Month: January 2020

ads

ဇန်နဝါရီလ ၂၇ရက်နေ့ ၂၀၂၀ခုနှစ် ရန်ကုန်တွင် အာဆီယံ၏ထိပ်တန်းစီးပွားရေးလုပ်ငန်းစုဖြစ်သော SCG မှ အလှူငွေ ၇၇၄၂၀၅၀၀ ခန့်ကို မြန်မာနိုင်ငံတစ်ဝှမ်းမျက်စိတိမ်စွဲဝေဒနာရှင်များနှင့် မျက်စိရောဂါခံစားနေရသူများကို ကုသစောင့်ရှောက်မှုပေးနေသော သီတဂူမျက်စိဆေးရုံတည်ထောင်သူ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရထံသို့ပေးအပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါလှူဒါန်းခြင်းအစီအစဉ်သည် SCG၏မျက်စိတိမ်စွဲခြင်းနှင့် မျက်လုံးကျန်းမာရေးနှင်ပတ်သက်ပြီး သတင်းအချက်အလက်များနှင့်အကြံပြုချက်များ မျှဝေပေးသည့် လူထု အကျိုးပြုအစီစဉ်တစ်ခုဖြစ်သော Sharing A Brighter Vision ကြည်လင်သောအမြင်အာရုံ မျှဝေခြင်း အစီအစဉ်ကိုအခြေပြုပြီး မြန်မာအမျိုးသားဘောလုံးကစားသမားကိုအောင်သူနှင့် အတူ မျကိကျန်းမာရေးအရေးကြီးမှုများကို မြန်မာနိုင်ငံတစ်ဝှမ်းမှပြည်သူများ ပိုမိုသိရှိနားလည်စေရန်နှင့်ပြည်သူများကို အလှူဒါန်းများဖြင့် ဝိုင်းဝန်းကူညီရန်ဖိတ်ကြားသည်ဖြစ်သည်။


၂၀၁၉ ခုနှစ်တွင် SCG သည် မျက်စိစောင့်ရှောက်မှုနှင့် ပတ်သက်ပြီးအသိပညာများ တိုးပွားရန်ရည်ရွယ်ကာ မျက်စိကျန်းမားရေးလှုပ်ရှားအစီအစဉ် တစ်ရပ်ကိုပြုလုပ်ခဲ့ပြီး စောင့်ရှောက်မှုနှင့်ပတ်သက်ပြီးအသိပညာများပိုမိုတိုးလာရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိပါသည်။ SCG ၏ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံတဝှမ်းရှိပြည်သူများသည် Sharing A Brighter Vision 2019 အစီအစဉ်မှ တစ်ဆင့် ဒေသတွင်းရှိ မျက်စိကျန်းမာရေးစောင့်ရှောက်မှုနှင့် အတွင်းတိမ်ရောဂါကုသခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်းတို့ကို ကူညီပေးခဲ့ပါသည်။ SCGသည် (၂၀၁၉ ခုနှစ် သြဂုတ်လမှ အောက်တိုဘာလအထိ) SCG ဘိလပ်မြေဝယ်သူများကို အဆိုပါလှုပ်ရှားမှုအစီအစဉ်တွင်ပါဝင်နိုင်ရန် အဆိုပါလှုပ်ရှားမှုစတင်စဉ်အတွင်းSCG ၏ အကောင်းအမွန်ဆုံးနှင့် အရည်သွေးမြင့်မားတဲ့ ဘိလပ်မြေတစ်အိတ် ဝယ်ယူတိုင်း SCG မှ ၂၀ကျပ်တိတိကို အမြင်အာရုံချို့တဲ့သူများ အားကုသနိုင်ရန်အတွက် သီတဂူမျက်စိဆေးရုံသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ လူကြိုက်များဘောလုံးအားကစားသမားကို အောင်သူအနေနှင့်လဲ အဆိုပါလှုပ်ရှားအစီအစဉ်ကို ပိုမိုသိရှိစေရန် ထောက်ပံ့ကူညီပေးခဲ့ပါသည်။ ဤလှုပ်ရှားမှုအစီအစဉ်သည် အခြားနေရာဒေသများမှမျက်စိဝေဒနာရှင်များကို ကုသခြင်းအပြင် မျက်လုံးကျန်းမာရေးနှင့်ပတ်သက်၍ အချိန်မှီကြိုတင်ကာကွယ်ရေးနှင့် စောင့်ရှောက်မှုပေးနိုင်ရန်ကူညီဆောင်ရွက်မည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရမျက်စိဝေဒနာခံစားနေရသူပေါင်း ၁၈၀၀၀၀၀ ခန့်ရှိပြီး သုတေသနပြုချက်များအရ မျက်စိဝေဒနာရှင်တစ်ဦးချင်းအားဖြင့် အတွင်းတိမ်ရောဂါကုသရာတွင် ငွေကျပ် ၁၀၀၀၀၀ကျပ်ခန့်အထိ ကုန်ကျနေသောကြောင်းသိရှိရပါသည်။ ငွေကြေးဆိုင်ရာနှင့် သတင်းအချက်ပိုင်းဆိုင်ရာအစရှိသောအခက်အခဲများကြောင့် ကုသမှုကို အချိန်ပြုလုပ်နိုင်ခြင်းမရှိကြောင်းကိုလဲသိရသည်။


ဤသို့သောအခြေအနေအရပ်ရပ်များကြောင့် SCG သည် မြန်မာနိုင်ငံလူ့အသိုင်းအဝိုင်း၏ တာဝန်သိအဖွဲ့အဝင်တစ်ဦးအဖြစ် SCG ၏ ကတိကဝတ်လုပ်ဆောင်ချက်များ၏ တစိတ်တပိုင်းအဖြစ် ၂၀၁၅ခုနှစ်မှ စတင်ကာ ကြည်လင်သောအမြင်အာရုံမျှဝေခြင်း Sharing A Brighter Vision အမည်ဖြင့် လူထုအကျိုးပြုအစီအစဉ်တစ်ခုကိုလုပ်ဆောင်ခဲ့ပါတယ်။ ထို့အပြင် SCG သည် ပိုမိုကောင်းမွန်ပြီး ကျန်းမာသန်စွမ်းသော လူနေမှုအဆင့်အတန်းကိုမြှင့်တင်နိုင်ရန် ရေရှည်တည်တံ့သည့်လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးကိုအရှိန်မြင့်လုပ်ဆောင်နေခြင်းသည်လည်း အပါအဝင်ဖြစ်သည်။


SCG Myanmar ၏ Country Director ဖြစ်သူ Mr. Surachai Pornjindachote ကအလှူငွေပေးအပ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်မှာ ကျွန်တော်တို့အနေနဲ့ ဆရာတော်ဒေါက်တာ အရှင်ဉာဏိဿရရဲ့ သီတဂူမျက်စိဆေးရုံကို အလှူငွေများလှူဒါန်းနိုင်ခဲ့ခြင်းကို အလွန်ဝမ်းမြောက်ပြီးကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့တွေ့ရှိခဲ့တာကတော့ မျက်စိရောဂါဝေဒနာရှင်များအနေနဲ့ရောဂါများကို ကုသနိုင်ဖို့ အခက်အခဲအတာအဆီးတွေရှိနေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကိုယ်တိုင်နှင့်၎င်းတို့၏ မိသားစုများအတွက်ပိုမိုကောင်းမွန်သောနေထိုင်မှုရရှိရန် အခွင့်အလမ်းများကင်းမဲ့စေလျက်ရှိပါတယ်။ ကျွန်တော်တို့ SCG ကို ဝယ်ယူအားပေးကြသူများက ဒီလှုပ်ရှားမှုအစီအစဉ်ကိုအားတက် သရောပါဝင်ခဲ့ကြတဲ့ အတွက်ကျေးဇူးတင်းစွာဖြင့်အလှူငွေများစွာရရှိခဲ့ကြောင့် ပိုမိုကူညီပေးနိုင်ခဲ့ပါတယ်။ လူပေါင်း ၁၁၀၀ကျော်နှင့်မရေမတွက်နိုင်သောမိသားစု၏ပျော်ရွှင်မှုကိုကျွန်တော်တို့မြင့်တွေ့ခဲ့ရပြီး ဒီလူနာများကိုကူညီခြင်းကြောင့် သူတို့၏ဘဝအရည်အသွေးကို တိုးတက်စေနိုင်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်။ သူတို့ဟာအလုပ်ပြန်လုပ်နိုင်သည်၊ ဝင်ငွေရနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ လ့ူဘောင်ကို ဦးဆောင်နိုင်မှာဖြစ်ပြီး သူတို့ကိုယ်တိုင်နဲ့မိသားစုတွေကိုလည်း ပိုမိုဂရုစိုက်နိုင်မှာဖြစ်ပါသည်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ
  • ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
  • ကလေးတို့အတွက် စာကြည့်စားပွဲနဲ့ထိုင်ခုံ ရွေးချယ်နည်း

၂၀၂၀အတွက် တရုတ်နှစ်ကူးအပြင်အဆင်များ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
January 24, 2020 နေ့
ဆောင်းပါး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

တရုတ်နှစ်ကူးပွဲတော်ဆိုတာက အဓိပ္ပာယ်တွေပြည့်နှက်နေတဲ့ အပြင်အဆင်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ လုပ်ဆောင်ချက်တွေ အများကြီး ရှိနေရမယ့် ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကမ္ဘာကြီးရဲ့ဘယ်နေရာမှာပဲ သင်ရှိနေပါစေ ယခုရောက်ရှိလာမယ့် နီးကပ်နေတဲ့ နှစ်သစ်အတွက် အနီရောင်တောက်တောက်နဲ့ ဆုတောင်းစာတွေကို မြင်နိုင်ဖို့ သင့်မှာ အခွင့်အရေးရှိပါတယ်။ ပွဲတော်နဲ့ လိုက်ဖက်အောင်လည်း တရုတ်နှစ်သစ်ကူးအကျ ႌကို ဝတ်ဆင်ကြပါတယ်။ ခုပြောပြသွားမှာတွေကတော့ ပွဲတော်အတွင်း တန်ဆာဆင်လေ့ရှိတဲ့ အပြင်အဆင်တချို့အကြောင်းပဲ ဖြစ်ပါတယ်။

အလှညှပ်ထားသောစာရွက်များဖြင့် အလှဆင်ခြင်း
စက္ကူစာရွက်နဲ့အလှဆင်တာက တရုတ်ရိုးရာအရဖြစ်ပြီး ပွဲတွေတော်တော်များများမှာ အသုံးပြုကြပေမယ့် နှစ်သစ်ကူးပွဲတော်မှာအသုံးပြုတာက ပိုပြီးထင်ရှားသလို ပိုပြီး သိသိသာသာအသုံးပြုကြပါတယ်။ အထူးသဖြင့်တော့ စာရွက်ကို အလှပုံစံအမျိုးမျိုးညှပ်ပြီး ပြတင်းပေါက်မှာ အလှဆင်တာမျိုုးက ပိုများပါတယ်။ တရုတ်ရိုးရာဒဏ္ဍာရီကို ကိုယ်စားပြုတဲ့ နဂါးကို တချို့ ကြိုက်ကြပေမယ့် ငါး ကို အသုံးပြုပေးတာကလည်း မင်္ဂလာတစ်ပါးဖြစ်ပါတယ်။ သစ်သီးဝလံတွေရဲ့ ပုံဟာဆိုရင် ကောက်ရိတ်သိမ်းချိန် မျှော်လင့်ချက်ကို ကိုယ်စားပြုထားပါတယ်။ တရုတ်နှစ်သစ်ကူး အပြင်အဆင်တွေမှာ သင်္ကေတ ဒါမှမဟုတ် စာလုံးတွဲတွေနဲ့ အလှဆင်ကြတာမျိုးလည်း ရှိပါတယ်။


တံခါးစောင့်ဘုရား ကွမ်းကုံး
တရုတ်ရိုးရာ ယုံကြည်ကိုးကွယ်ကြတဲ့ နတ်ဘုရားတွေ အများကြီးရှိပါတယ်။ ဒီထဲကမှ တံခါးစောင့်ဘုရား ကွမ်းကုံးတွေပဲ ဖြစ်ပါတယ်။ ကွမ်းကုံးရဲ့ ပုံတွေကို အိမ်ရဲ့ အဓိကတံခါးအဝင်ပေါက်မှာ ထားလေ့ရှိပါတယ်။ တရုတ်ရိုးရာအိမ်တွေမှာ ဆိုရင် အဓိက တံခါးဝင်ပေါက်မှာ တံခါးချပ်နှစ်ချပ် ပါရှိတာကြောင့် အမြဲတမ်း စုံလိုက် ဆိုတာမျိုးတွေကို တွေ့မြင်ရတာပါ။
ကွမ်းကုံးတွေရဲ့ မူလဒဏ္ဍာရီကို ပြောရမယ်ဆိုရင် တန် မင်းဆက် လက်ထက်ကပဲ ဖြစ်ပါတယ်။ ညတစ်ညမှာ အင်ပါယာမင်း တိုင်ဇွန်ဟာ မိစ္ဆာကောင်တွေရဲ့အော်သံတို့၊ အူသံတို့ကို ကြားနေရတဲ့အတွက် အင်ပါယာမင်းဟာ စစ်သူကြီးနှစ်ယောက်ကိုခေါ်ပြီး တံခါး ပိတ်လိုက်ဖို့ အမိန့်ပေးလိုက်ပါတယ်။ အဲ့အခါမှာ မိစ္ဆာကောင်တွေရဲ့ အော်ညည်းသံတွေ မကြားရတော့ပါဘူးတဲ့။ ဒါကြောင့် အင်ပါယာမင်းဟာ စစ်သူကြီးနှစ်ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ ပုံတူကို တံခါးမှာ ပန်းချီဆွဲပေးခဲ့ပါတယ်။ ဟိုးအရင်အချိန်အခါက ဒီအဖြစ်အပျက်ဟာ မကျော်ကြားခဲ့ပေမယ့်လည်း ယခုထက်ထိတိုင် တချို့လူတွေကတော့ သူတို့အိမ်ကို ငြိမ်းချမ်းမှုတွေ သယ်ဆောင်လာပေးတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ အိမ်တံခါးပေါက်မှာ ကပ်ကြလေ့ရှိပါတယ်။


ကံကောင်းခြင်းအဆောင်
လက်ရေးနဲ့ အလှစာလုံးရေးတာဟာလည်း တရုတ်လူမျိုးတို့ရဲ့ လူသိများတဲ့ အနုပညာ တစ်ခုပဲ ဖြစ်ပါတယ်။ ကျက်သရေမင်္ဂလာနဲ့ ပြည့်နှက်နေတဲ့ ဆုတောင်းစာတွေကို ကိုယ်စားပြုထားတဲ့ စာလုံးတွေကို အနီရောင် လေးထောင့်စာရွက်ပေါ်မှာ ရေးကြလေ့ရှိပြီး နံရံ၊ အိမ်တံခါးနဲ့ ပြတင်းပေါက်တွေမှာ ကပ်လေ့ရှိကြပါတယ်။ နှစ်သစ်ကူးမှာ အသုံးပြုတဲ့ စာလုံးကတော့ ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးတဲ့ အဓိပ္ပာယ်ရှိတဲ့ ဖု (fu) ဆိုတဲ့ စာလုံးပဲ ဖြစ်ပါတယ်။ တရုတ်လူမျိုးတွေက သနားကြင်နာတတ်တဲ့ ဧကရီဘုရင်မကို ဂုဏ်ပြုတဲ့အနေနဲ့ fu စာလုံးပါတဲ့ စာရွက်ကို ဇောက်ထိုးကပ်လေ့ရှိပါတယ်။
လူတွေကလည်းပဲ အဲ့ဒီလို ဇောက်ထိုးကပ်ဖို့ကို လိုလားကြပါတယ်။ တရုတ်ရိုးရာမှာဆိုရင် ဇောက်ထိုးကပ်ထားတာဟာ ‘here’ ဆိုတဲ့ ဧကဝုစ်ကိန်းပုံစံပဲ ဖြစ်ပါတယ်။ အဲ့ဒီဒဏ္ဍာရီရဲ့ မူလဟာ ဧကရာဇ်မင်းတစ်ပါးက fu ဆိုတဲ့ စကားလုံးကို နှစ်ကူးနေ့အိမ်ရဲ့ တံခါးတွေမှာ ကပ်ကြဖို့ လူတွေကို အမိန့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အိမ်တစ်အိမ်ဟာ အဲ့ဒီစာလုံးကို မှားပြီး ပြောင်းပြန် ကပ်မိပါတယ်။ နှစ်သစ်ကူးနေ့လည်းရောက်ရော ဧကရာဇ်မင်းဟာ လူတွေဟာ သူ့ရဲ့ အမိန့်ကို လိုက်နာလား မလိုက်နာလား သိဖို့ တပ်သားတွေ စေလွှတ်ပြီး စစ်ဆေးခိုင်းပါတယ်။ တပ်သားတွေဟာ ဇောက်ထိုးမှားပြီး ကပ်ထားတာကို မြင်ပြီး အဲ့ဒီမိသားစုကို သေဒဏ်ပေးပေးဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ ကံကောင်းစွာနဲ့ပဲ အဲ့အချိန်မှာ ဧကရီဘုရင်မ ရောက်ရှိလာပြီး ပညာသားပါပါနဲ့ အဲ့ဒီလို ဇောက်ထိုးကပ်လိုက်တာဟာ တရုတ်အသံထွက် ‘here’ဆိုတဲ့ စာလုံးနဲ့ တူပါတယ်။ ဒါကြောင့် ဒီမိသားစုပြောချင်တာဟာ ကံကောင်းခြင်းတွေဟာ ဒီမှာပါ ဆိုတာကို ပြောချင်ကြောင်း ဧကရီဘုရင်မဟာ ပညာသားပါပါနဲ့ ရှင်းပြခဲ့ပါတယ်။ နောက်တော့ ဧကရီဘုရင်မဟာ အဲ့ဒီမိသားစုကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ယနေ့ထိတိုင် ဧကရီဘုရင်မကို အမှတ်ရတဲ့အနေနဲ့ fu စာလုံးကို ဇောက်ထိုးကပ်ကြလေ့ရှိပါတယ်။


နွေဦးရာသီပွဲတော်ကဗျာများ
ဟိုးလွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအကြောင်းကို လှန်ပြန်ကြည့်ကြမယ်ဆိုရင် ပွဲတော်အတွက် စပ်ဆိုထားတဲ့ ကဗျာတွေဆိုတာ ခုချိန်ထိတည်ရှိနေပြီး အချိန်ကာလကြာရှည်သည်အထိ အသုံးပြုနေကြဆဲဖြစ်တဲ့ တန်ဆာဆင်ခြင်းတစ်ခုဖြစ်ပါတယ်။ ဒီလို စာရွက်အနီရောင်တွေမတိုင်ခင်မှာ ကဗျာတွေစာလုံးတွေထွင်းဖို့အတွက်သစ်ကို များသောအားဖြင့် မက်မွန်ပင်ကနေ ခုတ်ယူပြီး စာလုံးထွင်း တန်ဆာဆင်အသုံးပြုကြပါတယ်။ ကဗျာတွေဟာ နတ်ဆိုးတွေကို နှင်ထုတ်တယ်လို့ ယုံကြည်ကြတာကြောင့်လည်း ဖြစ်ပါတယ်။
တရုတ်ဒဏ္ဍာရီအရ မကောင်းဆိုးဝါးတွေအတွက် လူတွေရဲ့ကမ္ဘာကို ဖြတ်သန်းသွားလာနိုင်ဖို့ တံခါးပေါက်ပါရှိတဲ့ မက်မွန်ပင်တစ်ပင်ရှိခဲ့ပါတယ်။ ဒါကြောင့် နတ်ဘုရားနှစ်ပါးဟာ အဲ့ဒီအပင်ကို နတ်ဆိုးမလာနိုင်အောင် ပြုလုပ်ခဲ့ပါတယ်။ မကောင်းဆိုးဝါးတစ်ကောင်ကောင်ဟာ လူသားတစ်ဦးတစ်ယောက်ကို အန္တရာယ်ပြုခဲ့မယ်ဆိုရင် နတ်ဘုရားတွေက ကျားစားကျွေးခြင်းဖြင့် အပြစ်ပေးလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။
မကောင်းဆိုးဝါးတွေကို ကြောက်ရွံ့တာကြောင့် လူတွေဟာ မက်မွန်ပင်မှ သစ်သားပြားတွေကို ရယူပြီး အဲ့ဒီသစ်သားပြားပေါ်မှာ နတ်ဘုရားနှစ်ပါးရဲ့ အမည်နာမတွေကို ထွင်းထုခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သစ်သားပြားတွေအစား စာရွက်တွေနဲ့အစားထိုးအသုံးပြုလာကြပါတယ်။


ပန်းချီ
တရုတ်မှာဆိုရင် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက ပန်းချီအနုပညာဟာ ထင်ရှားခဲ့ပါတယ်။ တရုတ်နှစ်ကူးတော်တော်များများရဲ့ အပြင်အဆင်တွေမှာ ရောက်ရှိလာမယ့်နှစ်တစ်နှစ်အတွက် ကံကောင်းခြင်းနှင့် ကြီးပွားချမ်းသာခြင်းကို ကိုယ်စားပြုထားတဲ့ ဆုတောင်းတွေ ပါရှိပါတယ်။ ယနေ့ထိတိုင် ရိုးရာဓလေ့တွေကို အသုံးပြုနေဆဲ ဖြစ်သလို ပရင့်ထုတ်ပြီးတော့လည်း အစားထိုး အသုံးပြုကြပါတယ်။
တရုတ် ရိုးရာထုံးတမ်းစွယ်စုံကျမ်းစာအုပ်တွေထဲက ညွှန်ပြထားတဲ့အတိုင်းဆိုရင် တရုတ်ပန်းချီတွေဟာ ကောင်းကင်ဖန်ဆင်းရှင်တွေကအစ ယနေ့ခေတ်လှုပ်ရှားမှုတွေအထိ ဖြစ်ပါတယ်။ တရုတ်တွေဟာ များသောအားဖြင့် အရုပ်နဲ့တူတဲ့ ၀၀ကစ်ကစ်ကလေးလေးတွေ ဒါမှမဟုတ် မိန်းမလှလေးတွေပုံကို ဆွဲထားတဲ့ ပန်းချီကို အလှဆင်တတ်ပါတယ်။ အဲ့လိုပုံတွေ အလှဆင်တာဟာ ကလေးတွေ ကျန်းမာရေးကောင်းမွန်ဖို့ မိသားစုတွေ ချစ်ချစ်ခင်ခင်ရှိဖို့အတွက် ဆုတောင်းကိုဖော်ပြထားတာပဲ ဖြစ်ပါတယ်။


ပျားလိမ္မော်
ရွှေရောင်လိမ္မော်သီးလို့ခေါ်တဲ့ ပျားလိမ္မော်သီးတွေဟာ ဟောင်ကောင်အပါအဝင် တရုတ်နိုင်ငံတောင်ပိုင်းတွေမှာ အသုံးပြုခြင်းက ပိုပြီးလူသိများပါတယ်။ ပျားလိမ္မော်သီးဟာ တရုတ်စာလုံး ကံကောင်းခြင်းနှင့် ဆင်တူပါတယ်။ လိမ္မော်သီးက ရွှေဝါရောင်လို အဝါရောင်ဟာ ကံကောင်းခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းကို ကိုယ်စားပြုပါတယ်။ ပျားလိမ္မော်ကို တရုတ်နှစ်သစ်ကူးအချိုပွဲအမျိုးမျိုးမှာလည်း အသုံးပြုကြပါတယ်။ အဲ့လိုလာဘ်လာဘကောင်းစေတဲ့ ပျားလိမ္မော်အပင်ကို အိမ်အရှေ့အရပ်မှာ စိုက်ကြတာလည်း အံ့သြစရာမရှိပါဘူး။


မီးပုံးများ
နွေဦးရာသီပွဲတော်က ၁၅ ရက်ကြာမြင့်ပါတယ်။ ပွဲတော်ကို ပိုပြီး စည်ကားသွားအောင်လို့ မီးပုံးပွဲတော်ကို နောက်ဆုံးနေ့မှာ ကျင်းပလေ့ရှိပါတယ်။ အဲ့လိုမီးပံးုတွေရဲ့ အခြေခံဒီဇိုင်းဟာ စက်လုံးပုံစံ၊ အံစာတုံးပုံစံ၊ လုပ်ရတာပိုပြီး ခက်ခဲတဲ့ ကြာပွင့်ပုံစံ နဲ့ နဂါးပုံသဏ္ဍာန်တို့ရှိပါတယ်။ တချို့မီးပုံးတွေမှာဆိုရင် တရုတ်လက်ရေးမူစာလုံးတွေ၊ ကဗျာတွေကို ရေးသားအသုံးပြုကြပါတယ်။ “ခုန်မိန်” မီးပုံး ဟာဆိုရင် ပွဲတော်ရက်မှာ အသုံးပြုလေ့ရှိတဲ့ မီးပုံးအမျိုးအစားပဲ ဖြစ်ပါတယ်။ တရုတ်လူမျိုးတော်တော်များများဟာ မီးပုံးတွေကို ကောင်းကင်ပေါ်ကို မလွှတ်ပေးခင် မီးပုံးတွေပေါ်မှာ သူတို့ရဲ့ ဆန္ဒတွေကို ရေးတတ်ကြပါတယ်။
အခုပြောပြသွားတဲ့ တရုတ်နှစ်သစ်ကူးအပြင်အဆင်တွေဟာ တရုတ်လူမျိုးတွေ အသုံးပြုခဲ့ကြတဲ့ ဟိုးလွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာသော အချိန်ကတည်းက အလှဆင်နည်းတွေပဲ ဖြစ်ပါတယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ
  • ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
  • ကလေးတို့အတွက် စာကြည့်စားပွဲနဲ့ထိုင်ခုံ ရွေးချယ်နည်း

နေရာကျဉ်းတွေမှာ ကုတင်နေရာချဖို့ နည်းလမ်းကောင်းများ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ မှ
January 21, 2020 နေ့
Othersဆောင်းပါး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads


ရေးသူ- လင်းလက်
ကုတင်က အလွန်ကြီးမားတဲ့ပရိဘောဂဖြစ်တာကြောင့် နေရာကျဉ်းကျဉ်းလေးမှာ အံဝင်ခွင်ကျဖြစ် အောင် နေရာချထားနိုင်ဖို့ဆိုတာကလည်း စိန်ခေါ်မှုတစ်ခုပါပဲ။ အိပ်ခန်းတစ်ခန်းထပ်ထားဖို့ လိုအပ်နေပြီဆို ရင်တော့ အရမ်းကိုအံ့အားသင့်ဖွယ်ကောင်းတဲ့ ကုတင်နေရာချပုံချနည်းတွေရှိပါတယ်။ သင့်အိမ်မှာ ကုတင်ကို ဘယ်လိုမျိုးအဆင်ပြေအောင်နေရာချမလဲဆိုရင်တော့ ဒီနည်းလမ်းကောင်းတွေကို အသုံးချပြီး ချင့်ချိန်လုပ် ဆောင်ကြည့်လိုက်ပါ။

Kia Designs
၁။ နံရံကပ်ထောင်ကုတင်
ဒီအခန်းမှာတော့ အိပ်ခန်းအတွက် နေရာသိပ်မရှိတာကြောင့် အိမ်ရှင်က ကုတင်ကို နံရံကပ်ထောင် ကုတင်ကို ရွေးချယ်အသုံးပြုထားတာဖြစ်ပါတယ်။ နံရံကပ်ဘီရိုအကန့်ထဲမှာ ကုတင်ကိုထောင်လျက် သိမ်းဆည်းထားတာဖြစ်ပြီး အိပ်စက်လဲလျောင်းဖို့လိုအပ်ချိန်ကြမှ ကုတင်ကို ထုတ်ယူဖြန့်ချလိုက်တာဖြစ်ပါတယ်။

Kia Designs
ဘီရိုတံခါးတွေက နှစ်ဖက်ခေါက်တံခါးတွေဖြစ်ပြီး ဖွင့်လိုက်တဲ့အခါ တစ်ချပ်ချင်းစီထပ်သွားပြီး သပ်သပ်ရပ်ရပ်ဖြစ်သွားပါတယ်။ ဒီပုံမှာဆိုရင် အိမ်ရှင်က ဖွင့်ပိတ်တဲ့ဘီရိုတံခါးမှာတောင် ကြော်ငြာဘုတ်လိုမျိုး စာရွက်တွေ၊ ဓာတ်ပုံတွေကပ်ထားတာကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
အဝင်တံခါးဘက်အပေါက်ဝနားလေးမှာ ဘီရိုစင်လေးတစ်ခုထားရှိထားပြီး ခြင်းတောင်းငယ်တွေနဲ့ သေ တ္တာပုံးငယ်တွေနဲ့ ပစ္စည်းတွေကိုစနစ်တကျထားရှိထားတာကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။

၂။ ဘီရိုကုတင်

ပုံမှာတော့ တစ်ယောက်အိမ်ကုတင်ကို အံဆွဲဘီရိုအောက်မှာ ခေါက်သိမ်းထားပြီး အိပ်စက်လဲလျောင်းဖို့ လိုမှပဲ အပြင်ကို ဆွဲထုတ်ခင်းချတဲ့ကုတင်းဖြစ်ပါတယ်။ နေရာမကျယ်တဲ့အခန်းတွေမှာ ဒီကုတင်ပုံကိုအသုံးပြုနိုင် ပြီး ခေါက်သိမ်း၊ ခေါက်ဖြန့်ရလွယ်တဲ့အပြင် သေသပ်ကျစ်လျစ်တဲ့ကုတင်ဖြစ်တာကြောင့် ဧည့်ခန်းမှာလည်း တင့်တယ်စွာသုံးနိုင်တဲ့ ကုတင်ဖြစ်ပါတယ်။

၃။ အံဆွဲကုတင်
ပုံမှာဆိုရင် ကြမ်းပြင်ကနေ မြှင့်ပေးထားတဲ့ ခုံမြင့်မီးဖိုခန်းလေးကို မြင်နေရမှာဖြစ်ပါတယ်။ ဗိသုကာရဲ့ ထူးခြားဆန်းသစ်တဲ့စိတ်ကူးဖြစ်ပြီး ကြမ်းခင်းခုံရဲ့အောက်မှာ အံဆွဲသဖွယ် အသွင်းအထုတ်လုပ်လို့ရတဲ့ ကုတင် ပုံစံကို အသုံးပြုထားတာဖြစ်ပါတယ်။ ကုတင်နေရာကို ထိုးဝှက်ထားနိုင်တာကြောင့် ကုတင်အတွက်လည်း သီး သန့်နေရာပေးထားရတာမျိုးမရှိတာကြောင့် နေရာပုပ်သက်သာစေပါတယ်။

ဒါ့ပြင် ဒီအံဆွဲကုတင်ကို တစ်ဝက်လောက်ပဲအပြင်ထုတ်ထားတဲ့အခါ ဆက်တီဆိုဖာခုံအဖြစ်လည်း သုံးလို့ရတဲ့ ကုတင်ပုံစံဖြစ်ပါတယ်။

Miriam Gassmann
ဒီပုံမှာဆိုရင်လည်း အံဆွဲကုတင်အမျိုးအစားပဲဖြစ်ပြီး ဒါကတော့ နံရံဘီရိုအောက်ဆုံးမှာ အသွင်းအထုတ်လုပ်ရ တဲ့ကုတင်ပဲဖြစ်ပါတယ်။

၄။ ဘီရိုအိပ်စင်
ဆွဲထုတ်ဖြန့်ခင်းရတဲ့ကုတင်အမျိုးအစားတော့မဟုတ်တော့ပါဘူး။ ထပ်ခိုးနေရာလေးလိုမျိုး သီးသန့် အမြင့်နေရာလေးမှာ ဘီရိုအံဖုံးတွေရဲ့အနောက်ဘက် ဝှက်ထားတဲ့ ကုတင်နေရာဖြစ်ပါတယ်။
ပုံစံစုံအသုံးပြုလို့ရတဲ့သေတ္တာပုံးပုံစံအဖြစ် ကုတင်၊ အဝတ်ဘီရိုနဲ့ စတိုခန်းတွေကို ပေါင်းစပ်ထားတာ လည်းဖြစ်ပါတယ်။
ဒီသစ်သားသေတ္တာပုံးပုံစံဘီရိုအိပ်စင်လေးက ၂.၅ မီတာ× ၁.၆ မီတာ× ၂ မီတာ အရွယ်အစားရှိပြီး ၅၀ စင်တီမီတာအကျယ်ရှိတဲ့လှေကားလေးတစ်ခုလည်း ပါရှိပါတယ်။

လှေကားထိပ် တံခါးငယ်လေးကနေတဆင့် ကုတင်ပေါ်ကို တက်နိုင်ပါတယ်။ လေဝင်လေထွက်ကောင်း စေလိုရင်တော့ ဘီရိုအိပ်စင်ရဲ့ အရှေ့ဘက် တံခါးတွေကိုလည်း ဖွင့်ထားနိုင်ပြီး တံခါးတွေကိုမဖွင့်ဘဲနဲ့လည်း အိပ်စက်အနားယူနိုင်ပါတယ်။ တံခါးတွေရဲ့ အတွင်းဘက်ခြမ်းမှာ စာအုပ်တွေထည့်ထားနိုင်တဲ့ စင်ငယ်လေးတွေ လည်း ရိုက်ပေးထားပါတယ်။

အိပ်ခန်းရဲ့အမြင့်ကတော့ အရပ်နဲ့လွတ်ရုံလောက်ထားသင့်ပြီး ၁.၂မီတာ အနိမ့်ဆုံးထားပေးသင့်ပြီး အောက်ဘက်မှာလည်း အံဆွဲအဝတ်ဘီရိုတွေ ထားရှိနိုင်ပါတယ်။
ဒီဘီရိုအိပ်စင်လေးမှာ အံဆွဲဘီရိုစုစုပေါင်း ၅ခုရှိပြီး သုံးခုကို အဝတ်အစားတွေထည့်ထားတာဖြစ်ပါ တယ်။
လှေကားအောက်မှာလည်း တံခါးတစ်ချပ်ရှိပြီး အဝတ်အံဆွဲဘီရိုတွေရဲ့နောက်ဘက်ခြမ်းက အခန်း လွတ်ကို စတိုခန်းအဖြစ်ထားရှိထားပါတယ်။ ဒီအိမ်ရှင်ကတော့ သူရဲ့စက်ဘီးလေးကို ဒီအခန်းမှာ သိမ်းထားပါ တယ်။

၅။ လျှောတံခါးကာအိပ်ခန်း
ဗိသုကာပညာရှင်က ဒီအခန်းလေးထဲမှာ ကုတင်ကို အတည်တကျနေရာချထားပါတယ်။ အိပ်ခန်းက စတုရန်းပေ ၂၈၀သာကျယ်ဝန်းတာကြောင့် တစ်လက်မလောက်တောင် နေရာအပုပ်မခံနိုင်တဲ့အခန်းဖြစ်ပြီး မွေ့ ယာကို ဖြန့်ခင်းလျက်နဲ့ကိုပဲ အတိအကျနေရာထားလိုက်ပြီး ကုတင်ဘေးမှာ လျှောတံခါးချပ်နဲ့ အခန်းကန့်ထား လိုက်ပါတယ်။ လျှောတံခါးအဖုံးရဲ့နောက်မှာ နံရံဝှက်ဘီရိုငယ်လေးတစ်ခုရှိပြီး ဘေးဘက် ဆိုဖာခုံတွေဘက် ကနေ ကြည့်နိုင်စေဖို့ တီဗီနဲ့ စက်တွေကို ထားရှိထားပါတယ်။

အပေါက်ငယ်လေးတွေဖောက်ထားတဲ့ တံခါးအနောက်လက်မှာတော့ အဝတ်လျှော်စက်တစ်လုံးနဲ့ ရေပူစက်တစ်လုံးကို အပြင်ဘက်ကနေ မမြင်ရအောင် ဝှက်ထားတာဖြစ်ပါတယ်။

မွေ့ယာတစ်ခုလုံးကို ၅၀စင်တီမီတာမြင့်တဲ့ ခုံမြင့်ပေါ်မှာ တင်ထားတာဖြစ်ပြီး မွေ့ယာကို မတင်လိုက် မယ်ဆိုရင် အောက်ဘက် ခုံမြင့်ရဲ့အတွင်းပိုင်းမှာ ခရီးဆောင်သေတ္တာလိုမျိုး အသုံးသိပ်မများလှတဲ့ ပစ္စည်း ခပ်ကြီးကြီးမျိုးတွေကို သိမ်းဆည်းထားနိုင်ပါတယ်။
တီဗီအောက်က အပေါက်ငယ်လေးတွေဖောက်ထားတဲ့ ဘီရိုအံတွေထဲမှာ ရုပ်သံပြစက်တွေနဲ့ ဂိမ်း စက်တွေကိုထားရှိနိုင်ပြီး အံဖုံးကိုမဖွင့်ဘဲနဲ့ ရုပ်သံလိုင်းတွေကို အဝေးထိန်းခလုတ်နဲ့ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

၆။ အခန်းဖောက်ခြင်း
အခန်းပိုတစ်ခန်းကို ရှိပြီးသားဧည့်ခန်းနဲ့ အံဝင်ခွင်ကျပေါင်းစည်းနေရာချမယ်ဆိုရင် ဒီနည်းလေးက သင့်လျော်ပါတယ်။
ပုံမှာ နောက်ဘက်က ရေချိုးခန်းထဲက အခန်းနေရာလွတ်အနည်းငယ်ကို ခိုးယူလိုက်ပြီး ဧည့်ခန်းက နေရာအနည်းငယ်နဲ့ ထပ်ပေါင်းကာ နောက်ထပ် အိပ်ခန်းတစ်ခုအဖြစ် ဗိသုကာက ထပ်ပြီးဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။

စတီးလ်ဘောင်ပြတင်းပေါက်နဲ့တံခါးကတဆင့် ဧည့်ခန်းထဲကျနေတဲ့အလင်းကို အိပ်ခန်းထဲထိဝင်လာ စေပါတယ်။ အရောင်မှိုင်းတဲ့ဘောင်က အနားသတ်ကိုပေါ်လွင်စေတာကြောင့် အခန်းနှစ်ခန်းအဖြစ် ရှင်းရှင်း လင်းလင်း မြင်ရမှာဖြစ်ပါတယ်။
ဒီအိပ်ခန်းမှာ ဗိသုကာက နှစ်ယောက်အိပ်ကုတင်တစ်ခုသာမက စင်တွေကိုလည်း ထပ်ပြီးထည့်ပေး ထားပါတယ်။ ကုတင်ခြေရင်းဘက် ဧည့်ခန်းထဲမှာ ဘီရိုနေရာတွေ ထပ်ထည့်ပေးထားပြီး ဧည့်ခန်းအတွက် သိမ်းဆည်းရမယ့်နေရာတွေ ထပ်ပြီးထည့်သွင်းဖန်တီးပေးထားတာဖြစ်ပါတယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ
  • ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
  • ကလေးတို့အတွက် စာကြည့်စားပွဲနဲ့ထိုင်ခုံ ရွေးချယ်နည်း