Month: February 2021

၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
February 11, 2021 နေ့
ဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

၂၀၂၁ခုနှစ် တရုတ်ရိုးရာနှစ်သစ်အခါသမယက ဖေဖော်ဝါရီလာ ၁၂ရက်မှာ အစပြုပါတယ်။ ၂၀၂၁ခုနှစ် ကို ကိုယ်စားပြုတဲ့ရာသီခွင်အကောင်ကတော့နွားဖြစ်ပြီး သတ္တုဓာတ်စိုးမိုးပါတယ်။
ကသောင်းကနင်းနိုင်လှတဲ့အခက်အခဲပေါင်းစုံနဲ့ ၂၀၂၀ပြည့်နှစ်ကို လွန်မြောက်ပြီးတာနဲ့ လာမယ့် ၂၀၂၁ ခုနှစ်မှာတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုတွေ ဟန်ချက်ညီစွာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

၂၀၂၀ပြည့်နှစ်ရဲ့ COVID-19 ကပ်ရောဂါဆိုးကြောင့် ထိခိုက်ပြိုလဲမှုတွေ၊ အမျိုးမျိုးသောကျပ်တည်း ရုန်းကန်ရမှုတွေ၊ အထင်အမြင်လွဲမှားမှုတွေနဲ့ အထွေထွေစီးပွားရေးအခက်အခဲတွေကနေ ပြန်လည်ရုန်းထွက် လာနိုင်ပြီး တိုးတက်မှုတွေပြန်လည်တည်ဆောက်နိုင်မယ့်နှစ်ကို ရောက်လာတော့မှာပါ။
တရုတ်ရိုးရာ ၁၂ရာသီခွင်မှာဆိုရင်လည်း နွားနှစ်က ဒုတိယမြောက်နှစ်ဖြစ်ပြီး ကြွက်နှစ်နောက်က လိုက်တဲ့နှစ်ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ရိုးရာဗေဒင်ပညာရှင်တွေကလည်း နွားနှစ်ကို ရာသီခွင်ရဲ့ ၁၂နှစ်တာ စက်ဝန်းအသစ်အစပြုပြီးချိန် ပြန်လည်တည်ဆောက်မှုနှစ်ရဲ့ပိုင်ရှင်လို့လည်း သတ်မှတ်ကြပါတယ်။
၂၀၂၀ပြည့်နှစ်၊ ကြွက်နှစ်မှာတော့ အမေရိကန်၊ တရုတ်၊ ဂျပန်တို့လိုမျိုး အင်အားကြီးနိုင်ငံတွေမှာတောင် ကပ်ရောဂါနဲ့ စီးပွားရေးအကျပ်အတည်းတွေရဲ့ ရိုက်ခတ်မှုဒဏ်ခံခဲ့ရတဲ့အပြင် သဘာဝဘေးအန္တရာယ်တွေလည်း မကြာခဏဆိုသလိုကြုံတွေ့ထားခဲ့ရတဲ့ မှတ်မှတ်ရရနှစ်တစ်နှစ်လို့ဆိုရမှာပါ။ ဒါပေမယ့် အခုရောက်လာမယ့် ၂၀၂၁ခုနှစ် နွားနှစ်ကတော့ စီးပွားရေးလုပ်ငန်းတွေပြန်တည်ဆောက်နိုင်မယ့်နှစ်ဖြစ်သလို အရာခပ်သိမ်းမှာ စိတ် အားတက်ဖွယ်ဖြစ်စေမယ့် နှစ်လည်းဖြစ်ပါတယ်။


နွားနှစ်ထဲမှာ အိမ်ရာတည်ဆောက်ရေးလုပ်ငန်းတွေ၊ အစားအစာရဲ့အရေးပါတဲ့အရင်းအမြစ်ဖြစ်တဲ့ စိုက် ပျိုးရေးလုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်မှုတွေကို ပိုပြီးဖိဖိစီးစီးလုပ်ကိုင်ဆောင် ရွက်သင့်ပါတယ်။ ယင် (Yin) သဘောဆောင်တဲ့နှစ်ဖြစ်ပြီး မိမိကိုယ်ကိုနားလည်မှု၊ အထင်ကြီးလေးစားမှုနဲ့ နွေး ထွေးတဲ့စိတ်ခံစားချက်တို့ ပီပီပြင်ပြင်ရှိနေပါလိမ့်မယ်။ မိမိရဲ့ကိုယ်ပိုင်ဘဝမှာ အချိန်ပိုပြီးနှစ်မြှုပ်ထားသလို မိ သားစုဝင်တွေနဲ့လည်း ဆက်ဆံရေးပိုအားကောင်းစေတဲ့နှစ်လို့လည်း ဆိုနိုင်ပါတယ်။
မိမိရဲ့အတွင်းစိတ်နေစိတ်ထားအတိုင်း အချိတ်အဆက်မိနေမှာဖြစ်သလို လူတွေ၊ အရင်းနှီးဆုံးမိတ်ဆွေ သူငယ်ချင်းတွေရဲ့ တန်ဖိုး၊ ဟန်ချက်ညီမျှမှုနဲ့ ချစ်ခြင်းမေတ္တာတရားတွေကိုလည်း ရှာဖွေတွေ့ရှိကာ အပြန်အလှန် ဆက်ဆံရေးကောင်းမွန်နေမှာဖြစ်ပါတယ်။

နွား (သတ္တု)နှစ်မှာကြုံရမယ့် ကံတရား
မျောက်နှစ်ဖွားတွေအနေနဲ့ကတော့ အရင်နှစ်တွေမှာ သူတို့ရဲ့ကြိုးပမ်းအားထုတ်ထားမှုတွေ၊ ဇွဲလုံ့လ ရှိမှုတွေရဲ့ အသီးအပွင့်တွေကို ဆုအနေနဲ့ရရှိနိုင်မှာဖြစ်သလို အထူးသဖြင့် ငွေရေးကြေးရေးရော၊ ချစ်ရေးချစ်ရာ မေတ္တာရေးမှာပါ အထူးကံပွင့်သူတွေဖြစ်လာပါလိမ့်မယ်။
နွားနဲ့ဆိတ်ကြားက တိုက်ရိုက်အတိုက်အခိုက်ကြောင့် ဆိတ်နှစ်ဖွားတွေအတွက်ကတော့ ကံကောင်းမှု တွေနဲ့ လွဲချော်နေဦးမယ့်နှစ်ဖြစ်ပါတယ်။ အဆိုပါနှစ်ဖွားတွေအတွက်ကတော့ မသေချာမရေရာတဲ့ အခြေအနေ တွေကြုံတွေ့ရဖွယ်ရှိပြီး အိမ်ပြောင်းရွှေ့ရမှု၊ လုပ်ငန်းနေရာပြောင်းရွှေ့ရမှု၊ မတော်တဆထိခိုက်မှုတွေနဲ့ မနှစ်မြို့ ဖွယ်ရာပြောင်းလဲမှုတွေ ကြုံကြိုက်ရဖွယ်ရှိနေတဲ့နှစ်ဖြစ်ပါတယ်။

မိတ်ဖက်ရန်ဖက်
၂၀၂၁ခုနှစ်ရဲ့ မိတ်ဖက်နှစ်ဖွားတွေကတော့ မြွေနှစ်၊ ကြက်နှစ်၊ ကြွက်နှစ်တို့ ဖြစ်ပြီး ရန်ဖက်နှစ်ဖွားတွေကတော့ ဆိတ်နှစ်၊ နဂါးနှစ်၊ မြင်းနှစ်နဲ့ ခွေးနှစ်တို့ဖြစ်ကြပါတယ်။
အရောင်
ဖုန်းရွှေပညာအရ ၂၀၂၁ခုနှစ်ရဲ့ကံပွင့်စေမယ့်အရောင်တွေကတော့ သတ္တုဆန်တဲ့မီးခိုးရောင်နဲ့ ပင်လယ် ပြာရောင်တို့ဖြစ်ပါတယ်။
ကိန်းဂဏန်း
၂၀၂၁ခုနှစ်မှာ လာဘ်ကောင်းစေမယ့် ကိန်းဂဏန်းတွေကတော့ ၅၊ ရ၊ ၁၆၊ ၂၃ နဲ့ ၈၁တို့ ဖြစ်ပါတယ်။

၂၀၂၁ခုနှစ်ရဲ့ သတ္တုဓာတ်လွှမ်းမိုးမှု
သတ္တုဆိုတာက တန်ဖိုးအကြီးမားဆုံးဖုန်းရွှေဒြပ်လည်းဖြစ်ပါတယ်။ ရှေးခေတ်တွေမှာ သတ္တုကို လူချမ်း သာတွေရဲ့အိမ်တွေမှာသာ တွေ့ရှိနိုင်တာဖြစ်ပါတယ်။ ဖုန်းရွှေပညာအရ သတ္တုကလွှမ်းမိုးမှုအင်အားကြီးမားပြီး ကံမကောင်းမှုတွေကို တန်ပြန်ခြေမှုန်းပေးနိုင်ပါတယ်။

မိမိအိမ်ထဲမှာ သတ္တုဖုန်းရွှေဒြပ်ကို ဘယ်လိုရှာဖွေနိုင်မလဲ
တည်ငြိမ်သော မော်ဒန်ခေတ် သို့မဟုတ် ခေတ်ဟောင်းသတ္တုပစ္စည်းများ- လင်ပန်းများ၊ အလှပန်းအိုးများ၊ ဖယောင်းတိုင်ဒေါက်၊ မုန့်ပန်းကန်ပြား၊ သစ်သီးပန်းကန်လုံးနှင့် ရုပ်တုများ။
ရွေ့လျားသတ္တုပစ္စည်းများ- သတ္တုဆည်းလည်း၊ ခေါင်းလောင်း၊ မောင်း၊ တိဘက်သတ္တုပန်းကန်လုံး၊ လည် ပတ်နေသည့်စက်ပစ္စည်းများ။

ဖုန်းရွှေသတ္တုဒြပ်ရှိခြင်းရဲ့ ကောင်းကျိုးတွေက ဘာလဲ

  • သင့်ကို နှစ်ခြိုက်စွာအိပ်ပျော်စေပြီး ကျန်းမာရေးကောင်းစေပါတယ်။
  • လူမှုဆက်ဆံရေး ပိုကောင်းလာစေပါတယ်။
  • ကိုယ်အလေးချိန်လျှော့ချဖို့မှာလည်း ပိုပြီးအောင်မြင်ထိရောက်စေနိုင်ပါတယ်။
  • သားသမီးရတနာရဖို့ အခွင့်အလမ်းပိုကောင်းစေပါတယ်။
  • ငွေကြေးအကုန်အကျများတာတွေနဲ့ ကံဆိုးမှုတွေကို တားဆီးပေးနိုင်ပါတယ်။
  • အနာဂတ်က အလှမ်းဝေးကွာနေတဲ့ ကြွယ်ဝချမ်းသာမှုတွေကို ဆောင်ကြဉ်းပေးလာနိုင်ပါတယ်။
    ဖုန်းရွှေပညာအရ ဧည့်ခန်း၊ ရုံးခန်းနဲ့ အိပ်ခန်းတွေမှာ ပရိဘောဂနဲ့ပစ္စည်းအမျိုးမျိုးကိုနေရာချတဲ့အခါ ကံကောင်းမှုကိုဆောင်ကြဉ်းပေးတဲ့ ကောင်းမွန်တဲ့စွမ်းအင်တွေကို ဆောင်ကြဉ်းပေးနိုင်သလို အထားအသို မမှန်ကန်ခဲ့ရင်းလည်း ကံကောင်းမှုတွေကို ပိတ်ဆို့တားဆီးထားသလိုလည်း ဖြစ်စေနိုင်ပါတယ်။
  • လက်ရှိအချစ်ရေးမေတ္တာရေးကို ရှင်သန်နွေးထွေးစေလိုတဲ့အခါ ဒါမှမဟုတ် ဖူးစာဆုံလိုတဲ့အခါ သင်ရဲ့အိပ်ခန်း ထဲမှာ သေးငယ်လှပတဲ့စင်လေးတစ်ခုပေါ် ဟင်္သာငှက်ရုပ်တွေပါတဲ့ရုပ်တု သို့မဟုတ် ဂျိုးငှက်မောင်နှံရုပ်တုကို ထားရှိပါ။ ပြီးရင် သင်တို့ချစ်သူနှစ်ဦးတွဲရိုက်ထားတဲ့ ဓာတ်ပုံဘောင်လေးတစ်ခုကိုပါတင်ထားပြီး နှင်းဆီပန်းအိုး တစ်အိုးနဲ့ ရနံသင်းဖယောင်းတိုင်တွေထွန်းပေးထားပါ။


  • ကနွှးမာရေးကောငွးလိုတဲ့အခါမှာတော့ အခနွးထောငွ့ခှိုးတစခွုမှာ ဝါးပငထွားရှိပှီး သကရွှညကွနွှးမာမှုရဲ့ပှယုဂွ ဖှစတွဲ့ လိပပွုံစံရုပတွုလေးကို ထားရှိပေးပါ။ ဒါမှမဟုတွ ရောဂါဘယတှနေဲ့ မကောငွးတဲ့စှမွးအငတွှကေို မောငွး ထုတပွေးတယလွို့ဆိုတဲ့ ဘူးသီးပုံရုပတွုလေး ထားပေးပါ။

    ငွေဝင်လာဘ်ရွှင်ချင်တဲ့အခါ၊ အလုပ်အကိုင်တွေတိုးတက်ကြီးပွားလိုတဲ့အခါ သင့်ရုံးခန်း၊ အလုပ်ခန်းရဲ့ထောင့် ချိုးမှာ ခရမ်းစွဲကျောက်နဲ့ပြုလုပ်တဲ့ သစ်ပင်တစ်ခု၊ ပါးစပ်မှာငွေကိုက်ချီထားတဲ့ လိပ်ရုပ် သို့မဟုတ် ရွှေကြက်ဖရုပ် ကို ထားရှိပေးပါ။ သင်ရဲ့အလုပ်စားပွဲပေါ်မှာ သန့်ရှင်းကြည်လင်တဲ့ရေကို ပန်းကန်လုံးတစ်ခုနဲ့ထည့်ပြီး အမြဲ ထားရှိပေးမယ်ဆိုရင်လည်း အည့ံအဖျင်းတွေကိုဖမ်းဆီးပေးထားပြီး သင်ရဲ့လုပ်ကိုင်ကြံဆမှုစွမ်းရည်ကို တိုးတက် ကောင်းမွန်စေပါတယ်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
February 3, 2021 နေ့
Content Partner ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ကွန်ဒိုအခန်းကျဉ်းလေးတွေမှာ နေတာပဲ ဖြစ်ဖြစ် တိုက်ခန်းကျဉ်းမှာနေတာပဲ ဖြစ်ဖြစ် စိတ်မွန်းကျပ်မှုမရှိစေဖို့အတွက် ကိုယ့်ရဲ့အခန်းကို အမြင်ပြောင်းလဲပစ်နိုင်ဖို့က အရေးကြီးပါတယ်။ အခန်းလေးကို နေချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားတယ်ဆိုရင် စိတ်ချမ်းသာရပါတယ်။ ကျဉ်းတဲ့အခန်းကို ကျယ်လာအောင် အမြင်အာရုံကို လှည့်စားမှုပြုလုပ်ရပါမယ်၊ အခုပြောပြမယ့် အချက်အလက်လေးတွေက အခန်းငယ်လေးတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ အလှဆင်ရင် ကျယ်သယောင်ဖြစ်မလဲဆိုတာပါပဲ… အတူတူလေ့လာကြရအောင်နော်….

၁။ မှန်တွေကို အသုံးချပါ။
စွယ်စုံသုံးလို့ရတဲ့ပစ္စည်းတွေအကြောင်းပြောရင် မှန်တွေကို ချန်ထားခဲ့လို့မရပါဘူး။ မှန်တွေက သဘာဝအလင်းရော၊ မီးချောင်းအလင်းတွေကိုပါ အလင်းပြန်ပေးနိုင်လို့ အိမ်ကိုပိုကျယ်သွားသယောင် ဖန်တီးပေးနိုင်ပါတယ်။ အခန်းတစ်ခုစီမှာ မှန်အကြီးတစ်ချပ်စီထားကြည့်ပါ။ မဟုတ်ရင်လည်း မှန်အသေးလေးတွေ နေရာအနှံ့ထားပေးပါ။ အနုပညာဝါသနာပါရင် မှန်ပြခန်းတစ်ခုတောင် ဖန်တီးထားလို့ရပါတယ်။

၂။ အရောင်တွေကို အသုံးချပါ
ပုံမှန်အားဖြင့် အိမ်ကျဉ်းကျဉ်းလေးတွေက အရောင်ရင့်တွေ၊ အဆင်ဒီဇိုင်းဆန်းတွေနဲ့ လိုက်ဖက်လေ့ရှိပါတယ်။ အိမ်ထဲမှာ မျက်စိမရှုပ်ချင်ရင်တော့ အရောင်ဖျော့လေးတွေနဲ့ တွဲသုံးပါ။ နံရံတွေမှာ အရောင်ရင့်တွေသုံးရတာ အရဲစွန့်လွန်းရာကျတယ်ထင်ရင် နောက်မှီတဲ့ခေါင်းအုံးတွေ၊ ဓာတ်ပုံဘောင်တွေနဲ့နံရံအောက်ခြေတွေမှာ သုံးကြည့်ပါ။ ဒါမှမဟုတ်ရင်လည်း အရောင်တောက်တဲ့နံရံကပ်စက္ကူပဲဖြစ်ဖြစ်၊ အပြာရောင်ဆိုဖာပဲဖြစ်ဖြစ် အသုံးပြုကြည့်လိုက်ပါ။ အိမ်ထဲမှာ အရောင်တွေကို မျှမျှတတအသုံးပြုနိုင်မယ်ဆိုရင် အရောင်ရင့်တွေ၊အဆင်ဆန်းတွေသုံးလည်း ကိစ္စမရှိတော့ပါဘူး။

၃။ ကော်ဇောအကြီးတွေသုံးပါ။
အိမ်ကျဉ်းကျဉ်းလေးကိုအလှဆင်တယ်ဆိုတာ မျက်လုံးကိုလှည့်စားရတာပါပဲ။ နေရာကျဉ်းကျဉ်းလေးမှာ ကော်ဇောသေးသေးလေးတွေထားတာဟာ ကျဉ်းတယ်ဆိုတာကို လူမြင်အောင်ပြလိုက်တာပါပဲ။ ဒါပေမဲ့ အရွယ်အစားကြီးမားတဲ့ကော်ဇောကို ရွေးသုံးမယ်ဆိုရင်တော့ ရင်သပ်ရှုမောဖွယ်ရာခံစားချက်ပေးနိုင်တာကြောင့် အခန်းကိုပိုကျယ်သွားသယောင်ဖြစ်စေပါတယ်။ အခန်းရဲ့ပုံသဏ္ဍာန်နဲ့ပရိဘောဂတွေကိုကြည့်ပြီး ကော်ဇောအရွယ်အစားကို ရွေးချယ်ဝယ်ယူပါ။ ကြီးနိုင်သမျှကြီးတဲ့ကော်ဇောကိုဝယ်တာတော့ အကောင်းဆုံးပါပဲ။

၄။ နံရံတွေကိုအသုံးချပါ။

နံရံတွေကို လျစ်လျူရှု့မထားပါနဲ့။ ကြမ်းပြင်မှာနေရာမရှိပေမယ့် နံရံပေါ်မှာ စင်တွေနဲ့ပန်းချီကားလို အရာမျိုးတွေထားပြီး ရှိတဲ့နေရာကို အကျိုးရှိရှိအသုံးချပါ။ ဥပမာ အရမ်းကြိုက်တဲ့ပန်းအိုးလေးရှိပေမယ့် ထားစရာနေရာမရှိဖြစ်နေရင် နံရံမှာ စင်လေးတစ်ခုလုပ်ပြီး တင်ထားလိုက်ပါ။ ခန်းဆီးလုပ်တဲ့အခါ သံချောင်းကို မျက်နှာကြက်နဲ့နှစ်လက်မလောက်ပဲခွာထားမယ်ဆိုရင် ပိုမြင့်သွားသယောင်ဖြစ်နေပါလိမ့်မယ်။


၅။ ပန်းအိုးတွေထားပါ။

အိမ်ကျဉ်းကျဉ်းလေးထဲမှာ ပန်းပင်တွေ၊ပန်းအိုးတွေထားတာဟာ လှပသလို အသက်ရှူပါချောင်စေတယ်ဆိုပေမယ့် ပြည့်ကြပ်မသွားစေဖို့တော့ ဂရုစိုက်ဖို့လိုပါတယ်။ အိမ်ထဲမှာ အပင်တွေသေနေတာကို သတိမထားမိဘူးဆိုရင်လည်း ဆိုးကျိုးတွေဖြစ်စေနိုင်တာ သိထားဖို့လိုပါတယ်။ ဒါကြောင့် အပင်တွေကိုထိန်းသိမ်းဖို့ တာဝန်မယူနိုင်ဘူးဆိုရင် ပန်းပင်အတုနဲ့ပန်းအတုတွေထားတာ ပိုကောင်းပါတယ်။

၆။ ခေါက်ချိုးညီခြင်းနိယာမကိုသုံးပါ။
လူတွေရဲ့မျက်နှာ၊ သဘာဝတရားကြီးနဲ့ နေအိမ်တွေမှာ ခေါက်ချိုးညီခြင်းနိယာမဆိုတာ ရှိပါတယ်။ ဧည့်ခန်းကျဉ်းကျဉ်းလေးထဲမှာ ထိုင်ခုံတွေအများကြီးထားချင်တယ် ဒါမှမဟုတ် ဗီရိုအကြီးကြီးတွေ မသုံးရမနေနိုင်ဘူးဆိုရင် အခန်းထဲမှာ ပစ္စည်းတွေကို ခေါက်ချိုးညီအောင် မျှမျှတတထားပေးလိုက်ပါ။ အခန်းထဲမှာ ပိုပြီးသန့်ရှင်းသပ်ရပ်သွားသလို မျက်စိပဒါဿလည်းဖြစ်စေပါတယ်။

၇။ ထောင့်တွေကိုအသုံးချပါ။
အိမ်ကျယ်တဲ့အခါ ချောင်ကြိုချောင်ကြားနေရာတွေကို ဒီအတိုင်းထားလို့လည်းရပေမယ့် အိမ်ကျဉ်းတဲ့အခါမှာ အကျိုးရှိရှိအသုံးချတတ်ဖို့လိုပါတယ်။ ဥပမာ ဒီလိုနေရာတွေမှာ စားပွဲလေးတွေလုပ်ပြီး ထားလို့ရပါတယ်။ ချောင်ကြိုချောင်ကြားနေရာတွေက အခန်းထဲမှာ ပစ္စည်းတွေရှုပ်ပွတာကို သက်သာစေနိုင်တာကြောင့် အလဟဿအဖြစ်မခံဘဲ လက်တွေ့အသုံးကြည့်လိုက်ပါ။

ယခုဆောင်းပါးကို Myanmar Home & Décor Magazine နှင့်အတူ Fortune Era Design & Decoration မှ စီစဉ်တင်ဆက်တာဖြစ်ပါသည်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း