တမူထူးခြားတဲ့ ခြေလှမ်းသစ်များနဲ့ Asia Modern Crafts

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ မြတ်လှ မှ
February 6, 2018 နေ့
Othersဆောင်းပါးများအင်တာဗျူး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

တမူထူးခြားတဲ့ ခြေလှမ်းသစ်များနဲ့ Asia Modern Crafts

ရေးသူ-မြတ်လှ

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်လာတာနဲ့အညီထိုနိုင်ငံရဲ့ပြည်တွင်းဖြစ်ထုတ်ကုန်များကို နိုင်ငံတကာက စိတ်ဝင်တစားနဲ့ လေ့လာဝယ်ယူကြပါတယ်။ ဒီလိုစိတ်ဝင်စားမူရှိလာတာက ထိုနိုင်ငံရဲ့ပြည်သူတွေအတွက် လည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိလာနိုင်ပြီးနိုင်ငံခြားဝင်ငွေလည်းများပြားလာစေမှာဖြစ်တဲ့အတွက် များစွာအကျိုးဖြစ်ထွန်းနိုင်မှာဖြစ်ပါတယ်။ ထို့အတူ ကျွန်မတို့မြန်မာနိုင်ငံရဲ့လက်မူပစ္စည်းတွေကလည်း နိုင်ငံတ ကာရဲ့စိတ်ဝင်စားမူကိုရရှိနေတဲ့အတွက်လုပ်ငန်းရှင်တွေအနေနဲ့ထုတ်ကုန်များကို ပြည်တွင်းမှာသာမက နိုင်ငံ ခြားကိုတင်ပို့နိုင်တဲ့ကွာလတီဖြစ်လာစေဖို့အတွက် ဒီဇိုင်းပိုင်းရော၊ အရည်အသွေးပိုင်းမှာပါ ထူးခြားဆန်းသစ် ကောင်းမွန်အောင်တီထွင်ဖန်တီးလာကြပါတယ်။ဒီလိုတီထွင်ဖန်တီးမူတွေထဲကမှ သစ်သားကိုCutlery items, healing items, stationary itemsပစ္စည်းတွေအနေနဲ့ထုတ်လုပ်ထားပြီး၊ ဂျပန်လူမျိုးတွေရဲ့စိတ်ဝင်စားမူကိုရရှိ နေတဲ့ Asia Modern Crafts ရဲ့လုပ်ငန်းစဉ်တွေနဲ့ပက်သက်ပြီးManaging Director ဖြစ်တဲ့ ဒေါ်စုစုယဉ်နဲ့တွေ့ ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

Asia Modern Crafts ကိုဘယ်နှစ်ခုနှစ်ကစတင်တည်ထောင်ဖြစ်ခဲ့လဲဆိုတာသိချင်ပါတယ်ရှင်။

        အန်တီတို့Asia Modern Craft ကို ၂၀၁၅ ခုနှစ်ကစတင်တည်ထောင်ခဲ့ပါတယ်။

တည်ထောင်ရတဲ့ရည်ရွယ်ချက်ကိုလည်းသိပါရစေရှင်။

အန်တီအနေနဲ့ ပထမတော့ ဒီလုပ်ငန်းကိုလုပ်ဖို့ကြောက်ခဲ့တယ်။မလုပ်ရဲခဲ့ဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်က နိုင်ငံခြား Company တွေတောင်ပိတ်ပြီးထွက်သွားတဲ့အချိန်ပါ။ ဒါပေမယ့် အန်တီရဲ့Counterpart က သူတို့တွေဆိုလည်း ဒီဘဝကတက်လာကြတာလက်တွဲလုပ်ကြရအောင်ဆိုပြီးခေါ်တယ်။ အန်တီက research ကို ၂၅နှစ်လောက်လုပ်ခဲ့တာဆိုတော့ အသစ်အဆန်းဆိုကြိုက်တယ်၊ အသစ်အဆန်းတွေလုပ်မယ်ဆို နှစ်ခါတောင်မခေါ်ရတဲ့လူမျိုးဆိုတော့သူတို့နဲ့လက်တွဲလုပ်ဖြစ်ခဲ့ပါတယ်။ အဲလိုနဲ့ Asia Modern Craft ကိုတည် ထောင်ဖြစ်ခဲ့တာပါ။

Asia Modern crafts မှာဘယ်လိုပစ္စည်းမျိုးတွေကိုအဓိကထားထုတ်လုပ်ဖြစ်လဲဆိုတာလည်းပြောပြပေးပါရှင်။

        အဓိကကတော့Table wearတွေကိုထုတ်လုပ်ဖြစ်တာပေါ့။အရင်ကတော့ ပန်းပုတွေလုပ်ခဲ့ပါတယ်။ အခုကတော့ ရေခွက်၊ ဇွန်း၊ တူ ၊ပန်းကန်းပြားစတာတွေထုတ်ပါတယ်။သစ်ကိုသုံးတဲ့အခါမှာ နိုင်ငံတကာက ရှားပါးသစ်လို့သတ်မှတ်ထားတဲ့ သစ်အမျိုးအစားတွေကိုသုံးလို့မရပါဘူး။ အဲဒီအပြင် အန်တီတို့သုံးတဲ့ အချို့ သောကုန်ကြမ်းဖြစ်တဲ့သစ်တွေဆိုရင် ပရိဘောဂထုတ်လို့မရနိုင်တော့တဲ့ သစ်အတိုအစလေးတွေကိုလည်း သုံးပါတယ်။ အတိုအဆလေးတွေကျတော့ ထမင်းစားတူကိုခုံအဖြစ်ခုပေးတဲ့ ပဲစေ့လေးတွေအနေနဲ့ ထုတ်လုပ် လိုက်ပါတယ်။ အမှိုက်ကနေရွှေဖြစ်အောင်လုပ်လိုက်တဲ့သဘောပါ။

သစ်သားနဲ့လုပ်ထားတဲ့ ခွက်တွေ ဇွန်းတွေဆိုတော့အပူအအေးကြောင့်ကျုံ့ခြင်း၊ ပွခြင်းမျိုးရှိလားအန်တီ။

လုံးဝမရှိအောင် လုပ်ထားပါတယ်။ (ပြောရင်းဆိုရင်းနဲ့ အန်တီကသစ်သားရေခွက်တစ်လုံးကိုယူပြီး ရေ နွေးပူထည့်ပြပါတယ်။ သစ်သားခွက်ကိုကိုယ်တိုင်ကိုင်ကြည့်စေပါတယ်။ သစ်သားခွက်ကတကယ်ပဲအပြင်က နေပူနေတာမျိုးမရှိပါဘူး။) ဂျပန်နိုင်ငံကိုပို့တဲ့အခါမှာဆိုရင်လည်း စစ်ဆေးပြီးPassဖြစ်မှပို့ရတာဖြစ်တဲ့အတွက် အစာအဆိပ်သင့်တာမျိုးလည်းမဖြစ်နိုင်ပါဘူး။

ဒါတွေကတော့ သစ်သားနဲ့ပြုလုပ်ထားတာပေါ့နော်။ ဒီတော့ အန်တီတို့ဆီမှာ သစ်သားနဲ့မဟုတ်ပဲအခြားဘယ်လို အရာတွေကိုများထုတ်လုပ်ပါသေးလဲရှင်။

        အန်တီတို့က i-NGO အနေနဲ့ကူညီတာတွေလည်းရှိပါတယ်။ အန်တီတို့အနေနဲ့ကတော့ chemical မပါဘဲစိုက်ပျိုးထားတဲ့နေရာကထွက်လာတဲ့ လက်နဲ့ဆွဲထားတဲ့ချည်တွေကိုသဘာဝဆိုးဆေးနဲ့အရောင်ဆိုးပြီး ယက်လုပ်ထားတဲ့ပုဝါတွေကို ရောင်းနေပါပြီ။ အခုကတော့ ဂျပန်ဈေးကွက်တစ်ခုထဲရှိပါတယ်။ Europe နဲ့ US ဈေးကွက်ကိုတင်ပို့ဖို့တော့ရှာနေပါတယ်။

ပစ္စည်းထုတ်လုပ်မူအပိုင်းမှာရောဘယ်လိုအခက်အခဲမျိုးတွေရှိခဲ့လဲဆိုတာသိပါရစေရှင်။

        အခက်အခဲကတော့ရှိပါတယ်။ အန်တီတို့အနေနဲ့ သူတို့ချမှတ်ထားတဲ့လိုအပ်ချက်တွေအတိုင်းသပ်ရပ်မူ၊ ချောမွတ်မူ၊ တိကျမူဆိုတာတွေနဲ့ အတတ်နိုင်ဆုံးနီးစပ်အောင်၊ ပဲ့တာရှတာတွေမရှိအောင်၊ သပ်သပ်ရပ်ရပ်ရှိ အောင် ပြုလုပ်ပေးရတာပေါ့နော်။ ပစ္စည်းတွေကိုကိုင်ကြည့်လိုက်တာနဲ့ ကောင်းလိုက်တာ၊ လိုချင်လိုက်တာဆို တဲ့အဆင့်ထိရောက်အောင် ကြိုးစားဖန်တီးရပါတယ်။

Asia Modern Crafts ကနေထုတ်လုပ်လိုက်တဲ့ပစ္စည်းတွေကို ဘယ်နိုင်ငံကိုအဓိကထားဖြန့်ဖြူးလဲဆိုတာလည်း ပြောပြပေးပါရှင်။

        အခုကတော့ဂျပန်နိုင်ငံကိုပဲဖြန့်ဖြူးပါတယ်။ ဥရောပဘက်ကိုတင်သွင်းနိုင်ဖို့အတွက်ကိုလည်း ကြိုးစား နေပါတယ်။

Asia Moders Craft အနေနဲ့ရှေ့ဆက်လုပ်ဆောင်သွားမယ့်အရာတွေကိုလည်းသိချင်ပါတယ်ရှင်။

Myanmar Craftsကို နိုင်ငံတကာဈေးကွက်ထိရောက်အောင်သွားဖို့ ရည်ရွယ်ပါတယ်။ အန်တီတို့ကို ဂျပန်က support လုပ်ထားတာလည်းရှိတော့ သူတို့ရဲ့နည်းပညာနဲ့ အန်တီတို့မြန်မာတွေရဲ့ထုတ်ကုန်ကို ပေါင်း စပ်ပြီးပစ္စည်းတွေထပ်ထုတ်လုပ်ဖို့ရှိပါတယ်။

 

နောက်ဆုံးအနေနဲ့ Asia Modern Craft ရဲ့တာဝန်ရှိသူတစ်ယောက်အနေ နဲ့စကားလက်ဆောင်လေးပြောပေး ပါဦးရှင်။

        အန်တီတို့ Asia Modern Craft အနေနဲ့ နေ့စဉ်ပစ္စည်းသစ်တွေထုတ်လုပ်နေမှာပါ။ အခက်အခဲတွေရှိ တိုင်းလည်းကျော်ဖြတ်ပြီးတော့ ဆက်လက်ကြိုးစာနေဦးမှာပါ။

ဟုတ်ကဲ့။အခုလိုဖြေကြားပေးလို့ကျေးဇူးတင်ပါတယ်ရှင်။

အန်တီတို့ဘက်ကလည်းကျေးဇူးတင်ပါတယ်ရှင်။

Source – Myanmar Home & Decor Magazine (Volume – 6, Issue -4)     



ဆက်စပ်ဆောင်းပါးများ

ပန်းဥယျာဉ်ရဲ့အလှအတွက် ကျောက်တုံးလေးများ

ပန်းဥယျာဉ်ရဲ့အလှအတွက် ကျောက်တုံးလေးများ

SCG သည် ကိုအောင်သူနှင့်ပူးပေါင်း၍ သီတဂူမျက်စိဆေးရုံသို့ မျက်စိရောဂါများကုသခြင်းနှင့် စောင့်ရှောက်ခြင်းများပြုလုပ်နိုင်ရန်အတွက် အလှူငွေများလှူဒါန်းခြင်း

SCG သည် ကိုအောင်သူနှင့်ပူးပေါင်း၍ သီတဂူမျက်စိဆေးရုံသို့ မျက်စိရောဂါများကုသခြင်းနှင့် စောင့်ရှောက်ခြင်းများပြုလုပ်နိုင်ရန်အတွက် အလှူငွေများလှူဒါန်းခြင်း

နေရာကျဉ်းတွေမှာ ကုတင်နေရာချဖို့ နည်းလမ်းကောင်းများ

နေရာကျဉ်းတွေမှာ ကုတင်နေရာချဖို့ နည်းလမ်းကောင်းများ

ဆရာကြီးမင်းသိင်္ခသည် အဘယ်ကြောင့် အိမ်ကိုကောင်းကောင်းဆောက်ပြီး အိမ်ရှေ့မှာ ရေကန်ထားလေ့ရှိသနည်း

ဆရာကြီးမင်းသိင်္ခသည် အဘယ်ကြောင့် အိမ်ကိုကောင်းကောင်းဆောက်ပြီး အိမ်ရှေ့မှာ ရေကန်ထားလေ့ရှိသနည်း