ဖုန်းရွှေအဘိဓာန်

၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
ဖေ‌ဖော်ဝါရီ 11, 2021 နေ့
ဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

၂၀၂၁ခုနှစ် တရုတ်ရိုးရာနှစ်သစ်အခါသမယက ဖေဖော်ဝါရီလာ ၁၂ရက်မှာ အစပြုပါတယ်။ ၂၀၂၁ခုနှစ် ကို ကိုယ်စားပြုတဲ့ရာသီခွင်အကောင်ကတော့နွားဖြစ်ပြီး သတ္တုဓာတ်စိုးမိုးပါတယ်။
ကသောင်းကနင်းနိုင်လှတဲ့အခက်အခဲပေါင်းစုံနဲ့ ၂၀၂၀ပြည့်နှစ်ကို လွန်မြောက်ပြီးတာနဲ့ လာမယ့် ၂၀၂၁ ခုနှစ်မှာတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုတွေ ဟန်ချက်ညီစွာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

၂၀၂၀ပြည့်နှစ်ရဲ့ COVID-19 ကပ်ရောဂါဆိုးကြောင့် ထိခိုက်ပြိုလဲမှုတွေ၊ အမျိုးမျိုးသောကျပ်တည်း ရုန်းကန်ရမှုတွေ၊ အထင်အမြင်လွဲမှားမှုတွေနဲ့ အထွေထွေစီးပွားရေးအခက်အခဲတွေကနေ ပြန်လည်ရုန်းထွက် လာနိုင်ပြီး တိုးတက်မှုတွေပြန်လည်တည်ဆောက်နိုင်မယ့်နှစ်ကို ရောက်လာတော့မှာပါ။
တရုတ်ရိုးရာ ၁၂ရာသီခွင်မှာဆိုရင်လည်း နွားနှစ်က ဒုတိယမြောက်နှစ်ဖြစ်ပြီး ကြွက်နှစ်နောက်က လိုက်တဲ့နှစ်ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ရိုးရာဗေဒင်ပညာရှင်တွေကလည်း နွားနှစ်ကို ရာသီခွင်ရဲ့ ၁၂နှစ်တာ စက်ဝန်းအသစ်အစပြုပြီးချိန် ပြန်လည်တည်ဆောက်မှုနှစ်ရဲ့ပိုင်ရှင်လို့လည်း သတ်မှတ်ကြပါတယ်။
၂၀၂၀ပြည့်နှစ်၊ ကြွက်နှစ်မှာတော့ အမေရိကန်၊ တရုတ်၊ ဂျပန်တို့လိုမျိုး အင်အားကြီးနိုင်ငံတွေမှာတောင် ကပ်ရောဂါနဲ့ စီးပွားရေးအကျပ်အတည်းတွေရဲ့ ရိုက်ခတ်မှုဒဏ်ခံခဲ့ရတဲ့အပြင် သဘာဝဘေးအန္တရာယ်တွေလည်း မကြာခဏဆိုသလိုကြုံတွေ့ထားခဲ့ရတဲ့ မှတ်မှတ်ရရနှစ်တစ်နှစ်လို့ဆိုရမှာပါ။ ဒါပေမယ့် အခုရောက်လာမယ့် ၂၀၂၁ခုနှစ် နွားနှစ်ကတော့ စီးပွားရေးလုပ်ငန်းတွေပြန်တည်ဆောက်နိုင်မယ့်နှစ်ဖြစ်သလို အရာခပ်သိမ်းမှာ စိတ် အားတက်ဖွယ်ဖြစ်စေမယ့် နှစ်လည်းဖြစ်ပါတယ်။


နွားနှစ်ထဲမှာ အိမ်ရာတည်ဆောက်ရေးလုပ်ငန်းတွေ၊ အစားအစာရဲ့အရေးပါတဲ့အရင်းအမြစ်ဖြစ်တဲ့ စိုက် ပျိုးရေးလုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်မှုတွေကို ပိုပြီးဖိဖိစီးစီးလုပ်ကိုင်ဆောင် ရွက်သင့်ပါတယ်။ ယင် (Yin) သဘောဆောင်တဲ့နှစ်ဖြစ်ပြီး မိမိကိုယ်ကိုနားလည်မှု၊ အထင်ကြီးလေးစားမှုနဲ့ နွေး ထွေးတဲ့စိတ်ခံစားချက်တို့ ပီပီပြင်ပြင်ရှိနေပါလိမ့်မယ်။ မိမိရဲ့ကိုယ်ပိုင်ဘဝမှာ အချိန်ပိုပြီးနှစ်မြှုပ်ထားသလို မိ သားစုဝင်တွေနဲ့လည်း ဆက်ဆံရေးပိုအားကောင်းစေတဲ့နှစ်လို့လည်း ဆိုနိုင်ပါတယ်။
မိမိရဲ့အတွင်းစိတ်နေစိတ်ထားအတိုင်း အချိတ်အဆက်မိနေမှာဖြစ်သလို လူတွေ၊ အရင်းနှီးဆုံးမိတ်ဆွေ သူငယ်ချင်းတွေရဲ့ တန်ဖိုး၊ ဟန်ချက်ညီမျှမှုနဲ့ ချစ်ခြင်းမေတ္တာတရားတွေကိုလည်း ရှာဖွေတွေ့ရှိကာ အပြန်အလှန် ဆက်ဆံရေးကောင်းမွန်နေမှာဖြစ်ပါတယ်။

နွား (သတ္တု)နှစ်မှာကြုံရမယ့် ကံတရား
မျောက်နှစ်ဖွားတွေအနေနဲ့ကတော့ အရင်နှစ်တွေမှာ သူတို့ရဲ့ကြိုးပမ်းအားထုတ်ထားမှုတွေ၊ ဇွဲလုံ့လ ရှိမှုတွေရဲ့ အသီးအပွင့်တွေကို ဆုအနေနဲ့ရရှိနိုင်မှာဖြစ်သလို အထူးသဖြင့် ငွေရေးကြေးရေးရော၊ ချစ်ရေးချစ်ရာ မေတ္တာရေးမှာပါ အထူးကံပွင့်သူတွေဖြစ်လာပါလိမ့်မယ်။
နွားနဲ့ဆိတ်ကြားက တိုက်ရိုက်အတိုက်အခိုက်ကြောင့် ဆိတ်နှစ်ဖွားတွေအတွက်ကတော့ ကံကောင်းမှု တွေနဲ့ လွဲချော်နေဦးမယ့်နှစ်ဖြစ်ပါတယ်။ အဆိုပါနှစ်ဖွားတွေအတွက်ကတော့ မသေချာမရေရာတဲ့ အခြေအနေ တွေကြုံတွေ့ရဖွယ်ရှိပြီး အိမ်ပြောင်းရွှေ့ရမှု၊ လုပ်ငန်းနေရာပြောင်းရွှေ့ရမှု၊ မတော်တဆထိခိုက်မှုတွေနဲ့ မနှစ်မြို့ ဖွယ်ရာပြောင်းလဲမှုတွေ ကြုံကြိုက်ရဖွယ်ရှိနေတဲ့နှစ်ဖြစ်ပါတယ်။

မိတ်ဖက်ရန်ဖက်
၂၀၂၁ခုနှစ်ရဲ့ မိတ်ဖက်နှစ်ဖွားတွေကတော့ မြွေနှစ်၊ ကြက်နှစ်၊ ကြွက်နှစ်တို့ ဖြစ်ပြီး ရန်ဖက်နှစ်ဖွားတွေကတော့ ဆိတ်နှစ်၊ နဂါးနှစ်၊ မြင်းနှစ်နဲ့ ခွေးနှစ်တို့ဖြစ်ကြပါတယ်။
အရောင်
ဖုန်းရွှေပညာအရ ၂၀၂၁ခုနှစ်ရဲ့ကံပွင့်စေမယ့်အရောင်တွေကတော့ သတ္တုဆန်တဲ့မီးခိုးရောင်နဲ့ ပင်လယ် ပြာရောင်တို့ဖြစ်ပါတယ်။
ကိန်းဂဏန်း
၂၀၂၁ခုနှစ်မှာ လာဘ်ကောင်းစေမယ့် ကိန်းဂဏန်းတွေကတော့ ၅၊ ရ၊ ၁၆၊ ၂၃ နဲ့ ၈၁တို့ ဖြစ်ပါတယ်။

၂၀၂၁ခုနှစ်ရဲ့ သတ္တုဓာတ်လွှမ်းမိုးမှု
သတ္တုဆိုတာက တန်ဖိုးအကြီးမားဆုံးဖုန်းရွှေဒြပ်လည်းဖြစ်ပါတယ်။ ရှေးခေတ်တွေမှာ သတ္တုကို လူချမ်း သာတွေရဲ့အိမ်တွေမှာသာ တွေ့ရှိနိုင်တာဖြစ်ပါတယ်။ ဖုန်းရွှေပညာအရ သတ္တုကလွှမ်းမိုးမှုအင်အားကြီးမားပြီး ကံမကောင်းမှုတွေကို တန်ပြန်ခြေမှုန်းပေးနိုင်ပါတယ်။

မိမိအိမ်ထဲမှာ သတ္တုဖုန်းရွှေဒြပ်ကို ဘယ်လိုရှာဖွေနိုင်မလဲ
တည်ငြိမ်သော မော်ဒန်ခေတ် သို့မဟုတ် ခေတ်ဟောင်းသတ္တုပစ္စည်းများ- လင်ပန်းများ၊ အလှပန်းအိုးများ၊ ဖယောင်းတိုင်ဒေါက်၊ မုန့်ပန်းကန်ပြား၊ သစ်သီးပန်းကန်လုံးနှင့် ရုပ်တုများ။
ရွေ့လျားသတ္တုပစ္စည်းများ- သတ္တုဆည်းလည်း၊ ခေါင်းလောင်း၊ မောင်း၊ တိဘက်သတ္တုပန်းကန်လုံး၊ လည် ပတ်နေသည့်စက်ပစ္စည်းများ။

ဖုန်းရွှေသတ္တုဒြပ်ရှိခြင်းရဲ့ ကောင်းကျိုးတွေက ဘာလဲ

  • သင့်ကို နှစ်ခြိုက်စွာအိပ်ပျော်စေပြီး ကျန်းမာရေးကောင်းစေပါတယ်။
  • လူမှုဆက်ဆံရေး ပိုကောင်းလာစေပါတယ်။
  • ကိုယ်အလေးချိန်လျှော့ချဖို့မှာလည်း ပိုပြီးအောင်မြင်ထိရောက်စေနိုင်ပါတယ်။
  • သားသမီးရတနာရဖို့ အခွင့်အလမ်းပိုကောင်းစေပါတယ်။
  • ငွေကြေးအကုန်အကျများတာတွေနဲ့ ကံဆိုးမှုတွေကို တားဆီးပေးနိုင်ပါတယ်။
  • အနာဂတ်က အလှမ်းဝေးကွာနေတဲ့ ကြွယ်ဝချမ်းသာမှုတွေကို ဆောင်ကြဉ်းပေးလာနိုင်ပါတယ်။
    ဖုန်းရွှေပညာအရ ဧည့်ခန်း၊ ရုံးခန်းနဲ့ အိပ်ခန်းတွေမှာ ပရိဘောဂနဲ့ပစ္စည်းအမျိုးမျိုးကိုနေရာချတဲ့အခါ ကံကောင်းမှုကိုဆောင်ကြဉ်းပေးတဲ့ ကောင်းမွန်တဲ့စွမ်းအင်တွေကို ဆောင်ကြဉ်းပေးနိုင်သလို အထားအသို မမှန်ကန်ခဲ့ရင်းလည်း ကံကောင်းမှုတွေကို ပိတ်ဆို့တားဆီးထားသလိုလည်း ဖြစ်စေနိုင်ပါတယ်။
  • လက်ရှိအချစ်ရေးမေတ္တာရေးကို ရှင်သန်နွေးထွေးစေလိုတဲ့အခါ ဒါမှမဟုတ် ဖူးစာဆုံလိုတဲ့အခါ သင်ရဲ့အိပ်ခန်း ထဲမှာ သေးငယ်လှပတဲ့စင်လေးတစ်ခုပေါ် ဟင်္သာငှက်ရုပ်တွေပါတဲ့ရုပ်တု သို့မဟုတ် ဂျိုးငှက်မောင်နှံရုပ်တုကို ထားရှိပါ။ ပြီးရင် သင်တို့ချစ်သူနှစ်ဦးတွဲရိုက်ထားတဲ့ ဓာတ်ပုံဘောင်လေးတစ်ခုကိုပါတင်ထားပြီး နှင်းဆီပန်းအိုး တစ်အိုးနဲ့ ရနံသင်းဖယောင်းတိုင်တွေထွန်းပေးထားပါ။


  • ကနွှးမာရေးကောငွးလိုတဲ့အခါမှာတော့ အခနွးထောငွ့ခှိုးတစခွုမှာ ဝါးပငထွားရှိပှီး သကရွှညကွနွှးမာမှုရဲ့ပှယုဂွ ဖှစတွဲ့ လိပပွုံစံရုပတွုလေးကို ထားရှိပေးပါ။ ဒါမှမဟုတွ ရောဂါဘယတှနေဲ့ မကောငွးတဲ့စှမွးအငတွှကေို မောငွး ထုတပွေးတယလွို့ဆိုတဲ့ ဘူးသီးပုံရုပတွုလေး ထားပေးပါ။

    ငွေဝင်လာဘ်ရွှင်ချင်တဲ့အခါ၊ အလုပ်အကိုင်တွေတိုးတက်ကြီးပွားလိုတဲ့အခါ သင့်ရုံးခန်း၊ အလုပ်ခန်းရဲ့ထောင့် ချိုးမှာ ခရမ်းစွဲကျောက်နဲ့ပြုလုပ်တဲ့ သစ်ပင်တစ်ခု၊ ပါးစပ်မှာငွေကိုက်ချီထားတဲ့ လိပ်ရုပ် သို့မဟုတ် ရွှေကြက်ဖရုပ် ကို ထားရှိပေးပါ။ သင်ရဲ့အလုပ်စားပွဲပေါ်မှာ သန့်ရှင်းကြည်လင်တဲ့ရေကို ပန်းကန်လုံးတစ်ခုနဲ့ထည့်ပြီး အမြဲ ထားရှိပေးမယ်ဆိုရင်လည်း အည့ံအဖျင်းတွေကိုဖမ်းဆီးပေးထားပြီး သင်ရဲ့လုပ်ကိုင်ကြံဆမှုစွမ်းရည်ကို တိုးတက် ကောင်းမွန်စေပါတယ်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်


၂၀၂၁ မှာ စီးပွားကောင်းစေဖို့

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ မေတန်ခူး မှ
ဒီဇင်ဘာ 20, 2020 နေ့
ဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

၂၀၂၀ ခုနှစ်ဟာ ကမ္ဘာကြီးအတွက် ကံကောင်းတဲ့နှစ်တစ်နှစ် မဖြစ်ခဲ့ပါဘူး။ ကပ်ရောဂါဆိုးကြောင့် မိသားစုဝင်ထဲက ချစ်ရတဲ့သူတွေကို အပြီးအပိုင် စွန့်လွှတ်လိုက်ရတာမျိုးရှိသလို ကလေးငယ်တွေလည်း ကျောင်းပုံမှန်မတက်ရတဲ့ နှစ်တစ်နှစ်လို့ပြောလို့ရပါတယ်။ စီးပွားရေးလုပ်ငန်းအချို့ ရပ်တန့်သွားပြီး အချို့လည်း အလုပ်အကိုင်မဲ့ ဖြစ်တဲ့အထိ ဆိုးရွားစွာ ဒုက္ခရောက်ကြရပါတယ်။ ၂၀၂၀ နှစ်ကုန်မှာ ကိုဗစ်ဗိုင်းရပ်ကာကွယ်ဆေးရရှိလာပြီဖြစ်လို့ စီးပွားရေးလုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ လုပ်ငန်းရှင်တိုင်းဟာ မျှော်လင့်ချက်များနှင့် ကြိုးပမ်းနေကြရပါတယ်။


၂၀၂၁ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်လုပ်ကိုင်နိုင်စေဖို့အတွက် တရုတ်လူမျိုးတို့ရဲ့ ဖုန်းရွှေအယူအဆအရ ဘာတွေကို လုပ်ဆောင်သင့်သလဲဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ယခုပြောပြမယ့် ဖုန်းရွှေအယူအဆများကို ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးကောင်းစေရန် ရုံးခန်းနှင့် နေအိမ်တို့မှာ လုပ်ဆောင်သင့်ပါတယ်။ ကုန်ကျစရိတ်လည်း မများစေဘဲ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ အိမ်ရဲ့ အရှေ့အရပ်မျက်နှာမှာ စတင်အလှဆင်နိုင်ပါတယ်။

  • ဝါးပင်ကို အိမ်အဝင်ဝအနီးမှာသော်လည်းကောင်း အိမ်ထဲမှာဆိုရင်လည်း ၀င်ပေါက်နဲ့ နီးတဲ့နေရာမှာသော်လည်းကောင်း စိုက်ပျိုးထားသင့်ပါတယ်။
  • အိမ်ရဲ့ဧည့်ခန်း (သို့) ရုံးခန်းရဲ့ ဧည့်ခန်းမှာ Lucky bamboo ပင်ငယ်လေးကို ဖန်ပန်းအိုးနဲ့ထိုးပေးပါ။ ရေအနည်းငယ်ပါပါစေ။
  • အိမ် (သို့) ရုံးခန်းရဲ့ ဧည့်ခန်းမှာ အလှပန်းအိုးလေးတွေကို မကြာခဏထိုးပေးပါ။ အမွွှေးနံ့ရှိတဲ့ ပန်းကို အဓိက အသုံးပြုပေးပြီး ရေများများထည့်ပေးပါ။ ရေကြိုက်ပြီး မွွှေးရနံ့ရှိတဲ့ လီလီပန်း၊ နှင်းဆီပန်းလို ပန်းမျိုးဆိုရင် အဆင်ပြေပါလိမ့်မယ်။

    လွယ်ကူပြီး ကုန်ကျစရိတ်လည်း မများတဲ့အတွက် ၂၀၂၁ခုနှစ်အတွက် တရုတ်ရိုးရာ ဖုန်းရွှေဟောကိန်းက သင့်အတွက် လုပ်ဆောင်ဖို့မခက်ခဲဘူးလို့မျှော်လင့်ပါတယ်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်


အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
အောက်တိုဘာ 24, 2020 နေ့
ဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ရှေးနှစ်ပေါင်းများစွာကတည်းက ငါးမွေးမြူခြင်းသည် စီးပွားလာဘ်လာဘကောင်းသည်ဟု ယုံကြည်လာခဲ့ကြပါသည်။ ယနေ့ခေတ်တွင် အလှမွေးငါးမွေးမြူးခြင်းသည် ပိုမိုတွင်ကျယ်လာသည်ဖြစ်ရာ အလှမွေးငါးကန်ကို အိမ်၏မည့်သည့်အရပ်၊ မည်သည့်နေရာတွင်ထားရှိပါက ငွေကြေးနှင့်စီးပွားကောင်းခြင်းကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း Myanmar Home & Decor Magazine မှ ယခုဆောင်းပါးဖြင့် တင်ဆက်ဖော်ပြလိုက်ပါသည်။
ဦးစွာပဏာမရှင်းပြလိုသည်က အလှမွေးငါးကန်များသည်အများအားဖြင့် လှပခြင်းနှင့်အတူ ရေကန်ဖြစ်ခြင်းကြောင့် အေးချမ်းခြင်းကိုပေးစွမ်းပါသည်။ ရေသည် ငွေကံကောင်းခြင်းအတွက် ဖိတ်ခေါ်ပေးသည် ဟု ရှေးခေတ်ဖုန်းရွှေပညာရှင်များက သတ်မှတ်ကြပါသည်။ အလှမွေးငါးကန်ကို အိမ်တွင်ထားရှိသည့်အခါ နေရာမှန်စွာထားရှိတတ်ရန်လိုအပ်ပါသည်။ သို့မှသာ ̏ချိ” ဓာတ်ဖြစ်သော ချမ်းသာခြင်းကို ရရှိနိုင်ပါလိမ့်မည်။

photo credit : Internet

ငါးမွေးကန်များ၏ ဓာတ်သဘောဖွဲ့စည်းမူ
ငါးမွေးကန်များသည် မင်္ဂလာရှိသည့်အတိတ်နှင့်နိမိတ်များကို ဆောင်ကျဉ်းပေးလေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ငါးမွေးကန်တွင်ပါ၀င်သော အရာဝတ္ထုငါးမျိုးကြောင့်ပင် ဖြစ်ပါသည်။ ထိုအရာဝတ္တုငါးမျိုး၏ တစ်ခုတစ်စည်းတည်းပေါင်းစုတည်ရှိနေခြင်းကြောင့် အလှမွေးငါးကန်များသည် အိမ်(သို့)ဆိုင်၏စီးပွားကို တိုးတက်စေခြင်းဖြစ်ပါသည်။ ယင်းတို့မှာ –

(၁) ရေဓာတ်
(၂) သစ်သားဓာတ် (သစ်ပင်ကို သစ်သားဓာတ်အနေဖြင့်မှတ်ယူပါသည်။)
(၃) သတ္တုဓာတ် (ငါးမွေးကန်၏ဘောင်တွင် သံ(သို့) အခြားသတ္ထုတစ်ခုခုရှိပါလိမ့်မည်။)
(၄) မြေဓာတ် (ငါးကန်ထဲရှိ ကျေက်တုံးငယ်လေးများကို ဆိုလိုခြင်းဖြစ်သည်။)
(၅) မီးဓာတ် (အဝါ၊ လိမ္မော်၊ အနီ၊ ရွှေရောင်ကဲ့သို့ ငါးကလေးများကို ဆိုလိုခြင်း ဖြစ်သည်။
 ထို့အပြင် ငါးကန်အတွက် တပ်ဆင်ထားသော မီးအရောင်ကိုလည်း မီးဓာတ်အနေဖြင့် မှတ်ယူနိုင်ပါသည်။)

ငါးကန်မထားသင့်သောနေရာ
အလှမွေးငါးကန်ကို အိပ်ခန်းနှင့် မီးဖိုခန်းတို့တွင်ဘယ်တော့မှ မထားရပါ။ ငါးကန်သည် အိပ်ခန်းနှင့် မီးဖိုခန်းအတွင်းသို့ ၀င်ရောက်လာမည့် ကောင်းသောခွန်အားတို့ကို အဟန့်အတား ဖြစ်စေပါသည်။ တစ်နည်းအားဖြင့် ထိုအခန်းများအတွင်း မလိုအပ်သော ပြဿနာများကို ယူဆောင်လာတတ်ပါသည်။

Photo credit : pinterest


ငါးအမျိုးအစား
Arrowana နှင့် dragon fish (မြန်မာနိုင်ငံတွင် Lucky fish ဟုလူသိများသည်။) တို့ကို လာဘ်ခေါ် ကံကောင်းစေသည်ဟု လူအများစုက ယုံကြည်ကြသည့်အားလျှော်စွာစျေးကြီးသည့်အပြင် အရွယ်အစားပေါ်မူတည်ပြီး သိန်းဆယ်ဂဏန်းအထိပေးဝယ်တတ်ကြပါသည်။ ရွှေငါးနှင့် Flowerhorn အမျိုးအစား ငါတို့သည်လည်း လာဘ်ကောင်းသည့် ငါးမျိုးများဟုမှတ်ယူလေ့ရှိကြပြီး စျေးနှုန်းမှာလည်း သင့်တင့်သောကြောင့် လူကြိုက်ပိုများကြပါသည်။ သတိပြုရမည်က ရွှေငါးများကို အလှမွေးငါးကန်အေနေနဲ့မွေးမြူမည်ဆိုပါက ၈ ကောင် (သို့မဟုတ်) ၉ ကောင်ထည့်ကာ မွေးမြူရပါမည်။ အနက်ရောင်ငါးတစ်ကောင်ကိုလည်း ထည့်သွင်းမွေးမြူးပါက မျက်စိပသာဒဖြစ်စေပါလိမ့်မည်။

ငါးမွေးကန်ထားရန် နေရာရွေးချယ်ခြင်းနှင့် ငါးကန်အမျိုးအစားများ
အလှမွေးငါးကန်ထားရန်အသင့်တော်ဆုံးနေရာမှာ
– အိမ်၏အရှေ့တောင်အရပ် (ဖုန်းရွှေနည်းအရ ချမ်းသာခြင်းနှင့် ကံကောင်းခြင်းတို့ အများဆုံးတည်ရှိရာအရပ်)၊
– မြောက်အရပ် (အလုပ်အကိုင်ကောင်းစေခြင်း)နှင့် အရှေ့အရပ် (ကျန်းမာကောင်းခြင်းနှင့် မိသားစုဖြင့်ချမ်းမြေ့ရခြင်း)
– ငါးကန်ကို အိမ်၏အရှေ့တောင်အရပ်တွင်ထားရှိမည်ဆိုပါက စတုရန်းပုံသဏ္ဍာန် (သို့) ထောင့်မှန်စတုဂံပုံသဏ္ဍာန် ငါးကန်ကိုအသုံးပြုရမည်။
– အရှေ့တောင်အရပ်တွင် အဝိုင်းပုံသဏ္ဍာန်ငါးကန်ကို ထားရှိလိုပါက အရွယ်အစာသေးငယ်သော ငါးကန်ကိုသာအသုံးပြုပါ။
– အိမ်၏မြောက်အရပ်တွင် ငါးကန်ထားမည်ဆိုပါက စက်ဝိုင်းပုံသဏ္ဍာန်ငါးကန်ကို အသုံးပြုပါက အကောင်းဆုံးဖြစ်သည်။ ငါးကန်အတွင်းတွင် အလှဆင်ပစ္စည်း များဖြင့် လှပစွာတန်ဆာဆင်သင့်ပြီး သန့်ရှင်းမူ၊ အလင်းရောင်နဲ့ ငါးများအတွက် အစာကိုလည်း ဂရုပြုရပါမည်။


အလုပ်အားလပ်ချိန်များတွင်အလှမွေးငါးများဖြင့်အပန်းဖြေပါ။ ငါးကန်ကိုသန့်ရှင်းသပ်ရပ်ပြီးကောင်းစွာဂရုပြုမွေးမြူးခြင်းဖြင့် စိတ်ကြည်းနူးဖွယ်ဖြစ်စေသည့်အပြင် အိမ်၏စီးပွားရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေပါလိမ့်မည်။ ထိုနည်းတူစွာ စိတ်ကူးအကြံဉာဏ်ကောင်းတို့ကိုပေးစွမ်းပါလိမ့်မည်။ ငါးများမြူးလေလေ ငွေကြေးကံကောင်းလေလေ ဖြစ်လိမ့်မည်။

ယခုဆောင်းပါးကို Myanmar Home & Décor Magazine မှ တင်ပြထားတာဖြစ်ပြီး ကူးယူဖော်ပြမည်ဆိုပါက credit ပေးရန် သတိပြုစေလိုပါတယ်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်