Month: April 2021

မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
April 11, 2021 နေ့
Content Partnerစွဲမက်ဖွယ် အိမ်ပုံစံလေးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

အဆင့်မြင့်ပြီး အေးချမ်းလုံခြုံတဲ့ အိမ်ဂေဟာလေးတစ်ခုကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် မိသားစုဘ၀လေးက ပြီးပြည့်စုံနေပြီလို့ ဆိုနိုင်ပါတယ်။ ကားရပ်နားဖို့နေရာကို ရှာနေစရာမလို၊ သားသမီးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်အနားယူအပန်းဖြေနိုင်မယ့်Cluster House အမျိုးအစား အိမ်ကလေးကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က Golden Valley မှာတည်ဆောက်ထားပါတယ်။ လုံခြုံရေးပြည့်၀တဲ့အသိုက်အ၀န်းတစ်ခုထဲမှာရှိတဲ့ သင့်တော်တဲ့မြေအကျယ်အပေါ်မှာ တည်ဆောက်ထားတဲ့ ကိုယ်ပိုင်ခြံ၀င်းလေးထဲက လုံးချင်းပုံစံ cluster house များဟာ နိုင်ငံတကာမှာ ခေတ်စားနေတဲ့အဆင့်မြင့် လူနေမှုပုံစံတစ်ခုပါ။ 

အခုလေ့လာခွင့်ရမယ့်အိမ်လေးက Atlas Development မှ စီစဥ◌်တဲ့ Golden Valley Residence မှ Show Flat အား တည်ဆောက်ခဲ့သူကတော့ Haven Group of Companies ဖြစ်ပါတယ်။  

အကောင်းဆုံးတွေနဲ့ပြည့်နှက်နေတဲ့ Golden Valley Residence ရဲ့cluster house ကို သပ်ရပ်လှပစွာဆောက်ဖို့ကတော့ မလွယ်ဘူးဆိုတာ အိမ်ပုံကိုမြင်တာနဲ့ သိနိုင်မှာဖြစ်ပါတယ်။ အိမ်မှာနေမယ့် မိသားစု၀င်များအတွက် အရာရာပြည့်စုံအောင် ထောင့်စုံကစဥ်းစားရေးဆွဲထားတဲ့အိမ်ဒီဇိုင်းကိုတစ်ပုံစံတည်းရအောင် ပုံဖော်ပေးတဲ့  Haven Group Of Companies  အတွက်ကလည်း တာ၀န်ကြီးလှပါတယ်။ ထူးခြားပြီး ခေတ်ရှေ့ပြေးနေတဲ့ Cluster house ကို တာ၀န်ယူတည်ဆောက်ခဲ့တဲ့Haven Group Of Companies မှ U Aung Khant Kyaw  ( Managing Director ) က ပြောပြတာကတော့ ကျွန်တော်တို့ အနေ နှင့် ဒီအဆောက်အဦကို ဆောက်တဲ့အခါ နိုင်ငံခြား Architect ဖြစ်တဲ့ Ong & Ong  Design က နေရာသေးသေးလေးကိုကျယ်အောင် ခံစားချက်ပေးချင်တဲ့ architecture concept မပျက်အောင် ခက်ခဲတဲ့ design ကို structure ဆွဲပေးသော T& Associates မှ ကိုသူရနိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။ Project management company ဖြစ်သော Surbana Jurong (SJ) မှလည်းကျွန်တော်တို့ကို ဆောက်လုပ်ရေးအချိန်မှာ လိုအပ်တဲ့ technical and project managementsupportတွေကို ပေးသလို ကျွန်တော်တို့ဘက်မှလည်း နိုင်ငံခြား Designဖြစ်ပြီး  QA/QCပိုင်းဆိုင်ရာကို သေချာစွာ စစ်ဆေးပြီး တာဝန်ယူဆောက်လုပ်ပေးခဲ့ပါတယ်။ မြေကျဉ်းကျဉ်းလေးပေါ်မှာ အခန်းဖွင့်ကို အလှယူထားသောကြောင့် အချို့သော columnတိုင်တွေမှာ ခေါင်မိုးမှ မြေကြီးထိအထိမသွားဘဲ အချို့အလွှာတွေမှာ ရပ်ပြီး Transfer Column , Transfer Beam တွေ နှင့် တည်ဆောက်ပေးရပါတယ်။ ဒါအပြင့် Design ဆန်းသစ်အောင် လေပေါ်ဝဲနေသော Cantilever Beam အရှည်တွေကို သုံးထားသောကြောင့်လည်း QA/QC  ပိုင်းတွေကို သေချာစွာ ကြီးကြပ်ပြီး ဆောက်လုပ်ပေးခဲ့ရတာက အမှတ်တရတစ်ခုဖြစ်နေရုံသာမက အောင်မြင်မှုမှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။

အကျယ်အ၀န်းအားဖြင့် 61’ x 35’ အကျယ်ရှိပြီး ၄ထပ်တိုက်အမျိုးအစားဖြစ်ကာ မြေညီထပ်မှာ ကားပါကင်၊ ရုံးခန်း (သို့) မိသားစုအတူတူ အပန်းဖြေနိုင်မယ့် Home Theater အဖြစ် အသုံးပြုနိုင်မယ့် အခန်းတစ်ခန်း၊ စတိုခန်းတစ်ခန်းနဲ့အတူ အပြင်ဘက်မှာ‌တော့ ပေ၅၀ရှည်လျားတဲ့ရေကူးကန်ရှိပါတယ်။ 

ပထမထပ်မှာ ဧည့်ခန်းနဲ့ မီးဖိုခန်းတို့ရှိဖွဲ့စည်းထားပြီး ဒုတိယထပ်မှာ အိပ်ခန်း၃ခန်းနဲ့အတူ စာဖတ်ခန်းတစ်ခန်းပါ၀င်ပါတယ်။ တတိယထပ်ကတော့ အိမ်တစ်ခုလုံးရဲ့ အကြီးဆုံးအခန်းကျယ်ကြီးရှိပြီး ပန်းပင်လေးတွေစိုက်လို့ရတဲ့အပြင် အေးအေးလူလူ အနားယူနိုင်တဲ့ ၀ရန်တာကျယ်ကြီးတစ်ခုလည်း ပါရှိပါသေးတယ်။ စတုတ္ထထပ်မှာတော့ ရွှေတိဂုံဘုရားကို ဖူးမြော်နိုင်တဲ့ ကျယ်၀န်းလှတဲ့ rooftop gardenပြုလုပ်ပေးထားပါတယ်။ မိသားစုနဲ့အတူ ဘာဘီကျူးပါတီ( BBQ Party )လုပ်နိုင်တဲ့အပြင် ပန်းပင်လေးတွေနဲ့ သာယာလှတဲ့နေရာလေးဖြစ်ပါတယ်။

အိမ်ရဲ့ ဒီဇိုင်းမှာ သဘာ၀နေရောင်ခြည် ကောင်းကောင်းရနိုင်အောင် တည်ဆောက်ထားတာကို တွေ့ရသလိုအိမ်အတွင်းပိုင်းအပြင်အဆင်များမှာလည်း  space planningအင်မတန်ကောင်းတာကို တွေ့ရပါသေးတယ်။ အိမ်တွင်းအလှဆင်ပစ္စည်းများဟာ အကောင်းဆုံးအရည်အသွေးတွေကို သုံးထားတာ သိသာပြီး အဆင့်မြင့်နည်းပညာများနဲ့ စနစ်တကျအလှဆင်ထားကိုလည်း တွေ့ခဲ့ပါတယ်။ ယခုဆောင်းပါးမှာပါ၀င်တဲ့ cluster house ရဲ့ အိမ်အတွင်းပိုင်းအလှဆင်ခြင်းအတွက် ဒီဇိုင်းရေးဆွဲသူကတော့  (Jayoneo)ဖြစ်ပြီး  Haven နှင့်အတူ အသပ်ရပ်ဆုံးပြင်ဆင်ပေးထားတာကတော့  MCG Myanmar , MGTT , VIVA , Eclion , အခြားသော sub contractors များဖြစ်ပါတယ်။

နိုင်ငံတကာစံချိန်စံနှုန်းအတိုင်း အရည်အသွေးပြည့်မှီမှုကြောင့်Golden Valley Residenceသည် Myanmar Property Award 2017 က ချီးမြှင့်တဲ့ Best Housing Development Winner ဆုနဲ့ High recommended – Best Housing Design ဆုတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

အိမ်တစ်အိမ်လှဖို့ အခန်းတစ်ခန်းနေချင်စရာဖြစ်နေဖို့အတွက် ဒီဇိုင်းဆွဲသူရဲ့  ဖန်တီးမှုအနုပညာ၊ အသုံးပြုတဲ့ အလှဆင်ပစ္စည်းများရဲ့  ခေတ်မီဆန်းသစ်မှု၊ contractor ရဲ့ ကျွမ်းကျင်မှုတို့ပေါင်းစပ်မှသာ အသုံးပြုသူအတွက် စိတ်ချမ်းမြေ့မှုရရှိမှာပါ။

ဆောင်းပါးထဲက အိမ်ကလေးကို စာဖတ်ပရိတ်သတ်အားလုံးနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ နောက်လည်း နေချင်စရာကောင်းတဲ့ အိမ်ကလေးတွေကို ဆက်လက်ဖော်ပြပေးသွားအုံးမှာ ဖြစ်ပါတယ်။

ယခုဆောင်းပါးဖြစ်မြောက်ရေးအတွက် ကူညီပေးပါသော Haven Group of Companies (https://www.facebook.com/havengroupofcompanies ) အား ကျေးဇူးအထူးတင်ရှိပါကြောင်း Myanmar Home & Decor မှ မှတ်တမ်းတင်အပ်ပါတယ်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း