Month: October 2020

ရှေ့မျက်နှာစာ ဂမ္ဘီရပဒေသာ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဇင်ယော်နီ မှ
October 31, 2020 နေ့
ကျန်းမာရေးနှင့် စီးပွားရေး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

တစ်နေ့သ၌ အဘမင်းသိင်္ခနှင့်ကျွနု်ပ်သည် ကန်တော်ကြီးကိုပတ်၍လမ်းလျှောက်နေခဲ့ကြလေ၏။တစ်နေရာသို့အရောက် တွင် အဘသည်အိမ်အိုကြီးတစ်လုံးအားမေးဖြင့်ညွှန်ပြလျှက် “အဲဒီအိမ်မှာ မိန်းမလျာတွေရှိလိမ့်မယ်ကွ” ဟုပြောလေ၏။ တိုက် ဆိုင်စွာပင် ထိုအခိုက် ထိုအိမ်ကြီးအတွင်းမှမိန်းမလျာနှစ်ဦးသည် ကနွဲ့ကလျလျှောက်လှမ်းလျက်ထွက်လာကြပါလေတော့၏။ ကျွနု်ပ်လည်းအလွန်ပင်အံ့သြသွားကာ ” အဘ ဟုတ်လိုက်တာအဘရယ် အဘကအဲဒီအိမ်ကြီးထဲမှာ မိန်းမလျာတွေရှိနေကြလိမ့် မယ်ဆိုတာကို ဘယ်လိုလုပ်ပြီးသိနေတာလဲအဘရဲ့” ဟုမေးမိလျှင် အဘကပြုံးလျှက် ထိုအိမ်ကြီးအရှေ့၏မျက်နှာစာမှ ကုက္ကိုပင် အိုကြီးတစ်ပင်ကို မေးဖြင့်ညွှန်ပြလိုက်ပြန်လေ၏။ ကျွနု်ပ်ကနားမလည်စွာဖြင့် “ဘာလဲအဘရဲ့” ဟုပြန်၍မေးလိုက်မိပြန်လေ၏။ အဘက ” ဒီလိုကွ အဲဒီအိမ်ကြီးရဲ့အရှေ့ကကုက္ကိုပင်ကြီးမှာ နွယ်ပင်တစ်ပင်ပတ်နေတယ်လေကွာ။ အဲဒီလိုပင်စည်ပင်စောက်ရှိတဲ့ အပင်မျိုးကို နွယ်ပင်ကပတ်နေရင် အဖိုကိုအမကပတ်နေတဲ့သဘော၊ အဖိုကိုအမကလွှမ်းမိုးနေတဲ့သဘော သက်ရောက်နေလို့ အဲဒီအိမ်မျိုးမှာမိန်းမလျာတွေနေလေ့ရှိတယ်လို့ ရှေးကဆေးဆရာကြီးဦးထွန်းမြတ်တို့ရဲ့ ဆန်းဟောကွက်တွေရှိဖူးတယ်ကွ” ဟု ပြောပြရာ ကျွနု်ပ်လည်းခေါင်းကို တဆိတ်ဆိတ်ညိတ်လျှက် “သြော် ဒီလိုကိုး ” ဟုရေရွတ်မိလိုက်ရပါလေတော့၏။

ကျွနု်ပ်တို့သည် တရွေ့ရွေ့နှင့်ဆက်လက်လျှောက်လာခဲ့ကြလေ၏။ တစ်နေရာသို့အရောက်တွင် လမ်းဘေးရှိ အုတ်ခုံ လေးတစ်ခုပေါ်တွင်ထိုင်၍နားကြရင်း ဆရာတပည့်နှစ်ယောက်သား ဆေးလိပ်သောက်ကြလေ၏။ အဘကငါးသုံးလုံးစီးကရက်ကို သောက်လေ၏။ ကျွနု်ပ်ကရွှေပြည်စိုးဆေးပေါ့လိပ်ကိုဖွာလေ၏။ “တစ်ချို့ကဆေးလိပ်သောက်ရင်အမောမခံနိုင်ဘူးလို့ပြောကြ တယ်။ ငါတို့ကကျတော့ အမောဖြေတဲ့အနေနဲ့ ဆေးလိပ်သောက်နေကြပါလား။ ဒါဖြင့် ဆေးလိပ်သောက်ခြင်းကမောစေတာလား အမောပြေစေတာလားကွာ” ဟုအဘကမေးလိုက်လျှင် ကျွနု်ပ်က “မစဉ်းစားမိပါဘူးအဘရယ်၊ အဘပဲပေါက်ပေါက်ရှာရှာတွေးမိ တယ်။” ဟုပြန်၍ပြောလိုက်ရာ အဘကရယ်လေ၏။ ထို့နောက်တွင်မှ “အဲလိုအမြင်မတူတဲ့နှစ်ယောက်ငြင်းကြရင်ရန်ထသတ်တာ ပဲအဖတ်တင်လိမ့်မယ်။ နှစ်ယောက်လုံးကတော့ကိုယ်အမှန်လို့ပဲ ယူဆထားကြမှာပဲလေ။ အဲဒါဟာ တကယ့်အမှန်တရားကသတ် သတ်၊ တစ်ဦးချင်းဆီရဲ့အမှန်တရားကသတ်သတ်ဖြစ်နေတယ်။ အဲ့သလိုတစ်ဦးချင်းဆီရဲ့၊ တစ်ဖွဲ့ချင်းဆီရဲ့၊ တစ်နိုင်ငံချင်းဆီရဲ့ ပု ဂ္ဂလိကအမှန်တရားတွေကြောင့်ပဲ တစ်နိုင်ငံနဲ့တစ်နိုင်ငံလည်းစစ်တွေဖြစ်ကြတယ်။ ကမ္ဘာစစ်ကြီးတွေတောင်ဖြစ်ခဲ့တယ်။ တကယ် ကတော့ နှစ်ဘက်လုံးမှန်နေကြတာကိုက မှားနေပြီကိုယ့်လူရေ ” ဟုပြောလေရာကျွနု်ပ်လည်း “အဘပဲပေါက်ပေါက်ရှာရှာ ကျွန် တော်ဖြင့်မတွေးမိပါဘူး အဘရယ်” ဟုသာပြန်ပြောလိုက်မိပါလေတော့၏။ ထိုအခိုက်မှာပင်အဘသည် မျက်စောင်းထိုးခပ်လှမ်း လှမ်းရှိ အိမ်တစ်အိမ်အားလှမ်း၍ မေးဖြင့်ညွှန်ပြကာ “အဲဒီအိမ်ကအိမ်သားတစ်ယောက်မှာ နှာခေါင်းမှာမှဲ့တို့အမှတ်တို့ရှိတတ် တယ်ကွ။” ဟုပြန်ပြောလေ၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအိမ်အတွင်းမှမိန်းမတစ်ဦးသည် စျေးခြင်းတောင်းကလေးကိုဆွဲလျက် ကျွနု်ပ်တို့ရှိရာဘက်သို့ တစ်လှမ်းခြင်းလျှောက်လာလေ၏။ ကျွနု်ပ်သည်ထိုအမျိုးသမီးက မသိမသာအသေအချာကြည့်ရင်း တအံ့ တသြဖြစ်သွားရပြန်လေ၏။ ထိုအမျိုးသမီး၏နှာခေါင်းတွင်မှဲ့နက်ကြီးတစ်လုံးသည်ထင်ထင်ရှားရှားပင်ရှိနေလေ၏။


ကျွနု်ပ်က “အံ့သြစရာကောင်းလိုက်တာအဘရယ်။ အဲဒီအိမ်ကထွက်လာတဲ့မိန်းမရဲ့နှာခေါင်းပေါ်မှာ မှဲ့ကြီးမှအကြီးကြီးပဲ အဘရဲ့။ အဘဘယ်လိုလုပ်ပြီးသိတာလဲ” ဟုမေးလိုက်မိလျှင် အဘကပြုံးလျက် “ဒီလိုကွ နှာခေါင်းမှာထူးထူးခြားခြားမှဲ့တို့အမှတ် တို့ပါတဲ့လူတွေဟာ ရေတွင်းရေကန်၊ မြစ်ချောင်းတွေကို မျက်နှာမူထားတဲ့အိမ်မျိုးမှာနေရတတ်တယ်ကွ။ အဲဒီအိမ်ရှေ့မှာ ဧရာမ ရေကန်ကြီးတစ်ကန် ထူးထူးခြားခြားရှိနေလေတော့ဒီအိမ်ကအိမ်သူအိမ်သားတွေမှာလည်း နှာခေါင်းမှာမှဲ့တွေ အမှတ်တွေပါနိုင် တယ်လို့ ကောက်ယူလိုက်တာပါကွာ” ဟုပြောပြလေ၏။ ကျွနု်ပ်လည်း “သြော် ဒီလိုကိုး” ဟုရေရွတ်မိပြန်လေတော့၏။ ဤသို့ဖြင့် လျှင် ကျွနု်ပ်တို့အဘမင်းသိင်္ခ၏တပည့်များသည် အဘနှင့်အတူနေထိုင်ခဲ့ကြရင်း အဘထံမှဗေဒင်ပညာရပ်များသာမက အထွေ ထွေသောဗဟုသုတများမှတ်သားဖွယ်ရာများကို နာရီနှင့်အမျှကြားရ၊ မှတ်သားခဲ့ကြရပါလေ၏။ မိမိတို့အိမ်များ၊ အလုပ်ခန်းများ၊ ရုံးခန်းများတွင် ရှေ့မျက်နှာစာတန်းသည် လွန်စွာမှအရေးကြီးလေ၏။ မိမိတို့၏အင်္ဂလိပ်မွေးရပ်ဂဏန်းကိုလိုက်၍ ရှေ့မျက်နှာစာ ပိုင်းတွင်ထားရှိသင့်သောအရာများလည်း ရှိပါလေ၏။ သို့ဖြစ်ပါသောကြောင့် မိတ်ဆွေတို့၏ ကျန်းမာရေး၊ ချမ်းသာရေး၊ အောင် မြင်ရေးတို့အတွက် အထောက်အကူဖြစ်စေအံ့သောဌာ အောက်ပါအတိုင်းရေးသားလိုက်ရပါပေသတည်း။

မည်သည့်အင်္ဂလိပ်လတွင်မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်တွင်မွေးဖွားသူများသည် ရှေ့မျက်နှာစာတွင် နေကြာပင်ကိုနိမိတ် ကောင်းယူလျက် စိုက်ပျိုးထားသင့်ပါသည်။ အဝါရောင်၊ ရွှေရောင်မီးပုံး၊ မီးအိမ်အလှများချိတ်ဆွဲထားသင့်ပါသည်။ နေမင်းတံဆိပ် ကိုထားရှိသင့်ပါသည်။

မည်သည့်အင်္ဂလိပ်လတွင်မဆို ၂၊ ၁၁၊ ၂၀၊ ၂၉ ရက်တွင်မွေးဖွားသူများသည် ရှေ့မျက်နှာစာတွင် အဖြူရောင်၊ ငွေရောင် မီးပုံး၊ မီးအိမ်အလှများ ချိတ်ဆွဲထားသင့်ပါသည်။ ညမွှေးပန်းပင်ကို နိမိတ်ကောင်းယူလျက်ချိတ်ဆွဲထားသင့်ပါသည်။ လမင်းတံ ဆိပ်ကိုထားရှိသင့်ပါသည်။
မည်သည့်အင်္ဂလိပ်လတွင်မဆို ၃၊ ၁၂၊ ၂၁၊ ၃၀ ရက်တွင်မွေးဖွားသူများသည် ရှေ့မျက်နှာစာတွင်နီညိုရောင်၊ ခရမ်းရောင် မီးပုံး၊ မီးအိမ်အလှများ ချိတ်ဆွဲထားသင့်ပါသည်။ ကျေးဌက်များအတွက် စပါးတွဲများ ဌက်အိမ်များကို နိမိတ်ကောင်းယူလျက်ချိတ် ဆွဲထားသင့်ပါသည်။ တြိဂံတံဆိပ်၊ စကြာတံဆိပ်ကိုထားရှိသင့်ပါသည်။

မည်သည့်အင်္ဂလိပ်လတွင်မဆို ၄၊ ၁၃၊ ၂၂၊ ၃၁ ရက်တွင်မွေးဖွားသူများသည် ရှေ့မျက်နှာစာတွင် နေကြာပင်ကိုနိမိတ် ကောင်းယူလျက် စိုက်ပျိုးထားသင့်ပါသည်။ အဝါရောင်၊ ရွှေရောင်မီးပုံး၊ မီးအိမ်အလှများချိတ်ဆွဲထားသင့်ပါသည်။ တက်သစ်စ နေဝန်းတံဆိပ်၊ စတုရန်းပုံစံတံဆိပ်ကိုထားရှိသင့်ပါသည်။

မည်သည့်အင်္ဂလိပ်လတွင်မဆို ၅၊ ၁၄၊ ၂၃ ရက်တွင်မွေးဖွားသူများသည် ရှေ့မျက်နှာစာတွင် အဖြူရောင်၊ ငွေရောင်နှင့် ငါးထောင့်ကြယ်ပုံသဏ္ဍန်မီးပုံး၊ မီးအိမ်အလှများချိတ်ဆွဲထားသင့်ပါသည်။ ငါးထောင့်ကြယ်တံဆိပ်ကိုထားရှိသင့်ပါသည်။

မည်သည့်အင်္ဂလိပ်လတွင်မဆို ၆၊ ၁၅၊ ၂၄ ရက်တွင်မွေးဖွားသူများသည် ရှေ့မျက်နှာစာတွင် အပြာရောင်၊ ပန်းရောင်မီးပုံး မီးအိမ်အလှများချိတ်ဆွဲထားသင့်ပါသည်။ ရေတံခွန်၊ရေကန်၊ ချစ်ခြင်းမေတ္တာနှင့်ပက်သက်သောသင်္ကေတများနှင့် ခြောက်ထောင့် ကြယ်တံဆိပ်ကို ထားရှိသင့်ပါသည်။

မည်သည့်အင်္ဂလိပ်လတွင်မဆို ၇၊ ၁၆၊ ၂၅ ရက်တွင်မွေးဖွားသူများသည် ရှေ့မျက်နှာစာတွင် အဖြူရောင်၊ငွေရောင်မီးပုံး၊ မီးအိမ်အလှများချိတ်ဆွဲထားသင့်ပါသည်။ ဘာသာရေးနှင့်ဂမ္ဘီရဆိုင်ရာအမှတ်တံဆိပ်များ၊ ပိရမစ်ပုံ စသည်တို့ကိုထားရှိသင့်ပါ သည်။

မည်သည့်အင်္ဂလိပ်လတွင်မဆို ၈၊ ၁၇၊ ၂၆ ရက်တွင်မွေးဖွားသူများသည် ရှေ့မျက်နှာစာတွင် ခရမ်းရောင်နှင့် ရှစ်ထောင့် ကြယ်ပုံသဏ္ဍန်မီးပုံး၊ မီးအိမ်အလှများချိတ်ဆွဲထားသင့်ပါသည်။ ရှေးဟောင်းအငွေ့အသက်ပါသော ပစ္စည်းများကိုထားရှိသင့်ပါ သည်။

မည်သည့်အင်္ဂလိပ်လတွင်မဆို ၉၊ ၁၈၊ ၂၇ ရက်တွင်မွေးဖွားသူများသည် ရှေ့မျက်နှာစာတွင် အနီရောင်၊ ကြက်သွေး ရောင်မီးပုံး၊ မီးအိမ်အလှများချိတ်ဆွဲထားသင့်ပါသည်။ ဘာသာရေးနှင့်ဂမ္ဘီရဆိုင်ရာအမှတ်တံဆိပ်များကို ထားရှိသင့်ပါသည်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

ခေါင်မိုးထပ်က ဥယျာဉ်လေး

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
October 26, 2020 နေ့
စွဲမက်ဖွယ် အိမ်ပုံစံလေးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads


သစ်ပင်စိုက်ခြင်းဟာ ကျွန်တော်တို့အတွက် စိတ်ချမ်းသာမှုတို့ကို ပေးစွမ်းတယ်ဆိုတာ သစ်ပင်စိုက်ဖူးသူတွေပဲ သိနားလည်ပါတယ်။ မနက်အိပ်ရာနိုးချိန်နဲ့ အလုပ်ကပြန်လာတဲ့အချိန် သစ်ပင်လေးတွေ စိမ်းစိုနေတာ မြင်လိုက်ရရင် အင်မတန်စိတ်ချမ်းသာရပါတယ်။ ဒီတခါမှာတော့ အိမ်ခေါင်မိုးထပ်လေးတွေမှာ စိမ်းစိုတဲ့ ဥယျာဉ်လေးတစ်ခုကို ဘယ်လိုဖန်တီးမလဲဆိုတာကို လေ့လာနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်၊
ခေါင်မိုးထပ်မှာ စိမ်းလန်းတဲ့သစ်ပင်လေးတွေ စိုက်ပျိုးခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ကို လျှော့ချနိုင်ပြီး မိမိအိမ်နဲ့ ပတ်ဝန်းကျင်အတွက် လေသန့်စင်မှုကို ရရှိစေနိုင်ပါတယ်။ အသင့်အတင့် အမြင့်ရှိတဲ့့ အပင်လေးတွေကို စိုက်ခြင်းအားဖြင့် အရိပ်ရတဲ့အတွက် အပေါ်ဆုံးထပ်ကိုအပူချိန်မြင့်မားခြင်းမှ ကာကွယ်ပေးပါတယ်။

Photo – Pinterest


သစ်ပင်လေးတွေစိုက်တဲ့အခါမှာ မြေအိုးများ၊ ပလတ်စတစ်အိုးလေးများနဲ့ စိုက်ပျိုးနိုင်သလို နေရာအကျယ်အဝန်းပေါ်မူတည်ပြီး အုတ်ဘောက်ကွတ်ပြီးတော့လည်း စိုက်ပျိုးနိုင်ပါသေးတယ်။ ခေါင်မိုးထပ်ရဲ့ အနားသတ်ဘောင်တွေကလည်း ဘယ်လောက်အမြင့်ရှိသလဲဆိုတာကိုလည်း အနည်းငယ်သတိပြုသင့်ပါသေးတယ်။ တိုက်အမြင့်ပေါ်မူတည်ပြီး လေတိုက်နှုန်းကိုလည်း သတိပြုရပါအုံးမယ်နော်။
ခေါင်မိုးထပ်ဥယျာဉ်လေးမှာ သင်ကြိုက်နှစ်သက်တဲ့ ပန်းပင်၊ သီးပင်၊ စားပင်ကို စိုက်ပျိုးနိုင်ပါတယ်၊ လွယ်လွယ်ကူကူ စိုက်ပျိုးနိုင်တဲ့ ပန်းပင်လေးတွေကတော့ နှင်းဆီပင်၊ သစ်ခွပင်အမျိုးမျိုး၊ ပိန်းပန်းပင်အမျိုးမျိုး၊ သနပ်ခါးပင်၊ စံပယ်ပင်တို့ဖြစ်ကြပြီး တန်ဖိုးလည်း မကြီးလှပါဘူး။ သစ်ခွလို ရေလည်းကြိုက်၊ လေတိုက်တာလည်း ကြိုက်တဲ့ ပန်းပင်လေးတွေအတွက်ကတော့ ခေါင်မိုးထပ်ဥယျာဉ်လေးက အသင့်တော်ဆုံးပေါ့၊ နေပြင်းတာမကြိုက်တဲ့အတွက် အမိုးပါးလေးတော့ မိုးပေးထားရပါမယ်နော်။ တန်ဖိုးကြီးတဲ့ ပန်းတစ်မျိုးဖြစ်တဲ့ သဇင်ပန်းတိုင်တွေကို စိုက်ချင်တဲ့သူတွေအတွက်လည်း မြတ်မြတ်နိုးနိုးစိုက်ပျိုးနိုင်ပါတယ်။ အိမ်မှာပွင့်တဲ့ ပန်းပင်လေးတွေက ပန်းမှန်သမျှ ဘုရားပန်းပူဇော်တိုင်း အင်မတန်စိတ်ချမ်းသာရပါတယ်။ အားဆေးတွေမသုံးဘဲ ဆန်ဆေးရည်ကို သဘာဝအားဆေးအဖြစ်သုံးပေးတာဖြစ်ပြီး အပွင့်တွေလှိုင်လှိုင်ပွင့်တာကြောင့် အိမ်မှာ ဘုရားပန်းဝယ်စရာမလိုတော့ပါဘူး။



စားပင်တွေအနေနဲ့ စိုက်ပျိုးချင်တယ်ဆိုရင် နံနံပင်၊ ခရမ်းကျွတ်သီး၊ ငရုတ်သီး၊ ချဉ်ပေါင်ပင်၊ ဆလတ်ရွတ်၊ ကန်စွန်းရွက်၊ ပင်စိမ်း၊ ခရမ်းချဉ်သီးတို့ဖြစ်ကြပါတယ်။ မြေနေရာကျယ်ကျယ်မရှိပေမဲ့ ခေါင်မိုးမှာရှိတဲ့နေရာလေးမှာပဲ စိုက်ပျိုးပြီး လတ်လတ်ဆတ်ဆတ်စားသုံးနိုင်ခြင်းက ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်သလို organic အသီးရွက်တွေကို စျေးကြီးကြီး ပေးဝယ်စရာမလိုတော့ဘူးပေါ့။ ၀◌ါးပင်ငယ်လေးများနဲ့ တောင်ထန်းပင်လို အပင်လေးတွေကလည်း မျက်စေ့ပသာဒဖြစ်စေပါတယ်။

Photo – Pinterest

နေရာရှိနေသေးတယ်ဆိုရင် ထိုင်ခုံလေးတွေနဲ့အတူ စားပွဲလေးတစ်လုံးကိုပါ ထည့်သွင်းအလှဆင်လိုက်ပါ။ သင်အလုပ်အားတဲ့နေ့တွေရဲ့ နေခင်းမှာ စာဖတ်တာပဲဖြစ်ဖြစ် မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးစားသောက်ကြတာပဲဖြစ်ဖြစ် ဘ၀ရဲ့ သာယာတဲ့အချိန်တွေပို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ သစ်ပင်ပန်းပင်လေးတွေနဲ့အတူ မီးလုံးလေးတွေနဲ့လည်း အလှဆင်ထားကြည့်လိုက်ပါ။ အလုပ်အားတဲ့အချိန်တွေမှာပဲ ခေါင်မိုးထပ်ဥယျာဥ်လေးမှာ အချိန်ကုန်တတ်တာဖြစ်လို့ ညချမ်းအချိန်မှာ မီးအလှဆင်ထားခြင်းက သင့်စိတ်ကိုချမ်းမြေ့စေမှာပါ။ သဘာ၀တရားကိုအပြည့်အ၀ခံစားနိုင်ဖို့အတွက် စိမ်းစိုလှပတဲ့ပန်းဥယျာဥ◌်လေးတစ်ခုမှာ မြက်ခင်းတုကိုလည်း ထည့်သွင်းအလှဆင်သင့်ပါတယ်နော်။

ခေါင်မိုးထပ်မှာ သစ်ပင်တွေစိုက်တော့မယ်ဆိုရင် နေရောင်ခြည်ကောင်းကောင်းရတာဖြစ်ပေမယ့် မနက်ခင်းနေရောင်ခြည်ကြိုက်တဲ့အပင်လား၊ ညနေခင်းနေရောင်ခြည်ကြိုက်တဲ့အပင်လား ဆိုတာတော့ သေချာစီစစ်ဖို့လိုပါတယ်။ မနက်စောစောမှာ အပင်လေးတွေကို ရေလောင်းပေးရင်း သဘာဝလေကို ရှူရှိုက်တဲ့ပြီး သင့်ရဲ့ လှပတဲ့ နေ့ရက်တစ်ရက်ကို စတင်နိုင်ပါတယ်။
စိတ်အေးချမ်းသာခြင်းက သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ကိုပါ များစွာအထောက်အကူဖြစ်စေပါတယ်။ သင့်နေအိမ်ရဲ့ ခေါင်မိုးမှာ နေရာလွတ်ရှိတယ်ဆိုရင် ပန်းဥယျာဉ်လေးတစ်ခုကို မကြာမီဖန်တီးလိုက်တော့နော်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
October 24, 2020 နေ့
ဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ရှေးနှစ်ပေါင်းများစွာကတည်းက ငါးမွေးမြူခြင်းသည် စီးပွားလာဘ်လာဘကောင်းသည်ဟု ယုံကြည်လာခဲ့ကြပါသည်။ ယနေ့ခေတ်တွင် အလှမွေးငါးမွေးမြူးခြင်းသည် ပိုမိုတွင်ကျယ်လာသည်ဖြစ်ရာ အလှမွေးငါးကန်ကို အိမ်၏မည့်သည့်အရပ်၊ မည်သည့်နေရာတွင်ထားရှိပါက ငွေကြေးနှင့်စီးပွားကောင်းခြင်းကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း Myanmar Home & Decor Magazine မှ ယခုဆောင်းပါးဖြင့် တင်ဆက်ဖော်ပြလိုက်ပါသည်။
ဦးစွာပဏာမရှင်းပြလိုသည်က အလှမွေးငါးကန်များသည်အများအားဖြင့် လှပခြင်းနှင့်အတူ ရေကန်ဖြစ်ခြင်းကြောင့် အေးချမ်းခြင်းကိုပေးစွမ်းပါသည်။ ရေသည် ငွေကံကောင်းခြင်းအတွက် ဖိတ်ခေါ်ပေးသည် ဟု ရှေးခေတ်ဖုန်းရွှေပညာရှင်များက သတ်မှတ်ကြပါသည်။ အလှမွေးငါးကန်ကို အိမ်တွင်ထားရှိသည့်အခါ နေရာမှန်စွာထားရှိတတ်ရန်လိုအပ်ပါသည်။ သို့မှသာ ̏ချိ” ဓာတ်ဖြစ်သော ချမ်းသာခြင်းကို ရရှိနိုင်ပါလိမ့်မည်။

photo credit : Internet

ငါးမွေးကန်များ၏ ဓာတ်သဘောဖွဲ့စည်းမူ
ငါးမွေးကန်များသည် မင်္ဂလာရှိသည့်အတိတ်နှင့်နိမိတ်များကို ဆောင်ကျဉ်းပေးလေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ငါးမွေးကန်တွင်ပါ၀င်သော အရာဝတ္ထုငါးမျိုးကြောင့်ပင် ဖြစ်ပါသည်။ ထိုအရာဝတ္တုငါးမျိုး၏ တစ်ခုတစ်စည်းတည်းပေါင်းစုတည်ရှိနေခြင်းကြောင့် အလှမွေးငါးကန်များသည် အိမ်(သို့)ဆိုင်၏စီးပွားကို တိုးတက်စေခြင်းဖြစ်ပါသည်။ ယင်းတို့မှာ –

(၁) ရေဓာတ်
(၂) သစ်သားဓာတ် (သစ်ပင်ကို သစ်သားဓာတ်အနေဖြင့်မှတ်ယူပါသည်။)
(၃) သတ္တုဓာတ် (ငါးမွေးကန်၏ဘောင်တွင် သံ(သို့) အခြားသတ္ထုတစ်ခုခုရှိပါလိမ့်မည်။)
(၄) မြေဓာတ် (ငါးကန်ထဲရှိ ကျေက်တုံးငယ်လေးများကို ဆိုလိုခြင်းဖြစ်သည်။)
(၅) မီးဓာတ် (အဝါ၊ လိမ္မော်၊ အနီ၊ ရွှေရောင်ကဲ့သို့ ငါးကလေးများကို ဆိုလိုခြင်း ဖြစ်သည်။
 ထို့အပြင် ငါးကန်အတွက် တပ်ဆင်ထားသော မီးအရောင်ကိုလည်း မီးဓာတ်အနေဖြင့် မှတ်ယူနိုင်ပါသည်။)

ငါးကန်မထားသင့်သောနေရာ
အလှမွေးငါးကန်ကို အိပ်ခန်းနှင့် မီးဖိုခန်းတို့တွင်ဘယ်တော့မှ မထားရပါ။ ငါးကန်သည် အိပ်ခန်းနှင့် မီးဖိုခန်းအတွင်းသို့ ၀င်ရောက်လာမည့် ကောင်းသောခွန်အားတို့ကို အဟန့်အတား ဖြစ်စေပါသည်။ တစ်နည်းအားဖြင့် ထိုအခန်းများအတွင်း မလိုအပ်သော ပြဿနာများကို ယူဆောင်လာတတ်ပါသည်။

Photo credit : pinterest


ငါးအမျိုးအစား
Arrowana နှင့် dragon fish (မြန်မာနိုင်ငံတွင် Lucky fish ဟုလူသိများသည်။) တို့ကို လာဘ်ခေါ် ကံကောင်းစေသည်ဟု လူအများစုက ယုံကြည်ကြသည့်အားလျှော်စွာစျေးကြီးသည့်အပြင် အရွယ်အစားပေါ်မူတည်ပြီး သိန်းဆယ်ဂဏန်းအထိပေးဝယ်တတ်ကြပါသည်။ ရွှေငါးနှင့် Flowerhorn အမျိုးအစား ငါတို့သည်လည်း လာဘ်ကောင်းသည့် ငါးမျိုးများဟုမှတ်ယူလေ့ရှိကြပြီး စျေးနှုန်းမှာလည်း သင့်တင့်သောကြောင့် လူကြိုက်ပိုများကြပါသည်။ သတိပြုရမည်က ရွှေငါးများကို အလှမွေးငါးကန်အေနေနဲ့မွေးမြူမည်ဆိုပါက ၈ ကောင် (သို့မဟုတ်) ၉ ကောင်ထည့်ကာ မွေးမြူရပါမည်။ အနက်ရောင်ငါးတစ်ကောင်ကိုလည်း ထည့်သွင်းမွေးမြူးပါက မျက်စိပသာဒဖြစ်စေပါလိမ့်မည်။

ငါးမွေးကန်ထားရန် နေရာရွေးချယ်ခြင်းနှင့် ငါးကန်အမျိုးအစားများ
အလှမွေးငါးကန်ထားရန်အသင့်တော်ဆုံးနေရာမှာ
– အိမ်၏အရှေ့တောင်အရပ် (ဖုန်းရွှေနည်းအရ ချမ်းသာခြင်းနှင့် ကံကောင်းခြင်းတို့ အများဆုံးတည်ရှိရာအရပ်)၊
– မြောက်အရပ် (အလုပ်အကိုင်ကောင်းစေခြင်း)နှင့် အရှေ့အရပ် (ကျန်းမာကောင်းခြင်းနှင့် မိသားစုဖြင့်ချမ်းမြေ့ရခြင်း)
– ငါးကန်ကို အိမ်၏အရှေ့တောင်အရပ်တွင်ထားရှိမည်ဆိုပါက စတုရန်းပုံသဏ္ဍာန် (သို့) ထောင့်မှန်စတုဂံပုံသဏ္ဍာန် ငါးကန်ကိုအသုံးပြုရမည်။
– အရှေ့တောင်အရပ်တွင် အဝိုင်းပုံသဏ္ဍာန်ငါးကန်ကို ထားရှိလိုပါက အရွယ်အစာသေးငယ်သော ငါးကန်ကိုသာအသုံးပြုပါ။
– အိမ်၏မြောက်အရပ်တွင် ငါးကန်ထားမည်ဆိုပါက စက်ဝိုင်းပုံသဏ္ဍာန်ငါးကန်ကို အသုံးပြုပါက အကောင်းဆုံးဖြစ်သည်။ ငါးကန်အတွင်းတွင် အလှဆင်ပစ္စည်း များဖြင့် လှပစွာတန်ဆာဆင်သင့်ပြီး သန့်ရှင်းမူ၊ အလင်းရောင်နဲ့ ငါးများအတွက် အစာကိုလည်း ဂရုပြုရပါမည်။


အလုပ်အားလပ်ချိန်များတွင်အလှမွေးငါးများဖြင့်အပန်းဖြေပါ။ ငါးကန်ကိုသန့်ရှင်းသပ်ရပ်ပြီးကောင်းစွာဂရုပြုမွေးမြူးခြင်းဖြင့် စိတ်ကြည်းနူးဖွယ်ဖြစ်စေသည့်အပြင် အိမ်၏စီးပွားရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေပါလိမ့်မည်။ ထိုနည်းတူစွာ စိတ်ကူးအကြံဉာဏ်ကောင်းတို့ကိုပေးစွမ်းပါလိမ့်မည်။ ငါးများမြူးလေလေ ငွေကြေးကံကောင်းလေလေ ဖြစ်လိမ့်မည်။

ယခုဆောင်းပါးကို Myanmar Home & Décor Magazine မှ တင်ပြထားတာဖြစ်ပြီး ကူးယူဖော်ပြမည်ဆိုပါက credit ပေးရန် သတိပြုစေလိုပါတယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar