Month: April 2020

ads

အာဆီယံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းစုဖြစ်သော SCG မှ ဧပြီလ ၂၄ ရက်နေ့ ၂၀၂၀ တွင်အလှုငွေကျပ် ၇၇,၄၂၀,၅၀၀၀၀ ခန့်ကို မြန်မာနိုင်ငံတစ် ဝှမ်းမျက်စိတိမ်စွဲဝေဒနာရှင်များနှင့် မျက်စိရောဂါခံစားနေရသူများကို ကုသစောင့် ရှောက်မှုပေးနေသော သီတဂူမျက်စိဆေးရုံတည်ထောင်သူ သီတဂူဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရ ထံသို့ ပေးအပ်လှုဒါန်းခဲ့ပါသည်။ အဆိုပါလှုဒါန်းခြင်းအစီအစဉ်သည် SCG ၏ မျက်စိတိမ်စွဲခြင်းနှင့် မျက်လုံး ကျန်းမာရေးနှင့်ပက်သက်ပြီး သတင်းအချက်အလက်များနှင့် အကြံပြုချက်များ မျှဝေပေးသည့် လူထုအကျိုး ပြုအစီစဉ်တစ်ခုဖြစ်သော ‘Sharing A Brighter Vision’ “ကြည်လင်သောအမြင်အာရုံ မျှဝေခြင်း” အစီအစဉ်ကိုအခြေပြုပြီးမြန်မာအမျိုးသားဘောလုံးကစားသမားကိုအောင်သူနှင့်အတူ မျက်စိကျန်းမာရေးအတွက် အရေးကြီးမှုများကို မြန်မာနိုင်ငံတစ်ဝှမ်းမှပြည်သူများ ပိုမိုသိရှိနားလည်စေရန်နှင့် မျက်စိစောင့်ရှောက် ခြင်းလှုပ်ရှားမှုများအတွက် ပြည်သူများကိုလှူဒါန်းခြင်းများဖြင့် ဝိုင်းဝန်းကူညီရန် ဖိတ်ကြားခဲ့ခြင်းလည်းဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရမျက်စိဝေဒနာခံစားနေရသူပေါင်း ၁,၈၀၀,၀၀၀ ခန့်ရှိပြီး သုတေသနပြုချက်များအရ မျက်စိဝေဒနာရှင်တစ်ဦးချင်းအားဖြင့် အတွင်းတိမ်ရောဂါကုသရာတွင် ငွေကျပ် ၁,၀၀၀,၀၀ ကျပ်ခန့်အထိကုန်ကျနေကြောင်း သိရှိရပါသည်။ ငွေကြေးဆိုင်ရာနှင့် သတင်းအချက်ပိုင်းဆိုင်ရာ အစရှိသော အခက်အခဲများကြောင့် ကုသမှုကိုအချိန်မီပြုလုပ်နိုင်ခြင်းမရှိကြောင်းကိုလဲသိရသည်။ မျက်စိတိမ်စွဲခြင်းသည် မျက်စိမှန်ဘီလူးအပေါ်တွင် အလင်းကွယ်ခြင်း သို့မဟုတ် တိမ်ဖုံးခြင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ ဤသည်ကား လူတစ်ယောက်၏ အမြင်အာရုံကို ထိခိုက်ပျက်စီးစေနိုင်သည်။ မျက်စိတိမ်စွဲခြင်းသည် ဖြည်းညှင်းစွာ အစပြုဖွဲ့စည်းနိုင်ပြီး များသောအားဖြင့် အသက် ၅၅ နှစ်အထက်တွင် အတွင်းတိမ်ဝေဒနာရရှိနိုင် ပြီးငယ်ရွယ်သူများတွင်လဲဖြစ်ပေါ်နိုင်သည်။မျက်စိအတွင်းတိမ်ဖွဲ့စည်းခြင်းကို ကာကွယ်တားဆီးမည့် နည်းလမ်းမရှိသော်လည်း နေကာမျက်မှန်တပ်ဆင်ခြင်းနှင့် ဆေးလိပ်ဖြတ်ခြင်းတို့သည် ရောဂါဖြစ်ပွားခြင်း ဖွံ့ဖြိုးမှုနှေးကွေးစေနိုင်သည်။

ဘယ်လိုလူတွေက ခွဲစိတ်ကုသဖို့လိုမလဲ

မျက်စိအတွင်းတိမ်ရှိသူတိုင်းသည် မျက်စိအတွင်းတိမ်ခွဲစိတ် ကုသမှုမလိုအပ်ပဲ အစောပိုင်းအဆင့်များတွင် အဝေးမှုန်ခြင်းအစရှိသော အသေးစား အမြင်အာရုံထိခိုက်ခြင်းမျိုးသာ ဖြစ်ပေါ်နိုင်သည်။မျက်စိအတွင်းတိမ်ရှိသူတိုင်းသည် မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှုမလိုအပ်ပဲ အစောပိုင်းအဆင့်များတွင်အဝေးမှုန်ခြင်း အစရှိသောအသေးစားအမြင်အာရုံထိခိုက်ခြင်းမျိုးသာ ဖြစ်ပေါ်နိုင်သည်။ မျက်စိဆရာဝန်မှရောဂါလက္ခဏာပေါ်မူတည်၍ မျက်မှန်တပ်ဆင်ခြင်းအစရှိသည်များကို လုပ်ဆောင်ပေးနိုင်သည်။မျက်စိအတွင်းတိမ်ရောဂါသည် ဖြည်းညှင်းစွာ အစပြုဖွဲ့စည်းနိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှပိုမိုဆိုးရွားလာနိုင်ကာ အမြင်အာရုံကွယ်ခြင်းအထိဖြစ်နိုင်သည်။ လူတစ်ဦး၏ အမြင်အာရုံဆုံးရှုံးမှုသည်စာဖတ်ခြင်း သို့မဟုတ် မော်တော်ယဉ်မောင်းနှင်ခြင်းကဲ့သို့သော နေ့စဉ်လှုပ်ရှားမှုများနှင့်ထိခိုက်အနှောင့်အယှက် ဖြစ်သည့်အခါတွင် ခွဲစိတ်ကုသမှုကို လိုအပ်မည်ဖြစ်သည်။ မျက်စိအတွင်းတိမ်ဝေဒနာခံစားနေရသူများသည် နီးစပ်ရာမျက်စိဆရာဝန်နှင့်တိုင်ပင်ပြီး မည်သည့်အချိန်တွင်ခွဲစိတ်မှု လိုအပ်သည်ကိုစစ်ဆေးသိရှိနိုင်သည်။

၂၀၁၉ ခုနှစ်တွင် SCG သည် မျက်စိစောင့်ရှောက်မှုနှင့် ပတ်သက်ပြီး အသိပညာများ ပိုမိုတိုးပွားလာရန် ရည်ရွယ်၍ မျက်စိကျန်းမာရေးလှုပ်ရှားမှုအစီအစဉ် တစ်ရပ်ကိုပြုလုပ်ခဲ့ပြီး စောင့်ရှောက်မှုနှင့် ပတ်သက်ပြီး အသိပညာများ ပိုမိုတိုးပွားလာရန် ရည်ရွယ်လုပ်ဆောင် လျက်ရှိပါသည်။ SCG သည် (၂၀၁၉ခုနှစ် သြဂုတ်လမှ အောက်တိုဘာလအထိ) SCG ဘိလပ်မြေဝယ်ယူသူများကို အဆိုပါလှုပ်ရှားမှုအစီအစဉ်တွင် ပါဝင်နိုင်ရန်စတင်ခဲ့ပြီး အဆိုပါလှုပ်ရှားမှုစတင်စဉ်အတွင်း SCG၏ ထုတ်ကုန်များကို ဝယ်ယူသုံး စွဲသူများအနေဖြင့် အကောင်းမွန်ဆုံးနှင့် အရည်သွေးမြင့်မားတဲ့ SCG ဘိလပ်မြေတစ်အိတ် ဝယ်ယူတိုင်း SCGမှ ၂၀ ကျပ်တိတိကို အမြင်အာရုံချို့တဲ့သူများအား ကုသနိုင်ရန်အတွက် သီတဂူမျက်စိဆေးရုံသို့လှုဒါန်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏လူကြိုက်များဘောလုံးအားကစားသမားကိုအောင်သူအနေနှင့်လဲအဆိုပါလှုပ်ရှားမှုအစီအစဉ်ကို ပိုမိုသိရှိနိုင်စေရန် ထောက်ပံ့ကူညီအားပေးခဲ့ပါသည်။ ဤလှုပ်ရှားမှုအစီအစဉ်သည် အခြားနေရာဒေသများမှ မျက်စိဝေဒနာရှင်များကို ကုသခြင်းအပြင် မျက်လုံးကျန်းမာရေးနှင့် ပတ်သက်၍အချိန်မီ ကြိုတင်ကာကွယ်ရေးနှင့် စောင့်ရှောက်မှုပေးနိုင်ရန် ကူညီပေးနိုင် ဆောင်ရွက်မည်ဖြစ်သည်။ SCG သည် မြန်မာနိုင်ငံလူ့အသိုင်းအဝိုင်း၏ တာဝန်သိ အဖွဲ့အဝင်တစ်ဦးအဖြစ် SCG၏ ကတိကဝတ်လုပ်ဆောင်ချက်များ၏ တစိတ်တပိုင်းအဖြစ် ၂၀၁၅ ခုနှစ်မှ စတင်ကာ “ကြည်လင်သောအမြင်အာရုံမျှဝေခြင်း” ‘Sharing A Brighter Vision’ အမည်ဖြင့် လူထုအကျိုးပြု အစီအစဉ်တစ်ခုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် SCG သည် ပိုမိုကောင်းမွန်ပြီး ကျန်းမာသန်စွမ်းသော လူနေမှုအဆင့်အတန်းကို မြှင့်တင်နိုင်ရန် ရေရှည်တည်တံ့သည့် လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြင့်လုပ်ဆောင်နေခြင်းသည်လည်း အပါအဝင်ဖြစ်သည်။ ၎င်းအစီအစဉ်သည် လူ့အဖွဲ့အစည်းနှင့် ဆက်ဆံရေးအား ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ပိုမိုကောင်းမွန်ပြီး ကျန်းမာ သောဘဝနေထိုင်မှုကို တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။ SCG ၏ ကတိဖြစ်သော ‘PASSION FOR BETTER ‘၏လက်အောင်တွင်ရှိသော ဤပဏာမခြေလှမ်းသည် မွန်ပြည်နယ်မှ ပြည်သူများအကျိုးရှိစေရန် အတွက် ၅ နှစ်တိုင်တိုင်စဉ်ဆက်မပြတ်လုပ်ဆောင်နေသော ထူးခြားသောလုပ်ဆောင်ချက်တစ်ခုပင်ဖြစ်ပါသည်။ ရန်ကုန်မျက်စိအထူးကုဆေးရုံသည် (အတွင်းတိမ်ကိုစုပ်ယူခြင်း နှင့် ultrasound အသုံးပြု၍ မျက်တွင်းတိမ်ကိုဖြိုခွဲခြင်း) စသည့်လက်ဖြင့် ခွဲစိတ်ခြင်းနှင့် စက်ဖြင့်ခွဲစိတ်ခြင်း စသည့်ခွဲစိတ်ခြင်းနည်းလမ်းနှစ်ခု ကိုကမ်းလှမ်းသည်။

အကယ်၍ မျက်စိအတွင်းတိမ်လူနာများသည် အမြင့်ဆုံးရောဂါအဆင့်သို့ရောက်နေပါက YESH  သည် လက်ဖြင့်ခွဲစိတ်ကုသမှုကို လုပ်ဆောင်ပြီးလူနာသည် ရောဂါအစပျိုးအဆင့်တွင်သာ စက်ဖြင့် ဦးတည်သောခွဲစိတ်မှုကို ပြုလုပ်သည်။ 2017 ခုနှစ်တွင် YESH တွင် မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှု ခံယူသောလူနာပေါင်း ၁၂၀၀၀ ကျော်ရှိပြီး YESH၏ စက်ခွဲစိတ်မှုကိုအသက် ၄၀ ကျော်ကျော်သူများအတွက်လည်းပြုလုပ်သည်။ YESH တွင် ကုသသည့်မှုအများဆုံးမျက်စိရောဂါများမှာမျက်စိအတွင်းတိမ်၊ ရေတိမ်၊ မျက်ကြည်လွှာနှင့်သက်ဆိုင်သောရောဂါများ၊ မျက်စိဒဏ်ရာရရှိမှုများဖြစ်သည်။ လက်ရှိဆေးရုံတွင် ကုသမှုခံယူနေရသောလူနာ ၄၀၀ မှ ၆၀၀ အနက် ၅၀ ရာခိုင်နှုန်းသည် မျက်စိအတွင်းတိမ်ရောဂါခံစားနေကြရသည်။ ‘Bright Journey’ အစီအစဉ်အရ တရုတ်ဆေးအဖွဲ့သည် ၂၀၁၉ ခုနှစ်တွင်မြန်မာနိုင်ငံရန်ကုန်ရှိလူနာ ၂၀၀ အား အခမဲ့ မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှုများ ပေးခဲ့သည်။  ယူနန်ပြည်သူ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသင်း၏ ဆေးဘက်ဆိုင်ရာအဖွဲ့များသည် ရန်ကုန်ရှိ သီတဂူ ရွှေပြည်ဟိန်းဆေးရုံတွင် မျက်စိခွဲစိတ်ကုသမှုကို သတ္တမအကြိမ်မြောက်ကျင်းပခဲ့သည်။ Visakha ဖောင်ဒေးရှင်း၊သီတဂူရွှေပြည်ဟိန်းဆေးရုံနှင့် တရုတ်ယူနန်ပြည်နယ်ဆေးအဖွဲ့များ ပူးပေါင်း၍ စီမံကိန်းသည် တစ်နိုင်ငံလုံးရှိ မျက်စိအတွင်းတိမ်လူနာ ၂၀၀ ကို ကုသရန်မျှော်လင့်ထားသည်။ ယူနန်ပြည်သူ့နိုင်ငံခြားရင်းနှီး ချစ်ကြည်ရေးအသင်း၏ ဆေးဘက်ဆိုင်ရာအဖွဲ့များ အပါအဝင် အပြည်ပြည်ဆိုင်ရာဖလှယ်ရေးနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ ကွန်ယက်အတွက်ယူနန်ချစ်ကြည်ရေး ဖောင်ဒေးရှင်း၊ ယူနန်ပြည်နယ်ကျန်းမာရေးနှင့် မိသားစုစီမံကိန်းကော်မရှင်နှင့် ယူနန်ပြည်နယ်၏ ဒုတိယပြည်သူ့ဆေးရုံ တို့ပါဝင်သည်။ မြန်မာနှင့်တရုတ်ဆေးအဖွဲ့များသည် မန္တလေးတိုင်းရှိလူနာ ၂၀၀အား အခမဲ့မျက်စိခွဲစိတ်ကုသမှုများပြုလုပ်ခဲ့သည်။အဆိုပါဆေးအဖွဲ့များ၏မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှု အစီအစဉ်သည် ငါးကြိမ်မြောက် အခမဲ့ မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှုအစီအစဉ်အဖြစ် ပါဝင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယနေ့အထိမြန်မာလူနာ ၁၀၀၀ ခန့်သည် ဤအစီအစဉ်မှ အကျိုးကျေးဇူးများခံစားခဲ့ကြရသည်ဟု  All-China Federation of Returned Overseas Chinese မှ ဥကဌဖြစ်သူ Wan Lijun မှပြောကြားခဲ့သည်။ အစီအစဉ်အရ တရုတ်ကူမင်းမှ ဆေးဘက်ဆိုင်ရာအဖွဲ့သည် မန္တလေးရှိဇီဝိတဒါနသံဃဆေးရုံတွင် ဒေသခံဆေးဘက်ဆိုင်ရာ အဖွဲ့နှင့် ပူးပေါင်း၍ မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှု အခမဲ့ပြုလုပ်ပေးနေသည်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်


    ads

    အာဆီယံ၏ထိပ်တန်းစီးပွားရေးလုပ်ငန်းစုဖြစ်သောSCG မှ ဧပြီလ ၉ ရက်နေ့ ၂၀၂၀ တွင် မြန်မာနိုင်ငံအပါအဝင်ကမ္ဘာတစ်ဝန်းပျံ့နှံ့ဖြစ်ပွားလျက်ရှိသည့် Coronavirus Disease 2019 (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာကမ္ဘာ့ကပ်ရောဂါကိုရင်ဆိုင်တိုက်ဖျက်ရန်ဖြန့်ဖြူးရောင်းချသူများ၊ အရောင်းကိုယ်စားလှယ်များနှင့်အတူပူးပေါင်း၍ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ရောဂါ စောင့်ကြည့်ရေးစင်တာများနှင့် ဆေးရုံများတွင်အသုံးပြုနိုင်ရန် နှာခေါင်းစည်း (Surgical Masks) ၊ Dettol ဆပ်ပြာ၊ လက်သန့်ဆေးရည်၊မျက်နှာအကာအကွယ် (Face Shields) အစရှိသည့်ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများလှူဒါန်း ခြင်းကိုပြုလုပ်ခဲ့ပါသည်။

    အဆိုပါလှူဒါန်းခြင်းကို ရန်ကုန်မြို့၊လမ်းမတော်မြို့နယ်ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ကျင်းပပြုလုပ်ခဲ့ပြီး SCG Myanmar မှ ဖြန့်ဖြူးရောင်းချသူများ၊အရောင်းကိုယ်စားလှယ်များ နှင့်အတူပူပေါင်း၍ လှုဒါန်းထည့်ဝင်ငွေစုစု ပေါင်း ကျပ်သိန်း ၁၈၀ကျော်တန်ဖိုးရှိ Dettol လက်ဆေးဆပ်ပြာ ၂၄၀၀ ခု၊ လက်သန့် ဆေးရည် 30 ml ပါ ဘူးအရေအတွက်၂၄၀၀ ခု၊ နှာခေါင်းစည်း (Surgical Masks) ၁၂၀၀၀ ခု တို့အပြင် လက်သန့်ဆေးရည် 500 ml ပါဘူးအရေအတွက် ၁၀၀ခု ၊ Personal Protective Equipment PPE ဝတ်စုံများ အစုံ ၃၀ ၊ SCG Myanmar၏ဝန်ထမ်းများကိုယ်တိုင်စေတနာလုပ်အားဖြင့်ပြုလုပ်ထားသည့် မျက်နှာ အကာ အကွယ် (Faceshield) အခု ၅၀၀ ခု အစရှိသည့် ရေဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကိုလာရောက်လှုဒါန်းခဲ့ပါသည်။

    SCG Myanmar ၏ Country Director ဖြစ်သူ Mr. Surachai Pornjindachote က အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ဟာမြန်မာနိုင်ငံအပါအဝင်ကမ္ဘာတစ်ဝှမ်းပျံ့နှံ့ဖြစ်ပွား လျက် ရှိပါတယ်။ဒီရောဂါကိုကာကွယ်ကုသစောင့်ရှောက်နိုင်ဖို့အတွက် ရှေ့တန်းကရင်ဆိုင်နေရတဲ့ကျန်းမာရေးဝန်ထမ်းတေွအတွက် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းအလုံအလောက်ရှိဖို့ကလဲအလွန်ပဲအရေးကြီးလှပါတယ်။ SCGသည် နိုင်ငံအတွင်းရှိ လူ့အဖွဲ့အစည်းနှင့်ဆက်ဆံရေးအား ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ပိုမို ကောင်းမွန်ပြီးကျန်းမာသောဘဝနေထိုင်မှုကို တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံအတွင်းရှိ COVID-19ကိုတိုက်ဖျက်ရန် အရောင်းကိုယ်စားလှယ်တော်ကြီးများနှင့်အတူပူးပေါင်း၍ ယခုလိုရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကိုလှူဒါန်းရခြင်းဖြစ်ပါတယ်။ “ ဟုပြောကြားခဲ့ပါ တယ်။

    SCG Myanmarသည် COVID-19 ကိုတိုက်ဖျက်ရန်ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများလှူဒါန်း ခြင်းကို ဖြန့်ဖြူးရောင်းချသူများ၊ အရောင်းကိုယ်စားလှယ်ဖြစ်သည့် Farmer Phoyarzar Co.,Ltd., Shwe Me Co., Ltd, Shwe Myittar Cement & General Trading Co., Ltd., Win Phu Khine Co.,Ltd., Ever United Trading Co., Ltd., Doh Tar Won Trading Co., Ltd., Zin Htet Trading Co., Ltd.,Myo Naing Nine Group of Companies, Original La Wun Building Materials Trading Co., Ltd.,Hlaing Hlaing Pyone, Asterism International Co., Ltd and Yang Brothers Trading Co., Ltd.တို့နှင့်အတူပူးပေါင်းလုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။

    Download eBook version as a FREE!

    လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်


      Glass Film များအကြောင်းတစေ့တစောင်း

      တည်းဖြတ်သူ Myanmar Home and Decoration
      ရေးသားသူ Home & Deco အဖွဲ့သားများ မှ
      April 4, 2020 နေ့
      ဆောင်းပါး ကဏ္ဍတွင်
      ထည့်သွင်းရေးသားခဲ့သည်။

      ads

      ၂၁ရာစုရဲ့ဗိသုကာလက်ရာများမှာ မှန်များကို ထည့်သွင်းအသုံးပြုခြင်းက နေရာယူလို့နေပါတယ်။ မှန်များကို အသုံးပြုခြင်းဟာ သဘာဝနေရောင်ခြည်ကိုရရှိစေပြီး စွမ်းအင်ချွေတာ သုံးစွဲနိုင်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအတွက် အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ မှန်များကို အိမ်ရဲ့အတွင်းပိုင်းသာမက အပြင်နေရာများမှာ တပ်ဆင်လာတာကိုလည်း တွေ့ရပါတယ်။ လူနေအိမ်များ မှာမှန်ကိုအလှဆင် ရန်နှင့်ခြံဝင်းမှာရှိတဲ့ Landscaping သို့ ပတ်ဝန်းကျင်ရဲ့ အလှတရားကိုခံစားဖို့ မှန်များ တပ်ဆင်အသုံးပြုလာကြပါတယ်။ မှန်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့အတွက် ဒီတစ်ပတ်မှာတော့ စာဖတ်ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီပစ္စည်းလေးကတော့ Glass Film ဖြစ်ပါတယ်။ အချို့ရုံးခန်းကြီးများမှာတော့ အခန်းရဲ့ ဖွဲ့စည်းမှုအတွက်မှန်ကိုအသုံးပြုကြပါတယ်။ သို့ပေမဲ့ ဧည့်သည်နှင့်စကားပြောသည့် နေရာများ(သို့) ငွေပေးချေမှုနှင့်အရေးကြီး ကိစ္စများပြုလုပ်မည့် အခန်းများကို မှန်နှင့်ဖွဲ့စည်းမည် ဆိုလျှင်တော့ လုံခြုံမှုရှိစေဖို့အတွက် glass filmများကို အသုံးပြုသင့်ပါတယ်။ glass film မျာက မှန်ရဲ့ကြံခိုင်မှုကို ပိုမို ပံ့ပိုးပေးသည့် sticker အလွှားပါးများဖြစ်ပါတယ်။ သီးသန့်ကော် ထပ်သုံးစရာမလိုတဲ့အတွက် အသုံးပြုရာမှာ လွယ်ကူအဆင်ပြေစေပါတယ်။


      3M Glass Film
      Glass Film သည် လူအရေးပြားကိုထိခိုက်စေသည့် ခရမ်းလွန်ရောင်ခြည်ဝင်ရောက်မှုကို ၉၀% ကာကွယ်ပေးပြီး အခန်း၏ အတွင်းတွင်ရှိသောလိုက်ကာနှင့် ပရိဘောဂများအရောင်ပြောင်းခြင်းမှလည်း ကင်းဝေးစေပါတယ်။ ပြင်ပမြင်ကွင်းကို ကာကွယ်ပေးထားတာကြောင့် လုံခြုံရေးကိုလည်း စိတ်ချစေနိုင်ပါတယ်။


      မှန်ကွဲသွားတဲ့အခါ ထပ်ဆင့်ထိခိုက်မှုဖြစ်စေသည့် အခြေအနေမှ ကာကွယ်ပေးပါတယ်။ glass film၏ မျက်နှာပြင်အပေါ်ယံတွင် Anti Scratch အလွှာရှိတာ ကြောင့် ခြစ်ရာမထင်စေဘဲ အညစ်အကြေးများကိုလည်း လွယ်ကူစွာသန့်စင်နိုင်ပါတယ်။ ကိုရီးယားနိုင်ငံမှထုတ်လုပ်ပြီး အရွယ်အစားအားဖြင့် (4’x98’, 4’ x 164’) တို့ရနိုင်ပါတယ်။


      Decoration Film
      ယခုခေတ်အချိန်အခါမှာ ယှဉ်ပြိုင်မှုများတဲ့ ဈေးကွက်မှာ နေရာတစ်ခုရယူဖို့ ရုံးခန်းများ၊ အရောင်းပြခန်းများ၊ café များဟာ သူများနှင့်မတူဘဲ ပိုမိုထူးခြားနေအောင် အလှဆင်လာကြပါသည်။ interior designer များရဲ့ ဒီဇိုင်းများကို Decoration Film များနှင့် ပေါင်းစပ်လိုက်လျှင်တော့ လှပဆန်းသစ်မှုကို ခံစားရစေမှာဖြစ်ပါတယ်။
      Decoration Filmသည် တစ်ကမ္ဘာလုံးတွင် ကျော်ကြားနေသည့် နည်းပညာပိုင်းဆိုင်ရာ အသိမှတ်ပြုခံထားရသော 3M အမှတ်တံဆိပ်ဖြစ်ပါတယ်။ Wood Design Film ကို အသုံးပြုခြင်းဖြင့် Furniture များပြုလုပ်ရာတွင် လျင်မြန်လွယ်ကူခြင်း၊ Celling များအား Wood Texture ပြုလုပ်ရာတွင် Polish ဆေးအသုံးပြုရန် မလိုခြင်းကြောင့် အချိန် ကုန်သက်သာခြင်းနှင့် အနံ့အသက်ကင်းခြင်း၊ Leather Design၊ Metal Design အစရှိသဖြင့် design အများအပြားရွေးချယ်နိုင်တယ်။


      ဒါ့အပြင် အခန်းတွင်းလေထုညစ်ညမ်းမှုကို မဖြစ်စေဘဲ လူသားနှင့် ပတ်ဝန်းကျင်အကျိုးပြုပစ္စည်းဖြစ်သည့်အတွက် စိတ်ချယုံကြည်စွာသုံးစွဲနိုင်ပါတယ်။ ညစ်ပေသွား သောအခါ ရေစိုဝတ်နှင့်တိုက်၍ အလွယ်တကူသန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။
      Interior Film ရဲ့ အားသာချက်ကတော့ သင့်တင့်မျှတသောဈေးနှုန်း၊ လျင်မြန်လွယ်ကူသောအသုံးပြုနည်း၊ နူူူးညံ့သော သစ်သားပုံ ဒီဇိုင်းမှစ၍ Metal ခံစားချက်အထိပါပေးစွမ်းနိုင်သည့် ဒီဇိုင်းစုံသောအလှပစ္စည်းဖြစ်ပါတယ်။ ကိုရီယားနိုင်ငံမှထုတ်လုပ်ပြီး အရွယ်အစားအားဖြင့် ( 4’ x 164’ ) တို့ရရှိနိုင်ပါတယ်။


      3M Safety Glass Film ]
      သဘာဝဘေးဆိုတာ လူသားတို့မဖိတ်ခေါ်ဘဲ ရောက်လာတတ်သည် မဟုတ်ပါလား။ မှန်များကို နှစ်ခြိုက်သူများအနေနဲ့ ဒီအချက်ကနေ ကာကွယ်နိုင်ဖို့ အတွက်လည်း safety glass film နဲ့ထပ်ပြီး မိတ်ဆက်ပေးချင်ပါတယ်။ မှန်အပေါ်မှာထပ်မံကပ်ရတဲ့ sticker အမျိုးအစား film ဖြစ်ပြီး texture မပါတဲ့ အကြည်ရောင် Film များပဲဖြစ်ပါတယ်။


      Safety Glass Film က မှန်ကွဲသွားသောအခါ မှန်စများ ပြန့်ကျဲခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် မှန်ကိုအလွယ်တကူ ထုခွဲဖျက်ဆီးမရနိုင်သောကြောင့် အကောင်းဆုံးသော ခုခံကာကွယ်မှုစနစ်အနေဖြင့် လုံခြုံရေးအတွက် အထူးကောင်းမွန်သော ပစ္စည်း ဖြစ်ပါတယ်။


      မှန်တွင် စွဲမြဲစွာကပ်နေပြီး မှန်ကွဲစများကို ထိန်းပေးသောကြောင့် လူကိုထိခိုက်ခြင်းမှလည်း ကင်းဝေးစေနိုင်ပါတယ်။ ငလျင်၊ မုန်တိုင်းဒဏ်နှင့် ရာဇဝတ်မှုများအတွက် ကာကွယ်ပေးနိုင်ပြီး စိတ်ချရတဲ့ပစ္စည်းဖြစ်ပါတယ်။ ကိုရီယားနိုင်ငံမှ ထုတ်လုပ်ပြီး စိတ်ချရတဲ့ပစည်းဖြစ်ပါတယ်။ ကိုရီယားနိုင်ငံမှ ထုတ်လုပ်ပြီးအရွယ်အစားအားဖြင့် (5.65’ x 100’ ) တို့ရရှိနိုင်ပါတယ်။ စာဖတ်ပရိသတ်ကြီးလည်း မိမိအိမ်အတွက် သင့်တော်မယ့်အမျိုးအစားကိုစိတ်ကြိုက်ရွေးချယ်အလှဆင်ရင်းစိတ်ချမ်းသာနိုင်ကြပါစေ၊ ဤ ဆောင်ပါးအတွက်လိုအပ်သော အချက်များကို Myanmar Living Construction & Decoration မှ ပံ့ပိုးကူညီပေးထားပါသည်။

      Download eBook version as a FREE!

      လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်