Month: January 2021

ကမ္ဘာပေါ်က ထူးထူးခြားခြား ရယ်ချင့်စဖွယ် အဆောက်အအုံများ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
January 30, 2021 နေ့
ဆောင်းပါး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads


ထူးခြားဆန်းပြားတဲ့အရာတွေက နယ်ပယ်ကဏ္ဍတိုင်းမှာ ရှိနေတတ်ပါတယ်။အဆောက်အအုံတွေဆိုရင် အတော်များများက သေသပ်လှပတာ၊ ခေတ်မီဆန်းပြားတာတွေနဲ့ အံ့အားသင့်စဖွယ်ကြီးကျယ်ခမ်းနားမှုတွေကိို မြင်ရလေ့ရှိကြပေမယ့် မြင်လိုက်တာနဲ့ မရယ်ရင်တောင်ပြုံးမိသွားစေမယ့် အဆောက်အအုံပုံစံတွေလည်း ဒီ ကမ္ဘာကြီးပေါ်မှာတည်ရှိနေကြတယ်ဆိုရင် အပြောနဲ့မယုံ၊ ကိုယ်တိုင်မြင်တွေ့မှသာ ယုံနိုင်ကြမှာပါ။ ဒီကဏ္ဍ လေးမှာဖော်ပြသွားမယ့် ရယ်ချင့်စဖွယ်ထူးခြားအဆောက်အအုံတွေကတော့ မျက်လုံးနဲ့သာမြင်လို့သာယုံရပြီး တကယ်ရောဟုတ်ရဲ့လားလို့ သံသယဖြစ်နေနိုင်ပါတယ်။ တကယ့်လက်တွေမှာလည်း အမှန်တကယ်တည်ရှိပြီး တကယ်တမ်းကိုယ်တိုင်သွားရောက်ပြီး မျက်မြင်ဒိဋ္ဌကြည့်ရှုလေ့လာနိုင်တဲ့ ရယ်စရာကောင်းတဲ့အသွင်ပုံစံ အ ဆောက်အအုံတွေအကြောင်းကို ဖော်ပြပေးသွားမှာပါ။

Inntel Hotel Amsterdam-Zaandam
ဟုတ်ပါတယ်။ ဒီအဆောက်အအုံကတော့ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာ တကယ်တမ်းဖွင့်လှစ် ထားတဲ့ ဟိုတယ်တစ်ခုပဲဖြစ်ပါတယ်။ အဆောက်အအုံရဲ့မျက်နှာစာမှာ ဇန်းဒေသရဲ့ ရိုးရာအိမ်ပုံစံတွေကို ဒီဇိုင်း ဖန်တီးထားတာဖြစ်ပြီး အဝေးနေရာကနေ လှမ်းကြည့်လိုက်ရင် လေထဲမှာ အိမ်တွေအလုံးလိုက် အစုလိုက်အပြုံ လိုက် ထပ်ဆင့်ထားသလိုလို၊ ပုံပြင်ကာတွန်းတွေထဲက မှော်မျှော်စင်အိမ်ကြီးလိုလို မြင်တွေ့ရမှာဖြစ်ပါတယ်။


Wonderworks Museum in Orlando, Florida
တကယ်တမ်းတော့ ဒါကသဘာဝဘေးဒဏ်သင့်ထားတဲ့နေရာ မဟုတ်ပါဘူးနော်။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့က ဇောက်ထိုးမိုးမျှော်ဖြစ်နေရှာတဲ့ ပြတိုက်တစ်ခုဖြစ်ပါတယ်။ ဂန္ထဝင် ဗိသုကာဟန်ကိုမှ ဇောက်ထိုးမိုးမျှော်လုပ်ထားတဲ့ Wonderworks ပြတိုက်လို့ ဆိုရမှာပါ။ အထပ်သုံးထပ် ပါရှိပြီး ၈၂ ပေမြင့်တဲ့ ဒီအဆောက်အအုံက သူရဲ့တြိဂံပုံစံမျက်နှာစာမြင်းမိုရ်ပိတ်က မြေပြင်နဲ့ထောက်ပြီး ပြတိုက်ရဲ့ ထောင့်တစ်ဖက်က ၂၀ ရာစုနှစ်ပုံစံ အုတ်စီကုန်လှောင်ရုံပေါ် ဖိထားသလိုဖြစ်နေပါတယ်။ ထန်းပင်ပုလေးတွေနဲ့ လမ်းမီးတိုင်တွေကိုလည်း ဇောက်ထိုးနဲ့တန်းလန်းဖြစ်နေတဲ့ပုံမျိုး ဖန်တီးထည့်သွားထားပါသေးတယ်။ ထင်မှတ် မထားလောက်အောင်ကိုမှ အဆောက်အအုံကြီးတစ်ခုလုံး ပက်လက်လှန်ထားသလိုဖြစ်နေတဲ့ ဒီဇိုင်းပုံစံက ပြ တိုက်ထဲဝင်ကြည့်ချင်အောင်ကို ဆွဲဆောင်ထားခဲ့တာဖြစ်ပါတယ်။ ဒီပြတိုက်ထဲမှာတော့ တစ်နာရီ ၆၅မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းအကြောင်း၊ ၅ဒသမ၂မဂ္ဂနီကျုရှိတဲ့ မြေငလျင်လှုပ်ခတ်မှုအကြောင်းနဲ့ တိုက်တန်းနစ်ပြခန်းတွေကို လေ့လာကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။


Longaberger Basket Building
ဒီအဆောက်အအုံရဲ့ပုံကိုမြင်လိုက်တာနဲ့ ဘယ်သူကများ ဒီလိုမျိုးဒီဇိုင်းဖန်တီးပေးလိုက်တာလဲ ဆိုပြီး သိချင်စိတ်တွေ တဖွားဖွားပေါက်လာလိမ့်မယ်လို့ ကျိန်းသေပြောရဲပါတယ်။ အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုး ပြည်နယ်၊ နယူးအာ့ခ်မြို့အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ The Longaberger မှာ လုပ်ကိုင်ကြသူတွေက ဒီဇိုင်းရေးဆွဲခဲ့ကြတာဖြစ်ပြီး ၁၉၉၅ခုနှစ်ကနေ ၁၉၉ရခုနှစ်ကြားမှာ NBBJ နဲ့ Korda Nemeth Engineering အဖွဲ့တို့က ဒီဇိုင်းပုံစံအတိုင်း အကောင်အထည်ဖော်တည်ဆောက်ပေးခဲ့ကြတာဖြစ်ပါတယ်။ လက်နဲ့ရက်တဲ့ သစ်ဝါးခြင်းတောင်းတွေကိုထုတ်လုပ်တဲ့ လက်မှုကုမ္ပဏီလည်းဖြစ်ပြီး ၄င်းတို့ရဲ့လူကြိုက်အများ ဆုံးထုတ်ကုန်တစ်ခုရဲ့ဒီဇိုင်းကိုမှီငြမ်းကာ ကုမ္ပဏီဌာနချုပ်ရုံးအဖြစ် ဒီဇိုင်းဖန်တီးတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ရိုးရိုးသာမန်ခြင်းတောင်းထက် အဆပေါင်းများစွာပိုမိုကြီးမားပြီး ခုနှစ်ထပ်မြင့်တဲ့ ခြင်းတောင်ပုံအဆောက်အ အုံဖြစ်ပါတယ်။ အဆောက်အအုံကိုမြင်လိုက်တာနဲ့ ပျော်ပွဲစားထွက်ချင်စိတ်ပေါက်သွားစေလောက်အောင် ဆွဲ ဆောင်နိုင်တဲ့အဆောက်အအုံဒီဇိုင်းဖြစ်ပြီး အဆောက်အအုံကြီးတစ်ခုလုံးက စတုရန်းပေ ၁၈၀၀၀၀ ရှိတာဖြစ် ပါတယ်။ ဒီအဆောက်အအုံရဲ့အမြင့်က ၁၉၆ ပေရှိပြီး အောက်ခြေမှာ ၁၉၂ ပေ x ၁၂၆ ပေ ရှိကာ အဆောက်အအုံရဲ့ထိပ်ဆုံးမှာ ၂၀၈ ပေ x ၁၄၂ ပေ ရှိနေတာပါ။ ဘယ်လိုပဲတွေးတွေး အဆောက်အအုံတစ် ခုရဲ့ပုံသဏ္ဍာန်က ခြင်းတောင်းပုံစံမျိုးတည်ရှိနေတာကိုက ထူးဆန်းအ့ံအားသင့်ဖွယ်ကောင်းလှပြီး ဒီအဆောက် အအုံထဲမှာ အလုပ်လုပ်သူတွေအနေနဲ့လည်း ခြင်းတောင်းထဲမှာဝင်နေရတဲ့ ငလက်မလေးတွေလို ထူးခြား ပျော်ရွှင်ဖွယ်ကောင်းတဲ့ခံစားချက်မျိုး ရရှိစေမှာဖြစ်ပါတယ်။


The Amazing Smith Mansion in Wyoming
အမရေိကနနွိုငငွံ၊ ဝိုငယွိုမငပွှညနွယွ၊ ဝါပီတီတောငကွှားမှာတညရွှိတဲ့ Smith Mansion ဆိုတဲ့ ဒီအိမွ ကှီး ကတော့ ၁၉၇၃ခုနှစမွှာ အငဂွငှနွီယာပညာရပကွို စှဲလမွးရူးသှပတွဲ့ ဆောကလွုပရွေးသမား ဖရနွ့စစလွီ စမစကွ စတငတွညဆွောကခွဲ့တာဖှစပွှီး ၁၉၉၂ခုနှစမွှာ ခေါငမွိုးပေါကွပှုတကွသှဆေုံးသှားခှိနထွိ မရပမွနားဘဲ တဖှညွးဖှညွးခငွှး စိတကွှိုကတွညဆွောကထွားခဲ့တဲ့အိမကွှီးဖှစပွါတယွ။ ဒီအိမကွှီးကို သူ့မိသားစုအတှကွ ရညွ ရှယပွှီး ဆယစွုနှစနွှစခွုကှာနီးပါး တညဆွောကခွဲ့တာဖှစပွါတယွ။ အဆောကအွအုံပုံစံတှမရှေိဘဲ သူ့စိတကွူးက လမွးညှှနတွဲ့အတိုငွး တညဆွောကခွဲ့တာဖှစပွါတယွ။ Modern Arts & Crafts အိမကွှီးလို့လညွးခေါဆွိုနိုငပွှီး စကကွိရိယာတှအမှေားကှီးအသုံးပှုဘဲ လကဖွှစနွဲ့သာအဓိကဖနတွီးတညဆွောကခွဲ့တဲ့ မောဒွနအွနုပညာတစွ ခုအဖှစွ ယနေ့ခှိနထွိ ကနှရွှိနဆေဲဖှစပွါတယွ။ ဆောကလွုပခွှိနမွှာအသုံးပှုခဲ့တဲ့ သစတွှကရကေတွဲလစွနိတခွွ တောငကွ ခုတယွူရရှိတဲ့သစတွှဖှစပွှေီး တစခွှို့သစလွုံးတှကေ ဒသတှငွေးမီးလောငထွားတဲ့နရောတှကနေေ ကောငွးနိုးရာရာကိုရှေးကောကယွူပှီး ပှနအွသုံးပှုထားတာဖှစပွါတယွ။ ဒီအိမကွှီးက တောငကွှားအလယမွှာ ရ၅ ပကှေောွ ထီးထီးမားမားမှငွ့မားနတောကို မှငတွှေ့ရမှာဖှစပွါတယွ။ Smith Mansion ထိနွးသိမွးရေးစီမံကိနွး က ဒီအိမကွှီးအရှညတွညတွံ့နစပှေေီး ခရီးသှားတှကေိုဆှဲဆောငတွဲ့ ဒသတှငွေးဆနွးပှားတဲ့အလညအွပတနွေ ရာအဖှစသွာမက သူရဲ့အိမကွိုနောကဆွုံးထှကသွကအွထိ စှဲစှဲလမွးလမွးကှိုးပမွးတညဆွောကသွှားခဲ့သူ စမစွ ရဲ့လကရွာကို လေ့လာနိုငမွယွ့ ပှတိုကအွဖှစပွါ ဆကလွကထွိနွးသိမွးပေးထားပါတယွ။


Air Travel in the Space Age
အာကာသခေတ်အရုဏ်ဦးကာလ အဆောက်အအုံကြီးသဖွယ်အလား တည်ဆောက်ထားတဲ့ဒီအ ဆောက်အအုံကြီးကတော့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ တည်ရှိ တာပါ။ လော့စ်အိန်ဂျလိစ်အပြည်ပြည်ဆိုင်ရာလေဆိပ် LAXရဲ့ လည်ပတ်စရာအဆောက်အအုံလည်းဖြစ်ပါတယ်။ မူလတန်ကြေးဒေါ်လာ ၂ဒသမ၂သန်းရှိတဲ့ အဆောက်အအုံကြီးဖြစ်ပြီး ၁၉၆၁ ခုနှစ်က ဖွင့်လှစ်ထားခဲ့တာဖြစ် ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက အနာဂတ်ကာလပုံစံ ထင်ရှားတဲ့အထင်ကရအဆောက်အုံ လည်းဖြစ်ခဲ့ပါတယ်။ လော့စ်အိန်ဂျလိ်စ်မြို့ကို ဂြိုဟ်သားတွေရွေးချယ်ဆင်းသက်လာခဲ့တာဖြစ်ပြီး ကမ္ဘာမြေပေါ် ဆိုက်ရောက်လာတဲ့ အင်္ဂါဂြိုဟ်အာကာသယာဉ်သဖွယ် အဆောက်အအုံလည်းဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်၊ ဇွန် လမှာ ပြန်လည်မွမ်းမံပြင်ဆင်ခဲ့ပြီး ကုန်ကျစရိတ် ဒေါ်လာ ၁၂ဒသမ၃သန်း ရှိခဲ့ပါတယ်။ လေဆိပ်မြင်ကွင်းကို ၃၆၀ ဒီဂရီပတ်လည်မြင်ရတဲ့ ဒီဇိုင်းပုံစံဖြစ်စေခဲ့ပြီး ၁၃၅ ပေ မြင့်တဲ့အမိုးကိုင်းတွေနဲ့ ဝေါ့ဒစ္စနေးစိတ်ကူးပညာရှင်များအ ဖွဲ့ WDIရဲ့ အပြင်ဘက်မီးအလှဆင်မှုတွေလည်း ပေါင်းစပ်ထားခဲ့ပါတယ်။ ဒီအဆောက်အအုံအတွင်းပိုင်းမှာတော့ စားသောက်ဆိုင်က ဖွင့်ဖြစ်လိုက်၊ ပြန်ပိတ်သွားလိုက်နဲ့ပါပဲ။ စျေးကြီးတဲ့လေဆိပ်ဘာဂါတွေရောင်းရင်တောင်မှ ဒီ အဆောက်အအုံကြီးရဲ့ စရိတ်ကိုမကျေနိုင်လောက်ပါဘူး။


Lucy the Elephant in New Jersey
အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်က ဆင်ပုံအဆောက်အအုံကတော့ အတ္တလန္တိတ်မြို့အနီးနားမှာ တည်ရှိတဲ့အမျိုးသားသမိုင်းဝင်အထိမ်းအမှတ်အဆောက်အအုံလည်းဖြစ်ပါတယ်။ ဂျိမ်းစ်ဗီလပ်ဖာတီက ၁၈၈၁ ခုနှစ်မှာ ဒီဇိုင်းရေးဆွဲတည်ဆောက်ထားခဲ့တာဖြစ်ပြီး အထပ်ခြောက်ထပ်ပါရှိတဲ့ သံဖြူကာ သစ်သားအဆောက်အ အုံဖြစ်ပါတယ်။ လမ်းသွားလမ်းလာတွေရဲ့ အာရုံစိုက်ခံရဖို့ မူလရည်ရွယ်ချက်နဲ့ ဖန်တီးတည်ဆောက်ထားခဲ့တာ ဖြစ်ပေမယ့် ရုံးခန်းနဲ့ စီးပွားရေးလုပ်ငန်းနေရာတွေအဖြစ်လည်း အသုံးပြုခဲ့ဖူးပါတယ်။ ကုန်သည်လုပ်ငန်းရှင်တွေ အများစုက သူတို့ရောင်းချတဲ့ကုန်ပစ္စည်းကို ထင်ဟပ်တဲ့ပုံစံနဲ့ အဆောက်အအုံတွေကိုဖန်တီးလေ့ရှိကြပေမယ့် လပ်ဖာတီကတော့့ ဆင်တွေကိုရောင်းချတဲ့ကုန်သည်မဟုတ်ပါဘူး။ အိမ်ခြံမြေတွေရောင်းချတဲ့လုပ်ငန်းလုပ်တာ ဖြစ်ပြီး လမ်းကဖြတ်သွားရုံနဲ့ မြင်နေရတဲ့ ဆင်ရုပ်ကြီးက လူနေလို့ရတဲ့အဆောက်အအုံကြီးဆိုတာက တကယ့်ကို ထူးထူးခြားခြားစိတ်ဝင်စားဖွယ်ဖြစ်စေပြီး သူရဲ့လုပ်ငန်းကိုတစ်ဖက်တစ်လမ်းကနေ အကျိုးရှိသွားစေဖို့ ရည်ရွယ်ခဲ့ တာဖြစ်ပါတယ်။ ဆင်ကြီးရဲ့မျက်လုံးနေရာ ပြတင်းပေါက်ဖြစ်ပြီး အပြင်ကိုထွက်ပြူကြည့်လို့ရပါတယ်။


Free Spirit House in British Columbia, Canada
ဒီအဆောက်အအုံကတော့ ကနေဒါနိုင်ငံ၊ ဘရစ်တစ်ရှ်ကိုလံဘီယာပြည်နယ်မှာ တည်ရှိတာဖြစ်ပါတယ်။ သစ်ပင်တွေ၊ တောင်ကုန်းတွေနဲ့ အခြားမျက်နှာပြင်တွေမှာ တွဲလောင်းခိုနေတဲ့ စက်လုံးပုံသစ်အိမ်လေးတွေပဲဖြစ် ပါတယ်။ လူကြီးတွေအတွက် သစ်ပင်အိမ်ဖြစ်ပြီး တွမ်ချူလေ့ဖ်က တီထွင်ထုတ်လုပ်ထားတာပါ။ အိမ်တစ်လုံးချင်း စီကို စက်လုံးပုံစံသစ်အိမ်တွေအဖြစ် လက်နဲ့ထွင်းထားပြီး သစ်ပင်နဲ့ အမြင့်နေရာတွေကနေ ကြိုးနဲ့ချိတ်ဆွဲထားရ တာပါ။ အဝေးကကြည့်လိုက်ရင် သစ်ပင်မှာတွဲလွဲခိုနေတဲ့ သစ်ကြားသီးလိုလို၊ သစ်သီးလိုလိုလေး မြင်တွေ့ရပါ တယ်။ ဒီအိမ်ထဲကို ၀င်ဖို့ ကြောင်လိမ်လှေကားလေးကနေ ဒါမှမဟုတ် ကြိုးတံတားလေးကနေ လာလို့ရပါတယ်။ လေတိုက်ရင် ဒါမှမဟုတ် အိမ်ထဲမှာ လူတစ်ယောက်လှုပ်ရှားရင် ယိမ်းနွဲ့နေတဲ့ချိတ်ဆွဲအိမ်လေးဖြစ်ပါတယ်။ ဒီ အိမ်လေးမှာ တည်းခိုအနားယူလို့ရသလို ပုံစံတူစက်လုံးပုံသစ်အိမ်ကို ၀ယ်ယူပြီး ကိုယ်ပိုင်ခြံ သို့မဟုတ် ကိုယ့်အိမ် ဘေးက သစ်ပင်မှာ ချိတ်ဆွဲအသုံးပြုလို့လည်း ရပါတယ်။


Pod House in New York State
အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ရိုချက်စတာမြို့အနီး ပေါင်ဒါမေးလ်ဥယျာဉ်မှာ ဒေသခံတော ပန်းလေး Queen Anne’s Lace ရဲ့ပုံသဏ္ဍာန်ကိုမှီငြမ်းတည်ဆောက်ထားတဲ့ အိမ်လေးဖြစ်ပါတယ်။ မှိုပွင့်လေးနဲ့ လည်းဆင်တူတဲ့ ဒီအိမ်ကို ဗိသုကာ ဂျိမ်းစ်အိတ်ချ်ဂျွန်ဆင်က ဒီဇိုင်းဖန်တီးတည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ မှိုပွင့်လေးတွေလိုအိမ်ခန်းလေးတွေကို အပြင်ဘက်လျှောက်လမ်းတွေနဲ့ချိတ်ဆက်ထားတဲ့ဒီဇိုင်းပုံဖြစ်ပါတယ်။ သ ဘာဝအပင်ငယ်ပုံစံမျိုးကို မှီငြမ်းဖန်တီးထားတဲ့ အိမ်ပုံစံဒီဇိုင်းဖြစ်ပြီး တောအုပ်လေးထဲက တောတွင်းသားလိုမျိုး ခံစားရစေမယ့် အိမ်လေးဖြစ်ပါတယ်။


The Minister’s Tree House
အမေရိကန်နိုင်ငံ၊ တန်နက်ဆီပြည်နယ်က ဟိုရေ့စ်ဘာဂတ်စ်ဆိုသူ ဗိသုကာအမြင်ရှိသူအမျိုးသားက လည်း သူရဲ့စွဲလမ်းမှုဝါသနာကြီးတဲ့အတိုင်း အဆက်မပြတ်ကြိုးပမ်းရင်းကနေ ကမ္ဘာမှာအကြီးမားဆုံး သစ်ပင် အိမ်ကြီးကို တည်ဆောက်နိုင်ခဲ့တာပါ။ အဆောက်အအုံပုံစံမပါဘဲနဲ့ သစ်ပင်အိမ်ကြီးကို ၁၉၉၃ခုနှစ်ကနေ စတင် တည်ဆောက်ခဲ့တာဖြစ်ပြီး ဆယ်စုနှစ် တစ်ခုစာနီးပါးကြာမြင့်ခဲ့တာဖြစ်ပါတယ်။ ဘာဂတ်စ်ရဲ့သစ်ပင်အိမ်ကြီးဆီ ကို ခရီးသွားတွေစိတ်ဝင်တစား လည်ပတ်လာခဲ့ကြပြီး မီးဘေးအန္တရာယ်ဖြစ်နိုင်တဲ့အဆောက်အအုံအဖြစ် ဒေသ အာဏာပိုင်တွေက ဒီအိမ်ကြီးဆီကို လည်ပတ်နေထိုင်ခွင့် ပိတ်သိမ်းစေခဲ့တယ်လို့ သိရပါတယ်။


A Weird House in the Alps
သာယာငြိမ်းအေးလှတဲ့ ပြင်သစ်နိုင်ငံ၊ အပ်စ်တောင်တန်းပေါ်မှာ တည်ဆောက်ထားတဲ့ အဆောက်အအုံ ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ရေအိုးတစ်လုံးလို့ထင်ရတဲ့ အဆောက်အအုံပုံစံဖြစ်ပါတယ်။ ထူးခြား ဆန်းပြား ထိပ်ဆုံးစာရင်းဝင် အိမ် ၁၀ လုံးမှာ အမြဲပါလေ့ရှိတဲ့အိမ်လည်းဖြစ်ပါတယ်။ တောင်စောင်းမှာတင်နေတဲ့ ကျောက်ခဲလုံးလေးနဲ့ ဆင်တူပြီး အိမ်ထဲမှာနေထိုင်သူအတွက် လုံခြုံမှုအပြည့်အဝနဲ့ အေးဆေးသက်သာနေလို့ရ စေမယ့် အိမ်လေးဖြစ်ပါတယ်။


Beer Can House in Houston, Texas
ဘီယာဘူးခွံတွေနဲ့အလှဆင်ထားတဲ့ ဒီအိိမ်ကတော့ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ က ဖြစ်ပါတယ်။ ဂျွန်မေကိုဗစ်ရှ်ဆိုတဲ့ အငြိမ်းစားမီးရထားဝန်ထမ်းတစ်ဦးက သူရဲ့အိမ်ကို ဘီယာဘူးခွံတွေနဲ့ ၁၈ နှစ်ကြာအချိန်ယူအလှဆင်ခဲ့တာဖြစ်ပါတယ်။ အလုပ်ကနေ အငြိမ်းစားယူပြီးတဲ့နောက်ပိုင်း တစ်နေ့ကို ဘီယာ ၆ ဘူးပါ တစ်ကတ်ပုံမှန် ၀ယ်သောက်ဖြစ်နေခဲ့တာကနေ ဘီယာဘူးခွံတွေနဲ့ ၁၈ နှစ်ကြာမြင့်တဲ့ အိမ်မွမ်းမံရေးစီမံ ကိန်းကြီး အကောင်အထည်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဂျွန်က ၁၉၈၈ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပေမယ့် သူ ရဲ့ဘီယာဘူးခွံအိမ်ကိုပြုပြင်မွမ်းမံထိန်းသိမ်းထားပြီး အကျိုးမမျှော်ကိုးတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Orange Show Center for Visionary Art က လက်ရှိမှာ ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

Ref : https://www.thoughtco.com

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

Best Wellness ဆုရတဲ့အလှအပတွေဖန်တီးရာနေရာ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
January 26, 2021 နေ့
အင်တာဗျူး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

အလှအပကို ချစ်မြတ်နိုးသူတို့အတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခုက ၂၀၁၀ ခုနှစ်လောက်က စလာတယ်လို့ပြောလို့ရပါတယ်။ အရွယ်တင်နုပျိုချင်တာပဲဖြစ်ဖြစ် လှပတဲ့ ခနာကိုယ်ကောက်ကြောင်းဖြစ်လာဖို့ပဲဖြစ်ဖြစ် အလှအပဆိုင်ရာကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့ ပညာရှင်များဆီမှာ ခေတ်မီနည်းပညာများနဲ့ ပြုပြင်လာကြပါတယ်။ မိမိကိုယ်ကို လှပအောင်ပြုပြင်ခြင်းဖြင့် စိတ်ကိုလည်း လန်းဆန်းစေပြီး မိမိကိုယ်ကို ယုံကြည်မှုတွေလည်း ရရှိစေပါတယ်။ 

Myanmar Home & Décor ပရိတ်သတ်ကို မိတ်ဆက်ပေးမှာက PropertyGuru Myanmar Property Award 2020 in partnership with Shwe Property က ပေးအပ်ချီးမြှင့်တဲ့Best Wellness Development (အကောင်းဆုံး ကျန်းမာရေးအဆောက်အဦဆု)ကို ရရှိခဲ့တာဖြစ်တဲ့ Imperial Clinic ဖြစ်ပါတယ်။  ရန်ကုန်မြို့ရဲ့ အလှဆုံးရှုခင်းများကို ခံစားနိုင်တဲ့နေရာမှာ တည်ရှိတဲ့ Imperial Clinic နဲ့ စကားစမြည်ပြောဖြစ်ခဲ့ပုံတွေကို တင်ဆက်လိုက်ပါတယ်။ 

မေး။      ။ မနွေးနွေးအောင်အနေနဲ့ Imperial Clinic ကို ဖွင့်လှစ်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါ။
ဖြေ။          ။ Imperial Clinic ကိုဖွင့်ခဲ့တာကတော့ အဓိက Beauty Clinic Industry မှာ နှစ်ပေါင်း ၁၀နှစ်နီးပါးရှိခဲ့ပါပြီ။ အရင် Brand တစ်ခုမှာလည်း အောင်မြင်မှု ရရှိခဲ့ပါတယ်။ ၂၀၂၀ နှစ်အစပိုင်းမှာတော့ Imperial Clinic ကို စတင်ဖွင့်လှစ်ခဲ့တယ်။ ဖွင့်လှစ်သည့်ရည်ရွယ်ချက်ကတော့ မိမိရဲ့ Customer တွေကို အကောင်းဆုံးပတ်ဝန်းကျင်တစ်ခု စိတ်ကျေနပ်မှုရရှိစေရန် Facilities တွေနဲ့ အလှအပနဲ့ပတ်သက်ပြီး One Stop Service ရရှိဖို့အတွက် Luxury Clinic ကို ဖွင့်လှစ်ခဲ့ပါတယ်ရှင့်။

မေး။      ။ ဒီအဆောက်အအုံကို ဘယ်လိုစိတ်ကူးနဲ့ ပုံဖော်ထားခဲ့ပါသလဲရှင့်။
ဖြေ။          ။ Interior နဲ့ ပတ်သက်ပြီး မစခင်မှာ အဓိက ကတော့ Customer ဝင်လာတာနဲ့ ရှင်းလင်းတဲ့ Classic ပုံစံကို ရွေးချယ်ထားပါတယ်။ White & Nude Color ကို အဓိကသုံးထားပြီး Open Window Design အနေနဲ့ Nature Environment ကို ခံစားနိုင်မှုအတွက် စဉ်းစားပြီးတော့ Decoration ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ 

မေး။      ။ Imperial Clinic ဖွင့်ထားတဲ့ အဆောက်အအုံလေးရဲ့ ဖွဲ့စည်းပုံလေးကို ပြောပြပေးပါဦး။
ဖြေ။          ။ Clinic ရဲ့ အကျယ်အဝန်းကတော့ Sqft17,000 ဝန်းကျင်ရှိပါတယ်။ လက်ရှိအသုံးပြုနေတဲ့ အထပ်က ၃ထပ်ရှိပြီး Treatment Room, Laser Room, Body Room, Hair Removal Room, Doctor Room, Nail Room နှင့် Foot Reflexology Room အနေနဲ့ အခန်းတွေကို ဖွဲ့စည်းထားပါတယ်။ 

မေး။      ။ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အနည်းငယ် ရှင်းပြပေးပါဦးရှင့်။ 
ဖြေ။          ။ အလှအပနဲ့ ပတ်သက်တဲ့ Treatment တွေကို ခေါင်းအစခြေအဆုံး တစ်နေရာတည်းမှာ ရရှိနိုင်အောင် စီစဉ်ထားပါတယ်ရှင့်။ မျက်နှာအသားအရေ ဆံပင်ပြုပြင်ထိန်းသိမ်းတာတွေအပြင် Wellness ပိုင်းတွေရော၊ Nail Art ပိုင်းတွေမှာပါ စုံလင်အောင်ထည့်သွင်းထားပြီး ထိုက်တန်တဲ့ ဝန်ဆောင်မှုရအောင် စီစဉ်ထားပါတယ်။ 

မေး။      ။ Myanmar Property Award 2020 In Partnership with Shwe Property မှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါဦး။
ဖြေ။          ။ ကျွန်မရဲ့ ၁၀နှစ်တာ Aesthetics & Wellness အတွေ့အကြုံများရဲ့ Mile Stone တစ်ခုအနေနဲ့ တည်ရှိစေဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင် ဖြစ်ခဲ့ပါတယ်ရှင့်။ ဆေးခန်းအနေနဲ့ကတော့ ကျွန်မနဲ့ ကျွန်ဝန်ထမ်းတွေရဲ့ စွမ်းဆောင်နိုင်မှုတွေကို သိရှိနိုင်ဖို့ Key Performance Indicator တစ်ခုအနေနဲ့ ပြသနိုင်ဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။ 

မေး။      ။ ပြိုင်ပွဲမှာ ဘာကြောင့်ဆုရရှိခဲ့တယ်လို့ ထင်ပါသလဲ။
ဖြေ။          ။ Best Wellness ဆုဆိုတော့ External အနေနဲ့ ဆေးခန်းရဲ့ Decoration, Luxury type design, Clean & Hygiene ဖြစ်မှုတွေကြောင့်အပြင် internal အနေနဲ့ ဆေးနဲ့စက်တွေရဲ့ Quality ကောင်းမှုတွေအပြင် Service ပေးတဲ့ ဝန်ထမ်းတွေရဲ့ နည်းစနစ်ကျမှုတွေကြောင့် ဆုရရှိခဲ့တယ်လို့ ထင်မိပါတယ်။ 

မေး။      ။ ပြိုင်ပွဲမှာ ဆုရရှိခြင်းအတွက် ဘယ်လိုခံစားရပါသလဲ။ 
ဖြေ။          ။ ကိုယ့်ရဲ့ ပန်းတိုင်တစ်ခု အကောင်အထည်ဖော်နိုင်တဲ့အတွက် ဝမ်းသာမိပါတယ်။ အကဲဖြတ်ပေးတဲ့ ဒိုင်လူကြီးနှင့် Organization ကိုလည်း ကျေးဇူးတင်ပါတယ်။

မေး။      ။ အခုပြိုင်ပွဲက Beauty Industry မဟုတ်တဲ့ Interior Decoration, Construction နယ်ပယ်ကပြိုင်ပွဲကို ဝင်ပြိုင်တာဆိုတော့ အခက်အခဲတွေရောရှိခဲ့ပါသလား။ ဘယ်လိုကြိုးစားခဲ့ရပါသလဲ။
ဖြေ။          ။ Best Wellness ဆုအတွက် သင့်လျော်ကိုက်ညီပြီး Safe & Hygiene ဖြစ်အောင် သေချာလေးပြုလုပ်ဖြစ်ပါတယ်။ 

မေး။      ။ အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ 
ဖြေ။          ။ ဟုတ်ကဲ့၊ ကျွန်မအနေနဲ့လည်း အခုလို မေးမြန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

Haven နှင့်အတူ အဆင့်မြင့်တဲ့ လူနေမှုဘ၀ပုံရိပ်ကို ရှာဖွေခြင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
January 23, 2021 နေ့
Content Partner ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

မိမိအိမ်လို သက်တောင့်သက်သာနေနိုင်ဖို့နဲ့ လုံခြုံစိတ်ချစွာနေထိုင်နိုင်ဖို့က serviced apartment ကို တည်ဆောက်ထားတဲ့ ဖန်တီးသူတို့ရဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။ ဖန်တီးသူလို့ဆိုလိုက်တဲ့အခါမှ ဗိသုကာ၊ interior designer တို့ရဲ့ အခန်းကအရေးပါနေသလို M&E နဲ့ ပရိဘောဂတွေရဲ့ အရည်သွေးကလည်း ချန်ထားလို့မရပါဘူး။

ရန်ကုန်မြို့မှာ မကြာသေးမီက တည်ဆောက်ပြီးစီးခဲ့တဲ့ Astor Place လို့အမည်ပေးထားတဲ့ Serviced Apartment ကို လေ့လာကြရအောင်။ ဘာလို့ Astor Place ကို ရွေးချယ်ပြီးပြောရသလဲဆိုရင် နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့ ဒီဇိုင်းနဲ့ အရည်အသွေးပြည့်မှီတဲ့ အပြင်အဆင်တွေကြောင့် ဖြစ်ပါတယ်။ နေရာကတော့ ရန်ကုန်မြို့၊ ကိုင်းတန်းလမ်းမှာရှိပြီး အနီးမှာ စျေးဝယ်စင်တာနဲ့အတူ နာမည်ကြီးစားသောက်ဆိုင်များလည်းရှိပြီး သွားလာရလွယ်ကူတဲ့ နေရာမှာ တည်ရှိပါတယ်။


Astor Place ရဲ့  စနစ်ကျတဲ့ အခန်းတွေကိုကြည့်ပြီး ကျွန်မတို့ Myanmar Home & Décor Magazine က ဖန်တီးသူတွေကို လေ့လာကြည့်မိပါတယ်။ ဖန်တီးခဲ့သူများကို သိရှိပြီးတဲ့အခါမှာ ဘာလို့ ပြည့်စုံလုံခြုံတဲ့ အသိုက်မြုံလေးတစ်ခုဖြစ်နေတာလဲဆိုတာ အဖြေထွက်ခဲ့ပါတယ်။ အကျယ်အ၀န်းအားဖြင့်   (20,000  sqft ) ရှိတဲ့မြေပေါ်မှာတည်ဆောက်ထားတဲ့ (၉ ထပ်) ရှိတဲ့ အဆောက်အဦဒီဇိုင်းကို ရေးဆွဲပေးခဲ့တာက ဗိသုကာ ဦးဆန်းဦး (Design 2000) ဖြစ်ပြီး  Pile ရိုက်သောလုပ်ငန်းမှ စပြီး RC & Steel Structure အကြမ်းထည်လုပ်ငန်း နှင့် အချောထည်လုပ်ငန်းများအားလုံးကိုပါ စနစ်တကျ တိကျစွာ တည်ဆောက်ခဲ့သူမှာ Haven Group of Companies ဖြစ်ပါတယ်။

အကျယ်အ၀န်းမတူတဲ့ အခန်းအမျိုးအစားပေါင်း (၄ မျိုး)ရှိပြီး စုစုပေါင်း အခန်း၁၅ခန်းဖွဲ့စည်းထားပါတယ်။ အခန်းဒီဇိုင်းတွေက အခန်းမှာနေတဲ့သူတွေအတွက် နေချင့်စဖွယ်ဖြစ်နေရုံသာက နွေးထွေးလုံခြုံမှုရှိတဲ့ ဒီဇိုင်းမျိုးတွေကို သတိထားမိပါတယ်။ အခန်းများမှာ သုံးထားတဲ့ အရောင်အသွေးနဲ့ ထည့်သွင်းအသုံးပြုထားတဲ့ ပရိဘောဂတွေဟာ ခေတ်မီပြီး အဆင့်အတန်းမြင့်တဲ့ လူနေမှုအဆင့်တစ်ခုကို ညွှန်ပြနေတာတွေ့ရပါတယ်။ အတွင်းခန်းအပြင်အဆင်များကတော့  Yours Design ရဲ့ ဒီဇိုင်းများကို Haven Group of Companies  ရဲ့ interior team က ပြင်ဆင်ထားတာြဖစ်ပါတယ်။ အခန်းတွေရဲ့ ထူးခြားမှုတစ်ခုကတော့ ရှိတဲ့ space ကို အကျိုးရှိအောင် အသုံးချထားတာပါပဲ။  အခန်းများရဲ့ interior design ကိုတာ၀န်ယူဒီဇိုင်းဆွဲပေးတဲ့ interior designer ကတော့ Yours Design မှ Ma Kyaw Lin Su San ဖြစ်ပါတယ်။


အခန်းအမျိုးအစားမှာ လေးမျိုးရှိပြီး Unit A , Unit B, Unit C and Penthouse တို့ပဲဖြစ်ပြီး

  • Unit A  တွင် Master Bedroom တစ်ခန်း ၊ Single Bed Room  တစ်ခန်း ၊ Common WC ၊ Kitchen ၊ Living & Dining Room တို့ပါဝင်ပြီး 950 sqft ရှိပါတယ်
  • Unit B တွင် Master Bedroom တစ်ခန်း ၊ Single Bedroom  တစ်ခန်း ၊  Common WC  ၊ Kitchen ၊ Living & Dining Room တို့ပါဝင်ပြီး 780 sqft ရှိပါတယ်။
  • Unit C တွင် Master Bedroom တစ်ခန်း ၊ WC  ၊ Kitchen ၊ Dining Room တို့ပါဝင်ပြီး 400 sqft ရှိပါတယ်။
  • Penthouse  မှာ Master Bedroom တစ်ခန်း ၊ WC  ၊ Kitchen ၊ Dining Room ၊ Outdoor Garden Area and Water Feature တို့ပါဝင်ပြီး ~1900 sqft ရှိပါတယ်။

အခန်းများအားလုံးရဲ့ လုံခြုံမှုအတွက် corridor များမှာ cctv ကင်မရာများတပ်ဆင်ပေးထားပြီးတော့ အခန်းတွင်းရော အခန်းအပြင်ဘက်တွေမှာ နိုင်ငံတကာအဆင့်မှီတဲ့ fire alarm system များကို တပ်ဆင်အသုံးပြုပေးထားပါတယ်။ မီးဖိုခန်းမှာ ဟင်းချက်တဲ့အခါ အနံ့မနံအောင် Exhaust Fan သေချာစနစ်တကျ စီစဉ်ပြီး ထည့်ထားတဲ့အတွက် အခန်းမှာ နေထိုင်တဲ့သူအနေနဲ့ ကိုယ့်အိမ်မှာလိုပဲ စိတ်ကြိုက်ချက်ပြုတ်စားသောက်နိုင်ပါတယ်။

အခန်းများရဲ့ အတွင်းပိုင်းအလှဆင်မှုများမှာ အစိမ်းရောင် နှင့် အစိမ်းရင့်ရောင်ကို သစ်ပင်က သစ်ရွက်လေးတွေ ပုံစံကို inspire ယူထားတာဖြစ်ပြီး  wallpaper တွေကအစ သစ်ရွက်ပုံလေးတွေ ယူထားပါတယ်။  မြို့လယ်ခေါင်မှာရှိတဲ့ အဆောက်အဦတစ်ခုဖြစ်တဲ့အတွက် မြို့ပြ ရဲ့မွန်းကြပ်မှုအနည်းငယ်ရှိမှာဖြစ်လို့ ခဏတာမေ့ပျောက်သွားအောင် နှင့် စိမ်းစိုသော ပတ်ဝန်းကျင်ကိုရောက်သွားအောင်ခံစားစေချင်လို့ အစိမ်းရောင်ကို အဓိက ထားပြီး သုံးဖြစ်တာ ဖြစ်ပါတယ်။

အိမ်တစ်အိမ်လှဖို့ အခန်းတစ်ခန်းနေချင်စရာဖြစ်နေဖို့အတွက် ဒီဇိုင်းဆွဲသူရဲ့  ဖန်တီးမှုအနုပညာ၊ အသုံးပြုတဲ့ အလှဆင်ပစ္စည်းများရဲ့  ခေတ်မီဆန်းသစ်မှု၊ contractor ရဲ့ ကျွမ်းကျင်မှုတို့ပေါင်းစပ်မှသာ  အသုံးပြုသူအတွက် စိတ်ချမ်းမြေ့မှုရရှိမှာပါ။ အခန်းလှလှလေးတွေကို Myanmar Home & Décor Magazine မှာ ဖော်ပြခွင့်ပေးတဲ့အတွက် Haven Group of Companies (Haven Group of Companies (Myanmar) | Construction and Property Development) နဲ့တကွတာ၀န်ရှိသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါတယ်။

Credits :
Architect –ဗိသုကာ ဦးဆန်းဦး (Design 2000)

Interior designer – Ma Kyaw Lin Su San

M&E ( Lighting products , sanitary product ) –Iceco ( Integrated Consultancy & Engineering Co.,Ltd)

Curtain – မေချောယဉ် (သာလွန်ကျော် ) အဆင်မြင့်ခန်းဆီးလိုက်ကာ

Furniture – New Look International Co.,Ltd

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း