အခြားဆောင်းပါးများ

ads

ကမ္ဘာတစ်ဝှမ်းက Disneyland အပန်းဖြေကစားကွင်းတွေရဲ့ အရှိန်အဝါတုနိုင်းမမီအောင် ကြီးကျယ်ခမ်းနားလှပါတယ်။ Disneyland ဆိုတာနဲ့ သူ့ရဲ့ကိုယ်ပိုင်သင်္ကေတအမှတ်တစ်ခုအနေနဲ့ စင်ဒရဲလားရဲတိုက်ကြီးကိုလည်းတပါတည်းတွဲပြီးမြင်ယောင်မိကြမှာအသေအချာပါပဲ။ Disney world နဲ့ Disneyland တည်ထောင်သူ Walt Disney က စင်ဒရဲလားနဲ့ Sleeping Beauty တို့ရဲ့ စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်လမ်းတွေကိုဖန်တီးခဲ့ရာမှာဇာတ်ကောင်တွေနဲ့ လှပတဲ့ ဇာတ်ကြောင်းကိုထင်ဟပ်စေတဲ့ စိတ်ကူးယဉ်ဆန်ဆန် ရဲတိုက်ကြီးတွေကိုဖန်တီးမှီငြမ်းခဲ့တဲ့ မူလဂျာမနီရဲတိုက်ကြီးရဲ့ နောက်ကွယ်ကစိတ်ဝင်စားဖွယ်သမိုင်းကြောင်းတစ်ချို့ကိုဒီကဏ္ဍလေးမှာဖော်ပြပေးလိုက်ရပါတယ်။

          Walt Disney နဲ့ ဇနီးဖြစ်သူ Lillian တို့  Disneyland ဆိုတာကိုအကောင်အထည် မဖော်ရသေးခင်  ဥရောပခရီးအလည်အပတ်ထွက်ခဲ့ရာမှာဂျာမနီနိုင်ငံအရှေ့တောင်ပိုင်း Bavaria ပြည်နယ်ကNeuschwansteinရဲတိုက်ကြီးကိုရောက်ရှိလာခဲ့ပါတယ်။ ရဲတိုက်ကြီးရဲ့တမူထူးခြားတဲ့အသွင်အပြင်တွေနဲ့ ရဲတိုက်ကြီးရဲ့ သမိုင်းကြောင်းရာတွေက Wait Disney တို့ကိုဖမ်းစားသွားခဲ့ပြီး Disneyland ရဲ့ခမ်းနားထည်ဝါတဲ့ ပုံရိပ်တစ်ခုအဖြစ် အသက်သွင်းဖို့ ဆုံးဖြတ်ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ယနေခေတ် Disneyland တွေမှာမပါမဖြစ်တဲ့ စင်ဒရဲလားရဲတိုက်ကြီးကဒီဂျာမနီရဲတိုက်ကြီးကိုအခြေခံချဲ့ကားဖန်တီးထားခဲ့တာဖြစ်ပြီးဒီမူလဂျာမနီရဲတိုက်ကြီးအဖြစ် ဖန်တီးအကောင်အထည်ဖော်ခဲ့သူကတော့ ၁၉ရာစုနှစ်ပိုင်းက ဂျာမနီနိုင်ငံ၊ Bavaria တောင်တန်းတွေတဝိုက်မှာအုပ်ချုပ်မင်းမူခဲ့တဲ့ King Ludwig II ပဲဖြစ်ပါတယ်။ ဂျာမနီရဲတိုက်ကြီးNeushansteinကို Bavaria ပြည်နယ်အနောက်တောင်ပိုင်း ၊ Hohenschwangကကျေးရွာအနီးတောင်ထွတ်တစ်ခုအပေါ်မှာ ၁၈၆၉ခုနှစ်က King Ludwig II က ရဲတိုက်ဟောင်းတစ်ခုရဲ့နေရာမှာပဲအသစ် ပြန်လည်တည်ဆောင်ထားခဲ့တာဖြစ်ပါတယ်။ အများနှင့်မတူထူးခြားတဲ့ စရိုက်နဲ့ King Luwig II ကရဲတိုက်တွေရဲ့အစဉ်အလာကိုဖောက်ထွက်ပြီးဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ဒီရဲတိုက်ကြီးကိုဖန်တီးတည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ အစဉ်အလာတွေကနေလမ်းသစ်ဖောက်ထွက်နိုင်ခဲ့သူတွေအဖြစ် King Luwig II နဲ့ Walt Disney တို့မှာထူးခြားတဲ့ ထပ်တူညီမှုတွေရှိတယ်လို့လည်းမှတ်တမ်းတင်ထားခဲ့ကြပါတယ်။

          ရှေးခေတ်အဆက်ဆက် တည်ဆောက်ထားခဲ့သမျှရဲတိုက်ကြီးတွေကရန်သူကျူးကျော်မှုကိုခုခံကာကွယ်ဖို့ရည်ရွယ်ချက်တွေနဲ့ သာတည်ဆောက်ခဲ့ကြတာဖြစ်ပြီးစိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွေနဲ့ လားလားမျှမသက်ဆိုင်တဲ့ ကြောက်ခမန်းလိလိစစ်သုံးအဆောက်အဦးကြီးတွေသက်သက်သာဖြစ်ခဲ့ပါတယ်။ ဘုရင်ရဲ့နန်းတော်နဲ့ ပြည်သူတွေရှိရာမြို့များကိုအခြားရန်သူတွေတိုက်ခိုက်လာကြတဲ့အခါ ကာကွယ်ဖို့ အတွက်အသုံးပြုခဲ့ကြတာမို့ ရဲတိုက်ကြီးတွေရဲ့အပြင်အဆင်ကဘုရင့်နန်းတော်လိုမျိုးကျယ်သရေရှိရှိတင့်တင့်  တယ်တယ် လှပခမ်းနားတာမျိုးမဟုတ်ဘဲထုထည်ကြီးမားပြီးထောင့်ကျကျ မြင့်မားတဲ့ အုတ်နံရံကြီးတွေ၊ ပြအိုးမျှော်စင်တွေနဲ့ ရန်သူတွေကိုအလွယ်တကူချဉ်းကပ်မလာရဲအောင် ခြောက်လှန့်ထားတဲ့ အသွင်အပြင်မျိုးနဲ့ပဲဆောက်လုပ်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ခုခံကာကွယ်မှုအတွက် အသုံးပြုတဲ့ အ ဆောက်အဦးဖြစ်တာမို့ ပြတင်းပေါက်တွေလည်းများများစားစားမပါတတ်တာရဲတိုက်တွေရဲ့ သဘောတရားပဲဖြစ်ပါတယ်။ ဒါပေမယ့် King Ludwig II ကတော့ ရဲတိုက်ရဲ့အစဉ်အလာအတိုင်းမဟုတ်ဘဲသစ်လွင်ခမ်းနားတဲ့ စိတ်ကူးယဉ်ဆန်ဆန် ပုံစံအသွင်အပြင်မျိုးဖြစ်အောင်ထူးခြားတဲ့ ဗိသုကာပုံစံတွေနဲ့ ထည်ဝါခမ်းနားတဲ့အသွင်သစ်ပုံစံအကောင်အထည်ဖော်တည်တောက်သွားခဲ့တာဖြစ်ပါတယ်။ King Ludwig II ရဲ့ ရဲတိုက်ကြီးမှာတော့ သာမန်ရဲတိုက် အသွင်မျိုးတွေကနေခွဲထွက်ပြီးထောင့်ကျကျ ပြအိုးမျှော်စင်တစ်ခုကလွဲရင်ကျန်တဲ့မျှော်စင်တွေအားလုံးကိုအလုံးအဝန်းသဏ္ဍာန်ဖန်တီးထားခဲ့တာဖြစ်ပါတယ်။ ရဲတိုက်ရဲ့အဆင် အပြင်ထူးခြားလှပသွားစေဖို့အတွက် အရောင်းအဆင်းကိုလည်းဖြူလွလွဆေးခြယ်ထားပြီးစိတ်ကူးယဉ် ဆန်ဆန် လွတ်လပ်ပေါ့ပါးတဲ့ခံစားချက်မျိုးရရှိစေဖို့အတွက် ပြတင်းပေါက်တွေကိုလည်းအများအပြားထည့် သွင်းဖန်တီးထားခဲ့တာဖြစ်ပါတယ်။

          ခေတ်သစ်ဂေါ့သစ်ဗိသုကာလက်ရာအချို့ ပေါင်းစပ်ပါဝင်နေသော်ငြားလည်းစိတ်ကူးယဉ်ဆန်အပြင် အဆင်တွေနဲ့ ထုံမွှမ်းခမ်းနားတဲ့ ရဲတိုက်ကြီးအဖြစ်ဖန်တီးထားခဲ့တာမို့     Neuschansteinရဲတိုက်ကြီးကို Romanesque လို့လည်းခေါ်ဝေါ်ကြပါတယ်။ ပရပ်ရှားစစ်တပ်နဲ့တိုက်ပြီးစစ်ရှုံးလာခဲ့တဲ့နောက် King Ludwig က ကျန်ရှိနေသေးတဲ့ သူပိုင်နယ်ပယ်တွေထဲမှာနောက်နောင် အလားတူစစ်ရှုံးမှုတွေနဲ့ အကြုံရစေအောင် ရဲတိုက်ကြီးတွေအများအပြားလိုက်လံဆောက်လုပ်ခဲ့တာမှာဒီNeuschansteinရဲတိုက်ကိုတော့ စစ်ရေးအတွက် ရည်မှန်းချက်နဲ့ တည်ဆောက်ခဲ့တာမဟုတ်ဘဲရဲတိုက်တည်ရှိရာဘေးပတ်ဝန်းကျင် ရှုခင်းအလှအပတွေကနတ်ဘုံနတ်နန်းသဖွယ်ရင်သပ်ရှုမောဖွယ်ကောင်းလွန်နေတာမို့ လွတ်လပ်ပေါ့ပါးစွာစိတ်ကူးယဉ်နိုင်မယ့်ခမ်းနားလှပတဲ့ အဆောက်အအုံကြီးအဖြစ် ဖန်တီးဆောက်လုပ် ထားခဲ့တာဖြစ်ပါတယ်။ ရဲတိုက်ကြီးကိုစိတ်ကြိုက်ပြန်လည်တည်ဆောက်ဖို့ရာစိတ်လှုပ်ရှားနေခဲ့ရတဲ့ အကြောင်းကို ၎င်းရဲ့အနှစ် သက်ဆုံးဂီတဆရာ Richard Wagner ကိုပင် ကဗျာဆန်ဆန် စာရေးသားပေးပို့ခဲ့ပါသေးတယ်။

          ခေတ်ဟောင်းဂျာမနီသူရဲကောင်းကြီးတွေရဲ့ ရဲတိုက်ကြီးထဲမှာရောက်နေပေမယ့် ဘယ်နေရာကပ်ကြည့်ကြည့် ရှုမျှော်ခင်းတွေကလှပလွန်းနေလို့ နတ်ဘုံဗိမာန်ထဲရောက်နေသလိုစိတ်လှုပ်ရှားဖွယ်ကောင်းလောက်အောင် ခံစားနေရပါတယ်။ ဒီရဲတိုက်အိုကြီးကိုပြန်ပြီးစိတ်တိုင်းကျပြင်ဆင်မွမ်းမံဖို့စိတ်ကူးနေပါတယ်လ့ို Richard Wagner ထံလိပ်မှုရေးသားတဲ့စာထဲမှာKing Ludwig II က ရေးသားသွားခဲ့ပါသေးတယ်။ Black Forest လို့ခေါ်တဲ့အနက်ရောင်သစ်တောနဲ့ ဂျာမန်တောင်တန်းဆုံရာထူးခြားလှပတဲ့တောင်ထွတ်ပေါ်မှာဒီရဲတိုက်ကြီးတည်ရှိနေခဲ့တာဖြစ်ပြီးပြင်ဆင်တည်ဆောက်တဲ့ အချိန်ရဲတိုက်ရဲ့ နောက်ဘက်တစ်နေရာမှာမိခင်ဖြစ်သူ Queen Mary ကိုရည်စူးပြီးသာယာလှပတဲ့ Queen Mary တံတားလေးတစ်စင်းကိုပါ King Ludwig II က တည်ဆောက်ပေးထားခဲ့ပါတယ်။

King Luwig II က ဂျာမနီနိုင်ငံမြူးနစ်ချ်မြို့ကိုပြန်လည်တည်ထောင်ပေးခဲ့သူဖြစ်တဲ့ King Ludwig I ရဲ့ မြေးတော်လည်းဖြစ်တာမို့ ဗိသုကာဖန်တီးမှုတွေမှာမျိုးရိုးအမွေကိုဆက်ခံနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အသက်၁၈နှစ် အရွယ်မှာပင် ထီးနန်းလွှဲပြောင်းရယူနိုင်ခဲ့ပြီးငယ်ငယ်ရွယ်ရွယ်မှာပဲဘုရင်တစ်ပါးဖြစ်လာခဲ့တာနဲ့ အညီထီးသုံးနန်းသုံးအစဉ်အလာတွေကနေသွေဖယ်ပြီးဘုရင်တစ်ဦးရဲ့ အာဏာလွှမ်းမိုးမှုခိုင်မြဲစေရေးဆိုတာထက် ချစ်ခြင်းမေတ္တာအရင်းခံတဲ့ စိတ်ကူးယဉ်ဆန်ဆန်၊ ကဗျာဆန်ဆန် အနုအရွ အလှအပတွေပါရှိတဲ့ ကဗျာစာပေးနဲ့ ပြဇာတ်စာပေတွေကိုလေ့လာဆည်းပူးဖို့ ပိုမိုအားသန်ခဲ့သူလည်းဖြစ်ပါတယ်။ ၁၈၈၆ ခုနှစ် ဇွန်လ ၁ဝရက်မှာတော့ ဂျာမနီတစ်နိုင်ငံလုံးရဲ့ အစိုးရကော် မရှင်အဖွဲ့ကနေ King Luwig II ကိုထီးနန်းစွန့်လွှတ်ဖို့ ဖိအားပေးလာခဲ့ပါတယ်။ ရဲတိုက်တွေအများအပြားဆောက်လုပ်ခဲ့တဲ့အတွက် ၎င်းအုပ်ချုပ်ရာနယ်ပယ်အတွင်းမှာဘဏ္ဍာငွေသုံးစွဲမှုမြင့်မားလာခဲ့ပြီးနိုင်ငံတော်ဘဏ္ဍာငွေကုန်ခမ်းလာစေမှုအတွက် အစိုးရကော်မရှင်က King Ludwig II နေရာမှာအခြားအုပ်ချုပ်သူတစ်ဦးကိုအစာထိုးဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဘဏ္ဍာငွေကုန်ကျမှုစာရင်းအစီရင်ခံစာတွေကိုအတိုင်ပင်ခံအမတ်တွေဆီကကြားသိခွင့် ပင်မရလိုက်ပဲKingLudwig II ဖမ်းချုပ်ခံလိုက်ရတာဖြစ်ပါတယ်။ ဒါ့ပြင် စစ်ဆေးမေးမြန်းမှုတစုံတရာမှမလုပ်ဘဲဘုရင်ကအရူးအနှမ်းဖြစ်နေတဲ့အကြောင်းတိုင်သိပြည်သိအောင် ကြေညာခံလိုက်ရပါတယ်။ ထူးခြားတဲ့ အတွေးအခေါ်တွေနဲ့ သူမတူတဲ့ ဗိသုကာလက်ရာတွေကိုငွေကုန်ကြေးကျခံတည်ဆောက်နေတဲ့ အချက်နဲ့ပဲ King Ludwig II ကိုအရူးအနှမ်းအဖြစ်ကြေညာလို့ နန်းချလိုက်ကြတာဖြစ်ပါတယ်။

          ဖမ်းဆီးခံရပြီးသုံးရက်အကြာမှာပဲနန်းကျဘုရင် Ludwig II နဲ့ ၎င်းကိုရှုးနှမ်းသူအဖြစ် တာဝန်ယူကြေညာပေးခဲ့တဲ့ ဒေါက်တာ Bernhard von Guddenတို့ ညနေခင်းလမ်းလျှောက်ထွက်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ကိုနောက်ဆုံးမြင်တွေ့ခဲ့တဲ့အချိန်က ညနေ၆ နာရီခွဲဝန်းကျင်ဖြစ်ပြီး  ည၈နာရီအချိန်ထိ သူတို့နှစ်ဦးပြန်မရောက်လာခဲ့ကြတော့ပါဘူး။ သုံးနာရီကြာရှာဖွေခဲ့ပြီးတော့မှသူတို့လမ်းလျှောက်ထွက်ခဲ့ရာနေရာအနီးရေကန်တစ်ခုထဲမှာနှစ်ဦးသားသေဆုံးနေခဲ့ကြတာကိုတွေ့ရှိလိုကိကြတာဖြစ်ပါတယ်။

          ဒေါက်တာရဲ့လည်ပင်းမှလက်နဲ့ဖိညှစ်ထားခဲ့တဲ့အရာတွေကိုစစ်ဆေးတွေ့ရှိခဲ့တာကြောင့် Ludwig II ကဒေါက်တာ Bernhard ကိုသတ်ပစ်ခဲ့ပြီးကိုယ့်ကိုယ်ကိုရေထဲခုန်ချအဆုံးစီရင်ခဲ့တာလို့ ယူဆစရာဖြစ်ခဲ့ပါတယ်။ စစ်ဆေးရေးအဖွဲ့ရဲ့ အတိအလင်းကြေညာမှုမှာတော့ Ludwig II ဟာရေနစ်သေဆုံးခဲ့တာလို့ ဖော်ပြခဲ့ပေမယ့် Ludwig II က ရေကူးကျွမ်းကျင်သူတစ်ဦးမို့မယုံကြည်နိုင်စရာဖြစ်ခဲ့ပါတယ်။ စစ်ဆေးရေးအဖွဲ့ထဲကပဲသတင်းပေါက်ကြားမှုတွေမှာတော့ သူရဲ့အဆုတ်ထဲမှာရေစရေနတောင် ရှာမတွေ့ခဲ့ဘူးလို့ ဆိုတာကြောင့် King Ludwig II ရဲ့သေဆုံးမမှုက  လျှို့ဝှက်မှုတွေနဲ့သာပြည့်နှက်နေခဲ့ပါတယ်။

King Ludwig II နတ်ရွာစံကွယ်လွန်တဲ့အချိန်မှာNeuschansteinရဲတိုက်ကြီးတည်ဆောက်မှုကလုံးဝမပြီးမစီးသေးပါဘူး။ တည်ဆောက်ဆဲကာလမှာပဲ King Ludwig က ဒီရဲတိုက်ကြီးမှာလာရောက်နေထိုင်သွားခဲ့ပြီးရဲတိုက်မှာနေထိုင်နိုင်ခဲ့တဲ့ ရက်ပေါင်း ၁၇၂ ရက်သာရှိခဲ့ပါတယ်။ နောက်ထပ်ထူးခြားတာကတော့ Neuschansteinရဲတိုက်ကြီးကို King Ludwig နတ်ရွာစံပြီးတစ်လခွဲအကြာ ၁၈၈၆ခုနှစ် သြဂုတ်လ ၁ရက်မှာပဲ အများပြည်သူဝင်ရောက်လေ့လာနိုင်တဲ့နေရာအဖြစ် စတင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီးယနေ့အချိန်ထိဒီရဲတိုက်ကြီးကိုလာရောက်လည်ပတ်သူစုစုပေါင်းသန်း ၅၀ကျော်သွားခဲ့ပြီလို့ သမိုင်းမှတ်တမ်းတွေအရသိရပါတယ်။ ထာဝရပျော်ရွှင်စွာအတူနေထိင်သွားကြလေသတည်းလို့ဆိုတဲ့ Disney ဇာတ်ကားတွေလိုမျိုးလှပတဲ့ အဆုံးသတ်ကိုတော့ King Ludwig ပိုင်ဆိုင်ခွင့်မရနိုင်ခဲ့ပေမယ့် အရာအားလုံးကိုစွန့်လွှတ်ခဲ့ပြီးအိမ်မက်ဆန်ဆန်အလှအပတွေကိုထွေးပိုက်ဖို့ကြိုးပမ်းခဲ့သူ King Ludwig ရဲ့ စိတ်ကူးယဉ်မှုတွေကို Disneyland အမှတ်သင်္ကေတရဲတိုက်ကြီးအဖြစ် Walt Disney က ပြန်လည်အသက်သွင်းဖန်တီးပေးကာယနေ့ချိန်ထိဆက်လက်ရှင်သန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ Neuschwansteinရဲတိုက်ကြီး က Walt Disney ရဲ့ စိတ်အစဉ်ကိုဖမ်းစားသွားနိုင်ခဲ့သလိုဒီရဲတိုက်ကြီးကနေပြန်လည်အသက်သွင်းဖန်တီးထားတဲ့ Disneyland ရဲတိုက်ကြီးကလည်းကမ္ဘာတဝန်းလုံးကလူတိုင်းလူတိုင်းရဲ့ အသည်းနှလုံးကိုယနေ့ချိန်ထိဖမ်းစားထားနိုင်နေဆဲပဲဖြစ်ပါတော့တယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်


    မဟာတံတိုင်း

    တည်းဖြတ်သူ Myanmar Home and Decoration
    ရေးသားသူ သံသာ မှ
    February 6, 2019 နေ့
    ဆောင်းပါးများအခြားဆောင်းပါးများ ကဏ္ဍတွင်
    ထည့်သွင်းရေးသားခဲ့သည်။

    4
    ads

    ပထမပိုင်း

    ကမ္ဘာ့ပေါ်ကအခမ်းနားအလှပဆုံးနေရာတွေထဲကတစ်ခုဖြစ်တဲ့ ဂရိတ်ဝေါ (ခေါ်) မဟာတံတိုင်းကြီးကကမ္ဘာမှာအရှည်လျားဆုံးသောနံရံတံတိုင်းကြီးလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အရှည်လျားဆုံး၊ အကြီးမားဆုံးရှေးဟောင်းဗိသုကာလက်ရာတစ်ခုအဖြစ်လည်းထင်ရှားကျော်ကြားတဲ့ တရုတ်နိုင်ငံကမဟာတံတိုင်းကြီးကမတ်စောက်တဲ့တောင်တန်းတွေပေါ်မှာမေးတင်နေတဲ့ နဂါးတစ်ကောင်လိုမျိုးတောင်စွယ်တောင်တန်းတွေတလျှောက် ဝေ့ကာဝိုက်ကာနဲ့ တည်ရှိနေတာဖြစ်ပါတယ်။ ချင်ဟွမ်တောင်ဒေသရဲ့ ကမ်းခြေတွေကစပြီးဘေဂျင်းမြို့တဝိုက်က တောင်စဉ်တောင်တန်းတွေအပြင် ကန္တာရလွင်ပြင်ထိခရီးဆန့်ရောက်ရှိသွားတဲ့ မဟာတံတိုင်းကြီးကဒီလိုမတူညီတဲ့နောက်ခံရှုခင်းပေါင်းစုံအလိုက် ကွဲပြားခြားနားတဲ့ ရှုခင်းအလှတရားတွေအဖြစ် ပြောင်းလဲဖန်တီးပေးစွမ်းတာကြောင့် ယနေ့ချိန်ထိတိုင် ခရီးသွားတွေအမြောက်အမြားကိုဆွဲဆောင်ထားနိုင်တာဖြစ်ပါ တယ်။မင်သက်အံ့အားသင့်ဖွယ်ရာရှေးဟောင်းကာကွယ်ရေးဗိသုကာအဆောက်အအုံဖြစ်တဲ့ ဒီမဟာတံတိုင်းကြီးရဲ့ သမိုင်းအချင်းအရာတစ်ချို့နဲ့ စိတ်ဝင်စားဖွယ်ရာအချက်အလက်တွေကို ဒီကဏ္ဍလေးမှာစုစည်းဖော်ပြသွားမှာဖြစ်ပါတယ်။

    မဟာတံတိုင်း၏ယေဘုယျအချက်အလက်
    • တရုတ်အမည်- 长城 (Chángchéng /channg-chnng/ အနက်အဓိပ္ပာယ်- ရှည်လျားသည့်တံတိုင်း)
    • တည်နေရာ:တရုတ်နိုင်ငံမြောက်ပိုင်း
    • အရှည်: ၂၁၁၉၆.၁၈ ကီလိုမီတာ ( ၁၃၁၇၀.၇မိုင်)
    • သမိုင်း: နှစ်ပေါင်း ၂၃၀၀ကျော်

    မဟာတံတိုင်းကိုဘယ်သူတွေကတည်ဆောက်သလဲ။ ဘာကြောင့်တည်ဆောက်တာလဲ။
    မဟာတံတိုင်းကြီးကအလွန်ရှည်လျားတဲ့တံတိုင်းကြီးဖြစ်သလိုသူရဲ့သမိုင်းကလည်း နှစ်ပေါင်း ၂၃၀၀ကျော်ထိတိုင် ရှည်လျားကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။တရုတ်နိုင်ငံကမတူကွဲပြားတဲ့အရပ်ဒေသတွေရဲ့ မတူညီတဲ့ အုပ်ချုပ်သူတွေ၊ မင်းဆက်တွေက ၎င်းတို့ပိုင်တဲ့ဒေသတွေရဲ့ နယ်စပ်တွေမှာကာကွယ်မှုပေးဖို့ အတွက် တည်ဆောက်ခဲ့တကြတာဖြစ်ပါတယ်။
    မဟာတံတိုင်းကိုတည်ဆောက်ခဲ့တာဘယ်သူလဲ။ ဘယ်တုန်းကဆောက်ခဲ့တာလဲ။

    အများစုကမဟာတံတိုင်းကြီးကိုတရုတ်နိုင်ငံရဲ့ ပထမဆုံးအင်ပါယာဖြစ်တဲ့ ချင်ရှီဟွမ်ကတည်ဆောက် ခဲ့တာလို့ ဆိုကြမှာဖြစ်ပေမယ့် တကယ်တမ်းမဟာတံတိုင်းကြီးကိုအစဦးဆုံးတည်ဆောက်သူကချင်ရှီဟွမ်မဟုတ်ပါဘူး။ မဟာတံတိုင်းကိုအဦးဆုံးစတင်တည်ဆောက်ခဲ့သူတွေကစပြီးခေတ်ကာလတွေ ရွေ့လျားမှုအလိုက် မဟာတံတိုင်းတည်ဆောက်မှုနဲ့ ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်ခဲ့သူတွေကို ဖော်ပြပေးသွားပါမယ်။

    မင်းဆက် မဟာတံတိုင်းသမိုင်း — ထင်ရှားသည့်ဖြစ်ရပ်
    ကျိုးမင်းဆက် (ဘီစီ ၇၇၀- ၂၂၁) ထိုစဉ်ကအုပ်ချုပ်သူတွေကနယ်နိမိတ်တံတိုင်းကိုစတင်တည်ဆောက်၍ နယ်စပ်လုံခြုံရေးကိုကာကွယ်ခဲ့ကြပါတယ်။
    ချင်မင်းဆက် (ဘီစီ ၂၂၁- ၂၀၇) တရုတ်နိုင်ငံရဲ့ပထမဆုံးအင်ပါယာဖြစ်တဲ့ ချင်ရှီဝမ်က တရုတ်နိုင်ငံမြောက်ပိုင်းရှိမဟာတံတိုင်းကိုဦးစီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။
    ဟန်မင်းဆက် (ဘီစီ ၂၀၆- အေဒီ ၂၂၀) ဟန်ဝူဒီက မဟာတံတိုင်းကြီးကိုအနောက်ဘက်အရပ်ဆီသို့ ချဲ့ထုတ်ခဲ့ပြီးယူမင်လမ်းပိုင်းကိုကျော်လွန်တဲ့အထိ ဖြတ်သန်းရောက်ရှိစေခဲ့ပါတယ်။
    မင်မင်းဆက် (၁၃၆၈ခုနှစ်- ၁၆၄၄ခုနှစ်) သူရဲကောင်းဗိုလ်ချုပ်ချီကျီကွမ်ကဘေဂျင်းမြို့တဝိုက်ကမဟာတံတိုင်းကိုပြန်လည်တည်ဆောက်ခဲ့ပါတယ်။



    မဟာတံတိုင္းကိုဘာေၾကာင့္တည္ေဆာက္ခဲ့တာလဲ

    • ရန္သူ႔က်ဴးေက်ာ္မႈကိုတားဆီးကာကြယ္ရန္
    • ကုန္သြယ္ေရးပိုးလမ္းမကိုကာကြယ္ေစာင့္ေရွာက္ရန္

    ခ်င္မင္းဆက္ကာလမွာတရုတ္ႏိုင္ငံရဲ႕ပထမဆံုးေသာအင္ပါယာခ်င္ရွီဟြမ္ကေျမာက္ပိုင္းမွာရွိတဲ့ တံတိုင္းေတြကိုခ်ိတ္ဆက္လိုက္ၿပီးေျမာက္ပိုင္းႏိုင္ငံေတြဆီကရန္သူ႔က်ဴးေက်ာ္မႈေတြကိုတားဆီးဖို႔ တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ဟန္မင္းဆက္ကာလမွာလည္းအင္ပါယာေတြကကုန္သြယ္ေရးပိုးလမ္းမကိုေစာင့္ေရွာက္ကာကြယ္ႏိုင္ဖို႔ရာအတြက္ မဟာတံတိုင္းႀကီးကိုထပ္မံခ်ဲ႕ထြင္တည္ေဆာက္ လာခဲ့ၾကရာကေနယေန႔ျမင္ေတြ႕ရသလိုမ်ဳိးတရုတ္ႏိုင္ငံအေနာက္ပိုင္းထိေရာက္ရွိခဲ့တာျဖစ္ပါတယ္။

    မဟာတံတိုင္းကိုဘယ္လိုတည္ေဆာက္ခဲ့ၾကတာလဲ ….ဆိုတာကို ဒုတိယပိုင်းမှာ ဆက်လက်တင်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ပေးပါဦနော်။



    ရန္သူ႔က်ဴးေက်ာ္မႈနဲ႔ ကုန္သြယ္ေရးပိုးလမ္းမကိုကာကြယ္ဖို႔ မဟာတံတိုင္းႀကီးကိုတည္ေဆာက္ခဲ့ၾကပါတယ္။

    Download eBook version as a FREE!

    လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်


      ads

      ထိုင်းနိုင်ငံရဲ့ ကမ္ဘာကျော်အထင်ကရ အလည်အပတ်နေရာတစ်ခုအဖြစ် Mahanakorn SkyWalk ပေါ်ထွက်လာခဲ့ပါပြီ။ ရင်သပ်ရှုမောဖွယ်ရာ မြို့ပြကောင်းကင်အနားသတ်မျဉ်းရဲ့မြင်ကွင်းကို ခံစားမြင်တွေ့နိုင်မယ့်ဒီနေရာလေးက King Power Mahanakhonအဆောက်အအုံရဲ့ ထိပ်ဆုံးမှာ တည်ရှိတာဖြစ်ပါတယ်။ ရှုမောမဆုံးနိုင်တဲ့ ဘန်ကောင်မြို့တခွင်ရဲ့ အလှတရားကို မြင်တွေ့ရမယ့် ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးခေါင်မိုးထပ်ကို တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
      ပြည်တွင်းပြည်ပကဧည့်သည်တွေ စိတ်ဝင်စားနေကြတဲ့ ဒီSkywalkရဲ့ အဓိကဆွဲဆောင်မှုက တော့ မြေပြင်ကနေ အမြင့်ပေ ၁၀၁၇ပေမှာ တည်ရှိနေတဲ့ ရှုမျှော်ခင်းကြည့်နေရာပဲဖြစ်ပါတယ်။ ခေါင် မိုးထပ်မှာ တည်ရှိနေတဲ့ ဒီနေရာလေးကနေ ဘန်ကောက်မြို့ရှုခင်းတွေကို ၃၆၀ဒီဂရီ မြင်တွေ့ခံစားရ မှာဖြစ်ပါတယ်။ ကြမ်းခင်းအကျယ်အဝန်းက ၆၃စတုရန်းမီတာရှိပြီး ကမ္ဘာ့အကြီးဆုံးမှန်ခင်းရှုမျှော်ခင်း ကြည့်နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်လာခဲ့ပါပြီ။
      Mahanakhon SkyWalk ကို လာလည်မယ်ဆိုရင်

      • ပထမထပ်။ ။ ပင်မဝင်ပေါက်နဲ့ Mahanakhon SkyWalk လက်မှတ်ကောင်တာကို ဧည့် သည်တွေရောက်လာတာနဲ့ ဧည့်ခန်းမဆောင်ကြီးက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနေမှာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့ပုံစံ ဒီဂျစ်တယ်လျှောက်လမ်းကနေ ဝင်လာမယ်ဆိုရင် ဓာတ်လှေကားရှိရာ ခန်းမနေရာကို ရှောရှောရှူရှူ ရောက်ရှိလာမှာဖြစ်ပါတယ်။ ဒီနေရာကနေ ထိုင်းနိုင်ငံမှာ အလျင်မြန်ဆုံးဆိုတဲ့ ဓာတ်လှေကားကို စီးနင်းခံစားကြည့်နိုင်ပါတယ်။ ဒီဓာတ် လှေကားက ၇၄ထပ်ဆီ စက္ကန့် ၅၀အတွင်း ရောက်ရှိသွားမှာဖြစ်ပါတယ်။
      • ၇၄ထပ်။ ။ အတွင်းပိုင်းရှုမျှော်ခင်းကြည့်အလွှာကနေ ဘန်ကောက်မြို့ပတ်ပတ်လည်က အထင်ကရနေရာတွေရဲ့ ၃၆၀ဒီဂရီ မြင်ကွင်းကျယ်ရှုခင်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဂျစ်တယ်နည်းပညာနဲ့ချိတ်ဆက်အသုံးပြုတဲ့ ပြတင်းမှန်တွေ၊ Animationပုံရိပ်တု AR မျက်နှာပြင်တွေလည်းပါရှိပြီး ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးစာတိုက်ပုံးကနေ ကိုယ့်ရဲ့အချစ်ဆုံးတွေ ဆီ ပို့စကတ်တွေ အပေးအယူလုပ်ရတဲ့ ထူးခြားဆန်းသစ်တဲ့အတွေ့အကြုံကို ခံစားနိုင်မှာ ဖြစ် ပါတယ်။
      • ၇၅ထပ်။ ။ ရှုမျှော်ခင်းကြည့်စင်အောက်က အထပ်ဖြစ်ပြီးသန့်စင်ခန်းတွေရှိကာ မှန်ခန်းဓာတ်လှေကားခန်းဆီလည်း သွားရောက်နိုင်ပါတယ်။
      • ၇၈ထပ်။ ။ ခေါင်မိုးထပ်နဲ့ အပြင်ဘက်ရှုမျှော်ခင်းကြည့်အလွှာမှာ ရင်တွေတဒိန်းဒိန်းခုန်လာ စေမယ့် “The Glass Tray”လို့ခေါ်တဲ့ မှန်ကြမ်းခင်းနေရာလည်း ပါရှိလာခဲ့ပြီး ဒီမှန်ကြမ်းခင်းက မြေပြင်ကနေ ၃၁၀မီတာအမြင့်မှာ တည်ရှိနေတာဖြစ်ပါတယ်။ ကျယ်ဝန်းပြန့်ပြူးတဲ့ရှုမျှော်ခင်း ကြည့်လွှာဖြစ်ပြီး ကမ္ဘာပေါ်မှာအကြီးမားဆုံးမှန်ကြမ်းခင်းတွေထဲကတစ်ခု ဖြစ်လာခဲ့ပါတယ်။ Mahanakhon SkyWalk ကိုသွားရတဲ့ ခံစားချက်က မြေပြင်ကနေ ၃၁၄မီတာမြင့်တဲ့ ဒီမှန် ကြမ်းခင်းနေရာရဲ့ “The Peak”မှာ အထွတ်အထိပ်ရောက်သွားမှာဖြစ်ပါတယ်။ သြချရလောက်ဖွယ် ကျယ်ပြောလှပတဲ့ မြင်ကွင်းကျယ်မြို့အလှကို အချိန်ယူ ရှုမြင်ခံစားလိုက်ကြည့်လိုက်ပါ။ ပြီးရင် ထိုင်းနိုင်ငံ ရဲ့ အမြင့်မားဆုံးခေါင်မိုးထပ်ဘားဆိုင်မှာ အထင်ကရအဖျော်ယမကာတွေနဲ့ မက်မောဖွယ် ကော့တေးတွေကို သုံးဆောင်နိုင်ပါသေးတယ်။


      • BTS Skytrainနဲ့ လာမယ်ဆိုရင် Chong Nonsiဘူတာ ထွက်ပေါက်အမှတ် ၃ ကနေ Mahanakhon SkyWalk ကို လွယ်လင့်တကူ ရောက်ရှိနိုင်ပါတယ်။ Siam BTS Lineနဲ့ကတော့ သုံးဘူတာအကွာလောက်မှာ တည်ရှိပါတယ်။ Skywalkကို နေ့စဉ် နံနက် ၁၀နာရီကနေ ည၁၂နာရီထိ ဖွင့်လှစ်ပြီး နောက်ဆုံးဝင်ခွင့်ပြုချိန်ကိုတော့ ည ၁၁နာရီ လို့ သတ်မှတ်ထားပါတယ်။
      • လက်မှတ်ဝယ်ယူရန်
      • လက်မှတ်အမျိုးအစား။ ။ Mahanakhon SkyWalk
      • ဖော်ပြချက်။ ။ အတွင်းပိုင်းရှုမျှော်ခင်းကြည့်အလွှာ (၇၄ထပ်)
      • လက်မှတ်နှုန်းထား ။ ။ တစ်ဦး ဘတ်၈၅၀။
      • ကလေး (အသက် ၁၂နှစ်အောက်)နှင့်လူကြီး (အသက် ၆၀နှစ်နှင့်အထက်) တစ်ဦး ဘတ် ၂၅၀။

      လက်မှတ်အမျိုးအစား။ ။ Mahanakhon SkyWalk& Rooftop
      ဖော်ပြချက်။ ။ အတွင်းပိုင်းနှင့် အပြင်ဘက်ရှုမျှော်ခင်းကြည့်အလွှာ (၇၄ထပ်နှင့် ၇၈ထပ်)
      လက်မှတ်နှုန်းထား။ ။ တစ်ဦး ဘတ် ၁၀၅၀။
      ကလေး (အသက် ၁၂နှစ်အောက်)နှင့်လူကြီး (အသက် ၆၀နှစ်နှင့်အထက်) တစ်ဦး ဘတ် ၄၅၀။

      သတင်းကောင်းရှိပါတယ်။ ဖွင့်ပွဲအနေနဲ့ အထူးပရိုမိုးရှင်းအစီအစဉ်တွေလည်း ရှိပါတယ်။ ဘတ် ၁၀၅၀တန် Mahanakhon SkyWalk& Rooftopလက်မှတ်ကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်ထိ ဝယ်ယူသူများအတွက် ဘတ် ၇၆၅နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ (*လိုက်နာရမယ့် စည်းကမ်းသတ် မှတ်ချက်တွေရှိပါတယ်။)
      Mahanakhon SkyWalkက “King Power Mahanakhon” projectရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဘန်ကောက်မြို့လယ်၊ နရာဒီဝပ်စ်လမ်းပေါ်မှာ တည်ရှိတဲ့ Mix-use အဆောက်အအုံကြီးလည်း ဖြစ်ပါတယ်။
      ၁။ King Power Duty Free and Retail Shop (ပထမထပ်မှ စတုတ္ထထပ်) ။ ။ Duty Free ကုန်ပ စ္စည်းတွေ၊ ကမ္ဘာ့အဆင့်မီ Brandထုတ်ကုန်တွေ၊ Mahanakhon SkyWalkလက်ဆောင်အရောင်းပြ ခန်းတွေ၊ နိုင်ငံတကာအရည်အသွေးမီ ထိုင်းထုတ်ကုန်တွေနဲ့ ဖန်တီးမှုလက်ရာတွေ၊ နေထိုင်မှုအဆင့်မီ ထုတ်ကုန်ပစ္စည်းအမျိုးမျိုးတွေကို ရောင်းချပေးနေတဲ့ အာရှပစိဖိတ်ရဲ့ ဦးဆောင်စင်တာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
      ၂။ King Power Hotel (ပထမထပ်မှ ၁၈ထပ်)။ ။ အသေးစိတ်အချက်အလက်များကို နောက်တစ် ကြိမ် ထပ်မံကြေညာသွားပါမယ်။
      ၃။ The Ritz-Carlton Residences (၂၃ထပ်မှ ၇၃ထပ်)။ ။ အဆင့်မြင့်နေအိမ်တိုက်ခန်းများ ဖြစ်ပါတယ်။ အဆင့်မြင့်တိုက်ခန်း ၂၀၉ခန်းပါရှိပြီး တစ်ခန်းချင်းစီတိုင်းမှာ အိပ်ခန်း ၂ခန်းကနေ ၅ခန်း၊ အကျယ်အဝန်း ၁၂၅စတုရန်းမီတာကနေ ၈၄၄စတုရန်းမီတာဖြစ်ပါတယ်။ The Ritz-Carlton ကနေ ဝန်ဆောင်မှုတွေ ပံ့ပိုးပေးထားတဲ့ တိုက်ခန်းတွေလည်း ဖြစ်ပါတယ်။
      ၄။ Mahanakhon SkyWalk (ပထမထပ်၊ ၇၄ထပ်၊ ၇၅ထပ် နှင့် ၇၈ထပ်)။ ။ ဘန်ကောက်မြို့ရဲ့ နောက်ဆုံးပေါ် အထင်ကရအလည်အပတ်နေရာဖြစ်တဲ့ Mahanakhon SkyWalk က ထိုင်းနိုင်ငံရဲ့ အမြင့်မားဆုံး ရှုမျှော်ခင်းကြည့်အလွှာဖြစ်ပြီး ဘန်ကောက်မြို့ရဲ့ မြင်ကွင်းကျယ် ၃၆၀ဒီဂရီရှုခင်းအလှ ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ မြေပြင်ကနေ ၃၁၄မီတာအမြင့်မှာ တည်ရှိပြီး ကမ္ဘာ့အကြီးမားဆုံးမှန် ကြမ်းခင်းနေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်လာခဲ့ပါတယ်။ ဒါ့ပြင် ထိုင်းနိုင်ငံရဲ့ အမြင့်မားဆုံး ခေါင် မိုးထပ်ဘားဆိုင် တည်ရှိရာနေရာလည်းဖြစ်ပါတယ်။
      ၅။ Mahanakhon CUBE ။ ။ ဒီနေရာမှာ ဘန်ကောက်မြို့မှာ အကောင်းဆုံးစားသောက်ဖွယ် ရာတွေကို ဝန်ဆောင် မှုပေးနေတာဖြစ်ပြီး Dean & Delucaရဲ့ အထင်ကရစတိုးဆိုင်၊ M Krub၊ Michelin star chefဖြစ်သူ Joël Robuchonရဲ့L’Atelierတို့အပါအဝင် နိုင်ငံတကာဦးဆောင် စား သောက်ဆိုင်တွေ၊ ကော်ဖီဆိုင် တွေနဲ့ Gourmetထုတ်ကုန်တွေလည်း အတူစုစည်းတည်ရှိနေတာ ဖြစ်ပါတယ်။
      ၆။ Mahanakhon Square။ ။ ဘန်ကောက်မြို့လယ် ပြပွဲခင်းကျင်းပြသမှုတွေ၊ ဖျော်ဖြေတင်ဆက် မှုတွေနဲ့ ပွဲအခမ်းအနားတွေအတွက် စတုရန်းမီတာ ၁၀၀၀ကျယ်ဝန်းတဲ့ ရင်ပြင်နေရာဖြစ်ပါတယ်။
      King Power Mahanakhon

      မိုးကုတ္စက္၀ိုင္းေအာက္ကရင္သပ္ရႈေမာဖြယ္ဘန္ေကာက္ၿမိဳ႕အလွကိုအေကာင္းဆံုးခံစားျမင္ေတြ႕ႏိုင္မည့္ေနရာ
      “MAHANAKHON SKYWALK”

      ထိုင္းႏိုင္ငံရဲ႕ ကမၻာေက်ာ္အထင္ကရ အလည္အပတ္ေနရာတစ္ခုအျဖစ္ Mahanakorn SkyWalk ေပၚထြက္လာခဲ့ပါၿပီ။ ရင္သပ္ရႈေမာဖြယ္ရာ ၿမိဳ႕ျပေကာင္းကင္အနားသတ္မ်ဥ္းရဲ႕ျမင္ကြင္းကို ခံစားျမင္ေတြ႕ႏိုင္မယ့္ဒီေနရာေလးက King Power Mahanakhonအေဆာက္အအံုရဲ႕ ထိပ္ဆံုးမွာ တည္ရွိတာျဖစ္ပါတယ္။ ရႈေမာမဆံုးႏိုင္တဲ့ ဘန္ေကာင္ၿမိဳ႕တခြင္ရဲ႕ အလွတရားကို ျမင္ေတြ႕ရမယ့္ ထိုင္းႏိုင္ငံရဲ႕အျမင့္ဆံုးေခါင္မိုးထပ္ကို တရား၀င္ဖြင့္လွစ္လိုက္ၿပီျဖစ္ပါတယ္။
      ျပည္တြင္းျပည္ပကဧည့္သည္ေတြ စိတ္၀င္စားေနၾကတဲ့ ဒီSkywalkရဲ႕ အဓိကဆြဲေဆာင္မႈက ေတာ့ ေျမျပင္ကေန အျမင့္ေပ ၁၀၁၇ေပမွာ တည္ရွိေနတဲ့ ရႈေမွ်ာ္ခင္းၾကည့္ေနရာပဲျဖစ္ပါတယ္။ ေခါင္ မိုးထပ္မွာ တည္ရွိေနတဲ့ ဒီေနရာေလးကေန ဘန္ေကာက္ၿမိဳ႕ရႈခင္းေတြကို ၃၆၀ဒီဂရီ ျမင္ေတြ႕ခံစားရ မွာျဖစ္ပါတယ္။ ၾကမ္းခင္းအက်ယ္အ၀န္းက ၆၃စတုရန္းမီတာရွိၿပီး ကမၻာ့အႀကီးဆံုးမွန္ခင္းရႈေမွ်ာ္ခင္း ၾကည့္ေနရာေတြထဲမွာ တစ္ခုအပါအ၀င္ျဖစ္လာခဲ့ပါၿပီ။
      Mahanakhon SkyWalk ကို လာလည္မယ္ဆိုရင္

      • ပထမထပ္။ ။ ပင္မ၀င္ေပါက္နဲ႔ Mahanakhon SkyWalk လက္မွတ္ေကာင္တာကို ဧည့္ သည္ေတြေရာက္လာတာနဲ႔ ဧည့္ခန္းမေဆာင္ႀကီးက ေႏြးေထြးလႈိက္လွဲစြာ ႀကိဳဆိုေနမွာ ျဖစ္ပါတယ္။ ဘန္ေကာက္ၿမိဳ႕ပံုစံ ဒီဂ်စ္တယ္ေလွ်ာက္လမ္းကေန ၀င္လာမယ္ဆိုရင္ ဓာတ္ေလွကားရွိရာ ခန္းမေနရာကို ေရွာေရွာရွဴရွဴ ေရာက္ရွိလာမွာျဖစ္ပါတယ္။ ဒီေနရာကေန ထိုင္းႏိုင္ငံမွာ အလ်င္ျမန္ဆံုးဆိုတဲ့ ဓာတ္ေလွကားကို စီးနင္းခံစားၾကည့္ႏိုင္ပါတယ္။ ဒီဓာတ္ ေလွကားက ၇၄ထပ္ဆီ စကၠန္႔ ၅၀အတြင္း ေရာက္ရွိသြားမွာျဖစ္ပါတယ္။
      • ၇၄ထပ္။ ။ အတြင္းပိုင္းရႈေမွ်ာ္ခင္းၾကည့္အလႊာကေန ဘန္ေကာက္ၿမိဳ႕ပတ္ပတ္လည္က အထင္ကရေနရာေတြရဲ႕ ၃၆၀ဒီဂရီ ျမင္ကြင္းက်ယ္ရႈခင္းေတြကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ဒီဂ်စ္တယ္နည္းပညာနဲ႔ခ်ိတ္ဆက္အသံုးျပဳတဲ့ ျပတင္းမွန္ေတြ၊ Animationပံုရိပ္တု AR မ်က္ႏွာျပင္ေတြလည္းပါရွိၿပီး ထိုင္းႏိုင္ငံရဲ႕အျမင့္ဆံုးစာတိုက္ပံုးကေန ကိုယ့္ရဲ႕အခ်စ္ဆံုးေတြ ဆီ ပို႔စကတ္ေတြ အေပးအယူလုပ္ရတဲ့ ထူးျခားဆန္းသစ္တဲ့အေတြ႕အႀကံဳကို ခံစားႏိုင္မွာ ျဖစ္ ပါတယ္။
      • ၇၅ထပ္။ ။ ရႈေမွ်ာ္ခင္းၾကည့္စင္ေအာက္က အထပ္ျဖစ္ၿပီးသန္႔စင္ခန္းေတြရွိကာ မွန္ခန္းဓာတ္ေလွကားခန္းဆီလည္း သြားေရာက္ႏိုင္ပါတယ္။
      • ၇၈ထပ္။ ။ ေခါင္မိုးထပ္နဲ႔ အျပင္ဘက္ရႈေမွ်ာ္ခင္းၾကည့္အလႊာမွာ ရင္ေတြတဒိန္းဒိန္းခုန္လာ ေစမယ့္ “The Glass Tray”လို႔ေခၚတဲ့ မွန္ၾကမ္းခင္းေနရာလည္း ပါရွိလာခဲ့ၿပီး ဒီမွန္ၾကမ္းခင္းက ေျမျပင္ကေန ၃၁၀မီတာအျမင့္မွာ တည္ရွိေနတာျဖစ္ပါတယ္။ က်ယ္၀န္းျပန္႔ျပဴးတဲ့ရႈေမွ်ာ္ခင္း ၾကည့္လႊာျဖစ္ၿပီး ကမၻာေပၚမွာအႀကီးမားဆံုးမွန္ၾကမ္းခင္းေတြထဲကတစ္ခု ျဖစ္လာခဲ့ပါတယ္။ Mahanakhon SkyWalk ကိုသြားရတဲ့ ခံစားခ်က္က ေျမျပင္ကေန ၃၁၄မီတာျမင့္တဲ့ ဒီမွန္ ၾကမ္းခင္းေနရာရဲ႕ “The Peak”မွာ အထြတ္အထိပ္ေရာက္သြားမွာျဖစ္ပါတယ္။ ၾသခ်ရေလာက္ဖြယ္ က်ယ္ေျပာလွပတဲ့ ျမင္ကြင္းက်ယ္ၿမိဳ႕အလွကို အခ်ိန္ယူ ရႈျမင္ခံစားလိုက္ၾကည့္လိုက္ပါ။ ၿပီးရင္ ထိုင္းႏိုင္ငံ ရဲ႕ အျမင့္မားဆံုးေခါင္မိုးထပ္ဘားဆိုင္မွာ အထင္ကရအေဖ်ာ္ယမကာေတြနဲ႔ မက္ေမာဖြယ္ ေကာ့ေတးေတြကို သံုးေဆာင္ႏိုင္ပါေသးတယ္။
        Glass Tray မွန္ၾကမ္းခင္းေပၚရပ္ေနသည့္ King Power Mahanakhon၏ စီအီးအို Aiyawatt Srivaddhanaprabha
        The Peak ဆိုသည့္ အထြတ္အထိပ္ေနရာက ျမင္ေနရသည့္ အံ့အားသင့္ဖြယ္ ရႈခင္းအလွမ်ား
        BTS Skytrainနဲ႔ လာမယ္ဆိုရင္ Chong Nonsiဘူတာ ထြက္ေပါက္အမွတ္ ၃ ကေန Mahanakhon SkyWalk ကို လြယ္လင့္တကူ ေရာက္ရွိႏိုင္ပါတယ္။ Siam BTS Lineနဲ႔ကေတာ့ သံုးဘူတာအကြာေလာက္မွာ တည္ရွိပါတယ္။ Skywalkကို ေန႔စဥ္ နံနက္ ၁၀နာရီကေန ည၁၂နာရီထိ ဖြင့္လွစ္ၿပီး ေနာက္ဆံုး၀င္ခြင့္ျပဳခ်ိန္ကိုေတာ့ ည ၁၁နာရီ လို႔ သတ္မွတ္ထားပါတယ္။

      လက္မွတ္၀ယ္ယူရန္
      လက္မွတ္အမ်ဳိးအစား။ ။ Mahanakhon SkyWalk
      ေဖာ္ျပခ်က္။ ။ အတြင္းပိုင္းရႈေမွ်ာ္ခင္းၾကည့္အလႊာ (၇၄ထပ္)
      လက္မွတ္ႏႈန္းထား ။ ။ တစ္ဦး ဘတ္၈၅၀။
      ကေလး (အသက္ ၁၂ႏွစ္ေအာက္)ႏွင့္လူႀကီး (အသက္ ၆၀ႏွစ္ႏွင့္အထက္) တစ္ဦး ဘတ္ ၂၅၀။

      လက္မွတ္အမ်ဳိးအစား။ ။ Mahanakhon SkyWalk& Rooftop
      ေဖာ္ျပခ်က္။ ။ အတြင္းပိုင္းႏွင့္ အျပင္ဘက္ရႈေမွ်ာ္ခင္းၾကည့္အလႊာ (၇၄ထပ္ႏွင့္ ၇၈ထပ္)
      လက္မွတ္ႏႈန္းထား။ ။ တစ္ဦး ဘတ္ ၁၀၅၀။
      ကေလး (အသက္ ၁၂ႏွစ္ေအာက္)ႏွင့္လူႀကီး (အသက္ ၆၀ႏွစ္ႏွင့္အထက္) တစ္ဦး ဘတ္ ၄၅၀။

      သတင္းေကာင္းရွိပါတယ္။ ဖြင့္ပြဲအေနနဲ႔ အထူးပရိုမိုးရွင္းအစီအစဥ္ေတြလည္း ရွိပါတယ္။ ဘတ္ ၁၀၅၀တန္ Mahanakhon SkyWalk& Rooftopလက္မွတ္ကို ၂၀၁၉ခုႏွစ္၊ ဇန္န၀ါရီလ ၃၁ရက္ထိ ၀ယ္ယူသူမ်ားအတြက္ ဘတ္ ၇၆၅နဲ႔ ၀ယ္ယူရရွိႏိုင္မွာျဖစ္ပါတယ္။ (*လိုက္နာရမယ့္ စည္းကမ္းသတ္ မွတ္ခ်က္ေတြရွိပါတယ္။)
      Mahanakhon SkyWalkက “King Power Mahanakhon” projectရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ပါတယ္။ ဘန္ေကာက္ၿမိဳ႕လယ္၊ နရာဒီ၀ပ္စ္လမ္းေပၚမွာ တည္ရွိတဲ့ Mix-use အေဆာက္အအံုႀကီးလည္း ျဖစ္ပါတယ္။
      ၁။ King Power Duty Free and Retail Shop (ပထမထပ္မွ စတုတၳထပ္) ။ ။ Duty Free ကုန္ပ စၥည္းေတြ၊ ကမၻာ့အဆင့္မီ Brandထုတ္ကုန္ေတြ၊ Mahanakhon SkyWalkလက္ေဆာင္အေရာင္းျပ ခန္းေတြ၊ ႏိုင္ငံတကာအရည္အေသြးမီ ထုိင္းထုတ္ကုန္ေတြနဲ႔ ဖန္တီးမႈလက္ရာေတြ၊ ေနထိုင္မႈအဆင့္မီ ထုတ္ကုန္ပစၥည္းအမ်ဳိးမ်ဳိးေတြကို ေရာင္းခ်ေပးေနတဲ့ အာရွပစိဖိတ္ရဲ႕ ဦးေဆာင္စင္တာေတြထဲက တစ္ခုလည္း ျဖစ္ပါတယ္။
      ၂။ King Power Hotel (ပထမထပ္မွ ၁၈ထပ္)။ ။ အေသးစိတ္အခ်က္အလက္မ်ားကို ေနာက္တစ္ ႀကိမ္ ထပ္မံေၾကညာသြားပါမယ္။
      ၃။ The Ritz-Carlton Residences (၂၃ထပ္မွ ၇၃ထပ္)။ ။ အဆင့္ျမင့္ေနအိမ္တိုက္ခန္းမ်ား ျဖစ္ပါတယ္။ အဆင့္ျမင့္တိုက္ခန္း ၂၀၉ခန္းပါရိွၿပီး တစ္ခန္းခ်င္းစီတိုင္းမွာ အိပ္ခန္း ၂ခန္းကေန ၅ခန္း၊ အက်ယ္အ၀န္း ၁၂၅စတုရန္းမီတာကေန ၈၄၄စတုရန္းမီတာျဖစ္ပါတယ္။ The Ritz-Carlton ကေန ၀န္ေဆာင္မႈေတြ ပံ့ပိုးေပးထားတဲ့ တိုက္ခန္းေတြလည္း ျဖစ္ပါတယ္။
      ၄။ Mahanakhon SkyWalk (ပထမထပ္၊ ၇၄ထပ္၊ ၇၅ထပ္ ႏွင့္ ၇၈ထပ္)။ ။ ဘန္ေကာက္ၿမိဳ႕ရဲ႕ ေနာက္ဆံုးေပၚ အထင္ကရအလည္အပတ္ေနရာျဖစ္တဲ့ Mahanakhon SkyWalk က ထိုင္းႏိုင္ငံရဲ႕ အျမင့္မားဆံုး ရႈေမွ်ာ္ခင္းၾကည့္အလႊာျဖစ္ၿပီး ဘန္ေကာက္ၿမိဳ႕ရဲ႕ ျမင္ကြင္းက်ယ္ ၃၆၀ဒီဂရီရႈခင္းအလွ ကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ေျမျပင္ကေန ၃၁၄မီတာအျမင့္မွာ တည္ရွိၿပီး ကမၻာ့အႀကီးမားဆံုးမွန္ ၾကမ္းခင္းေနရာေတြထဲမွာ တစ္ခုအပါအ၀င္ျဖစ္လာခဲ့ပါတယ္။ ဒါ့ျပင္ ထိုင္းႏိုင္ငံရဲ႕ အျမင့္မားဆံုး ေခါင္ မိုးထပ္ဘားဆိုင္ တည္ရွိရာေနရာလည္းျဖစ္ပါတယ္။
      ၅။ Mahanakhon CUBE ။ ။ ဒီေနရာမွာ ဘန္ေကာက္ၿမိဳ႕မွာ အေကာင္းဆံုးစားေသာက္ဖြယ္ ရာေတြကို ၀န္ေဆာင္ မႈေပးေနတာျဖစ္ၿပီး Dean & Delucaရဲ႕ အထင္ကရစတိုးဆိုင္၊ M Krub၊ Michelin star chefျဖစ္သူ Joël Robuchonရဲ႕L’Atelierတို႔အပါအ၀င္ ႏိုင္ငံတကာဦးေဆာင္ စား ေသာက္ဆိုင္ေတြ၊ ေကာ္ဖီဆိုင္ ေတြနဲ႔ Gourmetထုတ္ကုန္ေတြလည္း အတူစုစည္းတည္ရွိေနတာ ျဖစ္ပါတယ္။
      ၆။ Mahanakhon Square။ ။ ဘန္ေကာက္ၿမိဳ႕လယ္ ျပပြဲခင္းက်င္းျပသမႈေတြ၊ ေဖ်ာ္ေျဖတင္ဆက္ မႈေတြနဲ႔ ပြဲအခမ္းအနားေတြအတြက္ စတုရန္းမီတာ ၁၀၀၀က်ယ္၀န္းတဲ့ ရင္ျပင္ေနရာျဖစ္ပါတယ္။
      King Power Mahanakhon

      Download eBook version as a FREE!

      လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်