Month: November 2019

ads

(၁) ပြတင်းပေါက်တွေကို နေသာတဲ့နေ့မှာ သန့်ရှင်းရေးပြုလုပ်ပေးခြင်း။
နေရောင်ခြည်တိုက်ရိုက် ထိတွေ့တဲ့အခါမျိုးမှာ မှန်ကြည်ဆေးရည်တွေက အလွယ်တကူခြောက်သွေ့နိုင်စွမ်းရှိတဲ့အတွက် မှန်တွေမှာ အစင်းကြောင်းတွေ ဖြစ်ကျန်ခဲ့တတ်ပါတယ်။ ထို့ကြောင့် ပြတင်းပေါက်မှန်တွေကို နေ့လည်နေအေးချိန်များနဲ့ ညနေပိုင်းများတွင် သန့်ရှင်းရေးလုပ်ပေးတာက အသင့်တော်ဆုံးပါ။


(၂) သန့်စင်ဆေးရည်တွေကို မျက်နှာပြင်ပေါ် တိုက်ရိုက် ပက်ဖျန်းခြင်း။
ဒီနည်းက တခါတလေ အတွက်အဆင်ပြေနိုင်ပေမယ့် သိပ်ညစ်ပတ်နေတဲ့မျက်နှာပြင် အပေါ်မှာ ဆိုရင်တော့ သန့်စင်ဆေးရည်တွေ အလကားအပိုကုန်မှာစိုးရပါတယ်။ ဆေးရည်အကုန်အကျ လိုသလောက်နဲ့ သန့်စင်သွားစေရန်အတွက် ဆေးရည်ကို သန့်စင်မယ့် မျက်နှာပြင်အပေါ် တိုက်ရိုက်ဖျန်းတာမျိုးကို ရှောင်ပါ။ သုတ်မယ့်အဝတ်စအပေါ်မှာ ဆေးရည်ကို ဖျန်းပြီးမှ သန့်စင်အောင်လုပ်ရမယ့်နေရာမှာ သုတ်ပါ။
(၃) လက်ဗလာနဲ့ သန့်ရှင်းရေးလုပ်ခြင်း။
သန့်ရှင်းရေးလုပ်တဲ့အချိန် လူတော်တေ်ာများများလုပ်မိနေတဲ့အရာ ဖြစ်ပါတယ်။ အဆင်ပြေသလို အလွယ်တကူ လက်ဗလာနဲ့ပဲ သန့်ရှင်းရေးလုပ်မိတတ်ကျပါတယ်။ သန့်စင်ဆေးရည်တွေ၊ ဆပ်ပြာတွေက အရေပြားအပေါ်ယံလွှာကို ပျက်စီးစေပါတယ်။ ရာဘာလက်အိတ်တွေကို ဝတ်ဆင်ပါ။ လက်အိတ်အတွင်းသားမှာ ချည်သားလိုင်းလေးတွေပါတာက သက်တောင့်သက်သာ အဖြစ်ဆုံးပါ။ သန့်ရှင်းရေးလုပ်တဲ့အချိန် လက်အိတ်စွပ်ပြီး ပြုလုပ်ပေးပါ။ လက်အသားအရေပျက်ဆီးတာ ကာကွယ်ပေးတဲ့အပြင် အလုပ်လုပ်နေတဲ့အချိန်မှာလည်း ပိုပြီးသက်တောင့်သက်သာ ဖြစ်စေပါတယ်။
(၄) ကော်ဇောပေါ်ရှိ အစွန်းများကို ကြမ်းတမ်းသောအရာနဲ့ပွတ်တိုက်ခြင်း။
ကေ်ာဇောပေါ်တွေမှာ အိမ်မွေးတိရိစ္ဆာန်တွေရဲ့ကျင်ငယ်တွေ၊ ကော်ဖီတွေ၊ အရောင်ပါတဲ့သောက်စရာတွေ ဖိတ်စင်တဲ့အချိန်မှာ အဝတ်စကြမ်းကြမ်းနဲ့ ပွတ်တိုက်ပေးတာမျိုးကို ရှောင်ကြဉ်ပါ။ အဝတ်ကြမ်းနဲ့ ပွတ်တိုက်လိုက်တာက ပေနေတဲ့အစွန်းတွေကို ဘေးဘက်တွေအထိပါ ပျံ့သွားစေပါတယ်။ တခုခု ဖိတ်ကျသွားတာနဲ့တပြိုင်နက် ခြောက်သွေ့တဲ့အဝတ်စနဲ့သုတ်လိုက်ပါ။ အရည်တွေ ခြောက်နိုင်သမျှ ခြောက်တဲ့အထိအဝတ်စကို အသုံးပြုပြီးသုတ်ပေးပါ။ ပြီးမှ အဝတ်စအသန့်ကို ရေခဲရေနှစ်ပြီး စွန်းနေတဲ့အပေတွေကို သုတ်ပေးပါ။ အခြောက်ဝတ်နဲ့ စိုနေတဲ့ရေတွေကို ပြန်သုတ်ပါ။ ရေခဲရေစိုနေတဲ့အဝတ်နဲ့ ပြန်သုတ်ပေးပါ။ ဒီနည်းအတိုင်း အခြောက်တစ်လှည့် အစိုတစ်လှည့် သုတ်ပေးလိုက်ခြင်းကြောင့် စွန်းနေတဲ့ အရောင်တွေ တဖြည်းဖြည်း အရောင်မှိန်လာပြီး လုံး၀ ပျောက်သွားတဲ့အထိ ဆက်တိုက်ပြုလုပ်ပေးပါ။


(၅) အိမ်သာဆေးတုတ်တံကို သုံးပြီးတာနဲ့ တုတ်တံထည့်တဲ့ခွက်ထဲ ချက်ချင်းပြန်ထည့်ခြင်း။
အခုနောက်ပိုင်း အသုံးများတဲ့အိမ်သာဆေးတုတ်တံတွေက အရင်ကလို သူ့ချည်းပဲ လာတာနည်းပါတယ်။ တုတ်တံထည့်တဲ့ခွက်ပါ တခါတည်းပါလာတာများပါတယ်။ စိုထိုင်းမှုကတော့ ဘတ်တီးရီးယားပေါက်ဖွားမှုကို အားပေးပါတယ်။ အိမ်သာဆေးတုတ်တံကို အသုံးပြုပြုပြီးခြင်း တုတ်တံထည့်တဲ့ခွက်ထဲ တခါတည်းထည့်လိုက်တာက အိမ်သာဆေးတုတ်တံကို စိုထိုင်းမှု ဖြစ်စေသလို ဘတ်တီးရီးယား ပေါက်ဖွားမှုကို အဆများစွာတိုးပွားစေနိုင်ပါတယ်။ တုတ်တံအသုံးပြုပြီး ဘေးနားမှာပဲ ခြောက်အောင် ၁- မိနစ်ခန့် ထားပြီးမှ တုတ်တံထည့်တဲ့ခွက်ထဲ ထည့်ပါ။


(၆) ပန်းကန်ဆေးရေမြှုပ်တွေကို ခြောက်သွေ့အောင်ထားပါ။
ပန်းကန်ဆေးရေမြှုပ်တွေက ဘတ်တီးရီးယားတွေ အများဆုံးခိုအောင်းတတ်တဲ့နေရာတစ်ခုပါ။ ရေမြှုပ်တွေကို အသုံးပြုပြီးတိုင်းခြောက်သွေ့အောင်ထားပါ။ ထိုရေမြှုပ်ဖတ်များကို မိုက်ခရိုဝေ့မီးဖိုထဲတွင် ၂ မိနစ်ခန့်ထည့်ထားပေးခြင်း၊ ဆပ်ပြာရည်စင်အောင် စင်အောင်ဆေးပြီး အခြောက်ခံပေးခြင်းတို့ ပြုလုပ်ပေးပါ။ နေ့စဉ် အသုံးပြုပြီးအချိန်တိုင်း ခြောက်သွေ့တဲ့နေရာမှာ ထားပေးပါ။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်


    ads

    (၁) ကြိုတွေးပါ။
    မီးဖိုခန်းဒီဇိုင်း စတင်ပြင်ဆင်ရာတွင် အခန်းတွင်းထည့်မယ့် ပစ္စည်းတွေကို အရင်စီစဉ်နေရာချထားပါ။ ပစ္စည်းတွေကို ဘယ်လိုပုံစံထားရမယ်ဆိုပြီး ပုံသေသတ်မှတ်ထားခြင်းမရှိဘဲ ကိုယ်သဘောကျတဲ့အတိုင်း အင်္ဂလိပ်အက္ခရာ ယူပုံစံဖြစ်ဖြစ် အယ်လ်ပုံစံဖြစ်ဖြစ် ထားနိင်ပါတယ်။ ဘေစင်၊ ရေခဲသေတ္တာနဲ့ ဟင်းချက်တဲ့နေရာတွေကို တြိဂံပုံစံဖြစ်အောင်ထားပါ။ တစ်နေရာနဲ့တစ်နေရာကို ပုံမှန် ၆ ပေအကွာထားပေးခြင်းအားဖြင့် မီးဖိုခန်းတွင်း လှုပ်ရှားမှုပြုလုပ်တဲ့အချိန်တိုင်း မနီးမဝေးနေရာအကျယ်ကြောင့် သက်တောင့်သက်သာဖြစ်စေမှာ သေချာပါတယ်။
    (၂) ပစ္စည်းတွေသိမ်းထားလို့ရမယ့်နေရာကို ပြင်ဆင်ဖို့ မမေ့ပါနဲ့။
    လူတွေတော်တေ်ာများများ လုပ်မိတဲ့အမှားက မီးဖိုခန်းမှာ ပစ္စည်းထည့်ဖို့နေရာ ကျယ်ကျယ်လုပ်ဖို့ မေ့နေတတ်ခြင်းပါပဲ။ မီးဖိုခန်းသုံးပစ္စည်းးတွေ လုံလုံလောက်လောက်ထားနိုင်မယ့်နေရာကို ပြင်ဆင်ပေးပါ။ အခန်းထဲရှိ ချောင်ကြိုချောင်ကြားမချန် နေရာလွတ်မှန်သမျှမှာ ပစ္စည်းးထားလို့ရနိုင်အောင်ပြင်ဆင်ပေးပါ။ ပြတင်းပေါက်အပေါ်အမြင့်လောက်ရှိတဲ့ နံရံကပ်ဗီရိုတွေကို တပ်ဆင်ပါ။ အံဆွဲတွေကိုပါ တပ်ဆင်ပေးခြင်းဖြင့် ဟင်းချက်ဒယ်အိုးတွေထည့်ရန် အလွန်အသုံးဝင်ပြီး နေရာစားသက်သာစေမှာပါ။


    (၃) မီးအလင်းရောင်ကို များများထားပါ။
    အိမ်ရဲ့တခြားအခန်းတွေနဲ့ကွာခြားတဲ့ မီးအလင်းရောင်ကို ပြင်ဆင်ပါ။ မီးဖိုခန်းမှာက မီးအလင်းရောင် အများကြီးလိုအပ်ပါတယ်။ အခန်းအလည်မှာထားတဲ့မီးတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အခန်းထောင့်တွေမှာကော အပေါ်မှာထားတဲ့စင်တွေအောက်မှာကော မီးလုံးလေးတွေထပ်တပ်ဆင်ပေးပါ။ ဒါမှ နံရံကပ်ဗီရိုအမြင့်တွေအောက်မှာ အရိပ်ကျပြီး မှောင်နေတာမျိုး မဖြစ်ရန် အတွက်ပါ။
    (၄) ဝန်နဲ့အားမျှအောင် လုပ်ဆောင်ပါ။
    လျှပ်စစ်ပစ္စည်းးတွေကို အသုံးပြုတဲ့အချိန် ဝန်နဲ့အားမျှအောင် လုပ်ဆောင်ပါ။ တခါတလေမြန်မြန်ပြီးချင်ဇောများတာနဲ့ စက်ရဲ့ လုပ်ဆောင်နိုင် စွမ်းအားထက် ပိုများတဲ့ပမာဏကို အသုံးပြုလိုက်ခြင်းမျိုးကိုရှောင်ပါ။ ဥပမာ-ပန်းကန်ဆေးစက်ထဲ ပန်းကန်တွေဆန့်တာထက် ပိုထည့် လိုက်ခြင်းအားဖြင့် စက်ရဲ့လုပ်ဆောင်ချက်ကို နှေးကွေးစေနိုင်ပြီး ပန်းကန်တွေကိုလည်း မြန်မြန်ဆန်ဆန်ခြောက်သွေ့စေနိုင်မှာ မဟုတ်ပါဘူး။


    (၅) နေရာအကျယ်နဲ့ အပေါ်ယံမျက်နှာပြင်ပုံစံကို ရွေးချယ်ပါ။
    ဘေစင်ဘေးက နေရာကိုသိပ်အကျယ်ကြီး မလိုအပ်ပါဘူး။ မျက်နှာပြင်ကိုလည်း လွယ်လွယ်ကူကူ သန့်စင်လို့ရနိုင်တဲ့ပုံစံမျိုးရွေးချယ်ပါ။ ကြွေပြားတစ်ခုနဲ့ တစ်ခုကြားမှာ နေရာဟနေတာမျိုးကို ရှောင်ပါ။ ထိုသို့ပြုလုပ်ထားတာက ကြွေပြားတွေကြားညစ်ပတ်သွားတဲ့အချိန် ပြန်သန့်ရှင်းရခက်စေမှာပါ။


    (၆) နေရာသစ်မှာ ပစ္စည်းသစ်နဲ့ ပြင်ဆင်ပါ။
    မီးဖိုခန်းအသစ်မှာ ပစ္စည်းအသစ်များကိုသာ အသုံးပြုပါ။ အရင်တုန်းက သုံးခဲ့တဲ့ပစ္စည်းဟောင်းတွေကို မီးဖိုခန်းအသစ်မှာ ထပ်မသုံးပါနဲ့။ အသစ်ပြန်ဝယ်ရမယ့်ကုန်ကျစရိတ်ကို ချွေတာတဲ့အနေနဲ့ ပစ္စည်းဟောင်းတွေကို ပြန်သုံးလိုက်တာက မီးဖိုခန်းတစ်ခုလုံးရဲ့အလှကို ထိုအရာ တစ်ခုတည်းကြောင့် ဖျက်ဆီးရာကျစေနိုင်ပါတယ်။

    Download eBook version as a FREE!

    လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်


      ads

      သင့်ဧည့်ခန်းလေးက အခန်းကျဉ်းကျဉ်းလေးမို့ လူများများစားစား ဝိုင်းဖွဲ့ထိုင်စရာနေရာမရှိ ဖြစ်နေပါသ လား။ အခန်းကျဉ်းတယ်ဆိုပေမယ့် ရှိတဲ့အခန်းကျဉ်းလေးထဲမှာပဲ ချောင်ချိသပ်ရပ်စွာနဲ့နေရာကျယ်ကျယ်နေထိုင် နိုင်ဖို့ ကြံဖန်နိုင်တဲ့ ဒီဇိုင်းလှည့်ကွက်တွေ အများကြီးရှိပါသေးတယ်။ ရိုးရှင်းလွယ်ကူတဲ့ ဒီနည်းလမ်းလေးတွေအ တိုင်း လိုက်နာလုပ်ဆောင်ရုံနဲ့ အခန်းအကျယ်အလိုက် သင့်တင့်တဲ့ပစ္စည်းတွေ၊ မျှတတဲ့ ပရိဘောဂနေရာချမှု တွေနဲ့ သင့်ဧည့်ခန်းကို နဂိုရှိရင်းထက် ပိုပြီးကျယ်သွားစေပြီး သက်သောင့်သက်သာရှိရှိ ကျယ်ကျယ်ဝန်းဝန်း နေထိုင်နိုင်မှာ အသေအချာပါပဲ။

      ထောင့်ကွက်လပ်နေရာကို ဖြည့်ပါ
      အခန်းကျဉ်းလေးထဲက ထောင့်နေရာမှာ ၁စင်တီမီတာလောင်တောင် နေရာလစ်ဟာပြီးမကျန်နေစေဖို့ ထောင်ချိုးနဲ့ကွက်တိကျတဲ့ L ပုံစံ ဆိုဖာဆက်တီခုံမျိုးကို ရွေးချယ်ပါ။ ထောင့်မှန်ချိုးဒီဇိုင်းက အခန်းရဲ့ထောင့်ချိုး နေရာနဲ့ အံဝင်ခွင်ကျဖြစ်သွားစေပြီး ဒီအခန်းကျဉ်းလေးထဲ ဆိုဖာခုံက အရွယ်ပိုကြီးနေသလို မထင်ရစေတော့ပါ ဘူး။

      အချိုးအစားလျှော့ချပါ
      အပေါ်က နည်းလမ်းက နှစ်ယောက်ထိုင်ဆိုဖာထိုင်ခုံနှစ်လုံးကို မျက်နှာချင်းဆိုင်နေရာချတာဖြစ်ပြီး ဒီ နည်းကိုသဘောတွေ့ပေမယ့် အခန်းက နှစ်ယောက်ဆိုဖာခုံထားဖို့လောက်တောင် မကျယ်ပါဘူးဆိုရင်လည်း အလားတူသဘောမျိုးနဲ့ပဲ နှစ်ယောက်ထိုင်ဆိုဖာနေရာမှာ တစ်ယောက်ခွဲစာသာသာလောက်ဆိုဖာခုံနဲ့ အစား ထိုးပြီး နေရာချနိုင်ပါတယ်။ အခန်းနံရံဘက်နားထိ ဆိုဖာခုံတွေ နေရာကပ်ထားလိုက်ရုံနဲ့ အခန်းအကျယ်ကို လည်း ထိခိုက်မှုမရှိစေဘဲ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အေးအေးလူလူနားနေနိုင်တဲ့ ဧည့်ခန်းလေးဖြစ်သွား စေမှာပါ။

      အသစ်အဆန်း တွေးတောပါ
      ဧည့်ခန်းဆိုတာနဲ့ ဘယ်လိုပုံစံဖြစ်နေရမယ်ဆိုပြီး ဘောင်ခတ်ထားတဲ့အတွေးတွေကို စွန့်ပစ်ခဲ့ပါ။ သင့် ဧည့်ခန်းလေးက ကျဉ်းနေတာကြောင့် ပရိဘောဂတွေ၊ အသုံးအဆောင်ပစ္စည်းတွေအတွက် နေရာရှာတဲ့အခါ တွေ့မြင်နေကျပုံစံမျိုးနဲ့ ရှာနေရင် အသုံးကျတဲ့အဖြေမျိုးရှာတွေ့မှာမဟုတ်ပါဘူး။ ပုံမှာပြထားတဲ့အခန်းရဲ့ဒီဇိုင်နာ ဆိုရင် ထိုင်ခုံဆိုဖာနေရာတွေကို အထိအခိုက်မခံဘဲ တီဗီနဲ့ပစ္စည်းပစ္စယတွေကို သပ်သပ်ရပ်ရပ်ထားသိုနိုင်စေဖို့ ထူးခြားဆန်းသစ်တဲ့အတွေးနဲ့ နေရာဖန်တီးပေးထားတာကို မြင်တွေ့ကြမှာပါ။
      နံရံကပ်စင်ပုံစံမျိုးနဲ့ တီဗီတွေနဲ့ ဧည့်ခန်းပစ္စည်းတွေကို နေရာချပေးထားတဲ့အပြင် တီဗီရှေ့မှာ ဆိုဖာခုံအ တွဲထဲက ခြေဆန့်လက်ဆန့်ထိုင်နိုင်တဲ့ ခုံရှည်အပိုင်းကို နေရာချပေးထားပြီး အခြားတဖက်ကနံရံဘက်မှာမှ နှစ် ယောက်တွဲဆိုဖာခုံကို နေရာချထားတာဖြစ်ပါတယ်။ တီဗီရှေ့မှာ နေရာမပုပ်တော့သလို ဆိုဖာခုံရှည်မှာလည်း ခြေဆန့်ထိုင်နိုင်ပြီး တစ်ဖက်မျက်နှာချင်းဆိုင်က ထိုင်နေတဲ့သူနဲ့လည်း စကားစမြည်ပြောလို့ရတဲ့ပုံစံလေးဖြစ်ပါ တယ်။ အလယ်ကော်ဖီစားပွဲမထားတော့ဘဲ ခွေးခြေခုံသာသာရှိတဲ့ ကော်ဖီစားပွဲအသေးစားလေးနှစ်ခုကို ဆိုဖာ ရဲ့တစ်ဖက်စီမှာချထားပြီး အခြားဧည့်ခန်းပစ္စည်းတွေကို နံရံကပ်စင်မှာတင်ထားပေးတာကြောင့် အပိုအလိုမရှိ ဘဲ သပ်ရပ်လှပတဲ့ ချစ်စဖွယ်ဧည့်ခန်းလေးအဖြစ် ပုံပေါ်လာပါတယ်။

      အမျိုးစုံအသုံးချနိုင်တဲ့ ပရိဘောဂတွေအသုံးပြုပါ
      ပရိဘောဂကို တစ်မျိုးတည်းသုံးနိုင်တဲ့ပရိဘောဂပုံစံမျိုးထက် ပုံစံမျိုးစုံနဲ့သုံးနိုင်တဲ့ ဘက်စုံသုံးပရိဘောဂ တွေအသုံးပြုပေးပါ။ ပုံမှာပြထားတဲ့အခန်းမှာဆိုရင် ခြေတင်တဲ့ခုံကို အသေးစားမျိုးမဟုတ်ဘဲ ကော်ဖီစားပွဲ လောက်ကြီးတဲ့အရွယ်အစားနဲ့ အသုံးပြုထားပါတယ်။ ခြေတင်ရုံမကဘဲ ကော်ဖီတွေမုန့်တွေချတဲ့အခါ ကော်ဖီ စားပွဲအဖြစ်အသုံးပြုနိုင်သလို ဆိုဖာထိုင်ခုံရှည်ပုံစံ ထိုင်ချင်ရင်လည်း ရှိပြီးသားဆိုဖာထိုင်ခုံနဲ့ခြေတင်ခုံကိုဆက် လိုက်ပြီး ပုံစံပြောင်းအသုံးချနိုင်ပါတယ်။
      ရွှေ့လွယ်ပြောင်းလွယ်တဲ့ခြေတင်ခုံဖြစ်ပြီး မိတ်ဆွေအပေါင်းအသင်းတွေ စုပြုံရောက်လာတဲ့အခါမျိုးမှာ အပေါ်မှာတင်ထားတဲ့ ဗန်းကိုဖယ်ရှားလိုက်ရုံနဲ့ ထိုင်ဖို့နေရာလုံလောက်သွားစေမှာဖြစ်ပါတယ်။

      အစုံလိုက် အသုံးပြုပါ
      ဧည့်ခန်းကျဉ်းကျဉ်းလေးတွေမှာ ပရိဘောဂတွေကို အချိုးညီပုံစံနဲ့နေရာချတာက အခန်းထဲ နေရာလွတ် ဟန်ချက်မျှပြီး သပ်ရပ်တဲ့အခင်းအကျင်းပုံစံဖြစ်စေပါတယ်။ သင့်ဧည့်ခန်းလေးက ကျဉ်းတယ်ဆိုရင် ဆိုဖာခုံနှစ်ခု ကို ပုံစံတူတစ်စုံ မျက်နှာချင်းဆိုင်ထားရှိပါ။ ပရိဘောဂတွေ အခန်းရဲ့အလယ်မှာ စုစည်းနေတာက အခန်းရဲ့ အလယ်ဆုံမှတ်တစ်ခုလို မြင်သာသွားစေပြီး အခန်းကျဉ်းနေတာကို မသိသာစေတော့ပါဘူး။

      ပုံစံမတူတဲ့ ပရိဘောဂတွေ ရောသုံးပါ
      ကြီးကြီးမားမားပရိဘောဂတွေ မဆံ့လောက်အောင် အခန်းကကျဉ်းနေတယ်ဆိုရင်တော့ သင့်ဧည့်ခန်း လေးမှာ ထိုင်ခုံနေရာအတွက် အနည်းငယ်ပိုသေးတဲ့ ပရိဘောဂတွေ ရွေးချယ်လိုက်ပါ။
      ပုံမှာပြတဲ့အခန်းမှာဆိုရင် ပုံစံမတူတဲ့ ထိုင်ခုံနှစ်မျိုးကို မျက်နှာချင်းဆိုင်နေရာချထားပါတယ်။ ထိုင်နိုင်တဲ့ နေရာလုံလုံလောက်လောက်ရှိတဲ့အပြင် ကြမ်းပြင်မှာလည်း ပြည့်ကျပ်လွန်းနေတာမျိုးမဟုတ်ဘဲ အခန်းထဲက စုံလင်တဲ့အပြင်အဆင်တွေအပေါ် မျက်စိကစားစရာဖြစ်စေပြီး ကျယ်သယောင်ဖြစ်သွားစေပါတယ်။

      ထောင့်စွန်က နေရာတွေကို အသုံးချပါ
      ဧည့်ခန်းမှာ ထိုင်ခုံနေရာဖန်တီးဖို့က ဆိုဖာခုံတွေနဲ့ ထိုင်ခုံတွေနဲ့မှ ဖန်တီးလို့ရတာမျိုးမဟုတ်ပါဘူး။ အ ခန်းကို လှည့်ပတ်ကြည့်လိုက်လို့ အသုံးမပြုဘဲရှိနေတဲ့ ထောင့်စွန်နေရာတွေရှိရင် ဒီနေရာတွေမှာ ထိုင်လို့ရတဲ့ နေရာတွေ ဖန်တီးယူလို့ရပါတယ်။
      ဥပမာ ပြတင်းပေါက်ကြီးကြီးမားမားရှိနေတဲ့ဘက်မှာ ပရိဘောဂထားလို့မရတော့ဘူးလို့ မထင်ပါနဲ့။ ပြတင်းပေါက်ဘောင်အောက်ခြေနဲ့အညီ ခုံတန်းရှည်ပြုလုပ်လို့ရပါတယ်။ ထောင်ချိုးမှာ ပုံစံတိတိပပမဟုတ်ဘဲ နေရာပိုရှိနေခဲ့ရင်လည်း ပုံမှာပြထားသလိုမျိုး စာအုပ်တွေတင်ထားလို့ရတဲ့ စာအုပ်စင်တွေနဲ့ စာထိုင်ဖတ်လို့ရတဲ့ စာဖတ်ချောင်လေးအဖြစ် ဖန်တီးလို့ရပါတယ်။

      အကာအဆီးများဖယ်ရှားပါ
      အခန်းကျဉ်းလေးမှာ အဓိကပိတ်ဆို့ကာဆီးနေမယ့်အရာမျိုးတွေကို ဖယ်ရှားရမှာဖြစ်ပါတယ်။ ထူထည်း တဲ့အမှီအကာတွေပါတဲ့ ဆိုဖာထိုင်ခုံတွေမသုံးဘဲ ကျောမှီအနိမ့်နဲ့ဆိုဖာခုံတွေ၊ လက်တန်းမပါတဲ့ ဆိုဖာခုံတွေ ရွေးချယ်ပေးမယ်ဆိုရင် အခန်းမှာ ပြည့်ကျပ်နေသလိုမျိုးမခံစားရစေတော့ပါဘူး။
      ပုံမှာပြတဲ့အခန်းမှာအသုံးပြုထားတဲ့ ဆိုဖာထိုင်ခုံမျိုးတွေက အရွယ်အစားမသေးလှဘဲ သက်သောင့် သက်သာရှိရှိ ထိုင်နိုင်တဲ့ပုံစံမျိုးပါ။ ဒါပေမယ့် ဒီထိုင်ခုံတွေက ကျောမှီနိမ့်ပြီး လက်တန်းမပါတဲ့ ရှင်းလင်းတဲ့ ဆိုဖာဒီဇိုင်းဖြစ်တာကြောင့် အခန်းကိုကာဆီးနေတာမျိုးမရှိဘဲ အမြင်ရှင်းလင်းနေစေပြီး အခန်းနေရာကျယ်သလို မြင်ရစေမှာဖြစ်ပါတယ်။

      Download eBook version as a FREE!

      လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်