Month: May 2020

ရေစိမ့်နံရံများကို ကိုင်တွယ်ခြင်း (၁)

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
May 30, 2020 နေ့
ဆောင်းပါးများအခြားဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

အလည်ခေါ်လို့သာ လာရတယ်။ နင်တို့မြို့ပေါ်မှာ ကြာကြာမနေနိုင်ပါဘူး တို့်မြို့မှာပဲနေချင်တယ် စသဖြင့် ကျွန်တော်တို့လူကြီးများ မကြာခဏပြောလေ့ရှိကြပါတယ်။ မှန်ပါသည်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း နေရာသစ်တစ်ခုသို့ အလည်အပတ်သွားလျှင်ပင် ကြာကြာနေဖို့ မဆိုထားနှင့် နောက်ဆံတစ်ထင့်ထင့်နှင့် နေရပ်က အိမ်ကလေးဆီသို့သာ အချိန်တိုင်းသတိရနေကြ၏။ ကျွန်တော်တို့သည် အိမ်ကလေးကိုချစ်ကြသည်။ အိမ်ကလေးဆီကိုရောက်လျှင် အားအင်များ အလိုလိုပြန်လည် ပြည့်ဝလာကြသကဲ့သို့ ခံစားကြရသည်။

ကျွန်တော်တို့သည်အိမ်ကလေးကို တန်ဖိုးထားကြရပါမည်။ တန်ဖိုးလည်းထားကြပါသည်။ တချို့ဆိုလျှင် ၎င်းတို့၏နေအိမ်များကိုပင် မိသားစုအေးချမ်းစွာနေထိုင်ရစေလိုသောနိမိတ်၊ စီးပွားလာဘ်လာဘကြွယ်ဝစေသော နိမိတ်ဖြင့် အမည်နာမလေးများကို အမျိုးမျိုးမှည့်ထွင်ကာ အိမ်ရှေ့နဖူးစီး၊ ခြံ၀ စတာတွေ မှာရွှေ၊ ငွေစာလုံးများနှင့်ရေးထိုးထားတတ်ကြပါသည်။ ယင်းသည်ပင်လျှင် နေအိမ်တိုက်တာများ အပေါ်တန်ဖိုးထားရှိခြင်းပင် မဟုတ်ပါလား။ စင်စစ်နေအိမ်တိုက်တာများသည် ကျွန်တော်တို့၏ အားကိုးရာ၊ ကျွန်တော်တို့၏နားခိုရာ၊ ကျွန်တော်တို့်အပေါ် လေဒဏ်၊ မိုးဒဏ်၊ ရာသီဥတုဒဏ်များမှ ကင်ဝေးသက်သာစေရာ အကာအကွယ်တစ်ခုအဖြစ် တန်ဖိုးထားရသည့်အလျောက် အိပ်ခန်းတိုက်ခန်းများအပေါ် ဂရုစိုက်ဖို့လည်း လိုအပ်လှပေသည်။

အထူးသဖြင့် နည်းစနစ်ပုံမှန်မဟုတ်ပဲ အဖြစ်သဘောသာဆောက်လုပ်ထားသော လူနေအဆောက်အအုံများတွင် နေထိုင်ကြသူများအနေနှင့် ယခုကဲ့သို့ မိုးရာသီရောက်လာမှာကိုပင် စိုးရိမ်တတ်ကြပါသည်။ ဖြစ်ပုံမှာ သည်းထန်စွာရွာသွန်းသည့်မိုးကြောင့် ရေဆင်းပိုက် မလုံလောက်ခြင်း၊ ပိတ်ဆို့လျှံကျခြင်း၊ ကွဲအက်နေသောရေဆင်းပိုက်များမှနံရံပေါ်သို့စင်ကျကာ နံရံရေထိသဖြင့် မိုးရေများအခန်းတွင်းသို့တိုင် ရောက်ရှိလာခြင်း၊ ရေစိမ့်သဖြင့်စိုထိုင်းအကွက်များ တဖြည်းဖြည်း ပေါ်ထွက်လာတတ်ခြင်းများ ရှိတတ်ပါသည်။ အဆိုးဝါးဆုံးမှာ နံရံရှိမူလအက်ကွဲကြောင်းမှတဆင့် ရေဝင်ခြင်း၊ နံရံရေငုံပြီး အခန်းတွင်းသို့ မှိုများ၊ အနံ့အသက်များနှင့်မအတူ အညိုအမဲကွက်များ ဖြစ်ပေါ်လာတတ်လေသည်။

အဓိကအချက်မှာ အရည်အသွေး မကောင်းသော အိမ်သုတ်ဆေးများကို အိမ်တွင်းအိမ်ပြင်နံရံများတွင် အသုံးပြုထားခြင်းကြောင့် ဖြစ်၏။ ဘိလပ်မြေချောထားသော နံရံများသည်သဘာဝအားဖြင့် သေးငယ်လှသောအပေါက်ကလေးများမှတဆင့် ရေနှင့်ရေငွေ့အချိန်ကြာမြင့်စွာစုပ်ယူထားတတ်သည်ဖြစ်သော်လည်း အခန်းတွင်းသို့ စိမ့်ဝင်လာရန်ဆိုသည်မှာ အဖာအစပ် အက်ကွဲကြောင်းများမှ တဆင့် ဝင်ရောက်လာတတ်လေသည်။ ထိုအခါဆေးသားများကွက် အဖတ်လိုက်ကွာကျခြင်း၊ ဆေးသားများအတွင်းရေအိတ်များဖြစ်ခြင်းမှ အစပြုကာ နံရံများပျက်စီးခြင်းမှ အစပြုကာ နံရံများပျက်စီးခြင်းသို့တိုင် ရောက်လာတော့သည်။ မိုးမှန်သော ဒေသများတွင် ရေငွေ့များသည် မိုးရာသီကုန်ဆုံးသွားသည့်တိုင် အချိန်တော်ကြာစွာနံရံများအတွင်း ကိန်းအောင်တည်ရှိနေနိုင်ပြီး ၎င်းမှနောက်ထပ် ဆေးအသစ်တစ်လွှာထပ်မံအုပ်ပြီးသုတ်ဖြစ်လိုက်လျှင်ဆေးသစ်လွှာကြောင့် အရောင်ပြောင်းလဲသွားမည်ဖြစ်ပြီး နံရံအတွင်း ကိန်းအောင်းနေသော ကျန်ရှိရေများက ဆက်တိုက်ဆိုသလို တိုက်စားမှုများဖြစ်ပေါ်နေတတ်ပါတယ်။

အဓိကအချက်မှာ အရည်အသွေး မကောင်းသော အိမ်သုတ်ဆေးများကို အိမ်တွင်းအိမ်ပြင်နံရံများတွင် အသုံးပြုထားခြင်းကြောင့် ဖြစ်၏။ ဘိလပ်မြေချောထားသော နံရံများသည်သဘာဝအားဖြင့် သေးငယ်လှသောအပေါက်ကလေးများမှတဆင့် ရေနှင့်ရေငွေ့အချိန်ကြာမြင့်စွာစုပ်ယူထားတတ်သည်ဖြစ်သော်လည်း အခန်းတွင်းသို့ စိမ့်ဝင်လာရန်ဆိုသည်မှာ အဖာအစပ် အက်ကွဲကြောင်းများမှ တဆင့် ဝင်ရောက်လာတတ်လေသည်။ ထိုအခါဆေးသားများကွက် အဖတ်လိုက်ကွာကျခြင်း၊ ဆေးသားများအတွင်းရေအိတ်များဖြစ်ခြင်းမှ အစပြုကာ နံရံများပျက်စီးခြင်းမှ အစပြုကာ နံရံများပျက်စီးခြင်းသို့တိုင် ရောက်လာတော့သည်။ မိုးမှန်သော ဒေသများတွင် ရေငွေ့များသည် မိုးရာသီကုန်ဆုံးသွားသည့်တိုင် အချိန်တော်ကြာစွာနံရံများအတွင်း ကိန်းအောင်တည်ရှိနေနိုင်ပြီး ၎င်းမှနောက်ထပ် ဆေးအသစ်တစ်လွှာထပ်မံအုပ်ပြီးသုတ်ဖြစ်လိုက်လျှင်ဆေးသစ်လွှာကြောင့် အရောင်ပြောင်းလဲသွားမည်ဖြစ်ပြီး နံရံအတွင်း ကိန်းအောင်းနေသော ကျန်ရှိရေများက ဆက်တိုက်ဆိုသလို တိုက်စားမှုများဖြစ်ပေါ်နေတတ်ပါတယ်။

ဆေးသုတ်ရာတွင် ရာသီဥတုကို သတိထားသင့်သည်။ အပြင်နံရံဆေးသုတ်ရာတွင် မိုးလေကင်းစင်သော အောက်တိုဘာနှင့် မေလအတွင်းသာ အကောင်းဆုံးဖြစ်ပါသည်။ အိမ်ရှင်များအနေနှင့်လည်း အမှန်တကယ်အရည်အသွေးကောင်းရရန်အတွက် မိုးရာသီကိုအထူးသဖြင့် ရှောင်ရှားသင့်သည်။ သို့မဟုတ်ပါက ရေနှင့်ပတ်ဝန်းကျင်စိုထိုင်းဆမြင့်မားချိန်ပြင်ပနံရံဆေးသုတ်သည့်အခါတွင်လည်း နံရံရေငွေ့တိုက်စားမှုကြောင့် မကြာမီရက်အနည်းငယ်အတွင်းတွင် အရောင်ပြောင်းလဲလာပြီး အစောပိုင်းဖော်ပြထားသကဲ့သို့ မှိုတက်ပျက်စီးလာနိုင်ပါသည်။ အခန်းတွင်းဆေးသုတ်ရန်အကောင်းဆုံးမှာ နရံသားအတွင်းပိုင်းရေငွေ့များလုံလောက်စွာ ကုန်လွန်ခြောက်သွေ့မှသာ စိတ်ချလက်ချလုပ်ကိုင်သင့်ပေးသည်။
နံရံသည်စိုထိုင်းထိုင်းနှင့် ဆေးဖက်များကွာလာပြီး အခန်းတွင်းမှိုနံ့များ ထွက်ပေးလာပြီဆိုပါကလည်း သိပ်တော့စိုးရိမ်စရာမရှိပါ။ ပြင်ဆင်ရန်နည်းလမ်းများစွာရှိသည့်အနက် အကောင်းဆုံးနည်းမှာ နံရံအက်ကွဲကြောင်းများအတွင်းသို့ ရေလုံဘိလပ်မြေအနှစ်သိပ်ခြင်း sealent တစ်ခုခုသုံးခြင်း၊ ရေဆင်းပိုက်များလဲလှယ်တပ်ဆင်ခြင်း၊ ပိုလီမာအခြေံ ဖြင့် ဖာထေးခြင်းများကိုပါ တစ်ဆက်တည်းပြုလုပ်ဆောက်ရွက်ပါမည်။ နံရံအက်ကြောင်းများကို ဖားထေးပြုလုပ်ရာတွင် နည်းစနစ်မှန်ကန်စွာလုပ်ကိုင်နိုင်ရန်လည်း လိုအပ်ပါသည်။ အက်ကြောင်းများတစ်လျှောက် အင်္ဂလိပ် Vပုံခွဲထွင်းပြုလုပ်ပြီး ခွဲကြောင်းတစ်လျှောက် အမှုန်များ၊ အပိုင်းအစငယ်များ ကင်းစင်သွားမှ putty သိပ်ခြင်း၊ Sealent ဖြည့်ခြင်းများပြုလုပ်ပြီး ဆေးသုတ်ခြင်းကို ဆောင်ရွက်သင့်ပေသည်။ ကြွပ်ဆတ်ပြီး လေခိုနေသော ဘိလပ်မြေချောသားများကိုပါ တီးခေါက် နားထောင်ကြည့်ပြီး ဆက်တိုက် ဖဲ့ထုတ်ခြင်း ဖြည့်ချောခြင်းများကို ပြုပြင်ဖာထေးပြီးသည်အထိ စနစ်တကျပြုလုပ်ရမည်။ သည့် နောက်လုံလောက်သော ခြောက်သွေ့ချိန်တစ်ခုကိုထားရှိပြီး ဆေးအသစ်သုတ်မှသာ ချောမွေ့သောမျက်နှာပြင်ကို ရရှိပါလိမ့်မည်။


တဖန်ခြောက်သွေ့သော မျက်နှာပြင်ဖြစ်နေပါကညနံရံအားဖုန်မှုန့်၊ ဆီနှင့် အစွန်းထင်း မျက်နှာပြင် များကို ကော်ပတ်စားခြင်းများ ပြုလုပ်နိုင်သော်လည်း မှိုစွဲနေသောမျက်နှာပြင်များကိုတော့ ဘရက်ရှ်နှင့် သေသေချာချာ တိုက်ချွတ်ခြင်းများပါ ထပ်ဆောင်းပြုလုပ်ရပါသည်။
တခြားတိုက်အဆောက်အအုံ များသည် အပြင်ဘက်နံရံများကို ကြွေပြားများကပ်ထားတတ်ကြသည်။ ထိုကြွေပြားများအတွင်းကျိုးပဲ့ ပျက်စီးနေသော ကြွေပြားများတွေ့ရှိပါက ၎င်းမှတဆင့် ရေများ၊ အကြိုအကြေားစိမ့်ဝင်မှုမရှိစေရန် အချပ်သစ်များနှင့် ချက်ချင်းပြန်လည်အစားထိုးသင့်ပါသည်။
မိုးရာသီသည် ပတ်ဝန်ကျင်တစ်ခုလုံး အေးမြနေပြီး အလွန်နေထိုင်လို့ကောင်းသော ရာသီဥတုဖြစ်သည်ဆိုသော်လည်း မိုးနှင့်အတူ ကျွန်တော်တို့မည်သို့မျှငြင်းဆန် မရနိုင်တွေ့နိုင်မည်။ အခုပြောပြတဲ့ ၁၀ချက်ကတော့ အိမ်တွေမှာ မိုးတွင်းကြုံရမည်ကို ကိုင်တွယ်နည်းတွေပါပဲ။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

ads

၁။ သိမ်းဆည်းခန်းများများကိုရှာပါ။
ဗီရိုခန်းတွေမှာ တခါတည်းထည့်သွင်းပြင်ဆင်ပါရှိတဲ့ သိမ်းဆည်းခန်းတွေမှာ တန်ဘိုးကြီးအမှတ်တံဆိပ် အဝတ်အထည်တွေကို အပြားလိုက်ထည့်သိမ်းပါ။ လှေကားထစ်ပုံစံမျိုးမှာ သိမ်းဆည်းခန်းတွေလုပ်ထားတဲ့ ဗီရိုမျိုးက နေရာကျဉ်းလေးတွေထဲမှာ အလွယ်တကူအသုံးပြုလို့ရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။


၂။ အဝတ်ဗီရိုမရိုက်ခင်မှာ အထည်တွေရဲ့ အရွယ်အစားကို တိုင်းပါ။
အဝတ်အထည်တွေရဲ့ အတိုင်းအတာကို သိထားပြီးမှာ ဗီရိုစင်ကို ရိုက်တာက ဗီရိုစင်အတွက် နေရာအထားအသို ချင့်ချိန်နိုင်စေမှာ ဖြစ်ပါတယ်။ နေရာပိုထွက်လာစေပြီး အထည်အရှည်တွေနဲ့ ကုတ်တွေကို သီးခြားထားနိုင်မယ့် စင်တွေကို အံဝင်ဂွင်ကျဖြစ်အောင် ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ကုတ်အင်္ကျီတွေ၊ ဘလောက်စ်အင်္ကျီတွေကို ချိတ်နဲ့ချိတ်ထားနိုင်ပေမယ့် တီရှပ်တွေကိုတော့ ချိတ်မှာမချိတ်သင့်ပါဘူး။ တီရှပ်တွေက ချိတ်နဲ့ချိတ်ရင် ကျယ်ထွက်လာတတ်လို့ပါ။ ဒီတော့ တီရှပ်တွေကို ခေါက်ပြီးထားတာ သို့မဟုတ် အပြန့်လိုက်ထားတာ ပိုကောင်းပါတယ်။ ပုံမှာဆိုရင် ပြတင်းပေါက်ဘေးပတ်ပတ်လည်မှာ စင်တွေထည့်ပေးထားပြီး အပြန့်လိုက်ခေါက်သိမ်းရမယ့် အထည်တွေအတွက် နေရာများများ ဖန်တီးပေးထားတယ်။

၃။ ဘောင်းဘီနဲ့ စက်တွေအတွက် စင်လည်းထားပါ။
တန်ဘိုးကြီးတဲ့ ဘောင်းဘီနဲ့ စကတ်တွေကို ချိတ်ထားသင့်ပါတယ်။ စကတ်ချိတ်တဲ့ ကလစ်ပါတဲ့ ချိတ်တွေနဲ့ ချိတ်ပြီး အောက်ဘက်တန်းတွေမှာ ချိတ်သင့်ပါတယ်။ အရမ်းနူးညံ့တဲ့ အထည်စတွေ ဒါမှမဟုတ် ချည်ထိုးကွက်တွေများတဲ့ အထည်တွေဆိုရင်တော့ အံဆွဲစင်မှာ စက္ကူခံပြီး အပြားလိုက်ထည့်သိမ်းတာ ပိုကောင်းပါတယ်။ တန်းမှာ ကလစ်ပါတဲ့ ချိတ်မျိုးနဲ့ ချိတ်သလို ရိုးရိုးချိတ်မှာပဲ အောက်ဘက်တန်းမှာ ခေါက်ချိတ်ပြီး ချိတ်ဆွဲထားလို့လည်း ရပါတယ်။


၄။ တန်ဘိုးကြီး အဝတ်အထည်တွေ သိမ်းဆည်းနိုင်တဲ့ စင်္ကြ ံလမ်း
တချို့တိုက်ခန်းတွေက ပစ္စည်းတွေ သိမ်းထားနိုင်မယ့် အခန်းပိုမျိုးမပါတတ်ပါဘူး။ စတိုးဆိုင်က ဝယ်တဲ့ အဝတ်ဗီရိုတွေဆိုတာကလည်း အခန်းကျဉ်းလေးတွေမှာ အံမကိုက်လှတာကြောင့် အသုံးပြုရခက်ပါတယ်။ ဒါမျိုးဆိုရင် နေရာကိုတိုင်းပြီး ဗီရိုအသစ်ရိုက်ထည့်တာက ပိုပြီး အဆင်ပြေစေမှာပါ။ အိပ်ခန်းကလည်း ကျဉ်းတယ်၊ အခန်းပိုမျိုးလည်း မရှိဘူးဆိုရင် စင်္ကြ ံလမ်းတွေမှာ ဗီရိုရိုက်ပြီး အဝတ်ဗီရိုခန်း လုပ်လို့ရပါတယ်။ ကြမ်းခင်းကနေ မျက်နှာကြက်ထိ မြင့်မားတဲ့ ဗီရိုမျိုးရိုက်ထားပြီး ကိုယ့်ရဲ့အဝတ်အစား ပုံစံအမျိုးမျိုးအတွက် ချိတ်ဆွဲနိုင်မယ့်တန်းတွေ၊ အံဆွဲဗီရိုးခန်းတွေ၊ ဖိနပ်စင်တွေ၊ လက်ကိုင်အိတ်ထားမယ့်နေရာတွေ စသဖြင့် စိတ်ကြိုက် ထည့်သွင်းနိုင်ပါတယ်။ စားပွဲဗီရိုခံထားရလောက်တဲ့အထိ မကျယ်ဘူးဆိုရင်တောင် အဝတ်အစားဝတ်တဲ့အခါ အဆင်ပြေစေဖို့ ခွေးခြေထိုင်ခုံတစ်လုံးလည်း ထားရှိသင့်ပါတယ်။


၅။ နေရာကျဉ်းတွေမှာ ဖန်တီးမှုထည့်ပါ။
အခန်းကကျဉ်းနေတာကြောင့် သိမ်းဆည်းမယ့်နေရာ မရှိဘူးဆိုတာ မဟုတ်သေးပါဘူး။ အခန်းကျဉ်းပေမယ့် ဆန်းသစ်တဲ့ ဖန်တီးမှုထည့်ပြီး သိမ်းဆည်းနိုင်မယ့်နေရာကို လုပ်ယူလို့ ရပါတယ်။ လှေကားခွင် အောက်ခန်းလေးတွေကို၊ မျက်နှာကြက်နိမ့်တဲ့ ထပ်ခိုးလိုနေရာလေးတွေမှာ ဗီရိုအခန်းကျဉ်းလေးတွေ ဖန်တီးနိုင်ပါတယ်။ လက်ဝတ်ရတနာတွေနဲ့ အခြားအသေးအဖွဲ ဖက်ရှင်အဆင်တန်ဆာတွေအတွက် နံရံမှာ ခပ်ပါးပါးဗီရိုခန်းငယ်လေး ဖန်တီးလို့ရပါတယ်။ ဗီရိုတံခါးအတွင်းဘက်မျက်နှာပြင်မှာ ကြေးမုံမှန်ချပ်ကြီး တပ်ပေးထားလိုက်ရင် အဆင်တန်ဆာတွေ ထုတ်ဝတ်တဲ့အခါ တခါတည်းမှန်ကြည့်ရင်း လိုက်ဖက်မယ့်အပြင်အဆင်မျိုးကို ရွေးချယ်ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။ အပြင်မှာလည်း ရှုတ်ပွမနေတော့ဘဲသွားခါနီး လာခါနီးမှာ သေးသေးမွှားမွှားလေးတွေ ပျောက်လို့ လိုက်ရှာနေစရာ မလိုတော့ဘဲ ဒီဗီရိုတံခါးလေးလှပ်ကြည့်ရုံနဲ့ အဆင်ပြေသွားမှာ ဖြစ်ပါတယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

ဖက်ရှင်ကျသည့် အဝတ်ဗီရိုခန်းဖန်တီးခြင်း အပိုင်း (၂)

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
May 23, 2020 နေ့
Bed Room ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

၁။ ကတ္ထူပုံးထဲထည့်သိမ်းပါ။
အခန်းကျဉ်းလေးထဲမှာတန်ဘိုးကြီးဖိနပ်တွေကို ဘယ်လိုသိမ်းဆည်းထားကြမလဲ။ ပူအိုက်စွတ်စိုတဲ့ရာသီဥတုမျိုး မှာ ဖိနပ်တွေမပျက်စီးအောင် ဘယ်လိုသိမ်းဆည်းကြမလဲ။ စက္ကူလုံးတွေကို ဖိနပ်ထဲထည့်ပြီး ချိတ်ချောင်းလေး တွေပါ ထည့်ပေးထားတာက ဖိနပ်ပုံစံမပျက်ယွင်းစေပါဘူး။ သားရေဖိနပ်တွေကို ရေငွေ့စုပ်ယူနိုင်စွမ်းရှိတဲ့ ကတ္ထူပုံးနဲ့ထည့်သိမ်းပေးပါ။ ဖိနပ်တွေကို အထူးနှစ်သက်သူတွေအတွက်တော့ ဖိနပ်ဗီရိုစင်က အရေးပါပါတယ်။ ဗီရိုကြီးတွေကြားထဲမှာ စင်အကန့်တွေပါပြီး ဖိနပ်ဗီရိုမျိုးလေးဖန်တီးနိုင်ပါတယ်။ ဖိနပ်တွေကို ဖုန်အကာကွယ်ပေးတဲ့ အိတ်လေးတွေနဲ့ ထည့်သိမ်းရင် ပိုကောင်းပါတယ်။


၂။ တန်ဘိုးကြီးဖိနပ်များကို အကောင်းဆုံးထိမ်းသိမ်းနည်း
ပူအိုက်စွတ်စိုတဲ့ရာသီဥတုမျိုးမှာ တန်ဘိုးကြီးသားရေအသုံးအဆောင်ပစ္စည်းတွေမှာ မှိုပေါက်လွယ်တာက စိုးရိမ်စရာပါ။ ဖိနပ်မှာဆိုရင်လည်း ရေနဲ့ထိမိတာ၊ မိုးပေါက်လေးတွေနဲ့ထိမိတဲ့ အခါမျိုးမှာ ဒီပြသနာမျိုးရှိတတ်ပါတယ်။ အပြင်ကပြန်လာတဲ့အခါ ဒါမှမဟုတ် ဖိနပ်တွေစိုထိုင်းနေတဲ့အခါမျိုးမှာ အသေအချာသုတ်ပြီး တစ်ညတာလောက် လေသလပ်ခံထားပါ။ နောက်နေ့ကျရင် သားရည်ပေါ်လစ်ရှ်လေးနဲ့တိုက်ပြီး သိမ်းဆည်းထားပါ။


ဖိနပ်တွေကို စင်အပွင့်ပေါ်မှာ နဂိုပါလာပြီးသား ကတ္ထုပုံးငယ်လေးတွေထဲထည့်ပြီးတင်ကာ သိမ်းဆည်းထားလေ့ရှိပါတယ်။ ဖိနပ်တွေများလို့ ကတ္ထုပုံးတွေမဆံ့တော့ဘူးဆိုရင် ဖုန်အကာအကွယ်အိတ်လေး ထဲထည့်ပြီးတင်သိမ်းထားပါတယ်။ နဂိုပါတဲ့ကတ္ထုပုံးခွံတွေက တစ်ခုနဲ့တစ်ခု ပုံစံမတူလို့ စင်ပေါ်မှာထားရရုပ်စိုးတယ်ဆိုရင် ဆင်တူတဲ့ ဖိနပ်ကတ္ထူပုံးငယ်တွေသီးသန့်ရောင်းတာမျိုး ဝယ်သုံးလို့ရပါတယ်။ ဒါပေမယ့် ဖိနပ်တွေစီးမလို့ရှာရင်တော့ အချိန်မကြာအောင် အမှတ်အသားလုပ်ထားဖို့တော့ လိုပါလိမ့်မယ်။


၃။ ကြည့်ကောင်းပေမယ့် ဖိနပ်ပျက်စီးစေတတ်တာက
အရမ်းလှတဲ့ဖိနပ်တစ်ရံလောက်ကို ဗီရိုစားပွဲပေါ်မှာ အလှပြထားတာမျိုးက ကြည့်ရကောင်းပေမယ့် ဖိနပ်တွေပျက်စီးထိခိုက်နိုင်စေပါတယ်။ နေရောင်၊ မီးရောင်နဲ့ ထိတွေ့မှုကြောင့် မျက်နှာပြင်အသားအနားနဲ့ အရောင်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။


၄။ အဝတ်တွေဆံ့စေဖို့ ဗီရိုအကျယ်အဝန်းကို ချင့်ချိန်ပါ။
အဝတ်ဗီရိုခန်းထဲကို လှလှပပလေးဝင်သွားသလိုမျိုး ခံစားချင်တယ်ဆိုပေမယ့် သင့်အိပ်ခန်းထဲမှာ နေရာပေးပြီး ဖန်တီးတဲ့အခါမျိုးမှာအဝတ်တွေကို ထားသိုဖို့ နေရာလုံလောက်ဖို့လည်း အရေးကြီးပါတယ်။ ဗီရိုထဲကနေ အဝတ်တွေမဆံ့ဘဲ အံထွက်နေမယ်ဆိုရင် ဖရိုဖရဲနဲ့ အဝတ်ပုံကြီးကြောင့် အခန်းရဲ့ အလှကိုတောင်ပျက်စီးသွားစေနိုင်ပါတယ်။
ကုတ်အင်္ကျီ – သားရေကုတ်နဲ့ သိုးမွေးကုတ်တွေက စက္ကူစူတွေခံပြီး အံဆွဲမျက်နှာပြင်မှာ အလျားလိုက်ထားကာသိမ်းသင့်ပါတယ်။ ရှေးခေတ်က တန်ဘိုးကြီးအမွေအနှစ်အထည်တွေကို ပြတိုက်တွေမှာ သိမ်းတဲ့နည်းဖြစ်ပါတယ်။ သားရေဂျက်ကက်တွေနဲ့ ကုတ်တွေကို ချိတ်နဲ့အချိန်ကြာချိတ်ဆွဲထားရင် ပုခုံးနေရာတွေမှာ ပြန့်ကားလာတတ်ပြီး သိုးမွေးကုတ်တွေဆိုရင်လည်း အလေးချိန်ကြောင့် အောက်ကိုရှည်ထွက်လာတတ်ပါတယ်။ ဒါကြောင့် အဝတ်ဗီရိုခန်းတွေမှာ အံဆွဲစင်ငယ်ေတွေများနေတတ်တာဖြစ်ပါတယ်။ ချိတ်နဲ့ချိတ်တဲ့ နေရာတွေလည်း အများကြီးပါတတ်ပါတယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar