ဆောင်းပါးများ

ဖုန်းရွှေအဘိဓာန်

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဟိန္းလတ္ မှ
September 14, 2019 နေ့
ဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

Narcissus
ဤပန်းကိုကံကောင်းသော ပန်းဟု မှတ်ယူထားကြသည်။ သူတို့၏အတွင်း အဇ္ဈတ္တတွင် ရွှေ ဓာတ်ပုန်းကွယ် သက်ရောက်နေသည်ဟု ယူဆကြ၏။ ဤပန်းများ၏ ဝင့်ကြွားပွင့်အာလာသော အချိန်တွင် ပုန်းလျှိုးကွယ်လျက်နေသော ကံကောင်းမှုများ ပြန်လည်ပေါ်ထွန်းလာမည်ဟူသော အတိတ်နိမိတ်ကိုဆောင်၏။ အထူးသဖြင့် တရုတ်လူမျိုးများသည် ဤပန်းကို နှစ်သစ်ကူးကာလတွင် စိုက်ပျိုးကြ၏။ နာဆစ်ဆပ်ပန်းကို နွေဦးကာလ၏ သရုပ်သဏ္ဍန်နှင့် ဆက်စပ်မှုရှိမည်ဟုလည်း ယုံကြည်ထားကြ၏။


Natal Charts (ဓါတ်ဇယားများ)
ကြယ်ပျံဖုန်းရွှေနည်းဖြင့် တွက်ချက်စိစစ်သောအခါ ဤဓါတ်ဇယားများကိုသုံးကြ၏။ အိမ်၏အနေအထားကို ရှစ်ပိုင်းခွဲလိုက်ကာ၊ မည်သည့်အစိတ်အပိုင်းတွင် မည်သည့်ကံကြမ္မာဓာတ်ကိန်းဝပ်မည်ကို တွက်ချက်ရ၏။ အိမ်၏ပန္နက်မြေပုံပေါ်တွင်မှုတည်ပြီး ဓါတ်ဇယားကိုရေးဆွဲကာ တွက်ချက်ကြခြင်းဖြစ်၏။


Natural Contours (သဘာဝကွန်တိုများ)
၎င်းသည်မြေမျက်နှာပြင်၏ တောင်ကုန်းများ၊ တောင်တန်းများပေါ်မှုတည်ပြီ နဂါး နေရာ ကျားနေရာသတ်မှတ်ခြင်းကို ခေါ်ဆို၏။ သဘာဝမြေအနေအထား၏ ပုံစံနှင့်မြေအနိမ်အမြင်တို့၏သဘာဝအနေအထားကိုကြည့်ရှုရ၏။ မြေဟုဆိုသော်လည်း လူတို့ဆောက်လုပ်သော အဆောက်အဦးကိုပါ မူတည်တွက်ချက်ရ၏။


Nien Yen (နိအင်ယင်း)
မိသားစုအတွင်း အဆင်ပြေသာယာပျော်ရွှင်မှု၊ ကံကြမ္မာ၊ ချစ်ခြင်းမေတ္တာနှင့် အိမ်ထောင်ရေးတို့ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင် လာသော အရပ်မျက်နှာအနေအထားဖြစ်၏။ ကွနံပါတ်တစ်ခုစီနှင့် လျော်ညီစွာ မင်္ဂလာရှိသောအရပ်မျက်နှာလေးခုထဲမှ တစ်ခုပင်ဖြစ်၏။


Noise (ဆူညံသံ)
ယန်းစွမ်းအင်ကိုမြှင့်တင်အားတိုးစေသည်မှာ ဆူညံသံပင်ဖြစ်၏။ နွေဦးပေါက်ရာသီ၏အဦးအစနှင့် နှစ်သစ်ကူးကနဦးကာလတွင် လူတို့သည် ဗျောက်အိုးများ၊ ဆူညံစွာဖောက်ကာ ယခင်နှစ်မှ လက်ကျန်မကောင်းဆိုးရွားများကို မောင်းထုတ်တတ်သောဓလေ့ထုံးစံရှိ၏။ အိမ်ထဲသို့ ယန်စွမ်းအင်တိုးပွားစေရန်လည်း အိမ်ထဲ၌ ဗျောက်အိုးပုံစံအတုတွေချိတ်ထားတာလည်းရှိ၏။ နှစ်သစ်ကူးကာလတွင် ဆူညံသံများ၊ သံပုံး တီးမှုများပြုလုပ်ကာမကောင်းသောဓာတ်များကို မောင်းနှင်ပစ်သည့်သဘောဖြစ်၏။ အသုံးမပြုပဲ ပစ်ထားသည်မှာ ကြာပြီဖြစ်သောအခန်းပို၊ အခန်းလွတ်များထဲသို့လည်းမကြာခဏဆူညံသံတစ်ခုခုပြုခြင်းအားဖြင့် မကောင်းသောဓာတ်များကိုနှင်ထုတ်နိုင်၏။


North (မြောက်အရပ်)
မြောက်အရပ်သည် ရေဓာတ်ဖြစ်ပြီး သင်္ကေတသတ္တဝါကလိပ်ဖြစ်၏။ မြောက်အရပ်ကိုအင်အားတိုးပွားစေရန် ရေဓာတ်များများ ဖြည့်ဆည်းပေးရမည်။ ရေတံခွန်၊ ရေပန်း၊ ရေကန်စသည့်တို့ရှိရမည်။ ထိုသို့အစစ်အမှန်မထားလျှင်မူ ရေပါသောပန်းချီကားကိုချိတ်ဆွဲခြင်း အားဖြင့် ဓာတ်များကို ဟန်ချက်ညီအောင်ညှိရ၏။
Northeast (အရှေ့မြောက်)
ဤအရပ်မျက်နှာက မြေကြီးဓာတ်၏ နေရာဖြစ်၏။ ပညာရေးနှင့် ပညာသင်ဆုတို့နှင့် ပတ်သက်သည်။ ထိုဓာတ်နှင့်ဆိုင်သော ပစ္စည်းများကိုထားရှိခြင်းဖြင့် စွမ်းအားမြှင့်တင်ပေးရ၏။
Northwest (အနောက်မြောက်)
ချိယင်တြိရေခါစိုးမိုးသောနေရာဖြစ်၏။ အိမ်တစ်ခုတွင် အရေးကြီးဆုံးနေရာဖြစ်သည်။ ဤနေရာသည် ဖခင်နေရာ(သို့) အိမ်ထောင်ဦးစီးနေရာဖြစ်၏။ ထို့ကြောင့်အိမ်တစ်လုံးတွင် အနောက်မြောက်ဖက်ခြမ်းကို အမြဲရှင်သန်နေအောင် ကောင်းစွာဖန်တီးရမည်။ဤနေရာသည် သတ္တုနေရာဖြစ်၏။ ထို့ကြောင့် ဤနေရာတွင် မြေကြီး(သို့) သတ္တုပစ္စည်းများထားပေးရမည်။ ဤနေရာတွင် မီးဓာတ်မများစေရ။ ထို့ကြောင့်လိုအပ်သည်ထက်ပိုမိုစွာ မီးချောင်း၊ မီးလုံးများမထွန်းရ။ မီးက သတ္တုကို ချေဖျက်ဝါးမျိုတက်မည့် သဘောရှိ၏။
Numbersျ (ကိန်းဂဏန်းများ)
ကိန်းဂဏန်း(၁)မှ (၉)အထိသည်ကောင်းကျိုးလည်းပေးနိုင်သကဲ့သို့ ဆိုးကျိုးလည်းပေးနိုင်၏။ ဖုန်းရွှေပညာအရ ကိန်းဂဏန်းများသည် ကံကောင်းမှု၊ ကံဆိုးမှုများနှင့် ဆက်စပ်နေတတ်၏။ ကိန်းဂဏန်းအပေါ် တရုတ်သံဖြင့် အခေါ်အဝေါ်ကိုလိုက်ပြီ နိမိတ်ဆောင်၍ရ၏။ (၃)နှင့် (၈) ဂဏန်းကိုအကောင်းဟုခေါ်ဆိုနိုင်ပြီ (၄)ဂဏန်းကိုမူရှောင်ရ၏။ ကြယ်ပျံ ဖုန်းရွှေနည်းအရ(၅)နှင့် (၂)ကိုမကြိုက်ပဲ။ (၁) (၆) (၈)တို့ကိုမူအကောင်းဆုံး ဟုသဘောထား၏။ နံပါတ်(၉)ကိုမှု ယေဘုယျအားဖြင့် သတင်းဆုံးဟုသတ်မှတ်ထားကြ၏။

Zawgyi ျဖင့္ဖတ္ရန္

ဖုန္းေရႊအဘိဓာန္

Narcissus

          ဤပန္းကိုကံေကာင္းေသာ ပန္းဟု မွတ္ယူထားၾကသည္။ သူတို့၏အတြင္း အဇ်ၨတြၱတြင္ဓ ေရႊ ဓာတ္ပုန္းကြယ္ သက္ေရာက္ေနသည္ဟု ယူဆၾက၏။ ဤပန္းမ်ား၏ ၀င္႕ႂကြားပြင္႕အာလာေသာ အခ်ိန္တြင္ ပုန္းလွ်ိဳးကြယ္လ်က္ေနေသာ ကံေကာင္းမႈမ်ား ျပန္လည္ေပၚထြန္းလာမည္ဟူေသာ အတိတ္နိမိတ္ကိုေဆာင္၏။ အထူးသျဖင့္ တရုတ္လူမ်ိဳးမ်ားသည္ ဤပန္းကို ႏွစ္သစ္ကူးကာလတြင္ စိုက္ပ်ိဳးၾက၏။ ဓနာဆစ္ဆပ္ဓပန္းကို ေႏြဦးကာလ၏ သရုပ္သ႑န္ႏွင္႕ ဆက္စပ္မႈရွိမည္ဟုလည္း ယံုၾကည္ထားၾက၏။

Natal Charts (ဓါတ္ဇယားမ်ား)

          ၾကယ္ပ်ံဖုန္းေရႊနည္းျဖင္႕ တြက္ခ်က္စိစစ္ေသာအခါ ဤဓါတ္ဇယားမ်ားကိုသံုးၾက၏။ အိမ္၏အေနအထားကို ရွစ္ပိုင္းခြဲလိုက္ကာ၊ မည္သည္႕အစိတ္အပိုင္းတြင္ မည္သည္႕ကံၾကမ္ၼာဓာတ္ကိန္း၀ပ္မည္ကို တြက္ခ်က္ရ၏။ အိမ္၏ပႏၷက္ေျမပံုေပၚတြင္မႈတည္ၿပီ ဓါတ္ဇယားကိုေရးဆြဲကာ တြက္ခ်က္ၾကျခင္းျဖစ္၏္။

Natural Contours (သဘာ၀ကြန္တိုမ်ား)

          ၄င္းသည္ေျမမ်က္ႏွာျပင္၏ ေတာင္ကုန္းမ်ား၊ ေတာင္တန္းမ်ားေပၚမႈတည္ၿပီ နဂါး ေနရာ က်ား ေနရာသတ္မွတ္ျခင္းကို ေခၚဆို၏။ သဘာ၀ေျမအေနအထား၏ ပံုစံႏွင္႕ေျမအနိမ္အျမင္တို့၏သဘာ၀အေနအထားကိုၾကည္႕ရႈရ၏။ ေျမဟုဆိုေသာ္လည္း လူတို့ေဆာက္လုပ္ေသာ အေဆာက္အဦးကိုပါ မႈတည္တြက္ခ်က္ရ၏။

Nien Yen (နိအင္ယင္း)

          မိသားစုအတြင္း အဆင္ေျပသာယာေပ်ာ္ရႊင္မႈ၊ ကံၾကမ္ၼာ၊ ခ်စ္ျခင္းေမတ္ၲာႏွင္႕ အိမ္ေထာင္ေရးတို့ကို ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္ လာေသာ အရပ္မ်က္ႏွာအေနအထားျဖစ္၏။ ဓကြဓနံပါတ္တစ္ခုစီႏွင့္ ေလ်ာ္ညီစြာ မဂၤလာရွိေသာအရပ္မ်က္ႏွာေလးခုထဲမွ တစ္ခုပင္ျဖစ္၏။

Noise (ဆူညံသံ)

          ယန္းစြမ္းအင္ကိုျမႇင္႕တင္အားတိုးေစသည္မွာ ဆူညံသံပင္ျဖစ္၏။ ေႏြဦးေပါက္ရာသီ၏အဦးအစႏွင္႕ ႏွစ္သစ္ကူးကနဦးကာလတြင္ လူတို့သည္ ေဗ်ာက္အိုးမ်ား၊ ဆူညံစြာေဖာက္ကာ ယခင္ႏွစ္မွ လက္က်န္မေကာင္းဆိုးရြားမ်ားကို ေမာင္းထုတ္တတ္ေသာဓေလ႕ထံုးစံရွိ၏။ အိမ္ထဲသို့ ယန္စြမ္းအင္တိုးပြားေစရန္လည္း အိမ္ထဲ၌ ေဗ်ာက္အိုးပံုစံအတုေတြခ်ိတ္ထားတာလည္းရွိ၏။ ႏွစ္သစ္ကူးကာလတြင္ ဆူညံသံမ်ား၊ သံပံုး တီးမႈမ်ားျပဳလုုပ္ကာမေကာင္းေသာဓာတ္မ်ားကို ေမာင္းႏွင္ပစ္သည္႕သေဘာျဖစ္၏။ အသံုးမျပဳပဲ ပစ္ထားသည္မွာ ၾကာၿပီျဖစ္ေသာအခန္းပို၊ အခန္းလြတ္မ်ားထဲသို့လည္းမၾကာခဏဆူညံသံတစ္ခုခုျပဳျခင္းအားျဖင္႕ မေကာင္းေသာဓာတ္မ်ားကိုႏွင္ထုတ္ႏိုင္၏။

North (ေျမာက္အရပ္)

          ေျမာက္အရပ္သည္ ေရဓာတ္ျဖစ္ၿပီး သေကၤတသတၱ၀ါကလိပ္ျဖစ္၏။ ေျမာက္အရပ္ကိုအင္အားတိုးပြားေစရန္ ေရဓာတ္မ်ားမ်ား ျဖည္႕ဆည္းေပးရမည္။ ေရတံခြန္၊ ေရပန္း၊ ေရကန္စသည္႕တို့ရွိရမည္။ ထိုသို့အစစ္အမွန္မထားလွ်င္မူ ေရပါေသာပန္ခ်ီကားကိုခ်ိတ္ဆြဲျခင္း အားျဖင္႕ ဓာတ္မ်ားကို ဟန္ခ်က္ညီေအာင္ညိွရ၏။

Northeast (အေရွ႔ေျမာက္)

          ဤအရပ္မ်က္ႏွာက ေျမႀကီးဓာတ္၏ ေနရာျဖစ္၏။ ပညာေရးႏွင္႕ ပညာသင္ဆုတို့ႏွင္႕ ပတ္သက္သည္။ ထိုဓာတ္ႏွင္႕ဆိုင္ေသာ ပစၥည္းမ်ားကိုထားရွိျခင္းျဖင႕္ စြမ္းအားျမွင္႕တင္ေပးရ၏။

Northwest (အေနာက္ေျမာက္)

          ခ်ိယင္ႀတိေရခါဓစိုးမိုးေသာေနရာျဖစ္၏။ အိမ္တစ္ခုတြင္ အေရးႀကီးဆံုးေနရာျဖစ္သည္။ ဤေနရာသည္ ဖခင္ေနရာ(သို့) အိမ္ေထာင္ဦးစီးေနရာျဖစ္၏။ ထို့ေၾကာင္႕အိမ္တစ္လံုးတြင္ အေနာက္ေျမာက္ဖက္ျခမ္းကို အၿမဲရွင္သန္ေနေအာင္ ေကာင္းစြာဖန္တီးရမည္။ဤေနရာသည္ ဓသတ္ၱဳဓေနရာျဖစ္၏။ ထို့ေၾကာင္႕ ဤေနရာတြင္ ေျမႀကီး(သ့ို) သတ္ၱဳပစ္ၥည္းမ်ားထားေပးရမည္။ ဤေနရာတြင္ မီးဓာတ္မမ်ားေစရ။ ထို့ေၾကာင႕္လိုအပ္သည္ထက္ပိုမိုစြာ မီးေခ်ာင္း၊ မီးလံုးမ်ားမထြန္းရ။ မီးက သတ္ၲဳကို ေခ်ဖ်က္၀ါးမ်ိဳတက္မည္႕ သေဘာရွိ၏။

Numbers် (ကိန္းဂဏန္းမ်ား)

          ကိန္းဂဏန္း(၁)မွ (၉)အထိသည္ေကာင္းက်ိဳးလည္းေပးႏိုင္သကဲ႕သို့ ဆိုးက်ိဳးလည္းေပးႏိုင္၏။ ဖုန္းေရႊပညာအရ ကိန္းဂဏန္းမ်ားသည္ ကံေကာင္းမႈ၊ ကံဆိုးမႈမ်ားႏွင္႕ ဆက္စပ္ေနတတ္၏။ ကိန္းဂဏန္းအေပၚ တရုတ္သံျဖင္႕ အေခၚအေ၀ၚကိုလိုက္ၿပီ နိမိတ္ေဆာင္၍ရ၏။ (၃)ႏွင္႕ (၈) ဂဏန္းကိုအေကာင္းဟုေခၚဆိုႏိုင္ၿပီ (၄)ဂဏန္းကိုမူေရွာင္ရ၏။ ဓၾကယ္ပ်ံဓ ဖုန္းေရႊနည္းအရ(၅)ႏွင္႕ (၂)ကိုမႀကိဳက္ပဲ။ (၁) (၆) (၈)တို့ကိုမူအေကာင္းဆံုး ဟုသေဘာထား၏။ နံပါတ္(၉)ကိုမႈ ေယဘုယ်အားျဖင္႕ သတင္းဆံုးဟုသတ္မွတ္ထားၾက၏။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Home page 7044 viewed
  • Welcome to Home & Decor 4845 viewed
  • ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home 3155 viewed
  • အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း 2780 viewed
  • လမ္းဦးတိုက္မွာ ေနသူေတြ ခ်မ္းသာၾကပါေစ 2679 viewed

ထမင်းစားပွဲမှာဘယ်လိုထိုင်ခုံတွေထားမလဲ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
September 10, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ထမင်းစားပွဲကိုကိုယ့်စိတ်ကြိုက်အပြည့်စုံဆုံးပုံစံကိုရွေးချယ်ပြီးသွားပြီဆိုရင် နောက်တစ်ဆင့်ကတော့ ထမင်းစားပွဲနဲ့ မှန်ကန်လိုက်ဖက်တဲ့ထိုင်ခုံတွေကိုရွေးချယ်ဖို့လိုအပ်လာပါပြီ။
ယနေ့ခေတ်စားနေတဲ့ထမင်းစားပွဲပုံစံတွေထဲမှာဘဲဥပုံစံမျိုးခပ်ရှည်ရှည်စားပွဲပုံစံတွေလည်းလူကြိုက်များလာပါ တယ်။ထမင်းစားပွဲနဲ့လိုက်ဖက်ညီတဲ့ အရောင်နဲ့အသုံးပြုထားတဲ့ကုန်ကြမ်းထည်တူအတွဲလိုက်ပြုလုပ်ထားတဲ့ Dining Suite တွေလည်းရှိလာခဲ့ပါပြီ။
ယခုတစ်ခါမှာတော့ ထမင်းစားပွဲခုံမှာအတွင်းပိုင်းဒီဇိုင်းပြင်ဆင်မှုတွေ ပိုပြီးပေါင်းထည့်ထားတဲ့ ဒီဇိုင်းမျိုးလေးရှာဖွေဖို့ စိတ်ကူးထားပါတယ်။ ထမင်းစားမှာထိုင်ခုံတွေကိုပုံစံတူမထားဘဲထိုင်ခုံတန်းရှည်နဲ့ တစ်ယောက်ထိုင်ခုံတွေ ရောနှောထားရှိတဲ့အပြင်အဆင်မျိုးလေးကတမူထူးခြားဆန်းသစ်တဲ့ဒီဇိုင်းဖြစ်လာခဲ့ပါတယ်။


ထမင်းစားပွဲထိုင်ခုံရွေးချယ်ဖို့အကြံပြုချက်များ
ထမင်းစားပွဲနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ထိုင်ခုံတွေကို ရွေးချယ်ဝယ်ယူပါ။ ထိုင်ခုံအမြင့်က စားပွဲအမြင့်နဲ့ အံဝင်ခွင်ကျဖြစ် မယ့်ဒီဇိုင်းဖြစ်ဖို့လိုအပ်ပြီးထမင်းစားပွဲမှာထိုင်ခုံတွေအားလုံးမတရားအတင်းစွတ်ထိုးထည့်ထားရတဲ့အနေအထားမဖြစ်ဖို့ လိုပါတယ်။ စားပွဲနဲ့ထိုင်ခုံကိုသီးခြားစီဝယ်ယူတဲ့အခါ စားပွဲရဲ့အတိုင်းအတာနဲ့ ထိုင်ခုံအတိုင်းအတာကို ကြိုတိုင်းထားပြီးချင့်တွက်ကာဝယ်ယူသင့်ပါတယ်။Posh Home Holding Pte Ltd
မှန်ကန်တဲ့အတိုင်းအတာတွက်ချက်မှု
ထမင်းစားပွဲမှာထိုင်ခုံတစ်ခုံအကျယ်ကအနည်းဆုံး ၄၃စင်တီမီတာရှိသင့်ပြီး၅၅စင်တီမီတာနဲ့အထက်ကျယ်တဲ့ ထိုင်ခုံမျိုးတွေထားလို့ဆံ့မယ်ဆိုရင်တော့ အတော်လေးချောင်ချိသက်သာစွာစားသောက်လို့ရမယ့်အတိုင်းအတာဖြစ်ပါ တယ်။
ထိုင်ခုံတွေက ကြမ်းပြင်ကနေ ၄၀ကနေ ၄၅စင်တီမီတာအမြင့်ထိရှိသင့်ပြီးစားပွဲမျက်နှာပြင်နဲ့ ထိုင်ခုံအခင်းကြားနေရာကွာဟမှုက ၃၀ စင်တီမီတာရှိနေမယ်ဆိုရင် ထိုင်ပြီးစားသုံးမယ်သူတွေအတွက် သက်သောင့်သက်သာရှိစေမှာပါ။


လက်တန်းပါတဲ့ထမင်းစားပွဲထိုင်ခုံတွေကလက်တန်းမပါတဲ့ထိုင်ခုံတွေအတွက်တော့ နေရာပိုယူပါတယ်။ ဒီလိုထိုင်ခုံမျိုးကိုစတုဂံပုံစားပွဲတွေရဲ့ထိပ်ပိုင်းမှာနေရာချလေ့ရှိကြပါတယ်။ သက်ကြီးရွယ်အိုရှိတဲ့ မိသားစုမျိုးဆိုရင် ဒီလိုလက်တန်းပါတဲ့ထိုင်ခုံမျိုးရွေးချယ်သင့်ပြီးလူကြီးတွေထိုင်ခုံမှ အထိုင်အထလုပ်ရလွယ်ကူစေပါတယ်။
ဂန္ထဝင်ဆန်တဲ့ထိုင်ခုံတွေက ခေတ်နောက်ကျသွားတာမျိုးမရှိပါဘူး။ မော်ဒန်ကျခေတ်မီတဲ့ဒီဇိုင်းနဲ့ထိုင်ခုံတွေကလည်းရှင်းလင်းပေါ့ပါးတဲ့အသွင်ဖြစ်စေပါတယ်။ ပုံမှာပါတဲ့အတိုင်း ဂန္ထဝင်ဆန်တဲ့ထိုင်ခုံမျိုးနဲ့ ခေတ်မီမော်ဒန်ထိုင်ခုံတွေကိုအတူရောပြီးထားရှိမယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး။

မော်ဒန်ပလတ်စတစ်ထိုင်ခုံဒီဇိုင်းတွေထဲမှာဒီပုံစံဒီဇိုင်းမျိုးကလူကြိုက်များတဲ့ဒီဇိုင်းပဲဖြစ်ပါတယ်။ ဒီဇိုင်းထိုင်ခုံတွေ ထဲမှာပုံစံကွဲလေးတွေရှိတတ်ကြပေမယ့် ခပ်သေးသေးစားပွဲမှာရော၊ ကြီးမားကျယ်ပြန့်တဲ့စားပွဲမှာပါ လိုက်ဖက်တင့်တယ်တဲ့ ခုံပုံစံဖြစ်ပါတယ်။ ထိုင်ခုံခြေထောက်မှာသစ်သားခြေထောက်ပုံမျိုးရှိသလိုစတီးလ်ခြေထောက်ပုံစံတွေနဲ့လည်းမူကွဲပုံစံတွေ ရှိကြပါတယ်။

ထမင်းစားပွဲမှာထားတဲ့ထိုင်ခုံကိုအိမ်ရဲ့အခြားနေရာတွေမှာလည်းထားရှိအသုံးပြုလို့ရတယ်ဆိုတာကိုမမေ့ပါနဲ့နော်။ဆိုဖာထိုင်ခင်းပါတဲ့အလွတ်ထိုင်ခုံတစ်ခုံချင်းစီကိုစာဖတ်စားပွဲမှာဖြစ်စေ၊ အလှပြင်ခုံမှာဖြစ်စေထားရှိအသုံးပြုလို့ရပါသေးတယ်။

ထမင်းစားပွဲကထိုင်ခုံတွေကိုနံရံကပ်စားပွဲတွေမှာသုံးပြီးအလုပ်စားပွဲနေရာအဖြစ်လည်းအသွင်ပြောင်းအသုံးပြု လို့ရပါတယ်။
ကလေးတွေရှိတဲ့အိမ်မှာဆိုရင်တော့ ကျယ်ကျယ်ပြန့်ပြန့်ရှိပြီးအကြမ်းခံတဲ့သားရေထိုင်ခုံခင်းသို့မဟုတ် PVC ထိုင်ခုံခင်းထိုင်ခုံမျိုးတွေအသုံးပြုသင့်ပါတယ်။
သစ်သားထိုင်ခုံတွေကတော့ ရွေးချယ်မှုအများဆုံးထိုင်ခုံပုံစံတွေဖြစ်ပါတယ်။ ထိုင်ခုံတစ်ခုလုံးအစအဆုံးသစ်သားနဲ့ပြုလုပ်ထားတဲ့ထိုင်ခုံတွေရှိသလိုသတ္တုထိုင်ခုံခြေထောက်ပါတဲ့ ဒီဇိုင်းသစ်သားထိုင်ခုံတွေအထိရွေးချယ်နိုင်ပါတယ်။

ထိုင်ခုံတန်းရှည်တွေကထမင်းစားခန်းကျဉ်းတဲ့အိမ်မျိုးတွေမှာပိုပြီးအဆင်ပြေစေပါတယ်။ ထိုင်ခုံတွေတစ်လုံးချင်းစီထက် ထိုင်ခုံတန်းရှည်မှာကပိုပြီးလူများများထိုင်လို့ဆံ့ပြီးသပ်ရပ်သန့်ရှင်းတဲ့အသွင်မျိုးဖြစ်စေပါတယ်။ SPACE Singapore
ဒီထိုင်ခုံတွေကတော့ အမေရိကန်ရေငုပ်သင်္ဘောတွေမှာအသုံးပြုဖို့အတွက် ဒီဇိုင်းဖန်တီးထားတဲ့ထိုင်ခုံတွေဖြစ်ပြီးတစ်သက်တာကြာရှည်ခံဖို့အာမခံတဲ့ ထိုင်ခုံတွေဖြစ်ပါတယ်။ အချိန်ကြာကြာစားသုံးကြတာမျိုးမရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေမှာအသုံးပြုများတဲ့ ထိုင်ခုံပုံစံမျိုးဖြစ်ပါတယ်။

သတ္တုထည်နဲ့လုပ်ထားတဲ့ထိုင်ခုံတွေထဲမှာမှ ပိုပြီးသက်သောင့်သက်သာရှိတဲ့ထိုင်ခုံမျိုးရှာဖွေနေတယ်ဆိုရင်တော့ ဒီပုံမှာပြထားတဲ့ သတ္တုနန်းကြိုးမျှင်တွေနဲ့ရက်လုပ်ထားတဲ့ ထိုင်ခုံမှာထိုင်ခင်းတပ်ဆင်ထားတဲ့ခုံပုံစံမျိုးလေးရွေးချယ်အသုံး ပြုကြည့်ပါ။ XTRA
နာမည်ကျော်လူကြိုက်များတဲ့ ဥခွံပိုင်းပုံစံထိုင်ခုံဖြစ်ပြီးပလတ်စတစ်ထိုင်ခုံအဖြစ် ပုံလောင်းထုတ်လုပ်ထားကာသက်သောင့်သက်သာရှိလှတဲ့ထိုင်ခုံအဖြစ် လူကြိုက်များပါတယ်။ 

Zawgyi ျဖင့္ဖတ္ရန္

ထမင္းစားပြဲမွာဘယ္လိုထိုင္ခံုေတြထားမလဲ

ထမင္းစားပြဲကိုကိုယ့္စိတ္ႀကိဳက္အျပည့္စံုဆံုးပံုစံကိုေရြးခ်ယ္ၿပီးသြားၿပီဆိုရင္ ေနာက္တစ္ဆင့္ကေတာ့ ထမင္းစားပြဲနဲ႔ မွန္ကန္လိုက္ဖက္တဲ့ထိုင္ခံုေတြကိုေရြးခ်ယ္ဖို႔လိုအပ္လာပါၿပီ။

            ယေန႔ေခတ္စားေနတဲ့ထမင္းစားပြဲပံုစံေတြထဲမွာဘဲဥပံုစံမ်ဳိးခပ္ရွည္ရွည္စားပြဲပံုစံေတြလည္းလူႀကိဳက္မ်ားလာပါ တယ္။ထမင္းစားပြဲနဲ႔လိုက္ဖက္ညီတဲ့ အေရာင္နဲ႔အသံုးျပဳထားတဲ့ကုန္ၾကမ္းထည္တူအတြဲလိုက္ျပဳလုပ္ထားတဲ့ Dining Suite ေတြလည္းရွိလာခဲ့ပါၿပီ။

            ယခုတစ္ခါမွာေတာ့ ထမင္းစားပြဲခံုမွာအတြင္းပိုင္းဒီဇိုင္းျပင္ဆင္မႈေတြ ပိုၿပီးေပါင္းထည့္ထားတဲ့ ဒီဇိုင္းမ်ဳိးေလးရွာေဖြဖို႔ စိတ္ကူးထားပါတယ္။ ထမင္းစားမွာထိုင္ခံုေတြကိုပံုစံတူမထားဘဲထိုင္ခံုတန္းရွည္နဲ႔ တစ္ေယာက္ထိုင္ခံုေတြ ေရာေႏွာထားရွိတဲ့အျပင္အဆင္မ်ဳိးေလးကတမူထူးျခားဆန္းသစ္တဲ့ဒီဇိုင္းျဖစ္လာခဲ့ပါတယ္။

ထမင္းစားပြဲထိုင္ခံုေရြးခ်ယ္ဖို႔အႀကံျပဳခ်က္မ်ား

            ထမင္းစားပြဲနဲ႔ အံ၀င္ခြင္က်ျဖစ္တဲ့ ထိုင္ခံုေတြကို ေရြးခ်ယ္၀ယ္ယူပါ။ ထိုင္ခံုအျမင့္က စားပြဲအျမင့္နဲ႔ အံ၀င္ခြင္က်ျဖစ္ မယ့္ဒီဇိုင္းျဖစ္ဖို႔လိုအပ္ၿပီးထမင္းစားပြဲမွာထိုင္ခံုေတြအားလံုးမတရားအတင္းစြတ္ထိုးထည့္ထားရတဲ့အေနအထားမျဖစ္ဖို႔ လိုပါတယ္။ စားပြဲနဲ႔ထိုင္ခံုကိုသီးျခားစီ၀ယ္ယူတဲ့အခါ စားပြဲရဲ႕အတိုင္းအတာနဲ႔ ထိုင္ခံုအတိုင္းအတာကို ႀကိဳတိုင္းထားၿပီးခ်င့္တြက္ကာ၀ယ္ယူသင့္ပါတယ္။Posh Home Holding Pte Ltd

မွန္ကန္တဲ့အတိုင္းအတာတြက္ခ်က္မႈ

          ထမင္းစားပြဲမွာထုိင္ခံုတစ္ခံုအက်ယ္ကအနည္းဆံုး ၄၃စင္တီမီတာရွိသင့္ၿပီး၅၅စင္တီမီတာနဲ႔အထက္က်ယ္တဲ့ ထိုင္ခံုမ်ဳိးေတြထားလို႔ဆံ့မယ္ဆိုရင္ေတာ့ အေတာ္ေလးေခ်ာင္ခ်ိသက္သာစြာစားေသာက္လို႔ရမယ့္အတိုင္းအတာျဖစ္ပါ တယ္။

            ထိုင္ခံုေတြက ၾကမ္းျပင္ကေန ၄၀ကေန ၄၅စင္တီမီတာအျမင့္ထိရွိသင့္ၿပီးစားပြဲမ်က္ႏွာျပင္နဲ႔ ထိုင္ခံုအခင္းၾကားေနရာကြာဟမႈက ၃၀ စင္တီမီတာရွိေနမယ္ဆိုရင္ ထိုင္ၿပီးစားသံုးမယ္သူေတြအတြက္ သက္ေသာင့္သက္သာရွိေစမွာပါ။

            လက္တန္းပါတဲ့ထမင္းစားပြဲထိုင္ခံုေတြကလက္တန္းမပါတဲ့ထိုင္ခံုေတြအတြက္ေတာ့ ေနရာပိုယူပါတယ္။ ဒီလိုထိုင္ခံုမ်ဳိးကိုစတုဂံပံုစားပြဲေတြရဲ႕ထိပ္ပိုင္းမွာေနရာခ်ေလ့ရွိၾကပါတယ္။ သက္ႀကီးရြယ္အိုရွိတဲ့ မိသားစုမ်ဳိးဆိုရင္ ဒီလိုလက္တန္းပါတဲ့ထိုင္ခံုမ်ဳိးေရြးခ်ယ္သင့္ၿပီးလူႀကီးေတြထိုင္ခံုမွ အထိုင္အထလုပ္ရလြယ္ကူေစပါတယ္။

ဂႏၳ၀င္ဆန္တဲ့ထိုင္ခံုေတြက ေခတ္ေနာက္က်သြားတာမ်ဳိးမရွိပါဘူး။ ေမာ္ဒန္က်ေခတ္မီတဲ့ဒီဇိုင္းနဲ႔ထိုင္ခံုေတြကလည္းရွင္းလင္းေပါ့ပါးတဲ့အသြင္ျဖစ္ေစပါတယ္။ ပံုမွာပါတဲ့အတိုင္း ဂႏၳ၀င္ဆန္တဲ့ထိုင္ခံုမ်ဳိးနဲ႔ ေခတ္မီေမာ္ဒန္ထိုင္ခံုေတြကိုအတူေရာၿပီးထားရွိမယ္ဆိုရင္လည္း ျပႆနာမရွိပါဘူး။

            ေမာ္ဒန္ပလတ္စတစ္ထိုင္ခံုဒီဇိုင္းေတြထဲမွာဒီပံုစံဒီဇိုင္းမ်ဳိးကလူႀကိဳက္မ်ားတဲ့ဒီဇိုင္းပဲျဖစ္ပါတယ္။ ဒီဇိုင္းထိုင္ခံုေတြ ထဲမွာပံုစံကြဲေလးေတြရွိတတ္ၾကေပမယ့္ ခပ္ေသးေသးစားပြဲမွာေရာ၊ ႀကီးမားက်ယ္ျပန္႔တဲ့စားပြဲမွာပါ လိုက္ဖက္တင့္တယ္တဲ့ ခံုပံုစံျဖစ္ပါတယ္။ ထိုင္ခံုေျခေထာက္မွာသစ္သားေျခေထာက္ပံုမ်ဳိးရွိသလိုစတီးလ္ေျခေထာက္ပံုစံေတြနဲ႔လည္းမူကြဲပံုစံေတြ ရွိၾကပါတယ္။

ထမင္းစားပြဲမွာထားတဲ့ထိုင္ခံုကိုအိမ္ရဲ႕အျခားေနရာေတြမွာလည္းထားရွိအသံုးျပဳလို႔ရတယ္ဆိုတာကိုမေမ့ပါနဲ႔ေနာ္။ဆိုဖာထိုင္ခင္းပါတဲ့အလြတ္ထိုင္ခံုတစ္ခံုခ်င္းစီကိုစာဖတ္စားပြဲမွာျဖစ္ေစ၊ အလွျပင္ခံုမွာျဖစ္ေစထားရွိအသံုးျပဳလုိ႔ရပါေသးတယ္။

            ထမင္းစားပြဲကထိုင္ခံုေတြကိုနံရံကပ္စားပြဲေတြမွာသံုးၿပီးအလုပ္စားပြဲေနရာအျဖစ္လည္းအသြင္ေျပာင္းအသံုးျပဳ လို႔ရပါတယ္။

            ကေလးေတြရွိတဲ့အိမ္မွာဆိုရင္ေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔ရွိၿပီးအၾကမ္းခံတဲ့သားေရထိုင္ခံုခင္းသို႔မဟုတ္ PVC ထိုင္ခံုခင္းထိုင္ခံုမ်ဳိးေတြအသံုးျပဳသင့္ပါတယ္။

            သစ္သားထိုင္ခံုေတြကေတာ့ ေရြးခ်ယ္မႈအမ်ားဆံုးထိုင္ခံုပံုစံေတြျဖစ္ပါတယ္။ ထိုင္ခံုတစ္ခုလံုးအစအဆံုးသစ္သားနဲ႔ျပဳလုပ္ထားတဲ့ထိုင္ခံုေတြရွိသလိုသတၱဳထိုင္ခံုေျခေထာက္ပါတဲ့ ဒီဇိုင္းသစ္သားထိုင္ခံုေတြအထိေရြးခ်ယ္ႏိုင္ပါတယ္။

ထိုင္ခံုတန္းရွည္ေတြကထမင္းစားခန္းက်ဥ္းတဲ့အိမ္မ်ဳိးေတြမွာပိုၿပီးအဆင္ေျပေစပါတယ္။ ထိုင္ခံုေတြတစ္လံုးခ်င္းစီထက္ ထိုင္ခံုတန္းရွည္မွာကပိုၿပီးလူမ်ားမ်ားထိုင္လို႔ဆံ့ၿပီးသပ္ရပ္သန္႔ရွင္းတဲ့အသြင္မ်ဳိးျဖစ္ေစပါတယ္။ SPACE Singapore

            ဒီထိုင္ခံုေတြကေတာ့ အေမရိကန္ေရငုပ္သေဘၤာေတြမွာအသံုးျပဳဖို႔အတြက္ ဒီဇိုင္းဖန္တီးထားတဲ့ထိုင္ခံုေတြျဖစ္ၿပီးတစ္သက္တာၾကာရွည္ခံဖို႔အာမခံတဲ့ ထိုင္ခံုေတြျဖစ္ပါတယ္။ အခ်ိန္ၾကာၾကာစားသံုးၾကတာမ်ဳိးမရွိတဲ့ စီးပြားေရးလုပ္ငန္းေတြ၊ ကုမၸဏီေတြမွာအသံုးျပဳမ်ားတဲ့ ထိုင္ခံုပံုစံမ်ဳိးျဖစ္ပါတယ္။

            သတၱဳထည္နဲ႔လုပ္ထားတဲ့ထိုင္ခံုေတြထဲမွာမွ ပိုၿပီးသက္ေသာင့္သက္သာရွိတဲ့ထိုင္ခံုမ်ဳိးရွာေဖြေနတယ္ဆိုရင္ေတာ့ ဒီပံုမွာျပထားတဲ့ သတၱဳနန္းႀကိဳးမွ်င္ေတြနဲ႔ရက္လုပ္ထားတဲ့ ထိုင္ခံုမွာထိုင္ခင္းတပ္ဆင္ထားတဲ့ခံုပံုစံမ်ဳိးေလးေရြးခ်ယ္အသံုး ျပဳၾကည့္ပါ။ XTRA             နာမည္ေက်ာ္လူႀကိဳက္မ်ားတဲ့ ဥခြံပိုင္းပံုစံထိုင္ခံုျဖစ္ၿပီးပလတ္စတစ္ထိုင္ခံုအျဖစ္ ပံုေလာင္းထုတ္လုပ္ထားကာသက္ေသာင့္သက္သာရွိလွတဲ့ထိုင္ခံုအျဖစ္ လူႀကိဳက္မ်ားပါတယ္။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Home page 7044 viewed
  • Welcome to Home & Decor 4845 viewed
  • ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home 3155 viewed
  • အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း 2780 viewed
  • လမ္းဦးတိုက္မွာ ေနသူေတြ ခ်မ္းသာၾကပါေစ 2679 viewed

ads

သင့်အိမ်ကို ပြန်ပြင်တော့မယ်လို့လည်းဆုံးဖြတ်ထားပြီ၊ မှန်မှန်ကန်ကန်နဲ့စနစ်တကျလည်း ပြုပြင်သွားမယ်လို့ဆုံးဖြတ်ထားပြီဆိုရင် အိမ်ပြုပြင်ရင်းနဲ့ကိုမှ မမျှော်လင့်ထားတဲ့အခက်အခဲမျိုးတွေရှိလာတတ်တဲ့အကြောင်းတစွန်းတစကြားဖူးကြမယ်ထင်ပါတယ်။ဒီလိုဖြစ်လေ့ဖြစ်ထရှိတဲ့အခက်အခဲတွေအားလုံးဘာတစ်ခုမှမှ သင့်မှာဖြစ်လာမှာမဟုတ်ဘူးလို့ သင်ထင်နေမယ်။ မှန်ကန်စနစ်ကျတဲ့ ကြို တင်ကာကွယ်နည်းတွေနဲ့သာစနစ်တကျလုပ်သွားမယ်ဆိုရင် ဒီလိုပြဿနာတွေဘာတစ်ခုမှ ကြုံရလိမ့် မှာမဟုတ်ဘူးလို့ သင်ထင်ထားတယ်ပေါ့။
တခါတရံမှာကိုယ်ကဒီတိုင်းမဖြစ်လိုလို့ အသေအချာရှောင်ပြီးလုပ်ခါမှ ရလဒ်ထွက်လာတဲ့အခါ ဒီလိုပုံစံအတိုင်းပဲပိုပြီးတော့တောင်တူသွားတတ်တာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ အိမ်ပြုပြင်တဲ့အခါ ကိုယ် မလိုလားတဲ့ရလဒ်မျိုးတွေ၊ စိတ်ပျက်စရာကောင်းတဲ့ရလဒ်ဆိုးမျိုးတွေထွက်မလာအောင် ထိရောက်စွာရှောင်ရှားလုပ်ဆောင်ရမယ့် ၁၁ချက်ကိုဖော်ပြပေးသွားမှာဖြစ်ပြီးဒီအချက်တွေကိုသတိပြုဆင်ခြင်ပေးခြင်းဖြင့်ကိုယ်လိုချင်တဲ့ပုံစံအတိုင်း လုံးဝအတိအကျနီးပါးမှန်ကန်တဲ့ ရလဒ်ကောင်းထွက်လာစေမှာဖြစ်ပါတယ်။


၁။ ငွေကိုကိုင်ထားမယ်
ပထမတော့ ဒါကသိပ်မှန်တဲ့အစီအစဉ်လို့ ထင်နေပါလိမ့်မယ်။ ငွေကိုအပြီးသတ်ပေးချေလိုက်တာနဲ့ ကန်ထရိုက်တာကအလုပ်ကိုပြီးစီးတဲ့အထိလုပ်တော့မှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့သင်ကငွေကိုအပြီးမချေဘဲကိုင်ထားဦးမယ်၊ ဒါမှမဟုတ် ကိုယ့်လက်ထဲငွေကိုင်ထားတာမလို့ ကန်ထရိုက်တာကိုကိုယ့်စိတ်တိုင်းကျမဟုတ်မချင်းလုပ်ခိုင်းနိုင်ဦးမယ်လို့ထင်နေမယ်ဆိုရင်တော့ ဒီအတွေးတွေကသိပ်ကိုမှားပါတယ်။ ကန်ထရိုက်တာကအသုံးစရိတ်အားလုံးမှာတန်ဖိုးတွေထပ်တင်ထားလိုက်ပြီးပရောဂျက်ကိုအပြည့်အဝမလုပ်ဘဲလည်း ချန်ထားခဲ့လို့ ရပါတယ်။နောက်ဆုံးတစ်ခုခုထပ်ပြင်စရာလေးရှိလာစေဦးတော့ ကန်ထရိုက်တာနဲ့ ငြင်းရခုန်ရ၊ ပြောရဆိုရပြန်ပါပြီ။ ပြီးတော့ သင့်အနေနဲ့ ငွေကိုရာနှုန်းပိုတိုးယူပြီးကိုင်ထားမယ်ဆိုပြန်ရင်လည်းသူ့အတွက် အသုံးစရိတ်တွေမထေမိနိုင်တာကြောင့် လုပ်ရကိုင်ရကျပ်ပြီးပရောဂျက်အပြီးသတ်နိုင်ဖို့ရာအချိန်တွေ ပိုပြီးကြန့်ကြာသွားနိုင်ပါတယ်။
၂။ ပစ္စည်းတွေကိုကိုယ့်ဘာသာကိုယ်ပဲဝယ်မယ်
ဈေးအတန်ဆုံးနဲ့ရနိုင်အောင် ကိုယ်တိုင်ပဲပတ်ရှာပြီး ဝယ်မယ်ပေါ့။ မလုပ်ပါနဲ့။ သင့်ကန်ထရိုက်တာကကုန်ပစ္စည်းတွေကိုလျှော့ဈေးနဲ့ရနေနိုင်ပြီးဒီလျှော့ဈေးအပေါ်မှာမှ သင့်အတွက်လည်းအကျိုးအမြတ်ရှိစေဖို့ အဆင်ပြေဆုံးဖြစ်အောင် ညှိနှိုင်းစည်းရုံးတာအကောင်းဆုံးပါ။ ကိုယ်တိုင်သွားဝယ်တာက ကန်ထရိုက်တာနဲ့အတူသွားဝယ်တာမျိုးထက်ပိုပြီးကုန်ကျစရိတ်များနေတတ်ပါတယ်။ ဒါ့ပြင်မှာပြီးပစ္စည်းမရောက်လာတာမျိုးတွေ၊ ရောက်လာတော့လည်းလွဲနေတာမျိုးတွေရှိပြန်တဲ့အခါ ကန်ထရိုက်တာနဲ့လည်းအဆင်မပြေဖြစ်ရတတ်ပြီးအချိန်တွေထပ်ကြာသွားပြီးပရောဂျက်အပြီးသတ်ဖို့ နောက်ကျသွားရပြန်ကာအရှုပ်ထုပ်တွေတပုံတပင်ကြီးနဲ့ သံသရာထပ်လည်နေရဦးမှာဖြစ်ပါတယ်။


၃။ အစကတည်းကပရောဂျက်တစ်ခုလုံးကိုမစီစဉ်ထားဘူး
မီးဖိုချောင်ထဲမှာသုံးမယ် ကြွေပြားတွေကိုခုချက်ချင်းတစ်ခါတည်းရွေးချယ်ဆုံးဖြတ်ထားစရာမလိုဘဲနောင်ခါကျမှ ကိုယ်ကြိုက်တာကိုလွတ်လွတ်လပ်လပ် ရွေးလိုက်တော့မယ်လို့ သင်တွေးထားပါလိမ့်မယ်။ နှစ်လလောက်ကြာပြီးတဲ့အခါသင့်ကန်ထရိုက်တာကအစကသဘောတူထားတဲ့အတိုင်းပဲလုပ်လိုက်ပြီးခါကျမှ သင့် စိတ်ကြိုက်ဖြစ်မနေတဲ့အခါသင့်အနေနဲ့လည်း ပြုပြင်ရင်းတန်းလန်းနဲ့မှ စိတ်ဖိစီးရပြီးမတတ်သာလို့ သင့်ရာကိုပဲမျက်စိစုံမှိတ်လို့အောင့်သက်သက်နဲ့ ရွေးချယ်လိုက်ရတာမျိုးတွေ ကြုံရနိုင်ပါတယ်။
၄။ အသုံးပြုမယ့်ပစ္စည်းအသေးစိတ်ကိုအစောကတည်းကကြိုမပြောထားဘူး
ပရောဂျက်တစ်ခုကိုအလျင်စလိုလုပ်ကြရတဲ့အခါ အစောကတည်းကအသေးစိတ်တွေ ကြိုပြောမထားမိလို့နောက်မှထပ်ပြောလည်းရပါတယ်လို့ သင်ထင်ကောင်းထင်နေပါလိမ့်မယ်။ တကယ်လို့ သင့်အနေနဲ့ အလောကြီးနေတာကြောင့် မီးဖိုစားပွဲတွေနဲ့ မီးလုံးအပြင်အဆင်တွေလောက်ကိုတော့ အချိန်ကုန်ခံပြောမနေတော့ဘူးလို့ ထင်ထားမယ်ဆိုရင် မှားပါတယ်။ ကိုယ်အသုံးပြုလိုတဲ့ပစ္စည်းအသေးစိတ်ကိုအချိန်ပိုပေး ပြီးတိတိကျကျ သေသေချာချာဖော်ပြပြောဆိုထားမယ်ဆိုရင် ကန်ထရိုက်တာအနေနဲ့ကလည်းသင်သုံးလိုတဲ့ ပစ္စည်းကဟိုဟာလိုလိုဒီဟာလိုလိုနဲ့ မရေမရာဖြစ်နေစရာမလိုတော့ဘဲလိုတဲ့ပစ္စည်းအမှန်ကိုအတပ်သိထားပြီးရနိုင်တဲ့ဆိုင်ကို တိုက်ရိုက်သွားဝယ်လိုက်ရုံပါပဲ။ အချိန်ပေးပြီးအသေးစိတ်ကြိုပြောထားလေ၊ မရေရာမသေချာတာတွေကြောင့် ကြန့်ကြာနေရချိန်ပိုနည်းသွားလေဖြစ်ပြီးကိုယ့်စိတ်ကြိုက်ပစ္စည်းမှန်လည်းအတိအကျရနိုင်မှာဖြစ်ပါတယ်။


၅။ ကန်ထရိုက်တာကိုပဲလိုက်ရွေးနေပြီးပရောဂျက်ကိုမတွေးထားဘူး

အစပိုင်းမှာလူတိုင်းကဘယ်ကန်ထရိုက်တာကဘာလိုလုပ်ပေးတယ်ဆိုတာကိုပဲအလေးထားပြီးလိုက်ရွေးနေတတ်ကြပါတယ်။ ငါ့အိမ်ကိုဘယ်ကန်ထရိုက်တာကများအကောင်းဆုံးလုပ်ပေးမှာလဲ၊ ဘယ် ကန်ထရိုက်တာကတော့ဖြင့် နာမည်ပိုကြီးလဲ၊ မီးဖိုချောင်အသစ်ပြန်ပြင်ချင်ပေမယ့် ဘယ်လိုပုံစံမျိုးပြင်မလဲသေချာမသိလို့ ဘယ်သူကများမီးဖိုချောင်တွေကိုအထူးတလှယ်ဝန်ဆောင်မှုပေးနေတာလဲဆိုပြီး ကန်ထရိုက် တာတွေကိုပဲအလေးထားပြီးလိုက်ရွေးနေတတ်ကြပါတယ်။ ဒါကမှားပါတယ်။ တကယ်တော့ သင်လိုချင်နေတဲ့ ပရောဂျက်ကဘာလဲဆိုတာသင့်အနေနဲ့ အတိအကျသိနားလည်ထားဖို့ကိုပဲအရင်ဦးဆုံးအာရုံစိုက်ထားသင့်ပါတယ်။ အစကနေအပြီးသတ်ချိန်ထိကိုယ်ရဲ့ပရောဂျက်အတွက် လိုချင်တာတွေကိုသိအောင်လုပ်ထားပြီးချရေးထားပါ။ ပြီးမှကိုယ်ရဲ့ပရောဂျက်ကိုနားအလည်ဆုံးဆိုတဲ့ကန်ထရိုက်တာကိုရှာယူရမှာ ဖြစ်ပါတယ်။ လုပ်ငန်းအပြိုင်ခေါ်တဲ့အခါကျရင်လည်းသင့်မှာလိုချင်နေတဲ့အချက်အလက်တွေနဲ့ပတ်သက်ပြီးရှိထားနှင့်ပြီမို့ ဒါတွေကိုအတတ်နိုင်ဆုံးလိုက်လုပ်ပေးနိုင်မယ့် ကန်ထရိုက်တာကိုပဲအလွယ်တကူချိတ်လိုက်ရုံပါပဲ။ 

၆။ ကန်ထရိုက်တာကို ဝက်ဘ်ဆိုက်ကနေပဲ စိတ်ချလက်ချရွေးလိုက်မယ်
ဘာပဲလိုလို ဝက်ဘ်ဆိုက်တွေကို အားကိုးနေမိရင်းကနေကန်ထရိုက်တာကိုလည်း ဝက်ဘ်ဆိုက်ကနေပဲယုံကြည်စိတ်ချစွာနဲ့ ရွေးလို့ရမယ်လို့ သင်ထင်နေပါတယ်။ ပြုပြင်တဲ့ပရောဂျက်မျိုးအတွက် ဝက်ဘ်ဆိုက်ကနေရွေးချယ်တဲ့အခါ မှားယွင်းသွားတာတွေလည်းတပုံတထောကြီးရှိပါတယ်။ ကန်ထရိုက်တာရွေးတာနဲ့ပတ်သက်ပြီးယခင်ကသူရဲ့လုပ်ဆောင်မှု ကောင်းခဲ့၊ မကောင်းခဲ့ဆိုတာကို ဝက်ဘ်ဆိုက်မှာ သုံးသပ်ထားတာတွေက တကယ်တမ်းတော့ အသုံးမတည့်လှပါဘူး။ ဝက်ဘ်ဆိုက်မှာ ကန်ထရိုက်တာကိုသုံးသပ်ထားတဲ့ Review တွေကကောင်းပဲနေနေ၊ ဆိုးပဲနေနေ၊ ဒါတွေကသင့်အိမ်ရဲ့ပရောဂျက်နဲ့ သက်ဆိုင်မှုမရှိဘူး။Reviewကောင်းကောင်းရထားပေမယ့်လည်းသင့်အိမ်မှာကျ အဆင်မပြေတာမျိုးလည်း ကြုံရနိုင်ပြီးReviewသိပ်မရထားတဲ့သူဆိုရင်တောင် သင့်အိမ်မှာကျ အဆင်ပြေနေတာမျိုးလည်း ကြုံတွေ့ရနိုင်ပါတယ်။
၇။ နှစ်ဦးနှစ်ဖက် ကြိုတင်စာချုပ်ချုပ်ထားတာမျိုးမရှိဘူး
နှစ်ဦးနှစ်ဖက် ကြိုတင်စာချုပ်မချုပ်ထားဘဲလုပ်ငန်းလုပ်ဆောင်တဲ့အခါ အငြင်းပွားမှုဖြစ်လာရရင် နောက်ဆုံးကျ တရားရုံးမှာဦးတိုက်တွေ့ဆုံရတာမျိုးထိ ဖြစ်သွားတတ်ပါတယ်။ ပြီးရင်လည်းအချိန်တွေ၊ ငွေတွေပိုကုန်ရသလိုပိုပြီးငြင်းရခုန်ရ၊ စကားများရတာတွေလည်း ဖြစ်လာတတ်ပါတယ်။


၈။ သင့်ကန်ထရိုက်တာထက် သင်ကပဲပိုသိပိုတတ်နေတယ်လို့ထင်နေတယ်
သင့်ကိုယ်ပိုင်အိမ်မို့ ကန်ထရိုက်တာထက် သင့်အိမ်အကြောင်းကိုသင်ကပဲပိုသိ၊ ပိုနားလည်တယ်လို့ ထင်နေကောင်းထင်ပါလိမ့်မယ်။ဟုတ်ပါတယ်။အားလုံးပြီးစီးသွားရင်တော့ ဒါကသင့်အိမ်ပါပဲ။ ဒီလိုပဲတွေးထားတာအကောင်းဆုံးပါ။ ဘယ်လိုအတတ်ပညာရပ်မျိုးမှာမဆို ကျွမ်းကျင်နားလည်တတ်မြောက်ဖို့ အချိန်တွေအများကြီးပေးဆပ်ရပါတယ်။ ဆောက်လုပ်ရေးပိုင်းနယ်ပယ်မှာလည်း ကျွမ်းကျင်ဖို့ကအချိန်တွေအများကြီးပေးရပါတယ်။ ကန်ထရိုက်တာတွေဆိုတာကလည်းအများကြီးအလေ့အကျင့်ရှိပြီးသား၊ အတွေ့အကြုံရှိကြပြီးသားပါ။ တချို့တွေဆိုရင် အရင်ကပရောဂျက်အကြီးကြီးတွေမှာဆယ်စုနှစ်နဲ့ချီအောင်အတွေ့အကြုံရှိခဲ့ပြီးသားဗိသုကာပညာရှင်တွေ၊ ဆောက်လုပ်ရေးမန်နေဂျာတွေ၊ ပရိဘောဂလက်မှုပညာရှင်တွေ ဖြစ်ကြပါတယ်။ ဒီပုဂ္ဂိုလ်တွေ က သင့်အိမ်အကြောင်းကိုသင်သိနားလည်ထားတာထက် အများကြီးပိုလို့တောင် သိမြင်နားလည်တတ်ကြပါသေးတယ်။
၉။ ပြုပြင်နေရင်းဒီအိမ်ထဲမှာပဲဆက်နေမယ်
အပေါ်ယံသဘောအရတော့ သင့်အနေနဲ့ အပြင်မှာသီးသန့် ယာယီငှားရမ်းနေထိုင်ဖို့မလိုတော့တာကြောင့် ငွေကုန်သက်သာနိုင်ပါတယ်။ ဒါပေမယ့် ပြုပြင်နေချိန်တလျှောက်လုံးသင်ကသင့်အိမ်မှာပဲဆက်နေထိုင်နေတာကြောင့် တစ်နေ့တာအလုပ်ချိန်ပြီးဆုံးတိုင်းအိမ်မှာသင်နေရထိုင်ရအဆင်ပြေစေဖို့ရာအတွက် လုပ် ငန်းသုံးပစ္စည်းတွေကိုဒီအတိုင်းချန်ထားခဲ့လို့မရဘဲ ကန်ထရိုက်တာရဲ့ဝန်ထမ်းတွေက ပြန်ပြီးနေရာတကျ သိမ်းဆည်းပေးနေရပါလိမ့်မယ်။ ဒီတော့ ကန်ထရိုက်တာကသူ့အလုပ်သမားတွေအတွက် လုပ်ခလစာပိုပေးရဖွယ် ရှိနိုင်တာကြောင့် သင့်ကိုစရိတ်ပိုတောင်းလာပါလိမ့်မယ်။


၁၀။ သင့်အိမ်ပြင်တာကသင့်အိမ်နီးချင်းအိမ်ပြင်တာမျိုးအတူတူပဲလို့ထင်နေတယ်
အိမ်တိုင်းအိမ်တိုင်းကကွဲပြားခြားနားကြပါတယ်။ ဟုတ်ကဲ့ အိမ်တိုင်းပါပဲ။ အိမ်တစ်အိမ်ချင်းစီတိုင်းရဲ့ ပြုပြင်ရေးပရောဂျက်တစ်ခုစီတိုင်းကလည်းထူးခြားကွဲပြားကြပါတယ်။ ကန်ထရိုက်တာတစ်ဦးချင်းစီတိုင်းရဲ့ ပရောဂျက်အယူအဆကလည်းထူးခြားကွဲပြားနေတတ်ကြပါတယ်။ ဒီလိုဆိုတော့ ဟိုရှေ့အိမ်ကနဲ့ တစ်ထေရာတည်းတူတဲ့ ပရောဂျက်မျိုးလိုချင်ပါတယ်လို့ သင့်ကန်ထရိုက်တာကိုသွားပြောနေလို့လည်းအချိန်ကုန်သွားရုံပါပဲ။ သင့်အိမ်ကသူ့အိမ်နဲ့ လုံးဝတစ်ထပ်တည်း တူညီလာနိုင်မှာမဟုတ်ဘူး။
၁၁။ခွင့်ပြုချက်ရဖို့ မဖြစ်မနေကြိုးပမ်းစရာမလိုဘူး
ဟုတ်ကဲ့ ခွင့်ပြုချက်တွေရဖို့ကြိုးစားရတာကတကယ့်ကိုပင်ပန်းလှပါတယ်။ ခွင့်ပြုချက်တွေရဖို့ကိုငွေ ကုန်ကြေးကျလည်းများနိုင်ပြီးပရောဂျက်ကလည်းအချိန်ပိုကြာနိုင်ပါတယ်။ ဒါပေမယ့် ခွင့်ပြုချက်မရဘူးဆိုရင် တော့ တကယ့်အန္တရာယ်ဖြစ်သွားနိုင်ပါတယ်။ မြို့တော် သို့မဟုတ် မြို့နယ်အိမ်ရာဌာနကသတ်မှတ်ချက်၊ ခွင့်ပြု ချက်နဲ့ ကိုက်ညီမှုမရှိဘူးဆိုရင် အစားတောင်ပြန်မရဘဲအကုန်ပြန်ဖြို၊ ပြန်ဖြုတ်ဆိုပြီး ဖြစ်သွားနိုင်ပါတယ်။ ဒါဆိုရင် အချိန်ကုန်၊ ငွေကုန်ခံပင်ပန်းထားသမျှတွေ အားလုံးသဲထဲရေသွန်ဖြစ်ကြရမှာပါ။ ဒါကြောင့် သက်ဆိုင်ရာကသတ်မှတ်ချက်အတိုင်းအချိန်ယူလုပ်ဆောင်ပြီးသတ်မှတ်ချက်တွေနဲ့ ကိုက်ညီကြောင်းခွင့်ပြုချက်ရဖို့ အတတ်နိုင်ဆုံးမဖြစ်မနေကြိုးပမ်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ သင့်အိမ်ကိုဈေးကွက်တင်တဲ့အခါကျရင်လည်းတကယ့်ကိုအံ့အားသင့်ဖွယ်ကောင်းလောက်အောင် ရောင်းမထွက်နိုင်တာကိုမလွဲမသွေကြုံတွေ့ ကြရမှာဖြစ်ပါတယ်။

Zawgyi ျဖင့္ဖတ္ရန္

မွန္ကန္သည္ဟုအထင္မွားေနၾကသည့္အိမ္ျပဳျပင္ေရးႀကဳိတင္ကာကြယ္မႈအယူအဆမ်ား

သင့္အိမ္ကို ျပန္ျပင္ေတာ့မယ္လို႔လည္းဆံုးျဖတ္ထားၿပီ၊ မွန္မွန္ကန္ကန္နဲ႔စနစ္တက်လည္း ျပဳျပင္သြားမယ္လို႔ဆံုးျဖတ္ထားၿပီဆိုရင္ အိမ္ျပဳျပင္ရင္းနဲ႔ကိုမွ မေမွ်ာ္လင့္ထားတဲ့အခက္အခဲမ်ဳိးေတြရွိလာတတ္တဲ့အေၾကာင္းတစြန္းတစၾကားဖူးၾကမယ္ထင္ပါတယ္။ဒီလိုျဖစ္ေလ့ျဖစ္ထရွိတဲ့အခက္အခဲေတြအားလံုးဘာတစ္ခုမွမွ သင့္မွာျဖစ္လာမွာမဟုတ္ဘူးလို႔ သင္ထင္ေနမယ္။ မွန္ကန္စနစ္က်တဲ့ ႀကိဳ တင္ကာကြယ္နည္းေတြနဲ႔သာစနစ္တက်လုပ္သြားမယ္ဆိုရင္ ဒီလိုျပႆနာေတြဘာတစ္ခုမွ ႀကံဳရလိမ့္ မွာမဟုတ္ဘူးလို႔ သင္ထင္ထားတယ္ေပါ့။

          တခါတရံမွာကိုယ္ကဒီတိုင္းမျဖစ္လိုလို႔ အေသအခ်ာေရွာင္ၿပီးလုပ္ခါမွ ရလဒ္ထြက္လာတဲ့အခါ ဒီလိုပံုစံအတိုင္းပဲပိုၿပီးေတာ့ေတာင္တူသြားတတ္တာမ်ဳိးေတြလည္း ႀကံဳရတတ္ပါတယ္။ အိမ္ျပဳျပင္တဲ့အခါ ကိုယ္ မလိုလားတဲ့ရလဒ္မ်ဳိးေတြ၊ စိတ္ပ်က္စရာေကာင္းတဲ့ရလဒ္ဆိုးမ်ဳိးေတြထြက္မလာေအာင္ ထိေရာက္စြာေရွာင္ရွားလုပ္ေဆာင္ရမယ့္ ၁၁ခ်က္ကိုေဖာ္ျပေပးသြားမွာျဖစ္ၿပီးဒီအခ်က္ေတြကိုသတိျပဳဆင္ျခင္ေပးျခင္းျဖင့္ကိုယ္လိုခ်င္တဲ့ပံုစံအတိုင္း လံုး၀အတိအက်နီးပါးမွန္ကန္တဲ့ ရလဒ္ေကာင္းထြက္လာေစမွာျဖစ္ပါတယ္။

၁။ ေငြကိုကိုင္ထားမယ္

          ပထမေတာ့ ဒါကသိပ္မွန္တဲ့အစီအစဥ္လို႔ ထင္ေနပါလိမ့္မယ္။ ေငြကိုအၿပီးသတ္ေပးေခ်လိုက္တာနဲ႔ ကန္ထရိုက္တာကအလုပ္ကိုၿပီးစီးတဲ့အထိလုပ္ေတာ့မွာမဟုတ္ဘူးဆိုတဲ့အေတြးနဲ႔သင္ကေငြကိုအၿပီးမေခ်ဘဲကိုင္ထားဦးမယ္၊ ဒါမွမဟုတ္ ကိုယ့္လက္ထဲေငြကိုင္ထားတာမလို႔ ကန္ထရိုက္တာကိုကိုယ့္စိတ္တိုင္းက်မဟုတ္မခ်င္းလုပ္ခိုင္းႏိုင္ဦးမယ္လို႔ထင္ေနမယ္ဆိုရင္ေတာ့ ဒီအေတြးေတြကသိပ္ကိုမွားပါတယ္။ ကန္ထရိုက္တာကအသံုးစရိတ္အားလံုးမွာတန္ဖိုးေတြထပ္တင္ထားလိုက္ၿပီးပေရာဂ်က္ကိုအျပည့္အ၀မလုပ္ဘဲလည္း ခ်န္ထားခဲ့လို႔ ရပါတယ္။ေနာက္ဆံုးတစ္ခုခုထပ္ျပင္စရာေလးရွိလာေစဦးေတာ့ ကန္ထရုိက္တာနဲ႔ ျငင္းရခုန္ရ၊ ေျပာရဆိုရျပန္ပါၿပီ။ ၿပီးေတာ့ သင့္အေနနဲ႔ ေငြကိုရာႏႈန္းပိုတိုးယူၿပီးကိုင္ထားမယ္ဆိုျပန္ရင္လည္းသူ႔အတြက္ အသံုးစရိတ္ေတြမေထမိႏိုင္တာေၾကာင့္ လုပ္ရကိုင္ရက်ပ္ၿပီးပေရာဂ်က္အၿပီးသတ္ႏိုင္ဖို႔ရာအခ်ိန္ေတြ ပိုၿပီးၾကန္႔ၾကာသြားႏိုင္ပါတယ္။

၂။ ပစၥည္းေတြကိုကိုယ့္ဘာသာကိုယ္ပဲ၀ယ္မယ္

          ေစ်းအတန္ဆံုးနဲ႔ရႏိုင္ေအာင္ ကိုယ္တိုင္ပဲပတ္ရွာၿပီး ၀ယ္မယ္ေပါ့။ မလုပ္ပါနဲ႔။ သင့္ကန္ထရိုက္တာကကုန္ပစၥည္းေတြကိုေလွ်ာ့ေစ်းနဲ႔ရေနႏိုင္ၿပီးဒီေလွ်ာ့ေစ်းအေပၚမွာမွ သင့္အတြက္လည္းအက်ဳိးအျမတ္ရွိေစဖို႔ အဆင္ေျပဆံုးျဖစ္ေအာင္ ညွိႏႈိင္းစည္းရံုးတာအေကာင္းဆံုးပါ။ ကိုယ္တိုင္သြား၀ယ္တာက ကန္ထရိုက္တာနဲ႔အတူသြား၀ယ္တာမ်ဳိးထက္ပိုၿပီးကုန္က်စရိတ္မ်ားေနတတ္ပါတယ္။ ဒါ့ျပင္မွာၿပီးပစၥည္းမေရာက္လာတာမ်ဳိးေတြ၊ ေရာက္လာေတာ့လည္းလြဲေနတာမ်ဳိးေတြရွိျပန္တဲ့အခါ ကန္ထရိုက္တာနဲ႔လည္းအဆင္မေျပျဖစ္ရတတ္ၿပီးအခ်ိန္ေတြထပ္ၾကာသြားၿပီးပေရာဂ်က္အၿပီးသတ္ဖို႔ ေနာက္က်သြားရျပန္ကာအရႈပ္ထုပ္ေတြတပံုတပင္ႀကီးနဲ႔ သံသရာထပ္လည္ေနရဦးမွာျဖစ္ပါတယ္။

၃။ အစကတည္းကပေရာဂ်က္တစ္ခုလံုးကိုမစီစဥ္ထားဘူး

          မီးဖိုေခ်ာင္ထဲမွာသံုးမယ္ ေၾကြျပားေတြကိုခုခ်က္ခ်င္းတစ္ခါတည္းေရြးခ်ယ္ဆံုးျဖတ္ထားစရာမလိုဘဲေနာင္ခါက်မွ ကိုယ္ႀကိဳက္တာကိုလြတ္လြတ္လပ္လပ္ ေရြးလိုက္ေတာ့မယ္လို႔ သင္ေတြးထားပါလိမ့္မယ္။ ႏွစ္လေလာက္ၾကာၿပီးတဲ့အခါသင့္ကန္ထရိုက္တာကအစကသေဘာတူထားတဲ့အတိုင္းပဲလုပ္လိုက္ၿပီးခါက်မွ သင့္ စိတ္ႀကိဳက္ျဖစ္မေနတဲ့အခါသင့္အေနနဲ႔လည္း ျပဳျပင္ရင္းတန္းလန္းနဲ႔မွ စိတ္ဖိစီးရၿပီးမတတ္သာလို႔ သင့္ရာကိုပဲမ်က္စိစံုမွိတ္လို႔ေအာင့္သက္သက္နဲ႔ ေရြးခ်ယ္လိုက္ရတာမ်ဳိးေတြ ႀကံဳရႏိုင္ပါတယ္။

၄။ အသံုးျပဳမယ့္ပစၥည္းအေသးစိတ္ကိုအေစာကတည္းကႀကိဳမေျပာထားဘူး

          ပေရာဂ်က္တစ္ခုကိုအလ်င္စလိုလုပ္ၾကရတဲ့အခါ အေစာကတည္းကအေသးစိတ္ေတြ ႀကိဳေျပာမထားမိလို႔ေနာက္မွထပ္ေျပာလည္းရပါတယ္လို႔ သင္ထင္ေကာင္းထင္ေနပါလိမ့္မယ္။ တကယ္လို႔ သင့္အေနနဲ႔ အေလာႀကီးေနတာေၾကာင့္ မီးဖိုစားပြဲေတြနဲ႔ မီးလံုးအျပင္အဆင္ေတြေလာက္ကိုေတာ့ အခ်ိန္ကုန္ခံေျပာမေနေတာ့ဘူးလို႔ ထင္ထားမယ္ဆိုရင္ မွားပါတယ္။ ကိုယ္အသံုးျပဳလိုတဲ့ပစၥည္းအေသးစိတ္ကိုအခ်ိန္ပိုေပး ၿပီးတိတိက်က် ေသေသခ်ာခ်ာေဖာ္ျပေျပာဆိုထားမယ္ဆိုရင္ ကန္ထရိုက္တာအေနနဲ႔ကလည္းသင္သံုးလိုတဲ့ ပစၥည္းကဟိုဟာလိုလိုဒီဟာလိုလိုနဲ႔ မေရမရာျဖစ္ေနစရာမလိုေတာ့ဘဲလိုတဲ့ပစၥည္းအမွန္ကိုအတပ္သိထားၿပီးရႏိုင္တဲ့ဆိုင္ကို တိုက္ရိုက္သြား၀ယ္လိုက္ရံုပါပဲ။ အခ်ိန္ေပးၿပီးအေသးစိတ္ႀကိဳေျပာထားေလ၊ မေရရာမေသခ်ာတာေတြေၾကာင့္ ၾကန္႔ၾကာေနရခ်ိန္ပိုနည္းသြားေလျဖစ္ၿပီးကိုယ့္စိတ္ႀကိဳက္ပစၥည္းမွန္လည္းအတိအက်ရႏိုင္မွာျဖစ္ပါတယ္။

၅။ ကန္ထရိုက္တာကိုပဲလိုက္ေရြးေနၿပီးပေရာဂ်က္ကိုမေတြးထားဘူး


အစပိုင္းမွာလူတိုင္းကဘယ္ကန္ထရိုက္တာကဘာလိုလုပ္ေပးတယ္ဆိုတာကိုပဲအေလးထားၿပီးလိုက္ေရြးေနတတ္ၾကပါတယ္။ ငါ့အိမ္ကိုဘယ္ကန္ထရိုက္တာကမ်ားအေကာင္းဆံုးလုပ္ေပးမွာလဲ၊ ဘယ္ ကန္ထရိုက္တာကေတာ့ျဖင့္ နာမည္ပိုႀကီးလဲ၊ မီးဖိုေခ်ာင္အသစ္ျပန္ျပင္ခ်င္ေပမယ့္ ဘယ္လိုပံုစံမ်ဳိးျပင္မလဲေသခ်ာမသိလို႔ ဘယ္သူကမ်ားမီးဖိုေခ်ာင္ေတြကိုအထူးတလွယ္၀န္ေဆာင္မႈေပးေနတာလဲဆိုၿပီး ကန္ထရိုက္ တာေတြကိုပဲအေလးထားၿပီးလိုက္ေရြးေနတတ္ၾကပါတယ္။ ဒါကမွားပါတယ္။ တကယ္ေတာ့ သင္လိုခ်င္ေနတဲ့ ပေရာဂ်က္ကဘာလဲဆိုတာသင့္အေနနဲ႔ အတိအက်သိနားလည္ထားဖို႔ကိုပဲအရင္ဦးဆံုးအာရံုစိုက္ထားသင့္ပါတယ္။ အစကေနအၿပီးသတ္ခ်ိန္ထိကိုယ္ရဲ႕ပေရာဂ်က္အတြက္ လိုခ်င္တာေတြကိုသိေအာင္လုပ္ထားၿပီးခ်ေရးထားပါ။ ၿပီးမွကိုယ္ရဲ႕ပေရာဂ်က္ကိုနားအလည္ဆံုးဆိုတဲ့ကန္ထရိုက္တာကိုရွာယူရမွာ ျဖစ္ပါတယ္။ လုပ္ငန္းအၿပိဳင္ေခၚတဲ့အခါက်ရင္လည္းသင့္မွာလိုခ်င္ေနတဲ့အခ်က္အလက္ေတြနဲ႔ပတ္သက္ၿပီးရွိထားႏွင့္ၿပီမို႔ ဒါေတြကိုအတတ္ႏိုင္ဆံုးလိုက္လုပ္ေပးႏိုင္မယ့္ ကန္ထရိုက္တာကိုပဲအလြယ္တကူခ်ိတ္လိုက္ရံုပါပဲ။

၆။ ကန္ထရိုက္တာကို ၀က္ဘ္ဆိုက္ကေနပဲ စိတ္ခ်လက္ခ်ေရြးလိုက္မယ္

          ဘာပဲလိုလို ၀က္ဘ္ဆုိက္ေတြကို အားကိုးေနမိရင္းကေနကန္ထရိုက္တာကိုလည္း ၀က္ဘ္ဆိုက္ကေနပဲယံုၾကည္စိတ္ခ်စြာနဲ႔ ေရြးလို႔ရမယ္လို႔ သင္ထင္ေနပါတယ္။ ျပဳျပင္တဲ့ပေရာဂ်က္မ်ဳိးအတြက္ ၀က္ဘ္ဆိုက္ကေနေရြးခ်ယ္တဲ့အခါ မွားယြင္းသြားတာေတြလည္းတပံုတေထာႀကီးရွိပါတယ္။ ကန္ထရိုက္တာေရြးတာနဲ႔ပတ္သက္ၿပီးယခင္ကသူရဲ႕လုပ္ေဆာင္မႈ ေကာင္းခဲ့၊ မေကာင္းခဲ့ဆိုတာကို ၀က္ဘ္ဆိုက္မွာ သံုးသပ္ထားတာေတြက တကယ္တမ္းေတာ့ အသံုးမတည့္လွပါဘူး။ ၀က္ဘ္ဆိုက္မွာ ကန္ထရိုက္တာကိုသံုးသပ္ထားတဲ့ Review ေတြကေကာင္းပဲေနေန၊ ဆိုးပဲေနေန၊ ဒါေတြကသင့္အိမ္ရဲ႕ပေရာဂ်က္နဲ႔ သက္ဆိုင္မႈမရွိဘူး။Reviewေကာင္းေကာင္းရထားေပမယ့္လည္းသင့္အိမ္မွာက် အဆင္မေျပတာမ်ဳိးလည္း ႀကံဳရႏိုင္ၿပီးReviewသိပ္မရထားတဲ့သူဆိုရင္ေတာင္ သင့္အိမ္မွာက် အဆင္ေျပေနတာမ်ဳိးလည္း ႀကံဳေတြ႕ရႏိုင္ပါတယ္။

၇။ ႏွစ္ဦးႏွစ္ဖက္ ႀကိဳတင္စာခ်ဳပ္ခ်ဳပ္ထားတာမ်ဳိးမရွိဘူး

          ႏွစ္ဦးႏွစ္ဖက္ ႀကိဳတင္စာခ်ဳပ္မခ်ဳပ္ထားဘဲလုပ္ငန္းလုပ္ေဆာင္တဲ့အခါ အျငင္းပြားမႈျဖစ္လာရရင္ ေနာက္ဆံုးက် တရားရံုးမွာဦးတိုက္ေတြ႕ဆံုရတာမ်ဳိးထိ ျဖစ္သြားတတ္ပါတယ္။ ၿပီးရင္လည္းအခ်ိန္ေတြ၊ ေငြေတြပိုကုန္ရသလိုပိုၿပီးျငင္းရခုန္ရ၊ စကားမ်ားရတာေတြလည္း ျဖစ္လာတတ္ပါတယ္။

၈။ သင့္ကန္ထရိုက္တာထက္ သင္ကပဲပိုသိပိုတတ္ေနတယ္လို႔ထင္ေနတယ္

          သင့္ကိုယ္ပိုင္အိမ္မို႔ ကန္ထရိုက္တာထက္ သင့္အိမ္အေၾကာင္းကိုသင္ကပဲပိုသိ၊ ပိုနားလည္တယ္လို႔ ထင္ေနေကာင္းထင္ပါလိမ့္မယ္။ဟုတ္ပါတယ္။အားလံုးၿပီးစီးသြားရင္ေတာ့ ဒါကသင့္အိမ္ပါပဲ။ ဒီလိုပဲေတြးထားတာအေကာင္းဆံုးပါ။ ဘယ္လိုအတတ္ပညာရပ္မ်ဳိးမွာမဆို ကၽြမ္းက်င္နားလည္တတ္ေျမာက္ဖို႔ အခ်ိန္ေတြအမ်ားႀကီးေပးဆပ္ရပါတယ္။ ေဆာက္လုပ္ေရးပိုင္းနယ္ပယ္မွာလည္း ကၽြမ္းက်င္ဖို႔ကအခ်ိန္ေတြအမ်ားႀကီးေပးရပါတယ္။ ကန္ထရိုက္တာေတြဆိုတာကလည္းအမ်ားႀကီးအေလ့အက်င့္ရွိၿပီးသား၊ အေတြ႕အႀကံဳရွိၾကၿပီးသားပါ။ တခ်ဳိ႕ေတြဆိုရင္ အရင္ကပေရာဂ်က္အႀကီးႀကီးေတြမွာဆယ္စုႏွစ္နဲ႔ခ်ီေအာင္အေတြ႕အႀကံဳရွိခဲ့ၿပီးသားဗိသုကာပညာရွင္ေတြ၊ ေဆာက္လုပ္ေရးမန္ေနဂ်ာေတြ၊ ပရိေဘာဂလက္မႈပညာရွင္ေတြ ျဖစ္ၾကပါတယ္။ ဒီပုဂၢဳိလ္ေတြ က သင့္အိမ္အေၾကာင္းကိုသင္သိနားလည္ထားတာထက္ အမ်ားႀကီးပိုလို႔ေတာင္ သိျမင္နားလည္တတ္ၾကပါေသးတယ္။

၉။ ျပဳျပင္ေနရင္းဒီအိမ္ထဲမွာပဲဆက္ေနမယ္

          အေပၚယံသေဘာအရေတာ့ သင့္အေနနဲ႔ အျပင္မွာသီးသန္႔ ယာယီငွားရမ္းေနထိုင္ဖို႔မလိုေတာ့တာေၾကာင့္ ေငြကုန္သက္သာႏိုင္ပါတယ္။ ဒါေပမယ့္ ျပဳျပင္ေနခ်ိန္တေလွ်ာက္လံုးသင္ကသင့္အိမ္မွာပဲဆက္ေနထိုင္ေနတာေၾကာင့္ တစ္ေန႔တာအလုပ္ခ်ိန္ၿပီးဆံုးတိုင္းအိမ္မွာသင္ေနရထိုင္ရအဆင္ေျပေစဖို႔ရာအတြက္ လုပ္ ငန္းသံုးပစၥည္းေတြကိုဒီအတိုင္းခ်န္ထားခဲ့လို႔မရဘဲ ကန္ထရိုက္တာရဲ႕၀န္ထမ္းေတြက ျပန္ၿပီးေနရာတက် သိမ္းဆည္းေပးေနရပါလိမ့္မယ္။ ဒီေတာ့ ကန္ထရိုက္တာကသူ႔အလုပ္သမားေတြအတြက္ လုပ္ခလစာပိုေပးရဖြယ္ ရွိႏိုင္တာေၾကာင့္ သင့္ကိုစရိတ္ပိုေတာင္းလာပါလိမ့္မယ္။

၁၀။ သင့္အိမ္ျပင္တာကသင့္အိမ္နီးခ်င္းအိမ္ျပင္တာမ်ဳိးအတူတူပဲလို႔ထင္ေနတယ္

          အိမ္တိုင္းအိမ္တိုင္းကကြဲျပားျခားနားၾကပါတယ္။ ဟုတ္ကဲ့ အိမ္တိုင္းပါပဲ။ အိမ္တစ္အိမ္ခ်င္းစီတိုင္းရဲ႕ ျပဳျပင္ေရးပေရာဂ်က္တစ္ခုစီတိုင္းကလည္းထူးျခားကြဲျပားၾကပါတယ္။ ကန္ထရိုက္တာတစ္ဦးခ်င္းစီတိုင္းရဲ႕ ပေရာဂ်က္အယူအဆကလည္းထူးျခားကြဲျပားေနတတ္ၾကပါတယ္။ ဒီလိုဆိုေတာ့ ဟိုေရွ႕အိမ္ကနဲ႔ တစ္ေထရာတည္းတူတဲ့ ပေရာဂ်က္မ်ဳိးလိုခ်င္ပါတယ္လို႔ သင့္ကန္ထရိုက္တာကိုသြားေျပာေနလို႔လည္းအခ်ိန္ကုန္သြားရံုပါပဲ။ သင့္အိမ္ကသူ႔အိမ္နဲ႔ လံုး၀တစ္ထပ္တည္း တူညီလာႏိုင္မွာမဟုတ္ဘူး။

၁၁။ခြင့္ျပဳခ်က္ရဖို႔ မျဖစ္မေနႀကိဳးပမ္းစရာမလိုဘူး

          ဟုတ္ကဲ့ ခြင့္ျပဳခ်က္ေတြရဖို႔ႀကိဳးစားရတာကတကယ့္ကိုပင္ပန္းလွပါတယ္။ ခြင့္ျပဳခ်က္ေတြရဖို႔ကိုေငြ ကုန္ေၾကးက်လည္းမ်ားႏိုင္ၿပီးပေရာဂ်က္ကလည္းအခ်ိန္ပိုၾကာႏိုင္ပါတယ္။ ဒါေပမယ့္ ခြင့္ျပဳခ်က္မရဘူးဆိုရင္ ေတာ့ တကယ့္အႏၱရာယ္ျဖစ္သြားႏိုင္ပါတယ္။ ၿမိဳ႕ေတာ္ သို႔မဟုတ္ ၿမိဳ႕နယ္အိမ္ရာဌာနကသတ္မွတ္ခ်က္၊ ခြင့္ျပဳ ခ်က္နဲ႔ ကိုက္ညီမႈမရွိဘူးဆိ္ုရင္ အစားေတာင္ျပန္မရဘဲအကုန္ျပန္ၿဖိဳ၊ ျပန္ျဖဳတ္ဆိုၿပီး ျဖစ္သြားႏိုင္ပါတယ္။ ဒါဆိုရင္ အခ်ိန္ကုန္၊ ေငြကုန္ခံပင္ပန္းထားသမွ်ေတြ အားလံုးသဲထဲေရသြန္ျဖစ္ၾကရမွာပါ။ ဒါေၾကာင့္ သက္ဆိုင္ရာကသတ္မွတ္ခ်က္အတိုင္းအခ်ိန္ယူလုပ္ေဆာင္ၿပီးသတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီေၾကာင္းခြင့္ျပဳခ်က္ရဖို႔ အတတ္ႏိုင္ဆံုးမျဖစ္မေနႀကိဳးပမ္းလုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ ဒီလိုမွမဟုတ္ရင္ေတာ့ သင့္အိမ္ကိုေစ်းကြက္တင္တဲ့အခါက်ရင္လည္းတကယ့္ကိုအံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ ေရာင္းမထြက္ႏိုင္တာကိုမလြဲမေသြႀကံဳေတြ႕ ၾကရမွာျဖစ္ပါတယ္။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Home page 7044 viewed
  • Welcome to Home & Decor 4845 viewed
  • ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home 3155 viewed
  • အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း 2780 viewed
  • လမ္းဦးတိုက္မွာ ေနသူေတြ ခ်မ္းသာၾကပါေစ 2679 viewed