Author: Myanmar Home and Decoration

ads

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများအပေါ်တွင် အဓိကမှုတည်ပါသည်။ ထို့အပြင် နည်းပညာဖွံ့ဖြိုးမှုအားနည်းခြင်း၊ ပညာရေးနိမ့်ကျခြင်း၊ ကျွမ်းကျင်လုပ်သား ရှားပါးခြင်း၊ လုပ်ငန်းခွင်တွင်းထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများခြင်းစသည့် အခြေခံ အကြောင်းတရားများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံတော် ပြန်လည်ထူထောင်ရေးကဏ္ဍတွင် ကြုံတွေ့ရင်ဆိုင်ရလေ့ရှိသည် ပြဿနာများဖြစ်သည်။

ထိုပြဿနာများအားလုံးသည် နိုင်ငံတော်အစိုးရ၏ အရေးတကြီးဖြေရှင်းရမည့် ပြဿနာများ ဖြစ်သော်လည်း လူ့ဘဝလူ့အသက်နှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာကို ဖြေရှင်းရာတွင် ခိုင်မာသောဥပဒေတစ်ရပ် မပေါ်ထွက်သေးသည့်အတွက် ထိရောက်စွာ ဖြေရှင်းနိုင်မှုအားနည်းနေသည်ကို တွေ့မြင်ရပါ သည်။


လူ့အခွင့်အရေးကို မြတ်နိုးတန်ဖိုးထားလေ့ရှိကြသော ဒီမိုကရေစီနိုင်ငံအများစုသည် ပြည်ပရင်းနှီးမြှုပ်နှံများ ပြုလုပ်ရာတွင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကဏ္ဍကို အဓိကထားသုံးသပ်ချင့်ချိန်၍ ရင်းနှီးမြှုပ်နှံမှုများကို ရေရှည်အကျိုးအတွက် ပြုလုပ်လေ့ရှိကြသည်။ လုပ်ငန်းခွင်တွင်း ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုဆိုင်ရာ ပြဿနာသည် လူ့အသက်၊ လူ့ဘဝနှင့်သာမက လူ့ဘောင်အဖွဲ့အစည်း တစ်ရပ်လုံးနှင့် သက်ဆိုင်သော ကိစ္စဖြစ်သည့်အတွက် လူသားချင်း တန်းဖိုးထားသည့်အတွက် အလေးထား စဉ်းစားကြခြင်းဖြစ်သည်။ ပြည်ပနိုင်ငံများတွင် ရင်နှီးမြှုပ်နှံမှုမဆိုထားနှင့် ပစ္စည်းမှာယူရန် ပရောဂျက်တန်ဒါများ ခေါ်ယူသောအခါလည်းကောင်း၊ ကုမ္ပဏီနှစ်ခု နှစ်ရှည်လုပ်ငန်းများပူးပေါင်း လုပ်ကိုင်ကြရာတွင်လည်းကောင်း လုပ်ငန်းခွင်တွင်းထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုနှုန်းများ၊ ကာကွယ်မှုစနစ်များကို သေချာစွာ သုံးသပ်စစ်ဆေးမှုများပြုလုပ်ပြီးမှ ပရောဂျက်များ ချပေးခြင်း စာချုပ်ချုပ်ဆိုခြင်းများ ပြုလုပ်လေ့ရှိသည်။


လက်ရှိမြန်မာပြည်တွင် နိုင်ငံရေးအပြောင်းအလဲများကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများသည် အလုံးအရင်းဖြင့် ဝင်ရောက်ကြရန် တာစူလျက်ရှိသော အခြေအနေဖြစ်သည်။ သို့သော် လုပ်ငန်းခွင်တွင်း ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုအခန်းကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်မှုလွန်စွာ အားနည်းလျက် ရှိနေသောကြောင့် အဓိကရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများသည် အလုံးအရင်းဖြင့် ဝင်ရောက်ရန် တုန့်ဆိုင်းလျက်ရှိကြသည်။

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကဏ္ဍကို မျက်ကွယ်ပြုကာ မိမိလုပ်ငန်း အကျိုးစီးပွားတစ်ခုတည်းအတွက် လုပ်ကိုင်ဆောင်ရွက်ကြသော လုပ်ငန်းငယ်တချို့သာ ဈေးကွက်တွင် အများအပြား တေ့ွမြင်နေရသေးသည်။ ပြည်တွင်းကုမ္ပဏီအများစုသည်လည်း လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေတရပ် မရှိသေးသည့်အပေါ် အခွင့်အရေးယူကာ မိမိ၏ လုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြသော အလုပ်သမားများအား အန္တရာယ်ရှိသော အလုပ်များလုပ်ကိုင်ရာတွင် လိုအပ်သော တကိုယ်ရည်ကာကွယ်မှု ပစ္စည်းများမပေးခြင်း၊ ပြုတ်ကျသေဆုံးနိုင်သော အမြင့်အစွန်းအဖျားများတွင် အကာကွယ်မဲ့ လုပ်ကိုင်စေခြင်း၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ပညာပေးသင်တန်းများ မပို့ချထားခြင်းစသည့် လိုအပ်ချက်များကို စိုးရိမ်ဖွယ်နှင့် ဝမ်းနည်းဖွယ် တွေ့မြင်နေရသည်။
လုပ်ငန်းခွင်တွင် မတော်တဆ ထိခိုက်ဒဏ်ရာရရှိခဲ့ပါက ထိရောက်သော ကုသမှု ထောက်ပံ့ပေးမှုများသည်လည်း လွန်စွာအားနည်းလျက်ရှိ နေသေးသည်။ သေဆုံးမှုများဖြစ်ပေါ်သည့်တိုင် မိသားစုအားအနည်းမျှသော လျော်ကြေးငွေကိုပေး၍ ကျေအေးစေခြင်းများသည် သာမာန် လုပ်ရိုးလုပ်စဉ် သဘောမျိုးဖြစ်လာသည်မှာ လွန်စွာဝမ်းနည်းဖွယ်ရာကောင်းလှပေသည်။ ထိုအပြုအမှုများသည် အမှုအကျင့် အလေ့အထတရပ်အဖြစ် လုပ်ငန်းရှင်နှင့် အလုပ်သမားများကြားတွင် ဖြစ်တည်လာခဲ့သည်မှာ ကာလအတော်ကြာခဲ့ပေပြီ။ ထိုမှားယွင်းသော လူ့အသက်ကို တန်ဖိုးမထားသော အလေ့အထများကြောင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကဏ္ဍသည် တိုးတက်မှု နှောင့်နှေးခဲ့သည်ဟု ဆိုရပေမည်။ ထိုအလေ့အထများကြောင့် လုပ်ငန်းခွင် မတော်တဆဒဏ်ရာရမှုများ သေဆုံးမှုများကို ဖြစ်စေသည့် အခြေခံအကြောင်းတရားများကို စစ်ဆေးသုံးသပ်စီစစ်ကာ နောက်မဖြစ်စေရန် ထိရောက်သော ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရန်အတွက်ပါ အားနည်းခဲ့လေသည်။
မြန်မာလူမျိုးအများစုသည် လုပ်ငန်းခွင်တွင်းဒဏ်ရာရခြင်း၊ သေဆုံးခြင်းစသည့် ကိစ္စရပ်များကို အမင်္ဂလာများဟု အယူအစွဲရှိကြသည်။ သတင်းစာ စာမျက်နှာများ၊ ဂျာနယ်များတွင် တွေ့ခဲ့ရသည်။ မျက်မှောက်ခေတ်တွင် မိုဘိုင်းဖုန်းများဖြင့် ဖေ့ဘုတ်တွင် တင်ကြသောကြောင့် ယခင်ကထက် ပိုမို သိမြင်လာနိုင်ခြင်းဖြစ်သည်။ ထိုပုံများတွင် တွေ့ရသောအနိဌာရုံများသည် ထိခိုက်ဒဏ်ရာရသူ (သို့) သေဆုံးသွားသူ တစ်ဦတည်းသာစိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုကို ကြုံတွေ့ရင်ဆိုင်ရသည်မဟုတ်ပေ။ သူ၏ မိသားစု၊ သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်များ အားလုံးကိုလဲ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကို ရရှိစေသည်။
မနက်စောစောတွင် ခြေလက်အင်္ဂါအစုံအလင်ဖြင့် လန်းဆန်းတက်ကြွစွာ အလုပ်သွားလုပ်သည့် မိမိ၏ မိသားစုဝင်တစ်ဦး ညနေ နေဝင်ချိန်တွင် ခြေလက်အင်္ဂါအစုံအလင်ဖြင့်သာ အိမ်ပြန်လာသည်ကို မိသားစုတိုင်း မြင်တွေ့လိုကြသည်။ ဆေးရုံအရေးပေါ်ခန်းသို့ လိုက်သွားရခြင်း၊ ကိုယ်အင်္ဂါတစ်ခုခု ချွတ်ယွင်းသွားခြင်းများကို မည်သူမှ ကြုံတွေ့လိုခြင်းမရှိပေ။ ထို့ကြောင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍသည် မြန်မာနိုင်ငံ၏ လုပ်သားထုအတွက်သာမက မြန်မာပြည်သူပြည်သားများအတွက် လွန်စွာ အလေးထားလုပ် ဆောင်ကြမည့် အရေးကိစ္စဖြစ်သည်။
လုပ်ငန်းခွင်အန်္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍကို ထိရောက်စွာ အကောင်အထည်ဖော်ရန်၊ ဥပဒေလိုအပ်ချက်ကိုသာ စောင့်မျှော်နေရန်အတွက်လဲမသင့်ပေ။ ဥပဒေသည် လမ်းညွှန်းမှု တစ်ရပ်သာဖြစ်ပြီး ဥပဒေပြဌာန်းခြင်းသည် အနှေးအမြန်ပေါ်ပေါက် နိုင်ပေသည်။ ထိုဥပဒေကို တိကျစွာ လိုက်နာခြင်းသည် နိုင်ငံတော်အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပေဦးမည်။ အဘယ်ကြောင့်ဆို သော် အလုပ်ရှင်နှင့် အလုပ်သမားအားလုံးတို့သည် လုပ်ရိုးလုပ်စဉ်များကို ပြောင်းလဲရခြင်း၊ ဘတ်ဂျတ်အသုံးပြုရခြင်း၊ အကာအကွယ်ပစ္စည်းများနှင့် အသားတကျမဖြစ်ခြင်းစသည့် ပြဿနာများကို မလွဲမသွေ ရင်ဆိုင်ရပေမည်။ ထိုအတွက် သက်ဆိုင်ရာဝန်ကြီးဌာန များသည် အလုပ်ရှင်နှင့် အလုပ်သမားအားလုံး ပူးပေါင်းပါဝင်စေရန် ပညာပေးလုပ်ငန်းများ၊ အကြံပေးလုပ်ငန်းများ၊ ဆုပေးဒဏ်ပေးစနစ်များဖြင့် ဥပဒေကို လိုက်နာစေရန် စွဲဆောင်ရပေမည်။ ထို့အပြင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍတွင် ကျွမ်းကျင်သော ပညာရှင်များ၏ အကူအညီကိုလဲ အကျိုးရှိထိရောက်စွာ အသုံးပြုရပေမည်။ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များနှင့် ပညာရှင်များပါဝင်သည့် ကော်မတီအဖွဲ့များကိုလဲ ဖွဲ့စည်းထားရန် လိုအပ်ပါသည်။
ထိုသို့ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများကို လေးစားစွာ သိရှိနားလည်လိုက်နာခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများသည် ဥပဒေ၏ အကျိုးကျေးဇူးနှင့် ရလဒ်ကောင်းများကို အချိန်တိုအတွင်းရရှိနိုင်ပါမည်။ ထို့အပြင် ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများ ဝင်ရောက်လာသည့်အတွက် နိုင်ငံတော်အစိုးရအတွက်လဲ အလုပ်လက်မဲ့ပြဿနာများလျော့ပါး၍ မျိုးဆက်သစ်လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ မလွဲမသွေ ပေါ်ထွန်းလာနိုင်မည် ဖြစ်ပါကြောင်း ယုံကြည်ပါသည်။

Zawgyi ျဖင့္ဖတ္ရန္

လုပ္ငန္းခြင္အႏၱရာယ္ကင္းရွင္းေရးႏွင့္ က်န္းမာေရး ႏိုင္ငံေတာ္အတြက္ ဦးစားေပး

ဖြံ႔ၿဖိဳးဆဲႏိုင္ငံမ်ား၏ စီးပြားေရးက႑ ဖြံ႔ၿဖိဳးတိုးတက္ေရးသည္ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအေပၚတြင္ အဓိကမႈတည္ပါသည္။ ထို႔အျပင္ နည္းပညာဖြံ႔ၿဖိဳးမႈအားနည္းျခင္း၊ ပညာေရးနိမ့္က်ျခင္း၊ ကၽြမ္းက်င္လုပ္သား ရွားပါးျခင္း၊ လုပ္ငန္းခြင္တြင္းထိခိုက္ဒဏ္ရာရမႈႏွင့္ ေသဆံုးမႈမ်ားျခင္းစသည့္ အေျခခံ အေၾကာင္းတရားမ်ားသည္ ဖြံ႔ၿဖိဳးဆဲႏိုင္ငံမ်ား၏ ႏိုင္ငံေတာ္ ျပန္လည္ထူေထာင္ေရးက႑တြင္ ႀကံဳေတြ႔ရင္ဆိုင္ရေလ့ရွိသည္ ျပႆနာမ်ားျဖစ္သည္။ ထိုျပႆနာမ်ားအားလံုးသည္ ႏိုင္ငံေတာ္အစိုးရ၏ အေရးတႀကီးေျဖရွင္းရမည့္ ျပႆနာမ်ား ျဖစ္ေသာ္လည္း လူ႔ဘ၀လူ႔အသက္ႏွင့္ တိုက္ရုိက္ဆက္စပ္လ်က္ရွိသည့္ လုပ္ငန္းခြင္ အႏၲရာယ္ကင္းရွင္းေရးႏွင့္ က်န္းမာေရးဆိုင္ရာ ျပႆနာကို ေျဖရွင္းရာတြင္ ခိုင္မာေသာဥပေဒတစ္ရပ္ မေပၚထြက္ေသးသည့္အတြက္ ထိေရာက္စြာ ေျဖရွင္းႏိုင္မႈအားနည္းေနသည္ကို ေတြ႔ျမင္ရပါ သည္။

လူ႔အခြင့္အေရးကို ျမတ္ႏိုးတန္ဖိုးထားေလ့ရွိၾကေသာ ဒီမိုကေရစီႏိုင္ငံအမ်ားစုသည္ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမ်ား ျပဳလုပ္ရာတြင္ လုပ္ငန္းခြင္ အႏၱရာယ္ကင္းရွင္းေရးႏွင့္ က်န္းမာေရးဆိုင္ရာက႑ကို အဓိကထားသံုးသပ္ခ်င့္ခ်ိန္၍ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ေရရွည္အက်ိဳးအတြက္ ျပဳလုပ္ေလ့ရွိၾကသည္။ လုပ္ငန္းခြင္တြင္း ထိခိုက္ဒဏ္ရာရမႈႏွင့္ ေသဆံုးမႈဆိုင္ရာ ျပႆနာသည္ လူ႔အသက္၊ လူ့ဘ၀ႏွင့္သာမက လူ႔ေဘာင္အဖြဲ႔အစည္း တစ္ရပ္လံုးႏွင့္ သက္ဆိုင္ေသာ ကိစၥျဖစ္သည့္အတြက္ လူသားခ်င္း တန္းဖိုးထားသည့္အတြက္ အေလးထား စဥ္းစားၾကျခင္းျဖစ္သည္။ ျပည္ပႏိုင္ငံမ်ားတြင္ ရင္ႏွီးျမႇဳပ္ႏွံမႈမဆိုထားႏွင့္ ပစၥည္းမွာယူရန္ ပေရာဂ်က္တန္ဒါမ်ား ေခၚယူေသာအခါလည္းေကာင္း၊ ကုမၸဏီႏွစ္ခု ႏွစ္ရွည္လုပ္ငန္းမ်ားပူးေပါင္း လုပ္ကိုင္ၾကရာတြင္လည္းေကာင္း လုပ္ငန္းခြင္တြင္းထိခိုက္ဒဏ္ရာရမႈႏွင့္ ေသဆံုးမႈႏႈန္းမ်ား၊ ကာကြယ္မႈစနစ္မ်ားကို ေသခ်ာစြာ သံုးသပ္စစ္ေဆးမႈမ်ားျပဳလုပ္ၿပီးမွ ပေရာဂ်က္မ်ား ခ်ေပးျခင္း စာခ်ဳပ္ခ်ဳပ္ဆိုျခင္းမ်ား ျပဳလုပ္ေလ့ရွိသည္။

လက္ရွိျမန္မာျပည္တြင္ ႏိုင္ငံေရးအေျပာင္းအလဲမ်ားေၾကာင့္  ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈမ်ားသည္ အလံုးအရင္းျဖင့္ ၀င္ေရာက္ၾကရန္ တာစူလ်က္ရွိေသာ အေျခအေနျဖစ္သည္။ သို႔ေသာ္ လုပ္ငန္းခြင္တြင္း ထိခိုက္ဒဏ္ရာရမႈႏွင့္ ေသဆံုးမႈအခန္းက႑တြင္ ဖြံ႔ၿဖိဳးတိုးတက္မႈလြန္စြာ အားနည္းလ်က္ ရွိေနေသာေၾကာင့္ အဓိကရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းႀကီးမ်ားသည္ အလံုးအရင္းျဖင့္ ၀င္ေရာက္ရန္ တုန္႔ဆိုင္းလ်က္ရွိၾကသည္။ လုပ္ငန္းခြင္အႏၱရာယ္ကင္းရွင္းေရးႏွင့္ က်န္းမာေရးဆိုင္ရာက႑ကို မ်က္ကြယ္ျပဳကာ မိမိလုပ္ငန္း အက်ိဳးစီးပြားတစ္ခုတည္းအတြက္ လုပ္ကိုင္ေဆာင္ရြက္ၾကေသာ လုပ္ငန္းငယ္တခ်ိဳ႕သာ ေစ်းကြက္တြင္ အမ်ားအျပား ေတ႔ြျမင္ေနရေသးသည္။ ျပည္တြင္းကုမၸဏီအမ်ားစုသည္လည္း လုပ္ငန္းခြင္အႏၱရာယ္ ကင္းရွင္းေရးႏွင့္ က်န္းမာေရးဆိုင္ရာ ဥပေဒတရပ္ မရွိေသးသည့္အေပၚ အခြင့္အေရးယူကာ မိမိ၏ လုပ္ငန္းခြင္တြင္ လုပ္ကိုင္ေနၾကေသာ အလုပ္သမားမ်ားအား အႏၱရာယ္ရွိေသာ အလုပ္မ်ားလုပ္ကိုင္ရာတြင္ လိုအပ္ေသာ တကိုယ္ရည္ကာကြယ္မႈ ပစၥည္းမ်ားမေပးျခင္း၊ ျပဳတ္က်ေသဆံုးႏိုင္ေသာ အျမင့္အစြန္းအဖ်ားမ်ားတြင္ အကာကြယ္မဲ့ လုပ္ကိုင္ေစျခင္း၊ လုပ္ငန္းခြင္အႏၱရာယ္ ကင္းရွင္းေရးႏွင့္ က်န္းမာေရးဆိုင္ရာ ပညာေပးသင္တန္းမ်ား မပို႔ခ်ထားျခင္းစသည့္ လိုအပ္ခ်က္မ်ားကို စိုးရိမ္ဖြယ္ႏွင့္ ၀မ္းနည္းဖြယ္ ေတြ႔ျမင္ေနရသည္။

          လုပ္ငန္းခြင္တြင္ မေတာ္တဆ ထိခိုက္ဒဏ္ရာရရွိခဲ့ပါက ထိေရာက္ေသာ ကုသမႈ ေထာက္ပံ့ေပးမႈမ်ားသည္လည္း လြန္စြာအားနည္းလ်က္ရွိ ေနေသးသည္။ ေသဆံုးမႈမ်ားျဖစ္ေပၚသည့္တိုင္ မိသားစုအားအနည္းမွ်ေသာ ေလ်ာ္ေၾကးေငြကိုေပး၍ ေက်ေအးေစျခင္းမ်ားသည္ သာမာန္ လုပ္ရုိးလုပ္စဥ္ သေဘာမ်ိဳးျဖစ္လာသည္မွာ လြန္စြာ၀မ္းနည္းဖြယ္ရာေကာင္းလွေပသည္။ ထိုအျပဳအမႈမ်ားသည္ အမႈအက်င့္ အေလ့အထတရပ္အျဖစ္ လုပ္ငန္းရွင္ႏွင့္ အလုပ္သမားမ်ားၾကားတြင္ ျဖစ္တည္လာခဲ့သည္မွာ ကာလအေတာ္ၾကာခဲ့ေပၿပီ။ ထိုမွားယြင္းေသာ လူ႔အသက္ကို တန္ဖိုးမထားေသာ အေလ့အထမ်ားေၾကာင့္ လုပ္ငန္းခြင္အႏၱရာယ္ကင္းရွင္းေရးႏွင့္ က်န္းမာေရးဆိုင္ရာက႑သည္ တိုးတက္မႈ ေႏွာင့္ေႏွးခဲ့သည္ဟု ဆိုရေပမည္။ ထိုအေလ့အထမ်ားေၾကာင့္ လုပ္ငန္းခြင္ မေတာ္တဆဒဏ္ရာရမႈမ်ား ေသဆံုးမႈမ်ားကို ျဖစ္ေစသည့္ အေျခခံအေၾကာင္းတရားမ်ားကို စစ္ေဆးသံုးသပ္စီစစ္ကာ ေနာက္မျဖစ္ေစရန္ ထိေရာက္ေသာ ႀကိဳတင္ကာကြယ္မႈမ်ား လုပ္ေဆာင္ရန္အတြက္ပါ အားနည္းခဲ့ေလသည္။

          ျမန္မာလူမ်ိဳးအမ်ားစုသည္ လုပ္ငန္းခြင္တြင္းဒဏ္ရာရျခင္း၊ ေသဆံုးျခင္းစသည့္ ကိစၥရပ္မ်ားကို အမဂၤလာမ်ားဟု အယူအစြဲရွိၾကသည္။ သတင္းစာ စာမ်က္ႏွာမ်ား၊ ဂ်ာနယ္မ်ားတြင္ ေတြ႔ခဲ့ရသည္။ မ်က္ေမွာက္ေခတ္တြင္ မိုဘိုင္းဖုန္းမ်ားျဖင့္ ေဖ့ဘုတ္တြင္ တင္ၾကေသာေၾကာင့္ ယခင္ကထက္ ပိုမို သိျမင္လာႏိုင္ျခင္းျဖစ္သည္။ ထိုပံုမ်ားတြင္ ေတြ႔ရေသာအနိဌာရုံမ်ားသည္ ထိခိုက္ဒဏ္ရာရသူ (သို႔) ေသဆံုးသြားသူ တစ္ဦတည္းသာစိတ္ပိုင္း၊ ရုပ္ပိုင္းဆိုင္ရာနာက်င္မႈကို ႀကံဳေတြ႔ရင္ဆိုင္ရသည္မဟုတ္ေပ။ သူ၏ မိသားစု၊ သူငယ္ခ်င္းလုပ္ေဖာ္ကိုင္ဖက္မ်ား အားလံုးကိုလဲ စိတ္ပိုင္းဆိုင္ရာထိခိုက္မႈကို ရရွိေစသည္။

          မနက္ေစာေစာတြင္ ေျခလက္အဂၤါအစံုအလင္ျဖင့္ လန္းဆန္းတက္ႂကြစြာ အလုပ္သြားလုပ္သည့္ မိမိ၏ မိသားစု၀င္တစ္ဦး ညေန ေန၀င္ခ်ိန္တြင္ ေျခလက္အဂၤါအစံုအလင္ျဖင့္သာ အိမ္ျပန္လာသည္ကို မိသားစုတိုင္း ျမင္ေတြ႔လိုၾကသည္။ ေဆးရုံအေရးေပၚခန္းသို႔ လိုက္သြားရျခင္း၊ ကိုယ္အဂၤါတစ္ခုခု ခၽြတ္ယြင္းသြားျခင္းမ်ားကို မည္သူမွ ႀကံဳေတြ႔လိုျခင္းမရွိေပ။ ထို႔ေၾကာင့္ လုပ္ငန္းခြင္အႏၱရာယ္ကင္းရွင္းေရးႏွင့္ က်န္းမာေရးဆိုင္ရာ က႑သည္ ျမန္မာႏိုင္ငံ၏ လုပ္သားထုအတြက္သာမက ျမန္မာျပည္သူျပည္သားမ်ားအတြက္ လြန္စြာ အေလးထားလုပ္ ေဆာင္ၾကမည့္ အေရးကိစၥျဖစ္သည္။

          လုပ္ငန္းခြင္အႏ္ၱရာယ္ကင္းရွင္းေရးႏွင့္ က်န္းမာေရးဆိုင္ရာ က႑ကို ထိေရာက္စြာ အေကာင္အထည္ေဖာ္ရန္၊ ဥပေဒလိုအပ္ခ်က္ကိုသာ ေစာင့္ေမွ်ာ္ေနရန္အတြက္လဲမသင့္ေပ။ ဥပေဒသည္ လမ္းညႊန္းမႈ တစ္ရပ္သာျဖစ္ၿပီး ဥပေဒျပဌာန္းျခင္းသည္ အေႏွးအျမန္ေပၚေပါက္ ႏိုင္ေပသည္။ ထိုဥပေဒကို တိက်စြာ လိုက္နာျခင္းသည္ ႏိုင္ငံေတာ္အစိုးရအတြက္ စိန္ေခၚမႈတစ္ရပ္ျဖစ္ေနေပဦးမည္။  အဘယ္ေၾကာင့္ဆို ေသာ္ အလုပ္ရွင္ႏွင့္ အလုပ္သမားအားလံုးတို႔သည္ လုပ္ရိုးလုပ္စဥ္မ်ားကို ေျပာင္းလဲရျခင္း၊ ဘတ္ဂ်တ္အသံုးျပဳရျခင္း၊ အကာအကြယ္ပစၥည္းမ်ားႏွင့္ အသားတက်မျဖစ္ျခင္းစသည့္ ျပႆနာမ်ားကို မလြဲမေသြ ရင္ဆိုင္ရေပမည္။ ထိုအတြက္ သက္ဆိုင္ရာ၀န္ႀကီးဌာန မ်ားသည္ အလုပ္ရွင္ႏွင့္ အလုပ္သမားအားလံုး ပူးေပါင္းပါ၀င္ေစရန္ ပညာေပးလုပ္ငန္းမ်ား၊ အႀကံေပးလုပ္ငန္းမ်ား၊ ဆုေပးဒဏ္ေပးစနစ္မ်ားျဖင့္ ဥပေဒကို လိုက္နာေစရန္ စြဲေဆာင္ရေပမည္။ ထို႔အျပင္ လုပ္ငန္းခြင္ အႏၱရာယ္ကင္းရွင္းေရးႏွင့္ က်န္းမာေရးဆိုင္ရာ က႑တြင္ ကၽြမ္းက်င္ေသာ ပညာရွင္မ်ား၏ အကူအညီကိုလဲ အက်ိဳးရွိထိေရာက္စြာ အသံုးျပဳရေပမည္။ ၀န္ႀကီးဌာနမွ ကိုယ္စားလွယ္မ်ား၊ လုပ္ငန္းရွင္မ်ားႏွင့္ ပညာရွင္မ်ားပါ၀င္သည့္ ေကာ္မတီအဖြဲ႔မ်ားကိုလဲ ဖြဲ႔စည္းထားရန္ လိုအပ္ပါသည္။

          ထိုသို႔ လုပ္ငန္းခြင္အႏၱရာယ္ကင္းရွင္းေရးႏွင့္ က်န္းမာေရးဆိုင္ရာ ဥပေဒလုပ္ထံုးလုပ္နည္းမ်ားကို ေလးစားစြာ သိရွိနားလည္လိုက္နာျခင္းျဖင့္ အလုပ္ရွင္ႏွင့္ အလုပ္သမားမ်ားသည္ ဥပေဒ၏ အက်ိဳးေက်းဇူးႏွင့္ ရလဒ္ေကာင္းမ်ားကို အခ်ိန္တိုအတြင္းရရွိႏိုင္ပါမည္။ ထို႔အျပင္ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းႀကီးမ်ား ၀င္ေရာက္လာသည့္အတြက္ ႏိုင္ငံေတာ္အစိုးရအတြက္လဲ အလုပ္လက္မဲ့ျပႆနာမ်ားေလ်ာ့ပါး၍ မ်ိဳးဆက္သစ္လူငယ္မ်ားအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေကာင္းမ်ား မလြဲမေသြ ေပၚထြန္းလာႏိုင္မည္ ျဖစ္ပါေၾကာင္း ယံုၾကည္ပါသည္။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Home page 7981 viewed
  • Welcome to Home & Decor 5055 viewed
  • ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home 3185 viewed
  • အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း 2789 viewed
  • လမ္းဦးတိုက္မွာ ေနသူေတြ ခ်မ္းသာၾကပါေစ 2703 viewed

အိမ်ဝယ်ချင်ရောင်းချင်သူများအတွက်

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဇင်ယော်နီ မှ
October 15, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

3
ads

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ Home & Decor မဂ္ဂဇင်းမှအယ်ဒီတာအဖွဲ့ ရောက်ရှိလာခဲ့လေ၏။ ကျွန်ုပ်လည်း၎င်းတို့အား မနောမယလက်ဖက်ရည်ဖြင့် ဧည့်ခံရပေ၏။ လက်ဖက်ရည်သောက်ကြရင်း တစ်ဦးက-
“ဆရာရေ စာအုပ်ဖောင်ပိတ်မယ့်ရက်ကို ရောက်လာပြီ စာမူလေးချီးမြှင့်ပေးပါဦးဟု—–” ပြောလေ၏။ ကျွန်ုပ်အနေနဲ့ထိုမဂ္ဂဇင်းတွင် ပုံမှန်စာမူများ ရေးသားခဲ့သည်မှာ လေးနှစ်တိုင်လာခဲ့ပြီဖြစ်၏။ တစ်ဦးက—-“ဆရာတို့က ယတြာဘက်မှာလည်း အလွန်နာမည်ထွက်တာ ဆရာရဲ့ဒီတစ်ခါအိမ်ဝယ်ခြင်း ရောင်းခြင်းနဲ့ ပတ်သတ်တဲ့ ယတြာလေးရေးပေးပါလား —-” ဟုပူစာတိုက်တွန်းလေ၏။ ကျွန်ုပ်ကပြုံး၍ —-


“ဒီလိုရှိတယ်ဗျ ယတြာတစ်ခုစွမ်းမစွမ်းဆိုတာ ၃ ချက်ညီဖို့တော့ အရေးကြီးတယ်။ ဗေဒင်ဆရာရယ်၊ သူ့ပညာရယ်၊ ယတြာပြုလုပ်သူရယ်ပဲ —— အဲဒီထဲကတစ်ချက်ချက် ချို့ယွင်းမယ်ဆိုရင်တောင် ယတြာတစ်ခု အောင်မြင်ဖို့ မထွက်တော့ဘူးဗျ——” ဟုပြောလိုက်လျှင် တစ်ဦးက— “ ရှင်းပါဦးဆရာရယ် ဘယ်လိုများပါလိမ့်—-” ဟုဝင်မေးရင်း လက်ဖက်ရည်ခွက်ထဲမှ လက်ကျန်လက်ဖက်ရည်ကို မော့ချလိုက်ပြီးနောက် နုတ်ခမ်းကိုလျှာဖြင့် သပ်နေလေ၏။ ပြီးနောက် သူ၏ဘေးမှအဖော်အား တီးတိုးလေသံဖြင့် —-
“ဆရာ့ဆီက လက်ဖက်ရည်ကို သောက်ရတာက အရသာလေးကတစ်မျိုးပဲနော်။ ဘယ်လိုလေးကောင်းမှန်း မသိဘူး —-” ဟုပြောလေ၏။ ကျွန်ုပ်ကလည်း ပြုံး၍——
“အေးဗျ လက်ဖက်ရည်တစ်ခွက်ဆိုရင်လည်း စဉ်းစားကြည့်ရင် ဖျော်တဲ့သူရယ်၊ လက်ဖက်ရည်ရယ်၊ သောက်တဲ့သူရယ် ၃ ချက်အဆင်ပြေသွားရင် ကောင်းသွားရောဗျ။ လက်ဖက်ရည်ထဲမှာ ပါတဲ့ပစ္စည်းတွေ ဘယ်လောက်ပဲ ကောင်းကောင်း ဖျော်တဲ့သူက အသုံးမကျရင်လည်း အဲဒီလက်ဖက်ရည်က ပျက်ရောဗျ။


ဖျော်တဲ့လူက တော်ပေမယ့် လက်ဖက်ရည်မှာသုံးတဲ့ ပစ္စည်းတွေက သုံးစာလို့မရလောက်အောင် ညံ့နေခဲ့မယ်ဆိုရင်လည်း အဲဒီလက်ဖက်ရည်ဟာ ဘယ်လိုမှအဆင့်အတန်း မှီနိုင်မှာမဟုတ်ဘူး။


နောက်တစ်ချက်ကတော့ လက်ဖက်ရည်မှာ သုံးတဲ့ပစ္စည်းတွေကလည်း ကောင်းတယ်၊ ဖျော်တဲ့လူကလည်း တော်ရှာပါတယ်။ ဒါပေမဲ့ သောက်တဲ့လူက ခံတွင်းပျက်နေမယ်၊ ဒါမှမဟုတ် လက်ဖက်ရည်ကို အရသာခံမသောက်နိုင်ပဲ နွားငယ်ရည်ကျဆိုသလို မော့ချလိုက်မယ် ဆိုရင်လည်း အဲဒီလက်ဖက်ရည်က ပျက်ပြီပေါ့ဗျာ ——” ဟုပြောလိုက်လျှင် ၎င်းတို့လည်း တစ်ဦးမျက်နှာကိုတစ်ဦး ကြည့်၍ မေးငေါ့နေကြလေ၏။ အဓိပ္ပာယ်မှာ —–“ဆရာပြောတာ ဟုတ်တုတ်တုတ်ပဲ” ဟူသည့်သဘောမျိုး ဖြစ်လေတော့၏။ ထိုအခါကျွန်ုပ်က ဆက်လက်၍ —–“ အဲဒီလိုပဲဗျ ယတြာတစ်ခုမှာလည်းပဲ ပညာကဘယ်လောက်ပဲ မှန်မှန်ကောင်းကောင်း၊ အဲဒီပညာကိုသုံးတဲ့၊ လမ်းညွှန်တဲ့ဆရာရဲ့၊
စေတနာတို့၊ ဆန္ဒတို့၊ အစွမ်းအစတွေကလည်း အရေးကြီးနေတယ်။ စဉ်းစားကြည့်လေ။ ဒီပညာတစ်မျိုးတည်းကိုပဲ သုံးတာပဲ။ ဟိုဆရာပေးတော့စွမ်းတယ်၊ ဒီဆရာပေးတော့ မစွမ်းဘူး ဆိုတာတွေ ကြားဖူးမှာပေါ့။


ဆေးကုသရာမှာတောင် ဒီဆရာကဆေးလိုက်တယ်၊ ဟိုဆရာကဆေးမလိုက်ဘူး ဆိုတာမျိုးတွေ ရှိနေတယ်မဟုတ်လား။
နောက်တစ်ချက်က ဆရာဖြစ်သူက တော်ပေမယ့် သူသုံးတဲ့ပညာက ချို့ယွင်းလိုအပ်မှုတွေ ရှိနေရင်လည်း အဲဒီယတြာဟာ အစွမ်းကောင်းကောင်း ပြနိုင်မှာမဟုတ်ပါဘူး။
နောက်တစ်ချက်ကတော့၊ ဆရာဖြစ်သူကလည်းတော် သူသုံးတဲ့ပညာကလည်း မှန်ကန်နေမယ်ဆိုရင်တောင် ယတြာပြုလုပ်သူက ပေါ့ပေါ့ဆဆ ပြီးပြီးရော၊ အလေးအနက်မထားပဲ ပြုလုပ်မယ်ဆိုရင်လည်း ယတြာရဲ့အာနိသင်ဟာ ပြည့်ပြည့်၀၀ အစွမ်းပြနိုင်ဖို့ မထွက်တော့ပါဘူး။
သိပ္ပံပညာဆိုတာက တိကျတယ်။ မီးခလုတ်ကို ချောက်ခနဲဖွင့်ရင် ဘယ်သူပဲဖွင့်ဖွင့်ပွင့်တယ်။ ဒေါက်ကနဲပိတ်လိုက်ရင်လည်း ဘယ်သူပဲပိတ်ပိတ် မီးပိတ်သွားမယ်။ လောကီပညာတွေမှာကျတော့ အဲဒီလိုမဟုတ်ဘူး။ သူ့တုန်းကပွင့်ပေမယ့် ကိုယ့်ကျတော့ပွင့်ချင်မှ ပွင့်မှာလေ။ အရပ်ထဲမှာ ပြောလေ့ရှိတာကတော့ ဓါတ်မိတယ်မမိဘူးပေါ့ဗျာ။ လောကသားတွေသုံးလေ့ရှိတဲ့ စကားကတော့ လမိုင်းကပ်တယ်၊ မကပ်ဘူးပေါ့ဗျာ။
အဲဒီတော့ ကျွန်တော်တို့ ယတြာတွေ စွမ်းတယ်ဆိုတာ လိုက်ပြီး ယုံယုံကြည်ကြည် လေးလေးစားစား ဆောင်ရွက်ကြတဲ့ ပရိတ်သတ်တွေလည်း တော်နေကြလို့ အစွမ်းပြနေတာပေါ့ဗျာ”—– ဟု ပြောပြီး ရယ်မောလိုက်လျှင် ၎င်းတို့သည်—–
“ဟုတ်ပြီဆရာရေ ဟုတ်ပြီ —-” ဟုပြိုင်တူရေရွတ်လျှက် သဘောကျစွာဖြင့် ရယ်မောလိုက်ကျလေ၏။ ထို့နောက်တွင်မှ ကျွန်ုပ်က-
“ကဲပါဗျာ အခုတော့ အိမ်ဝယ်ချင်တဲ့ပရိတ်သတ်တွေ၊ ရောင်းချင်တဲ့ပရိတ်သတ်တွေ အသုံးချနိုင်ကျနိုင်ဖို့ နည်းလေးနှစ်မျိုးကို ပြောပြလိုက်ပါမယ် ——” ဟု ဆိုကာ အောက်ပါအတိုင်း စာမူတစ်ပုဒ်အဖြစ် ရေးသားပေးလိုက်ရပါလေတော့သတည်း။
“အိမ်ဝယ်လိုသော မိတ်ဆွေများ အိမ်ဝယ်ခြင်းကိစ္စ အဆင်ပြေချောမွေ့အောင်မြင်စေရန်”
ကြာသာပတေးနေ့နံနက် ၆း၀၀ မှ ရး၃၀ အတွင်း၊ တနင်္ဂနွေနေ့လယ် ၁း၃၀ မှ ၃း၀၀ အတွင်းတွင် လမ်းဘက်သို့ မျက်နှာမူလျှက် နွားနို့သောက်ရင်း ဆုတောင်းပါလေ။ (အချို့အတွက် နှစ်ကြိမ်၊ သုံးကြိမ်လုပ်ရုံမျှဖြင့် အဆင်ပြေသွားနိုင်သလို အချို့လည်း လေး၊ ငါး၊ ဆယ်ကြိမ် ပြုလုပ်ရပေမည်။)
“အိမ်ရောင်းလိုသော မိတ်ဆွေများ အိမ်ရောင်းခြင်းကိစ္စ အဆင်ပြေချောမွေ့အောင်မြင်စေရန်”
တနင်္ဂနွေနေ့ ညနေ ၃း၀၀ မှ ၄း၃၀ အတွင်း၊ အင်္ဂါနေ့ နံနက် ၆း၀၀ မှ ရး၃၀ နာရီအတွင်း လမ်းဖက်သို့မျက်နှာမူလျှက် နွားနို့သောက်ရင်း ဆုတောင်းပါလေ။ (အချို့အတွက် နှစ်ကြိမ်၊ သုံးကြိမ်လုပ်ရုံမျှဖြင့် အဆင်ပြေသွားနိုင်သလို အချို့လည်း လေး၊ ငါး၊ ဆယ်ကြိမ် ပြုလုပ်ရနိုင်ပါသည်။) လေးလေးနက်နက် ဆောင်ရွက်ခြင်းအားဖြင့် အောင်မြင်ကြပါစေ။

Zawgyi ျဖင့္ဖတ္ရန္

အိမ္၀ယ္ခ်င္ေရာင္းခ်င္သူမ်ားအတြက္

တစ္ေန႔သ၌ ကၽြန္ုပ္ထံသို႔ Home & Decor မဂၢဇင္းမွအယ္ဒီတာအဖြဲ႔ ေရာက္ရွိလာခဲ့ေလ၏။ ကၽြႏ္ုပ္လည္း၄င္းတို႔အား မေနာမယလက္ဖက္ရည္ျဖင့္ ဧည့္ခံရေပ၏။ လက္ဖက္ရည္ေသာက္ၾကရင္း တစ္ဦးက-

          “ဆရာေရ စာအုပ္ေဖာင္ပိတ္မယ့္ရက္ကို ေရာက္လာၿပီ စာမူေလးခ်ီးျမွင့္ေပးပါဦးဟု—–” ေျပာေလ၏။ ကၽြႏ္ုပ္အေနနဲ႔ထိုမဂၢဇင္းတြင္ ပံုမွန္စာမူမ်ား ေရးသားခဲ့သည္မွာ ေလးႏွစ္တိုင္လာခဲ့ၿပီျဖစ္၏။ တစ္ဦးက—-“ဆရာတို႔က ယၾတာဘက္မွာလည္း အလြန္နာမည္ထြက္တာ ဆရာရဲ႕ဒီတစ္ခါအိမ္၀ယ္ျခင္း ေရာင္းျခင္းနဲ႔ ပတ္သတ္တဲ့ ယၾတာေလးေရးေပးပါလား —-” ဟုပူစာတိုက္တြန္းေလ၏။ ကၽြႏ္ုပ္ကျပံဳး၍ —-

          “ဒီလိုရွိတယ္ဗ် ယၾတာတစ္ခုစြမ္းမစြမ္းဆိုတာ ၃ ခ်က္ညီဖို႔ေတာ့ အေရးႀကီးတယ္။ ေဗဒင္ဆရာရယ္၊ သူ႔ပညာရယ္၊ ယၾတာျပဳလုပ္သူရယ္ပဲ —— အဲဒီထဲကတစ္ခ်က္ခ်က္ ခ်ိဳ႕ယြင္းမယ္ဆိုရင္ေတာင္ ယၾတာတစ္ခု ေအာင္ျမင္ဖို႔ မထြက္ေတာ့ဘူးဗ်——” ဟုေျပာလိုက္လွ်င္ တစ္ဦးက— “ ရွင္းပါဦးဆရာရယ္ ဘယ္လိုမ်ားပါလိမ့္—-” ဟု၀င္ေမးရင္း လက္ဖက္ရည္ခြက္ထဲမွ လက္က်န္လက္ဖက္ရည္ကို ေမာ့ခ်လိုက္ၿပီးေနာက္ ႏုတ္ခမ္းကိုလွ်ာျဖင့္ သပ္ေနေလ၏။ ျပီးေနာက္ သူ၏ေဘးမွအေဖာ္အား တီးတိုးေလသံျဖင့္ —-

          “ဆရာ့ဆီက လက္ဖက္ရည္ကို ေသာက္ရတာက အရသာေလးကတစ္မ်ိဳးပဲေနာ္။ ဘယ္လိုေလးေကာင္းမွန္း မသိဘူး —-” ဟုေျပာေလ၏။ ကၽြႏ္ုပ္ကလည္း ၿပံဳး၍——

          “ေအးဗ် လက္ဖက္ရည္တစ္ခြက္ဆိုရင္လည္း စဥ္းစားၾကည့္ရင္ ေဖ်ာ္တဲ့သူရယ္၊ လက္ဖက္ရည္ရယ္၊ ေသာက္တဲ့သူရယ္ ၃ ခ်က္အဆင္ေျပသြားရင္ ေကာင္းသြားေရာဗ်။ လက္ဖက္ရည္ထဲမွာ ပါတဲ့ပစၥည္းေတြ ဘယ္ေလာက္ပဲ ေကာင္းေကာင္း ေဖ်ာ္တဲ့သူက အသံုးမက်ရင္လည္း အဲဒီလက္ဖက္ရည္က ပ်က္ေရာဗ်။

          ေဖ်ာ္တဲ့လူက ေတာ္ေပမယ့္ လက္ဖက္ရည္မွာသံုးတဲ့ ပစၥည္းေတြက သံုးစာလို႔မရေလာက္ေအာင္ ညံ့ေနခဲ့မယ္ဆိုရင္လည္း အဲဒီလက္ဖက္ရည္ဟာ ဘယ္လိုမွအဆင့္အတန္း မွီႏိုင္မွာမဟုတ္ဘူး။

          ေနာက္တစ္ခ်က္ကေတာ့ လက္ဖက္ရည္မွာ သံုးတဲ့ပစၥည္းေတြကလည္း ေကာင္းတယ္၊ ေဖ်ာ္တဲ့လူကလည္း ေတာ္ရွာပါတယ္။ ဒါေပမဲ့ ေသာက္တဲ့လူက ခံတြင္းပ်က္ေနမယ္၊ ဒါမွမဟုတ္ လက္ဖက္ရည္ကို အရသာခံမေသာက္ႏိုင္ပဲ ႏြားငယ္ရည္က်ဆိုသလို ေမာ့ခ်လိုက္မယ္ ဆိုရင္လည္း အဲဒီလက္ဖက္ရည္က ပ်က္ၿပီေပါ့ဗ်ာ ——” ဟုေျပာလိုက္လွ်င္ ၄င္းတို႔လည္း တစ္ဦးမ်က္ႏွာကိုတစ္ဦး ၾကည့္၍ ေမးေငါ့ေနၾကေလ၏။ အဓိပၸာယ္မွာ —–“ဆရာေျပာတာ ဟုတ္တုတ္တုတ္ပဲ” ဟူသည့္သေဘာမ်ိဳး ျဖစ္ေလေတာ့၏။ ထိုအခါကၽြႏ္ုပ္က ဆက္လက္၍ —–“ အဲဒီလိုပဲဗ် ယၾတာတစ္ခုမွာလည္းပဲ ပညာကဘယ္ေလာက္ပဲ မွန္မွန္ေကာင္းေကာင္း၊ အဲဒီပညာကိုသံုးတဲ့၊ လမ္းညႊန္တဲ့ဆရာရဲ႕၊

ေစတနာတို႔၊ ဆႏၵတို႔၊ အစြမ္းအစေတြကလည္း အေရးႀကီးေနတယ္။ စဥ္းစားၾကည့္ေလ။ ဒီပညာတစ္မ်ိဳးတည္းကိုပဲ သံုးတာပဲ။ ဟိုဆရာေပးေတာ့စြမ္းတယ္၊ ဒီဆရာေပးေတာ့ မစြမ္းဘူး ဆိုတာေတြ ၾကားဖူးမွာေပါ့။

          ေဆးကုသရာမွာေတာင္ ဒီဆရာကေဆးလိုက္တယ္၊ ဟိုဆရာကေဆးမလိုက္ဘူး ဆိုတာမ်ိဳးေတြ ရွိေနတယ္မဟုတ္လား။

          ေနာက္တစ္ခ်က္က ဆရာျဖစ္သူက ေတာ္ေပမယ့္ သူသံုးတဲ့ပညာက ခ်ိဳ႕ယြင္းလိုအပ္မႈေတြ ရွိေနရင္လည္း အဲဒီယၾတာဟာ အစြမ္းေကာင္းေကာင္း ျပႏိုင္မွာမဟုတ္ပါဘူး။

          ေနာက္တစ္ခ်က္ကေတာ့၊ ဆရာျဖစ္သူကလည္းေတာ္ သူသံုးတဲ့ပညာကလည္း မွန္ကန္ေနမယ္ဆိုရင္ေတာင္ ယၾတာျပဳလုပ္သူက ေပါ့ေပါ့ဆဆ ၿပီးၿပီးေရာ၊ အေလးအနက္မထားပဲ ျပဳလုပ္မယ္ဆိုရင္လည္း  ယၾတာရဲ႕အာနိသင္ဟာ ျပည့္ျပည့္၀၀ အစြမ္းျပႏိုင္ဖို႔ မထြက္ေတာ့ပါဘူး။

သိပၸံပညာဆိုတာက တိက်တယ္။ မီးခလုတ္ကို ေခ်ာက္ခနဲဖြင့္ရင္ ဘယ္သူပဲဖြင့္ဖြင့္ပြင့္တယ္။ ေဒါက္ကနဲပိတ္လိုက္ရင္လည္း ဘယ္သူပဲပိတ္ပိတ္ မီးပိတ္သြားမယ္။ ေလာကီပညာေတြမွာက်ေတာ့ အဲဒီလိုမဟုတ္ဘူး။ သူ့တုန္းကပြင့္ေပမယ့္ ကိုယ့္က်ေတာ့ပြင့္ခ်င္မွ ပြင့္မွာေလ။ အရပ္ထဲမွာ ေျပာေလ့ရွိတာကေတာ့ ဓါတ္မိတယ္မမိဘူးေပါ့ဗ်ာ။ ေလာကသားေတြသံုးေလ့ရွိတဲ့ စကားကေတာ့ လမိုင္းကပ္တယ္၊ မကပ္ဘူးေပါ့ဗ်ာ။

          အဲဒီေတာ့ ကၽြန္ေတာ္တို႔ ယၾတာေတြ စြမ္းတယ္ဆိုတာ လိုက္ၿပီး ယံုယံုၾကည္ၾကည္ ေလးေလးစားစား ေဆာင္ရြက္ၾကတဲ့ ပရိတ္သတ္ေတြလည္း ေတာ္ေနၾကလို႔ အစြမ္းျပေနတာေပါ့ဗ်ာ”—– ဟု ေျပာၿပီး ရယ္ေမာလိုက္လွ်င္ ၄င္းတို႔သည္—–

          “ဟုတ္ၿပီဆရာေရ ဟုတ္ၿပီ —-” ဟုၿပိဳင္တူေရရြတ္လွ်က္ သေဘာက်စြာျဖင့္ ရယ္ေမာလိုက္က်ေလ၏။ ထို႔ေနာက္တြင္မွ ကၽြႏ္ုပ္က-

          “ကဲပါဗ်ာ အခုေတာ့ အိမ္၀ယ္ခ်င္တဲ့ပရိတ္သတ္ေတြ၊ ေရာင္းခ်င္တဲ့ပရိတ္သတ္ေတြ အသံုးခ်ႏိုင္က်ႏိုင္ဖို႔ နည္းေလးႏွစ္မ်ိဳးကို ေျပာျပလိုက္ပါမယ္ ——” ဟု ဆိုကာ ေအာက္ပါအတိုင္း စာမူတစ္ပုဒ္အျဖစ္ ေရးသားေပးလိုက္ရပါေလေတာ့သတည္း။

          “အိမ္၀ယ္လိုေသာ မိတ္ေဆြမ်ား အိမ္၀ယ္ျခင္းကိစၥ အဆင္ေျပေခ်ာေမြ႔ေအာင္ျမင္ေစရန္”

          ၾကာသာပေတးေန႔နံနက္ ၆း၀၀ မွ ၇း၃၀ အတြင္း၊ တနဂၤေႏြေန႔လယ္ ၁း၃၀ မွ ၃း၀၀ အတြင္းတြင္ လမ္းဘက္သို႔ မ်က္ႏွာမူလွ်က္ ႏြားႏို႔ေသာက္ရင္း ဆုေတာင္းပါေလ။ (အခ်ိဳ႕အတြက္ ႏွစ္ႀကိမ္၊ သံုးႀကိမ္လုပ္ရံုမွ်ျဖင့္ အဆင္ေျပသြားႏိုင္သလို အခ်ိဳ႕လည္း ေလး၊ ငါး၊ ဆယ္ႀကိမ္ ျပဳလုပ္ရေပမည္။)

          “အိမ္ေရာင္းလိုေသာ မိတ္ေဆြမ်ား အိမ္ေရာငး္ျခင္းကိစၥ အဆင္ေျပေခ်ာေမြ႕ေအာင္ျမင္ေစရန္”

          တနဂၤေႏြေန႔ ညေန ၃း၀၀ မွ ၄း၃၀ အတြင္း၊ အဂၤါေန႔ နံနက္ ၆း၀၀ မွ ၇း၃၀ နာရီအတြင္း လမ္းဖက္သို႔မ်က္ႏွာမူလွ်က္ ႏြားႏို႔ေသာက္ရင္း ဆုေတာင္းပါေလ။ (အခ်ိဳ႕အတြက္ ႏွစ္ႀကိမ္၊ သံုးႀကိမ္လုပ္ရံုမွ်ျဖင့္ အဆင္ေျပသြားႏိုင္သလို အခ်ိဳ႕လည္း ေလး၊ ငါး၊ ဆယ္ႀကိမ္ ျပဳလုပ္ရႏိုင္ပါသည္။) ေလးေလးနက္နက္ ေဆာင္ရြက္ျခင္းအားျဖင့္ ေအာင္ျမင္ၾကပါေစ။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Home page 7981 viewed
  • Welcome to Home & Decor 5055 viewed
  • ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home 3185 viewed
  • အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း 2789 viewed
  • လမ္းဦးတိုက္မွာ ေနသူေတြ ခ်မ္းသာၾကပါေစ 2703 viewed

Khatter Penthouse

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဝင်နီ မှ
October 13, 2019 နေ့
စွဲမက်ဖွယ် အိမ်ပုံစံလေးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

19
ads

အခုနောက်ပိုင်း တိုက်အမြင့်ကြီးတွေရဲ့ အပေါ်ဆုံးထပ်တွေမှာ ကွန်ဒိုတွေရဲ့အပေါ်ဆုံးထပ်တွေမှာ ပန့်ဟောက်စ်တွေအဖြစ် ဖန်တီးလာကြတာကိုတွေ့ရမှာပါ။ အရင်ကဆို တော်တော်များများက လုံးချင်းမ ဟုတ်ရင် မြေညီထပ်တွေပိုလူကြိုက်များပါတယ်။ အခုနောက်ပိုင်းမှာတော့ နေရာတိုင်းလိုလိုတိုက်တာအမြင့် ကြီးတွေဆောက်လာကြတော့ မြင်ကွင်းကောင်းကောင်းမြင်ရတဲ့ လေကောင်းလေသန့် ပိုရတဲ့ အပေါ်ထပ် အမြင့်ပိုင်းတွေကို ပိုလူကြိုက်များလာကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် မြင်ကွင်းကောင်း လေကောင်းလေသန့် လည်းရတဲ့ အပေါ်ဆုံးထပ်က ပန့်ဟောက်စ်တွေကို ရွေးချယ်မှုပိုလာကြပါတယ်။ ဒီလို ပန့်ဟောက်စ်တွေ ထဲကမှ MOPA က ဖန်တီးပေးထားတဲ့ ပန့်ဟောက်စ်လေးတစ်ခုကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ MOPA မှ Interior Designer ဖြစ်သူ ကိုအောင်စိုးပိုင်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာကတော့ –

Home Decoration မှာ Penthouse တွေကိုဒီဇိုင်းဖန်တီးတာခေတ်စားလာတဲ့အခါမှာmopaအနေနဲ့ Penthouse Design နဲ့ ပါတ်သက်ပြီးဖန်တီးခဲ့တဲ့ အတွေ့အကြုံလေးသိချင်ပါတယ်။

MOPA က ဖန်တီးထားတဲ့ လတ်တလော ပြီးစီးထားတဲ့ ခတ္တာပန့်ဟောက်စ်ဆိုတဲ့ Penthouse Design ကိုပြောပြချင်ပါတယ်။ Penthouse ဆိုတာအထပ်မြင့်အဆောက်အဦးတွေရဲ့ အပေါ်ဆုံးအလွှာမှာရှိတတ်ပြီးသာမန်တိုက်ခန်းတွေနဲ့မတူဘဲလုံးချင်းအိမ်တစ်ခုလိုဖန်တီးထားတဲ့ Apartment လိုဒီဇိုင်းမျိုး ဖြစ်ပါတယ်။ရန်ကုန်မှာတော်တော်များများတွေ့ရတဲ့ Penthouse ဆိုတာပုံမှန်အားဖြင့် နိုင်ငံတကာမှာအသိအမှတ်ပြုထားတဲ့ Penthouse တွေနဲ့ မတူပာဘူး။ ခတ္တာကွန်ဒိုမှာရှိတဲ့ Penthouse အတွက် ပိုင်ရှင်ကရန်ကုန်မှာပုံမှန်မြင်နေကြဖြစ်တဲ့ Penthouse Design တွေကနေကွဲထွက်ချင်ပါတယ်။ဒါပေမယ့် နိုင်ငံတကာမှာကျတော့ penthouse ရဲ့ သဘောတရားကအဆောက်အဦးတွေရဲ့ အပေါ်ဆုံးထပ်မှာဆိုပေမယ့်လည်းသူတို့ဆီမှာကpenhouseရဲ့ facility တွေ ရှိနေတတ်တယ်။ ဥပမာ penthouse ရဲ့ facility ထဲမှာအောက်ထပ်တွေနဲ့ မတူတဲ့ function တွေပေးထားတာရှိတယ်။

myanmar home & decor 
MOPA
Myanmar Home & Decor 
MOPA

Penthouse သည် အောက်ထပ်ကယူနစ်တွေထက် sqftလည်းတော်တော် များနေတတ်တယ်။ ပြောရမယ်ဆိုရင် penthouse ဆိုတာနဲ့ တစ်ထပ်တည်းမဟုတ်ဘူးပေါ့နော်။ ၂ ထပ်လိုပုံစံမျိုးရှိနေတယ်။ မြန်မာပြည်မှာရှိနေတဲ့ penthouse ကို နိုင်ငံတကာမှာရှိနေတဲ့ penthouse လိုပုံစံမျိုးသူဖန်တီးချင်တယ်ဆိုပြီးကျွန်တော်တို့ဆီရောက်လာတာပါ။ အဲ့ဒီအတွက်ကို ကျွန်တော်တို့ကclinetနဲ့ သေချာဆွေးနွေးတိုင်ပင်ပြီးမှ အကောင်အထည်ဖော်ခဲ့တာပေါ့။ အကောင်အထည်ဖေါ်တဲ့ အချိန်မှာ client ဘက်ကဘာကိုတောင်းဆိုခဲ့လဲဆိုတော့ Penthouseရဲ့ Decoration ကိုသူကိုယ်တိုင်လည်းတည်ဆောက်မယ် ၊ ကြီးကြပ်မယ်ဆိုတဲ့အချက်လည်းပါပါတယ်။ ဒီဇိုင်းကဘယ်လိုဒီဇိုင်းမျိုး ဖြစ်ရမယ်။ ဘယ်ပုံစံမျိုးဖြစ်ရမယ်ဆိုတာကိုမပြောဘူး။သူကိုယ်တိုင်နေထိုင်မယ့် အဲဒီpenthouseသည် အခြားpentouseနဲ့မတူရဘူးဆိုတဲ့အချက်ပါပဲ။client ရဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ပတ်သက်ပြီးသူဘယ်လိုပုံစံမျိုးနေချင်လဲဆိုတာကိုလည်းသေသေချာချာဆွေးနွေးကြတယ်။ဆွေးနွေးတဲ့အခါကျတော့ client ဆီမှာထူးခြားတဲ့ idea တချို့ပါလာတယ်။ Penthouse မှာသူ့အနေနဲ့ outdoor living တစ်ခုပုံစံမျိုးလည်းနေချင်တယ်ဆိုတဲ့အချက်ပါလာတယ်။ အဲ့အခါကျတော့ ကျွန်တော်တို့ အနေနဲ့ ဘာလုပ်ရလဲဆိုတော့ ပထမတော့ interior design တစ်ခုအနေနဲ့ပဲလက်ခံခဲ့တာ။

Myanmar Home & Decor 
MOPA

နောက်ပိုင်းမှာarchitecture ပုံစံမျိုးလည်းသွားပေးရတယ်၊ penthouse ကိုလည်း Landscape ပုံစံမျိုးကိုလည်း ကျွန်တော် ပြန်ပြီးစဉ်းစားပေးရတယ်။ ဒီတော့ ဒီ penthouse သည် ဘာဖြစ်လာလဲဆိုရင်interior design သီးသန့်တစ်ခုလိုမဟုတ်တော့ပဲသူ့ဆီမှာArchitecture/Interior/ Landscape တွေပါ ပါလာတာပေါ့နော်။ ဒီPenthouseအတွက် ဒီဇိုင်းဖန်တီးတဲ့အခါမှာ landscape ဘက်ကိုပိုပြီးဦးစားပေးခဲ့ရပါတယ်။အဲ့ဒီမှာ ကျွန်တော်ကclientကိုဘာပြောလဲဆိုတော့ ဒီpenthouseမှာအပင်တွေ အပြင် water feature တော်တော်များများကိုထည့်ချင်တယ်။ ဘာကြောင့် water feature တော်တော်များများကိုထည့်ချင်တာလဲဆိုတော့ ဒီ landscape ရဲ့ သဘောတရားကသက်ရှိနဲ့သက်မဲ့ကို ပြန်ပြီးတွဲပေးတဲ့အခါ ပိုပြီးစိတ်ဝင်စားစရာကောင်းလာတယ်ပေါ့။ နောက်တစ်ခုကဒီ penthouse သည် ရန်ကုန်ရဲ့ မြင့်တဲ့ နေရာမှာလည်းတည်ရှိနေတဲ့အတွက် မြင်ကွင်းက 360ဒီဂရီ ပတ်ပတ်လည် မြင်ရတယ်။ ရွှေတိဂုံဘုရားကိုလည်းရှင်းရှင်းလင်းလင်းဖူးလို့ရတယ်။ ပြီးရင် ဟိုးဘက်က ကြည့်မြင့်တိုင် တစ်ဘက်ကမ်းကိုလည်း မြင်ရတယ်။ဒီ penthouse က သူ့ဆီမှာအားသာချက်က မြင်ကွင်းပတ်ပတ်လည် ရှိနေတယ်။ မြင်ကွင်းပတ်ပတ်လည် ရှိနေတဲ့အတွက် ကျွန်တော်ကစောစောက water landscape ကိုထည့်တဲ့ အခါ landscape design အနေနဲ့လည်းပီပီပြင်ပြင်ဖြစ်လာသလို မြင်ကွင်းကိုလည်းမကွယ်တော့ဘူး။ အဲ့အတွက်ကိုလည်း water landscape ကိုထည့်ဖို့အတွက် ကျွန်တော် client ကိုပြောခဲ့တယ်။

Myanmar Home & Decor 
MOPA

ပြောခဲ့တဲ့ အချိန်မှာ client ဘက်ကလည်းသဘောတူတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ ဒီဇိုင်းကိုအကောင်အထည် ဖော်တဲ့ အခါကျတော့ စိန်ခေါ်မှုအနေနဲ့ ဘာတွေရှိလာလည်းဆိုတော့ အပေါ်ထပ်မှာများသောအားဖြင့် ရေကိုတင်မယ်ဆိုတဲ့ အခါ တချို့လူတွေကရေရဲ့အလေးဒဏ်ကိုအရမ်းကြောက်ကြတယ်။ ရေကတအားများတယ်၊ အောက်ထပ်တွေကိုရေယိုတဲ့ ပြသနာတွေ ဖြစ်မှာကိုစိုးရိမ်ကြတယ်။ကျွန်တော်တို့ ဒီဇိုင်းလုပ်နေတဲ့ အချိန်မှာမလိုလားအပ်ပဲဒီတိုက်မှာနေတဲ့သူတွေနဲ့ ကျွန်တော်ရဲ့ client နဲ့ ဖြေရှင်းရတဲ့ ပြသာနာလေးတွေပါလာခဲ့တယ်။ ကျွန်တော်တို့က water landscscapeကိုတင်တဲ့ အခါကျတော့ client ဘက်ကလည်းသေချာအောင်လုပ်ပေးပါတယ်။ water proofing တွေကအစသေချာ ပြန်လုပ်တယ်။ Client ဘက်ကလည်း Structure Engineer တွေနဲ့ ပြန်ညှိပါတယ်။ water levelကိုမြင့်ချင်တဲ့အခါ ရေရဲ့ ထုထည် ၊ အလေးချိန်ကို structure သမားတွေနဲ့ သူတို့ သေချာပြန်တွက်တယ်။ ပြန်တွက်ပြီးတဲ့ အခါကျတော့ ကျွန်တော်တို့ ဒီဇိုင်းမှာလည်း construction method မှာ water level မြင့်သွားအောင် raised floor လိုပုံစံမျိုးတွေနဲ့လည်းပြန်ပြီးတော့ ဖန်တီးလိုက်တယ်။ ရေကတော့ မြင့်တက်လာတယ် ၊ ဒါပေမယ့် တကယ်တမ်းရေထုထည်ကတော့ ပါးပါးလေးပဲရှိတော့တာပေါ့ ။ဒီလိုရေထည့်လိုက်တဲ့ အတွက် အဆောက်အဦးမှာလည်းအအေးဓာတ်ရသွားတယ်။ ပြီးတော့ ရေထဲမှာငါးတွေလည်းထည့်လို့ရတဲ့ အခါကျတော့ သက်ရှိနဲ့ သက်မဲ့ ဆက်စပ်မှုတစ်ခု ပြန်ပါလာတယ်။ ပတ်ပတ်လည်မှာရှိနေတဲ့ မြင်ကွင်းတွေကလည်းအင်အားတစ်ခုလို ဖြစ်လာတယ်။ ရေကိုထည့်ရတဲ့ နောက်တစ်ချက်ကဒီအဆောက်အဦးသည် ရန်ကုန်မြို့ရဲ့ မြင့်တဲ့ အပိုင်းမှာ ပါဝင်နေတဲ့အတွက် ဒီအဆောက်အဦးရဲ့ အပေါ်မှာနေရတာကောင်းကင်မှာရှိနေတဲ့ တိမ်တွေ နဲ့နီးစပ်နေသလိုတွေ့ရတယ်။ ရေရယ်၊ ကောင်းကင်ရယ် ၊ အပင်ရယ် ဆိုတာကဒီ penthouse မှာဒီဇိုင်းအစိတ်အပိုင်းတစ်ခုအနေနဲ့ပါလာတာကိုတွေ့ရတယ်။

Myanmar Home & Decor 
MOPA

ဒီဇိုင်းဖန်တီးတဲ့အခါမှာဘယ်လိုအချက်တွေကိုပါ ထည့်သွင်းစဉ်းစားခဲ့ပါသလဲ။

ဖန်တီးတဲ့အခါကျတော့ အတတ်နိုင်ဆုံးမော်ဒန်ဖြစ်တဲ့ဒီဇိုင်းကိုသွားတယ်၊ ရိုးရိုးရှင်းရှင်းပုံစံမျိုးကိုသွားတယ်။ အဲ့လိုသွားတဲ့အချိန်မှာ ကျွန်တော်တို့ ဘာထားပေးသေးလဲဆိုတော့ life style တစ်ခုပေါ့နော်။ Life style တစ်ခုကိုဖန်တီးထားတယ်။ penthouse မှာနေတဲ့ ပုံစံမျိုးမဟုတ်တော့ဘူး။ မြေပြင်ပေါ်က ခြံကျယ်ကြီးတစ်ခုလုံးကိုအပေါ်ဆုံးကိုတင်လိုက်တဲ့ ပုံစံမျိုးဖန်တီးပေးလိုက်တဲ့ အတွက် စောစောကပြောတဲ့ opened space တွေ ထားပေးလိုက်တယ်။ Opened space မှာဘာတွေ ပါလာလည်းဆိုတော့ Outdoor living area, outdoor barbecue area တွေ ပါလာတယ်။ ပြီးတော့ living နဲ့ dinning space သည် တစ်ခုနဲ့ တစ်ခုဆက်စပ်မှုတွေ ပြန်ပြီးဖန်တီးထားတယ်။ နောက်တစ်ခု ကျွန်တော်တို့ ပြန်သွားတဲ့ approach အနေအထားက မြန်မာနိုင်ငံမှာတော့ သိပ်ပြီးတော့ ခေတ်စားမှု မရှိသေးတဲ့ Architectural Interior Design ကိုသွားတယ်။ သဘောတရားကဘာလဲဆိုတော့ interior space တစ်ခုကို architecture တစ်ခုလိုသွားတာဖြစ်ပါတယ်။ နံရံလေးဖက်လေးတန် တစ်ခုထဲမှာအဆောက်အဦးတစ်ခုကိုကောက်ထည့်လိုက်သလိုပေါ့။ အဲ့ဒီမှာရှိတဲ့ built-in furniture တွေ၊ နံရံတွေ၊ လှေကားတွေ၊ မျက်နှာကျက်တွေ အကုန်လုံးသည့် တစ်ခုနဲ့ တစ်ခုကpavilionလိုခေါ်လို့ရတယ် အဆောက်အဦးတစ်ခုလိုပုံစံမျိုးတွေ အထဲထဲမှာချိတ်ဆက်ပြီးတော့သွားတယ်။ Space ကိုဖန်တီးတဲ့ အခါမှာအပိုင်း ၃ ပိုင်းခွဲပေးလိုက်တယ်။ ပထမဆုံးတစ်ပိုင်းက ဝင်ဝင်ချင်း foyer လိုပုံစံမျိုး။ Foyer ကနေ ဝင်ချလိုက်တဲ့ အခါ outdoor living roomကို မြင်ရတယ်။ Outdoor Living Room သည် court yard လိုပုံစံမျိုးဖြစ်နေတယ်။ အဲ့လို ဖြစ်နေပြီးတော့ ညာဘက်ခြမ်းမှာဆိုရင် အိပ်ခန်းရှိမယ်၊ ထမင်းစားခန်း၊ မီးဖိုဆောင် ရှိမယ်။ ဘယ်ဘက်ခြမ်းမှာမာစတာအိပ်ခန်းနဲ့ ဘုရားခန်းရှိမယ်။ စောစောက outdoor living သည် court yard လို ဖြစ်နေတဲ့ အတွက် သူရဲ့ space သည် ခြံထဲမှာဆိုရင် လမ်းလျှောက်လို့ရတဲ့ နေရာမျိုး ၊ ကစားလို့ရမယ့်နေရာမျိုးcorridor space ကြီးအကြီးကြီးကိုဖန်တီးပေးလိုက်တယ်။

Myanmar Home & Decor 
MOPA

ဒီcorridor space ကြီးသည် ဘာဖြစ်သွားလဲဆိုတော့ စောစောကပြောတဲ့ Space ၂ ခုကိုဟိုဘက်နဲ့ ဒီဘက် ကူးလို့ရတဲ့ ပေါင်းကူးတစ်ခုလို ပြန်ဖြစ်သွားတယ်။ အဲဒါသည် ကျွန်တော်တို့ ဖန်တီးထားတဲ့ ဒီဇိုင်းအစိတ်အပိုင်းတစ်ခုပါပဲ။ နောက်တစ်ခုကလှေကားတွေ၊ planter box တွေ ရှိမယ်၊ နောက်တစ်ခုကစောစောကပြောတဲ့ water feature နဲ့ ချိတ်ဆက်ထားတဲ့ boundary area တွေရှိမယ်။ အဲ့လိုareaတွေကလည်း ကျွန်တော်တို့ ဘာအတွက်ဖန်တီးထားလဲဆိုရင်အိမ်တစ်ခုလုံးမှာ client အနေနဲ့ ကြိုက်တဲ့နေရာမှာထိုင်လို့ရတယ်။ ကြိုက်တဲ့နေရာမှာသူအေးအေးဆေးဆေးစကားပြောလို့ရတယ်၊ gatheringလုပ်လို့ရအောင် ဖန်တီးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ client က တခါတလေသူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေ တွေ ခေါ်လာတတ်တယ်။Gathering လုပ်လေ့ရှိတယ်။ တခါတလေကျရင် ကလေးတွေနဲ့ ပါတီပွဲတွေ လုပ်တတ်တဲ့ အခါကျတော့ အဲ့ဒီမှာဧည့်သည်အုပ်စုလိုက်လာရင် ကိုယ်နှစ်သက်သလို ကြိုက်တဲ့နေရာမှာဆိုဖာမရှိပဲထိုင်လို့ရတဲ့ ပုံစံမျိုး ကျွန်တော်တို့ကဖန်တီးထားပေးလိုက်တယ်။ဒီတော့ အိမ်တစ်ခုလုံးသည် ကျွန်တော်တို့မြင်နေကျထိုင်ခုံတွေ ဆိုဖာတွေ မချပဲနဲ့ ထောင့်စုံမှာထိုင်လို့ရတဲ့ ပုံစံမျိုးပါနေတယ်။ ဒါသည် ဒီအိမ်ရဲ့ ထူးခြားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

Myanmar Home & Decor 
MOPA

Client နဲ့ Designer စိတ်ကျေနပ်မှုအပိုင်းကရောဒီဇိုင်းပြီးသွားတဲ့အခါမှာဘယ်လိုနေပါသလဲ။

Client နဲ့ Designer ရဲ့ စိတ်ကျေနပ်မှု အပိုင်းကတော့ Client ရဲ့ စိတ်ကျေနပ်မှုက ကျွန်တော်တို့ ဖန်တီးထားတဲ့ အပေါ်မှာသူဘယ်လောက်အသုံးပြုလဲဆိုတာနဲ့တိုင်းတာရမယ်ပေါ့။ ဥပမာပြောပြရရင် Client မှာသမီးငယ်လေးသုံးယောက်ပါတယ်။ Court yard ရဲ့ ညာဘက်ခြမ်းမှာကလေးတွေ အခန်းရှိတယ်၊ ကျွန်တော်ကတကယ်တော့ ကလေးတွေနဲ့ မနီးစပ်ပါဘူး။ကလေးအခန်းတွေ ဒီဇိုင်းဆွဲရတဲ့ အခါမှာ ကျွန်တေ်ာ့အတွက် ခက်ခဲပါတယ်။ ကလေးတွေ အတွက် ဘာတွေ လိုအပ်နိုင်သလဲဆိုတာကိုစိတ်ကူးရတာ ကျွန်တော့်အတွက် ကန့်သတ်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့် client နဲ့ စကားပြောတဲ့ အခါ client က ကျွန်တော့်ကိုလွတ်လွတ်လပ်လပ်တွေးခေါ်ခွင့်ပေးပါတယ်။ ကလေးအခန်းကိုဒီဇိုင်းဆွဲတဲ့အခါ ကလေးတစ်ယောက်ချင်းစီအတွက် အိပ်ရာ၊ ကိုယ်ပိုင်စာကြည့်တဲ့နေရာစသဖြင့် ကျွန်တော်တွဲပေးတယ်။ ဒီနေရာမှာရှေ့က ကျွန်တော်ပြောခဲ့သလိုပဲ Architectural Interior Space ကို ပြန်စဉ်းစားလိုက်တဲ့ အနေအထားမျိုးမှာကလေးအခန်းထဲကို ဝင်သွားလိုက်တာနဲ့ ကလေး ၃ယောက်ရဲ့ နေရာသည် သူတို့ ကိုယ်ပိုင် အိပ်ခန်းတိုက်ခန်းလေးတွေလိုနေရာမျိုး ကျွန်တော်ကဖွဲ့စည်းပေးထားလိုက်တယ်။

Myanmar Home & Decor 
MOPA
Myanmar Home & Decor 
MOPA

ကလေးအငယ်ဆုံးသည် အောက်ဆုံးထပ်မှာရှိမယ်၊ အလတ်လေးသည် အလယ်ထပ်မှာရှိမယ်၊ အကြီးဆုံးသည် အပေါ်ဆုံးထပ်မှာရှိတဲ့ ပုံစံမျိုး ကျွန်တော် ဖန်တီးထားပေးလိုက်တယ်။ ရေချိုးခန်း၊ အိမ်သာဆိုရင် ပုံမှန်ကရိုးရိုးရှင်းရှင်းပဲလုပ်ကြတယ်။ဒီနေရာမှာ ကျွန်တော် က Shower Area ကိုရေကန်လိုပုံစံဖန်တီးပေးဖြစ်တယ်။ ပုံမှန်အားဖြင့် Bathtub ပေါ့။ ကျွန်တော်တို့ client ကလည်း bathtub ထည့်ချင်တယ်။ ဒါပေမယ့် Bathtub သည် ကလေး ၃ ယောက် တစ်ပြိုင်တည်း ရေဝင်ချိုးဖို့က အဲ့လောက် ဆိုဒ်ကီးကြီးမရှိဘူး။ ဒီတော့ ကျွန်တော်ကဒီ Shower Area တစ်ခုလုံးကို Bathtub လိုပုံစံမျိုးဖန်တီးပေးလိုက်တယ်။ ဒီလိုဖန်တီးလိုက်တဲ့ အတွက် ရေဖြည့်ပေးလိုက်တဲ့ အခါ shower area က ရေပြည့်သွားမယ်၊ ကလေးတွေ အနေနဲ့ ရေကစားလို့ရတဲ့ နေရာဖြစ်သွားတယ်။နောက်ဆုံး client တွေ စနေတဲ့ အချိန်မှာ ကျွန်တော်ရောက်သွားတော့Client က ပြောပြတာကသူ့ရဲ့ကလေးတွေကရေချိုးရတာအရမ်းသဘောကျတယ်။ ကလေးတွေ ရေချိုးတဲ့ အခါ တော်ရုံတန်ရုံနဲ့တောင် ထွက်မလာဘူးလို့တောင် ပြောပြပါတယ်။ နောက်တစ်ခုကအလယ်မှာcournt yard လိုဖန်တီးပေးထားတဲ့ အတွက် လွတ်လွတ်လပ်လပ် သုံးလို့ရတဲ့ နေရာလေးဖြစ်သွားတယ်။ ကျွန်တော် ရောက်နေတဲ့ အချိန်မှာကလေးတွေ စက်ဘီးစီးပြီးဆော့နေတာတွေ့ရပါတယ်။ ကျွန်တော် ဖန်တီးမှုတွေသည် သူတို့ အတွက် ကောင်းစွာ အသုံးဝင်နေတာကို တွေ့ရတဲ့ အတွက် Designer တစ်ယောက်ရဲ့စိတ်ကျေနပ်မှု ရလားဆိုတာထက်ပိုပြီးပီတိဖြစ်မိပါတယ်လို့ပြောချင်ပါတယ်။

Photo – Thiri May

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Home page 7981 viewed
  • Welcome to Home & Decor 5055 viewed
  • ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home 3185 viewed
  • အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း 2789 viewed
  • လမ္းဦးတိုက္မွာ ေနသူေတြ ခ်မ္းသာၾကပါေစ 2703 viewed