Month: September 2020

ads

ဒေသတွင်းအကြီးဆုံးနှင့် လေးစားမှုအခံရဆုံး အိမ်ခြံမြေဆုချီးမြှင့်သည့်အစီအစဉ်ဖြစ်သည့် PropertyGuru Asia Property Awards သည် မြန်မာနိုင်ငံ၏ ထိပ်တန်းအိမ်ခြံမြေဝက်ဘ်ဆိုက်နှင့် အွန်လိုင်းအိမ်ခြံမြေကုမ္ပဏီကြီးတစ်ခုဖြစ်သော Shwe Property နှင့် ပူးပေါင်း၍ ဆဌမအကြိမ်မြောက်မြန်မာ့ဆုပေးပွဲအစီအစဉ်ကို အွန်လိုင်းမှပထမဆုံး ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ဆဌမအကြိမ်မြောက်ကျင်းပမည့် PropertyGuru Myanmar Property Awards in partnership with Shwe Property ဆုပေးပွဲကြီးတွင် မြန်မာနိုင်ငံ၏ စျေးကွက်ကိုဦးဆောင်နေသော၊ အလားအလာရှိသော အိမ်ခြံမြေဆောက်လုပ်ရေး ကုမ္ပဏီများ၏ စွမ်းဆောင်ချက်များကို အသိအမှတ်ပြု၍ အခမ်းအနားကို အွန်လိုင်းမှ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကာ asiapropertyawards.com/newsroom မှလည်းကောင်း၊ တရားဝင် YouTube နှင့် Facebook စာမျက်နှာများမှလည်းကောင်း တစ်ပြိုင်နက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ပါသည်။

PropertyGuru Myanmar Property Awards in partnership with Shwe Property ၏ အွန်လိုင်းမှ ပထမဆုံး ကျင်းပမည့် ဆုချီးမြှင့်ပွဲအစီအစဉ်တွင် ဆုရရှိသူ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် စီမံကိန်းများကို အိမ်ခြံမြေဝယ်ယူသူများ၊ အိမ်ခြံမြေ ကိုယ်စားလှယ်များအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ကြည့်ရှုသူပရိသတ်ရှေ့သို့ ပထမဆုံးအကြိမ်အဖြစ် ချပြနိုင်မည်ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်း မည်သည့်နေရာမှမဆို ကြည့်ရှုနေသူများအနေဖြင့် မြန်မာနိုင်ငံ၏ အကြီးကျယ်ခမ်းနားဆုံး ဤအိမ်ခြံမြေ ဆုချီးမြှင့်ပွဲကြီး၏ ရှေ့ဆုံးတန်းသို့ ရောက်ရှိနေသည့်အလား အပြည့်အဝခံစားနိုင်မည်ဖြစ်သည်။

ထိုမျှသာမက PropertyGuru Asia Property Awards နှင့် Shwe Property တို့၏ Platform များကို စုပေါင်းထားသည့်အတွက် ဤအွန်လိုင်းအခမ်းအနားကြီးသည် Multimedia Channel များမှတစ်ဆင့် ဆန်ကာတင်ကုမ္ပဏီများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၏ စျေးကွက်ဖြန့်ကျက်နိုင်မှုကိုလည်း ချဲ့ထွင်ပေးနိုင်မည်ဖြစ်ပါသည်။

PropertyGuru Asia Property Awards and Events ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ Jules Kay က “အရှေ့တောင်အာရှရဲ့ အကြီးဆုံးအိမ်ခြံမြေနည်းပညာကုမ္ပဏီနဲ့ မြန်မာနိုင်ငံရဲ့ အသိမှတ်ပြုအခံရဆုံး အိမ်ခြံမြေဝက်ဘ်ဆိုက်တို့အကြား ပူးပေါင်း လုပ်ဆောင်မှုကြောင့် ဒီနှစ်ကျင်းပတဲ့အခမ်းအနားကို အွန်လိုင်းပုံစံအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ PropertyGuru Myanmar Property Awards in partnership with Shwe Property ဆုချီးမြှင့်ပွဲကြီးဟာ မြန်မာနိုင်ငံရဲ့ အထူးချွန်ဆုံး အိမ်ခြံမြေလုပ်ငန်းတွေကို အသိအမှတ်ပြု အမှတ်ပေးချီးမြှင့်တဲ့ အခမ်းအနားတစ်ခုဖြစ်ပြီး နိုင်ငံတကာကို ဖြန့်ကျက်နိုင်တဲ့ Platform ဖြစ်တဲ့အတွက် မြန်မာနိုင်ငံက အိမ်ခြံမြေအမှတ်တံဆိပ်တွေကို နိုင်ငံရပ်ခြားက အလားတူလုပ်ငန်းတွေ၊ အိမ်ခြံမြေ ရှာဖွေနေသူတွေ၊ ဝယ်ယူသူတွေနဲ့ အိမ်ခြံမြေကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Shwe Property ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Justin Sway ကလည်း “PropertyGuru Myanmar Property Awards in partnership with Shwe Property အွန်လိုင်းဆုချီးမြှင့်ပွဲ အခမ်းအနားဟာ မြန်မာ့နံပါတ်တစ် အိမ်ခြံမြေဝက်ဘ်ဆိုက်နဲ့ ဒေသတွင်း အကြီးကျယ်ခမ်းနားဆုံး အိမ်ခြံမြေဆုချီးမြှင့်တဲ့အစီအစဉ်ရဲ့ ခါတိုင်းနဲ့မတူ သာလွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကိုယ်စားပြု နေပါတယ်။ ဒီအွန်လိုင်း အခမ်းအနားကြီးကို နိုင်ငံတကာက ကြည့်ရှုနိုင်မှုကြောင့် ဆန်ကာတင်အိမ်ခြံမြေလုပ်ငန်းများအနေနဲ့ သူတို့ရဲ့ အမှတ်တံဆိပ်ကို ကမ္ဘာ့စင်မြင့်ပေါ် တင်နိုင်ဖို့၊ မြန်မာနိုင်ငံကသာမက နိုင်ငံရပ်ခြားက လုပ်ငန်းအပ်နှံလိုသူတွေ၊ လုပ်ငန်းတူ ကုမ္ပဏီတွေနဲ့ အချိန်နဲ့တပြေးညီ ကွန်ရက်ဖွဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းကောင်းကြီးတစ်ခုပါ” ဟု ပြောကြားခဲ့ ပါသည်။

ဤအွန်လိုင်းဆုချီးမြှင့်ပွဲကြီးကို ကြည့်ရှုနေကြသူများအနေဖြင့် Asia Property Awards ၏ တရားဝင်ဝက်ဘ်ဆိုက်ရှိ Live Messaging ကဏ္ဍကိုအသုံးပြု၍ တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်သွယ်နိုင်မည်ဖြစ်သည့်အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူ များ၊ အိမ်ခြံမြေရှာဖွေနေသူများ၊ အိမ်ခြံမြေကိုယ်စားလှယ်များအကြား ဆက်သွယ်ချိတ်ဆက်နိုင်မည့် အခွင့်အရေးများကိုလည်း ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခြင်းမပြုမီ ‘Virtual Red Carpet’ အစီအစဉ်တွင် အခမ်းအနား Sponsor များ၊ အမှီအခိုကင်းသည့် အကဲဖြတ်အဖွဲ့ဝင်များနှင့် သီးသန့်အမေးအဖြေတို့ကို ပြုလုပ်သွားမည်ဖြစ်ကာ မိနစ် (၉၀) ကြာမြင့်မည့် ဤဆုပေးပွဲ အစီအစဉ်တစ်လျှောက်တွင်လည်း အခြားသော စိတ်ဝင်စားဖွယ် ဗွီဒီယိုများ၊ ဓါတ်ပုံများကိုလည်း ပြသသွားမည်​ ဖြစ်ပါသည်။

ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို အဓိကဦးစားပေးသည့်အနေဖြင့် ဤအွန်လိုင်းဆုချီးမြှင့်ပွဲကြီးနှင့် အင်တာဗျူး အစီအစဉ်များကို သီးသန့်နေရာတွင် ကျင်းပရိုက်ကူးသွားမည်ဖြစ်ပြီး ဆုရရှိသူများအနေဖြင့် မိမိတို့၏ ဆုတံဆိပ်များကို လက်ခံရယူခြင်း၊ မှတ်ချက်ပြု ပြောကြားခြင်းတို့ကိုလည်း အဝေးမှ ပြုလုပ်သွားမည်ဖြစ်ပါသည်။

ဆဌမအကြိမ်မြောက် PropertyGuru Myanmar Property Awards in partnership with Shwe Property ဆုချီးမြှင့်ပွဲကြီးကို Platinum Sponsor အဖြစ် Hitachi Elevators and Escalators ၊ Silver Sponsor အဖြစ် Porcelanosa ၊ တရားဝင် Portal မိတ်ဖက်နှင့် Associate Partner အဖြစ် ShweProperty.com ၊ တရားဝင်မဂ္ဂဇင်းအဖြစ် PropertyGuru Property Report ၊ တရားဝင်သတင်းစာအဖြစ် The Straits Times Myanmar ၊ မီဒီယာမိတ်ဖက်များအဖြစ်FrontierMyanmar.com (Myanmar Real Estate & Construction Monitor) ၊ Myanmar Home & Décor ၊ Myanmar Insider နှင့် Myanmar Times ၊ တရားဝင် Charity မိတ်ဖက်အဖြစ် Right to Play ၊ တရားဝင် ESG မိတ်ဖက်အဖြစ် Baan Dek Foundation ၊ တရားဝင် ပြည်သူ့ဆက်ဆံရေး မိတ်ဖက်အဖြစ် Klareco Communications ၊ ထောက်ပံ့ကူညီပေးသည့် အဖွဲ့အစည်းများအဖြစ် AustCham Myanmar နှင့် British Chamber of Commerce Myanmar ၊ တရားဝင်ကြီးကြပ်သူအဖြစ် BDO တို့က ဆောင်ရွက်သွားမည်ဖြစ်သည်။

ပိုမိုသိရှိလိုပါက အီးမေးလ်လိပ်စာ awards@propertyguru.com ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည် သို့မဟုတ် AsiaPropertyAwards.comထံသို့ဝင်ရောက်လေ့လာနိုင်သည်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar