ကျွန်မတို့ငယ်ငယ်တုန်းကစာကြည့်စားပွဲလှလှလေးတွေကိုကြိုက်ခဲ့ဖူးသလိုကိုယ့်သားသမီးတွေအတွက်လည်းစာကျက်တဲ့အခါမှာသင့်တော်တဲ့စာကြည့်စားပွဲနဲ့ထိုင်ခုံလေးတွေကိုအသက်အရွယ်အလိုက်ဝယ်ယူဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။အခုခေတ်မှာဆိုအွန်လိုင်းပညာရေးစနစ်ဖြစ်ထွန်းလာတာနဲ့အမျှသင့်တော်တဲ့အလင်းရောင်နဲ့အတူစနစ်တကျဖန်တီးပြုလုပ်ထားတဲ့စာကြည့်စားပွဲနဲ့ထိုင်ခုံတစ်စုံကရင်သွေးလေးတို့အတွက်ပိုလိုအပ်လာပြီဖြစ်ပါတယ်။စာကြည့်စားပွဲနဲ့ထိုင်ခုံကိုဘယ်လိုရွေးချယ်ရမလဲဆိုတာကိုMyanmar Home & Décor ရဲ့စာဖတ်ပရိတ်သတ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
Capital Development Ltd. ၊ Dagon International Limited ၊ Ayeyarwaddy Development Public Co., Ltd. နှင့် Sun Myat Tun Construction Co., Ltd. တို့ကလည်း လူမှုအဖွဲ့အစည်းများ ထူထောင်ခြင်းအတွက် အထူးအသိအမှတ်ပြုဆု၊ CSR အတွက် အထူးအသိအမှတ်ပြုဆု၊ ESG အတွက် အထူးအသိအမှတ်ပြုဆုနှင့် ရေရှည်တည်တံ့သည့် ဆောက်လုပ်ရေးအတွက် အထူးအသိအမှတ်ပြုဆုအပါအဝင် အထူးဂုဏ်ပြုဆုများကို ဆွတ်ခူးသွားခဲ့ကြပါသည်။
PropertyGuru Myanmar Property Awards in partnership with Shwe Property ဆုချီးမြှင့်ပွဲကြီးသည် မြန်မာနိုင်ငံတွင် မကြာသေးမီက မိတ်ဆက်ထားခဲ့သော စီမံကိန်းသစ်များကို အသိအမှတ်ပြုခြင်းအပြင် မြန်မာနိုင်ငံ၏ အရေးအပါဆုံး အထင်ကရ နေရာတစ်ခုကိုလည်း ဂုဏ်ပြုခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ယခင်က ဗြိတိသျှကိုလိုနီအစိုးရ၏ ရုံးချုပ်နေရာဟောင်း ဖြစ်ခဲ့သည့် Secretariat Yangon (ဝန်ကြီးများရုံး) ကို ကျွမ်းကျင်စွာ ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ခဲ့သည့် Anawmar Art Group သည် ဆုအမျိုးအစားသစ်ဖြစ်သည့် အကောင်းဆုံး ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းပြုပြင်ဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။
PropertyGuru Myanmar Property Awards in partnership with Shwe Property ဆုချီးမြှင့်ပွဲကြီးသည် မြန်မာနိုင်ငံ၏ ခေတ်မီတိုးတက်ဆုံး စက်မှုလုပ်ငန်းစီမံကိန်းများကိုလည်း ဂုဏ်ပြုနိုင်ခဲ့သည့် အခွင့်အခါတစ်ရပ် ဖြစ်ခဲ့ပါသည်။Ayeyarwaddy Development Public Co., Ltd ကဆောက်လုပ်သော Pathein Industrial City သည် အကောင်းဆုံး မြို့နယ်ဆောက်လုပ်ရေးဆုကို ဆွတ်ခူးခဲ့ပြီး Dagon International Limited ကဆောက်လုပ်သော New East Dagon Industrial Estate က အကောင်းဆုံး စက်မှုလုပ်ငန်းဆောက်လုပ်ရေးဆုကို ရရှိခဲ့ပါသည်။ Myanmar Thilawa SEZ Holdings Public Company Limited က ဆောက်လုပ်သော Gyogone Housing Redevelopment က အကောင်းဆုံးအိမ်ရာဆု (မြန်မာ) နှင့် အကောင်းဆုံးအိမ်ရာဆုတို့ကို ဆွတ်ခူးရရှိခဲ့ပါသည်။
Meeyahta Development Limited ကဆောက်လုပ်သော Yoma Central သည်လည်း ဆောက်လုပ်ရေးဆု နှစ်ဆုဖြစ်သည့် အကောင်းဆုံးဘက်စုံသုံးအဆောက်အဦဆုနှင့် အကောင်းဆုံးလက်လီလုပ်ငန်းဆောက်လုပ်ရေးဆုတို့ကို ရရှိခဲ့ပါသည်။ ဒီဇိုင်းဆုများ ကဏ္ဍတွင် ပြတ်ပြတ်သားသားအနိုင်ရရှိသူဖြစ်သည့် Factory to Home Company ကဆောက်လုပ်သော Woodland X Bar သည် အကောင်းဆုံး ဖျော်ဖြေရေးအဆောက်အဦဆုအပြင် အကောင်းဆုံး ဖျော်ဖြေရေး အတွင်းပိုင်းဒီဇိုင်းဆုကိုပါ ဆွတ်ခူးပိုင်ဆိုင်သွား နိုင်ခဲ့ပါသည်။
PropertyGuru Myanmar Property Awards in partnership with Shwe Property ဆုချီးမြှင့်ပွဲကြီးသည် ယခုနှစ်တွင် အခြားထူးခြားသည့် မှတ်ကျောက်တစ်ရပ်ကိုလည်း စိုက်ထူထားနိုင်ခဲ့ပါသည်။ City Holdings Limited ၏ Group CEO ဖြစ်သူ ဒေါ်ဝင်းဝင်းတင့်သည် ယခုနှစ်အတွက် မြန်မာ့တစ်နှစ်တာ အိမ်ခြံမြေပုဂ္ဂိုလ်ဆုကို ရရှိခဲ့ပြီး ဤဆုကိုပထမဆုံး ဆွတ်ခူးရရှိသည့် အမျိုးသမီးလုပ်ငန်းရှင်ဖြစ်လာခဲ့ပါသည်။ ထူးချွန်သည့် ဤအမျိုးသမီးလုပ်ငန်းရှင်သည် ရန်ကုန်မြို့တွင် Supermarket တစ်ခုစတင်ဖွင့်လှစ်၍ မိသားစုလုပ်ငန်းအဖြစ် အစပျိုးခဲ့သော City Holdings Limited ကို မြန်မာနိုင်ငံ၏ ထိပ်တန်းလက်လီ ကုမ္ပဏီတစ်ခုအဖြစ် ကြီးထွားလာစေခဲ့သူဖြစ်ပါသည်။
ယခုနှစ်၏ ဆန်ကာတင်စာရင်းကို အမှီအခိုကင်းသည့် အကဲဖြတ်ဒိုင်လူကြီးမင်းများအဖွဲ့က စိစစ်ရွေးချယ်ထားခြင်းဖြစ်ပြီး Executive Director နှင့်အကြံပေးဖြစ်သူ Joe Yew Chi Jee ၊ Senior Manager ဖြစ်သူ Hong Shi Ying နှင့် Senior Executive ဖြစ်သူ Thin Thinzar Ko တို့ပါဝင်သော မြန်မာနိုင်ငံရှိ BDO အဖွဲ့က ကြီးကြပ်သည့် ဘက်မလိုက်သော၊ ပွင့်လင်းမြင်သာသော အကဲဖြတ်စနစ်ဖြင့် ဆောင်ရွက်ထားပါသည်။
အမှီအခိုကင်းသော အကဲဖြတ်အဖွဲ့တွင် ဆုချီးမြှင့်ပွဲဥက္ကဌနှင့် Emerson Real Estate ၏ Managing Director ဖြစ်သူ Richard Emerson ၊ Stephenson Harwood LLP မှ Senior Associate ဖြစ်သူ Ben Hickson ၊ Your Property Finder Company Ltd ၏ Managing Director ဖြစ်သူ Charm May Thu ၊ Allen & Overy Limited မှ Senior Associate ဖြစ်သူ Josh Htet ၊ Asean Real Estate Network Alliance (ARENA) ၏ ဥက္ကဌနှင့် Myanmar Real Estate Services Association (MRESA) ၏ President ဖြစ်သူ Khin Maung Than ၊ Archetype Group, Myanmar ၏ Managing Director နှင့် Architectural Design Director ဖြစ်သူ Mark Petrovic ၊ Creative Fox Design & Build Co., Ltd ၏ တည်ထောင်သူ May Soe Yu ၊ M.ID ၏တည်ထောင်သူနှင့် ဒီဇိုင်းဒါရိုက်တာဖြစ်သူ Mya Myitzu ၊ British Chamber of Commerce, Myanmar ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Peter Crowhurst ၊ MAA Group Consulting Engineers ၏ အဖွဲ့ဝင် Moh and Associates, lnc. ၏ ဥက္ကဌဖြစ်သူ Richard Moh ၊ STKT Consultants Co Ltd မှ Principal Design Engineer ၊ အတိုင်ပင်ခံနှင့် Project Manager ဖြစ်သူ Dr Soe Thein နှင့် Spine Architects ၏ တည်ထောင်သူနှင့် Principal Architect ဖြစ်သူ Stephen Zawmoe Shwe တို့ပါဝင်ထားပါသည်။
PropertyGuru Myanmar Property Awards in partnership with Shwe Property ဆုချီးမြှင့်ပွဲကြီးကို Platinum Sponsor အဖြစ် Hitachi Elevators and Escalators ၊ Silver Sponsor အဖြစ် Porcelanosa ၊ တရားဝင် Portal မိတ်ဖက်နှင့် Associate Partner အဖြစ် ShweProperty.com ၊ တရားဝင်မဂ္ဂဇင်းအဖြစ် PropertyGuru Property Report ၊ တရားဝင်သတင်းစာအဖြစ် The Straits Times Myanmar ၊ မီဒီယာမိတ်ဖက်များအဖြစ် Myanmar Home & Décor ၊ Myanmar Real Estate & Construction Monitor ၊ Myanmar Insider နှင့် Myanmar Times ၊ တရားဝင် Charity မိတ်ဖက်အဖြစ် Right to Play ၊ တရားဝင် ESG မိတ်ဖက်အဖြစ် Baan Dek Foundation ၊ တရားဝင် ပြည်သူ့ဆက်ဆံရေး မိတ်ဖက်အဖြစ် Klareco Communications ၊ ထောက်ပံ့ကူညီပေးသည့် အဖွဲ့အစည်းများအဖြစ် AustCham Myanmar နှင့် British Chamber of Commerce Myanmar ၊ တရားဝင်ကြီးကြပ်သူအဖြစ် BDO တို့က ဆောင်ရွက်ထားပါသည်။