“Architect Expo’19”ျပပြဲႀကီးသို႔ၾကြေရာက္လာသည့္ဧည့္သည္ေတာ္မ်ား စံခိ်န္တင္မ်ားျပားခဲ့ လာမည့္ႏွစ္ျပပြဲတြင္လည္း ရာႏွင့္ခ်ီသည့္ကုမၸဏီမ်ား ပါ၀င္ျပသဦးမည္ဟု သိရ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
July 3, 2019 နေ့
သတင်းနှင့် ပြပွဲများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

၂၀၁၉ခုႏွစ္ ဧၿပီလ ၃၀ရက္က ေမလ ၅ရက္ထိ “Living Green”ေခါင္းစဥ္ႏွင့္ က်င္းပျပဳလုပ္သြားခဲ့သည့္  ၃၃ႀကိမ္ေျမာက္ “Architect Expo’19” ျပပြဲသို႔ ဧည့္သည္အမ်ားအျပား တက္ေရာက္လာခဲ့ၾကၿပီး ေမွ်ာ္မွန္းထား သည္ထက္ပင္ပိုမိုမ်ားျပားခဲ့သည္ဟု  ေတာ္၀င္သူေကာင္းျပဳေရးအဖြဲ႕လက္ေအာက္ ထိုင္းဗိသုကာအဖြဲ႕အစည္း ASAႏွင့္ N.C.C Exhibition Organizer Co., Ltd. (NEO) တို႔က ထုတ္ျပန္ေၾကညာခဲ့သည္။

ထိုင္းႏိုင္ငံတြင္က်င္းပျပဳလုပ္ခဲ့သည့္အဆိုပါျပပြဲႀကီးသို႔ ျပည္တြင္းျပည္ပမွ ဧည့္သည္စုစုေပါင္း ၄၄၂၀၀၀ ေက်ာ္ တက္ေရာက္လာခဲ့ၿပီး ယခင္ႏွစ္ထက္ ဧည့္သည္အေရအတြက္ စံခ်ိန္တင္မ်ားျပားကာ ေအာင္ျမင္သည့္ ျပပြဲႀကီးျဖစ္ခဲ့ေၾကာင္း ASA၏ ဥကၠ႒ AjapholDusitnanondက ေျပာၾကားခဲ့သည္။ ထို႔ျပင္ ျပပြဲရက္မ်ား၌ပင္ တစ္ပါတည္း က်င္းပခဲ့သည့္ ASAဖိုရမ္ႏွင့္ ASA ေဟာေျပာပြဲသို႔ ပါ၀င္ဆင္ႏႊဲခဲ့သည့္ ကိုယ္စားလွယ္ ၃၀၀၀ေက်ာ္ ရွိခဲ့ေၾကာင္းသိရသည္။ Architect Expo’19ျပပြဲႀကီး၌ ေနာက္ဆံုးေပၚဗိသုကာဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္မႈမ်ားႏွင့္ အခြင့္အလမ္းမ်ားကို ျပသရန္ရည္ရြယ္လ်က္ ဗိသုကာပညာရွင္မ်ားႏွင့္ အမ်ားျပည္သူကို ဆက္သြယ္ခ်ိတ္ဆက္ ေပးႏိုင္ခဲ့ၿပီး ASAအဖြဲ႕၀င္မ်ားႏွင့္ လူအဖြဲ႕အစည္းအတြက္ပါ အက်ဳိးမ်ားေစခဲ့သည့္ ျပပြဲႀကီးလည္း ျဖစ္သည္။

          ျပပြဲႀကီး၏အဓိကရည္ရြယ္ခ်က္မွာ ASAအဖြဲ႕၀င္မႈကို ဗိသုကာမ်ားသာမကဘဲ ျပပြဲပါ၀င္ျပသသူမ်ားႏွင့္ အမ်ားျပည္သူမ်ားႏွင့္ပါ တိုးမ်ားလာေစရန္ ရည္ရြယ္ထားခဲ့ျခင္းျဖစ္သည္။ Architect Expo’19ျပပြဲႀကီးမွာ အာဆီ ယံေဒသတြင္း အႀကီးမားဆံုးဗိသုကာျပပြဲႀကီးျဖစ္လာခဲ့ၿပီး ျပင္းျပသည့္ရည္မွန္းခ်က္ႏွင့္အတူ မၾကာေတာ့သည့္ အနာဂတ္တြင္ ကမၻာ့အဆင့္မီျပပြဲႀကီးအျဖစ္ တက္လွမ္းသြားမည္ျဖစ္ေၾကာင္း AjapholDusitnanondက ဆိုသည္။

          NEO အေနျဖင့္ ထိုင္းျပည္တြင္းလုပ္ငန္းမ်ားကိုသာမက ႏိုင္ငံတကာမွလုပ္ငန္းမ်ားကိုပါ Architect Expo’19  ျပပြဲႀကီးတြင္ ပါ၀င္ျပသဆင္ႏႊဲရန္ ဖိတ္ၾကားခဲ့ၿပီး ကမၻာတ၀န္းမွ ဗိသုကာထုတ္ကုန္မ်ား၊ ဗိသုကာဆိုင္ ရာ၀န္ေဆာင္မႈမ်ား၊ ဗိသုကာဆိုင္ရာနည္းပညာႏွင့္ ေဆာက္လုပ္ေရးကုန္ပစၥည္းမ်ားကို တစုတစည္းတည္း ခင္းက်င္းျပသႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း N.C.C. Exhibition Organizer Co., Ltd.,၏ ဥကၠ႒ Sakchai Pattarapreechakul က ေျပာၾကားခဲ့သည္။ ယခုႏွစ္ျပပြဲႀကီးတြင္လည္း ၾကြေရာက္လာသည့္ဧည့္သည္မ်ားထံမွ အားရစဖြယ္ တံု႔ျပန္မႈေကာင္းမ်ား ရရွိခဲ့ၿပီး စစ္တမ္းေကာက္ယူမႈအရ ခင္းက်င္းျပသသူမ်ား၏ ၈၈ရာခိုင္ႏႈန္းခန္႔ က ယခုလိုျပပြဲပါ၀င္ရသည္မွာ ၄င္းတို႔၏စီးပြားေရးလုပ္ငန္းမ်ားအတြက္ အေရးပါသည္ဟု လက္ခံယံုၾကည္ထား ခဲ့ၾကၿပီး ၄င္းတို႔၏ထုတ္ကုန္သစ္မ်ားကို အေရာင္းျမွင့္တင္ႏိုင္သည့္အျပင္ ၀ယ္သူအသစ္မ်ား၊ စီးပြားေရးမိတ္ ဖက္ေကာင္းမ်ားႏွင့္ ေတြ႕ဆံုခြင့္ရေစမည့္ အခြင့္အလမ္းေကာင္းအျဖစ္ ယံုၾကည္ထားခဲ့ေၾကာင္း သိရသည္။  ျပပြဲတက္ေရာက္လာသည့္ဧည့္သည္ ၉၈ရာခိုင္ႏႈန္းကလည္း ျပပြဲမွာ စိတ္ေက်နပ္မႈရရွိခဲ့ၾကၿပီး ထုတ္လုပ္သူ လုပ္ငန္းရွင္မ်ားႏွင့္ လူခ်င္းေတြ႕ဆံုႏိုင္သလို ထုတ္ကုန္မ်ားႏွင့္ ၀န္ေဆာင္မႈမ်ားကို ျပပြဲတစ္ေနရာတည္းမွာတင္ ယွဥ္ထိုးေလ့လာႏိုင္ျခင္းေၾကာင့္ ေက်နပ္အားရမႈရွိခဲ့ၾကသည္ဟု ျပပြဲႏွင့္ပတ္သက္သည့္ တံု႔ျပန္မႈစာရင္းေကာက္ ယူမႈအရ ေလ့လာေတြ႕ရွိထားခဲ့ၾကသည္။ Architect Expo’19 ျပပြဲတြင္ မေလးရွား၊ ကေမၻာဒီးယား၊ စင္ကာပူ၊ ျမန္မာ၊ လာအို၊ အေမရိကန္ စသျဖင့္ ႏိုင္ငံေပါင္း ၇၄ႏိုင္ငံက ဧည့္သည္အမ်ားအျပားကိုလည္း ဆြဲေဆာင္ႏိုင္ခဲ့ သည္။

          “Architect Expoက ထိုင္းႏိုင္ငံရဲ႕ ဗိသုကာပညာတိုးတက္ျမင့္မားမႈအတြက္ ဦးေဆာင္လမ္းျပေပးေနတဲ့ ျပပြဲႀကီးျဖစ္ပါတယ္။ ျပပြဲႀကီးမွာ SCGအေနနဲ႔ ပါ၀င္ခြင့္ရခဲ့တဲ့အတြက္ ၀မ္းသာဂုဏ္ယူရၿပီး လာမယ့္ႏွစ္မွာလည္း အကန္႔အသတ္မဲ့ ဆန္းသစ္တီထြင္မႈေတြနဲ႔ ေနထိုင္မႈအဆင့္အတန္းေတြ တိုးတက္ျမွင့္တင္ေပးႏိုင္ေစဖို႔ “Passion for Better Living”ဆိုတဲ့ေခါင္းစဥ္နဲ႔ ထပ္မံပါ၀င္ေဆြးေႏြးဖို႔ ရည္မွန္းထားပါတယ္” ဟု SCG Cement-Building Materials Co., Ltd.၏ ၀ယ္သူႏွင့္ ကုန္အမွတ္တံဆိပ္စီမံခန္႔ခြဲမႈဒါရိုက္တာ Ms Porawan Mahatanasukက အတည္ျပဳေျပာၾကားခဲ့သည္။

“ဗိသုကာေတြ၊ ဒီဇိုင္းပညာရွင္ေတြ၊ အင္ဂ်င္နီယာေတြနဲ႔ ကၽြန္ေတာ္တို႔ရဲ႕အဓိက၀ယ္လက္ေတြကို အတူတစုတစည္းတည္း ဖိတ္ေခၚေပးတဲ့ အေရးပါတဲ့ ျပပြဲႀကီးျဖစ္တာေၾကာင့္ Jorakayအေနနဲ႔လည္း လာ မည့္ႏွစ္ ဗိသုကာျပပြဲႀကီးမွာ ပါ၀င္ျပသသြားဦးမွာျဖစ္ပါတယ္” ဟု Jorakay Corporation Co., Ltd.,၏ မား ကတ္တင္းဒါရိုက္တာ Mr Norawee Sershthin ကေျပာၾကားခဲ့သည္။

          “Architect Expo’19က ယခင္ႏွစ္ေတြထက္ အမ်ားႀကီးပိုမိုခမ္းနားႀကီးက်ယ္လာခဲ့ၿပီး အထူးသျဖင့္ ယခုႏွစ္ရဲ႕ ျပပြဲစာရင္းေပးသြင္းမႈစနစ္က အဆင္ေျပေခ်ာေမြ႕ၿပီး အက်ဳိးထိေရာက္မႈရွိတာေၾကာင့္ တကယ့္ကို အထင္ႀကီးဖြယ္ရာပါပဲ။ ကၽြန္ေတာ္တို႔ကုမၸဏီတည္ေထာင္ခဲ့တာ ၁၆ႏွစ္တိုင္တိုင္ရွိခဲ့ၿပီး ႏွစ္တိုင္းႏွစ္တိုင္းမွာ ဒီျပပြဲကို ပါ၀င္ျပသျဖစ္ခဲ့ပါတယ္။ ေနာက္ႏွစ္ျပပြဲမွာလည္း ကၽြန္ေတာ္တို႔ရဲ႕ ေနာက္ဆံုးေပၚအထူးျခားဆံုး ထုတ္ကုန္သစ္ေတြနဲ႔ ေသခ်ာေပါက္ ျပန္လည္ပါ၀င္ျပသသြားပါမယ္” ဟု Conwood Company Limited ၏ ထုတ္ကုန္ႏွင့္စီမံေျဖရွင္းမႈဖြံ႕ၿဖိဳးတိုးတက္ေရးဌာနမန္ေနဂ်ာ Mr Cholawut Chivapruk က ေျပာၾကားခဲ့သည္။

          “ကၽြန္ေတာ္တို႔ကုမၸဏီက ဒီႏွစ္ Architect Expo မွာ ပထမဆံုးအႀကိမ္အေနနဲ႔ ပါ၀င္ျပသခဲ့ၾကတာပါ။ ျပပြဲပါ၀င္မႈေၾကာင့္ ထိုင္းႏိုင္ငံအတြင္းမွာ ကၽြန္ေတာ္တို႔ကုမၸဏီအတြက္ စီးပြားေရးအက်ဳိးအျမတ္ေမွ်ာ္လင့္ခ်က္ ေတြလည္း ရရွိခဲ့ပါတယ္။ လာမယ့္ႏွစ္ျပပြဲမွာလည္း ထပ္ၿပီးပါ၀င္ျပသသြားဦးမွာပါ” ဟု Zhejiang Meida Industrial Co.,Ltd,၏ မားကတ္တင္းဒါရိုက္တာ Mr Chang Yun Long ကဆိုသည္။

          ကုန္သြယ္မွာယူမႈမ်ားကလည္း ယခင္ႏွစ္ကပစ္မွတ္ထက္ ပိုမိုမ်ားျပားခဲ့သလို ၀ယ္သူေစ်းကြက္ထိုး ေဖာက္မႈအေနႏွင့္လည္း အက်ဳိးအျမတ္ေကာင္းမ်ားရရွိေစခဲ့သျဖင့္ ျပပြဲပါ၀င္သူေတြရဲ႕ အနာဂတ္ စီးပြားေရး အခြင့္အလမ္းမ်ားအတြက္ Architect Expo’19ျပပြဲႀကီး၏ ေအာင္ျမင္မႈက ထင္ဟပ္ေနျခင္းပင္ျဖစ္သည္။ သို႔ျဖစ္ရာ ျပပြဲပါ၀င္ျပသခဲ့သူအမ်ားအျပားကလည္း လာမည့္ႏွစ္ျပပြဲႀကီးတြင္ ထပ္မံပါ၀င္ျပသႏိုင္ေရးအတြက္ စိတ္၀င္တစား အတည္ျပဳခဲ့ၾကၿပီး လာမည့္ႏွစ္ျပပြဲအတြက္ ျပပြဲေနရာႀကိဳတင္မွာယူထားမႈ ၅၀ရာခိုင္ႏႈန္း ရရွိထားခဲ့ၿပီျဖစ္သည္။

          လာမည့္ႏွစ္ျပပြဲႀကီးတြင္လည္း တရုတ္၊ ထိုင္၀မ္၊ ေတာင္ကိုရီးယား၊ ဂ်ာမနီ၊ အီတလီ၊ စင္ကာပူ၊ မေလး ရွား၊ အေမရိကန္၊ ဂ်ပန္ႏွင့္ ၾသစေၾတးလ်တို႔အပါအ၀င္ ႏိုင္ငံအမ်ားအျပားမွ ျပခန္းမ်ားလည္း ပါ၀င္လာၾက ဦးမည္ျဖစ္သည္။

          Architect Expo’20 ျပပြဲႀကီးကို လာမည့္ႏွစ္ျဖစ္သည့္ ၂၀၂၀ျပည့္ႏွစ္၊ ဧၿပီလ ၂၈ရက္မွ ေမလ ၃ရက္ ထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ၿပီး Heritage ဆိုသည့္ ေခါင္းစဥ္အသစ္ႏွင့္ မိတ္ဆက္ျပသသြားမည္ျဖစ္သည္။

အေသးစိတ္စံုစမ္းသိရွိလိုပါက ၀က္ဘ္ဆိုက္ www.asa.or.th/architectexpo ႏွင့္ Facebook: ASA CREW တို႔တြင္ ၀င္ေရာက္ဖတ္ရႈႏိုင္ပါသည္။

Unicode ျဖင့္ဖတ္ရန္

“Architect Expo’19”ပြပွဲကြီးသို့ကြွရောက်လာသည့်ဧည့်သည်တော်များ စံချိန်တင်များပြားခဲ့ လာမည့်နှစ်ပြပွဲတွင်လည်း ရာနှင့်ချီသည့်ကုမ္ပဏီများ ပါဝင်ပြသဦးမည်ဟု သိရ

၂၀၁၉ခုနှစ် ဧပြီလ ၃၀ရက်က မေလ ၅ရက်ထိ “Living Green”ခေါင်းစဉ်နှင့် ကျင်းပပြုလုပ်သွားခဲ့သည့် ၃၃ကြိမ်မြောက် “Architect Expo’19” ပြပွဲသို့ ဧည့်သည်အများအပြား တက်ရောက်လာခဲ့ကြပြီး မျှော်မှန်းထား သည်ထက်ပင်ပိုမိုများပြားခဲ့သည်ဟု တော်ဝင်သူကောင်းပြုရေးအဖွဲ့လက်အောက် ထိုင်းဗိသုကာအဖွဲ့အစည်း ASAနှင့် N.C.C Exhibition Organizer Co., Ltd. (NEO) တို့က ထုတ်ပြန်ကြေညာခဲ့သည်။
ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့်အဆိုပါပြပွဲကြီးသို့ ပြည်တွင်းပြည်ပမှ ဧည့်သည်စုစုပေါင်း ၄၄၂၀၀၀ ကျော် တက်ရောက်လာခဲ့ပြီး ယခင်နှစ်ထက် ဧည့်သည်အရေအတွက် စံချိန်တင်များပြားကာ အောင်မြင်သည့် ပြပွဲကြီးဖြစ်ခဲ့ကြောင်း ASA၏ ဥက္ကဋ္ဌ AjapholDusitnanondက ပြောကြားခဲ့သည်။ ထို့ပြင် ပြပွဲရက်များ၌ပင် တစ်ပါတည်း ကျင်းပခဲ့သည့် ASAဖိုရမ်နှင့် ASA ဟောပြောပွဲသို့ ပါဝင်ဆင်နွှဲခဲ့သည့် ကိုယ်စားလှယ် ၃၀၀၀ကျော် ရှိခဲ့ကြောင်းသိရသည်။ Architect Expo’19ပြပွဲကြီး၌ နောက်ဆုံးပေါ်ဗိသုကာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများနှင့် အခွင့်အလမ်းများကို ပြသရန်ရည်ရွယ်လျက် ဗိသုကာပညာရှင်များနှင့် အများပြည်သူကို ဆက်သွယ်ချိတ်ဆက် ပေးနိုင်ခဲ့ပြီး ASAအဖွဲ့ဝင်များနှင့် လူအဖွဲ့အစည်းအတွက်ပါ အကျိုးများစေခဲ့သည့် ပြပွဲကြီးလည်း ဖြစ်သည်။

ပြပွဲကြီး၏အဓိကရည်ရွယ်ချက်မှာ ASAအဖွဲ့ဝင်မှုကို ဗိသုကာများသာမကဘဲ ပြပွဲပါဝင်ပြသသူများနှင့် အများပြည်သူများနှင့်ပါ တိုးများလာစေရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။ Architect Expo’19ပြပွဲကြီးမှာ အာဆီ ယံဒေသတွင်း အကြီးမားဆုံးဗိသုကာပြပွဲကြီးဖြစ်လာခဲ့ပြီး ပြင်းပြသည့်ရည်မှန်းချက်နှင့်အတူ မကြာတော့သည့် အနာဂတ်တွင် ကမ္ဘာ့အဆင့်မီပြပွဲကြီးအဖြစ် တက်လှမ်းသွားမည်ဖြစ်ကြောင်း AjapholDusitnanondက ဆိုသည်။
NEO အနေဖြင့် ထိုင်းပြည်တွင်းလုပ်ငန်းများကိုသာမက နိုင်ငံတကာမှလုပ်ငန်းများကိုပါ Architect Expo’19  ပြပွဲကြီးတွင် ပါဝင်ပြသဆင်နွှဲရန် ဖိတ်ကြားခဲ့ပြီး ကမ္ဘာတဝန်းမှ ဗိသုကာထုတ်ကုန်များ၊ ဗိသုကာဆိုင် ရာဝန်ဆောင်မှုများ၊ ဗိသုကာဆိုင်ရာနည်းပညာနှင့် ဆောက်လုပ်ရေးကုန်ပစ္စည်းများကို တစုတစည်းတည်း ခင်းကျင်းပြသနိုင်ခဲ့ခြင်းဖြစ်ကြောင်း N.C.C. Exhibition Organizer Co., Ltd.,၏ ဥက္ကဋ္ဌ Sakchai Pattarapreechakul က ပြောကြားခဲ့သည်။ ယခုနှစ်ပြပွဲကြီးတွင်လည်း ကြွရောက်လာသည့်ဧည့်သည်များထံမှ အားရစဖွယ် တုံ့ပြန်မှုကောင်းများ ရရှိခဲ့ပြီး စစ်တမ်းကောက်ယူမှုအရ ခင်းကျင်းပြသသူများ၏ ၈၈ရာခိုင်နှုန်းခန့် က ယခုလိုပြပွဲပါဝင်ရသည်မှာ ၎င်းတို့၏စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသည်ဟု လက်ခံယုံကြည်ထား ခဲ့ကြပြီး ၎င်းတို့၏ထုတ်ကုန်သစ်များကို အရောင်းမြှင့်တင်နိုင်သည့်အပြင် ဝယ်သူအသစ်များ၊ စီးပွားရေးမိတ် ဖက်ကောင်းများနှင့် တွေ့ဆုံခွင့်ရစေမည့် အခွင့်အလမ်းကောင်းအဖြစ် ယုံကြည်ထားခဲ့ကြောင်း သိရသည်။  ပြပွဲတက်ရောက်လာသည့်ဧည့်သည် ၉၈ရာခိုင်နှုန်းကလည်း ပြပွဲမှာ စိတ်ကျေနပ်မှုရရှိခဲ့ကြပြီး ထုတ်လုပ်သူ လုပ်ငန်းရှင်များနှင့် လူချင်းတွေ့ဆုံနိုင်သလို ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပြပွဲတစ်နေရာတည်းမှာတင် ယှဉ်ထိုးလေ့လာနိုင်ခြင်းကြောင့် ကျေနပ်အားရမှုရှိခဲ့ကြသည်ဟု ပြပွဲနှင့်ပတ်သက်သည့် တုံ့ပြန်မှုစာရင်းကောက် ယူမှုအရ လေ့လာတွေ့ရှိထားခဲ့ကြသည်။ Architect Expo’19 ပြပွဲတွင် မလေးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ မြန်မာ၊ လာအို၊ အမေရိကန် စသဖြင့် နိုင်ငံပေါင်း ၇၄နိုင်ငံက ဧည့်သည်အများအပြားကိုလည်း ဆွဲဆောင်နိုင်ခဲ့ သည်။ 
"Architect Expoက ထိုင်းနိုင်ငံရဲ့ ဗိသုကာပညာတိုးတက်မြင့်မားမှုအတွက် ဦးဆောင်လမ်းပြပေးနေတဲ့ ပြပွဲကြီးဖြစ်ပါတယ်။ ပြပွဲကြီးမှာ SCGအနေနဲ့ ပါဝင်ခွင့်ရခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူရပြီး လာမယ့်နှစ်မှာလည်း အကန့်အသတ်မဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ နေထိုင်မှုအဆင့်အတန်းတွေ တိုးတက်မြှင့်တင်ပေးနိုင်စေဖို့ “Passion for Better Living”ဆိုတဲ့ခေါင်းစဉ်နဲ့ ထပ်မံပါဝင်ဆွေးနွေးဖို့ ရည်မှန်းထားပါတယ်" ဟု SCG Cement-Building Materials Co., Ltd.၏ ဝယ်သူနှင့် ကုန်အမှတ်တံဆိပ်စီမံခန့်ခွဲမှုဒါရိုက်တာ Ms Porawan Mahatanasukက အတည်ပြုပြောကြားခဲ့သည်။ 

“ဗိသုကာတွေ၊ ဒီဇိုင်းပညာရှင်တွေ၊ အင်ဂျင်နီယာတွေနဲ့ ကျွန်တော်တို့ရဲ့အဓိကဝယ်လက်တွေကို အတူတစုတစည်းတည်း ဖိတ်ခေါ်ပေးတဲ့ အရေးပါတဲ့ ပြပွဲကြီးဖြစ်တာကြောင့် Jorakayအနေနဲ့လည်း လာ မည့်နှစ် ဗိသုကာပြပွဲကြီးမှာ ပါဝင်ပြသသွားဦးမှာဖြစ်ပါတယ်” ဟု Jorakay Corporation Co., Ltd.,၏ မား ကတ်တင်းဒါရိုက်တာ Mr Norawee Sershthin ကပြောကြားခဲ့သည်။
“Architect Expo’19က ယခင်နှစ်တွေထက် အများကြီးပိုမိုခမ်းနားကြီးကျယ်လာခဲ့ပြီး အထူးသဖြင့် ယခုနှစ်ရဲ့ ပြပွဲစာရင်းပေးသွင်းမှုစနစ်က အဆင်ပြေချောမွေ့ပြီး အကျိုးထိရောက်မှုရှိတာကြောင့် တကယ့်ကို အထင်ကြီးဖွယ်ရာပါပဲ။ ကျွန်တော်တို့ကုမ္ပဏီတည်ထောင်ခဲ့တာ ၁၆နှစ်တိုင်တိုင်ရှိခဲ့ပြီး နှစ်တိုင်းနှစ်တိုင်းမှာ ဒီပြပွဲကို ပါဝင်ပြသဖြစ်ခဲ့ပါတယ်။ နောက်နှစ်ပြပွဲမှာလည်း ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ်အထူးခြားဆုံး ထုတ်ကုန်သစ်တွေနဲ့ သေချာပေါက် ပြန်လည်ပါဝင်ပြသသွားပါမယ်” ဟု Conwood Company Limited ၏ ထုတ်ကုန်နှင့်စီမံဖြေရှင်းမှုဖွံ့ဖြိုးတိုးတက်ရေးဌာနမန်နေဂျာ Mr Cholawut Chivapruk က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ကုမ္ပဏီက ဒီနှစ် Architect Expo မှာ ပထမဆုံးအကြိမ်အနေနဲ့ ပါဝင်ပြသခဲ့ကြတာပါ။ ပြပွဲပါဝင်မှုကြောင့် ထိုင်းနိုင်ငံအတွင်းမှာ ကျွန်တော်တို့ကုမ္ပဏီအတွက် စီးပွားရေးအကျိုးအမြတ်မျှော်လင့်ချက် တွေလည်း ရရှိခဲ့ပါတယ်။ လာမယ့်နှစ်ပြပွဲမှာလည်း ထပ်ပြီးပါဝင်ပြသသွားဦးမှာပါ” ဟု Zhejiang Meida Industrial Co.,Ltd,၏ မားကတ်တင်းဒါရိုက်တာ Mr Chang Yun Long ကဆိုသည်။
ကုန်သွယ်မှာယူမှုများကလည်း ယခင်နှစ်ကပစ်မှတ်ထက် ပိုမိုများပြားခဲ့သလို ဝယ်သူဈေးကွက်ထိုး ဖောက်မှုအနေနှင့်လည်း အကျိုးအမြတ်ကောင်းများရရှိစေခဲ့သဖြင့် ပြပွဲပါဝင်သူတွေရဲ့ အနာဂတ် စီးပွားရေး အခွင့်အလမ်းများအတွက် Architect Expo’19ပြပွဲကြီး၏ အောင်မြင်မှုက ထင်ဟပ်နေခြင်းပင်ဖြစ်သည်။ သို့ဖြစ်ရာ ပြပွဲပါဝင်ပြသခဲ့သူအများအပြားကလည်း လာမည့်နှစ်ပြပွဲကြီးတွင် ထပ်မံပါဝင်ပြသနိုင်ရေးအတွက် စိတ်ဝင်တစား အတည်ပြုခဲ့ကြပြီး လာမည့်နှစ်ပြပွဲအတွက် ပြပွဲနေရာကြိုတင်မှာယူထားမှု ၅၀ရာခိုင်နှုန်း ရရှိထားခဲ့ပြီဖြစ်သည်။
လာမည့်နှစ်ပြပွဲကြီးတွင်လည်း တရုတ်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဂျာမနီ၊ အီတလီ၊ စင်ကာပူ၊ မလေး ရှား၊ အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့အပါအဝင် နိုင်ငံအများအပြားမှ ပြခန်းများလည်း ပါဝင်လာကြ ဦးမည်ဖြစ်သည်။
Architect Expo’20 ပြပွဲကြီးကို လာမည့်နှစ်ဖြစ်သည့် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၂၈ရက်မှ မေလ ၃ရက် ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး Heritage ဆိုသည့် ခေါင်းစဉ်အသစ်နှင့် မိတ်ဆက်ပြသသွားမည်ဖြစ်သည်။
အသေးစိတ်စုံစမ်းသိရှိလိုပါက ဝက်ဘ်ဆိုက် www.asa.or.th/architectexpo နှင့် Facebook: ASA CREW တို့တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

HERA (EUROPEAN COLLECTION) SINGAPORE အမွတ္တံဆိပ္ မိတ္ဆက္ပြဲ အခမ္းအနား

HERA (EUROPEAN COLLECTION) SINGAPORE အမွတ္တံဆိပ္ မိတ္ဆက္ပြဲ အခမ္းအနား

ပတ်ဝန်းကျင်နှင့်လိုက်ဖက်ပြီးဥတုရာသီတိုင်းအတွက်ရေရှည်တည်တံ့နိုင်သောပစ္စည်းများ –   မြန်မာအိမ်ဆောက်လုပ်ရေးလုပ်ငန်း၏ဦးတည်ရာများ

ပတ်ဝန်းကျင်နှင့်လိုက်ဖက်ပြီးဥတုရာသီတိုင်းအတွက်ရေရှည်တည်တံ့နိုင်သောပစ္စည်းများ – မြန်မာအိမ်ဆောက်လုပ်ရေးလုပ်ငန်း၏ဦးတည်ရာများ

SCG မှ ၂၀၁၉ ခုနှစ် ပထမသုံးလပတ် Q1/2019 လုပ်ငန်းဆောင်ရွက်မှုရလဒ်များကိုကြေညာ

SCG မှ ၂၀၁၉ ခုနှစ် ပထမသုံးလပတ် Q1/2019 လုပ်ငန်းဆောင်ရွက်မှုရလဒ်များကိုကြေညာ

ASA နှင့် NEOတို့ အင်အားစုပေါင်းကာ အာဆီယံဒေသတွင်း ရှေ့ဆောင်ကုန်စည်ပြပွဲကြီးအထိ အဆင့်မြှင့်တင်ထားခဲ့ပြီး၊ ထိုင်းနိုင်ငံနှင့် နိုင်ငံပေါင်း ၄၀က နိုင်ငံတကာစီးပွားရေးလုပ်ငန်း ၈၅၀ကျော် ပါဝင် ပြသမည့်  Architect’ 19 ပြပွဲကြီး

ASA နှင့် NEOတို့ အင်အားစုပေါင်းကာ အာဆီယံဒေသတွင်း ရှေ့ဆောင်ကုန်စည်ပြပွဲကြီးအထိ အဆင့်မြှင့်တင်ထားခဲ့ပြီး၊ ထိုင်းနိုင်ငံနှင့် နိုင်ငံပေါင်း ၄၀က နိုင်ငံတကာစီးပွားရေးလုပ်ငန်း ၈၅၀ကျော် ပါဝင် ပြသမည့် Architect’ 19 ပြပွဲကြီး