Month: December 2019

ads

နှစ်သစ်ကူးနေ့ဆိုတာက ကိုယ့်သူငယ်ချင်းတွေ၊ ကိုယ့်မိသားစုတွေနဲ့ ကုန်ဆုံးသွားရမယ့်၊ အတူဖြတ်သန်းရမယ့်နေ့တစ်နေ့ပါ။ နှစ်တစ်နှစ်ကို အမှတ်တရ ရှိနေအောင် အတူတူ ဆင်နွှဲဖို့အတွက် တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ရုံးပိတ်ရက်တစ်ရက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့ခင်တဲ့သူတွေနဲ့အတူ ပျော်ရွှင်ရအောင် သင့်တင့်တဲ့ ပြင်ဆင်မှုလေးတွေနဲ့ ပွဲတော်တစ်ခုကို ဖန်တီးလိုက်ရအောင်။
ဘောလုံးကိရိယာတန်ဆာပလာများဖြင့် နှစ်သစ်ကူးနေ့ကို အလှဆင်ခြင်း
နှစ်သစ်ကူးနေ့ကို ကျင်းပဖို့အတွက် ဘောလုံးကို အသုံးပြုပေးတာက ခုနောက်ပိုင်း ပိုပြီး ကျော်ကြားလာတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ နှစ်သစ်ကူးနေ့မှာ ဘောလုံးပွဲတွေ ကျင်းပဖို့ ရှိနေတယ်ဆိုရင် ဘောလုံးပွဲကို ထင်ဟပ်စေမယ့် ဘောလုံးနဲ့ ပတ်သတ်တဲ့ တန်ဆာပလာတွေနဲ့လည်း အလှဆင်ပေးနိုင်ပါတယ်။
နောက်တစ်ခုက အစိမ်းရောင်ရှိတဲ့ အခင်း သို့မဟုတ် ဘောလုံးကွင်းသုံး အစိမ်းရောင် ပစ္စည်း တို့ကို အသုံးပြုပြီး ပန်းကန်ပြား၊ ခွက်ယောက်၊ လက်သုတ်ပုဝါတို့နဲ့ တွဲပေးထားလိုက်ပါ။ အလယ်စင်တာအတွက် ဘောလုံးအသေးလေးတစ်လုံးကို အသုံးပြုပေးတာက ထူးခြားတဲ့ အလှဆင်ခြင်းမျိုးလေးပဲ ဖြစ်ပါတယ်။


DIY ဘောလုံးအလှဆင်ဒီဇိုင်း
အညိုရောင် စာရွက်ထဲကနေမှ ဘောလုံးပုံစံ ညှပ်ထုတ်လိုက်ပြီး ကိုယ်တိုင် ဒီဇိုင်းလေးတစ်ခု ဖန်တီးလိုက်ပါ။ အဖြူရောင် မျဉ်းကြောင်းတွေ ဆွဲဖို့အတွက် အဖြူရောင်အရည်ထွက်တဲ့ ဘောပင်အမျိုးအစားမျိုးကို အသုံးပြုပေးပါ။ ချိတ်ဆွဲလို့ရအောင် ဘောလုံးတွေကို ကြိုးပေါ်မှာ တိပ် နဲ့ ကပ်ပေးပါ။ ဘောလုံးလေးတွေ ချိတ်ထားတဲ့ ကြိုးကို တံခါးဟိုဘက် သည်ဘက် ချိတ်ဆွဲထားနိုင်သလို သင်ကြိုက်နှစ်သက်တဲ့ နေရာတိုင်းမှာ အလှဆင်နိုင်ပါတယ်။
ဘောလုံးများဖြင့် အလှဆင်ထားသော နံပါတ်များ
ယခုလာမယ့်နှစ်တစ်နှစ်ကို ကိုယ်စားပြုထားတဲ့ နံပါတ်တွေကို ကို ပြုလုပ်ဖို့အတွက် ဘောလုံးလေးတွေကို အသုံးပြုပြီးလည်း အလှဆင်နိုင်ပါတယ်။ ဘောလုံးတွေကို ဟီလီယမ်ဓာတ်ငွေ့ကို ဖြည့်ပေးပြီး စိတ်ကြည်နူးစရာကောင်းအောင် ပျော်စရာကောင်းအောင် ကြည့်ရတာတမျိုးလေးဖြစ်အောင် main table ရဲ့ အလည်မှာ ချိတ်ဆွဲပြီး အလှဆင်ယင်နိုင်ပါတယ်။
ရှန်ပိန်ပူပေါင်းနံရံ
ရှန်ပိန်ရဲ့ ပလုံစီပူပေါင်းပုံစံမျိုး နံရံမှာ ပြုလုပ်နိုင်ဖို့အတွက် ရွှေရောင်ငွေရောင် ပူပေါင်းတွေကို အသုံးပြုပေးပါ။ အနက်စာရွက်စက္ကူမှ ရှန်ပိန်ပုလင်းပုံစံကို ညှပ်ထုတ်လိုက်ပါ။ ရှန်ပိန်ပုလင်းပုံစံညှပ်ထားတဲ့ စက္ကူစာရွက်ရဲ့ ထိပ်မှာ ရွှေရောင် ငွေရောင် ပူပေါင်းတွေ ကို နှစ်ဖက်တိပ်နဲ့ ကပ်ပေးပြီး ရှန်ပိန်ပုလင်းမှ ပလုံစီ ပူပေါင်းလေးတွေ ထွက်လာတဲ့ ပုံစံမျိုး အလှဆင်နိုင်ပါတယ်။


အနာဂါတ်ကို ကြိုတင်ခန့်မှန်းခြင်း
ဒီလို အိုင်ဒီယာမျိုးကို အလှဆင်ယင်ခြင်းတစ်ခုအနေနဲ့ guest book ကို အသုံးပြုပေးရုံနဲ့ ဖန်တီးနိုင်ပါတယ်။ notebook စာအုပ်နဲ့ ဘောလ်ပင်ကို စားပွဲပေါ်မှာ အတူထားပေးပြီး crystal balls လေးတွေနဲ့ အလှဆင်ထားလိုက်ပါ။ ရောက်ရှိလာတဲ့ ဧည့်သည်တွေကို နောင်လာမယ့် အနာဂါတ်ကာလကို ကြိုတင်ခန့်မှန်းပြီး စာအုပ်တစ်အုပ်ထဲမှာ မှတ်တမ်းတင်ထားနိုင်အောင် ပြုလုပ်ပေးပါ။
အိုရီဂါမီ ခေါက်ထားသော ကြယ်များဖြင့် အလှဆင်ခြင်း
မျက်နှာကြက်မှ ကြယ်များ မျောလွင့်နေသယောင် တွဲလောင်းချ အလှဆင်ထားခြင်း၊ နံရံအလှဆင်ခြင်းဖြင့် မိမိအခန်းကို ကမ္ဘာ့အပြင်ရောက်နေသယောင် ခံစားရသလိုမျိုး ဖန်တီးလို့ရပါတယ်။ အဲ့လိုပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ သင့်အခန်းကို ပိုပြီးထင်သာမြင်သာ ရှိသွားစေမယ့် အိုရီဂါမီကြယ်လေးတွေ ပြုလုပ်ဖို့ စက္ကူစာရွက်လေးတွေပဲ လိုအပ်ပါတယ်။
သင်ပုန်းဖြင့် အလှဆင်ခြင်း
နှစ်သစ်ကူးနေ့မှာ နောက်ထပ်ပျော်စရာကောင်းစေမယ့် အပြင်အဆင်တစ်ခုကတော့ သင်ပုန်းကို ပန်းကုံးလေးတွေနဲ့ အလှဆင်ထားခြင်းမျိုးဖြစ်ပါတယ်။ သင်ပုန်းမှာ စက္ကူစာရွက်အပိုင်းအစလေးတွေနဲ့ ‘love weight’ နဲ့ ‘save money’ တို့ကို စာလုံးလေးတွေကို နှစ်ဖက်တိပ်လေးနဲ့ ကပ်ထားပေးပြီး ရောက်ရှိလာတဲ့ ဧည့်သည်တွေကို ကိုယ်ကြိုက်တာရွေးချယ်စေပြီး အင်္ကျီႌမှာ ကပ်ဖို့ပြောပေးပါ။ ဧည့်သည်တွေ ရေးလို့ရအောင်လည်း သင်ပုန်းဘေးမှာ စာရွက်တချို့ကို ထားထားပေးပါ။

မျောလွင့်နေသော အာလီယမ် ဂြိုလ်သားလေးများ
အစိမ်းရောင်၊ အပြာရောင်၊ အဝါရောင် တို့လို ရောင်စုံစာရွက်တွေကနေမှ မတူညီတဲ့ အာလီယမ်ဂြိုလ်သား ပုံစံလေးတွေ ညှပ်ထုတ်လိုက်ပါ။ ရယ်စရာကောင်းတဲ့ မျက်နှာတွေ ရလာဖို့အတွက် မျက်လုံးတို့လိုနေရာတွေကို အနက်ရောင် မာကာပန် ကို အသုံးပြုပြီး ချယ်သပေးပါ။ နံရံ၊ ဘောလုံး၊ နဲ့ တခြားအရာတွေကနေ တွဲလောင်းကျ ချတ်ဆွဲဖို့အတွက် အရုပ်လေးတွေရဲ့ အပေါ်မှာ အပေါက်လေးဖောက်ပေးထားပါ။ အဲ့လိုဆိုရင် အာလီယမ် ဂြိုလ်သားလေးတွေဒီဇိုင်းရှိတဲ့ အလှဆင်နည်းနဲ့လည်း နှစ်သစ်ကူးမှာ အလှဆင်နိုင်ပါတယ်။

ရွှေရောင်နောက်ခံ Backdrop ဒီဇိုင်း
နှစ်သစ်ကူးနေ့မှာ ပိုပြီးပြည့်စုံတဲ့ ဓာတ်ပုံတွေ ထွက်လာဖို့အတွက်ဆိုရင် အရောင်တောက်တောက်ပပရှိတဲ့ backdrop လို ပုံစံမျိုးကို အသုံးပြုဖို့ ကြိုးစားကြည့်သင့်ပါတယ်။ Backdrop မှာ ရွှေရောင်အမျှင်တွေချိတ်ပေးထားပြီး မျက်မှန်၊ နှစ်သစ်ကူးအမှတ်တရ ဦးထုတ် နဲ့ ပလက်စတစ်ရှန်ပိန် ပုလင်းလေးတွေကိုလည်း အမှတ်တရ ဓာတ်ပုံတွဲရိုက်ဖို့ ထားပေးသင့်ပါတယ်။
Disco မီးလုံးများ
သင့်ရဲ့ ပါတီကို disco မီးလုံးလေးတွေ အသုံးပြုပြီး အလှဆင်နိုင်ပါတယ်။ သင်က disco မီးလုံးတွေနဲ့ အလှမဆင်ချင်ဘူးဆိုရင်တော့ Styrofoam ဘောလုံးကို ဒန်စက္ကူကပ်ကာအသုံးပြုပြီး ကိုယ်တိုင်အလှဆင်ယင်နိုင်ပါတယ်။
နှစ်သစ်ကူး နံပါတ်များ
ခုလာမယ့် နှစ်ရဲ့ နံပါတ်တွေကို ပါတီမှာ တန်ဆာဆင်ဖို့ အသုံးပြုပေးပါ။ နံပါတ်တွေကို လင်းနေအောင်လုပ်ပေးထားပြီး အလှဆင်နိုင်ပါတယ်။ နံပါတ်တွေနဲ့ အလှဆင်တာကလည်း အမှတ်တရဖြစ်စေမယ့် ရွေးချယ်မှုတွေက တစ်ခုပဲဖြစ်ပါတယ်။


နောက်တစ်နည်းကတော့ ပိုစတာဘုတ်ထဲမှ ယခုရောက်ရှိလာမယ့်နှစ်တစ်နှစ်ကို ကိုယ်စားပြုထားတဲ့ နံပါတ်တွေကို ညှပ်ထုတ်လိုက်ပါ။ တစ်ရှုး၊ စက္ကူပန်းပွားနဲ့ ပန်းအတုတွေကို နံရံမှာ ချိတ်ဆွဲအလှဆင်ဖို့အတွက် အသုံးပြုပေးပါ။ ပါတီပွဲအလှဆင်ထားပြီး ကျန်ရှိနေတဲ့ အပိုင်းတွေကို ပိုပြီးပြည့်စုံစေဖို့အတွက် တစ်ရှုးနဲ့ ပန်းတွေကို အရောင်တွေနဲ့ ရွေးချယ်အသုံးပြုပေးပါ (သို့မဟုတ်) အပြင်အဆင်အားလုံးနဲ့ လိုက်ဖက်မှုရှိအောင် အဖြူ နဲ့ အနက်ကို အသုံးပြုပေးပါ။
နံပါတ်များကို တွဲလောင်းချ အလှဆင်ခြင်း
အလှဆင်မီးကြိုးလေးတွေနဲ့ ပြုလုပ်ထားတဲ့ နံပါတ်လေးတွေကို ရွေးချယ်ပြီး အသုံးပြုပေးလို့ ရသလို ကိုယ်ကိုယ်တိုင် ပြုလုပ်ပြီး နံရံမှာပဲ ဖြစ်ဖြစ် အခန်းထဲမှာပဲ ဖြစ်ဖြစ် အလှဆင်လို့ ရပါတယ်။ အရောင်တောက်တဲ့ စက္ကူစာရွက်ကနေမှ နံပါတ်တွေကို ညှပ်ထုတ်လိုက်ပြီး ကြိုးထည့်လို့ရအောင် အပေါက်လေးတွေ ဖောက်ပေးလိုက်ပါ။ အရောင်တောက်တဲ့စက္ကူကို အသုံးပြုပြီး 3D ပုံစံကြယ်ခေါက်ထားတာကို အခုနက ညှပ်ထုတ်ထားတဲ့နံပါတ်တွေမှာ အသုံးပြုပေးပါ။ ယခုဆိုရင် သင့်ရဲ့ နံပါတ်တွေကို မီးနဲ့အလှဆင်ထားတဲ့ အလှဆင်ပန်းကုံးလေးကို ချိတ်ဆွဲထားလို့ ရပါပြီ။
နံပါတ်တွေကို ဖြောက်ပြီး အလှဆင်ခြင်း
တခါတလေ နှစ်ကူးပါတီ မီးပျက်သွားရင်တောင် သင့်ရဲ့ ပါတီအပြင်အဆင်က မြင်နိုင်တာမျိုးတွေ ဖြစ်အောင်အလှဆင်လို့ ရပါတယ်။ သင့်ရဲ့ နှစ်သစ်ကူးရက်ကို ပိုပြီး လှပသွားအောင် ဘောလုံးတွေ၊ LED အလှဆင်ထားတဲ့ မီးပန်းကုံးတွေ၊ မြောင်းအလှဆင်ခြင်း၊ စားပွဲအလှဆင်ခြင်း နဲ့ ခွက်အလှဆင်ခြင်းတွေကို ဗီနိုင်းနံပါတ်စတစ်ကာတွေနဲ့ပဲ ဖြစ်ဖြစ် အမှောင်ထဲမှာ အရောင်တောက်သွားစေမယ့် အပြင်အဆင်တွေကို ထည့်ပြီး အသုံးပြုပေးပါ။ ယခု မီးတွေအားလုံးကို ပိတ်လိုက်ပါ၊ အရာအားလုံးအသက်ပြန်ဝင်လာပါလိမ့်မယ်။ အဲ့လိုလုပ်ပေး ခြင်းက အရမ်းကို ပျော်ရွှင်စရာ ကောင်းပါလိမ့်မယ်။
နာရီများနှင့် အလှဆင်ခြင်း
နာရီတွေဆိုတာက အချိန်ကိုတိုင်းတာတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်တဲ့အပြင် နှစ်ကူးပွဲတော်အတွက်အသုံးပြုမယ်ဆိုရင်လည်း ပြည့်စုံမှုရှိတဲ့ သင်္ကေတလေးတစ်ခုဖြစ်ပါတယ်။ နာရီတွေကို ပုံစံအမျိုးမျိုးနဲ့ အလှဆင်နိုင်ပါတယ်။ စားပွဲတင်အလှဆင်ယင်မှုတစ်ခုအနေနဲ့ အသုံးပြုနိုင်သလို အခန်းတွင်းလည်း အလှဆင်နိုင်ပါတယ်။


နာရီတွေကို စားပွဲလှဆင်ယင်ခြင်းအနေနဲ့ ပြုလုပ်ဖို့ နည်းလမ်းအများကြီးရှိပါတယ်။ ပထမတစ်ခုအနေနဲ့ အလယ်စင်တာတစ်ခုဖန်တီးဖို့အတွက် နာရီတွေအကုန်လုံးကို တစ်နေရာတည်း အတူတူထားပေးလိုက်တဲ့ နည်းဖြစ်ပါတယ်။ နာရီအားလုံးကို Alarm လုပ်ပေးထားလိုက်ပြီး ညလယ် ၁၂ မှာ မြည်လာစေဖို့အတွက် သေချာမှုရှိနေပါစေ။ နောက်ထပ် အကြံတစ်ခုတစ်ခုကတော့ နာရီတွေအားလုံးကို လှန်ထားလိုက်ပြီးတော့ ပေါ်မှာ ဖန်အကြည်တစ်ချပ်ကို တင်ထားပေးလိုက်ပါ။ ဖန်အကြည်မှဖြတ်ပြီး ရောက်ရှိနေတဲ့ အချိန်ကို မြင်နိုင်မှာပဲ ဖြစ်ပါတယ်။
DIY နာရီများဖြင့် နံရံအလှဆင်ခြင်း
နံရံပေါ်က စက္ကူစက်ပိုင်းပေါ်မှာ နံပါတ်စတစ်ကာတွေထပ်ထည့်ခြင်းအားဖြင့် ကိုယ်ပိုင်နံရံကပ်နာရီလေးကို ဖန်တီးလိုက်ပါ။ နာရီဒိုင်ခွက်ထဲက လက်တံတွေကို ကိုယ်စားပြုဖို့ အပြင်မှာ စတေကာနံပါတ်တွေကို အသုံးပြုပေးပါ။ အနက်ရောင်စက္ကူမှ နာရီလက်တံပြုလုပ်ဖို့ ညှပ်ထုတ်လိုက်ပြီး နံရံမှာ တပ်ဆင်လိုက်ပါ။ စက္ကူစာရွက်အပြင် ဘောလုံးတွေနဲ့လည်း အလှဆင်အသုံးပြုပေးနိုင်ပါတယ်။
DIY နာရီ၊ တန်ဆာပစ္စည်းတွေနဲ့ ပတ်သက်ပြီး နံရံနာရီလက်တံ အမျိုးအစားတွေကိုလည်း ရွေးချယ်ပြီး အသုံးပြုပေးနိုင်ပါတယ်။ အလင်းရောင်တောက်တောက်ပတဲ့ စက္ကူစာရွက်မှ မတ်ခွက်အရွယ်အစားရှိတဲ့ စက်ဝိုင်းပုံညှပ်ထုတ်လိုက်ပါ။ နံပါတ်တွေနဲ့ အချိန်တွေကို ပြသနိုင်ဖို့အတွက် နာရီလက်တံတွေကို တပ်ဆင်လိုက်ပါ။ အပေါက်သေးသေးလေးဖောက်လိုက်ပြီး ဟီလီယမ်ဘောလုံးတွေနဲ့ ချည်ထားတဲ့ဖဲကြိုးတွေကို အပေါက်မှာ ချည်လိုက်ပါ။ နံရံမှာ ဘောလုံးတွေ မျောလွင့်နေဖို့ လုပ်ပေးထားလိုက်ခြင်းက သင့်ခန်းထဲမှာ တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ နာရီအလှဆင်မှုကို ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။
မီရှုးမီးပန်းများ
နှစ်သစ်ကူးဆိုတာက တကယ်တော့ မီးရှုးမီးပန်းတွေ အလှဆင်ဖောက်တာတွေနဲ့ ပြည့်နေတဲ့ ရက်တစ်ရက်ပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်လုပ်ဖို့ဆိုရင်တော့ Shish Kabob အချောင်းတွေ၊ မီးခိုးရောင် ပန်းပွားလေးတွေ၊ ဆင်ကော် နဲ့ အရောင်တောက်ပစေနိုင်တဲ့ ပစ္စည်းမျိုးတွေ လိုပါတယ်။ Shish Kabob တုတ်ချောင်းကို သင်လိုချင်တဲ့ အရှည်အတိုကို ဖြတ်လိုက်ပါ။ ပန်းပွားတွေကို ဆင်ကော် ဖြန်းလိုက်ပြီး အရောင်တောက်စေတဲ့ ပစ္စည်းတွေ ကပ်လိုက်ပြီး အခြောက်ခံလိုက်ပါ။ သင့်ရဲ့ စားသောက်စားပွဲတွေနဲ့ အချိုစားပွဲ တို့မှာ မီးအလင်းရောင်တွေ ဖြာထွက်နေစေတဲ့ အသွင်မျိုးရအောင် လိုက်ကပ်ပြီး အသုံးပြုအလှဆင်နိုင်ပါတယ်။
အရိုးရှင်းဆုံးသော အလှဆင်ခြင်းများ
ပွဲလမ်းသဘင်ပုံစံမျိုးလို ရိုးရိုးရှင်းရှင်းအလှဆင်ထားတာမျိုးကိုလည်း လစ်လျူမရှုသင့်ပါဘူး။ ဧည့်ကြိုစားပွဲနဲ့ တခြား စားပွဲတွေတိုင်းမှာ လတ်လတ်ဆတ်ဆတ်ရှိတဲ့ ပန်းပွင့်၊ ပန်းစည်းတွေ ထားရှိပေးပါ။ ဧည့်သည်တွေ ကြိုက်နှစ်သက်လောက်တဲ့ အရသာရှိပုံပေါ်လွင်တဲ့ အစားအစာတွေကိုလည်း ထားရှိပေးပါ။ အဲ့လိုလုပ်ပေးထားတာက သင့်ရဲ့ နှစ်သစ်ကူးပွဲကို ပါတီအသွင်မျိုး ရရှိခံစားစေနိုင်တဲ့ အပြင်အဆင်ပဲ ဖြစ်ပါတယ်။
တကယ်တော့ နှစ်သစ်ကူးဆိုတာက သင့်ရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ နေ့လေးတစ်နေ့ဖြစ်ပါတယ်။ သင့်ရဲ့ နှစ်သစ်ကူး ပိတ်ရက်ကို ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်သွားရအောင်ပဲ ဖြစ်ဖြစ် ရိုးရိုးလေးပဲ အမှတ်တရတွေကို သိမ်းထားနိုင်အောင်ပဲ ဖြစ်ဖြစ် ရယ်မောစရာတွေ အတိဖြစ်နေအောင် ပြုလုပ်လိုက်ပါ။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

Hiroshima Memorial & Nuclear Mushroom

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
December 24, 2019 နေ့
ဆောင်းပါး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

Nuclear Muchroom picture affect Japan culture and art
၁၉၄၅ ခုနှစ်သည် ကမ္ဘာ့သမိုင်းတွင် ကြီးမားလှစွာသောအပြောင်းအလဲများစွာကို ဖြစ်ပွားစေခဲ့သောနှစ်ဟုယူဆနိုင်ပါသည်။ စစ်၏အရင်းအမြစ်ဖြစ်သည့် ဖက်ဆစ်ဂျပန်တို့အားအနုမြူလက်နက်အသုံးပြုကာလက်နက်ချစေခဲ့ပြီးဒုတိယကမ္ဘာစစ်အား ပြီးဆုံးစေခဲ့သည်။ အနုမြူလက်နက်၏ ကြောက်မက်ဖွယ်အားလူသားတို့ထံမိတ်ဆက်ပေးခဲ့သည်။ အဆိုပါ အနုမြူဗုံးဒဏ်သည် လူသိန်းပေါင်းများစွာအားအစုလိုက်အပြုံလိုက် သေစေခဲ့သည်။
၁၉၄၅ ခုနှစ် သြဂုတ်လ (၆) ရက်နေ့တွင် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့နှင့် နာဂါဆာကီမြို့ပေါ်သို့ ကျဲချခဲ့သည့် အနုမြူဗုံးမှတဆင့်ထွက်ပေါ်လာသည့် မှိုပွင့်သဏ္ဍာန်တိမ်တောင်သည် အနုမြူခေတ်၏ သင်္ကေတတစ်ခုပင် ဖြစ်လာခဲ့သည်။ ၎င်းမှိုပွင့်သဏ္ဍာန် သင်္ကေတသည်ပင် အနုပညာအပေါ်များစွာသောသက်ရောက်မှုများရှိခဲ့ပါသည်။ အနုမြူမှိုပွင့်သဏ္ဍာန်တိမ်တောင် ပုံရိပ်သည် ဂျပန်လူမျိုးများသာမကကမ္ဘာပေါ်ရှိလူသားများအားလုံးထံသို့ ကြောက်ရွံမှုများသယ်ဆောင်လာခဲ့ပါသည်။


အင်အားကြီးမားသည့် အနုမြူလက်နက်ဆန်းများအား နိုင်ငံတော်တော်များများမှ ပိုင်ဆိုင်ရန်ကြိုးစားလာကာတစ်နိုင်ငံနှင့် တစ်နိုင်ငံစစ်လက်နက်အင်အားချင်းယှဉ်ပြိုင်လာခဲ့ကြသည်။ အမေရိကန် သမ္မတဟောင်းဂျော့ဘုရှ်မှလည်းဆက်ဒမ်ဟူစိန်အားနှိမ်နှင်းရန်အတွက်ပြောသည့် မိန့်ခွန်းတွင် ယင်းမှိုပွင့်သဏ္ဍာန် တိမ်တောင်ပုံရိပ်အားအသုံးပြုခြိမ်းခြောက်ခဲ့သည်အထိအဆိုပါပုံရိပ်သည် အင်အားကြီးမားခဲ့ပါသည်။
နိုင်ငံရေးနယ်ပယ်တွင်သာမက အနုပညာအသိုင်းအဝိုင်းတွင်လည်း ယင်းပုံရိပ်သက်ရောက်နေသည်မှာအထင်အရှားပင်ဖြစ်သည်။ အကျည်းတန်လှသည့် အနုမြူဗုံးဒဏ်ကိုခံခဲ့ရသူများသာမကမတွေ့ကြုံလိုက်ရသည့် လူများသည်လည်း ၎င်းတို့၏ အနုပညာများတွင် အဆိုပါပုံရိပ်ကိုအသုံးပြုထားခြင်းကို ကြည့်ရှုခြင်းအားဖြင့် သိရှိနိုင်ပါသည်။ အနုပညာရှင်နှင့် ၎င်းတို့၏ အနုပညာမြောက်များစွာထဲမှ ယခုလေ့လာရန် ရွေးချယ်ခဲ့သည့် အနုပညာမှာ “တာကာရှိမူရာကာမိ” ဖြစ်ပါသည်။ တာကာရှိမူရာကာမိသည် ဂျပန်နိုင်ငံ Contemporary art တွင် ချန်ထားခဲ့ရန် မဖြစ်နိုင်သည့် အနုပညာရှင်တစ်ဦးဖြစ်ပါသည်။


မူရာကာမိအား ၁၉၆၂ ခုနှစ်တွင် တိုကျိုမြို့၌ မွေးဖွားခဲ့ပြီးယခုအခါတိုကျိုမြို့ Long Island City နှင့် New York မြို့တို့တွင် လှည့်လည်နေထိုင်ကာအနုပညာလုပ်ငန်းများကိုလုပ်ဆောင်လျက်ရှိသည်။ မူရာကာမိသည် ၁၉၄၅ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် မှိုပွင့်သဏ္ဍာန်တိမ်တောင်အား Ideology တစ်ခုအဖြစ် ၎င်း၏ အနုပညာများတွင် ထည့်သွင်းဖော်ပြခဲ့သည်။ ယခုလက်ရှိဂျပန်နိုင်ငံတွင် ပေါ်ပြူလာအဖြစ်ဆုံးkawaiiအနုပညာ Super flat art နှင့် ဖော်ပြပါ Ideology အားပေါင်းစပ်ကာအနုပညာများ ပြုလုပ်ခဲ့သည်။ အောက်တွင် ဖော်ပြထားသောပုံမှာဆိုခဲ့သောအနုမြူမှိုပွင့်မားအခြေခံကာဖန်တီးထားသောတာကာရှိမူရာကာမိ၏ လက်ရာဖြစ်ပါသည်။


Architect KenzoTenge for Hiroshima Memorial Park
Ideology သည် Contemporary art နှင့် Fine art တွင်သာမက Architectural Building တွင်လည်းများစွာသက်ရောက်မှုရှိပါသည်။ KenzoTenge ၏ Idea တစ်ခုဖြစ်သော Hiroshima Memorial Park သည် ဂျပန်ရှိမော်ဒန်ဗိသုကာလက်ရာများအနက် စံနမူနာပြရလောက်သည့် လက်ရာတစ်ခုဖြစ်ပါသည်။ ဂျပန်၏ Modern Architecture ကိုပေါ်ထွန်းစေခဲ့သောလက်ရာတစ်ခုဟုပြောလျှင်လည်းမမှားပေ။
Hiroshima သည် Honshu မြို့၏ အနောက်တောင်ပိုင်းရှိ မြို့တစ်မြို့ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်မတိုင်ခင် Hiroshima မြို့လေးသည် အစုလိုက် အုပ်စုဖွဲ့နေကြသောဆင်ခြေဖုံးလူနေရပ်ကွက်ငယ်လေးသာ ဖြစ်သည်။ အဆိုပါ မြို့ရှိလူနေအိမ်အများစုသည် ခပ်နိမ့်နိမ့်သာဆောက်လုပ်လေ့ရှိပြီးဂျပန်ရှိလူနေအိမ်အဆောက်အဦးတို့ ဓလေ့ထုံးစံများအတိုင်းပုံမှန်လူတစ်ယောက်၏ အတိုင်းအတာဖြင့်သာဆောက်လုပ်လေ့ရှိသည်။ ရိုးရှင်းသောဖွဲ့စည်းမှုပုံစံကိုသာတွေ့ရှိရပါသည်။ ၁၉၄၅ ခုနှစ်တွင် Hiroshima သည် အနုမြူဗုံးပေါက်ကွဲခံရပြီးနောက် ကမ္ဘာပေါ်တွင် ပထမဆုံးအနုမြူဗုံးပေါက်ကွဲခံရသော မြို့ဖြစ်လာသည်။ အနုမြူဗုံးသည် Hiroshima ရှိအိမ်များကိုပျက်စီးသွားစေရုံသာမက မြို့၏ စိုက်ပျိုးမြေဆီလွှာများကိုပါ ပျက်စီးသွားစေခဲ့သည်။
ထိုကဲ့သို့ ပျက်စီးသွားစေခဲ့သော Hiroshima မြေပေါ်တွင် ဗိသုကာပညာရှင် KenzoTenge ၏ လက်ရာသည် ပုံမှန် Human Scale ထက် ပိုမိုကြီးကျယ်ခမ်းနားသည့် ပြတိုက်ကြီးတစ်ခုပေါ်ပေါက်လာခဲ့လိမ့်မည်ဟုမည်သူမျှ ထင်ထားခဲ့လိမ့်မည်မဟုတ်ပေ။
KenzoTengeဆိုသူမှာ Hiroshima မြို့ငယ်လေးရှိအထက်တန်းကျောင်းပညာအားအောင်မြင်ခဲ့ပြီးဗိသုကာပညာရပ်ကိုလေ့လာခဲ့သူ ဖြစ်ပါသည်။ သူသည်အနုမြူဗုံးပေါက်ကွဲသည့် နေရာတွင် ငြိမ်းချမ်းရေးအထိမ်းအမှတ် အဆောက်အဦးဆောက်လုပ်ရန် ဒီဇိုင်းကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ KenzoTengeသည် သူကိုယ်တိုင် အနုမြူဗုံးကြောင့် သူကိုယ်တိုင် မိဘနှစ်ပါးဆုံးရှုံးခဲ့ဖူးသူဖြစ်ပြီး ငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားတောင့်တသူ ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏အတွေးခေါ်နှင့် ဒီဇိုင်း idea များသည် အနုမြူဗုံးကြောင့် ဆုံးရှုံးသူများ၏ ခံစားချက်ကိုလွှမ်းမိုးနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် အဆိုပါ Hiroshima Memorial Park အားဒီဇိုင်းရေးဆွဲဖန်တီးခွင့် ရခဲ့လေသည်။


KenzoTengeသည် အဆိုပါ Memorial Park အတွင်းရှိ Memorial Cenotaph အစေ့ကိုပန်းခြံ၏ အလယ်နားတွင် ထားရှိကာ Concrete ဖြင့် ဆောက်လုပ်ထားပါသည်။ Cenotaph အစေ့ကို မြင်းကုန်းနီးသဏ္ဍာန်ဖြင့် ဖုံးအုပ်ထားပြီးအနုမြူဗုံးကြောင့် သေဆုံးသွားသောလူများ၏ အမည်များကိုရေးထိုးထားလေသည်။ ထို Cenotaph သည် အနုမြူဗုံးပေါက်ကွဲခံရသော A-Bomb Dome အဆောက်အဦးနှင့် Peace Flame ကိုတညီတည်းတည်ဆောက်ထားသည်ကိုတွေ့ရသည်။
Cenotaph ကိုလာသည့်လူများသည် အဆိုပါ မြင်းကုန်းနီးပုံစံအမိုးခုံးမှ တစ်ဆင့် ဗုံးပေါက်ကွဲသည့်နေရာကိုရည်စူး၍ ဆုတောင်းနိုင်သည်ကိုတွေ့ရပါသည်။ ၎င်းမြင်းကုန်းနီးပုံသဏ္ဍာန်အမိုးခုံးသည် သေဆုံးသူများအတွက် အမိုးအကာအဖြစ်ရည်ရွယ်ထားသည့် ဗိသုကာပညာရှင်၏ စိတ်ကူးအားတွေ့ရှိရပေသည်။


Peace Memorial Museum ကို ၁၉၅၅ တွင် တည်ဆောက်ခဲ့ပြီးဂျပန်နိုင်ငံ၏အစဉ်အလာယဉ်ကျေးမှုနှင့် ခေတ်သစ်ယဉ်ကျေးမှုဓလေ့ကိုဆက်သွယ်ပေးသည့် ပုံရိပ်တစ်ခု ဖြစ်ခဲ့ပါသည်။ Peace Memorial Museum ကို ဝင်ရိုးနှစ်ခုဖြင့်သာတည်ဆောက်ထားပြီး တောင်မြောက်ဝင်ရိုးနှင့် အရှေ့အနောက်ဝင်ရိုးနှစ်ခုကိုမူတည်ထားသည်ကိုတွေ့ရသည်။ အဆောက်အဦးသုံးခုကိုခြေတံရှည်တိုင်များဖြင့်သာဖွဲ့စည်းထားပြီးလျှောက်လမ်းသဖွယ် ဖွဲ့စည်းထားသည်ကိုတွေ့ရပါသည်။ ထို့ပြင် အဆောက်အဦးကို Glass Screen များဖြင့်သာဖွဲ့စည်းထားပြီးလေးထောင့်ပုံသဏ္ဍာန်ဖွဲ့စည်းထားသည်ကိုတွေ့ရပါသည်။ အဆိုပါ Memorial Park တွင် KenzoTenge ၏ ထူးခြားသည့် ဖန်တီးမှု (၃) မျိုးကိုတွေ့နိုင်ပေသည်။ ၎င်းတို့မှာ –
Scale
KenzoTengeသည် Le Corbusier ၏ တပည့်တစ်ဦးဖြစ်ပြီး Le Corbusier ၏ Design လွှမ်းမိုးမှုကိုပမာဏတစ်ခုအထိလက်ခံသူတစ်ဦးဖြစ်သည်။ သူသည် အဆောက်အဦးများကို Human Scale ဖြင့် တည်ဆောက်သည့် Japan ၏ အလေ့ကိုချိုးဖောက်ခဲ့သူတစ်ဦးဖြစ်သည်။ Tengeသည် Le Corbusier ၏ အဆောက်အဦးများအထူးသဖြင့် ခြေတံရှည်တိုင်များကိုImatationယူပြီးဆောက်လုပ်ထားကာအဆောက်အဦးအတွင်းပိုင်းကိုမူ Human Scale ပြန်သုံးထားသည်ကိုတွေ့ရသည်။ ထို့ကြောင့် အဆောက်အဦးးတစ်ခုအား Human Scale နှင့် Social Human Scale နှစ်ခုပေါင်းစပ်ထားသည့်လက်ရာကိုတွေ့မြင်နိုင်သည်။ အဆောက်အဦး၏ အမြင့်များအားတစ်ခုနှင့်တစ်ခုညီညာစွာဆောက်လုပ်ထားပြီးအမြင်အားဖြင့် နှောက်ယှက်မှုမဖြစ်အောင် ဖွဲ့စည်းထားသည်ကိုတွေ့မြင်နိုင်သည်။
Pray for the Repose or Create Peace
KenzoTengeသည် ဆုတောင်းရန် အဆောက်အဦးတည်ဆောက်ရာတွင် တိုကျိုရှိငလျင် အဆောက်အဦးကဲ့သို့ Japan Culture နှင့် အညီဆောက်လုပ်ရန် Hiroshima မြို့တော်ဝန်၏တောင်းဆိုမှုကို ငြင်းဆိုခဲ့ပြီး International Style ကိုသာရွေးချယ်ခဲ့သည်။ KenzoTenge ၏ စိတ်ကူးနှင့် ဖန်တီးမှုသည် နိုင်ငံတကာ ငြိမ်းချမ်းရေးကိုကိုယ်စားပြုချင်သောကြောင့် Japan Culture တစ်ခုတည်းသာမဟုတ်ဘဲတစ်ကမ္ဘာလုံးကိုရည်ရွယ်၍International Style ကိုရွေးချယ်ခဲ့ခြင်းဖြစ်လေသည်။


Axix of Vista
KenzoTengeသည် Memorial Park ကိုတည်ဆောက်ရာတွင် ဝင်ရိုးနှစ်ခုဖြင့်သာဖွဲ့စည်းထားပြီးလမ်းမနှင့် ထောင့်မှန်ကျ ယူထားသည်ကိုတွေ့ရသည်။ ထို့ပြင် အဆောက်အဦးများကိုခြေတံရှည်တိုင်များဖြင့် ဖွဲ့စည်းထားသောကြောင့် အဆိုပါ အထိမ်းအမှတ် သဏ္ဍာန်အားလမ်းမမှ တိုက်ရိုက်မြင်နိုင်သည်ကိုတွေ့ရပါသည်။ ထို့ကြောင့် Memorial Park သည် ပန်းခြံအဖြစ်သာသီးသန့် ခွဲထွက်မနေဘဲ မြို့ပြနှင့် ဆက်နွယ်နေသည်ကိုပါ တွေ့ရပါသည်။

Hiroshima Memorial & Nuclear Mushroom

Nuclear Muchroom picture affect Japan culture and art

၁၉၄၅ ခုႏွစ္သည္ ကမၻာ့သမိုင္းတြင္ ႀကီးမားလွစြာေသာအေျပာင္းအလဲမ်ားစြာကို ျဖစ္ပြားေစခဲ့ေသာႏွစ္ဟုယူဆႏိုင္ပါသည္။  စစ္၏အရင္းအျမစ္ျဖစ္သည့္ ဖက္ဆစ္ဂ်ပန္တို႔အားအႏုျမဴလက္နက္အသံုးျပဳကာလက္နက္ခ်ေစခဲ့ၿပီးဒုတိယကမၻာစစ္အား ၿပီးဆံုးေစခဲ့သည္။ အႏုျမဴလက္နက္၏ ေၾကာက္မက္ဖြယ္အားလူသားတို႔ထံမိတ္ဆက္ေပးခဲ့သည္။ အဆိုပါ အႏုျမဴဗံုးဒဏ္သည္ လူသိန္းေပါင္းမ်ားစြာအားအစုလိုက္အျပံဳလိုက္္ ေသေစခဲ့သည္။

၁၉၄၅ ခုႏွစ္ ၾသဂုတ္လ (၆) ရက္ေန႔တြင္ ဂ်ပန္ႏိုင္ငံ၊ ဟီရိုရွီးမားၿမိဳ႕ႏွင့္ နာဂါဆာကီၿမိဳ႕ေပၚသို႔ က်ဲခ်ခဲ့သည့္ အႏုျမဴဗံုးမွတဆင့္ထြက္ေပၚလာသည့္ မိႈပြင့္သ႑ာန္တိမ္ေတာင္သည္ အႏုျမဴေခတ္၏ သေကၤတတစ္ခုပင္ ျဖစ္လာခဲ့သည္။ ၄င္းမိႈပြင့္သ႑ာန္ သေကၤတသည္ပင္ အႏုပညာအေပၚမ်ားစြာေသာသက္ေရာက္မႈမ်ားရွိခဲ့ပါသည္။ အႏုျမဴမႈိပြင့္သ႑ာန္တိမ္ေတာင္ ပံုရိပ္သည္ ဂ်ပန္လူမ်ိဳးမ်ားသာမကကမၻာေပၚရွိလူသားမ်ားအားလံုးထံသို႔ ေၾကာက္ရြံမႈမ်ားသယ္ေဆာင္လာခဲ့ပါသည္။

အင္အားႀကီးမားသည့္ အႏုျမဴလက္နက္ဆန္းမ်ားအား ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွ ပိုင္ဆိုင္ရန္ႀကိဳးစားလာကာတစ္ႏိုင္ငံႏွင့္ တစ္ႏုိင္ငံစစ္လက္နက္အင္အားခ်င္းယွဥ္ၿပိဳင္လာခဲ့ၾကသည္။ အေမရိကန္ သမၼတေဟာင္းေဂ်ာ့ဘုရွ္မွလည္းဆက္ဒမ္ဟူစိန္အားႏွိမ္ႏွင္းရန္အတြက္ေျပာသည့္ မိန္႔ခြန္းတြင္ ယင္းမႈိပြင့္သ႑ာန္ တိမ္ေတာင္ပံုရိပ္အားအသံုးျပဳၿခိမ္းေျခာက္ခဲ့သည္အထိအဆိုပါပံုရိပ္သည္ အင္အားႀကီးမားခဲ့ပါသည္။

ႏိုင္ငံေရးနယ္ပယ္တြင္သာမက အႏုပညာအသိုင္းအ၀ိုင္းတြင္လည္း ယင္းပံုရိပ္သက္ေရာက္ေနသည္မွာအထင္အရွားပင္ျဖစ္သည္။ အက်ည္းတန္လွသည့္ အႏုျမဴဗံုးဒဏ္ကိုခံခဲ့ရသူမ်ားသာမကမေတြ႔ၾကံဳလိုက္ရသည့္ လူမ်ားသည္လည္း ၄င္းတို႔၏ အႏုပညာမ်ားတြင္ အဆိုပါပံုရိပ္ကိုအသံုးျပဳထားျခင္းကို ၾကည့္ရႈျခင္းအားျဖင့္ သိရွိႏုိင္ပါသည္။ အႏုပညာရွင္ႏွင့္ ၄င္းတို႔၏ အႏုပညာေျမာက္မ်ားစြာထဲမွ ယခုေလ့လာရန္ ေရြးခ်ယ္ခဲ့သည့္ အႏုပညာမွာ “တာကာရွိမူရာကာမိ” ျဖစ္ပါသည္။ တာကာရွိမူရာကာမိသည္ ဂ်ပန္ႏိုင္ငံ Contemporary art တြင္ ခ်န္ထားခဲ့ရန္ မျဖစ္ႏုိင္သည့္ အႏုပညာရွင္တစ္ဦးျဖစ္ပါသည္။

မူရာကာမိအား ၁၉၆၂ ခုႏွစ္တြင္ တိုက်ိဳၿမိဳ႕၌ ေမြးဖြားခဲ့ၿပီးယခုအခါတိုက်ိဳၿမိဳ႕ Long Island City ႏွင့္ New York ၿမိဳ႕တို႔တြင္ လွည့္လည္ေနထိုင္ကာအႏုပညာလုပ္ငန္းမ်ားကိုလုပ္ေဆာင္လ်က္ရွိသည္။ မူရာကာမိသည္ ၁၉၄၅ ခုႏွစ္အတြင္းျဖစ္ပြားခဲ့သည့္ မိႈပြင့္သ႑ာန္တိမ္ေတာင္အား Ideology တစ္ခုအျဖစ္ ၄င္း၏ အႏုပညာမ်ားတြင္ ထည့္သြင္းေဖာ္ျပခဲ့သည္။ ယခုလက္ရွိဂ်ပန္ႏုိင္ငံတြင္ ေပၚျပဴလာအျဖစ္ဆံုးkawaiiအႏုပညာ Super flat art နွင့္ ေဖာ္ျပပါ Ideology အားေပါင္းစပ္ကာအႏုပညာမ်ား ျပဳလုပ္ခဲ့သည္။ ေအာက္တြင္ ေဖာ္ျပထားေသာပံုမွာဆိုခဲ့ေသာအႏုျမဴမိႈပြင့္မားအေျခခံကာဖန္တီးထားေသာတာကာရွိမူရာကာမိ၏ လက္ရာျဖစ္ပါသည္။

Architect KenzoTenge for Hiroshima Memorial Park

Ideology သည္ Contemporary art ႏွင့္ Fine art တြင္သာမက Architectural Building တြင္လည္းမ်ားစြာသက္ေရာက္မႈရွိပါသည္။ KenzoTenge ၏ Idea တစ္ခုျဖစ္ေသာ Hiroshima Memorial Park သည္ ဂ်ပန္ရွိေမာ္ဒန္ဗိသုကာလက္ရာမ်ားအနက္ စံနမူနာျပရေလာက္သည့္ လက္ရာတစ္ခုျဖစ္ပါသည္။ ဂ်ပန္၏ Modern Architecture ကိုေပၚထြန္းေစခဲ့ေသာလက္ရာတစ္ခုဟုေျပာလွ်င္လည္းမမွားေပ။

Hiroshima သည္ Honshu ၿမိဳ႕၏ အေနာက္ေတာင္ပိုင္းရွိ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါသည္။ ဒုတိယကမၻာစစ္မတိုင္ခင္ Hiroshima ၿမိဳ႕ေလးသည္ အစုလိုက္ အုပ္စုဖြဲ႕ေနၾကေသာဆင္ေျခဖံုးလူေနရပ္ကြက္ငယ္ေလးသာ ျဖစ္သည္။ အဆိုပါ ၿမိဳ႕ရွိလူေနအိမ္အမ်ားစုုသည္ ခပ္နိမ့္နိမ့္သာေဆာက္လုပ္ေလ့ရွိၿပီးဂ်ပန္ရွိလူေနအိမ္အေဆာက္အဦးတို႔ ဓေလ့ထံုးစံမ်ားအတိုင္းပံုမွန္လူတစ္ေယာက္၏ အတိုင္းအတာျဖင့္သာေဆာက္လုပ္ေလ့ရွိသည္။ ရိုးရွင္းေသာဖြဲ႔စည္းမႈပံုစံကိုသာေတြ႔ရွိရပါသည္။ ၁၉၄၅ ခုႏွစ္တြင္ Hiroshima သည္ အႏုျမဴဗံုးေပါက္ကြဲခံရၿပီးေနာက္ ကမၻာေပၚတြင္ ပထမဆံုးအႏုျမဴဗံုးေပါက္ကြဲခံရေသာ ၿမိဳ႕ျဖစ္လာသည္။ အႏုျမဴဗံုးသည္ Hiroshima ရွိအိမ္မ်ားကိုပ်က္စီးသြားေစရံုသာမက ၿမိဳ႕၏ စိုက္္ပ်ိဳးေျမဆီလႊာမ်ားကုိပါ ပ်က္စီးသြားေစခဲ့သည္။

ထိုက့ဲသို႔ ပ်က္စီးသြားေစခ့ဲေသာ Hiroshima ေျမေပၚတြင္ ဗိသုကာပညာရွင္ KenzoTenge ၏ လက္ရာသည္ ပံုမွန္ Human Scale ထက္ ပိုမိုႀကီးက်ယ္ခမ္းနားသည့္ ျပတုိက္ႀကီးတစ္ခုုေပၚေပါက္လာခဲ့လိမ့္မည္ဟုမည္သူမွ် ထင္ထားခဲ့လိမ့္မည္မဟုတ္ေပ။

KenzoTengeဆုိသူမွာ Hiroshima ၿမိဳ႕ငယ္ေလးရွိအထက္တန္းေက်ာင္းပညာအားေအာင္ျမင္ခဲ့ၿပီးဗိသုကာပညာရပ္ကိုေလ့လာခဲ့သူ ျဖစ္ပါသည္။ သူသည္အႏုျမဴဗံုးေပါက္ကြဲသည့္ ေနရာတြင္ ၿငိမ္းခ်မ္းေရးအထိမ္းအမွတ္ အေဆာက္အဦးေဆာက္လုပ္ရန္ ဒီဇိုင္းကို ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။ KenzoTengeသည္ သူကိုယ္တိုင္ အႏုျမဴဗံုးေၾကာင့္ သူကိုယ္တိုင္ မိဘႏွစ္ပါးဆံုးရႈံးခဲ့ဖူးသူျဖစ္ၿပီး ၿငိမ္းခ်မ္းေရးကိုအမွန္တကယ္လိုလားေတာင့္တသူ ျဖစ္သည္။ ထို႔ေၾကာင့္ပင္ သူ၏အေတြးေခၚႏွင့္ ဒီဇိုင္း idea မ်ားသည္ အႏုျမဴဗံုးေၾကာင့္ ဆံုးရႈံးသူမ်ား၏ ခံစားခ်က္ကိုလႊမ္းမိုးႏိုင္ခဲ့သည္။ ေနာက္ဆံုးတြင္ သူသည္ အဆိုပါ Hiroshima Memorial Park အားဒီဇိုင္းေရးဆြဲဖန္တီးခြင့္ ရခဲ့ေလသည္။

KenzoTengeသည္ အဆိုပါ Memorial Park အတြင္းရွိ Memorial Cenotaph အေစ့ကိုပန္းျခံ၏ အလယ္နားတြင္ ထားရွိကာ Concrete ျဖင့္ ေဆာက္လုပ္ထားပါသည္။ Cenotaph အေစ့ကုိ ျမင္းကုန္းနီးသ႑ာန္ျဖင့္ ဖံုးအုပ္ထားၿပီးအႏုျမဴဗံုးေၾကာင့္ ေသဆံုးသြားေသာလူမ်ား၏ အမည္မ်ားကိုေရးထိုးထားေလသည္။ ထို Cenotaph သည္ အႏုျမဴဗံုးေပါက္ကြဲခံရေသာ A-Bomb Dome အေဆာက္အဦးႏွင့္ Peace Flame ကိုတညီတည္းတည္ေဆာက္ထားသည္ကိုေတြ႔ရသည္။

Cenotaph ကိုလာသည့္လူမ်ားသည္ အဆိုပါ ျမင္းကုန္းနီးပံုစံအမိုးခံုးမွ တစ္ဆင့္ ဗံုးေပါက္ကြဲသည့္ေနရာကိုရည္စူး၍ ဆုေတာင္းႏိုင္သည္ကိုေတြ႕ရပါသည္။ ၄င္းျမင္းကုန္းနီးပံုသ႑ာန္အမိုးခံုးသည္ ေသဆံုးသူမ်ားအတြက္ အမိုးအကာအျဖစ္ရည္ရြယ္ထားသည့္ ဗိသုကာပညာရွင္၏ စိတ္ကူးအားေတြ႔ရွိရေပသည္။

Peace Memorial Museum ကို ၁၉၅၅ တြင္ တည္ေဆာက္ခဲ့ၿပီးဂ်ပန္ႏိုင္ငံ၏အစဥ္အလာယဥ္ေက်းမႈႏွင့္ ေခတ္သစ္ယဥ္ေက်းမႈဓေလ့ကိုဆက္သြယ္ေပးသည့္ ပံုရိပ္တစ္ခု ျဖစ္ခဲ့ပါသည္။ Peace Memorial Museum ကို ၀င္ရိုးႏွစ္ခုျဖင့္သာတည္ေဆာက္ထားၿပီး ေတာင္ေျမာက္၀င္ရုိးႏွင့္ အေရွ႕အေနာက္၀င္ရုိးႏွစ္ခုကိုမူတည္ထားသည္ကိုေတြ႔ရသည္။ အေဆာက္အဦးသံုးခုကိုေျခတံရွည္တိုင္မ်ားျဖင့္သာဖြဲ႔စည္းထားၿပီးေလွ်ာက္လမ္းသဖြယ္ ဖြဲ႔စည္းထားသည္ကိုေတြ႔ရပါသည္။ ထို႔ျပင္ အေဆာက္အဦးကို Glass Screen မ်ားျဖင့္သာဖြဲ႔စည္းထားၿပီးေလးေထာင့္ပံုသ႑ာန္ဖြဲ႔စည္းထားသည္ကိုေတြ႔ရပါသည္။ အဆုိပါ Memorial Park တြင္ KenzoTenge ၏ ထူးျခားသည့္ ဖန္တီးမႈ (၃) မ်ိဳးကိုေတြ႔ႏိုင္ေပသည္။ ၄င္းတို႔မွာ –

Scale

KenzoTengeသည္ Le Corbusier ၏ တပည့္တစ္ဦးျဖစ္ၿပီး Le Corbusier ၏ Design လႊမ္းမိုးမႈကိုပမာဏတစ္ခုအထိလက္ခံသူတစ္ဦးျဖစ္သည္။ သူသည္ အေဆာက္အဦးမ်ားကို Human Scale ျဖင့္ တည္ေဆာက္သည့္ Japan ၏ အေလ့ကိုခ်ိဳးေဖာက္ခဲ့သူတစ္ဦးျဖစ္သည္။ Tengeသည္ Le Corbusier ၏ အေဆာက္အဦးမ်ားအထူးသျဖင့္ ေျခတံရွည္တိုင္မ်ားကုိImatationယူၿပီးေဆာက္လုပ္ထားကာအေဆာက္အဦးအတြင္းပုိင္းကိုမူ Human Scale ျပန္သံုးထားသည္ကိုေတြ႔ရသည္။ ထို႔ေၾကာင့္ အေဆာက္အဦးးတစ္ခုအား Human Scale ႏွင့္ Social Human Scale ႏွစ္ခုေပါင္းစပ္ထားသည့္လက္ရာကိုေတြ႔ျမင္ႏိုင္သည္။ အေဆာက္အဦး၏ အျမင့္မ်ားအားတစ္ခုႏွင့္တစ္ခုညီညာစြာေဆာက္လုပ္ထားၿပီးအျမင္အားျဖင့္ ေႏွာက္ယွက္မႈမျဖစ္ေအာင္ ဖြဲ႔စည္းထားသည္ကိုေတြ႔ျမင္ႏိုင္သည္။

Pray for the Repose or Create Peace

KenzoTengeသည္ ဆုေတာင္းရန္ အေဆာက္အဦးတည္ေဆာက္ရာတြင္ တိုက်ိဳရွိငလ်င္ အေဆာက္အဦးကဲ့သို႔  Japan Culture ႏွင့္ အညီေဆာက္လုပ္ရန္ Hiroshima ၿမိဳ႕ေတာ္၀န္၏ေတာင္းဆိုမႈကို ျငင္းဆိုခဲ့ၿပီး International Style ကိုသာေရြးခ်ယ္ခဲ့သည္။ KenzoTenge ၏ စိတ္ကူးႏွင့္ ဖန္တီးမႈသည္ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးကိုကိုယ္စားျပဳခ်င္ေသာေၾကာင့္ Japan Culture တစ္ခုတည္းသာမဟုတ္ဘဲတစ္ကမၻာလံုးကိုရည္ရြယ္၍International Style ကိုေရြးခ်ယ္ခဲ့ျခင္းျဖစ္ေလသည္။

Axix of Vista

KenzoTengeသည္ Memorial Park ကိုတည္ေဆာက္ရာတြင္ ၀င္ရုိးႏွစ္ခုျဖင့္သာဖြဲ႔စည္းထားၿပီးလမ္းမႏွင့္ ေထာင့္မွန္က် ယူထားသည္ကိုေတြ႔ရသည္။ ထို႔ျပင္ အေဆာက္အဦးမ်ားကိုေျခတံရွည္တိုင္မ်ားျဖင့္ ဖြဲ႔စည္းထားေသာေၾကာင့္ အဆိုပါ အထိမ္းအမွတ္ သ႑ာန္အားလမ္းမမွ တိုက္ရိုက္ျမင္ႏိုင္သည္ကိုေတြ႔ရပါသည္။ ထို႔ေၾကာင့္ Memorial Park သည္ ပန္းျခံအျဖစ္သာသီးသန္႔ ခြဲထြက္မေနဘဲ ၿမိဳ႕ျပႏွင့္ ဆက္ႏြယ္ေနသည္ကိုပါ ေတြ႔ရပါသည္။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

ခရစ်စမတ် သစ်ပင်ကိုမှန်ကန်စွာရွေးချယ်တတ်စေဖို့

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
December 23, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ခရစ်ယာန်ဘာသာဝင်တွေ အများဆုံးနေထိုင်တဲ့ အနောက်နိုင်ငံမှာဆိုရင်တော့ ခရစ်စမတ်သစ်ပင်ကိုအတုသုံးရလား။ အစစ်သုံးရမလားဆိုတာကို ဝေခွဲရတတ်ကြပါတယ်။ ခရစ်စမတ်အချိန်အခါမျိုးမှာတစ်ချို့တွေကတော့ အကြောင်းအမျိုးမျိုးကြောင့် သစ်ပင်တုကိုသုံးနေပေမယ့်တချို့ကတော့ သစ်ပင်အစစ်ကိုပဲ ဝယ်ယူပြီး အလှဆင်ကြပါတယ်။ ဒီတော့ စာဖတ်သူတွေအနေနဲ့ သစ်ပင်အတုနဲ့ အစစ်ကြားထဲမှာဘယ်ဟာကိုသုံးမလဲလို့ ဆုံးဖြတ်ရခက်နေမယ်ဆိုရင် တစ်ခုချင်းစီရဲ့ အကောင်းအဆိုးကိုသေသေချာချာကြည့်စေချင်ပါတယ်။
ဒီဇင်ဘာလလို့ပြောလိုက်တာနဲ့ ခရစ်စမတ်ကို မြင်ယောင်ကြပါတယ်။ ခရစ်စမတ်အတွက်ကိုလည်း ကြိုတင်ရင်ခုန်ကြလိမ့်မယ်ဆိုတာကတော့ ပြောနေစရာတောင် မလိုတဲ့ အမှန်တရားပဲ ဖြစ်ပါတယ်။
ဖန်တီးထားသောသစ်ပင်၏ ကောင်းကျိုးများမျိုးစုံအသုံးပြုနိုင်ခြင်း
အခုခေတ် စီးပွားရေးအခြေအနေကြောင့် လူတော်တော်များများက Holiday seasons မျိုးမှာ ပြုလုပ်တဲ့ ပွဲတော်တွေအတွက် ဈေးအနည်းငယ်သာပေးရပြီးအဆင်ပြေတဲ့ တစ်ခါသုံးထုတ်ကုန်တွေကိုအသုံးပြုချင်လာကြပါတယ်။ ဒါကြောင့် ဒီလိုမျိုးစရိတ်ချွေတာပြီးသုံးချင်ကြတဲ့ လူတွေအတွက်ဖန်တီးထားတဲ့ ခရစ်စမတ်သစ်ပင်တွေကပိုပြီးနှစ်သက်ဖွယ်ကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။


ပြုပြင်ရလွယ်ကူခြင်း-
စာဖတ်သူလိုအပ်တဲ့ အပြင်အဆင်နှင့် ဒီဇိုင်းအရဖန်တီးထားတဲ့ခရစ်စမတ်သစ်ပင်တွေကသင်အလိုရှိတဲ့ နေရာတိုင်းကိုအလွယ်တကူရွေ့ပြောင်းနိုင်ပါတယ်။
အဆင်သင့်ခြင်း-
ဖန်တီးထားသောသစ်ပင်ကိုသိုလှောင်ထားရတာကသစ်ပင်အစစ်ကိုစွန့်လွှတ်လိုက်ရခြင်းထက် ပိုလွယ်ကူပါတယ်။ သစ်ပင်ပုံစံတော်တော်များများကလည်းpreltပုံစံလာပြီးကျရောက်လာတော့မယ့်ခရစ်စမတ်အချိန်အတွက် ပိုပြီးတော့လည်းအဆင်သင့်ဖြစ်နေတတ်ပါတယ်။


ဖန်တီးထားသောသစ်ပင်၏ဆိုးကျိုးများ
PVC –
ဖန်တီးထားတဲ့သစ်ပင်တော်တော်များများကစာရေးသူတို့ထက်တောင် အသက်ရှည်တဲ့ ဆွေးမြေ့ပျက်စီးမသွားနိုင်တဲ့ ပလက်စတစ်ခုဖြစ်တဲ့ polyvinyl chloride (PVC) နှင့် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
Carbon Footprint –
ခန့်မှန်းခြေအားဖြင့် ဖန်တီးထားတဲ့သစ်ပင်တွေရဲ့ ၈၅ ရာခိုင်နှုန်းကတရုတ်ကထုတ်လုပ်တာဖြစ်ပြီးသူတို့ရဲ့ ကာဗွန်ဖုပရင့် (carbon footprint) ကို ဖြည့်စွက်ပြီးတင်သွင်းခဲ့တာပါ။
သင်းပျံ့သောရနံ့မရှိခြင်း-
ဖန်တီးထားတဲ့ ခရစ်စမတ်သစ်ပင်ရဲ့အကြီးမားဆုံးအပိုင်းကတော့ အနံ့မရှိတာဖြစ်ပါတယ်။
ကုန်ကျစရိတ် –
အရည်အသွေးကောင်းတဲ့ ဖန်တီးထားတဲ့ ထင်းရူးသစ်ပင်နဲ့ နာနတ်ပင်တို့ကတခါတရံမှာဒေါ်လာ ၁၈၀၀ လောက် ကုန်ကျနိုင်ပါတယ်။
ခရစ်စမတ်သစ်ပင်အစစ်၏ ကောင်းကျိုးများ
အတွေ့အကြုံ –
မြတ်နိုးရတဲ့ အားလပ်ရပ်ရိုးရာဓလေ့အဖြစ် လူတော်တော်များများကခရစ်စမတ်သစ်ပင်အစစ်ကိုလွမ်းဆွတ်မှုရှနေကြပြီးသစ်ပင်အစစ်တွေကိုရွေးချယ်ပြီးအလှဆင်တာကို မြင်ချင်ကြပါတယ်။ နောက်ပြီးအိမ်ထဲမှာရှိတဲ့ သစ်ပင်အစစ်ရဲ့အနံ့ကစိတ်သက်သောင့်သက်သာဖြစ်စေပါတယ်။
ကုန်ကျစရိတ် –
အနောက်နိုင်ငံတွေမှာဆိုရင် Douglas ထင်းရူးပင်ရဲ့ ကုန်ကျစရိတ်ကဘယ်နေရာမှာပဲဖြစ်ဖြစ် ၆၉ ဒေါ်လာကနေ ၉၉ ဒေါ်လာထိရှိတဲ့အတွက် အိမ်ရာဖွံ့ဖြိုးရေးစတိုးဆိုင်စာရေးဆီမှ ဒေါ်လာ ၂၀ လောက်သာပေးရတဲ့ ဈေးသက်သာတဲ့ သစ်ပင်တွေကို ဝယ်ယူကြပါတယ်။
သစ်ပင်ငှားရမ်းခြင်း –
အနောက်နိုင်ငံတွေမှာEvergrowနဲ့ Living Christmas တို့လိုခရစ်စမတ်သစ်ပင်ငှားရမ်းတဲ့ company တွေကအခုအခါမှာတော့ အိမ်ထဲမှာခရစ်စမတ်သစ်ပင်အစစ်ကိုထားရှိဖို့အတွက်ကိုပိုပြီးကောင်းမွန်တဲ့နည်းလမ်းတွေ ပေးနေတာ ဖြစ်ပါတယ်။ စာဖတ်သူက ဝယ်ယူလိုက်တာနဲ့ သူတို့ကအိမ်အရောက်ဝန်ဆောင်မှုပေးမှာဖြစ်ပြီးနောက်နှစ်ခရစ်စမတ်မတိုင်ခင်အထိဂရုတစိုက်နဲ့ ထုတ်ပိုးပေးထားတာဒါမှမဟုတ် သစ်ပင်ကိုမလိုတော့ရင်လည်း ဖြတ်တောက်ပစ်ဖို့အတွက်ပါ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။


ခရစ်စမတ်သစ်ပင်အစစ်၏ ဆိုးကျိုးများ –
အဆင်မပြေခြင်း –
သစ်ပင်အစစ်ကအားလုံးပြီးဆုံးသွားတဲ့အခါမှာတော့ အပင်ရဲ့ ဘေးပတ်ပတ်လည်မှာကြွေကျလာတဲ့အရွက်တွေအပြင် အပင်မှာအလှဆင်ထားတဲ့အရာတွေက ကြမ်းပြင်မှာကျနေတတ်ပါတယ်။ ဒါကြောင့် အားလပ်ရက်မှာ ပြုလုပ်ရမယ့် သင့်ရဲ့ အိမ်မှုကိစ္စထဲမှာဒါတွေကိုပါ ရှင်းဖို့ အချိန်ထပ်ထည့်ဖို့ လိုအပ်ပါတယ်။ ဆိုလိုချင်တာကတော့ အားလပ်ရက်မှာထိုသစ်ပင်ကြောင့် ပိုပြီးအလုပ်ရှုပ်စေတာ ဖြစ်ပါတယ်။
စွန့်ပစ်ခြင်း –
ရှုခင်းဒီဇိုင်နာ Matt Kilbur က ခရစ်စမတ်ပြီးတဲ့အခါမှာအမှိုက်သရိုက်ပစ်ဖို့အတွက် လမ်းမှာသစ်ပင်တွေကြည့်ပြီးစောင့်ခိုင်းနေရတာကသူ့ကိုအတော်စိတ်တိုစေပါတယ်လို့ ပြောပါတယ်။ သူကလူတိုင်းကို ပြည်တွင်းသစ်ပင်ကို ပြန်လည်အသုံးချဖို့ အစီအစဉ်နှင့် သစ်ပင်တွေ ဖယ်ရှားရှင်းလင်းဖို့ ကိုယ်ပိုင်အသိစိတ်ရှိကြဖို့ အားပေးတိုက်တွန်းခဲ့ပါတယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar