Month: September 2019

ဖုန်းရွှေအဘိဓာန်

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဟိန္းလတ္ မှ
September 28, 2019 နေ့
ဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

Pa Kua (ပါ့ကွ)
ဖုန်းရွှေအကောင်းအဆိုးကို အဓိပ္ပါယ်ဖော်လာသော ရှစ်မြှောင်သင်္ကေတဖြစ်၏။ သံလိုက်အိမ်မြှောင်၏နေရာလေးနေရာနှင့် ဆက်စပ်ကာ
“ယီလှင်” ပညာ၏ တြိရေခါရှစ်ခုမှ မူတည်ဆင်းသက်လာခြင်းဖြစ်၏။
ပါ့ကွ၏အနားရှစ်ဖက်သည် ဖုန်းရွှေတွက်ချက်ရာတွင် အဓိပ္ပါယ်များစွာကို ဆောင်ကျဉ်းနိုင်၏။ ကမ္ဘာပေါ်ရှိ တရုတ်လူမျိုးများစွာသည် တံခါးမကြီး၏အပေါ်အိမ်အပြင်ဖက်တွင် ပါ့ကွကို ချိတ်ဆွဲထားခြင်းဖြင့် ပြင်ပမှ ဝင်ရောက်လာသည်အန္တရာယ်များကို ကာကွယ်ကြ၏။


Pa Kua Mirror (ပါ့ကွမှန်)
ယင်းပါ့ကွကို အဆိပ်မြှားတို့ ကာကွယ်ရာတွင်သုံး၏။ ပါ့ကွ၏နောက်ခံအရောင်မှာ အနီရောင်ဖြစ်၏။ ယန်းစွမ်းအင်ကို အသားပေးခြင်းဖြစ်သည်။ ပါ့ကွပတ်ပတ်လည်တွင် တြိရေခါ များရှိ၏။ အလည်တွင်မှန်တစ်ချပ်ရှိ၏။ ၎င်းသည်မိမိထံရန်ပြုရန်လာသော စွမ်းအင်များကို ရောင်ပြန်ဟပ် နှင်ထုတ်နိုင်သော အစွမ်းသတ္တိရှိ၏။
Path ways (လူသွားလမ်း)
လူသွားလမ်းတစ်ဖြောင့်တည်း ဆိုသည်ထက် ကွေ့ဝိုက်လိမ်ကောက်သောလမ်းက ဖုန်းရွှေပိုကောင်း၏။ ကားအဝင်လမ်း၊ အိမ်အဝင်လမ်းတို့သည် ဖြောင့်တန်းပြီး၊ ရှည်လျားလွန်းလျှင်မကောင်းပါ။ ပန်းခြံထဲရှိလမ်းကလည်း ကွေ့ဝိုက်နေလျှင်ကောင်း၏။ မကောင်းသောဓာတ်များက ဝင်လာလျှင်အရှိန်လျော့သွားနိုင်၍ဖြစ်၏။


Patio (အိမ်အပြင်ကကွပ်ပျစ်)
ကွပ်ပျစ်သည်ပျောက်နေသော ထောင့်များကိုဖြည့်စွက်ရာတွင် အကောင်းဆုံးနည်းလမ်းဖြစ်၏။ ကွပ်ပျစ်နေရာချထားသောနေရာပေါ်တွင် မှုတည်ပြီးစွမ်းအားတိုးမြှင့်၍ရ၏။ ဥပမာ-ကွပ်ပျစ်က မြောက်ဖက်တွင်ရှိနေလျှင် ရေဓာတ်စွမ်းအားမြှင့်ပေး၏။ တောင်ဖက်အရပ်တွင် ကွပ်ပျစ်ရှိလျှင် ထိုနေရာတွင်အသားကင်(ဘာဘေကျု့) လုပ်ရန်နေရာ။
Paving Stones (အနင်းခံကျောက်တုံးများ)
ကွေ့ဝိုက်သောလမ်းကလေးတွင် အနင်းခံကျောက်တုံးလေးများထားခြင်းသည် သင်၏ပန်းခြံမှ မြေကြီးဘက်နေရာတွင်ဖြစ်ပါက အကောင်းဆုံးဖြစ်၏။
Peach (မက်မွန်သီး)
မက်မွန်သီးသည် အသက်ရှည်ခြင်း၊ တည်တံ့ခိုင်မြဲခြင်း၏သင်္ကေတဖြစ်၏။ အိမ်၏အလည်ခေါင်တွင် ကျောက်စိမ်းဖြင့် လုပ်ထားသောသစ်ကိုင်းပေါ်၌ မက်မွန်သီးတစ်လုံးချိတ်ထားခြင်းသည် သက်ရှည်မှု၊ ခိုင်မြဲတည်တံ့မှု၏ ကံကိုဖြစ်စေ၏။


Peach Tree (မက်မွန်ပင်)
မက်မွန်ပင်မှအသီးကိုစားသူ မည်သူမဆိုခိုင်မြဲတည်တံ့ခြင်း၊ အသက်ရှည်ခြင်းကိုဖြစ်စေမည်ဟု ဒဏ္ဍာရီများစွာတွင်တွေ့ရ၏။ ကောင်းကင်ဘုံအနောက်ဖက်ခြမ်းရှိ မက်မွန်ပင်မှအသီးသည် နှစ် ၃၀၀၀ လျှင် တစ်ကြိမ်သီးမည်ဟုဆိုကြ၏။
Peacock (ဒေါင်း)
ဒေါင်းသည်သိက္ခာနှင့် အလှကိုကိုယ်စားပြု၏။ ရာစုနှစ်ပေါင်းများစွာပင် ဒေါင်းမြီးကွက်အရောင်ကို အရာရှိကြီးများ၏ ရာထူးအဆင့် တံဆိပ်အဖြစ် သတ်မှတ်ခဲ့ကြ၏။ ဒေါင်းမြီးဖြင့် ပြုလုပ်ထားသော ယပ်တောင်များကို တရုတ်အိမ်များတွင်မကြာခဏတွေ့ရတတ်၏။ “ကြက်သွေးရောင် ဖီးနစ်ငှက်”၏ နေရာတွင် ဒေါင်းကိုအစားထိုး၍လည်း ရပါသည်။


Peony (ပျိုနီပန်း)
ပန်းတို့၏ ဘုရင်ဖြစ်ကာ ပန်းရောင်၊ အနီရောင်၊ အဖြူရောင် အပွင်းကိုင်းများပါသည့်ပန်းဖြစ်၏။ ချစ်ခြင်းမေတ္တာ ကံအကောင်းဆုံး ဖြစ်စေသော ပန်းဖြစ်၏။ ဤပန်းသည်လှပပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးများနှင့် ဆက်စပ်နေ၏။ တရုတ်သမိုင်းတွင် အလှပဆုံးအမျိုးသမီးများထဲတွင် တစ်ဦးဖြစ်သည့် ယန်းကွေ့ဖေ့ သည်ဧကရာဇ်၏ မောင်မမိဿံတစ်ဦးဖြစ်၏။ သူ၏ကုတင်နှင့် အိပ်ခန်းတွင် တစ်နှစ်လုံး ပန်းတွေပြန့်ကြဲထားသည်ဆို၏။ သူတို့ဘာတစ်ခုမှ မလွန်ဆန်ဝံ့သောဧကရာဇ်ကြီးက သူ၏မောင်းမစိတ်ကြိုက် ဤပန်းများကို တောင်ဘက်ဒေသမှ တချိန်လုံးပို့လာခိုင်း၏။
မိမိတို့သမီးများကို ချမ်းသာကြွယ်ဝသူနှင့် လက်ထပ်စေချင်သော မိဘများက ဧည့်ခန်းတွင် ဤပန်းများ ပုံပန်းချီကားချိတ်ဆွဲထားရမည်။
ပန်းတွေပိုပွင့်လာပါလျှင် ပို၍မင်္ဂလာပွဲ အခမ်းအနားကြီးကျယ်မည်ဖြစ်၏။ ပန်းပုံပန်းချီကား (သို့) ပန်းဖြင့်လုပ်ထားသော ပန်းများကို အိပ်ခန်းတွင်ထား၍ရ၏။ ပိုကောင်းရန်ကာမူ ဧည့်ခန်းတွင်ထားခြင်းဖြစ်၏။ အိမ်ထောင်ကျပြီးသော သူတို့အဖို့မှာမှု ဤပန်းမျိုးကိုအိမ်တွင်မထားသင့်။
Pergolas (ပန်းခြုံများ)
ပျောက်ဆုံးနေသောထောင့်များ နေရာတွင် ပန်းခြုံများထားသင့်၏။ မိမိပန်းခြံအကျယ်အဝန်းပေါ်မှုတည်ပြီး မည်သည့်နေရာတွင် ပန်းခြုံမည်မျှထားရမည်ကိုကား ဖုန်းရွှေပညာရှင်နှင့် တွက်ချက်ပြီးမှ စီစဉ်သင့်သည်။


Period of Eight (ရှစ်စိုးမိုးသောကာလ)
ရှစ်စိုးမိုးသောကာလမှာ ၂၀၀၄ မှ ၂၀၂၃ ခုနှစ်အထိဖြစ်၏။ ၎င်းသည် တတိယမြောက်သားနှင့် ပိုသက်ဆိုင်၏။ အရွယ်က လူငယ်အရွယ်၊ ပညာနှင့် စဉ်းစားချင့်ချိန်ဉာဏ်ရင့်ကျက်လာသောအချိန်၊ ဤအချိန်ပိုင်းမျိုးကို “ကင်” (တောင်ကုန်း)နှင့် သင်္ကေတပြုကြ၏။ အလုပ်အကိုင်တစ်ခု စတင်လုပ်ကိုင်ရန် စမ်းသပ်ကာလမျိုးဖြစ်၏။ ဤရှစ်စိုးမိုးသောကာတွင် “ရှစ်” ဂဏန်းက ကံကောင်းမှုကိုနှစ်ဆဖြစ်စေ၏။
ဖီးနစ်ငှက်(Phoenix)
တောင်ပိုင်းဒေသမှ ငှက်ဖြစ်၏။ ၎င်းသည် အခွင့်အရေးကိုဖြစ်စေ၏။ တရုတ်ဒဏ္ဍာရီလာအရ ဖီးနစ်ငှက်သည် နတ်နဂါး၏ အဖေါ်ဖြစ်၏။ ဖုန်းရွှေပညာအရမူ ၎င်းသည် “အခွင့်အရေးကံ”ရုပ်သင်္ကေတဖြစ်၏။ ဖီးနစ်ငှက်နှင့် နဂါးအတူတွဲထားလျှင် အိမ်ထောင်ရေးကံကိုပိုကောင်းစေ၏။ ထို့ကြောင့် တရုတ်လူမျိုးတို့၏ မင်္ဂလာဆောင်တွင် ဖီးနစ်ငှက်နှင့် နဂါးရုပ်ကိုပူးတွဲ၍ဖေါ်ပြကြ၏။ နဂါး-ဖီးနစ်အမှတ်တံဆိပ်ကို အနောက်တောင်အရပ်တွင်ထားခြင်းဖြင့်အိမ်ထောင်ရေးကံကို ပိုကောင်းစေ၏။
ဖီးနစ်ငှက်သည်“အလုပ်အကိုင်ကံကောင်းမှု”ကိုလည်းဖြစ်စေ၏။ အလုပ်တွင်ကံကောင်းလိုလျှင် ဖီးနစ်ငှက်ပုံကို နဂါးမပါပဲထားရ၏။ နဂါးပါတွဲလျက်ရှိလျှင် “ယင်း” သတ္တဝါဖြစ်လာပြီ၊ နဂါးမပါလျှင် “ယန်”သတ္တဝါဖြစ်မည်။ ၎င်းသည် စီးပွားရေးအောင်မြင်မှုကိုရစေကာ ချမ်းသာကြွယ်ဝစေမည်။
“မြေယာနှင့်ဆိုင်သောဖုန်းရွှေ” တွင်မူဖီးနစ်သည် တောင်ပူစာကလေး၏ သင်္ကေတဖြစ်သည်။ အိမ်၏တောင်ဖက် (သို့) အရှေ့ဖက်တွင်တည်ရှိသည်။ တံခါးမကြီးရှေ့တွင်တောင်ပူစာကလေးမရှိပါက၊ မိမိဖာသာမိမိပြုလုပ်သင့်၏။ တောင်ဖက်သတ္တဝါဖြစ်၍ ဖီးနစ်ငှက်ရုပ်ကို အိမ် (သို့) ရုံး၏ တောင်ဖက်ခြမ်းတွင် ထားရမည်။ အကယ်၍သင့်လျော်သော ဖီးနစ်သင်္ကေတမရရှိပါက ကြက်ဖရုပ် (သို့) ဒေါင်းရုပ်ကိုထားလျှင်လည်း သင့်လျော်ပါသည်။


Pillors(တိုင်လုံးများ)
တံခါးပေါက်ဝရှေ့တွင်တိုင်လုံးများရှိနေပါက ဖုန်းရွှေမကောင်းပါ။ လေးထောင့်ဆန်ဆန် တိုင်လုံးများကပို၍ ဒုက္ခပေးတတ်သည်။ တိုင်အလုံးများကပို၍ ဒုက္ခပေးတတ်သည်။ တိုင်အလုံးများက တော်သေးသည်။ တံခါး၏ ဘေးတိုက်ရှိနေသောတိုင်အလုံးနှစ်လုံးက ဖုန်းရွှေကောင်း၏။ တိုင်လုံးလေးထောင့်များက သင့်ကိုထိုးထွက်နေလျှင် ထိုထောင့်စွန်းများနေရာတွင် အပင်တစ်ခုထားပါ။
Pine Trees (ထင်းရှူးပင်များ)
ထင်းရှူးပင်များသည်အသက်ရှည်ခြင်းနှင့် စွမ်းပကား သင်္ကေတဖြစ်၏။ ပန်းခြံထဲတွင် အနည်းဆုံးထင်းရှူးပင် တစ်ပင်တော့ရှိသင့်၏။ ထင်းရှူးရွက်များသည်လည်း အိမ်တွင်းရှိ မကောင်းသော စွမ်းအင်များကို သန့်စင်ရာတွင်အကောင်းဆုံးဖြစ်၏။ ၎င်းတို့သည်သန့်ရှင်းခြင်း၊ သန့်စင်ခြင်းတို့ပြုလုပ်ရာတွင် အလွန်အသုံးဝင်၏။
Plants(အပင်များ)
အပင်များသည်ကောင်းသောဖုန်းရွှေကိုဖြစ်စေ၏။ အထူးသဖြင့် အိမ်(သို့) ရုံး၏ သစ်သားဓာတ်ထောင့်များတွင် ထားရှိလျှင်ပိုကောင်း၏။ အလင်းရောင်သည် မီးဓာတ်ကိုအားပေးသကဲ့သို့ အပင်များသည်လည်း သစ်သားဓာတ်၏ ကြီးထွားမှုအနှစ်သာရကိုအားပေး၏။ အထူးသဖြင့်အိမ်၏ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တို့တွင် အပင်များစိုက်ထားပါက ဖုန်းရွှေကောင်းကိုဖြစ်ထွန်းစေ၏။ အပင်များမှ အရွက်များ၊ အကိုင်းများကို ပုံမှန်ညှိပေးခြင်းဖြစ်လည်း ဖုန်းရွှေပိုကောင်းစေသည်။ သေလုဆဲဆဲ ခြောက်သယောင်းလာသောအပင်များကိုမူ ချက်ချင်းဖယ်ရှားရမည်။


Plum Blossom (ဇီးသီးပန်း)
အသက်ရှည်စေရန် ဇီးသီးပန်းရုပ်ပုံကိုချိတ်ဆွဲထားပါ။ ပျိုနီပန်း၊ ကြာပန်း၊ ဂန်္ဓမာပန်း၊ ဇီးသီးပန်းတို့လေးခုသည် မင်္ဂလာရှိသောပန်းများဖြစ်၏။ ၎င်းတို့သည်ရာသီဥတုလေးခုကိုလည်းကိုယ်စားပြု၏။ ဇီးသီးပန်းကမူဆောင်းရာသီကိုကိုယ်စားပြု၏။ ဇီးသီးသည်ပျော်ရွှင်ပြီး သက်တမ်းရှည်ကြာမူကို သရုပ်ဆောင်သောသင်္ကေတဖြစ်၏။ ဇီးပန်းကအရွက်မရှိ။ စောစောပိုင်းကာလတွင်အကိုင်းများက ခြောက်နေ၏။ သို့သော်သက်တမ်းကြာရှည်လာလျှင် ပိုမိုရှင်သန်လာလေဖြစ်၏။
Poison Arrows (အဆိပ်မြှားများ)
ပတ်ဝန်းကျင်မှ မိမိဖက်ဆီသို့ ထိုးကွက်နေသောအရာများ၊ အချွန်အတက်များသည် မိမိကိုဒုက္ခပေး၊ အန္တရာယ်ပေးတတ် သည့်အဆိပ်မြှားများပင်ဖြစ်၏။ ဖုန်းရွှေအကောင်းဆုံးအနေအထားတွင် ရှိနေစေကာမူ အဆိပ်မြှားများက အိမ်ကို ဖျက်ဆီးတတ်သောသဘောရှိ၏။
အဆိပ်မြှားများကို ရှာတတ်ခြင်းသည် အလေ့အကျင့်ပေါ်မူတည်နေ၏။ ချွန်တက်သော၊ ရှတတ်သော၊ လေးထောင့်ဖြစ်သောအရာများသည် မိမိ၏တံခါးမကြီးကိုထိုးနေလျှင် ၎င်းတို့ကိုအဆိပ်မြှားဟုခေါ်၏။
“ရှားချီ” ခေါ် အဆိပ်မြှား အများဆုံးတွေ့ရသောနေရာမှာ အိမ်နီးနားခြင်း အိမ်မှခေါင်းမိုး၏ တြိဂံပုံစံအမိုးစွန်းများဖြစ်၏။ ထိုအရာများက မိမိအိမ်၏တံခါးမကြီးဆီသို့ တိုးထွက်နေပါက သင်၏တံခါးမကြီးကိုနေရာပြင်ဖောက်ပါလေတော့။
လျှပ်စစ်ဓာတ်အားပေးစက်၊ ထရန်စဖော်မာ(သို့) ဓာတ်ကြိုးတိုင်ကြီးက မိမိမျက်နှာခြင်းဆိုင်တွင် ရှိနေလျှင် (သို့) အနီးအနားတွင် ရှိနေလျှင် ၎င်းတို့ဆီမှ မကောင်းသောဓာတ်များထွက်၏။ ၎င်းတို့နှင့်အိမ်ကြားတွင် သစ်ပင်များစိုက်ပြီး ကာရံထားသင့်၏။
မိမိအိမ်ဘေးမှ မိုးပျံလမ်းကြီး ဖြတ်သွားပါက(သို့) မိုးပျံလမ်းအစွန်းက မိမိအိမ်ရှေ့တံခါးမကြီးကိုထိုးနေပါက ဟန်ချက်မညီဖြစ်မည်။ ထိုအိမ်မှ ရွှေ့ပါတော့ (သို့) ကြီးမားသော လေသာဆည်းလည်းကို အိမ်ရှေ့မှာတပ်ပါ။
ဘုရားရှိခိုးကျောင်း(သို့) အချွန်အထက်အပိုပါသောအဆောက်အဦး (သို့) ကြီးမားသောလက်ဝါးကပ်တိုင်ကြီးနှင့် မျက်နှာခြင်းဆိုင်အိမ်တွင်မနေပါနှင့်။ “ပါ့ကွ”မှန်ဖြင့် ရောင်ပြန်ကာကွယ်သမှုပြုပါ။
အဆိပ်မြှားများကို ကာကွယ်ရန်အကြမ်းဖျင်းအားဖြင့်နည်း (၆)နည်းရှိ၏။

(၁)Wind Chimes (လေသာဆည်းလည်း)
အထူးသဖြင့်သတ္တုဖြင့်လုပ်ထားသော လေသာဆည်းလည်းများကို အိမ်၏အနောက်ဖက်နှင့်အရှေ့မြောက်ဖက်တို့တွင် ချိတ်ဆွဲပြီး အဆိပ်မြှားကိုကာကွယ်ရ၏။
(၂) Plants (အပင်များ)
“ရှားချီ” ခေါ် အဆိပ်မြှားကိုကာကွယ်နိုင်သည့် နောက်တစ်နည်းက သစ်ပင်စိုက်ခြင်းပင်ဖြစ်၏။ အိပ်ခန်း၏ အရှေ့ဖက်ထောင့်တွင် စိုက်ပျိုးထားသောသစ်ပင်က ဖုန်းရွှေအလွန်ကောင်းပြီ၊ “ရှားချီ”ထိထိရောက်ရောက်ကာကွယ်နိုင်၏။
(၃)Screens (ကန့်လန့်ကာများ)
မကောင်းသောဓာတ်များကို အကာအကွယ်ပေးနိုင်သည့် အရာမှာ ကန့်လန့်ကာများဖြစ်၏။ “ရှားချီ”တိုက်ရိုက်တိုးမဝင်အောင်ကြားမှနေ၍ ကန့်လန့်ကာဖြင့်ခံပေးရ၏။
(၄) Curtains (ခန်းဆီးများ)
“ရှားချီ” ထိုးဖောက်မဝင်ရန် ခန်းဆီးများကာထားပါက၊ ပိတ်သားခပ်ထူထူကို သုံးပါ။ သက်ဆိုင်ရာထောင့်၏ ကိုယ်စားပြုအရောင်မျိုးသုံးပါက ပိုကောင်းပါသည်။ တောင်ဖက်အရပ်ဆိုလျှင် အနီရောင်၊ မြောက်ဖက်တွင် အပြာရင့်ရောင်၊ အရှေ့ဖက်ကို အစိမ်းရောင်၊ အနောက်ဖက်ကို အဖြူရောင်သုံးပါ။
(၅) Mirrors (မှန်များ)
“ရှားချီ” ကိုခုံခံတန်ပြန်နိုင်ရန် အကောင်းဆုံးလက်နက်မှာ မှန်ဖြစ်၏။ မှန်များကြောင့်အခန်းသည်ပိုမိုကျယ်သကဲ့သို့ဖြစ်ကာ ပျောက်ဆုံးနေသောကွက်လပ်များကိုလည်း မရှိအောင်လုပ်ပေးနိုင်၏။ သို့သော်မှန်များကို ဂရုတစိုက်သုံးစွဲရပါမည်။ ထမင်းစားခန်းတွင်မှန်သည် မင်္ဂလာဖြစ်သော်လည်း ဇနီးမောင်နှံအိပ်သောအိပ်ခန်းတွင်မူ မှန်မရှိစေရပါ။
(၆) Lights (မီးများ)
ဖုန်းရွှေပြဿနာများစွာကို ထိရောက်စွာဖြေရှင်းပေးသော လက်နက်ပင်ဖြစ်၏။ ချွန်ထက်သောအရာများ၊ ထိုးထွက်နေသောထောင့်များ၊
စသည်တို့နေရာ၌ အလင်းရောင်ကောင်းစွာပေးရ၏။ အထူးသဖြင့်အိမ်၏ တောင်ဖက်ခြမ်းတွင် မီးထွန်းပေးရ၏။
Pomegranate (သလဲသီး)
ကံကြမ္မာကောင်းများစွာကို ဆောင်ကြဉ်းပေးနိုင်သော အသီးဖြစ်၏။ အထူးသဖြင့် အနာဂတ်ကာလ အောင်မြင်မှုကိုတွန်းအားပေး၏။ သလဲသီးတွင် အစေ့များစွာရှိခြင်းကပင်လျှင် ဥစ္စာဓနပေါကြွယ်ဝမှုကို ကိုယ်စားပြု၏။ လက်ထပ်ခါစ အိမ်ထောင်ဦးဇနီးမောင်နှံများအနေဖြင့်သလဲသီးပုံပန်းချီကား(သို့) ရုပ်ပုံကိုအိပ်ခန်းတွင်ထားရှိခြင်းဖြင့် ကျန်းမာရွှင်လန်းသောသားသမီးများ ပွားစီးနိုင်မည်ဟု ယုံကြည်ကြ၏။


Ponds (ရေကန်များ)
ရေနှင့်ပတ်သက်သည်များကို မြောက်အရပ်၊ အရှေ့တောင်အရပ်နှင့် အရှေ့အရပ်တို့တွင်ထားရ၏။ ထိုအရပ်ဒေသများတွင် ရေကန်ငယ်လေးများရှိခြင်းက မင်္ဂလာပြည့်ဝစေ၏။ ရေကန်ထဲမှရေကိုပုပ်သိုးမနေစေဘဲ သန့်ရှင်းကြည်လင်စေရန် အမြဲဂရုစိုက်ပါ။ကောင်းမွန်သော “ချီ” ဓာတ်များ အိမ်ထဲသို့ဆောင်ကြဉ်းလာစေရန် ကန်ထဲတွင် ငါး(သို့) လိပ်များမွေးမြူပါ။
Productive Cycle (အပြုသဘောစက်ဝန်း)
ဓါတ်ကြီးငါးပါး၏သံသရာလည်မှုက ဟန်ချက်ညီညွတ်မျှတသော“ချီ”ဓာတ်ကိုဖန်တီးလာပြီ ဖုန်းရွှေကိုကောင်းစေ၏။ ဤသံသရာစက်ဝန်းမှ သစ်သားကမီးကထုတ်လုပ်၏။ ၎င်းမှမြေကြီး၊ ထိုမှတဖန်သတ္တု၊ ၎င်းမှတဆင့်ရေ၊ ရေမှတဖန်သစ်သားကို ထုတ်လုပ်သောသံသရာဖြစ်၏။ ဤဓါတ်သဘောတစ်ခုစီလည်ပတ်ပုံကို အသုံးပြုပြီး ဟန်ချက်ညီအောင်လုပ်ပေးရ၏။

Purple (ခရမ်းရောင်)
မ၈ၤလာရှိသောအရောင်ဖြစ်၏။ အပြာရောင်ထက်ပိုပြီးရေဓါတ်ကို အကျိုးပြု၏။ ခရမ်းရောင်ကို ငွေရောင်နှင့်သတ္တုရောင်တို့ဖြင့် တွဲဖက်ပါကပို၍ ကံကောင်းမှုကိုဖြစ်စေ၏။

Zawgyi ျဖင့္ဖတ္ရန္

ဖုန္းေရႊအဘိဓာန္

Pa Kua (ပါ့ကြ)

          ဖုန္းေရႊအေကာင္းအဆိုးကို အဓိပၸါယ္ေဖာ္လာေသာ ရွစ္ေျမႇာင္သေကၤတျဖစ္၏။ သံလိုက္အိမ္ေျမႇာင္၏ေနရာေလးေနရာႏွင့္ ဆက္စပ္ကာ

“ယီလွင္” ပညာ၏ ႀတိေရခါရွစ္ခုမွ မူတည္ဆင္းသက္လာျခင္းျဖစ္၏။

          ပါ့ကြ၏အနားရွစ္ဖက္သည္ ဖုန္းေရႊတြက္ခ်က္ရာတြင္ အဓိပၸါယ္မ်ားစြာကို ေဆာင္က်ဥ္းႏိုင္၏။ ကမၻာေပၚရွိ တရုတ္လူမ်ိဳးမ်ားစြာသည္ တံခါးမႀကီး၏အေပၚအိမ္အျပင္ဖက္တြင္ ပါ့ကြကို ခ်ိတ္ဆြဲထားျခင္းျဖင့္ ျပင္ပမွ ၀င္ေရာက္လာသည္အႏၱရာယ္မ်ားကို ကာကြယ္ၾက၏။

Pa Kua Mirror (ပါ့ကြမွန္)

          ယင္းပါ့ကြကို အဆိပ္ျမႇားတို႔ ကာကြယ္ရာတြင္သံုး၏။ ပါ့ကြ၏ေနာက္ခံအေရာင္မွာ အနီေရာင္ျဖစ္၏။ ယန္းစြမ္းအင္ကို အသားေပးျခင္းျဖစ္သည္။ ပါ့ကြပတ္ပတ္လည္တြင္ ႀတိေရခါ မ်ားရွိ၏။ အလည္တြင္မွန္တစ္ခ်ပ္ရွိ၏။ ၄င္းသည္မိမိထံရန္ျပဳရန္လာေသာ စြမ္းအင္မ်ားကို ေရာင္ျပန္ဟပ္ ႏွင္ထုတ္ႏိုင္ေသာ အစြမ္းသတိ္ၱရွိ၏။

Path ways (လူသြားလမ္း)

          လူသြားလမ္းတစ္ေျဖာင့္တည္း ဆိုသည္ထက္ ေကြ႔၀ိုက္လိမ္ေကာက္ေသာလမ္းက ဖုန္းေရႊပိုေကာင္း၏။ ကားအ၀င္လမ္း၊ အိမ္အ၀င္လမ္းတို႔သည္ ေျဖာင့္တန္းၿပီး၊ ရွည္လ်ားလြန္းလွ်င္မေကာင္းပါ။ ပန္းၿခံထဲရွိလမ္းကလည္း ေကြ႔၀ိုက္ေနလွ်င္ေကာင္း၏။ မေကာင္းေသာဓာတ္မ်ားက ၀င္လာလွ်င္အရွိန္ေလ်ာ့သြားႏိုင္၍ျဖစ္၏။

Patio (အိမ္အျပင္ကကြပ္ပ်စ္)

          ကြပ္ပ်စ္သည္ေပ်ာက္ေနေသာ ေထာင့္မ်ားကိုျဖည့္စြက္ရာတြင္ အေကာင္းဆံုးနည္းလမ္းျဖစ္၏။ ကြပ္ပ်စ္ေနရာခ်ထားေသာေနရာေပၚတြင္ မႈတည္ၿပီးစြမ္းအားတိုးျမႇင့္၍ရ၏။ ဥပမာ-ကြပ္ပ်စ္က ေျမာက္ဖက္တြင္ရွိေနလွ်င္ ေရဓာတ္စြမ္းအားျမႇင့္ေပး၏။ ေတာင္ဖက္အရပ္တြင္ ကြပ္ပ်စ္ရွိလွ်င္ ထိုေနရာတြင္အသားကင္(ဘာေဘက်ဳ႕) လုပ္ရန္ေနရာ။

Paving Stones (အနင္းခံေက်ာက္တံုးမ်ား)

          ေကြ႔၀ိုက္ေသာလမ္းကေလးတြင္ အနင္းခံေက်ာက္တံုးေလးမ်ားထားျခင္းသည္ သင္၏ပန္းၿခံမွ ေျမႀကီးဘက္ေနရာတြင္ျဖစ္ပါက အေကာင္းဆံုးျဖစ္၏။

Peach (မက္မြန္သီး)

          မက္မြန္သီးသည္ အသက္ရွည္ျခင္း၊ တည္တံ့ခိုင္ၿမဲျခင္း၏သေကၤတျဖစ္၏။ အိမ္၏အလည္ေခါင္တြင္ ေက်ာက္စိမ္းျဖင့္ လုပ္ထားေသာသစ္ကိုင္းေပၚ၌ မက္မြန္သီးတစ္လံုးခ်ိတ္ထားျခင္းသည္ သက္ရွည္မႈ၊ ခိုင္ၿမဲတည္တ့ံမႈ၏ ကံကိုျဖစ္ေစ၏။

Peach Tree (မက္မြန္ပင္)

          မက္မြန္ပင္မွအသီးကိုစားသူ မည္သူမဆိုခိုင္ၿမဲတည္တံ့ျခင္း၊ အသက္ရွည္ျခင္းကိုျဖစ္ေစမည္ဟု ဒ႑ာရီမ်ားစြာတြင္ေတြ႔ရ၏။ ေကာင္းကင္ဘံုအေနာက္ဖက္ျခမ္းရွိ မက္မြန္ပင္မွအသီးသည္ ႏွစ္ ၃၀၀၀ လွ်င္ တစ္ႀကိမ္သီးမည္ဟုဆိုၾက၏။

Peacock (ေဒါင္း)

          ေဒါင္းသည္သိကၡာႏွင့္ အလွကိုကိုယ္စားျပဳ၏။ ရာစုႏွစ္ေပါင္းမ်ားစြာပင္ ေဒါင္းၿမီးကြက္အေရာင္ကို အရာရွိႀကီးမ်ား၏ ရာထူးအဆင့္ တံဆိပ္အျဖစ္ သတ္မွတ္ခဲ့ၾက၏။ ေဒါင္းၿမီးျဖင့္ ျပဳလုပ္ထားေသာ ယပ္ေတာင္မ်ားကို တရုတ္အိမ္မ်ားတြင္မၾကာခဏေတြ႔ရတတ္၏။ “ၾကက္ေသြးေရာင္ ဖီးနစ္ငွက္”၏ ေနရာတြင္ ေဒါင္းကိုအစားထိုး၍လည္း ရပါသည္။

Peony (ပ်ိဳနီပန္း)

          ပန္းတို႔၏ ဘုရင္ျဖစ္ကာ ပန္းေရာင္၊ အနီေရာင္၊ အျဖဴေရာင္ အပြင္းကိုင္းမ်ားပါသည့္ပန္းျဖစ္၏။  ခ်စ္ျခင္းေမတၱာ ကံအေကာင္းဆံုး ျဖစ္ေစေသာ ပန္းျဖစ္၏။ ဤပန္းသည္လွပၿပီး ဆြဲေဆာင္မႈရွိေသာ အမ်ိဳးသမီးမ်ားႏွင့္ ဆက္စပ္ေန၏။ တရုတ္သမိုင္းတြင္ အလွပဆံုးအမ်ိဳးသမီးမ်ားထဲတြင္ တစ္ဦးျဖစ္သည့္ ယန္းေကြ႔ေဖ့ သည္ဧကရာဇ္၏ ေမာင္မမိႆံတစ္ဦးျဖစ္၏။ သူ၏ကုတင္ႏွင့္ အိပ္ခန္းတြင္ တစ္ႏွစ္လံုး ပန္းေတြျပန္႔ႀကဲထားသည္ဆို၏။ သူတို႔ဘာတစ္ခုမွ မလြန္ဆန္၀ံ့ေသာဧကရာဇ္ႀကီးက သူ၏ေမာင္းမစိတ္ႀကိဳက္ ဤပန္းမ်ားကို ေတာင္ဘက္ေဒသမွ တခ်ိန္လံုးပို႔လာခိုင္း၏။

          မိမိတို႔သမီးမ်ားကို ခ်မ္းသာႂကြယ္၀သူႏွင့္ လက္ထပ္ေစခ်င္ေသာ မိဘမ်ားက ဧည့္ခန္းတြင္ ဤပန္းမ်ား ပံုပန္းခ်ီကားခ်ိတ္ဆြဲထားရမည္။

ပန္းေတြပိုပြင့္လာပါလွ်င္ ပို၍မဂၤလာပြဲ အခမ္းအနားႀကီးက်ယ္မည္ျဖစ္၏။ ပန္းပံုပန္းခ်ီကား (သို႔) ပန္းျဖင့္လုပ္ထားေသာ ပန္းမ်ားကို အိပ္ခန္းတြင္ထား၍ရ၏။ ပိုေကာင္းရန္ကာမူ ဧည့္ခန္းတြင္ထားျခင္းျဖစ္၏။ အိမ္ေထာင္က်ၿပီးေသာ သူတို႔အဖို႔မွာမႈ ဤပန္းမ်ိဳးကိုအိမ္တြင္မထားသင့္။

Pergolas (ပန္းၿခံဳမ်ား)

          ေပ်ာက္ဆံုးေနေသာေထာင့္မ်ား ေနရာတြင္ ပန္းၿခံဳမ်ားထားသင့္၏။ မိမိပန္းၿခံအက်ယ္အ၀န္းေပၚမႈတည္ၿပီး မည္သည့္ေနရာတြင္ ပန္းၿခံဳမည္မွ်ထားရမည္ကိုကား ဖုန္းေရႊပညာရွင္ႏွင့္ တြက္ခ်က္ၿပီးမွ စီစဥ္သင့္သည္။

Period of Eight (ရွစ္စိုးမိုးေသာကာလ)

          ရွစ္စိုးမိုးေသာကာလမွာ ၂၀၀၄ မွ ၂၀၂၃ ခုႏွစ္အထိျဖစ္၏။ ၄င္းသည္ တတိယေျမာက္သားႏွင့္ ပိုသက္ဆိုင္၏။ အရြယ္က လူငယ္အရြယ္၊ ပညာႏွင့္ စဥ္းစားခ်င့္ခ်ိန္ဥာဏ္ရင့္က်က္လာေသာအခ်ိန္၊ ဤအခ်ိန္ပိုင္းမ်ိဳးကို “ကင္” (ေတာင္ကုန္း)ႏွင့္ သေကၤတျပဳၾက၏။ အလုပ္အကိုင္တစ္ခု စတင္လုပ္ကိုင္ရန္ စမ္းသပ္ကာလမ်ိဳးျဖစ္၏။ ဤရွစ္စိုးမိုးေသာကာတြင္ “ရွစ္” ဂဏန္းက ကံေကာင္းမႈကိုႏွစ္ဆျဖစ္ေစ၏။

ဖီးနစ္ငွက္(Phoenix)

          ေတာင္ပုိင္းေဒသမွ ငွက္ျဖစ္၏။ ၄င္းသည္ အခြင့္အေရးကိုျဖစ္ေစ၏။ တရုတ္ဒ႑ာရီလာအရ ဖီးနစ္ငွက္သည္ နတ္နဂါး၏ အေဖၚျဖစ္၏။ ဖုန္းေရႊပညာအရမူ ၄င္းသည္ “အခြင့္အေရးကံ”ရုပ္သေကၤတျဖစ္၏။ ဖီးနစ္ငွက္ႏွင့္ နဂါးအတူတြဲထားလွ်င္ အိမ္ေထာင္ေရးကံကိုပိုေကာင္းေစ၏။ ထို႔ေၾကာင့္ တရုတ္လူမ်ိဳးတို႔၏ မဂၤလာေဆာင္တြင္ ဖီးနစ္ငွက္ႏွင့္ နဂါးရုပ္ကိုပူးတြဲ၍ေဖၚျပၾက၏။ နဂါး-ဖီးနစ္အမွတ္တံဆိပ္ကို အေနာက္ေတာင္အရပ္တြင္ထားျခင္းျဖင့္အိမ္ေထာင္ေရးကံကို ပိုေကာင္းေစ၏။

          ဖီးနစ္ငွက္သည္“အလုပ္အကိုင္ကံေကာင္းမႈ”ကိုလည္းျဖစ္ေစ၏။ အလုပ္တြင္ကံေကာင္းလိုလွ်င္ ဖီးနစ္ငွက္ပံုကို နဂါးမပါပဲထားရ၏။ နဂါးပါတြဲလ်က္ရွိလွ်င္ “ယင္း” သတၱ၀ါျဖစ္လာၿပီ၊ နဂါးမပါလွ်င္ “ယန္”သတၱ၀ါျဖစ္မည္။ ၄င္းသည္ စီးပြားေရးေအာင္ျမင္မႈကိုရေစကာ ခ်မ္းသာႂကြယ္၀ေစမည္။

          “ေျမယာႏွင့္ဆိုင္ေသာဖုန္းေရႊ” တြင္မူဖီးနစ္သည္ ေတာင္ပူစာကေလး၏ သေကၤတျဖစ္သည္။ အိမ္၏ေတာင္ဖက္ (သို႔) အေရွ႕ဖက္တြင္တည္ရွိသည္။ တံခါးမႀကီးေရွ႕တြင္ေတာင္ပူစာကေလးမရွိပါက၊ မိမိဖာသာမိမိျပဳလုပ္သင္႕၏။ ေတာင္ဖက္သတၱ၀ါျဖစ္၍ ဖီးနစ္ငွက္ရုပ္ကို အိမ္ (သို႔) ရုံး၏ ေတာင္ဖက္ျခမ္းတြင္ ထားရမည္။ အကယ္၍သင့္ေလ်ာ္ေသာ ဖီးနစ္သေကၤတမရရွိပါက ၾကက္ဖရုပ္ (သို႔) ေဒါင္းရုပ္ကိုထားလွ်င္လည္း သင့္ေလ်ာ္ပါသည္။

Pillors(တိုင္လံုးမ်ား)

          တံခါးေပါက္၀ေရွ႕တြင္တိုင္လံုးမ်ားရွိေနပါက ဖုန္းေရႊမေကာင္းပါ။ ေလးေထာင့္ဆန္ဆန္ တိုင္လံုးမ်ားကပို၍ ဒုကၡေပးတတ္သည္။ တိုင္အလံုးမ်ားကပို၍ ဒုကၡေပးတတ္သည္။ တိုင္အလံုးမ်ားက ေတာ္ေသးသည္။ တံခါး၏ ေဘးတိုက္ရွိေနေသာတိုင္အလံုးႏွစ္လံုးက ဖုန္းေရႊေကာင္း၏။ တိုင္လံုးေလးေထာင့္မ်ားက သင့္ကိုထိုးထြက္ေနလွ်င္ ထိုေထာင့္စြန္းမ်ားေနရာတြင္ အပင္တစ္ခုထားပါ။

Pine Trees (ထင္းရွဴးပင္မ်ား)

          ထင္းရွဴးပင္မ်ားသည္အသက္ရွည္ျခင္းႏွင့္ စြမ္းပကား သေကၤတျဖစ္၏။ ပန္းၿခံထဲတြင္ အနည္းဆံုးထင္းရွဴးပင္ တစ္ပင္ေတာ့ရွိသင့္၏။ ထင္းရွဴးရြက္မ်ားသည္လည္း အိမ္တြင္းရွိ မေကာင္းေသာ စြမ္းအင္မ်ားကို သန္႔စင္ရာတြင္အေကာင္းဆံုးျဖစ္၏။ ၄င္းတို႔သည္သန္႔ရွင္းျခင္း၊ သန္႔စင္ျခင္းတို႔ျပဳလုပ္ရာတြင္ အလြန္အသံုး၀င္၏။

Plants(အပင္မ်ား)

          အပင္မ်ားသည္ေကာင္းေသာဖုန္းေရႊကိုျဖစ္ေစ၏။ အထူးသျဖင့္ အိမ္(သို႔) ရုံး၏ သစ္သားဓာတ္ေထာင့္မ်ားတြင္ ထားရွိလွ်င္ပိုေကာင္း၏။ အလင္းေရာင္သည္ မီးဓာတ္ကိုအားေပးသကဲ့သို႔ အပင္မ်ားသည္လည္း သစ္သားဓာတ္၏ ႀကီးထြားမႈအႏွစ္သာရကိုအားေပး၏။ အထူးသျဖင့္အိမ္၏ အေရွ႕ဘက္နွင့္ အေရွ႕ေတာင္ဘက္တို႔တြင္ အပင္မ်ားစိုက္ထားပါက ဖုန္းေရႊေကာင္းကိုျဖစ္ထြန္းေစ၏။ အပင္မ်ားမွ အရြက္မ်ား၊ အကိုင္းမ်ားကို ပံုမွန္ညွိေပးျခင္းျဖစ္လည္း ဖုန္းေရႊပိုေကာင္းေစသည္။ ေသလုဆဲဆဲ ေျခာက္သေယာင္းလာေသာအပင္မ်ားကိုမူ ခ်က္ခ်င္းဖယ္ရွားရမည္။

Plum Blossom (ဇီးသီးပန္း)

          အသက္ရွည္ေစရန္ ဇီးသီးပန္းရုပ္ပံုကိုခ်ိတ္ဆြဲထားပါ။ ပ်ိဳနီပန္း၊ ၾကာပန္း၊ ဂႏ္ၶမာပန္း၊ ဇီးသီးပန္းတို႔ေလးခုသည္ မဂၤလာရွိေသာပန္းမ်ားျဖစ္၏။ ၄င္းတို႔သည္ရာသီဥတုေလးခုကိုလည္းကိုယ္စားျပဳ၏။ ဇီးသီးပန္းကမူေဆာင္းရာသီကိုကိုယ္စားျပဳ၏။ ဇီးသီးသည္ေပ်ာ္ရႊင္ၿပီး သက္တမ္းရွည္ၾကာမူကို သရုပ္ေဆာင္ေသာသေကၤတျဖစ္၏။ ဇီးပန္းကအရြက္မရွိ။ ေစာေစာပိုင္းကာလတြင္အကိုင္းမ်ားက ေျခာက္ေန၏။ သို႔ေသာ္သက္တမ္းၾကာရွည္လာလွ်င္ ပိုမိုရွင္သန္လာေလျဖစ္၏။

Poison Arrows (အဆိပ္ျမႇားမ်ား)

          ပတ္၀န္းက်င္မွ မိမိဖက္ဆီသို႔ ထိုးကြက္ေနေသာအရာမ်ား၊ အခၽြန္အတက္မ်ားသည္ မိမိကိုဒုကၡေပး၊ အႏၱရာယ္ေပးတတ္ သည့္အဆိပ္ျမႇားမ်ားပင္ျဖစ္၏။ ဖုန္းေရႊအေကာင္းဆံုးအေနအထားတြင္ ရွိေနေစကာမူ အဆိပ္ျမႇားမ်ားက အိမ္ကို ဖ်က္ဆီးတတ္ေသာသေဘာရွိ၏။

          အဆိပ္ျမႇားမ်ားကို ရွာတတ္ျခင္းသည္ အေလ့အက်င့္ေပၚမူတည္ေန၏။ ခၽြန္တက္ေသာ၊ ရွတတ္ေသာ၊ ေလးေထာင့္ျဖစ္ေသာအရာမ်ားသည္ မိမိ၏တံခါးမႀကီးကိုထိုးေနလွ်င္ ၄င္းတို႔ကိုအဆိပ္ျမႇားဟုေခၚ၏။

 “ရွားခ်ီ” ေခၚ အဆိပ္ျမႇား အမ်ားဆံုးေတြ႔ရေသာေနရာမွာ အိမ္နီးနားျခင္း အိမ္မွေခါင္းမိုး၏ ႀတိဂံပံုစံအမိုးစြန္းမ်ားျဖစ္၏။ ထိုအရာမ်ားက မိမိအိမ္၏တံခါးမႀကီးဆီသို႔ တိုးထြက္ေနပါက သင္၏တံခါးမႀကီးကိုေနရာျပင္ေဖာက္ပါေလေတာ့။

          လွ်ပ္စစ္ဓာတ္အားေပးစက္၊ ထရန္စေဖာ္မာ(သို႔) ဓာတ္ႀကိဳးတိုင္ႀကီးက မိမိမ်က္ႏွာျခင္းဆိုင္တြင္ ရွိေနလွ်င္ (သို႔) အနီးအနားတြင္ ရွိေနလွ်င္ ၄င္းတို႔ဆီမွ မေကာင္းေသာဓာတ္မ်ားထြက္၏။ ၄င္းတို႔ႏွင့္အိမ္ၾကားတြင္ သစ္ပင္မ်ားစိုက္ၿပီး ကာရံထားသင့္၏။

          မိမိအိမ္ေဘးမွ မိုးပ်ံလမ္းႀကီး ျဖတ္သြားပါက(သို႔) မိုးပ်ံလမ္းအစြန္းက မိမိအိမ္ေရွ႕တံခါးမႀကီးကိုထိုးေနပါက ဟန္ခ်က္မညီျဖစ္မည္။ ထိုအိမ္မွ ေရႊ႔ပါေတာ့ (သို႔) ႀကီးမားေသာ ေလသာဆည္းလည္းကို အိမ္ေရွ႕မွာတပ္ပါ။

          ဘုရားရွိခိုးေက်ာင္း(သို႔) အခၽြန္အထက္အပိုပါေသာအေဆာက္အဦး (သို႔) ႀကီးမားေသာလက္၀ါးကပ္တိုင္ႀကီးႏွင့္ မ်က္ႏွာျခင္းဆိုင္အိမ္တြင္မေနပါႏွင့္။ “ပါ့ကြ”မွန္ျဖင့္ ေရာင္ျပန္ကာကြယ္သမႈျပဳပါ။

အဆိပ္ျမႇားမ်ားကို ကာကြယ္ရန္အၾကမ္းဖ်င္းအားျဖင့္နည္း (၆)နည္းရွိ္၏။

(၁)Wind Chimes (ေလသာဆည္းလည္း)

          အထူးသျဖင့္သတၲဳျဖင့္လုပ္ထားေသာ ေလသာဆည္းလည္းမ်ားကို အိမ္၏အေနာက္ဖက္ႏွင့္အေရွ႕ေျမာက္ဖက္တို႔တြင္ ခ်ိတ္ဆြဲျပီး အဆိပ္ျမႇားကိုကာကြယ္ရ၏။

(၂) Plants (အပင္မ်ား)

          “ရွားခ်ီ” ေခၚ အဆိပ္ျမႇားကိုကာကြယ္ႏိုင္သည့္ ေနာက္တစ္နည္းက သစ္ပင္စိုက္ျခင္းပင္ျဖစ္၏။ အိပ္ခန္း၏ အေရွ႕ဖက္ေထာင့္တြင္ စိုက္ပ်ိဳးထားေသာသစ္ပင္က ဖုန္းေရႊအလြန္ေကာင္းၿပီ၊ “ရွားခ်ီ”ထိထိေရာက္ေရာက္ကာကြယ္ႏိုင္၏။

(၃)Screens (ကန္႔လန္႔ကာမ်ား)

          မေကာင္းေသာဓာတ္္မ်ားကို အကာအကြယ္ေပးႏိုင္သည့္ အရာမွာ ကန္႔လန္႔ကာမ်ားျဖစ္၏။ “ရွားခ်ီ”တိုက္ရုိက္တိုးမ၀င္ေအာင္ၾကားမွေန၍ ကန္႔လန္႔ကာျဖင့္ခံေပးရ၏။

(၄) Curtains (ခန္းဆီးမ်ား)

          “ရွားခ်ီ” ထိုးေဖာက္မ၀င္ရန္ ခန္းဆီးမ်ားကာထားပါက၊ ပိတ္သားခပ္ထူထူကို သံုးပါ။ သက္ဆိုင္ရာေထာင့္၏ ကိုယ္စားျပဳအေရာင္မ်ိဳးသံုးပါက ပိုေကာင္းပါသည္။ ေတာင္ဖက္အရပ္ဆိုလွ်င္ အနီေရာင္၊ ေျမာက္ဖက္တြင္ အျပာရင့္ေရာင္၊ အေရွ႕ဖက္ကို အစိမ္းေရာင္၊ အေနာက္ဖက္ကိုု အျဖဴေရာင္သံုးပါ။

(၅) Mirrors (မွန္မ်ား)

          “ရွားခ်ီ” ကိုခုံခံတန္ျပန္ႏိုင္ရန္ အေကာင္းဆံုးလက္နက္မွာ မွန္ျဖစ္၏။ မွန္မ်ားေၾကာင့္အခန္းသည္ပိုမိုက်ယ္သကဲ့သို႔ျဖစ္ကာ ေပ်ာက္ဆံုးေနေသာကြက္လပ္မ်ားကိုလည္း မရွိေအာင္လုပ္ေပးႏိုင္၏။ သို႔ေသာ္မွန္မ်ားကို ဂရုတစိုက္သံုးစြဲရပါမည္။ ထမင္းစားခန္းတြင္မွန္သည္ မဂၤလာျဖစ္ေသာ္လည္း ဇနီးေမာင္ႏွံအိပ္ေသာအိပ္ခန္းတြင္မူ မွန္မရွိေစရပါ။

(၆) Lights (မီးမ်ား)

          ဖုန္းေရႊျပႆနာမ်ားစြာကို ထိေရာက္စြာေျဖရွင္းေပးေသာ လက္နက္ပင္ျဖစ္၏။ ခၽြန္ထက္ေသာအရာမ်ား၊ ထိုးထြက္ေနေသာေထာင့္မ်ား၊

စသည္တို႔ေနရာ၌ အလင္းေရာင္ေကာင္းစြာေပးရ၏။ အထူးသျဖင့္အိမ္၏ ေတာင္ဖက္ျခမ္းတြင္ မီးထြန္းေပးရ၏။

Pomegranate (သလဲသီး)

          ကံၾကမၼာေကာင္းမ်ားစြာကို ေဆာင္ၾကဥ္းေပးႏိုင္ေသာ အသီးျဖစ္၏။ အထူးသျဖင့္ အနာဂတ္ကာလ ေအာင္ျမင္မႈကိုတြန္းအားေပး၏။ သလဲသီးတြင္ အေစ့မ်ားစြာရွိျခင္းကပင္လွ်င္ ဥစၥာဓနေပါႂကြယ္၀မႈကို ကိုယ္စားျပဳ၏။ လက္ထပ္ခါစ အိမ္ေထာင္ဦးဇနီးေမာင္ႏွံမ်ားအေနျဖင့္သလဲသီးပံုပန္းခ်ီကား(သို႔) ရုပ္ပံုကိုအိပ္ခန္းတြင္ထားရွိျခင္းျဖင့္ က်န္းမာရႊင္လန္းေသာသားသမီးမ်ား ပြားစီးႏိုင္မည္ဟု ယံုၾကည္ၾက၏။

Ponds (ေရကန္မ်ား)

          ေရႏွင့္ပတ္သက္သည္မ်ားကို ေျမာက္အရပ္၊ အေရွ႕ေတာင္အရပ္ႏွင့္ အေရွ႕အရပ္တို႔တြင္ထားရ၏။ ထိုအရပ္ေဒသမ်ားတြင္ ေရကန္ငယ္ေလးမ်ားရွိျခင္းက မဂၤလာျပည့္၀ေစ၏။ ေရကန္ထဲမွေရကိုပုပ္သိုးမေနေစဘဲ သန္႔ရွင္းၾကည္လင္ေစရန္ အၿမဲဂရုစိုက္ပါ။ေကာင္းမြန္ေသာ “ခ်ီ” ဓာတ္မ်ား အိမ္ထဲသို႔ေဆာင္ၾကဥ္းလာေစရန္ ကန္ထဲတြင္ ငါး(သို႔) လိပ္မ်ားေမြးျမဴပါ။

Productive Cycle (အျပဳသေဘာစက္၀န္း) 

          ဓါတ္ႀကီးငါးပါး၏သံသရာလည္မႈက ဟန္ခ်က္ညီညြတ္မွ်တေသာ“ခ်ီ”ဓာတ္ကိုဖန္တီးလာျပီ ဖုန္းေရႊကိုေကာင္းေစ၏။ ဤသံသရာစက္၀န္းမွ သစ္သားကမီးကထုတ္လုပ္၏။ ၄င္းမွေျမႀကီး၊ ထိုမွတဖန္သတၱဳ၊ ၄င္းမွတဆင့္ေရ၊ ေရမွတဖန္သစ္သားကို ထုတ္လုပ္ေသာသံသရာျဖစ္၏။ ဤဓါတ္သေဘာတစ္ခုစီလည္ပတ္ပုံကို အသုံးျပဳၿပီး ဟန္ခ်က္ညိီေအာင္လုပ္ေပးရ၏။

Purple (ခရမ္းေရာင္)

          မ၈ၤလာရွိိိေသာအေရာင္ျဖစ္၏။ အျပာေရာင္ထက္ပိုၿပီးေရဓါတ္ကို အက်ိဳးျပဳ၏။ ခရမ္းေရာင္ကို ေငြေရာင္ႏွင့္သတၱဳေရာင္တို႔ျဖင့္ တြဲဖက္ပါကပို၍ ကံေကာင္းမႈကိုျဖစ္ေစ၏။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ
  • ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
  • ကလေးတို့အတွက် စာကြည့်စားပွဲနဲ့ထိုင်ခုံ ရွေးချယ်နည်း

Suite တစ်ခုရဲ့ရင်ခုန်သံ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ မေတန်ခူး မှ
September 24, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads
ယနေ့ခေတ်မှာတော့ ခရီးသွားခြင်းအလေ့အထသည်ကား ၂၁ရာစုရဲ့ဟန်တစ်ခုလို့ ပြောလို့ရနေပါပြီ။ စိတ်လက်အပန်းခြေဖို့ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ် ခရီးသွားလာကြတဲ့ အခါမှာ သက်တောင့်သက်သာ အနားယူနိုင်ဖို့အတွက် ဟိုတယ်ကို သေသေချာချာရွေးချယ်လာကြပါပြီ။ မိမိအတွက် သွားလာရအဆင်ပြေမယ့် ဟိုတယ်နေရာကို ရွေးချယ်ပြီးပြီဆိုရင်တော့ မိမိအတွက်အဆင်ပြေနိုင်မယ့် အခန်းကို ထပ်မံရွေးချယ် လေ့ရှိကြပါတယ်။ အခုဆောင်းပါးမှာတော့ (၆၀၀) စတုရန်းပေကျယ်ဝန်းတဲ့ Jasmine Palace Hotel ရဲ့ Suite အဖြစ် စနစ်တကျပြင်ဆင်ပုံလေးကို တင်ပြချင်ပါတယ်။ 

Suite ဆိုတဲ့အခန်းအမျိုးအစားရဲ့ လိုအပ်ချက်များကို ပြည့်စုံပေါ်လွင်အောင် ဘယ်လိုဖြည့်ဆည်းထားသလဲဆိုတာ လေ့လာကြည့်ရအောင်နော် အခန်းထဲကို ဝင်လိုက်တာနဲ့ စတင် လှမ်းမြင်တွေ့ရမှာကတော့ နွေးထွေးစွာ ကြိုဆိုနေတဲ့ အနားယူချင်စရာ ဧည့်ခန်းပဲဖြစ်ပါတယ်။ ဝင်ပေါက်ရဲ့ ညာဘက်မှာတော့ Dry Kitchen တစ်ခုကိုမြင်တွေ့ရမှာဖြစ်ပြီး အခန်းမှာ နေထိုင်မယ့်သူအတွက်First Food များကို အလွယ်တကူ ပြုလုပ်နိုင်စေရန်အလို့ငှာ လိုအပ်တဲ့ မီးဖိုချောင်သုံးပစ္စည်းများကို ထည့်သွင်းပေးထား ပါတယ်။ Dry Kitchen အနားမှာပဲ ထမင်းစားစားပွဲ ထားလိုက်ခြင်းဖြင့် အစားအသောက်တွေ ပြင်ဆင်ပြီးတာနဲ့ အလွယ်ကူသုံးဆောင်နိုင်တဲ့အပြင် နေရာကို ချွေတာပြီးသားဖြစ်သွားပါတယ်။


တကယ်တော့ ထမင်းစားစားပွဲနဲ့ ဧည့်ခန်းနေရာက တဆက်တည်းဖြစ်နေတာဖြစ်ပြီး နေရာလွတ် အနည်းငယ်သာ ချန်လို့ရတာပါ။ အရောင်မတူညီတဲ့ Wallpaper ဒီဇိုင်းများက ထမင်းစားခန်းနဲ့ ဧည့်ခန်းကို ပိုင်းခြားထားတာပါ။ ဒါကတော့ Interior designer ရဲ့မှော်ဆန်တဲ့ တီထွင်ဖန်တီးမှုလို့ ပြောလို့ရပါတယ်။ အားသာချက်တစ်ခုကတော့ ဧည့်ခန်းမှာတီဗီဖွင့်ထားတဲ့အခါ ထမင်းစားပွဲမှာ အစားအသောက်တွေ သုံးဆောင်ရင်းနဲ့လည်း လှမ်းမြင်နိုင်ခြင်းပါပဲ။ အခန်းရဲ့မီးအရောင်တွေကိုတော့ Warm light ကိုသာ အဓိကအသုံးပြုထားတာ တွေ့ရပါတယ်။ Warm light ကိုလည်း မျက်နှာကျက်များမှ စနစ်တကျ ဖွဲ့စည်းပေးထားတာဖြစ်ပြီး တီဗီကြည့်ရင်း အနားယူတဲ့အခါမှာလည်း နွေးထွေးတဲ့ခံစားမှုကို
ရရှိစေပါတယ်။ အခန်းရဲ့ဖွဲ့စည်းပုံအရ မှန်ချပ်ကြီးတွေရှိတဲ့အတွက် နေ့ခင်းနေ့လည်ဘက်တွေမှာတော့ သဘာဝအလင်းရောင်ကိုသာ အားကိုးစေပါတယ်။ လျှပ်စစ်မီးချွေတာရာ ရောက်တဲ့အပြင် သဘာဝရဲ့နွေးထွေးမှုကို ရစေချင်တဲ့ သဘောပါ။


ရေချိုးခန်းနဲ့အိမ်သာကိုတော့ အိပ်ခန်းနဲ့ တွဲပေးထားတာကို တွေ့ရပါတယ်။ ရေချိုးခန်းနဲ့ အိမ်သာကိုတော့ သဘာဝကျောက်ပြားများနဲ့ အလှဆင်ထားပြီး ရေစိမ်ချိုးရင်းအနားယူနိုင်ဖို့ Bathtub လည်း တပ်ဆင်ထားပါတယ်။ ကုတင်နဲ့ မျက်နှာမူလျှက်ရှိတဲ့ နံရံမှာတော့ စားပွဲခုံတန်းရှည်တစ်ခုကို သီးသန့်ထည့်သွင်းထားခြင်းက အခန်းမှာနေသူအတွက် အသုံးအဆောင်များ တင်ရုံသာမကဘဲ ရုံးမှမပြီးပြတ်သေးတဲ့ အလုပ်တွေကိုဆက်လုပ်ဖို့အတွက် အဆင်ပြေလှပါတယ်။ ကုတင်ဘေးမှာ တစ်ယောက်ထိုင် ဆိုဖာခုံလေးတွေထားနိုင်အောင်နေရာချန်ပေးထား ပါသေးတယ်။


၆၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ ဟိုတယ်အခန်းတစ်ခု အစစအရာရာ ပြည့်စုံအောင် ထောင့်ပေါင်းစုံမှ စဉ်းစားပြီးအလှဆင် ထားခြင်းက အခန်းမှာနေမယ့်သူအတွက် လွန်စွာအဆင်ပြေလှပါတယ်။ အခန်းရဲ့ Interior Design & Installation ကို Aviva Interiors Co.,Ltd မှ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဟိုတယ်အခန်းလေးဆိုပေမယ့်လည်း တိုက်ခန်းကျဉ်းလေးတွေကို ဘယ်လို အလှဆင်နိုင်မလဲဆိုတဲ့ အမြင်လေးရရှိအောင် ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ ကျေနပ်နှစ်သက် လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Zawgyi ျဖင့္ဖတ္ရန္

Suite တစ္ခုရဲ႕ရင္ခုန္သံ

ယေန႔ေခတ္မွာေတာ့ ခရီးသြားျခင္းအေလ့အထသည္ကား ၂၁ရာစုရဲ႕ဟန္တစ္ခုလို႔ ေျပာလို႔ရေနပါၿပီ။ စိတ္လက္အပန္းေျခဖို႔ပဲျဖစ္ျဖစ္၊ အလုပ္ကိစၥနဲ႔ပဲျဖစ္ျဖစ္ ခရီးသြားလာၾကတဲ့ အခါမွာ သက္ေတာင့္သက္သာ အနားယူႏိုင္ဖို႔အတြက္ ဟိုတယ္ကို ေသေသခ်ာခ်ာေရြးခ်ယ္လာၾကပါၿပီ။ မိမိအတြက္ သြားလာရအဆင္ေျပမယ့္ ဟိုတယ္ေနရာကို ေရြးခ်ယ္ၿပီးၿပီဆိုရင္ေတာ့ မိမိအတြက္အဆင္ေျပႏိုင္မယ့္ အခန္းကို ထပ္မံေရြးခ်ယ္ ေလ့ရွိၾကပါတယ္။ အခုေဆာင္းပါးမွာေတာ့ (၆၀၀) စတုရန္းေပက်ယ္၀န္းတဲ့ Jasmine Palace Hotel ရဲ႔ Suite အျဖစ္ စနစ္တက်ျပင္ဆင္ပံုေလးကို တင္ျပခ်င္ပါတယ္။

Suite ဆိုတဲ့အခန္းအမ်ိဳးအစားရဲ႕ လိုအပ္ခ်က္မ်ားကို ျပည့္စံုေပၚလြင္ေအာင္ ဘယ္လိုျဖည့္ဆည္းထားသလဲဆိုတာ ေလ့လာၾကည့္ရေအာင္ေနာ္ အခန္းထဲကို ၀င္လိုက္တာနဲ႔ စတင္ လွမ္းျမင္ေတြ႔ရမွာကေတာ့ ေႏြးေထြးစြာ ႀကိဳဆိုေနတဲ့ အနားယူခ်င္စရာ ဧည့္ခန္းပဲျဖစ္ပါတယ္။ ၀င္ေပါက္ရဲ႕ ညာဘက္မွာေတာ့ Dry Kitchen တစ္ခုကုိျမင္ေတြ႔ရမွာျဖစ္ၿပီး အခန္းမွာ ေနထိုင္မယ့္သူအတြက္First Food မ်ားကို အလြယ္တကူ ျပဳလုပ္ႏိုင္ေစရန္အလို႔ငွာ လိုအပ္တဲ့ မီးဖိုေခ်ာင္သံုးပစၥည္းမ်ားကို ထည့္သြင္းေပးထား ပါတယ္။ Dry Kitchen အနားမွာပဲ ထမင္းစားစားပြဲ ထားလိုက္ျခင္းျဖင့္ အစားအေသာက္ေတြ ျပင္ဆင္ၿပီးတာနဲ႔ အလြယ္ကူသံုးေဆာင္ႏိုင္တဲ့အျပင္ ေနရာကို ေခြ်တာၿပီးသားျဖစ္သြားပါတယ္။

                    တကယ္ေတာ့ ထမင္းစားစားပြဲနဲ႔ ဧည့္ခန္းေနရာက တဆက္တည္းျဖစ္ေနတာျဖစ္ၿပီး ေနရာလြတ္ အနည္းငယ္သာ ခ်န္လို႔ရတာပါ။ အေရာင္မတူညီတဲ့ Wallpaper ဒီဇိုင္းမ်ားက ထမင္းစားခန္းနဲ႔ ဧည့္ခန္းကို ပိုင္းျခားထားတာပါ။ ဒါကေတာ့ Interior designer ရဲ႕ေမွာ္ဆန္တဲ့ တီထြင္ဖန္တီးမႈလို႔ ေျပာလို႔ရပါတယ္။ အားသာခ်က္တစ္ခုကေတာ့ ဧည့္ခန္းမွာတီဗီဖြင့္ထားတဲ့အခါ ထမင္းစားပြဲမွာ အစားအေသာက္ေတြ သံုးေဆာင္ရင္းနဲ႔လည္း လွမ္းျမင္ႏိုင္ျခင္းပါပဲ။ အခန္းရဲ႕မီးအေရာင္ေတြကိုေတာ့ Warm light ကိုသာ အဓိကအသံုးျပဳထားတာ ေတြ႔ရပါတယ္။ Warm light ကိုလည္း မ်က္ႏွာက်က္မ်ားမွ စနစ္တက် ဖြဲ႔စည္းေပးထားတာျဖစ္ၿပီး တီဗီၾကည့္ရင္း အနားယူတဲ့အခါမွာလည္း ေႏြးေထြးတဲ့ခံစားမႈကို

ရရွိေစပါတယ္။ အခန္းရဲ႕ဖြဲ႔စည္းပံုအရ မွန္ခ်ပ္ႀကီးေတြရွိတဲ့အတြက္ ေန႔ခင္းေန႔လည္ဘက္ေတြမွာေတာ့ သဘာ၀အလင္းေရာင္ကိုသာ အားကိုးေစပါတယ္။ လွ်ပ္စစ္မီးေခြ်တာရာ ေရာက္တဲ့အျပင္ သဘာ၀ရဲ႕ေႏြးေထြးမႈကို ရေစခ်င္တဲ့ သေဘာပါ။

                    ေရခ်ိဳးခန္းနဲ႔အိမ္သာကိုေတာ့ အိပ္ခန္းနဲ႔ တြဲေပးထားတာကို ေတြ႔ရပါတယ္။ ေရခ်ိဳးခန္းနဲ႔ အိမ္သာကိုေတာ့ သဘာ၀ေက်ာက္ျပားမ်ားနဲ႔ အလွဆင္ထားၿပီး ေရစိမ္ခ်ိဳးရင္းအနားယူႏိုင္ဖို႔ Bathtub လည္း တပ္ဆင္ထားပါတယ္။ ကုတင္နဲ႔ မ်က္ႏွာမူလွ်က္ရွိတဲ့ နံရံမွာေတာ့ စားပြဲခံုတန္းရွည္တစ္ခုကို သီးသန္႔ထည့္သြင္းထားျခင္းက အခန္းမွာေနသူအတြက္ အသံုးအေဆာင္မ်ား တင္ရံုသာမကဘဲ ရံုးမွမၿပီးျပတ္ေသးတဲ့ အလုပ္ေတြကိုဆက္လုပ္ဖို႔အတြက္ အဆင္ေျပလွပါတယ္။ ကုတင္ေဘးမွာ တစ္ေယာက္ထိုင္ ဆိုဖာခံုေလးေတြထားႏိုင္ေအာင္ေနရာခ်န္ေပးထား ပါေသးတယ္။

                    ၆၀၀ စတုရန္းေပ က်ယ္၀န္းတဲ့ ဟိုတယ္အခန္းတစ္ခု အစစအရာရာ ျပည့္စံုေအာင္ ေထာင့္ေပါင္းစံုမွ စဥ္းစားၿပီးအလွဆင္ ထားျခင္းက အခန္းမွာေနမယ့္သူအတြက္ လြန္စြာအဆင္ေျပလွပါတယ္။ အခန္းရဲ႕ Interior Design & Installation ကို Aviva Interiors Co.,Ltd မွ ဖန္တီးခဲ့တာျဖစ္ပါတယ္။ ဟိုတယ္အခန္းေလးဆိုေပမယ့္လည္း တိုက္ခန္းက်ဥ္းေလးေတြကို ဘယ္လုိ အလွဆင္ႏိုင္မလဲဆိုတဲ့ အျမင္ေလးရရွိေအာင္ ေဖာ္ျပေပးလိုက္တာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ေက်နပ္ႏွစ္သက္ လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ
  • ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
  • ကလေးတို့အတွက် စာကြည့်စားပွဲနဲ့ထိုင်ခုံ ရွေးချယ်နည်း

ဖုန်းရွှေအဘိဓာန်

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဟိန္းလတ္ မှ
September 21, 2019 နေ့
ဆောင်းပါးများဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

Office Feng Shui (ရုံးဖုန်းရွှေ)
ဖုန်းရွှေပညာတွင် နေထိုင်သောအိမ်ကို အလေးထားသည့် နည်းတူလုပ်ကိုင်သော ရုံး၊ အလုပ်များကိုလည်း ကံကောင်းစေရန်၊ ချမ်းသာကြွယ်ဝစေရန်အလေးထား၏။ ရုံး၊ အလုပ်များ၊ အဆင်အပြင်အနေအထားပေါ်မူတည်ပြီး အလုပ်ရှင်နှင့် အလုပ်သမား ဟန်ချက်ညီညီလုပ်ဆောင်ရန်ကာ အောင်မြင်မှုအသီးအပွင့် များကို ခံစားရမည်ဖြစ်၏။ အလုပ်ရုံးတစ်ခု၏ အမှုဆောင်အရာရှိချုပ် (စီအီးအို) သို့မဟုတ် ရုံးတစ်ရုံး၏ရာထူးအကြီးဆုံး ပုဂ္ဂိုလ်၏မွေးသက်္ကရာဇ်နှင့် ဆက်နွယ်ပြီးအောင်မြင်မှု၊ မအောင်မြင်မှုက မူတည်နေသည်။ ထို့ကြောင့် ရုံးတစ်ခုခု၏ ကြွယ်ဝချမ်းသာမှုထောင့်ကို တချိန်လုံးဂရုစိုက်နေရမည်။ အလွယ်ဆုံးနှင့် အထိရောက်ဆုံး အစီအရင်တစ်ခုများ အရှေ့တောင်အရပ်တွင် သန်စွမ်းလတ်ဆက်သော ရှင်သန်သည့် အပင်တစ်ပင်ကို ထားရှိရန်ဖြစ်၏။


Open Shelves (စင်အဖွင့်များ)
စင်အဖွင့်များသည်ဓါးနှင့် တူ၏။ ၎င်းသည်ရှေ့တွင်ထိုင်နေသူကို ဖြတ်တောက်ခုတ်လှီးမည့် ပုံစံမျိုးဖြစ်တတ်၏။ ၎င်း၏ ချွန်ထက်သောအဖျား များက ရှားချီ ခေါ် အဆိပ်မြားကို ထုတ်ပေးတတ်၏။ ထိုအခါ ဖျားနာခြင်း၊ ဓာတ်ငွေလျော့နည်းခြင်း၊ စီးပွားပျက်ခြင်းစသည့် မကောင်းခြင်း တွေဖြစ်စေ၏။ ထိုသို့အဆိပ်မြားများမထွက်စေရန် စင်အဖွင့်များကို တံခါးဖြင့်ပိတ်ခြင်း၊ ကာရံခြင်းများပြုရမည်။ ထိုသို့ မလုပ်ချင်ပါက စင်အဖွင့် များပေါ်တွင် စာအုပ်များ၊ ဖိုင်တွဲများထည့်ကာ ပုံဖျက်ပစ်ရမည်။ သို့တည်းမဟုတ် စင်၏ထောင့်စွန်း ကော်ပတ်စားပြီးလုံးပစ်ရမည်။ မြောက်အရပ်တွင် မှန်စင်၊ အနောက်မြောက်အရပ်တွင် သစ်သားစင်၊ အရှေ့မြောက်နှင့် အခန်းထောင့်တွင်လည်း သစ်သားစင်များထားရှိခြင်းက အန္တရာယ်ဖြစ်စေ၏။ ပလတ်စတစ်စင်များက အန္တရာယ်ပေးမှု အနည်းဆုံးဖြစ်၏။


Orange Tree (လိမ္မော်ပင်)
လိမ္မော်ပင်သည် အလွန်အမင်း မင်္ဂလာရှိပြီးမိသားစုအတွက် ချမ်းသာမှုကံကို အကြီးအကျယ် ဖြစ်ထွန်းစေမည်။ အဘယ်ကြောင့်ဆိုသော် လိမ္မော်ကို တရုတ်အသံထွက်ဖြင့် ကွမ် ဟုခေါ်ရာအဓိပ္ပါယ်က ရွှေ ဟုဆိုလို၍ဖြစ်၏။ အထူးသဖြင့် နှစ်သစ်ကူးကာလတွင် လိမ္မော် သီးတွေပြည့်နှက်သီးနေသော လိမ္မော်ပင်ကို အိမ်တွင်ပြသထားရှိရ၏။ သို့ဖြင့် နှစ်သစ်ကူးအခါသမယကို “ဓနဥစ္စာကံ” ဖြင့်ကြိုဆိုသည့် နမိတ်ကိုဆောင်၏။ ပန်းခြံထဲတွင် လိမ္မော်ပင်စိုက်လိုပါက အကောင်းဆုံးနေရာမှာ အရှေ့တောင်ထောင့် ဖြစ်၏။


Orchid (သစ်ခွပန်း)
သစ်ခွပန်းစွမ်းအင်သတ္တိနှင့် ရဲရင့်မှုတို့၏ ထင်ရှားသော သင်္ကေတဖြစ်၏။ ပန်းခြံတွင် အပင်များရွေးချယ်ပါက ရာသီဥတုကလည်း အဆင်ပြေလျှင် သစ်ခွစိုက်ခြင်းမှာ စွမ်းအင်နှင့် ရဲစွမ်းသတ်္တိကို ထွန်းကားစေကာ၊ အလုပ်အကိုင် တည်တံ့ခိုင်မြဲစေနိုင်၏။ သစ်ခွများသည် တာရှည်ခံသောပန်းများဖြစ်ရာ အိမ်အတွက် ကောင်းမွန်ကျန်းမာစေသော ချီ ဓာတ်ကိုဆောင်ကြဉ်းပေးနိုင်၏။


Orientation (တည်နေရာအနေအထား)
၎င်းတွင်တံခါးမကြီးတည်နေရာ၊ ထိုင်သည့်နေရာ၊ အိပ်သည့်နေရာ အနေအထားများကိုဆိုလို၏။ ဖုန်းရွှေတွင် နေရာအနေအထားက အလွန်အရေးကြီး၏။ ထိုကြောင့် တည်နေရာမှန်ကန်တိကျရေးအတွက် သံလိုက်အိမ်မြှောင်သုံးပြီး တွက်ချက်နေရာချထားရမည်။ တည်နေရာအနေအထားမှန်ကန်မှုပေါ်မူတည်ကာ မင်္ဂလာရှိမှုသည် ဖြစ်ထွန်းလာမည်။ အထူးသဖြင့် မြစ်များ၊ ရေကန်များ၊ တောင်ကုန်းများ၊ လယ်ကွင်းများသည် မင်္ဂလာရှိသော ပတ်ဝန်းကျင်များဖြစ်၏။

Zawgyi ျဖင့္ဖတ္ရန္

ဖုန္းေရႊအဘိဓာန္

Office Feng Shui (ရုံးဖုန္းေရႊ)

          ဖုန္းေရႊပညာတြင္ ေနထိုင္ေသာအိမ္ကို အေလးထားသည့္ နည္းတူလုပ္ကိုင္ေသာ ရုံး၊ အလုပ္မ်ားကိုလည္း ကံေကာင္းေစရန္၊ ခ်မ္းသာႂကြယ္၀ေစရန္အေလးထား၏။ ရုံး၊ အလုပ္မ်ား၊ အဆင္အျပင္အေနအထားေပၚမူတည္ၿပီး အလုပ္ရွင္ႏွင့္ အလုပ္သမား ဟန္ခ်က္ညီညီလုပ္ေဆာင္ရန္ကာ ေအာင္ျမင္မႈအသီးအပြင့္ မ်ားကို ခံစားရမည္ျဖစ္၏။ အလုပ္ရုံးတစ္ခု၏ အမႈေဆာင္အရာရွိခ်ဳပ္ (စီအီးအို) သို႔မဟုတ္ ရုံးတစ္ရုံး၏ရာထူးအႀကီးဆုံး ပုဂိ္ၢဳလ္၏ေမြးသက္ၠရာဇ္ႏွင့္ ဆက္ႏြယ္ၿပီးေအာင္ျမင္မႈ၊ မေအာင္ျမင္မႈက မူတည္ေနသည္။ ထို႔ေၾကာင့္ ရုံးတစ္ခုခု၏ ႂကြယ္၀ခ်မ္းသာမႈေထာင့္ကို တခ်ိန္လံုးဂရုစိုက္ေနရမည္။ အလြယ္ဆံုးႏွင့္ အထိေရာက္ဆံုး အစီအရင္တစ္ခုမ်ား အေရွ႕ေတာင္အရပ္တြင္ သန္စြမ္းလတ္ဆက္ေသာ ရွင္သန္သည့္ အပင္တစ္ပင္ကို ထားရွိရန္ျဖစ္၏။

Open Shelves (စင္အဖြင္႕မ်ား)

          စင္အဖြင့္မ်ားသည္ဓါးႏွင့္ တူ၏။ ၄င္းသည္ေရွ႕တြင္ထိုင္ေနသူကို ျဖတ္ေတာက္ခုတ္လွီးမည့္ ပံုစံမ်ိဳးျဖစ္တတ္၏။ ၄င္း၏ ခၽြန္ထက္ေသာအဖ်ား မ်ားက ရွားခ်ီ ေခၚ အဆိပ္ျမားကို ထုတ္ေပးတတ္၏။ ထိုအခါ ဖ်ားနာျခင္း၊ ဓာတ္ေငြေလ်ာ့နည္းျခင္း၊ စီးပြားပ်က္ျခင္းစသည့္ မေကာင္းျခင္း ေတြျဖစ္ေစ၏။ ထိုသို႔အဆိပ္ျမားမ်ားမထြက္ေစရန္ စင္အဖြင့္မ်ားကို တံခါးျဖင့္ပိတ္ျခင္း၊ ကာရံျခင္းမ်ားျပဳရမည္။ ထိုသို႔ မလုပ္ခ်င္ပါက စင္အဖြင့္ မ်ားေပၚတြင္ စာအုပ္မ်ား၊ ဖိုင္တြဲမ်ားထည့္ကာ ပံုဖ်က္ပစ္ရမည္။ သို႔တည္းမဟုတ္ စင္၏ေထာင့္စြန္း ေကာ္ပတ္စားၿပီးလံုးပစ္ရမည္။ ေျမာက္အရပ္တြင္ မွန္စင္၊ အေနာက္ေျမာက္အရပ္တြင္ သစ္သားစင္၊ အေရွ႕ေျမာက္ႏွင့္ အခန္းေထာင့္တြင္လည္း သစ္သားစင္မ်ားထားရွိျခငး္က အႏၱရာယ္ျဖစ္ေစ၏။  ပလတ္စတစ္စင္မ်ားက အႏၱရာယ္ေပးမႈ အနည္းဆံုးျဖစ္၏။

Orange Tree (လိေမၼာ္ပင္)

          လိေမၼာ္ပင္သည္ အလြန္အမင္း မဂၤလာရွိၿပီးမိသားစုအတြက္ ခ်မ္းသာမႈကံကို အႀကီးအက်ယ္ ျဖစ္ထြန္းေစမည္။ အဘယ္ေၾကာင့္ဆိုေသာ္ လိေမၼာ္ကို တရုတ္အသံထြက္ျဖင့္ ကြမ္ ဟုေခၚရာအဓိပၸါယ္က ေရႊ ဟုဆိုလို၍ျဖစ္၏။ အထူးသျဖင့္ ႏွစ္သစ္ကူးကာလတြင္ လိေမၼာ္ သီးေတြျပည့္ႏွက္သီးေနေသာ လိေမၼာ္ပင္ကို အိမ္တြင္ျပသထားရွိရ၏။ သို႔ျဖင့္ ႏွစ္သစ္ကူးအခါသမယကို “ဓနဥစၥာကံ” ျဖင့္ႀကိဳဆိုသည့္ နမိတ္ကိုေဆာင္၏။ ပန္းျခံထဲတြင္ လိေမၼာ္ပင္စိုက္လိုပါက အေကာင္းဆုံးေနရာမွာ အေရွ႕ေတာင္ေထာင့္ ျဖစ္၏။

Orchid (သစ္ခြပန္း)

          သစ္ခြပန္းစြမ္းအင္သတိ္ၲႏွင့္ ရဲရင့္မႈတို႔၏ ထင္ရွားေသာ သေကၤတျဖစ္၏။ ပန္းၿခံတြင္ အပင္မ်ားေရြးခ်ယ္ပါက ရာသီဥတုကလည္း အဆင္ေျပလွ်င္ သစ္ခြစိုက္ျခင္းမွာ စြမ္းအင္ႏွင့္ ရဲစြမ္းသတ္ၲိကို ထြန္းကားေစကာ၊ အလုပ္အကိုင္ တည္တံ့ခိုင္ၿမဲေစႏိုင္၏။ သစ္ခြမ်ားသည္ တာရွည္ခံေသာပန္းမ်ားျဖစ္ရာ အိမ္အတြက္ ေကာင္းမြန္က်န္းမာေစေသာ  ခ်ီ ဓာတ္ကိုေဆာင္ၾကဥ္းေပးႏုိင္၏။

Orientation (တည္ေနရာအေနအထား)

          ၄င္းတြင္တံခါးမႀကီးတည္ေနရာ၊ ထိုင္သည့္ေနရာ၊ အိပ္သည့္ေနရာ အေနအထားမ်ားကိုဆိုလို၏။ ဖုန္းေရႊတြင္ ေနရာအေနအထားက အလြန္အေရးႀကီး၏။ ထိုေၾကာင့္ တည္ေနရာမွန္ကန္တိက်ေရးအတြက္ သံလိုက္အိမ္ေျမွာင္သံုးျပီး တြက္ခ်က္ေနရာခ်ထားရမည္။ တည္ေနရာအေနအထားမွန္ကန္မႈေပၚမူတည္ကာ မဂၤလာရွိမႈသည္ ျဖစ္ထြန္းလာမည္။ အထူးသျဖင့္ ျမစ္မ်ား၊ ေရကန္မ်ား၊ ေတာင္ကုန္းမ်ား၊ လယ္ကြင္းမ်ားသည္ မဂၤလာရွိေသာ ပတ္၀န္းက်င္မ်ားျဖစ္၏။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ
  • ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
  • ကလေးတို့အတွက် စာကြည့်စားပွဲနဲ့ထိုင်ခုံ ရွေးချယ်နည်း