နှာမူထားတာဟာ မိမိရဲ့ ဦးဆောင်မှု၊ စွမ်းဆောင်ရည်၊ တာဝန်ယူတတ်မှုနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုတိုးလာစေနိုင်ပါတယ်။


မိမိရဲ့ ရုံးအတွင်းမှာ ပိုက်ဆံနဲ့ ရုံးဖုန်းကို အရှေ့တောင်အရပ်မှာ ထားသင့်ပြီး၊ ရုံးတံဆိပ်ကို အနောက်တောင်ဘက်၊ စားပွဲတင်မီးအိမ်ကို တောင်အရပ်ဘက်၊ မှတ်စုစာအုပ်တွေကို အရှေ့တောင်ဘက်နဲ့ သစ်ပင်ပန်းပင်တို့ကို မြောက်ဘက်၊စာရေးကိရိယာတို့ကို အနောက်မြောက်ဘက်တို့မှာ ထားသင့်ပါတယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Home page 11454 viewed
  • Welcome to Home & Decor 5809 viewed
  • ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home 3236 viewed
  • အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း 2802 viewed
  • ဖုန်းရွှေအဘိဓာန် 2769 viewed

ဖုန်းရွှေအဘိဓာန်

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဟိန်းလတ် မှ
October 23, 2019 နေ့
ဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

4
ads

Quartz Crystal (ကွပ်ဇ်သလင်းကျောက်)
နောက်တောင်ထောင့် အရပ်ဒေသအတွက် အားဖြည့်ရန် ရည်ရွယ်ချက်ဖြင့် ချစ်ခြင်းမေတ္တာကံကောင်းစေရန် သုံးသောအဆောင် ပစ္စည်းဖြစ်သည်။ သဘာဝတွင်းထွက် သလင်းကျောက်များသည် မြေကြီးဓာတ်အင်အားအပြင်းဆုံးပစ္စည်းဖြစ်ပြီးအနောက်တောင်နှင့် အရှေ့မြောက်အရပ်တို့တွင် ထားရှိအပ်၏။ ၄င်းအရပ်ဒေသတို့မှာ လူငယ်မျိုးဆက်တို့ အထူးစိတ်အားထက်သန်ကြသောအရပ်များဖြစ်၏။ အနောက်တောင်ကချစ်ခြင်းမေတ္တာနှင့် လူနေမှုဘ၀ကို ကိုယ်စားပြုကာ၊ အရှေ့မြောက်ကပညာရေးကံကိုကောင်းစေ၏။


Quiet Areas (တိတ်ဆိတ်သောနေရာများ)
အိမ်တစ်အိမ်တွင် အိပ်ခန်းသည် ငြိမ်းချမ်းတိတ်ဆိတ်နေရမည့် နေရာဌာနဖြစ်၏။ ယင်းချီဓာတ်ကယန်းချီဓာတ်ထက် ပိုမိုအားကောင်းရမည်။ မည်သို့ ဆိုစေကာမူ၊ အိမ်တစ်အိမ်လုံးကအလွန်အမင်းတိတ်ဆိတ်ငြိမ်သက်နေလျှင်ကားကံကြမ္မာလည်းအိပ်နေမည်ဖြစ်၍ မကောင်းလှပါ။ ထိုအခါ ကံကောင်းမှုများသည်လည်း ပုပ်သိုးထိုင်းမှိုင်းနေပါမည်။
Real Estate (အိမ်ခြံမြေလုပ်ငန်း)
စီးပွားရေးကိုအထောက်အကူပြုသည်မှာမြေကြီးဓာတ်ဖြစ်၏။ မည်သည့် စီးပွားရေးလုပ်ငန်းမဆိုမြေကြီးဓာတ်ကိုအားပေးဋ္ဌ။ အလုပ်များကိုလုပ်မှသာစီးပွားတိုးတက်မည်။ ကံကောင်းစေသောသင်္ကေတများအနေနှင့် သလင်းကျောက်၊ စဥ့်အိုးကြီး၊ မြေအိုးကြီး၊ တန်ဆာဆင်ကျောက်မျက်ရတနာများကိုသုံးရမည်။ ၄င်းတို့ကို မြေကြီးဓာတ်ကိုယ်စားပြုသောနေရာများဖြစ်ကြသောအနောက်တောင်အရပ် (သို့) အနောက်မြောက်အရပ်များတွင် ထားရှိပါကပိုမိုအစွမ်းထက်မည်။
Rectangular Shape (ထောင့်မှန်စတုဂံပုံသဏ္ဍာန်များ)
ပို၍မင်္ဂလာရှိသော ပစ္စည်းများ၊ သစ်သားထည် ပစ္စည်းများ ဖြစ်၏။ သစ်သားဓာတ်၏ အနှစ်သာရများ ကြီးထွားစည်ပင်မှုကို ကိုယ်စားပြု၏။ အထူးသဖြင့် သစ်သားဖြင့် ပြုလုပ်ထားသော ထောင့်မှန်စတုဂံ ပစ္စည်းများသည် ကြီးထွားဖွံ့ဖြိုးမှုကို ပိုမိုဖြစ်ထွန်းစေ၏။
Red ( အနီရောင်)
အနီရောင်သည် လူကြိုက်အများဆုံးနှင့် မင်္ဂလာအရှိဆုံးအရောင်ဖြစ်၏။ ယန်းဓာတ်၏အရောင်ကလည်းအနီရောင်ပင်ဖြစ်၏။ ၄င်းသည် တြိရေခါ “လီ” ကိုကိုယ်စားပြုကာ၊ မီးဓာတ်၏ သင်္ကေတဖြစ်၏။ အထူးသဖြင့် “ယန်း” စွမ်းအားလျော့နည်းသောဆောင်းရာသီတွင် အနီရောင်ကိုပိုသုံးရ၏။ အိမ်ရှေ့ခန်းတွင် အနီရောင် များများပါသောပစ္စည်းများ၊ ရုပ်ပုံကားချပ်များကိုထားရမည်။ အနီရောင်ကိုလိုတာထက် ပိုမသုံးရ။ လိုတာထက်ပိုသုံးလျှင်ကား ကြီးမားသော ပြသနာများ ကြုံတတ်၏။ မီးကိုချင့်ချိန်စွာမသုံးတတ်လျှင် မီးလောင်ပြာကျတတ်သည့် သဘောဖြစ်၏။ မည်သို့ ဆိုစေအနီရောင်ကိုချင့်ချိန်တက်လျှင်ကားမိမိအတွက် အကျိုးကျေးဇူးရှိနိုင်၏။
Red Thread (အနီရောင် အပ်ချည်ကြိုး)
ယန်းစွမ်းအင်ကိုပိုမိုအစွမ်းထက်စေရန် မင်္ဂလာရှိသောသင်္ကေတပစ္စည်းများကိုအနီရောင်ကြိုးနှင့် ချည်ရ၏။ အနီရောင်ကြိုးနှင့်ချည်လျှင် ကံကောင်းမှုတွေ ပိုဆောင်ကျဉ်းပေးနိုင်၏။ “ယန်းစွမ်းအင်” တိုးပွားစေရန် အနီရောင်ကြိုးဖြင့် ချည်နှေင်သုံးစွဲရ၏။ ဒင်္ဂါပြားများကိုအပေါက်ဖောက်ကာအနီရောင်ကြိုးဖြင့် ချည်ရ၏။ ကံကောင်းစေသောပစ္စည်းများတွင် အနီရောင်ကြိုးချည်လိုက်လျှင် စွမ်းပကားတိုးတက်စေ၏။ ကျောက်တုံး (သို့) ခြေသုံးချောင်းဖားရုပ်တို့တွင် အနီရောင်ကြိုးချည်လိုက်ခြင်းအားဖြင့် ကံကြမ္မာပိုမိုထက်မြက်အားကောင်းလာစေမည်။
Refrigerators (ရေခဲသေတ္တာများ)
ရေခဲသေတ္တာကိုမီးဖိုချောင်တွင် ထားလျှင် မည်သည့်အခါမှ၊ မီးဖိုဘေးမှာမထားပါနှင့်။ ရေဓာတ်နှင့် မီးဓာတ်မတည့်၍ ဖြစ်၏။ ရေခဲသေတ္တာ၊ ပန်းကန်ဆေးစက်၊ အ၀တ်လျှော်စက် စသည်တို့သည် ရေဓာတ်ကို ကိုယ်စားပြု၏။ မီးဖိုက မီးဓာတ်ကို ကိုယ်စားပြု၏။ ၄င်းတို့ကို မျက်နှာချင်းဆိုင်လည်း မထားသင့်။ ထိုသို့ထားလျှင် ဖုန်းရွှေပျက်၏။


Rice Urn (ဆန်အိုး)
တရုတ်လူမျိုးများအဖို့ ဆန်အိုးသည် မိသားစု၏ ကံကြမ္မာအတက်အကျ၊ ၆ ဆိုသောသင်္ကေတပင်ဖြစ်၏။ ရိုးရာအစဉ်အလာကိုထိန်းသိမ်းသောတရုတ်လူမျိုးမိသားစုအများစုကဆန်အိုးကိုသေသေချာချာဂရုစိုက်ကြ၏။ ဆန်သည် မိမိတို့၏ အသက်သခင်ဖြစ်၍ ရိုရိုသေသေထားရ၏။ ရှေးခေတ်ကဆိုလျှင် မိဘဘိုးဘွားများက ဆန်အိုးကို မိသားစုထဲမှသာ အကြီးဆုံးကို အမွေပေးကြ၏။ မိသားစုမျိုးရိုးစဉ်ဆက် ထိုဆန်အိုးကို ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ကြရ၏။ ဆန်အိုးကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကောင်းစွာထိန်းသိမ်းခြင်းအားဖြင့် မိသားစု အစဉ်အဆက်စီးပွားဥစ္စာ၊ ဆန်ရေစပါး တိုးတက်ပေါကြွယ်ခြင်း ဖြစ်ကြ၏။ ဆန်အိုးကို “ဓနသိဒ္ခိအိုး” အနေနှင့် တန်ဘိုးထားကြ၏။ ဆန်အိုးကိုလူမြင်ကွင်းတွင် မထားရ။ လူမမြင်မည့်နေရာတွင် ထားရ၏။ မိမိတို့ စီးပွားဥစ္စာများကိုလူမြင်သူမြင်မခံဘဲလုံခြုံစိတ်ချစွာထားသည့် သဘောဖြစ်၏။ ဆန်အိုးအောက်ခြေတွင် ရွှေဒင်္ဂါးပြားကိုအိတ်အနီဖြင့် ထည့်ပြီးထားရ၏။ တရုတ်နှစ်သစ်ကူးကာလရောက်တိုင်းဤဒင်္ဂါးပြားများကို အသစ်လဲပေးရ၏။ ဤသို့ဖြင့် နှစ်စဉ်နှစ်တိုင်း စီးပွားတိုးမည်ဟု ယုံကြည်ကြ၏။ ဆန်အိုးကို အဖုံးအမြဲ ပိတ်ထားရမည်။ ဆန်အိုးကို အလွန်မာကျောခိုင်ခန့်သော စဥ့်အိုးကြီးများကို သုံးရမည်။
Rivers (မြစ်များ)
အိမ်မှနေ၍ ကြည့်လိုက်လျှင် ဖြည်းညင်းစွာ စီးဆင်းနေသော မြစ်ရေကို မြင်ရခြင်းသည် အလွန်မင်္ဂလာရှိ၏။ မြစ်များက ကွေ့ဝိုက်ပြီး ဖြည်းညင်းစွာ စီးဆင်းနေခြင်းသည် ကောင်းသော “ချီ” ဓာတ်ကို ဖြစ်စေ၏။ အထူးသဖြင့် မြစ်ရေက ကြည်လင်သန့်ရှင်းနေလျှင် ပိုကောင်း၏။ မြစ်ရေကပုပ်ဟောင်းညစ်နွမ်းနေပါကဖုန်းရွှေမကောင်း။ မြစ်ရေစီးဆင်းမှုလားရာကိုလည်း ကြည့်ရသေး၏။
အကယ်၍ သင်၏ တံခါးမကြီးမှ မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက် (သို့မဟုတ်) အနောက်ဘက်ကိုကြည့်လိုက်လျှင် မြစ်က လက်ဝဲမှ လက်ယာသို့ စီးသင့်၏။ သို့မှသာ ဖုန်းရွှေကောင်း၏။
အကယ်၍ သင်၏တံခါးမမှ ကြည့်၍ အရှေ့တောင်၊ အနောက်တောင်၊ အရှေ့မြောက် သို့မဟုတ် အနောက်မြောက်တွင် မြစ်က လက်ယာမှ လက်ဝဲသို့ စီးသင့်၏။ သို့မှသာ ဖုန်းရွှေကောင်း၏။
Roads (လမ်းများ)
ဝိုင်းပတ်လာသော လမ်းများသည် လားရာအရပ်ဒေသနှင့် အနိမ့်အမြင့်ပေါ်မူတည်ပြီးဖုန်းရွှေ အဆိုးအကောင်းများရှိတတ်သည်။ အိမ်ကိုတိုက်ရိုက်ဦးတည်လာသောလမ်းများကဖုန်းရွှေမကောင်း။ ၄င်းကိုကာကွယ်၍ မှန်တပ်ပြီးကာရမည်။ သို့မဟုတ် ခြံစည်းရိုး အကာအရံများလုပ်၍ ကာရမည်။ လမ်းဆုံလမ်ခွနေရာများတွင် နေထိုင်သူများအတွက်ကား ယေဘူယျအားဖြင့် မကောင်းဟုသာ ဆိုရမည်။
Rock (ကျောက်တုံး)
ရေချိုးခန်းတွင် ကျောက်တုံးသို့မဟုတ် ကျောက်ခဲအကြီးစားများထားတာကမကောင်း။ အိမ်၏မြောက်ဘက်ခြမ်းတွင် အိမ်သာရှိပါကကျောက်တုံးကြီးတစ်တုံးကို ကြိုးအနီချည်ပြီးအကာအကွယ်လုပ်ထား၍ ရ၏။ မြောက်ဘက်အရပ်တွင် အိမ်သာရှိခြင်းသည် အလုပ်ကို ထိခိုက်စေတတ်၏။ ပန်းခြံ၏ အရှေ့မြောက်ဘက်နှင့် အနောက်တောင်တို့တွင် ကျောက်တုံးထားခြင်းကား ကံကောင်းမှုကိုဖြစ်စေ၏။ ပန်းခြံထဲတွင် ကျောက်တုံးလေးများထားခြင်းသည် မြေကြီးဓာတ်ကို တိုးပွားစေ၏။ မိသားစုအချင်းချင်း မိတ်ဆွေသားချင်း အချင်းချင်း ဆက်ဆံရေးပိုကောင်းစေ၏။
Romance (အချစ်)
အိပ်ခန်း (သို့) အိမ်၏အနောက်တောင်ထောင့်တွင် ချစ်ရေးချစ်ရာကိုတိုးတက်စေရန် လုပ်၍ရ၏။ အနောက်တောင်ထောင့်သည် မေတ္တာရေးရာနှင့် အိမ်ထောင်ရေးကံကြမ္မာတို့ တည်ရှိရာနေရာဖြစ်၏။ ထိုနေရာတွင် မေတ္တာပူးပေါင်းမှု စသည်တို့နှင့် ပတ်သက်သော သင်္ကေတပစ္စည်းများကို ထားရှိရ၏။ ငန်းဖို၊ ငန်းမစုံတွဲရုပ်တု၊ သလင်းကျောက်အစိုင်အခဲများ စသည်တို့ကို ဤရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင် အသုံးပြုနိုင်၏။
Rooftops (အိမ်ခေါင်မိုးများ)
အိမ်ခေါင်မိုးပေါ်တွင် ရေဓာတ်နှင့်ပတ်သက်သောပစ္စည်းများမထားသင့်။ ခေါင်မိုးတွင် ပန်းခြံတစ်ခုရှိပြီး၊ မြောက်ဘက်ခြမ်းတွင် ငါးကန်ထားပါကသိပ်မကြီးစေရန် သတိပြုရမည်။ အိမ်ခေါင်မိုးတွင် ရေကူးကန်မထားရ။ ခေါင်မိုးကိုအပြာရောင် မသုတ်ရ။ အပြာရောင်သည် ရေဓာတ်ဖြစ်ပြီးတောင်ကျရေစီးဆင်းသည့် ပမာဖြစ်သဖြင့် ပျက်စီးခြင်းကိုရောက်စေ၏။
Rooms (အခန်းများ)
အိမ်တစ်အိမ်၏ အခန်းများသည် သူ့ထောင့်နှင့်သူရှိကြသည်။ ဖခင်၏ အိပ်ယာခန်းသည် အနောက်မြောက်၊ မိခင်၏အိပ်ခန်းသည် အနောက်တောင်၊ သားငယ်များကအရှေ့၊ သမီးငယ်များကအနောက်ဘက်ခြမ်းများ၍ နေရာယူသင့်၏။ ဤအရပ်က ယေဘူယျသဘောဖြစ်ကာ၊ အသေးစိတ်တွက်ချက်မှုများဖြင့် မိမိနှင့် ကံကောင်းသည့် အရပ်ဒေသကို ရွေးရ၏။
Round (အ၀ိုင်း)


အ၀ိုင်းသည် ရွှေဓာတ်ကိုကိုယ်စားပြုသောသတ္တုဓာတ်ဖြစ်၏။ ၄င်းတို့ကို အနောက်၊ အနောက်မြောက်နှင့် မြောက်အရပ်တို့တွင် ထားသင့်၏။ ၄င်းတို့ကို အိမ်ထောင့် (သို့) ပန်းခြံတွင် ထားရ၏။


လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Home page 11454 viewed
  • Welcome to Home & Decor 5809 viewed
  • ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home 3236 viewed
  • အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း 2802 viewed
  • ဖုန်းရွှေအဘိဓာန် 2769 viewed