Month: July 2020

ads

တရုတ်စားသောက်ဆိုင်တွေတိုင်းလိုလိုမှာ ဝင်သွားလိုက်တာနဲ့ လှပတဲ့ မီးဆိုင်းတွေချိတ်ဆွဲထားတာကို မြင်တွေ့ကြပါလိမ့်မည်။ စားသောက်ဆိုင်ရဲ့ အတွင်းပိုင်းအပြင်အဆင်မှာ မီးဆိုင်းတွေနဲ့ တခမ်းတနားတွေပြင်ဆင်ထားကြတာ ကုန်ကျမှုများမှာပါပဲလို့ ထင်မှတ်နိုင်ဖွယ်ရှိပေမယ့် မီးဆိုင်းတွေဆိုတာက စားသောက်ဆိုင်တွေနဲ့ အိမ်တွေမှာ ဘယ်လိုအရေးပါနေတာလဲဆိုတာ သိချင်ကြမယ် ထင်ပါတယ်။ မီးဆိုင်တွေက အံ့အားသင့်ဖွယ်ကောင်းတဲ့ ချီဓာတ်ကိုဖိတ်ခေါ်တာကြောင့် စားသောက်ဆိုင်မှာစားသုံးတဲ့ ဧည့်သည်တွေအတွက် ထူးခြားကောင်းမွန်တဲ့ ခံစားချက်ကို ဆောင်ကြဉ်ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဖုန်းရွှေနဲ့ မီးဆိုင်းတွေအကြောင်း သိမှတ်ဖွယ်အချက် (၈) ချက်ကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပြီး သင့် အိမ်မှာလည်း မီးဆိုင်းတွေကို ဘာကြောင့်ချိတ်ဆွဲထားသင့်တယ်ဆိုတာကိုပါ ဖော်ပြပေးသွားမှာပါ။

၁။ မီးဆိုင်တွေက ထမင်းမြိန်စေခြင်း
တရုတ်တွေ စားသောက်ဆိုင်မှာစားသောက်ကြတဲ့အခါ အုပ်စုတွေနဲ့ စားပွဲပတ်လည်ဝိုင်းဖွဲ့ပြီး စားသောက်ကြတာကို သတိပြုမိကြမှာပါ။ မီးဆိုင်တွေက စားသောက်ဆိုင်ကို ထူးခြားကောင်းမွန်တဲ့ ချီဓာတ်ကို ဆောင်ကြဉ်းပေးတဲ့အပြင် စားသုံးသူတွေနဲ့ ချီဓာတ်ပေါင်းစည်းမှုကိုလည်း လှုံ့ဆော်ပေးပါတယ်။ အခြားသူတွေနဲ့အတူ ဝိုင်းဖွဲ့စားသုံးခြင်း၊ ပျော်ရွှင်ကျေနပ်ခြင်းတို့က တရုတ်လူမှုအသိုင်းအဝိုင်းမှာ အတူတွဲရှိနေတာဖြစ်ပါတယ်။ မြေစွမ်းအင်နဲ့ အလင်းရောင်းရဲ့လှုံ့ဆောင်မှု (မီးနဲ့ အစားအစာတွေကိုလည်း ချက်ပြုတ်ကြပါတယ်) တို့က ထမင်းစားပွဲမှာ စားသုံးနေသူတိုင်းအတွက် ကောင်းကျိုးတွေတိုးပွားစေပြီး ပျော်ရွှင်မှုနဲ့အတူ ထမင်းမြိန်စေမှာဖြစ်ပါတယ်။


၂။ မီးဆိုင်းက ချီဓာတ်ကိုမြှင့်တင်ပေးခြင်း
မီးအလင်းရောင်ဆိုတာက ဖုန်းရွှေကို အသက်ဝင်နိုးကြားစေတဲ့ အရာထဲက တစ်ခုဖြစ်တယ်ဆိုတာ မေးခွန်ထုတ်နေစရာတောင်မလိုပါဘူး။ တစ်လက်လက်တောက်ပနေတဲ့ မီးဆိုင်းကနေ အရောင်ပြန်နေကြတဲ့ မီးအလင်းရောင်တွေက ဖုန်းရွှေကို နှစ်ဆ၊ သုံးဆ တိုးပွားကောင်းမွန်စေပါတယ်။ မီးဆိုင်က ဖုန်တုံးတွေကနေသက်တံ့တွေဖြာထွက်နေတာကလည်း ကောင်းမွန်တဲ့ ချီဓာတ်ကို အထူးတလည် ဆောင်ကြဉ်းပေးပါတယ်။ ခရစ္စတယ်တွေက မြေကြီးရဲ့ အသန့်စင်ဆုံးအမြင့်မားဆုံးစွမ်းအင်ပုံစံကို ကိုယ်စားပြုပြီး ပေါများကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုလည်းဖြစ်ပါတယ်။


၃။ မီးဆိုင်းများကကုစားပေးခြင်း
မီးဆိုင်းတွေက မြေစွမ်းအင်ဖြစ်တာကြောင့် မီးဖိုနဲ့ ဘေစင်လိုမျိုးဆန့်ကျင်ဘက်အရာတွေ မျက်နှာချင်းဆိုင်ရှိနေတဲ့ ဖုန်းရွှေအခက်အခဲဖြစ်စေတဲ့ အခြေအနေမျိုးမှာ အကောင်းဆုံးကုစားပေးနိုင်စွမ်းပါတယ်။ ဒီလိုအခြေအနေမှာ မီးနဲ့ရေးနဲ့ကြားက အခက်အခဲမျိုးတွေလိုမျိုး အမျိုးသားနဲ့ အမျိုးသမီး ကြားမှာလည်း အခက်အခဲဖြစ်လာပါတယ်။ မီးဆိုင်းနဲ့ မြေစွမ်းအင်က ကြားခံအဖြစ်ဆောင်ရွက်ပေးပြီး အတိုက်အခံစွမ်းအင်တွေကြားက အခင်းများမှုတွေကို ငြိမ်သက်စေပါတယ်။


၄။ မီးဆိုင်းများက ချီဓာတ်ကို ကမ်းလင့်ကြိုဆိုခြင်း
သင့်အိမ်ကို ချီဓာတ်ဆွဲဆောင်ပေးဖို့ အကောင်းဆုံးနည်းလမ်းကတော့ မီးဆိုင်းတစ်ခုတပ်ဆင် လိုက်တာပါပဲ။ ဝင်ပေါက် အိမ်ရှေ့တံခါးအနားမှာ မီးဆိုင်းကိုချိတ်ဆွဲထားမယ်ဆိုရင် လှပတဲ့ စွမ်းအင်တွေက လှပတဲ့ ချီဓာတ်ကိုဆွဲငင်ပြီး သင့်အိမ်ထဲဝင်ရောက်လာစေဖို့ ဆောင်ကြဉ်းပေးမှာဖြစ်ပါတယ်။


၅။ မီးဆိုင်းများ အိမ်ရှင်မကိုကူညီပေးခြင်း
အလင်းဆောင်တဲ့မြေဓာတ်ကို ကိုယ်စားပြုတဲ့ မီးဆိုင်းမျိုးလိုပဲ အမျိုးသမီးကလည်း မြေဓာတ်ကို ကိုယ်စားပြုတာကြောင့် မီးဆိုင်းတွေက အိမ်တစ်အိမ်မှာနေထိုင်တဲ့ အမျိုးသမီးကို ကံကောင်းမှုတွေ ဆောင်ကြဉ်းပေးပြီး အိမ်ထောင်ရေးဆက်ဆံမှုကိုလည်း အဆင်ပြေချောမွေ့စေဖို့ကူညီပေးပါတယ်။ တစ်အိမ်လုံးက မိသားစုအားလုံးရဲ့ချစ်ခြင်းကံတရားကိုလည်း ကောင်းမွန်စေပါတယ်။


၆။ မီးဆိုင်းများက အိပ်ခန်း၏စွမ်းအင်များကို မြှင့်တင်ပေးခြင်း
သင့်အခန်းက မှောင်နေတယ်ဆိုရင် မီးဆိုင်းချိတ်ဆွဲခြင်းနဲ့ ချီစွမ်းအင်ကို အလွယ်တကူ ရရှိစေပါတယ်။ အိပ်ရာရဲ့အပေါ်ကနေ မီးဆိုင်တွေချိတ်ဆွဲတာကို သတိပြုပြီး ဒီနေရာမျိုးမှာ ချိတ်ဆွဲတာမျိုးကို အားမပေးချင်ပါဘူး။ မီးဆိုင်နေရာက အိမ်ရာအပေါ်နားရှိနေပြီး နေရာရွှေ့ရခက်နေတယ်ဆိုရင်တော့ ကုတင်အမိုးဆင်တာမျိုး အရွယ်အစားခပ်ငယ်ငယ် မီးဆိုင်ဆန်တဲ့ အလှမီးလုံးတွေသာ တပ်ဆင်ထားလိုက်ပါ။


၇။ မီးဆိုင်ကြီးကြီးအောက်က လမ်းလျှောက်ခြင်းကို ရှောင်ကြဉ်ပါ။
မီးဆိုင်တွေရဲ့ မြေစွမ်းအင်ဖိအားရှိတာကြောင့် လမ်းလျှောက်တဲ့နေရာမှာ မီးဆိုင်းတွေကို အရွယ်အစားကြီးမားတာတွေမရွေးတာ အကောင်းဆုံးပါပဲ။ လျှောက်လမ်းနေရာမျိုးမှာ မီးဆိုင်းထားချင်ပါတယ် ဆိုရင်တော့ အရွယ်အစားသေးတာမျိုးရွေးချယ်ပါ။

//
၈။ အရေးပါတဲ့ ထောင့်တွေမှာ မီးဆိုင်းနဲ့ အသက်သွင်းပါ
မီးဆိုင်တွေက အိမ်ရဲ့ဘယ်နေရာမှာမဆို အံ့အားသင့်လောက်အောင်တင့်တယ်နေပါတယ်။ အထူးသဖြင့် မီးဆိုင်တွေက ထောင့်နေရာတွေမှာ အကူအညီဖြစ်ပါတယ်။ အနောက်နဲ့ အနောက်မြောက်ထောင့် တွေမှာ မီးဆိုင်းတွေကိုတပ်ဆင်ထားပေးခြင်းဖြင့် မီးဆိုင်ရဲ့အလင်းရောင်နဲ့ မြေစွမ်းအင်ကြောင့် အိမ်မှာနေထိုင်တဲ့ အမျိုးသားနဲ့ ကလေးတွေအတွက် အကျိုးများစေပါတယ်။ အရှေ့မြောက်နဲ့ အနောက်တောင်ထောင့်တွေမှာ မီးဆိုင်တွေတပ်ဆင်မယ်ဆိုရင် မီးဆိုင်ရဲ့စွမ်းအင် မိသားစုပျော်ရွှင်စည်းလုံးမှုကို ကူညီ်ပေးပြီး တောင်မှာဆိုရင်တော့ မင်္ဂလာရှိစေပြီး အောင်မြင်မှုတွေနဲ့ တိုးပွားစေပါတယ်။

Photo Credit – Internet

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၂)

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဟိန္းလတ္ မှ
July 25, 2020 နေ့
ဆောင်းပါးများဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

အိပ်ခန်းရဲ့ အဓိကပင်မအရေးကြီးဆုံးအစိတ်အပိုင်းက အိပ်ရာကုတင်ပဲဖြစ်ပါတယ်။ အိပ်ခန်းမှာကုတင်ကို နေရာချတဲ့ အခါ အသေအချာပြုလုပ်ဖို့ အရေးကြီးတဲ့အချက်တွေကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။
၁။ ကုတင်အောက်ခြေက တံခါးပေါက်ကိုညွှန်းနေတဲ့ အနေအထားမျိုး မဖြစ်စေရပါဘူး။ ကုတင်ခြေဖျားက တံခါးပေါက်ဘက်ကို ခြေဆင်းလျက် အနေအထားနဲ့ ညွှန်နေမယ်ဆိုရင် ကုတင်မှာရှိနေတဲ့ ချီဓာတ်က အိပ်ခန်းထဲကို ငြိမ်းချမ်းသာယာစွာ ပျံ့နှံသွားမယ့်အစား တံခါးပေါက်ကနေ ချက်ချင်းထွက်သွားမှာဖြစ်ပါတယ်။ ဒီအနေအထားကြောင့် ကုတင်မှာရှိတဲ့ စွမ်းအင်တွေကိုလည်း မငြိမ်မသက်ဖြစ်စေပါတယ်။


၂။ အိပ်ရာ၊ ကုတင်ရဲ့အထက်မှာဘယ်အရာမျှ တန်းလန်းချိတ်ဆွဲထားတာ မျိုး မရှိသင့်ပါဘူး။ ကုတင်ရဲ့ အထက်မျက်နှာကြက်မှာ တုတ်တန်းတွေအပါအဝင်မည်သည့်အရာမျှ ရှိမနေသင့်ပါဘူး။ ဒါက ချီဓာတ်ကို ဖိနှိပ်ချေဖျက်လိုက်ပြီး ကောင်းမွန်တဲ့ စွမ်းအင်ကို ပပျောက်သွားစေနိုင်ပါတယ်။


၃။ အိပ်ခန်းကအလွန်အကျွံ ရှုပ်ပွမနေရပါဘူး။ ရှုပ်ပွနေတဲ့ အိပ်ခန်းမှာချီဓာတ် အခန်းထဲကောင်းမွန်စပြန့်နှံ့နိုင်မှာမဟုတ်ပါဘူး။

၄။မီးဆိုင်များက ချီဓာတ်ကိုကမ်းလင့်ကြိုဆိုခြင်း
သင့်အိမ်ကို ချီဓာတ်ဆွဲဆောင်ပေးဖို့ အကောင်းဆုံးနည်းလမ်းကတော့ မီးဆိုင်တစ်ခုတပ်ဆင် လိုက်တာပါပဲ။ ဝင်ပေါက် ဒါမှမဟုတ် အိမ်ရှေ့တံခါးအနားမှာ မီးဆိုင်းကို ချိတ်ဆွဲထားမယ်ဆိုရင် လှပတဲ့စွမ်းအင်တွေက လှပတဲ့ ချီဓာတ်ကိုဆွဲငင်ပြီး သင့်အိမ်ထဲဝင်ရောက်လာစေဖို့ ဆောင်ကြဉ်းပေးမှာဖြစ်ပါတယ်။

၅။ အိပ်ခန်းထဲမှာ ကြည့်မှန်ရှိရင် အိပ်ရာဘက်ကိုနေပြောက် အလင်းပြန်ဟပ်ပြီးထိုးနေတာမျိုး မရှိအောင် ဂရုစိုက်ကာနေရာချပေးပါ။ နေရောင်ခြည်ကလှုပ်ရှားတဲ့ ယန်စွမ်းအင်ဖြစ်ပြီး ကြည့်မှန်ကတဆင့် နေရောင်ကအိပ်ရာဘက်ထိုးနေမယ်ဆိုရင် အိပ်ရာက ယန်စွမ်းအင်ကိုစုပ်ယူလိုက်ပြီးရင် စွမ်းအင်နဲ့ ထိပ်တိုက်ဆန့်ကျင်မှုဖြစ်စေပါတယ်။


၆။ အိပ်ခန်းထဲမှာ ရေနဲ့ဆိုင်တဲ့ အသုံးအဆောင်တွေ မထားရှိသင့်ပါဘူး။ သောက်ရေထည့်တဲ့ ရေကရား၊ ရေဖန်ခွက်ကလွဲရင် ငါးမွေးတဲ့ မှန်ငါးကန်၊ ရေတံခွန်စသဖြင့် ရေနဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေ မထားရှိသင့်ပါဘူး။ ရေက ယန်စွမ်းအင်ကို အသက်သွင်းသူတွေဖြစ်ပါတယ်။ ရင်စွမ်းအင်နဲ့ပြည့်နှက်နေသင့်တဲ့ အိပ်ခန်းထဲမှာယန်စွမ်းအင်ကို နိုးကြားစေမယ်ဆိုရင် ဒီနှစ်ခုထိပ်တိုက် ဆန့်ကျင်မှုဖြစ်စေပြီး ကမောက်ကမဖြစ်စေနိုင်ပါတယ်။
စွမ်းအင်နှစ်ခုထိပ်တိုက် ဆန့်ကျင်တာ မတည်ငြိမ်မဖြစ်စေတာက အိပ်စက်မှုနဲ့ အချစ်ရေးမှာ အနှောက်အယှက်ဖြစ်စေပါတယ်။ ချီဓာတ်ဖိနှိပ်ခံထားရပြီး ပြန်နှံ့စီးဆင်းဖို့ မစွမ်းသာတဲ့အခါ နေထိုင်သူအတွက် ချီဓာတ်ရဲ့ ကောင်းကျိုးတရားကို ခံစားနိုင်မှာမဟုတ်ပါဘူး။
အိပ်ယာရဲ့ ဒီဇိုင်းနဲ့ အရောင်က ဖုန်းရွှေမှာ ထူးခြားတဲ့ သတ်မှတ်ချက်မရှိတဲ့အတွက် သင်က ခရမ်းရောင်နှစ်ထပ်ကုတင်မျိုး ကြိုက်တတ်မယ်ဆိုရင်လည်း စိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်ပါတယ်။

ကျန်းမာရေးအတွက် အရေးပါသည့် အခြားနေရာများ Free Space Intent
ကျန်းမာရေးအတွက် အဓိကပြောနေပြီဆိုမှတော့ ဖုန်းရွှေမှာအရေးပါတဲ့ မီးဖိုးခန်းအကြောင်းလည်း ဆိုရပါဦးမယ်။ အထပ်မြင့်တိုက်နဲ့ ယနေ့ခေတ် လူနေမှုပုံစံမှာက မီးဖိုခန်းကို အသုံးပြုမှုမရှိသလောက်နည်းပါးကြပြီး အပြင်ထွက်စားသောက်တာ အပြင်စာမှာယူစားသောက်တာတွေများကြပါတယ်။ မီးဖိုခန်းကို ပုံမှန်အသုံးပြုမယ်ဆိုရင်တော့ ဖုန်းရွှေသဘောတရားဆင်ခြင်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။ မီးဖိုခန်းမှာ ပုံမှန်ချက်ပြုတ်စားသောက်ကြတဲ့ မိသားစုမျိုးဆိုရင် မီးဖိုနေရာနဲ့ ပန်းကန်ဆေးဘေစင်တို့ကို ဘေးချင်းကပ်ယှဉ်ထားတာမျိုး မီးဖိုကို ပန်းကန်ဆေးဘေစင် သို့မဟုတ် တံခါးတို့နဲ့ မျက်နှာချင်းဆိုင်ထားတာမျိုးမပြုလုပ်သင့်ပါဘူး။ မီးဖိုကို နံရံဘက်မှာ ထားရမှာဖြစ်ပြီး မီးဖိုခန်းအလယ်ခုံမှာ မထားသင့်ပါဘူး။


မီးဖိုက မီးဓာတ်ဖြစ်ပြီး အခြေခိုင်ခံတည်ငြိမ်အောင် ထားသင့်တဲ့ အရာဖြစ်ပါတယ်။ ဒါမှသာချက်ပြုတ်တဲ့ အစားအစာတွေမှာ ကောင်းမွန်တဲ့ ချီဓာတ်ပါရှိနိုင်ပြီး မိသားစုကို ကျန်းမာစေမှာဖြစ်ပါတယ်။ အခြေခိုင်တည်ငြိမ်စေဖို့ရာအတွက် မီးဖိုနေရာက နံရံနားကပ်ထားရမှာဖြစ်ပြီး မီးဖိုခန်းအလယ် စားပွဲခုံမှာမရှိသင့်ပါဘူး။ အလယ်မှာရှိတဲ့အခါ အရပ်ရှစ်မျက်နှာကနေ ချီဓာတ်တိုက်ခိုက်မှုဖြစ်စေနိုင်ပြီး အလားတူပင် မီးဖိုကတံခါးပေါက်နဲ့ မျက်နှာချင်းဆိုင်မှာရှိနေတဲ့အခါ ချီဓာတ်က တွန်းဝင်ရောက်လာပြီး အခြေတည်တံ့မှုကို ပျက်ပြားစေမှာဖြစ်ပါတယ်။
မီးဓာတ်ဖြစ်တာကြောင့် ရေဓာတ်ဖြစ်တဲ့ ရေအသုံးပြုရတဲ့ပစ္စည်းတွေရဲ့ ဘေးဒါမှမဟုတ် မျက်နှာချင်းဆိုင်မှာ မီးဖိုကို မထားရှိသင့်ပါဘူး။ မီးဓာတ်နဲ့ ရေဓာတ်ကဆန့်ကျင်တိုက်ခိုက်မှုဖြစ်စေပါတယ်။ ဒါကြောင့် မီးဖိုကိုပန်းကန်ဆေးဘေစင်နဲ့ ဘေးကပ်လျက် သို့မဟုတ် မျက်နှာချင်းဆိုင်ပြီး မထားသင်ပါဘူး။


မီးဖိုက မတည်ငြိမ်တဲ့အခါ ဒါမှမဟုတ် ဓာတ်တစ်ခုနဲ့ တစ်ခုတိုက်ခိုက်ဆန့်ကျင်တဲ့ အခါ မိသားစုဝင်တွေမှာ ကျန်းမာရေးထိခိုက်စေတတ်ပါတယ်။ ဆန့်ကျင်တဲ့အခါ မိသားစုဝင်တွေမှာ ကျန်းမာရေးထိခိုက်စေပါတယ်။ ပညာရေး၊ အလုပ်အကိုင်အခြေအနေကောင်းမွန်ပါရဲ့လား။ အိမ်ကနေ ပုံမှန်အလုပ်လုပ်တတ်သူဆိုရင် ဒါမှမဟုတ် သင်ကပညာဆည်းပူးနေဆဲသူ ဆိုရင်၊ အိမ်မှာစာကျက်လေ့လာတဲ့ ကျောင်းနေအရွယ်သားသမီးတွေရှိနေတယ်ဆိုရင် အိမ်မှာစာကျက်လေ့လာတဲ့ ကျောင်းနေအရွယ် သားသမီးတွေရှိနေတယ်ဆိုရင် သင့်အလုပ်လုပ်ရာနေရာ၊ သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်သားသမီးတွေစာကျက်လေ့လာတဲ့နေရာကလည်း အရေးကြီးပါတယ်။ အလုပ်လုပ်သူပဲဖြစ်ဖြစ် ကျောင်းသူကျောင်းသားပဲဖြစ်ဖြစ်နံရံဘက်ကိုကျောခိုင်းထိုင်ပြီး လုပ်ကိုင်တာ၊ စာကျက်မှတ်လေ့လာတာတွေ ပြုလုပ်သင့်ပါတယ်။ တံခါးပေါက်ဘက်ကို မျက်နှာမှုထိုင်လျက်အနေအထားဆိုရင် ပိုပြီးကောာင်းပါတယ်။
တိုက်ခန်းတစ်ခန်းရဲ့ဖုန်းရွှေအတွက် ဝရံတာနဲ့ အိပ်ခန်းက အရေးကြီး ဆုံးနှစ်ချက်ဖြစ်ပြီး မီးဖိုခန်းနဲ့စာဖတ်ခန်းတို့အတွက် ကတော့ သင့်သဘော အရအသုံးပြုလို့ရပါတယ်။

Photo Credit – Internet

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

ads

PropertyGuru Myanmar Property Awards in Partnership with Shwe Property ၏ အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲကြီးတွင် ကမ႓ာ့ကပ်ရောဂါကြီးအတွင်း အိမ်ခြံမြေစျေးကွက်ကို မောင်းနှင်ရေး ဆွေးနွေး
အာရှ၏ ထိပ်တန်းအိမ်ခြံမြေနည် ကုမ္ပဏီကြီးဖြစ်သော PropertyGuru သည် မြန်မာနိုင်ငံ၏ ထိပ်တန်းအိမ်ခြံမြေဝက်ဆိုက်နှင့် အွန်လိုင်း အိမ်ခြံ ကုမ္ပဏီတစ်ခုဖြစ်သော Shwe Property နှင့် ပူးပေါင်းကာ အွန်လိုင်းစကားဝိုင်းတစ်ရပ်ကို ၂၀၂၀ခုနှစ်၊ ဇူလိုင်လ ၁၄ရက်၊ ညနေ ၃နာရီမှ ၄နာရီခွဲအထိ ကျင်းပခဲ့ပါသည်။ Zoom platform မှ တဆင့်ပြုလုပ်ခဲ့သော အဆိုပါဆွေးနွေးပွဲကို ပြည်တွင်းမီဒီယာများ၊ အိ်မ်ခြံမြေနယ်ပယ်မှ ကျွမ်းကျင်သူများနှင့် စိတ်ဝင်စားသူပြည်သူများ တက်ရောက်ခဲ့ကြပါသည်။ PropertyGuru Myanmar Property Awards in Partnership with Shwe Property မှ ပညာရှင်များသည် ၂၀၂၀ခုနှစ် ကမ႓ာ့ကပ်ရောဂါကာလအတွင်း နိုင်ငံ၏ အိမ်ခြံမြေစျေးကွက်နယ်ပယ်ကို မောင်းနှင်နိုင်ရေးနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးခဲ့သော ခေါင်းစဉ်များတွင် မြန်မာ့အိမ်ခြံမြေကဏ္ဍအပေါ်နိုင်ငံခြားမှ အိမ်ခြံမြေရင်းနှီးမြှုတ်နှံသူများ၏ လက်ရှိသဘောထားအမြင်၊ ကမ႓ာ့ကပ်ရောဂါကြီးအတွင်း အိမ်ခြံမြေစျေးကွက်အခြေအနေ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် ထိုအကျပ်အတည်းကို ကျော်လွှားရာတွင် အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ်ဆိုင်ရာ အထောက်အပံ့များအကြောင်းတို့ပါ၀င်ပါသည်။


အွန်လို်င်းစကားဝိုင်းဆွေးနွေးရာတွင် Jules kay (PropertyGuru Asia Property Awards & Event ဆိုင်ရာ Managing Director), Richard Emerson (Emerson Real Estate ၏ Managing Director နှင့် PropertyGuru Myanmar Property Awards in Partnership with Shwe Property (အကဲဖြတ်အဖွဲ့၏ ဥကဌ)၊ Justin Sway (ShweProperty ၏ Chief Executive Officer)၊ Joe Yew Chi Jee (BOD Myanmar ၏ အကြံပေးနှင့် Executive Director)၊ Phunyaunch Pattanotai (Right To Play Thailand ၏ Country Director)၊ ဦးကောင်းသူဝင်း (ဆွေးနွေးပွဲတင်ဆက်သူ၊ ShweProperty ၏ Founder နှင့် Director)တို့ ဖြစ်ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင် ကျင်းပသွားမည့် ခြောက်ကြိမ်မြောက်ဆုပေးပွွဲအစီအစဉ်အကြောင်းကို PropertyGuru Asia Property Awards and Events ဆိုင်ရာ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ Jules Kay မှ အနည်းငယ်ရှင်းလင်းပြောကြားပြီးနောက် စျေးကွက်ပြန်လည်နိုးထစေရန် အထောက်အပံံ့ဖြစ်စေမည့် အကြောင်းအရာအချက်အလက်များကို ဆွေးနွေးခဲ့ကြပါသည်။

အားသာချက်များ၊ လိုအပ်ချက်များရှိနေသော အစိတ်အပိုင်းများ၊ မထိတွေ့ရသေးသော အလားအလာကောင်း
Emerson Real Estate ၏ Managing Director ဖြစ်သူ Richarc Emerson သည် PropertyGuru Myanmar Property Awards in Partnership with Shwe Property ဆုပေးပွဲကြီးအတွက် ဥကဌအဖြစ် ပြန်လည်တာဝန်ယူထားသူဖြစ်ကာ ယင်းက အိမ်ခြံမြေစျေးကွက်၏ အခြေအနေ၊ Covid 19 ဖြစ်ပွားနေသည့်အချိန်အတွင်း နိုင်ငံခြားမှ အိမ်ခြံမြေရင်းနှီးမြှုတ်နှံသူများ၏ မြန်မာနိုင်ငံအိမ်ခြံမြေစျေးကွက်အပေါ် စိတ်ဝင်စားမှု၊ လိုအပ်ချက်များကို ဖော်ထုတ်ခြင်းတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ Emerson က “ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ကမ႓ာတစ်ဝန်းက ရင်းနှီးမြှုတ်နှံသူတွေ စိတ်ဝင်စားစေခဲ့တဲ့ တိုးတက်လာတဲ့ အိမ်ခြံမြေစျေးကွက်ရဲ့ အားသာချက်တွေ၊ လိုအပ်ချက်ရှိနေသေးတဲ့ အစိိတ်အပို်င်းတွေနဲ့ မထိတွေ့ရသေးတဲ့ အလားအလာကောင်းတွေကို ကျွန်တော်မြင်ရပါတယ်” လို့ ဆိုပါတယ်။

ShweProperty ၏ CEO ဖြစ်သူ Justin Sway သည်လည်း ထိုအကျပ်အတည်းကာ လအတွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် အထောက်အကူဖြစ်စေမည့် ဒစ်ဂျစ်တယ်အထောက်အပံ့များ အကြောင်း ဆွေးနွေးခဲ့သည်။ ၄င်းက ““မြန်မာ့ အိမ်ခြံမြေလုပ်ငန်းနယ်ပယ်ကို အထောက်အကူဖြစ်စေဖို့၊ အခုလိုမရေရာတဲ့ အခြေအနေမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ကူညီနိုင်ဖို့အတွက် ShweProperty အနေနဲ့ မိတ်ဖက် PropertyGuru နဲ့အတူ ကျွန်တော်တို့ရဲ့ ပေါင်းစပ်ထားတဲ့ အွန်လိုင်းပလက်ဖောင်းတွေရဲ့ အားသာချက်တွေကို အသုံးချသွားမှာဖြစ်ပါတယ်။ မိမိလုပ်ငန်းအတွက် new normal ကာလ၊ လက်ရှိကာလနဲ့ အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ရေးအတွက် ပြင်ဆင်ပေးနိုင်မယ့် စျေးကွက်ဆိုင်ရာ အဆင့်အမြင့်ဆုံး ဒီဂျစ်တယ်အထောက်အကူပြုနည်းလမ်းတွေကို ရရှိသွားနိုင်ဖို့ နိုင်ငံတွင်း ဗဟုသုတအပြည့်အစုံဆုံးပညာရှင်တစ်ဦးအနေနဲ့ ကျွန်တော်တို့က ကူညီသွားမှာ ဖြစ်ပါတယ်။”” လို့ ပြောကြားခဲ့ပါသည်။

တိုးချဲ့ ထားသော ဒေသတွင်းရောက်ရှိမှု
Hitachi Elevators and Esclators မှ အဓိက ကူညီပံ့ပိုးပေးထားသော ထိုဆဌမအကြိမ်မြောက်ကျင်းပသော PropertyGuru Myanmar Property Awards in Partnership with Shwe Property ဆုပေးပွဲကြီးကို ShweProperty နှင့်ပူးပေါင်း၍ ကျင်းပသွားမည်ဖြစ်ရာ ကြီးကျယ်ခမ်းနားသော ဤဒေသတွင်း ဆုပေးအပ်မှုအစီအစဉ်ကြီး၏ အကောင်းဆုံးပွဲကြီးတစ်ခုဖြစ်ပြီး ဆန်ခါတင်ရွေးချယ်ခံရသူများကို ပိုမိုကျယ်ပြန့်သော ဒေသတွင်းစျေးကွက်ကြီးတွင် မြင်သာနိုင်စေရေးအတွက်လည်း အခွင့်လမ်းရှိမည်ဖြစ်ပါသည်။
စင်္ကာပူနိုင်ငံအခြေစိုက် PropertyGuru သည် ဆုချီးမြှင့်ပွဲများအတွက် အာရှိပစိဖိတ်ဒေသအတွင်း စျေးကွက်ပေါး ၁၅ခုကျော်၊ ဒေသတွင်းအိမ်ခြံမြေရှာဖွေသူပေါင်း ၂၃သန်းကျော်ထံသို့ ရှောက်ရှိနေပြီဖြစ်ကာ Myanmar Property Awards ဆုရရှိသူများကို ဒေသတွင်းစင်မြင့်ထက်သို့ ပို့ဆောင်ပေးနိုင်ရေးအတွက် လိုအပ်သော အရင်းအမြစ်များကိုလည်း ပေးအပ်လျှက်ရှိပါသည်။ မြန်မာနိုင်ငံ၏ ထင်ရှားသော က များထဲမှ တစ်ခုအပါအဝင်ဖြစ်သော Shwe Property သည် ၀က်ဆိုဒ်ပေါ်တွင် အိမ်ခြံမြေအမျိုးအစားပေါင်း ၂၅၀၀၀၀ ကျော်ကို ပြသထားသည်။
Kay က “မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍတွင်း Shwe Property ရဲ့ ကျွမ်းကျင်မှု၊ PropertyGuru ရဲ့အာရှပစိဖိတ်ဒေသတစ်လှျှေှာက် နိုင်ငံတကာစျေးကွက်တွေအတွင်း သူမတူတဲ့ လက်လှမ်းမီမှုတွေကို ပေါင်းစပ်ဆောင်နိုင်မှာဖြစ်တာကြောင့် ၂၀၂၀ခုနှစ်မှာ ကျင်းပမယ့် PropertyGuru Myanmar Property Awards in Partnership with Shwe Property ဆုတံဆိပ်တွေဟာ နိုင်ငံတွင်းက အိမ်ခြံမြေကဏ္ဍကြီးအတွက် စံထားလောက်ဖွယ်ကောင်းတဲ့ သာလွန်ကောင်းမွန်မှုကို ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုဒေသတွင်း ထိပ်တန်းကရပ်တည်နေတဲ့ အိမ်ခြံမြေဆုချီးမြှင့်ပေးတဲ့ အစီအစဉ်ကြီးနဲ့ မြန်မာနိုင်ငံက လူအများလေးစားကြရတဲ့ အိမ်ခြံမြေ portal ကြီးတို့အကြား ပူးပေါင်းဆောင်နိုင်မှှုက အခုလိုခက်ခဲတဲ့ အချိိန်အခါမျိုးတွေအတွင်း ကိုယ့်ရဲ့ အမှတ်တံဆိပ်ကို ပေါ်လွင်ထင်ရှားစေဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေလိုအပ်နေတဲ့ အထောက်အပံ့မျိုးပဲ ဖြစ်ပါတယ်။” ဟု ဆိုပါသည်။

တင်းကျပ်၍ ကျင့်ဝတ်ပြည့်ဝသော ဘက်မလိုက်သည့် စံနှုန်း
ယခုနှစ်အတွက် ဆုများကို ရွေးချယ်ရာတွင် PropertyGuru Myanmar Property Awards in Partnership with Shwe Property ၏ တင်းကျပ်၍ ကျင့်ဝတ်အပြည့်ရှိကာ ဘက်မလိုက်တတ်သော စံနှုန်းများကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်သည်။ မျှတမှု၊ ပွင်းလင်းမြင်သာမှုတို့ ရှိစေရန်အတွက် အကဲဖြတ်သည့်လုပ်ငန်းစဉ် တစ်ရပ်လုံးကို Executive Director ဖြစ်သူ Joe Yew Chi Jee က ဦးဆောင်၍ အမှုဆောင်ဖြစ်သူ မနန်းနှင်းသက်ထွေးနှင့် စီနိီယာမန်နေဂျာဖြစ်သူ Hong Shi Ying တို့က အကြံပေးအဖြစ်ဆောင်ရွက်သည့် BDO အဖွဲ့က ကြီးကြပ်သွားမည်ဖြစ်သည်။

၂၀၂၀ခုနှစ်၏ PropertyGuru Myanmar Property Awards in Partnership with Shwe Property ဆုချီးမြှင့်ပွဲကြီးတွင် ယခင်ဆောက်လုပ်မှု ဆုအမျိုးအစားများအပြင် အကောင်းဆုံးအဆင့်မြင့် ကွန်ဒိုဆောက်လုပ်မှုဆု၊ အကောင်းဆုံးစျေးနှုန်းသင့် ကွန်ဒိုဆောက်လုပ်မှုဆု၊ အကောင်းဆုံး စျေးနှုန်းသင့်အိမ်ရာဆောက်လုပ်မှုဆုတို့ကို ဆုအမျိုးအစားသစ်များအဖြစ် ထည့်သွင်းသွားဖြစ်ပါသည်။ ဒီဇိုင်းဆု အမျိုးအစားသစ်များအတွင် အကောင်းဆုံးစီးပွားရေးလုပ်ငန်းသုံးဗိသုကာဒီဇိုင်းဆု၊ အကောင်းဆုံး စီးပွားရေးလုပ်ငန်းသုံး အတွင်းဒီဇိုင်းဆုတို့ ပါ၀င်သည်။ မြန်မာနိုင်ငံ၏ ကိုလိုနီခေတ်ကာလ ဗိသုကာလက်ရာကြွယ်ဝမှုကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၀ ဆုပေးပွဲကြီးတွင် အကောင်းဆုံးရှေးဟောင်းလက်ရာပြုပြင်ထိန်းသိမ်းထားရာ အဆောက်အဦဆုနှင့် အကောင်းဆုံး ရှေးဟောင်းလက်ရာပြုပြင်ထိန်းသိမ်းမှု ဒီဇိုင်းဆုတို့ကိုလည်း ပေးအပ်သွားမည်ဖြစ်ပါသည်။ အများပြည်သူအနေဖြင့် ၄င်းတို့၏ ဆန်ခါတင်စာရင်းများကို asispropertyawards.com/nominations သို့သွားရောက်ကာ အွန်လိုင်းမှ တင်သွင်းနိုင်မည်ဖြစ်ပါသည်။

ဆန်ခါတင်ရွေးချယ်ခံရသော ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ပရောဂျက်များကို ၂၀၂၀ခုနှစ်၊ အောက်တိုဘာက ၂၃ရက်နေ့တွင် ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသွားမည့် ညစာစားပွဲအခမ်းအနားကြီးတွင် ကြေညာ၍ ဆုများချီးမြှင့်သွားမည် ဖြစ်ပါသည်။

Shwe Property နှင့်ပူးပေါင်း၍ ကျင်းပသွားမည့် ဆဌမအကြိမ်မြောက် PropertyGuru Myanmar Property Awards in Partnership with Shwe Property ဆုချီးမြှင့်ပွဲကြီးကို Platinum Sponsor အဖြစ် Hitachi Elevators and Escalators ၊ တရားဝင်ကြီးကြပ်သူအဖြစ် BDO ၊ တရားဝင်မဂဇင်းအဖြစ် PropertyGuru Property Report ၊ တရားဝင် Charity မိတ်ဖက်အဖြစ် Right to Play ၊ တရားဝင်ပြည်သူ့ဆက်ဆံရေးမိတ်ဖက်အဖြစ် Klareco Communications ၊ တရားဝင် Portal မိတ်ဖက်အဖြစ် Shwe Property တို့က ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပိုမိုသိရှိလိုပါက အီးမေးလ်လိပ်စာ awards@propertyguru.com ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (သို့မဟုတ်) AsiaPropertyAwards.com ထံသို့ သွားရောက်လေ့လာနိုင်ပါသည်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar