Month: March 2020

အိမ်မှအလုပ်လုပ်ဖို့အတွက် နည်းလမ်းကောင်းများ (၂)

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
March 31, 2020 နေ့
ဆောင်းပါး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

(၁) သင့်မနက်ခင်းကို တိုးတက်အောင် ပြုလုပ်ပါ။
အိမ်ကနေပြီး အလုပ်လုပ်ရတာ ပျော်စရာကောင်းတဲ့အချက်က ရုံးသွားဖို့အတွက် အိမ်ကနေ စောစောထွက်ဖို့မလိုတာပါ။ အဲ့သည်လိုဆိုပေမယ့် သင်ပုံမှန်ထနေကြအချိန်မှာ အိပ်ယာမထဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင်ပုံမှန်ထနေကြအချိန်မှာ ထပြီး သင့်အိမ်တွင်းမှာပဲ ပုံမှန် လမ်းလျှောက်တာမျိုး ပြုလုပ်ပေးပါ။


(၂) Alarm ပေးထားပါ။
ရုံးမသွားရလို့ မနက်စောစောထဖို့ မလိုဘူးဆိုရင်တောင်မှ အရင်နေ့ရက်တွေတိုင်းအိပ်ယာထဖို့ကို Alarms တွေ ပေးထားဖို့ လိုပါတယ်။ ထိုသို့ ပြုလုပ်ပေးခြင်းက ညဘက် အိပ်ယာစောစောဝင်ဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အချန်ဇယားတစ်ခုကိုလည်း ရရှိနိုင်ပါတယ်။ အလေ့အကျင့်ဆိုတာဟာ လူသားတွေ ပြုလုပ်နိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ ကျွန်တော်တို့ပြုလုပ်ရမယ့် အစီအစဉ်တွေ၊ အချိန်ဇယားတွေနဲ့ မှီခိုရှင်သန်နေရတာပါ။ Alarm ပေးတာဟာ မနက်ခင်းအိပ်ယာနိုးထဖို့ တစ်ခုတည်းအတွက်တင်မဟုတ်ဘဲ နေ့ခင်းစာအတွက်၊ သင်ပြုလုပ်ရမယ့် အရာရာတိုင်းအတွက်ပါ alarm ပေးထားဖို့အတွက် ဖြစ်ပါတယ်။
ကိုယ့်လုပ်ငန်းအောင်မြင်ဖို့၊ အလုပ်အပေါ်အာရုံစူးစိုက်နိုင်ဖို့ တိကျသေချာတဲ့ အလုပ်ချိန်သတ်မှတ်ပေးပြီး လိုက်နာကျင့်သုံးပေးပါ။


(၃) လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းဟာ သင့်စိတ်ကို ပျော်ရွင်လန်းဆန်းစေရုံသာမက သင့်အလုပ်အောင်မြင်ဖြစ်ထွန်းဖို့အတွက် အလုပ်အပေါ်ထားရှိတဲ့ သင့်ရဲ့ စိတ်ဝင်စားမှု level ကိုပါ မြင့်တက်လာစေနိုင်ပါတယ်။
မနက်ခင်းအိပ်ယာနိုးနိုးခြင်း စိတ်လတ်တက်ကြွဖို့အတွက် စိတ်ခွန်အားဖြစ်စေတဲ့ စာတွေရေးပြီး သင့်အိပ်ယာဘေးမှာ ကပ်ထားနိုင်ပါတယ်။


(၄) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပေးပါ။
အိမ်မှာအလုပ်လုပ်လို့ကောင်းတဲ့ နောက်ထပ်တစ်ချက်က မီးဖိုချောင်ကို သင်ကြိုက်သလို ဝင်ထွက်သွားလာနိုင်ခြင်းဖြစ်ပါတယ်။ နေ့လည်စာစားဖို့ အချိန်ကျလာတာပဲဖြစ်ဖြစ်၊ ခဏနားချိန်အစာပြေစားဖို့ပဲဖြစ်ဖြစ် အာလူးချောင်းကြော်၊ ကွက်ကီးနဲ့ ပီဇာတို့လို မုန့်မျိုးတွေကို ချက်ချင်းသွားယူ စားသောက်လို့ရပါတယ်။
အိမ်မှာမဟုတ်ဘဲ ရုံးမှာအလုပ်လုပ်ရတဲ့အခါ ရုံးကကန်တင်းမှ ရှိတာကိုပဲစားရတာမျိုး၊ အိမ်ကသယ်လာတာမျိုးကိုပဲ စားရတာမျိုးဖြစ်ပါတယ်။ သို့ပေမယ့် သုတေသနတွေမှာ ပြောထားတာက သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးတာဟာ ကိုယ့်အောင်မြင်မှုနဲ့ တိုက်ရိုက်ဆက်နွယ်မှုရှိတယ်လို့ ပြောထားပါတယ်။ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ အစာတွေကို မစားပဲ အာဟာရဖြစ်စေမယ့် အစားအစာတွေကိုပဲ ရွေးချယ်စားသုံးပေးပါ။


(၅) တစ်ခဏမျှ အနားယူပါ။
အိမ်ကနေအလုပ်လုပ်တာဟာ စိတ်အနှောက်အယှက်နည်းတာကြောင့် အလုပ်ပိုပြီးမြောက်မယ်လို့ ထင်တတ်ကြပါတယ်။ သို့ပေမယ့် တခါတလေမှာ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းသွားစေနိုင်တဲ့ အလုပ်အလွန်အကျွံလုပ်ခြင်းနဲ့ပဲ သင့်တစ်နေ့တာ ပြီးဆုံးသွားတတ်ကြပါတယ်။ ခဏလောက်ပဲဖြစ်ဖြစ် အလုပ်တွေအားလုံးမှ အနားပေးဖို့ လိုပါတယ်။ ခဏလောက်အနားယူလိုက်တယ်ဆိုပေမယ့် သင်နားလိုက်တဲ့ အချိန်ခဏဟာ သင့်ရဲ့ ဖန်တီးနိုင်မှုနဲ့ စွမ်းဆောင်ရည် အမှန်အကန် တိုးတက်လာနိုင်ပါတယ်။ တစ်နေ့တာအတွက် သင်ဆွဲထားတဲ့ အချိန်ဇယားတိုင်းမှာ ငါးမိနစ်စီ break ပေးခြင်း ပြုလုပ်ပေးနိုင်ပါတယ်။


(၆) ဗွီဒီယိုချက်တင်လုပ်ပါ။
Remote workers တွေအတွက် ဗွီဒီယိုချက်တင်ပြုလုပ်တာက တကယ်လိုအပ်ပါတယ်။ အိမ်မှာတစ်ယောက်တည်း အလုပ်လုပ်ရတာ ပျင်းစရာကောင်းနေနိုင်တာကြောင့် သင့်ဖောက်သည်၊ သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဗွီဒီယိုချက်တင်ပြုလုပ်ပေးပါ။ ဗွီဒီယိုချက်တင်ပြုလုပ်တဲ့အခါ တခြားရယ်မောစရာတွေပါ ထည့်ပြောပါ။ ယခုလက်ရှိအလုပ်အနေအထားအရ သင့်အသိမိတ်ဆွေ၊ သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဗွီဒီယိုကွန်ဖရင့်ဆွေးနွေးခြင်းဖြင့် သင့်တစ်နေ့တာ ကုန်ဆုံးသွားနိုင်ပါတယ်။ ဗွီဒီယိုချက်တင်ပြုလုပ်တဲ့အခါ ကြည့်ရအဆင်ပြေအောင် အခန်းကောင်းကောင်း၊ နေရာကောင်းကောင်းမှာ ချက်တင်ပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။


(၇) သင် အလုပ်ကို အိမ်မှဆက်လက်လုပ်ဆောင်နေကြောင်းကို ကြေညာပါ။
သင်က အိမ်မှာနေပြီးအလုပ်လုပ်နေပေမယ့် သင့်ရဲ့ဖောက်သည်တွေနဲ့ အသိမိတ်ဆွေတွေက သင်အိမ်မှ အလုပ်ဆက်လုပ်နေမှန်း မသိကြတဲ့အခြေအနေမျိုးရှိနေနိုင်ပါတယ်။ ဒီအခြေအနေဟာ သင့်လုပ်ဖောက်ကိုင်ဖက်နဲ့ အတူပူးပေါင်းဆောင်ရွက်ဖို့၊ အဝေးကနေ အလုပ်လုပ်ဖို့ အခက်အခဲရှိတာကြောင့် သင့်အဖွဲ့နဲ့ အမြဲတမ်းထိတွေ့မှုရှိမနေခြင်းဟာ စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။
အိမ်မှာအလုပ်လုပ်ရာတွင် အခြားလုပ်ဖော်ကိုင်ဖက်များ အထင်အမြင် လွဲမှားစေနိုင်သည့် အပြုအမူများကို ရှောင်ကျဉ်ပါ။
သင်အိမ်မှာ အလုပ်လုပ်နေတဲ့အချိန်ဇယားနှင့် သင့်ကို မည်သို့ ဆက်သွယ်လို့ ရနိုင်ကြောင်းကို သင့်လုပ်ဖော်ကိုင်တွေကိုပါ ပြောပြထားပေးပါ။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ
  • ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
  • ကလေးတို့အတွက် စာကြည့်စားပွဲနဲ့ထိုင်ခုံ ရွေးချယ်နည်း

အိမ်မှအလုပ်လုပ်ဖို့အတွက် နည်းလမ်းကောင်းများ (၁)

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
March 29, 2020 နေ့
ဆောင်းပါး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

သင်ဟာ ရုံးမသွားဘဲ အိမ်မှာပဲ အလုပ်လုပ်ဖို့ စီစဉ်နေတဲ့သူလား??? အဲ့လိုဆိုရင်တော့ သင်ဟာ remote worker တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ယခုပြောပြသွားမယ့်နည်းလမ်းတွေဟာ contributor တစ်ဦးတစ်ယောက်ချင်းစီအတွက်တင်မဟုတ်ဘဲ managers တွေ team leaders တွေနဲ့ပါ သက်ဆိုင်ပါတယ်။ အရင်အချိန်အခါတုန်းက အိမ်မှာနေပြီးအလုပ်လုပ်တာဟာ ဇိမ်ခံခြင်းတစ်မျိုးဖြစ်ခဲ့ပေမယ့် ယခုအခါမှာတော့ အိမ်မှာနေပြီးအလုပ်လုပ်တာဟာ ကုမ္ပဏီကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းလေးတွေကြားမှာ အဓိကအထောက်အပံ့တစ်ခုအနေနဲ့ဖြစ်လာပါတယ်။ အဲ့ဒါဘာ့ကြောင့်လဲလို့မေးရင် အကျိုးဖြစ်ထွန်းလို့၊ စွမ်းဆောင်ရည်မြင့်မားလို့ပါပဲလို့ ဖြေရမှာပါပဲ။
အိမ်ကနေ အလုပ်လုပ်တာဟာ တော်တော်လေးကောင်းပါတယ်။ ဒါပေမယ့် သေသေချာချာ မစီမံဘူးဆိုရင်တော့ အခက်တွေ့နိုင်ပါတယ်။
(၁) အလုပ်လုပ်ဖို့်အတွက် အတည်တကျရှိမယ့် နေရာတစ်ခု ဖန်တီးပါ။
အိမ်ကနေမှအလုပ်လုပ်မယ်ဆိုရင် ပထမဆုံးတစ်ချက်က အလုပ်ပြီးမြောက်ဖို့အတွက် နေရာတစ်ခုဖန်တီးဖို့လိုပါတယ်။ ရုံးခန်းတစ်ခုအနေနဲ့ဖန်တီးဖို့ သင့်နေရာဟာ ဘာမှမရှိတဲ့အခန်းလည်းဖြစ်နိုင်သလို အရံအိပ်ခန်းတစ်ခန်းလည်း ဖြစ်နေနိုင်ပါတယ်။ အကယ်၍ သင့်မှာ နေရာအခက်အခဲရှိနေတယ်ဆိုရင် ကွန်ပျူတာနဲ့ ရုံးအသုံးအဆောင်ပစ္စည်းတွေထားဖို့ စားပွဲခုံတစ်လုံးထားပေးပြီး အသုံးပြုနိုင်ပါတယ်။ သက်သောင့်သက်သာရှိစေမယ့် ပရိဘောဂ ပစ္စည်းမျိုးကို အသုံးပြုပေးဖို့ အကြံပေးချင်ပါတယ်။ သင့်အခန်းရဲ့ နေရာအကျယ်အနေအထားနဲ့ သင့်လျော်မယ့် စားပွဲခုံ၊ စာအုပ်စင်နဲ့ ကုလားထိုင်တို့ကို ရွေးချယ်အသုံးပြုပေးပါ။
သင်ကနေရာအတွက်ကို သိပ်ပဓာန မထားတတ်ဖူးဆိုရင် သင့်အိမ်တွင်းမှာ အလုပ်လုပ်နိုင်ဖို့ နေရာတစ်ခုဖန်တီးပေးပြီး ထိုနေရာမှာပဲ အလုပ်လုပ်ဖို့ကို ဆုံးဖြတ်ထားပါ။ သင်အလုပ်လုပ်မယ့် နေရာဟာ တိတ်ဆိတ်ငြိမ်သက်နေဖို့ လိုပါတယ်။ ဒါမှလည်း သင့်ရဲ့အလုပ်အပေါ် အာရုံစူးစိုက်နိုင်မှာပဲဖြစ်ပါတယ်။


(၂) အရည်အသွေးမြင့်စက်ပစ္စည်းတွေ အသုံးပြုပါ။
သင်အိမ်မှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ဘာပစ္စည်းတွေ လိုအပ်မလဲဆိုတာကို စာရင်းပြုလုပ်ပါ။ ရုံးမှ သင်အသုံးပြုနေကြပစ္စည်းတွေထဲကမှ ဘာတွေက အိမ်မှာရှိပြီးသားလဲ၊ ဘယ်ပစ္စည်းတွေ သယ်ယူဖို့လိုမလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာပါ။


အိမ်မှာနေပြီး အလုပ်လုပ်ပြီဆိုကတည်းက messages ပို့ပြီးစကားပြောတာထက် ပိုလိုအပ်ပါတယ်။ ထိုအခါ သင်လည်း internet router လိုအပ်လာပါလိမ့်မယ်။ အလုပ်ရဲ့သဘောသဘာဝအရ computer hardware နဲ့ software တွေကို ဝယ်ဖို့ဖြစ်လာနိုင်ပါတယ်။ လိုင်းဆွဲအားကောင်းတဲ့ internet router ထားရှိပေးတာဟာ အခက်အခဲတွေအများကြီးကို လျော့သွားစေနိုင်ပါတယ်။


(၃) အလုပ်ချိန် သတ်မှတ်ပါ။
ယခုသင်ဟာ စားပွဲ နဲ့ ထိုင်ခုံအတွက် နေရာပြင်ဆင်ပြီးသွားပြီဆိုတော့ အလုပ်စလုပ်ဖို့ အချိန်ကျလာပါပြီ။ သင်က အိမ်ကနေမှ အလုပ်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချထားရင် အလုပ်လုပ်ဖို့အတွက်ကိုလည်း အချိန်သတ်မှတ်ပေးဖို့လိုပါတယ်။
အိမ်မှာနေပြီး အလုပ်လုပ်ရတဲ့ အကောင်းဆုံးအချက်က သင့်ရဲ့အလုပ်ချိန်ကိုပြောင်းရာမှာ ပြောင်းလွယ်ပြင်လွယ်ရှိခြင်းဖြစ်ပါတယ်။ ဥပမာ – သင်က မနက်ပိုင်းမှာ အလုပ်လုပ်ရတာ ပ်ုဖြစ်ထွန်းတယ်ထင်ရင် အလုပ်ချိန်ကို မနက် (၇) ကနေ နေ့လည် (၃) နာရီအထိ ထားပေးနိုင်ပါတယ်။ သင့်ရဲ့အလုပ်ချိန်ကို ပိုပြီးထိထိရောက်ရောက် စီမံခန့်ခွဲဖို့ စာအုပ်တွေလည်း ဖတ်ပေးဖို့ လိုပါတယ်။


(၄) လုပ်နိုင်စွမ်းထက် ပိုလုပ်တာမျိုးကို ရှောင်ကျဉ်ပါ။
အိမ်မှာလုပ်ရတဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုဟာ သင့်နေ့စဉ်ကိုယ်ပိုင်ဘဝမှာ စိတ်ရှုတ်နေစေနိုင်ပါတယ်။ အဲ့ဒါဘာ့ကြောင့်လဲဆိုတော့ သင်ဟာ အမြဲအိမ်မှာရှိနေမယ်၊ သင့်အလုပ်ကလည်းအိမ်နဲ့ နီးနေမယ်ဆိုရင် သင့်လွတ်လပ်တဲ့ ကိုယ်ပိုင်အချိန်တွေထဲကိုလည်း အလုပ်တွေ ဝင်ရောက်လာနိုင်လို့ဖြစ်ပါတယ်။ ဒါပေမယ့် သင်ခွင့်ပြုမှသာ သင့်ဘဝထဲကို ရောက်လာမှာဖြစ်ပါတယ်။
တိကျတဲ့ အလုပ်ချိန်ပြောင်းလဲသတ်မှတ်ပေးပါ။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် သင့်ရဲ့စွမ်းဆောင်ရည် တိုးတက်မြင့်မားလာနိုင်သလို ပိုပြီးပြည့်စုံတဲ့ အလုပ်ချိန်ဇယားတစ်ခုလည်း ရရှိလာနိုင်ပါတယ်။


(၅) သင့်ရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံးအချိန်ကို ရှာဖွေပါ။
နေ့တစ်နေ့တာမှာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်အမြင့်မားဆုံးအချိန်တွေကလည်း မတူညီကြပါဘူး။ ဥပမာ – တချို့က မနက်ပိုင်းသမားတွေဖြစ်ပါတယ်။ သူတို့ဟာ မနက်ပိုင်းမှာပဲ အာရုံစူးစိုက်လေ့ရှိပြီး မနက်ပိုင်းမှာပဲ စွမ်းဆောင်ရည် ပိုမြင့်မားတတ်ကြပါတယ်။ တချို့လူတွေအဖို့ ညနေပိုင်းမှာ အလုပ်လုပ်ရတာဟာ သူတို့အတွက် စွမ်းဆောင်ရည် အမြင့်မားဆုံးအချိန်ဖြစ်နေတတ်ပါတယ်။ သင်လည်း သင့်အတွက် စွမ်းဆောင်ရည် အမြင့်မားဆုံးအချိန်ကို ရှာဖွေပြီး အလုပ်အချိန်ဇယားတစ်ခု ဖန်တီးပါ။


(၆) မနက်ခင်းတိုင်းမှာ သင်လုပ်ဆောင်ရမယ့် စာရင်းကို အသစ်ပြောင်းလဲပေးပါ။
အိမ်ကနေအလုပ်လုပ်ရတဲ့အခါ သင့်ကိုဖိအားဖြစ်စေမယ့် သင့်အထက်လူကြီး သင့်ဘေးမှာရှိမနေတာဟာ တစ်နေ့တာအတွက် သင်လုပ်ရမယ့် အလုပ်တွေကို လစ်ဟမသွားစေဖို့ စိန်ခေါ်နေသလိုပါပဲ။ သင်လုပ်ရမယ့် အလုပ်တွေကို ပြန်လည်ဆန်းစစ်ခြင်းအားဖြင့် သင့်တစ်နေ့တာကို စတင်ပါ။ လုပ်ရမယ့် စာရင်းတွေကို ရေးမှတ်ထားပြီး ပြီးဆုံးအောင်လုပ်ဆောင်ပါ။ လုပ်ဆောင်ရမယ့် အလုပ်တစ်ခုချင်းစီအတွက် အချိန်ကန့်သတ်ပေးပါ။ ရည်မှန်းချက်တွေထားပေးပါ။ သင်လုပ်ရမယ့် စာရင်းတွေထဲက တစ်ခုပြီးမြောက်သွားတိုင်း ကြက်ခြေခတ်လိုက်ပါ။ ဒီလို ရိုးရိုးရှင်းရှင်းနည်းလမ်းလေးတွေက ပိုထိရောက်ပြီး ပြည့်စုံပါတယ်။


(၇) စာရင်းဇယား အသုံးပြုပါ။
ပြက္ခဒိန်နဲ့ စာရင်းဇယားအသုံးပြုတာကို အကျင့်ဖြစ်အောင်လုပ်ပါ။ ဥပမာ – သင်ဟာ အိမ်ကနေမှ အလုပ်လုပ်မယ်၊ ဒါပေမယ့် သွားစရာလည်းရှိနေသေးတယ်ဆိုရင် လုပ်စရာတွေကို ရေးမှတ်ထားတဲ့ စာရင်းဇယားအသုံးပြုတဲ့ အမူအကျင့်လေးပြုလုပ်ပေးပါ။ Deadlines သတ်မှတ်ပေးထားပါ။ Appointments နဲ့ meetings တွေအတွက်ပါ စာရင်းဇယားလုပ်ပြုလုပ်ပါ။ ရုံးမှာအလုပ်လုပ်တာပဲဖြစ်ဖြစ်၊ အိမ်မှာအလုပ်လုပ်တာပဲဖြစ်ဖြစ် သင်လုပ်ရမယ့်အလုပ်တွေနဲ့ သင့်ရဲ့ လှုပ်ရှားမှုတွေအားလုံးအတွက် စာရင်းဇယားဆွဲပါ။ အစီအစဉ်ချမှတ်ပြီးတာနဲ့အမျှ လုပ်ဆောင်ပါ။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ
  • ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
  • ကလေးတို့အတွက် စာကြည့်စားပွဲနဲ့ထိုင်ခုံ ရွေးချယ်နည်း

Living With Orange

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
March 24, 2020 နေ့
Promotionဆောင်းပါး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

မိမိအိမ်လေးကို အုံ့ဆိုင်းမှောင်မိုက်ခြင်းမှကင်းဝေးစေပြီး အမြင်လှစေမယ့် အရောင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီတစ်ပါတ်အတွက် ရွေးချယ်ထားတဲ့ အရောင်လေးကတော့ လိမ္မော်ရောင်ပဲဖြစ်ပါတယ်။

လိမ္မော်ရောင်ဟာ လင်းလက်တောက်ပမှုနဲ့အတူ နွေးထွေးမှုကိုလည်းပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် စိုစွတ်အုံ့ဆိုင်းတဲ့ ရာသီအနေအထားမျိုးမှာ လိမ္မော်ရောင်ကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

မိမိရဲ့အိမ်ကလေးကို လိမ္မော်ရောင်နဲ့ အလှဆင်ထားမယ်ဆိုရင်တော့ အပြင်က ရာသီဥတုနဲ့ဆန့်ကျင်တဲ့ နွေးထွေးတောက်ပမှုကို အမှန်တကယ်ရရှိစေမှာဖြစ်ပါတယ်။

လိမ္မော်ရောင်နဲ့လိုက်ဖက်တဲ့အရောင်များကတော့ ခဲရောင်၊ ရွှေရောင်၊ အစိမ်းရောင်တို့ပဲဖြစ်ပါတယ်။ အနက်ရောင်ကတော့ အလိုက်ဖက်ဆုံးအရောင်ပဲဖြစ်ပါတယ်။


ဆန်းသစ်တဲ့ အတွေးသစ် စိတ်ကူးသစ်တွေ ဖန်တီးရာမှာ ပတ်ဝန်းကျင်ကလည်း တွန်းအားတစ်ခုပါပဲ။ မိမိအနားယူအိပ်စက်ရာ အိပ်ခန်းလေးကို နွေးထွေးတဲ့ လိမ္မော်ရောင်လေးနဲ့ လွှမ်းခြုံထားနိုင်ပါတယ်။


အခန်းတစ်ခုလုံးကို လိမ္မော်ရောင်တွေ ခြယ်သ အလှဆင်ထားတဲ့ ဧည့်ခန်းလေးကတော့ နွေးထွေးမှုတွေကို အပြည့်အဝပေးစွမ်းနိုင်မယ့် ဖန်တီးမှုပါ။


မိသားစုရဲ့နွေးထွေးမှုကို အပြည့်အ၀ ခံစားနိုင်တဲ့ ထမင်းစားခန်းလေးမှာလည်း လိမ္မော်ရောင်လေးသုံးထားမယ်ဆိုရင်တော့ နွေးထွေးမှုဟာ ပိုမိုပြည့်စုံသွားစေမှာပါ။

လိမ္မော်ရောင်ကို ကြည်ပြာ၊ ခဲ၊ အဖြူတို့နဲ့လည်း ရောစပ်အသုံးပြုနိုင်ပါတယ်။ ဒီတစ်ပါတ်ဖော်ပြပေးတဲ့ လိမ္မော်ရောင်ကို အသုံးပြုပြီး မိမိအိမ်ကလေးကို နွေးထွေးသော အိမ်ကလေးတစ်လုံးအဖြစ် ဖန်တီးနိုင်ကြပါစေ။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ
  • ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
  • ကလေးတို့အတွက် စာကြည့်စားပွဲနဲ့ထိုင်ခုံ ရွေးချယ်နည်း