Month: August 2019

ဖုန္းေရႊအဘိဓာန္

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဟိန္းလတ္ မှ
August 28, 2019 နေ့
ဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ဖုန္းေရႊအဘိဓာန္ေဆာင္းပါးကို အကၡရာ A မွစကာ အပတ္စဥ္ေဖာ္ျပခဲ့ပါသည္။ ယခုအပတ္စဥ္သည္ ဖုန္းေရႊအဘိဓာန္ အကၡရာ Y သို႔ ေရာက္ရွိခဲ့ၿပီျဖစ္ပါသည္။ ခ်စ္စြာေသာ စာဖတ္ပရိတ္သတ္မ်ား မိမိတို႔အိမ္၌ ေကာင္းေသာကံမ်ားေရာက္ရွိကာ အက်ိဳးစီးပြားမ်ား တိုးတက္ၾကပါေစဟု ဆႏၵျပဳလိုက္ပါသည္။

ယန္းစြမ္းအင္ (Yang Energy)

          အသက္စြမ္းအင္ျဖစ္၏။ ေတာက္ပ၏။ ေနဓါတ္ျဖစ္၏။ ေန႔အခ်ိန္ကိုစိုးမိုးသည္။ အလင္းေရာင္ျဖစ္၏။ ယန္းစြမ္းအင္ရွိမွ ဖုန္းေရႊေကာင္း၏။ သို႔ေသာ္ပိုလြန္းလွ်င္ကား မေကာင္း။ “ယင္း” လံုး၀မရွိလွ်င္လည္း “ယန္း” က ရွင္သန္မႈခ်ဳပ္ၿငိမ္း၏။

ယင္းစြမ္းအင္ (Yin Energy)

          ယင္းစြမ္းအင္ကား တိတ္ဆိတ္မႈ၊ ေမွာင္မိုက္မႈ။ “ယင္း” ႏွင့္ “ယန္း” ကဆန္႔က်င္ဘက္ျဖစ္၏။ သို႔ေသာ္ ၄င္းတို႔ႏွစ္ခုက ပဋိပကၡမျဖစ္၊ တစ္ခုႏွင့္တစ္ခုအမွီသဟဲရွိ၏။ တစ္ခုႏွင့္တစ္ခုဆက္စပ္မွီတြယ္၊ သဟဇာတျဖစ္၏။ ဥပမာ – အိပ္ခန္းတြင္ ပိုမိုစိုးမိုးႏိုင္၏။

ယင္း- ယန္းသေကၤတ (Ying-Yang Symbol)

          ဆန္႔က်င္ဘက္ႏွစ္ခု ညီညြတ္မွ်တျခင္းကို ျပဆို၏။ “ ယင္း” မ်ားလြန္းလွ်င္မေကာင္း၊ “ယန္း” မ်ားလြန္းလွ်င္မေကာင္း။ တစ္ခုခုနည္းေနလွ်င္လည္းမေကာင္း။ ႏွစ္ခုမွ်တေနလွ်င္ သဟဇာတျဖစ္ကာ ဟန္ခ်က္ညီ၏။ အပူႏွင့္အေအး၊ အလင္းအေမွာင္။ အစြန္းေရာက္လွ်င္ အပ်က္သေဘာေဆာင္၏။

အ၀ါေရာင္(Yellow)

          အ၀ါေရာင္သည္ မဂၤလာရွိေသာ အေရာင္ျဖစ္၏။ ေတာ္၀င္အေရာင္၊ ထီးသံုးနန္းသံုးအေရာင္ျဖစ္၏။ အ၀ါေရာင္ပန္းမ်ား အိမ္တြင္အလွဆင္ထားလွ်င္ အလြန္ကံေကာင္း၏။ ပိုက္ဆံကို အ၀ါေရာင္အိတ္မွာထည့္၊ အိမ္မွာ အ၀ါေရာင္ခန္းဆီးတပ္ စသျဖင့္ အ၀ါေရာင္ကို ကံေကာင္းေအာင္ ေဆာင္ၾကသံုးၾကရ၏။

Unicode ျဖင့္ဖတ္ရန္

ဖုန်းရွှေအဘိဓာန်

ဖုန်းရွှေအဘိဓာန်ဆောင်းပါးကို အက္ခရာ A မှစကာ အပတ်စဉ်ဖော်ပြခဲ့ပါသည်။ ယခုအပတ်စဉ်သည် ဖုန်းရွှေအဘိဓာန် အက္ခရာ Y သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ချစ်စွာသော စာဖတ်ပရိတ်သတ်များ မိမိတို့အိမ်၌ ကောင်းသောကံများရောက်ရှိကာ အကျိုးစီးပွားများ တိုးတက်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။
ယန်းစွမ်းအင် (Yang Energy)
အသက်စွမ်းအင်ဖြစ်၏။ တောက်ပ၏။ နေဓါတ်ဖြစ်၏။ နေ့အချိန်ကိုစိုးမိုးသည်။ အလင်းရောင်ဖြစ်၏။ ယန်းစွမ်းအင်ရှိမှ ဖုန်းရွှေကောင်း၏။ သို့သော်ပိုလွန်းလျှင်ကား မကောင်း။ “ယင်း” လုံးဝမရှိလျှင်လည်း “ယန်း” က ရှင်သန်မှုချုပ်ငြိမ်း၏။
ယင်းစွမ်းအင် (Yin Energy)
ယင်းစွမ်းအင်ကား တိတ်ဆိတ်မှု၊ မှောင်မိုက်မှု။ “ယင်း” နှင့် “ယန်း” ကဆန့်ကျင်ဘက်ဖြစ်၏။ သို့သော် ၎င်းတို့နှစ်ခုက ပဋိပက္ခမဖြစ်၊ တစ်ခုနှင့်တစ်ခုအမှီသဟဲရှိ၏။ တစ်ခုနှင့်တစ်ခုဆက်စပ်မှီတွယ်၊ သဟဇာတဖြစ်၏။ ဥပမာ – အိပ်ခန်းတွင် ပိုမိုစိုးမိုးနိုင်၏။
ယင်း- ယန်းသင်္ကေတ (Ying-Yang Symbol)
ဆန့်ကျင်ဘက်နှစ်ခု ညီညွတ်မျှတခြင်းကို ပြဆို၏။ “ ယင်း” များလွန်းလျှင်မကောင်း၊ “ယန်း” များလွန်းလျှင်မကောင်း။ တစ်ခုခုနည်းနေလျှင်လည်းမကောင်း။ နှစ်ခုမျှတနေလျှင် သဟဇာတဖြစ်ကာ ဟန်ချက်ညီ၏။ အပူနှင့်အအေး၊ အလင်းအမှောင်။ အစွန်းရောက်လျှင် အပျက်သဘောဆောင်၏။
အဝါရောင်(Yellow)
အဝါရောင်သည် မင်္ဂလာရှိသော အရောင်ဖြစ်၏။ တော်ဝင်အရောင်၊ ထီးသုံးနန်းသုံးအရောင်ဖြစ်၏။ အဝါရောင်ပန်းများ အိမ်တွင်အလှဆင်ထားလျှင် အလွန်ကံကောင်း၏။ ပိုက်ဆံကို အဝါရောင်အိတ်မှာထည့်၊ အိမ်မှာ အဝါရောင်ခန်းဆီးတပ် စသဖြင့် အဝါရောင်ကို ကံကောင်းအောင် ဆောင်ကြသုံးကြရ၏။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

မ်က္ႏွာၾကက္ေဆးေရာင္ေ႐ြးခ်ယ္ျခင္း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ အမရာ မှ
August 24, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

မ်က္ႏွာၾကက္ေဆးေရာင္ဆိုတာ တစ္ခုတည္းရွိတာ မဟုတ္ပါဘူး။ ကိုယ္ႀကိဳက္တဲ့ သမားရိုးက်အေရာင္က အျဖဴ ေရာင္ ျဖစ္ေနရင္ေတာင္ မ်က္ႏွာၾကက္နဲ႔ လိုက္ဖက္တဲ့ တျခားအေရာင္ကြဲေတြ အမ်ားႀကီးရွိေနပါေသးတယ္။ ဒါေတြကိုမသိဘူး ဆိုရင္ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ မွားယြင္းေနႏိုင္ပါတယ္။ မ်က္ႏွာၾကက္ကို မသိသာခ်င္တာျဖစ္ျဖစ္၊ လိုက္ဖက္တဲ့အေရာင္ ျဖစ္ခ်င္တာပဲျဖစ္ျဖစ္၊ ဆန္႔က်င္ဘက္အေရာင္ျဖစ္ခ်င္တာပဲျဖစ္ျဖစ္ ေနအိမ္အျပင္အဆင္နဲ႔ အလိုက္ဖက္ဆံုး မ်က္ႏွာၾကက္ေဆးေရာင္ကို ေရြးခ်ယ္ရာမွာ လိုအပ္တဲ့ အခ်က္အလက္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

၁။အျဖဴေရာင္မ်က္ႏွာၾကက္

            မ်က္ႏွာၾကက္ေဆးေရာင္အတြက္ အျဖဴေရာင္ကို အမ်ားဆံုးေရြးခ်ယ္ေလ့ရွိေပမယ့္ အေကာင္းဆံုးေတာ့မဟုတ္လွ ပါဘူး။ မ်က္ႏွာၾကက္ကို ေဆးအျဖဴသုတ္တဲ့ေနရာမွာ တစ္ခ်ိန္ေလာက္အခ်ိန္ေပးၿပီး ေဆးဘူးေလးေတြ ၀ယ္သုတ္လိုက္တာ ေလာက္မရိုးရွင္းပါဘူး။ တျခားအေရာင္ေတြ ေရာယွက္မႈမရွိဘဲ ေတာက္ပတဲ့ အျဖဴေရာင္နံရံဆိုရင္ ျပခန္းလို ရွင္းလင္တဲ့အျမင္ မ်ိဳးရရွိေအာင္ မ်က္ႏွာၾကက္ကို အျဖဴဆြတ္ဆြတ္သုတ္ေပးဖို႔လိုပါတယ္။

            ဒါေပမဲ့ နံရံက အျဖဴသက္သက္ ျဖစ္မေနဘူးဆိုရင္ အခ်င္းခ်င္း ထိစပ္ေနတဲ့ မ်က္ႏွာျပင္ႏွစ္ခုရဲ႕ အေရာင္အေသြးကို ထည့္သြင္း စဥ္းစားသင့္ပါတယ္။ လိုက္ဖက္တာျဖစ္ျဖစ္၊ ဆန္႔က်င္ဘက ္ ျဖစ္တာပဲျဖစ္ျဖစ္၊ ၾကားထဲေရာက္တဲ့ အေရာင္ပဲျဖစ္ျဖစ္ လိုက္ဖက္တာကို ေရြးခ်ယ္သင့္ပါတယ္။

၂။နံရံႏွင့္လိုက္ဖက္သည့္မ်က္ႏွာၾကက္

            နံရံကိုအျဖဴမဟုတ္တဲ့အေရာင္ ဒါမွမဟုတ္ တျခားအေရာင္ေဖ်ာ့ သုတ္ထားတယ္ဆိုရင္ အေကာင္းဆံုးကေတာ့ မ်က္ႏွာၾကက္မွာလည္း အေရာင္တူလိုက္သုတ္ဖို႔ပါပဲ။ ပံုမွာၾကည့္လိုက္ရင္ နံရံနဲ႔ မ်က္ႏွာၾကက္အားလံုးကို အျဖဴအေရာင္ကြဲ သုတ္ထားေပးတာေၾကာင့္ ေႏြးေထြးတဲ့ ခရင္မ္ေရာင္သန္းေနတာကို ခံစားမိပါလိမ့္မယ္။

            အေရာင္ကြဲတစ္မ်ိဳးတည္း သုတ္ထားတဲ့ နံရံေတြက အေရာင္ကြဲမတူတဲ့ မ်က္ႏွာၾကက္မွာ လာဆံုတဲ့အခါ ပရိေဘာဂေတြ၊ ဗိသုကာဆိုင္ရာ အျပင္အဆင္ေတြနဲ႔ အႏုပညာလက္ရာေတြကို ေပၚလြင္သြားေစပါတယ္။ နံရံအနားကြပ္ေတြက ေတာက္ပတဲ့ အျဖဴေရာင္ျဖစ္ေနၿပီး မ်က္ႏွာၾကက္နဲ႔ နံရံကို ပိုင္းျခားထားရင္ေတာင္ လွပေနဦးမွာပါ။ မ်က္ႏွာၾကက္က ေပၚလြင္ေနေသးတာေၾကာင့္ နံရံအနားကြပ္ေတြကိုလည္း ပိုၿပီး ျမင္သာေစပါတယ္။ ေနာက္ၿပီးမ်က္ႏွာၾကက္နဲ႔ နံရံႏွစ္ခုလံုးကို ၾကားခံအေရာင္ ေဖ်ာ့သုတ္ထားတာေၾကာင့္ ပြင့္လင္းျမင္သာမႈနဲ႔ ေႏြးေထြးတဲ့ ခံစားခ်က္ကို ျဖစ္ေပၚေစပါတယ္။ အထူးသျဖင့္ ဆက္စပ္မႈကိုေဖာ္ ျပခ်င္တာေၾကာင့္ တစ္အိမ္လံုးကို တူညီတဲ့ အေရာင္ေဖ်ာ့တစ္မ်ိဳးကို သုတ္လိုက္တဲ့ အခါမ်ိဳးမွာပါ။

            ဒါေပမဲ့ ဒီနည္းမွာ ျပႆနာနည္းနည္း ရွိပါတယ္။ ပထမတစ္ခ်က္က အေရာင္ကြဲ ဘယ္လိုထြက္လာမယ္ဆိုတာ မွန္းလို႔မရပါဘူး။ ထမဆံုးတစ္ေခါက္မွာ အေရာင္ေဖ်ာ့လြန္းသြားတာ၊ ရင့္လြန္းသြားတာ ျဖစ္တတ္ပါတယ္။ ေဆးေရာင္မွန္ကန္ဖို႔ အႀကိမ္ႀကိမ္ ျပန္စပ္ေနရပါလိမ့္မယ္။ ေနာက္တစ္ခုက တူညီတဲ့ ေဆးေရာင္ကို ေနာက္တစ္ေခါက္ ထပ္စပ္ဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ အေခ်ာသတ္ဖို႔ ေဆးလိုသြားတာပဲျဖစ္ျဖစ္ ေဆးကုန္သြားတာပဲျဖစ္ျဖစ္ ထပ္စပ္ရႏိုင္ပါတယ္။

            အေကာင္ဆံုးကေတာ့ အမ်ိဳးအစားတူတဲ့ အေရာင္တစ္ခုထဲက အေရာင္ေဖ်ာ့တစ္ခုကို ေရြးလုိက္တာပါပဲ။ တစ္ခါတရံမွာေတာ့ အေရာင္ျပားေပၚက အေဖ်ာ့ဆံုးအေရာင္ကို ေရြးခ်ယ္ႏိုင္ပါတယ္။ ရွိရင္းနံရံအေရာင္ထက္ အနည္းငယ္ပိုေဖ်ာ့တဲ့ အေရာင္ကို ေရြးမယ္ဆိုရင္ေတာ့ အသင့္ေတာ္ဆံုးအေရာင္ကို ရမယ္လို႔ အာမခံႏိုင္ပါတယ္။

            အေရာင္ရင့္ေတြအတြက္ တူညီတဲ့ အေရာင္ကြဲေတြထဲကေန အျဖဴမဟုတ္တဲ့ အေရာင္တစ္ခုကို အလြယ္တကူေရြး ခ်ယ္လိုက္လို႔မရပါဘူး။ ကၽြမ္းက်င္ပညာရွင္တစ္ဦးနဲ႔ တိုင္ပင္တာပဲျဖစ္ျဖစ္ သုတ္ေဆးေတြနဲ႔ ကၽြမ္းက်င္သူကို တိုင္ပင္တာပဲျဖစ္ျဖစ္လုပ္ပါ။ ဒါမွသာ နံရံအေရာင္နဲ႔ လိုက္ဖက္ညီမယ့္ အေရာင္ကို စပ္ႏိုင္မွာပါ။ ဒီအေရာင္စပ္နည္းကို မွတ္ထားမယ္ဆိုရင္ တူညီတဲ့ အေရာင္တစ္မ်ိဳးတည္းကို ျပန္လည္အသံုးျပဳႏိုင္မွာပါ။ အေရာင္စပ္ထားတဲ့ နမူနာကို အိမ္ယူသြားၾကည့္ၿပီးမွ အဆင္မေျပဘူးဆိုရင္လည္း ကိုယ့္စိတ္ႀကိဳက္အေရာင္ကို ထပ္ဖန္တီးလို႔ရပါေသးတယ္။

၃။နံရံကိုလိုက္၍မ်က္ႏွာၾကက္အေရာင္ေျပာင္းျခင္း

            အေရာင္ေဖ်ာ့သံုးသံုး အေရာင္ရင့္သံုးသံုး  မ်က္ႏွာၾကက္ကို နံရံရဲ႕ အေရာင္သန္းေနေအာင္ လိုက္သုတ္ျခင္းအားျဖင့္ လိုက္ဖက္ညီေအာင္ ဖန္တီးလို႔ရပါတယ္။ဥပမာအားျဖင့္ နံရံကို ေထာပတ္ခရင္မ္ေရာင္ သုတ္ထားတယ္ဆိုရင္ မ်က္ႏွာၾကက္ ကိုလည္း အလားတူ အ၀ါေရာင္ေလးသန္းေအာင္ ေဆးလိုက္သုတ္ေပးပါ။

            ဒီေနရာမွာ စည္းမ်ဥ္းေလးေတြ ရွိပါတယ္။ ပထမတစ္ခုက အျဖဴေရာင္ မ်က္ႏွာၾကက္သုတ္ေဆးထဲကို နံရံသုတ္ေဆးအနည္းငယ္ ေလာင္းထည့္ကာ ေရာသမေအာင္ေမႊၿပီး အေရာင္ကြဲသစ္ကို ဖန္တီးလိုက္ပါ။ ဒါေပမဲ့ ဒီနည္းမွာ ျပႆနာနည္းနည္း ရွိပါတယ္။ ပထမတစ္ခုက ဘယ္လိုအေရာင္ကြဲထြက္လာမယ္ဆိုတာ ခန္႔မွန္းထားလို႔မရပါဘူး။ ပထမဆံုးအေခါက္မွာ အေရာင္ေဖ်ာ့သြားတာ၊အရမ္းအေရာင္ရင့္သြားတာေတြျဖစ္တတ္ပါတယ္။မွန္ကန္တဲ့အေရာင္ရရွိေစဖို႔ အႀကိမ္ႀကိမ္ျပန္စပ္ ၾကည့္ဖို႔လိုအပ္ပါတယ္။

            ဒုတိယတစ္ခုက ေနာင္တစ္ခ်ိန္မွာ ျပန္ျပင္ခ်င္လို႔ျဖစ္ျဖစ္ သုတ္ေနရင္း ေဆးကုန္သြားလို႔ပဲျဖစ္ျဖစ္ တစ္ထပ္တည္းတူတဲ့ အေရာင္ကြဲကို ေဆးျပန္စပ္ဖို႔ဆိုတာ လံုး၀မျဖစ္ႏိုင္ပါဘူး။ အေကာင္းဆံုးကေတာ့ အေရာင္ကြဲေတြထဲက အေရာင္ေဖ်ာ့ တစ္ေရာင္ကို ေရြးခ်ယ္လိုက္တာပါပဲ။ တစ္ခါတရံမွာ အေဖ်ာ့ဆံုးအေရာင္ကိုသာ ေရြးခ်ယ္လိုက္ပါ။ နံရံအေရာင္ထက္ ပိုေဖ်ာ့တာကို ေရြးခ်ယ္လိုက္မယ္ဆိုရင္ လိုက္ဖက္တဲ့ အေရာင္ရဖို႔က  ေသခ်ာသေလာက္ပါပဲ။

            အေရာင္ရင့္ေတြအတြက္ အျဖဴမဟုတ္တဲ့အေရာင္တစ္ခုကိုလက္လြတ္စပယ္ေရြးလိုက္လို႔မရပါဘူး။နံရံအေရာင္ အေသြးနဲ႔လိုက္ဖက္တဲ့ေဆးေရာင္စပ္ကိုဖန္တီးဖို႔ ဒီဇိုင္းကၽြမ္းက်င္ပညာရွင္ သို႔မဟုတ္ သုတ္ေဆးဆိုင္ကလူနဲ႔တိုင္ပင္ပါ။ဒါမွ သာအဲဒီအေရာင္ရဲ႕ေဆးစပ္နည္းကိုမွတ္တမ္းထားႏိုင္မွာျဖစ္ၿပီးေတာ့ ျပန္လည္ဖန္တီးႏိုင္မွာပါ။အိမ္မွာသုတ္ၾကည့္ၿပီးလို႔ အဆင္မေျပဘူးဆိုရင္လည္းေဆးေရာင္ကိုျပန္ျပင္စပ္လို႔ရပါေသးတယ္။

၄။နံရံထက္အေရာင္ရင့္တဲ့မ်က္ႏွာၾကက္

လိုက္ဖက္တဲ့ေဆးေရာင္ေတြကိုတြဲဖက္အသံုးျပဳရာမွာမတူညီတဲ့အေရာင္ေတြကိုလည္းသံုးႏိုင္ပါတယ္။ဒီထမင္းစားခန္းမွာၾကည့္ရင္ မ်က္ႏွာၾကက္မွာသုတ္ထားတဲ့အေရာင္ရင့္က ဗိသုကာလက္ရာေတြကိုေပၚလြင္ေစတဲ့အျပင္ အခန္းနဲ႔ လည္းရင္းႏွီးမႈရွိသြားေစႏိုင္ပါတယ္။ဒါေပမဲ့ ဒီလိုအေရာင္အေသြးကိုျဖစ္သလိုေရြးလို႔မရပါဘူး။နံရံကပ္စကၠဴရဲ႕အေရာင္နဲ႔ လိုက္ဖက္ဖို႔လိုအပ္သလို တံခါးနဲ႔အနားကြပ္ေတြရဲ႕အျဖဴေရာင္နဲ႔လည္းလိုက္ဖို႔လိုပါတယ္။မ်က္ႏွာၾကက္မွာ အေရာင္အမ်ိဳးအစားတစ္ခုထဲက ေႏြးေထြးတဲ့အေရာင္ကြဲတစ္ခုကိုအသံုးျပဳေပးမယ္ဆိုရင္ အေရာင္ကြာဟမႈကအမ်ားႀကီးရွိေနေတာ့မွာမဟုတ္ပါဘူး။

            အေရာင္ကြဲေတြကိုဒီအတိုင္းလိုက္ၾကည့္မေနဘဲအေမွာင္ထဲကနံရံမွာယွဥ္တြဲၾကည့္ျခင္းက အရမ္းအသက္၀င္တဲ့ အေရာင္တြဲဖက္မႈကိုရရွိေစပါတယ္။ဒါေၾကာင့္ အရမ္းၾကားက်တဲ့မီးခိုးေရာင္ဟာအေရာင္ေတြနဲ႔မစြန္႔စားခ်င္ဘဲအေရာင္ရင့္ မ်က္ႏွာၾကက္ကိုႀကိဳက္သူေတြအတြက္ အေကာင္းဆံုးေရြးခ်ယ္မႈတစ္ခုပါ။

            ဒီေနရာမွာတကယ့္ၾကားက်တဲ့မီးခိုးေရာင္အစစ္ကို ဆိုင္မွာေရြးခ်ယ္၀ယ္ယူဖို႔ဆိုတာမလြယ္ပါဘူး။အိမ္မွာသုတ္ လိုက္တဲ့အခါ တခ်ိဳ႕အေရာင္ေတြကခရမ္းေရာင္၊အျပာေရာင္ သို႔မဟုတ္ အညိဳေရာင္သန္းေနတတ္ပါတယ္။ဒါေၾကာင့္ ေဆးနမူနာေတြကိုအိမ္မွာသုတ္ၾကည့္ပါ။ဒါမွမဟုတ္ရင္လည္းအရြယ္အစားႀကီးမားတဲ့အေရာင္ခ်ပ္ျပားႀကီးေတြကိုစီတန္းၾကည့္ ၿပီးေရြးခ်ယ္ႏိုင္ပါတယ္။

၅။မ်က္နွာၾကက္ကိုအဓိကထားျခင္း

            တစ္ခါတရံမွာမ်က္ႏွာၾကက္က နံရံနဲ႔လံုး၀ကြဲျပားျခားနားေနတဲ့အလွဆံုးေနရာတစ္ခုျဖစ္ေနႏိုင္ပါတယ္။ပံုက အိမ္ အ၀င္အ၀ေနရာကိုၾကည့္လိုက္မယ္ဆိုရင္ ေရခဲျပာေရာင္မ်က္ႏွာၾကက္နဲ႔ေႏြးေထြးတဲ့အျဖဴေရာင္နံရံက လံုး၀ဆန္႔က်င္ဘက္ ျဖစ္ေနပါတယ္။ ဒီႏွစ္ခုဟာလိုက္ေလ်ာညီေထြျဖစ္တဲ့အေရာင္ႏွစ္ခုမဟုတ္ေပမယ့္ လိုက္ဖက္ေအာင္လုပ္လို႔ရတဲ့နည္းလမ္းေတြရွိပါတယ္။တစ္ခုကေတာ့ အေရာင္ႏွစ္ခုကိုပ်ဥ္ခ်ပ္ရွည္ႀကီးေပၚမွာသုတ္ၿပီး ႏွစ္ခုႏိႈင္းယွဥ္ၾကည့္ပါ။ကၽြမ္းက်င္သူေတြက ေထာက္ခံေပးတဲ့ေဆးအေရာင္ေတြကိုစတင္တြဲဖက္ၾကည့္တာအေကာင္းဆံုးဆိုေပမယ့္ ေနအိမ္တြင္းကအလင္းေရာင္မွာ ျမင္ေတြ႕ရတဲ့အေရာင္ေတြကမွ တကယ့္အေရာင္အစစ္ေတြျဖစ္ပါတယ္။

           ေနာက္တစ္ခုကမ်က္ႏွာၾကက္အေရာင္ကိုအခန္းထဲမွာရွိၿပီးသားအေရာင္တစ္ခုဆီကယူဖို႔ပါ။ပံုမွာၾကည့္လိုက္ရင္ မ်က္ႏွာၾကက္အေရာင္ကို နံရံထဲမွာပါ၀င္တဲ့အေရာင္တစ္ခုယူသံုးထားပါတယ္။ပံုပါအေရာင္ကိုေတာ့ ေဆးမသုတ္ထားတဲ့ ေျပာင္နံရံအတြက္လည္း အသံုးျပဳႏိုင္ပါတယ္။ကိုယ့္စိတ္ႀကိဳက္မ်က္ႏွာၾကက္အေရာင္ကိုရွာေဖြဖို႔ အခန္းထဲမွအသံုးျပဳထားတဲ့ခ်ည္ထည္ေတြ၊အႏုပညာပစၥည္းေတြထဲမွာရွာေဖြပါ။ဒီအေရာင္ကိုမ်က္ႏွာၾကက္ေပၚတင္လိုက္တဲ့အခါ လူေတြအတြက္ အဓိကအာရံုစိုက္မိတဲ့အရာတစ္ခုျဖစ္ေနပါလိမ့္မယ္။ဒါေၾကာင့္ ဆြဲေဆာင္မႈအရွိဆံုးျဖစ္ေစဖို႔အတြက္ ၾကားခံအျဖစ္ဆံုးအေရာင္ကြဲတစ္ခုကိုေရြးခ်ယ္ဖို႔လိုအပ္ပါတယ္။

၆။အျဖဴေရာင္မ်က္ႏွာၾကက္ကိုထင္ရွားေစျခင္း

            အေရာင္ရင့္ေတြသုတ္ထားတဲ့မ်က္ႏွာၾကက္ေတြအေၾကာင္းၿပီးတဲ့ေနာက္ အစကိုျပန္သြားတဲ့အေနနဲ႔ အျဖဴေရာင္ စစ္စစ္အေၾကာင္းကိုေျပာျပခ်င္ပါတယ္။အျဖဴေရာင္လီနင္အစေတြနဲ႔တျခားအျဖဴေရာင္ပစၥည္းမ်ားတဲ့ေနရာေတြမွာ နံရံအေရာင္နဲ႔မလိုက္သည့္တိုင္ေအာင္ အျဖဴေရာင္စစ္စစ္မ်က္ႏွာၾကက္ကလိုက္ဖက္မႈအရွိဆံုးပါပဲ။

            ပံုမွာၾကည့္လိုက္ရင္ အညိဳႏုေရာင္နံရံနဲ႔အျဖဴေရာင္မ်က္ႏွာၾကက္ကဆန္႔က်င္ဘက္ပါပဲ။ဒါေပမဲ့ ဒီအျပင္အဆင္ကနံရံရဲ႕အေရာင္ကိုပိုမိုေပၚလြင္ေစၿပီး ေနအိမ္အျပင္အဆင္ကိုပိုၾကြသြားေစႏိုင္တဲ့လန္းဆန္းတက္ၾကြမႈကိုေပးစြမ္းႏိုင္ပါတယ္။အျဖဴေရာင္စစ္စစ္မ်က္ႏွာၾကက္က ေႏြးေထြးမႈနဲ႔ေအးျမမႈရွိတဲ့ေနရာႏွစ္ခုလံုးနဲ႔ေနရာေတြနဲ႔လိုက္ဖက္ပါတယ္။ပံုမွာၾကည့္ လိုက္ရင္ မီးဖိုေရာင္ပရိေဘာဂေတြနဲ႔နီညိဳေရာင္အုတ္ခဲနံရံၾကားမွာအျဖဴေရာင္က ၾကားခံအျဖစ္ရွိေနပါတယ္။

ေဆးမသုတ္မီတြင္ကၽြမ္းက်င္ပညာရွင္ကိုေမးရန္ေမးခြန္းမ်ား

၁။ဘယ္အေခ်ာသတ္ေဆးအေရာင္ကိုသုံးမွာလဲ။(တိမ္ျမွဳပ္သြားမယ့္အေရာင္ေတြအစား ေပၚလြင္တဲ့အေရာင္ေတြကိုသံုးလို႔ရပါတယ္)

၂။နံရံအနားကြပ္ေတြ၊မ်က္ႏွာၾကက္ပန္းေျပာက္ေတြကိုပါေဆးသုတ္မွာလား။သုတ္မယ္ဆိုရင္ ဘယ္အေရာင္သံုးမွာပါလဲ။

၃။ေနာက္ဆံုးမွာ အခန္းကိုဘယ္လိုခံစားခ်က္မ်ိဳးေပးစြမ္းမွာလဲ။(ေႏြးေထြးတဲ့ခံစားခ်က္ဆိုရင္ အေရာင္ရင့္ျဖစ္ၿပီးေတာ့ ေလ ၀င္ေလထြက္ေကာင္းတဲ့ခံစားခ်က္ဆိုရင္ အေရာင္ေဖ်ာ့သံုးရမွာျဖစ္ပါတယ္)

Unicode ျဖင့္ဖတ္ရန္

မျက်နှာကြက်ဆေးရောင်ရွေးချယ်ခြင်း

မျက်နှာကြက်ဆေးရောင်ဆိုတာ တစ်ခုတည်းရှိတာ မဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့ သမားရိုးကျအရောင်က အဖြူ ရောင် ဖြစ်နေရင်တောင် မျက်နှာကြက်နဲ့ လိုက်ဖက်တဲ့ တခြားအရောင်ကွဲတွေ အများကြီးရှိနေပါသေးတယ်။ ဒါတွေကိုမသိဘူး ဆိုရင် နှစ်ပေါင်းများစွာကြာအောင် မှားယွင်းနေနိုင်ပါတယ်။ မျက်နှာကြက်ကို မသိသာချင်တာဖြစ်ဖြစ်၊ လိုက်ဖက်တဲ့အရောင် ဖြစ်ချင်တာပဲဖြစ်ဖြစ်၊ ဆန့်ကျင်ဘက်အရောင်ဖြစ်ချင်တာပဲဖြစ်ဖြစ် နေအိမ်အပြင်အဆင်နဲ့ အလိုက်ဖက်ဆုံး မျက်နှာကြက်ဆေးရောင်ကို ရွေးချယ်ရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ဖော်ပြပေးချင်ပါတယ်။
၁။အဖြူရောင်မျက်နှာကြက်
မျက်နှာကြက်ဆေးရောင်အတွက် အဖြူရောင်ကို အများဆုံးရွေးချယ်လေ့ရှိပေမယ့် အကောင်းဆုံးတော့မဟုတ်လှ ပါဘူး။ မျက်နှာကြက်ကို ဆေးအဖြူသုတ်တဲ့နေရာမှာ တစ်ချိန်လောက်အချိန်ပေးပြီး ဆေးဘူးလေးတွေ ဝယ်သုတ်လိုက်တာ လောက်မရိုးရှင်းပါဘူး။ တခြားအရောင်တွေ ရောယှက်မှုမရှိဘဲ တောက်ပတဲ့ အဖြူရောင်နံရံဆိုရင် ပြခန်းလို ရှင်းလင်တဲ့အမြင် မျိုးရရှိအောင် မျက်နှာကြက်ကို အဖြူဆွတ်ဆွတ်သုတ်ပေးဖို့လိုပါတယ်။
ဒါပေမဲ့ နံရံက အဖြူသက်သက် ဖြစ်မနေဘူးဆိုရင် အချင်းချင်း ထိစပ်နေတဲ့ မျက်နှာပြင်နှစ်ခုရဲ့ အရောင်အသွေးကို ထည့်သွင်း စဉ်းစားသင့်ပါတယ်။ လိုက်ဖက်တာဖြစ်ဖြစ်၊ ဆန့်ကျင်ဘက ် ဖြစ်တာပဲဖြစ်ဖြစ်၊ ကြားထဲရောက်တဲ့ အရောင်ပဲဖြစ်ဖြစ် လိုက်ဖက်တာကို ရွေးချယ်သင့်ပါတယ်။
၂။နံရံနှင့်လိုက်ဖက်သည့်မျက်နှာကြက်
နံရံကိုအဖြူမဟုတ်တဲ့အရောင် ဒါမှမဟုတ် တခြားအရောင်ဖျော့ သုတ်ထားတယ်ဆိုရင် အကောင်းဆုံးကတော့ မျက်နှာကြက်မှာလည်း အရောင်တူလိုက်သုတ်ဖို့ပါပဲ။ ပုံမှာကြည့်လိုက်ရင် နံရံနဲ့ မျက်နှာကြက်အားလုံးကို အဖြူအရောင်ကွဲ သုတ်ထားပေးတာကြောင့် နွေးထွေးတဲ့ ခရင်မ်ရောင်သန်းနေတာကို ခံစားမိပါလိမ့်မယ်။
အရောင်ကွဲတစ်မျိုးတည်း သုတ်ထားတဲ့ နံရံတွေက အရောင်ကွဲမတူတဲ့ မျက်နှာကြက်မှာ လာဆုံတဲ့အခါ ပရိဘောဂတွေ၊ ဗိသုကာဆိုင်ရာ အပြင်အဆင်တွေနဲ့ အနုပညာလက်ရာတွေကို ပေါ်လွင်သွားစေပါတယ်။ နံရံအနားကွပ်တွေက တောက်ပတဲ့ အဖြူရောင်ဖြစ်နေပြီး မျက်နှာကြက်နဲ့ နံရံကို ပိုင်းခြားထားရင်တောင် လှပနေဦးမှာပါ။ မျက်နှာကြက်က ပေါ်လွင်နေသေးတာကြောင့် နံရံအနားကွပ်တွေကိုလည်း ပိုပြီး မြင်သာစေပါတယ်။ နောက်ပြီးမျက်နှာကြက်နဲ့ နံရံနှစ်ခုလုံးကို ကြားခံအရောင် ဖျော့သုတ်ထားတာကြောင့် ပွင့်လင်းမြင်သာမှုနဲ့ နွေးထွေးတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ဆက်စပ်မှုကိုဖော် ပြချင်တာကြောင့် တစ်အိမ်လုံးကို တူညီတဲ့ အရောင်ဖျော့တစ်မျိုးကို သုတ်လိုက်တဲ့ အခါမျိုးမှာပါ။
ဒါပေမဲ့ ဒီနည်းမှာ ပြဿနာနည်းနည်း ရှိပါတယ်။ ပထမတစ်ချက်က အရောင်ကွဲ ဘယ်လိုထွက်လာမယ်ဆိုတာ မှန်းလို့မရပါဘူး။ ထမဆုံးတစ်ခေါက်မှာ အရောင်ဖျော့လွန်းသွားတာ၊ ရင့်လွန်းသွားတာ ဖြစ်တတ်ပါတယ်။ ဆေးရောင်မှန်ကန်ဖို့ အကြိမ်ကြိမ် ပြန်စပ်နေရပါလိမ့်မယ်။ နောက်တစ်ခုက တူညီတဲ့ ဆေးရောင်ကို နောက်တစ်ခေါက် ထပ်စပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အချောသတ်ဖို့ ဆေးလိုသွားတာပဲဖြစ်ဖြစ် ဆေးကုန်သွားတာပဲဖြစ်ဖြစ် ထပ်စပ်ရနိုင်ပါတယ်။
အကောင်ဆုံးကတော့ အမျိုးအစားတူတဲ့ အရောင်တစ်ခုထဲက အရောင်ဖျော့တစ်ခုကို ရွေးလိုက်တာပါပဲ။ တစ်ခါတရံမှာတော့ အရောင်ပြားပေါ်က အဖျော့ဆုံးအရောင်ကို ရွေးချယ်နိုင်ပါတယ်။ ရှိရင်းနံရံအရောင်ထက် အနည်းငယ်ပိုဖျော့တဲ့ အရောင်ကို ရွေးမယ်ဆိုရင်တော့ အသင့်တော်ဆုံးအရောင်ကို ရမယ်လို့ အာမခံနိုင်ပါတယ်။
အရောင်ရင့်တွေအတွက် တူညီတဲ့ အရောင်ကွဲတွေထဲကနေ အဖြူမဟုတ်တဲ့ အရောင်တစ်ခုကို အလွယ်တကူရွေး ချယ်လိုက်လို့မရပါဘူး။ ကျွမ်းကျင်ပညာရှင်တစ်ဦးနဲ့ တိုင်ပင်တာပဲဖြစ်ဖြစ် သုတ်ဆေးတွေနဲ့ ကျွမ်းကျင်သူကို တိုင်ပင်တာပဲဖြစ်ဖြစ်လုပ်ပါ။ ဒါမှသာ နံရံအရောင်နဲ့ လိုက်ဖက်ညီမယ့် အရောင်ကို စပ်နိုင်မှာပါ။ ဒီအရောင်စပ်နည်းကို မှတ်ထားမယ်ဆိုရင် တူညီတဲ့ အရောင်တစ်မျိုးတည်းကို ပြန်လည်အသုံးပြုနိုင်မှာပါ။ အရောင်စပ်ထားတဲ့ နမူနာကို အိမ်ယူသွားကြည့်ပြီးမှ အဆင်မပြေဘူးဆိုရင်လည်း ကိုယ့်စိတ်ကြိုက်အရောင်ကို ထပ်ဖန်တီးလို့ရပါသေးတယ်။
၃။နံရံကိုလိုက်၍မျက်နှာကြက်အရောင်ပြောင်းခြင်း
အရောင်ဖျော့သုံးသုံး အရောင်ရင့်သုံးသုံး မျက်နှာကြက်ကို နံရံရဲ့ အရောင်သန်းနေအောင် လိုက်သုတ်ခြင်းအားဖြင့် လိုက်ဖက်ညီအောင် ဖန်တီးလို့ရပါတယ်။ဥပမာအားဖြင့် နံရံကို ထောပတ်ခရင်မ်ရောင် သုတ်ထားတယ်ဆိုရင် မျက်နှာကြက် ကိုလည်း အလားတူ အဝါရောင်လေးသန်းအောင် ဆေးလိုက်သုတ်ပေးပါ။
ဒီနေရာမှာ စည်းမျဉ်းလေးတွေ ရှိပါတယ်။ ပထမတစ်ခုက အဖြူရောင် မျက်နှာကြက်သုတ်ဆေးထဲကို နံရံသုတ်ဆေးအနည်းငယ် လောင်းထည့်ကာ ရောသမအောင်မွှေပြီး အရောင်ကွဲသစ်ကို ဖန်တီးလိုက်ပါ။ ဒါပေမဲ့ ဒီနည်းမှာ ပြဿနာနည်းနည်း ရှိပါတယ်။ ပထမတစ်ခုက ဘယ်လိုအရောင်ကွဲထွက်လာမယ်ဆိုတာ ခန့်မှန်းထားလို့မရပါဘူး။ ပထမဆုံးအခေါက်မှာ အရောင်ဖျော့သွားတာ၊အရမ်းအရောင်ရင့်သွားတာတွေဖြစ်တတ်ပါတယ်။မှန်ကန်တဲ့အရောင်ရရှိစေဖို့ အကြိမ်ကြိမ်ပြန်စပ် ကြည့်ဖို့လိုအပ်ပါတယ်။
ဒုတိယတစ်ခုက နောင်တစ်ချိန်မှာ ပြန်ပြင်ချင်လို့ဖြစ်ဖြစ် သုတ်နေရင်း ဆေးကုန်သွားလို့ပဲဖြစ်ဖြစ် တစ်ထပ်တည်းတူတဲ့ အရောင်ကွဲကို ဆေးပြန်စပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ အကောင်းဆုံးကတော့ အရောင်ကွဲတွေထဲက အရောင်ဖျော့ တစ်ရောင်ကို ရွေးချယ်လိုက်တာပါပဲ။ တစ်ခါတရံမှာ အဖျော့ဆုံးအရောင်ကိုသာ သေချာသလောက်ပါပဲ။
အရောင်ရင့်တွေအတွက် အဖြူမဟုတ်တဲ့အရောင်တစ်ခုကိုလက်လွတ်စပယ်ရွေးလိုက်လို့မရပါဘူး။နံရံအရောင် အသွေးနဲ့လိုက်ဖက်တဲ့ဆေးရောင်စပ်ကိုဖန်တီးဖို့ ဒီဇိုင်းကျွမ်းကျင်ပညာရှင် သို့မဟုတ် သုတ်ဆေးဆိုင်ကလူနဲ့တိုင်ပင်ပါ။ဒါမှ သာအဲဒီအရောင်ရဲ့ဆေးစပ်နည်းကိုမှတ်တမ်းထားနိုင်မှာဖြစ်ပြီးတော့ ပြန်လည်ဖန်တီးနိုင်မှာပါ။အိမ်မှာသုတ်ကြည့်ပြီးလို့ အဆင်မပြေဘူးဆိုရင်လည်းဆေးရောင်ကိုပြန်ပြင်စပ်လို့ရပါသေးတယ်။
၄။နံရံထက်အရောင်ရင့်တဲ့မျက်နှာကြက်
လိုက်ဖက်တဲ့ဆေးရောင်တွေကိုတွဲဖက်အသုံးပြုရာမှာမတူညီတဲ့အရောင်တွေကိုလည်းသုံးနိုင်ပါတယ်။ဒီထမင်းစားခန်းမှာကြည့်ရင် မျက်နှာကြက်မှာသုတ်ထားတဲ့အရောင်ရင့်က ဗိသုကာလက်ရာတွေကိုပေါ်လွင်စေတဲ့အပြင် အခန်းနဲ့ လည်းရင်းနှီးမှုရှိသွားစေနိုင်ပါတယ်။ဒါပေမဲ့ ဒီလိုအရောင်အသွေးကိုဖြစ်သလိုရွေးလို့မရပါဘူး။နံရံကပ်စက္ကူရဲ့အရောင်နဲ့ လိုက်ဖက်ဖို့လိုအပ်သလို တံခါးနဲ့အနားကွပ်တွေရဲ့အဖြူရောင်နဲ့လည်းလိုက်ဖို့လိုပါတယ်။မျက်နှာကြက်မှာ အရောင်အမျိုးအစားတစ်ခုထဲက နွေးထွေးတဲ့အရောင်ကွဲတစ်ခုကိုအသုံးပြုပေးမယ်ဆိုရင် အရောင်ကွာဟမှုကအများကြီးရှိနေတော့မှာမဟုတ်ပါဘူး။
အရောင်ကွဲတွေကိုဒီအတိုင်းလိုက်ကြည့်မနေဘဲအမှောင်ထဲကနံရံမှာယှဉ်တွဲကြည့်ခြင်းက အရမ်းအသက်ဝင်တဲ့ အရောင်တွဲဖက်မှုကိုရရှိစေပါတယ်။ဒါကြောင့် အရမ်းကြားကျတဲ့မီးခိုးရောင်ဟာအရောင်တွေနဲ့မစွန့်စားချင်ဘဲအရောင်ရင့် မျက်နှာကြက်ကိုကြိုက်သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုပါ။
ဒီနေရာမှာတကယ့်ကြားကျတဲ့မီးခိုးရောင်အစစ်ကို ဆိုင်မှာရွေးချယ်ဝယ်ယူဖို့ဆိုတာမလွယ်ပါဘူး။အိမ်မှာသုတ် လိုက်တဲ့အခါ တချို့အရောင်တွေကခရမ်းရောင်၊အပြာရောင် သို့မဟုတ် အညိုရောင်သန်းနေတတ်ပါတယ်။ဒါကြောင့် ဆေးနမူနာတွေကိုအိမ်မှာသုတ်ကြည့်ပါ။ဒါမှမဟုတ်ရင်လည်းအရွယ်အစားကြီးမားတဲ့အရောင်ချပ်ပြားကြီးတွေကိုစီတန်းကြည့် ပြီးရွေးချယ်နိုင်ပါတယ်။
၅။မျက်နှာကြက်ကိုအဓိကထားခြင်း
တစ်ခါတရံမှာမျက်နှာကြက်က နံရံနဲ့လုံးဝကွဲပြားခြားနားနေတဲ့အလှဆုံးနေရာတစ်ခုဖြစ်နေနိုင်ပါတယ်။ပုံက အိမ် အဝင်အဝနေရာကိုကြည့်လိုက်မယ်ဆိုရင် ရေခဲပြာရောင်မျက်နှာကြက်နဲ့နွေးထွေးတဲ့အဖြူရောင်နံရံက လုံးဝဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ဒီနှစ်ခုဟာလိုက်လျောညီထွေဖြစ်တဲ့အရောင်နှစ်ခုမဟုတ်ပေမယ့် လိုက်ဖက်အောင်လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်။တစ်ခုကတော့ အရောင်နှစ်ခုကိုပျဉ်ချပ်ရှည်ကြီးပေါ်မှာသုတ်ပြီး နှစ်ခုနှိုင်းယှဉ်ကြည့်ပါ။ကျွမ်းကျင်သူတွေက ထောက်ခံပေးတဲ့ဆေးအရောင်တွေကိုစတင်တွဲဖက်ကြည့်တာအကောင်းဆုံးဆိုပေမယ့် နေအိမ်တွင်းကအလင်းရောင်မှာ မြင်တွေ့ရတဲ့အရောင်တွေကမှ တကယ့်အရောင်အစစ်တွေဖြစ်ပါတယ်။
နောက်တစ်ခုကမျက်နှာကြက်အရောင်ကိုအခန်းထဲမှာရှိပြီးသားအရောင်တစ်ခုဆီကယူဖို့ပါ။ပုံမှာကြည့်လိုက်ရင် မျက်နှာကြက်အရောင်ကို နံရံထဲမှာပါဝင်တဲ့အရောင်တစ်ခုယူသုံးထားပါတယ်။ပုံပါအရောင်ကိုတော့ ဆေးမသုတ်ထားတဲ့ ပြောင်နံရံအတွက်လည်း အသုံးပြုနိုင်ပါတယ်။ကိုယ့်စိတ်ကြိုက်မျက်နှာကြက်အရောင်ကိုရှာဖွေဖို့ အခန်းထဲမှအသုံးပြုထားတဲ့ချည်ထည်တွေ၊အနုပညာပစ္စည်းတွေထဲမှာရှာဖွေပါ။ဒီအရောင်ကိုမျက်နှာကြက်ပေါ်တင်လိုက်တဲ့အခါ လူတွေအတွက် အဓိကအာရုံစိုက်မိတဲ့အရာတစ်ခုဖြစ်နေပါလိမ့်မယ်။ဒါကြောင့် ဆွဲဆောင်မှုအရှိဆုံးဖြစ်စေဖို့အတွက် ကြားခံအဖြစ်ဆုံးအရောင်ကွဲတစ်ခုကိုရွေးချယ်ဖို့လိုအပ်ပါတယ်။
၆။အဖြူရောင်မျက်နှာကြက်ကိုထင်ရှားစေခြင်း
အရောင်ရင့်တွေသုတ်ထားတဲ့မျက်နှာကြက်တွေအကြောင်းပြီးတဲ့နောက် အစကိုပြန်သွားတဲ့အနေနဲ့ အဖြူရောင် စစ်စစ်အကြောင်းကိုပြောပြချင်ပါတယ်။အဖြူရောင်လီနင်အစတွေနဲ့တခြားအဖြူရောင်ပစ္စည်းများတဲ့နေရာတွေမှာ နံရံအရောင်နဲ့မလိုက်သည့်တိုင်အောင် အဖြူရောင်စစ်စစ်မျက်နှာကြက်ကလိုက်ဖက်မှုအရှိဆုံးပါပဲ။
ပုံမှာကြည့်လိုက်ရင် အညိုနုရောင်နံရံနဲ့အဖြူရောင်မျက်နှာကြက်ကဆန့်ကျင်ဘက်ပါပဲ။ဒါပေမဲ့ ဒီအပြင်အဆင်ကနံရံရဲ့အရောင်ကိုပိုမိုပေါ်လွင်စေပြီး နေအိမ်အပြင်အဆင်ကိုပိုကြွသွားစေနိုင်တဲ့လန်းဆန်းတက်ကြွမှုကိုပေးစွမ်းနိုင်ပါတယ်။အဖြူရောင်စစ်စစ်မျက်နှာကြက်က နွေးထွေးမှုနဲ့အေးမြမှုရှိတဲ့နေရာနှစ်ခုလုံးနဲ့နေရာတွေနဲ့လိုက်ဖက်ပါတယ်။ပုံမှာကြည့် လိုက်ရင် မီးဖိုရောင်ပရိဘောဂတွေနဲ့နီညိုရောင်အုတ်ခဲနံရံကြားမှာအဖြူရောင်က ကြားခံအဖြစ်ရှိနေပါတယ်။
ဆေးမသုတ်မီတွင်ကျွမ်းကျင်ပညာရှင်ကိုမေးရန်မေးခွန်းများ
၁။ဘယ်အချောသတ်ဆေးအရောင်ကိုသုံးမှာလဲ။(တိမ်မြှုပ်သွားမယ့်အရောင်တွေအစား ပေါ်လွင်တဲ့အရောင်တွေကိုသုံးလို့ရပါတယ်)
၂။နံရံအနားကွပ်တွေ၊မျက်နှာကြက်ပန်းပြောက်တွေကိုပါဆေးသုတ်မှာလား။သုတ်မယ်ဆိုရင် ဘယ်အရောင်သုံးမှာပါလဲ။
၃။နောက်ဆုံးမှာ အခန်းကိုဘယ်လိုခံစားချက်မျိုးပေးစွမ်းမှာလဲ။(နွေးထွေးတဲ့ခံစားချက်ဆိုရင် အရောင်ရင့်ဖြစ်ပြီးတော့ လေ ဝင်လေထွက်ကောင်းတဲ့ခံစားချက်ဆိုရင် အရောင်ဖျော့သုံးရမှာဖြစ်ပါတယ်)

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

အခန္းတစ္ခန္းကို တစ္နာရီအတြင္းလန္းဆန္းသြားေအာင္ဘယ္လိုျပင္ဆင္မလဲ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ အမရာ မှ
August 20, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

အခန္းတစ္ခန္းကိုျပင္ဆင္ဖို႔အတြက္နဲ႔ အားလပ္ရက္တစ္ခုလံုးကိုအကုန္ဆံုးမခံခ်င္ဘူးဆိုရင္ ေအာက္မွာေဖာ္ျပ ထားတဲ့နည္းလမ္းေတြထဲကတစ္ခုကို လက္ေတြ႕စမ္းသပ္အသံုးျပဳၾကည့္လိုက္ပါ။လက္မႈပစၥည္းေလးေတြလုပ္တာကေနစလို႔ ပစၥည္းေတြကိုေနရာေရႊ႕ေျပာင္းတာအထိနည္းလမ္းေပါင္းမ်ားစြာကိုအသံုးျပဳၿပီး တစ္ခန္းလံုးကိုေျပာင္းလဲပစ္စရာမလိုဘဲ ဆန္းသစ္တဲ့အသြင္အျပင္ကိုပိုင္ဆိုင္ႏိုင္မွာလားဆိုတာ လက္ေတြ႕စမ္းသပ္ၾကည့္လိုက္ပါ။

၁။ကုတင္ေခါင္းရင္းကိုေျပာင္းလဲပါ။

            အိပ္ရာေခါင္းရင္းကေနရာတစ္ကြက္ကိုေဆးသုတ္လိုက္ျခင္းက အံ့ၾသစရာေကာင္းေလာက္ေအာင္ အမ်ားႀကီး အက်ိဳးသက္ေရာက္မႈရွိေစႏိုင္ပါတယ္။အေရာင္းစြန္းထင္းမႈေတြမျဖစ္ေအာင္ အရည္အေသြးေကာင္းတဲ့တိပ္ကိုအသံုးျပဳၿပီး အိပ္ရာေခါင္းရင္းနံရံမွာ ေဆးသုတ္မယ့္ေနရာကိုမွတ္သားလိုက္ပါ။ၿပီးရင္ေတာ့ တိပ္ကပ္ထားတဲ့အတြင္းပိုင္းအကြက္ထဲမွာ ေဆးသုတ္လို႔ရပါၿပီ။အိပ္ရာေခါင္းရင္းထက္ကစင္တစ္ခုနဲ႔ကုတင္ေဘးကဗီရိုေလးကိုလည္း အေရာင္တူေဆးသုတ္ေပးျခင္း အားျဖင့္ က်စ္သစ္ေသသပ္တဲ့အခန္းအျပင္အဆင္သစ္ကိုရရွိႏိုင္မွာပါ။

၂။အစိမ္းေရာင္ေတြျဖည့္ပါ။

            ပန္းဆိုင္အထိသြားဖို႔အခ်ိန္မရွိဘူးဆိုရင္ အိမ္ျပင္ခဏထြက္ၿပီး လက္တစ္ေပြ႕စာသစ္ကိုင္းေတြကိုခ်ိဳးလာခဲ့လိုက္ပါ။ ၿပီးရင္ေတာ့ ပန္းအိုးႀကီးထဲမွာထိုးထားေပးလိုက္တာနဲ႔ အခန္းထဲမွာအစိမ္းေရာင္ကိုျဖည့္စြက္ေပးလိုက္ႏိုင္ပါၿပီ။ပန္းအိုးအႀကီး ႀကီးထိုးရတာမႀကိဳက္ဘူးဆိုရင္ ပန္းအိုးအေသးထဲမွာပဲအပင္ကိုင္းေသးေလးေတြကိုထိုးထားေပးလို႔ရပါတယ္။

၃။မီးဖိုေခ်ာင္းမွာေကာ္ေဇာခင္းပါ။

            ဒီနည္းလမ္းကိုမွသေဘာက်မိတယ္ဆိုရင္ တျခားအခန္းတစ္ခုကေကာ္ေဇာကိုယူလာၿပီး အရင္စမ္းသပ္ၾကည့္ပါ။  ဧည့္ခန္းမွာမထားခ်င္ေတာ့တာေၾကာင့္ လိပ္ထားတဲ့ေကာ္ေဇာရွိရင္လည္း အသံုးျပဳလို႔ရပါတယ္။ဘယ္လိုပဲျဖစ္ျဖစ္ တစ္နာရီ ေတာင္ၾကာမွာမဟုတ္ပါဘူး။အခန္းက တစ္မ်ိဳးတစ္မ်ိဳးေျပာင္းလဲလို႔စိတ္ေက်နပ္သြားၿပီဆိုရင္ ပိုေနတဲ့အခ်ိန္မွာ မီးဖိုေခ်ာင္နဲ႔ ပိုလိုက္ဖက္တဲ့ေကာ္ေဇာတစ္ခုကို၀ယ္ယူဖို႔ အြန္လိုင္းေစ်း၀ယ္၀က္ဆိုက္ဒ္ေတြမွာ အခ်ိန္ျဖဳန္းေနလိုက္လို႔ရပါၿပီ။

၄။ေနရာေရႊ႕ေျပာင္းပါ။

            ေနရာတစ္ခုမွာေနတာၾကာတဲ့အခါ အခန္းရဲ႕လွပမႈကိုမ်က္လံုးထဲမွာမျမင္တတ္ေတာ့တာ ထံုးစံပါပဲ။ဒီေတာ့ အ ေျပာင္းလဲျဖစ္သြားေအာင္ ပရိေဘာဂေတြကိုေနရာေရႊ႕ေျပာင္းၾကည့္ပါ။ပံုမွာျပထားတဲ့ထိုင္ခံုေလးက မီးဖိုေခ်ာင္ထဲမွာထား မယ္ဆိုရင္လည္း အဆင္ေျပပါတယ္။ဒါမွမဟုတ္ ကုတင္ေဘးကစားပြဲေနရာမွာ ဗီရိုတစ္ခုေျပာင္းထားၾကည့္ပါ။ဒါမွမဟုတ္ရင္ လည္း မီးအိမ္ကို တျခားအခန္းေျပာင္းထားတာ၊အခန္းတစ္ခုတည္းမွာပဲ ေနရာေျပာင္းထားတာ အစရွိသည္ျဖင့္လုပ္လို႔ရပါ တယ္။

၅။ခ်ိတ္ေတြအသံုးျပဳပါ။

            လွပတဲ့ပစၥည္းေတြကိုခ်ိတ္ဆြဲထားဖို႔ျဖစ္ျဖစ္၊ကုတ္အက်ီၤကေန ေကာ္ဖီခြက္ေတြအထိခ်ိတ္ဖို႔ပဲျဖစ္ျဖစ္ ေနရာတစ္ခု ရဲ႕အသြင္အျပင္ကိုေျပာင္းလဲပစ္ဖို႔ ခ်ိတ္ေတြကိုအသံုးျပဳျခင္းက အလြယ္ကူဆံုးနည္းလမ္းပါ။ပံုမွာၾကည့္လိုက္မယ္ဆိုရင္ စင္ ေအာက္ကတန္းမွာ သစ္ကိုင္းတစ္ခုထားရွိၿပီး ဒီသစ္ကိုင္းမွာ အဂၤလိပ္အကၡရာ S သ႑ာန္ခ်ိတ္ေလးေတြခ်ိတ္ဆြဲေပးထားပါ တယ္။ဒီနည္းလမ္းက နံရံမွာလြန္ပူေဖာက္စရာမလိုပါဘူး။

၆။နံရံကပ္စကၠဴအသံုးျပဳပါ။

            တစ္နာရီအတြင္း အခန္းတစ္ခုလံုးကို နံရံကပ္စကၠဴကပ္လို႔ၿပီးခ်င္မွၿပီးပါလိမ့္မယ္။ဒါေပမဲ့ ေဒါင္လိုက္ေနရာေလး တစ္ခုတည္းကိုကပ္မယ္ဆိုရင္ေတာ့ လံုေလာက္တဲ့အခ်ိန္လို႔ေျပာလို႔ရပါတယ္။ဒီလိုသန္႔စင္ခန္းမ်ိဳးက လက္ေတြ႕စမ္းသပ္ ၾကည့္ဖို႔အေကာင္းဆံုးေနရာပါ။ဒါေပမဲ့ အိမ္အ၀င္ေလွ်ာက္လမ္းကက်ဥ္းေျမာင္းတဲ့နံရံ သို႔မဟုတ္ နံရံတြင္လိုဏ္ေပါက္၊ သန္႔စင္ခန္း သို႔မဟုတ္ ကေလးအခန္းထဲမွာလည္း စမ္းသပ္ၾကည့္လို႔ရပါတယ္။

၇။တံခါးကိုေဆးသုတ္ပါ။

            မ်က္ႏွာျပင္ေခ်ာေမြ႕ေစဖို႔အတြက္ တံခါးအတြင္းမ်က္ႏွာျပင္ကို ေကာ္ဖတ္နဲ႔အရင္စားေပးပါ။ၿပီးမွႀကိဳက္ႏွစ္သက္ရာ ေဆးေရာင္ကိုသုတ္ေပးမယ္ဆိုရင္ အခန္းရဲ႕အသြင္အျပင္ကို လန္းဆန္းသစ္လြင္သြားေစမွာပါ။

၈။အႏုပညာေျမာက္ပစၥည္းမ်ားကိုျပသထားျခင္း

            ဒီေနရာမွာလုပ္ရမယ့္အရာက နံရံေပၚမွာခ်ိတ္ေလးေတြခ်ိတ္လိုက္ရံုပါပဲ။ပံုထဲမွာ အလွျခင္းေလးေတြခ်ိတ္ဆြဲျပထား သလို ပန္းကန္ျပားေတြ၊ဓာတ္ပံုမွန္ေဘာင္ေတြ၊ပို႔စ္ကတ္ေတြ၊ဓာတ္ပံုေတြကိုလည္းခ်ိတ္ဆြဲလို႔ရတာေၾကာင့္ နံရံမွာ ခ်ိတ္ေတြ အတြက္အေပါက္ေဖာက္ၿပီး အလုပ္စလိုက္ပါေတာ့။ကိုယ္ခ်ိတ္ထားခ်င္တဲ့အရာက ေပါ့တယ္ဆိုရင္ ကပ္ခြာခ်ိတ္ေလးေတြကို ေတာင္အသံုးျပဳလို႔ရပါတယ္။

၉။စာအုပ္အေရာင္ေတြကိုအသံုးျပဳပါ။

            ဒီနည္းလမ္းကိုအသံုးျပဳမယ္ဆိုရင္ ပိုေနတဲ့အခ်ိန္မွာစာဖတ္လို႔ေတာင္ရပါေသးတယ္။အေရာင္အမ်ိဳးမ်ိဳးရွိတဲ့စာ အုပ္ေတြကို စာအုပ္စင္ေပၚမွာ ဆန္းသစ္တဲ့အသြင္အျပင္ျဖစ္ေအာင္စီရီရတဲ့အလုပ္က ေပ်ာ္ဖို႔လည္းေကာင္းတာေၾကာင့္ ခဲတစ္လံုးနဲ႔ငွက္ႏွစ္ေကာင္ပစ္ရတဲ့အလုပ္ပါပဲ။

၁၀။စားပြဲေပၚကအျပင္အဆင္ကိုေျပာင္းလဲလိုက္ပါ။

            ဗီရိုေပၚမွာအလွဖန္ပစၥည္းေတြကို ပံုစံတစ္ခုတည္းပဲအခ်ိန္အၾကာႀကီးထားရွိခဲ့မယ္ဆိုရင္ သတိေတာင္မထားမိ ေတာ့ဘဲျဖစ္သြားတတ္ပါတယ္။ပတ္၀န္းက်င္ကိုလတ္ဆတ္တဲ့အျမင္နဲ႔ၾကည့္ၿပီး ပစၥည္းေတြကိုေနရာအေရႊ႕အေျပာင္းလုပ္ ပါ။အုပ္စုျပန္ခြဲၿပီး ေရာေႏွာပစ္တာ ဒါမွမဟုတ္ တျခားအခန္းကပစၥည္းေတြကိုယူလာၿပီးထားတာမ်ိဳးလုပ္ေပးမယ္ဆိုရင္ သစ္လြင္လန္းဆန္းတဲ့အခန္းအသြင္အျပင္ကိုျဖစ္ေပၚေစမွာပါ။

၁၁။ေနရာတခ်ိဳ႕မွာေၾကြျပားကပ္ပါ။

        ေနအိမ္ရဲ႕တျခားေနရာေတြမွာျပင္ဆင္ၿပီးလို႔က်န္တာျဖစ္ျဖစ္၊ေၾကြျပားအနည္းငယ္ေလာက္၀ယ္လိုက္တာပဲျဖစ္ျဖစ္ အဆင္ေျပရာကိုေရြးခ်ယ္ႏိုင္ပါတယ္။ၿပီးရင္ေတာ့ လွပတဲ့ေနာက္ခံအျပင္အဆင္ျဖစ္ေစဖို႔အတြက္ အဆင္သင့္ေရာစပ္ၿပီး သားေၾကြျပားကပ္ေကာ္ကိုအသံုးျပဳၿပီး လက္ေဆးေဘစင္ေနာက္မွာကပ္ေပးပါ။

Unicode ျဖင့္ဖတ္ရန္

အခန်းတစ်ခန်းကို တစ်နာရီအတွင်းလန်းဆန်းသွားအောင်ဘယ်လိုပြင်ဆင်မလဲ

အခန်းတစ်ခန်းကိုပြင်ဆင်ဖို့အတွက်နဲ့ အားလပ်ရက်တစ်ခုလုံးကိုအကုန်ဆုံးမခံချင်ဘူးဆိုရင် အောက်မှာဖော်ပြ ထားတဲ့နည်းလမ်းတွေထဲကတစ်ခုကို လက်တွေ့စမ်းသပ်အသုံးပြုကြည့်လိုက်ပါ။လက်မှုပစ္စည်းလေးတွေလုပ်တာကနေစလို့ ပစ္စည်းတွေကိုနေရာရွှေ့ပြောင်းတာအထိနည်းလမ်းပေါင်းများစွာကိုအသုံးပြုပြီး တစ်ခန်းလုံးကိုပြောင်းလဲပစ်စရာမလိုဘဲ ဆန်းသစ်တဲ့အသွင်အပြင်ကိုပိုင်ဆိုင်နိုင်မှာလားဆိုတာ လက်တွေ့စမ်းသပ်ကြည့်လိုက်ပါ။
၁။ကုတင်ခေါင်းရင်းကိုပြောင်းလဲပါ။
အိပ်ရာခေါင်းရင်းကနေရာတစ်ကွက်ကိုဆေးသုတ်လိုက်ခြင်းက အံ့သြစရာကောင်းလောက်အောင် အများကြီး အကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။အရောင်းစွန်းထင်းမှုတွေမဖြစ်အောင် အရည်အသွေးကောင်းတဲ့တိပ်ကိုအသုံးပြုပြီး အိပ်ရာခေါင်းရင်းနံရံမှာ ဆေးသုတ်မယ့်နေရာကိုမှတ်သားလိုက်ပါ။ပြီးရင်တော့ တိပ်ကပ်ထားတဲ့အတွင်းပိုင်းအကွက်ထဲမှာ ဆေးသုတ်လို့ရပါပြီ။အိပ်ရာခေါင်းရင်းထက်ကစင်တစ်ခုနဲ့ကုတင်ဘေးကဗီရိုလေးကိုလည်း အရောင်တူဆေးသုတ်ပေးခြင်း အားဖြင့် ကျစ်သစ်သေသပ်တဲ့အခန်းအပြင်အဆင်သစ်ကိုရရှိနိုင်မှာပါ။
၂။အစိမ်းရောင်တွေဖြည့်ပါ။
ပန်းဆိုင်အထိသွားဖို့အချိန်မရှိဘူးဆိုရင် အိမ်ပြင်ခဏထွက်ပြီး လက်တစ်ပွေ့စာသစ်ကိုင်းတွေကိုချိုးလာခဲ့လိုက်ပါ။ ပြီးရင်တော့ ပန်းအိုးကြီးထဲမှာထိုးထားပေးလိုက်တာနဲ့ အခန်းထဲမှာအစိမ်းရောင်ကိုဖြည့်စွက်ပေးလိုက်နိုင်ပါပြီ။ပန်းအိုးအကြီး ကြီးထိုးရတာမကြိုက်ဘူးဆိုရင် ပန်းအိုးအသေးထဲမှာပဲအပင်ကိုင်းသေးလေးတွေကိုထိုးထားပေးလို့ရပါတယ်။
၃။မီးဖိုချောင်းမှာကော်ဇောခင်းပါ။
ဒီနည်းလမ်းကိုမှသဘောကျမိတယ်ဆိုရင် တခြားအခန်းတစ်ခုကကော်ဇောကိုယူလာပြီး အရင်စမ်းသပ်ကြည့်ပါ။ ဧည့်ခန်းမှာမထားချင်တော့တာကြောင့် လိပ်ထားတဲ့ကော်ဇောရှိရင်လည်း အသုံးပြုလို့ရပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် တစ်နာရီ တောင်ကြာမှာမဟုတ်ပါဘူး။အခန်းက တစ်မျိုးတစ်မျိုးပြောင်းလဲလို့စိတ်ကျေနပ်သွားပြီဆိုရင် ပိုနေတဲ့အချိန်မှာ မီးဖိုချောင်နဲ့ ပိုလိုက်ဖက်တဲ့ကော်ဇောတစ်ခုကိုဝယ်ယူဖို့ အွန်လိုင်းဈေးဝယ်ဝက်ဆိုက်ဒ်တွေမှာ အချိန်ဖြုန်းနေလိုက်လို့ရပါပြီ။
၄။နေရာရွှေ့ပြောင်းပါ။
နေရာတစ်ခုမှာနေတာကြာတဲ့အခါ အခန်းရဲ့လှပမှုကိုမျက်လုံးထဲမှာမမြင်တတ်တော့တာ ထုံးစံပါပဲ။ဒီတော့ အ ပြောင်းလဲဖြစ်သွားအောင် ပရိဘောဂတွေကိုနေရာရွှေ့ပြောင်းကြည့်ပါ။ပုံမှာပြထားတဲ့ထိုင်ခုံလေးက မီးဖိုချောင်ထဲမှာထား မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ဒါမှမဟုတ် ကုတင်ဘေးကစားပွဲနေရာမှာ ဗီရိုတစ်ခုပြောင်းထားကြည့်ပါ။ဒါမှမဟုတ်ရင် လည်း မီးအိမ်ကို တခြားအခန်းပြောင်းထားတာ၊အခန်းတစ်ခုတည်းမှာပဲ နေရာပြောင်းထားတာ အစရှိသည်ဖြင့်လုပ်လို့ရပါ တယ်။
၅။ချိတ်တွေအသုံးပြုပါ။
လှပတဲ့ပစ္စည်းတွေကိုချိတ်ဆွဲထားဖို့ဖြစ်ဖြစ်၊ကုတ်အကျီၤကနေ ကော်ဖီခွက်တွေအထိချိတ်ဖို့ပဲဖြစ်ဖြစ် နေရာတစ်ခု ရဲ့အသွင်အပြင်ကိုပြောင်းလဲပစ်ဖို့ ချိတ်တွေကိုအသုံးပြုခြင်းက အလွယ်ကူဆုံးနည်းလမ်းပါ။ပုံမှာကြည့်လိုက်မယ်ဆိုရင် စင် အောက်ကတန်းမှာ သစ်ကိုင်းတစ်ခုထားရှိပြီး ဒီသစ်ကိုင်းမှာ အင်္ဂလိပ်အက္ခရာ S သဏ္ဍာန်ချိတ်လေးတွေချိတ်ဆွဲပေးထားပါ တယ်။ဒီနည်းလမ်းက နံရံမှာလွန်ပူဖောက်စရာမလိုပါဘူး။
၆။နံရံကပ်စက္ကူအသုံးပြုပါ။
တစ်နာရီအတွင်း အခန်းတစ်ခုလုံးကို နံရံကပ်စက္ကူကပ်လို့ပြီးချင်မှပြီးပါလိမ့်မယ်။ဒါပေမဲ့ ဒေါင်လိုက်နေရာလေး တစ်ခုတည်းကိုကပ်မယ်ဆိုရင်တော့ လုံလောက်တဲ့အချိန်လို့ပြောလို့ရပါတယ်။ဒီလိုသန့်စင်ခန်းမျိုးက လက်တွေ့စမ်းသပ် ကြည့်ဖို့အကောင်းဆုံးနေရာပါ။ဒါပေမဲ့ အိမ်အဝင်လျှောက်လမ်းကကျဉ်းမြောင်းတဲ့နံရံ သို့မဟုတ် နံရံတွင်လိုဏ်ပေါက်၊ သန့်စင်ခန်း သို့မဟုတ် ကလေးအခန်းထဲမှာလည်း စမ်းသပ်ကြည့်လို့ရပါတယ်။
၇။တံခါးကိုဆေးသုတ်ပါ။
မျက်နှာပြင်ချောမွေ့စေဖို့အတွက် တံခါးအတွင်းမျက်နှာပြင်ကို ကော်ဖတ်နဲ့အရင်စားပေးပါ။ပြီးမှကြိုက်နှစ်သက်ရာ ဆေးရောင်ကိုသုတ်ပေးမယ်ဆိုရင် အခန်းရဲ့အသွင်အပြင်ကို လန်းဆန်းသစ်လွင်သွားစေမှာပါ။
၈။အနုပညာမြောက်ပစ္စည်းများကိုပြသထားခြင်း
ဒီနေရာမှာလုပ်ရမယ့်အရာက နံရံပေါ်မှာချိတ်လေးတွေချိတ်လိုက်ရုံပါပဲ။ပုံထဲမှာ အလှခြင်းလေးတွေချိတ်ဆွဲပြထား သလို ပန်းကန်ပြားတွေ၊ဓာတ်ပုံမှန်ဘောင်တွေ၊ပို့စ်ကတ်တွေ၊ဓာတ်ပုံတွေကိုလည်းချိတ်ဆွဲလို့ရတာကြောင့် နံရံမှာ ချိတ်တွေ အတွက်အပေါက်ဖောက်ပြီး အလုပ်စလိုက်ပါတော့။ကိုယ်ချိတ်ထားချင်တဲ့အရာက ပေါ့တယ်ဆိုရင် ကပ်ခွာချိတ်လေးတွေကို တောင်အသုံးပြုလို့ရပါတယ်။
၉။စာအုပ်အရောင်တွေကိုအသုံးပြုပါ။
ဒီနည်းလမ်းကိုအသုံးပြုမယ်ဆိုရင် ပိုနေတဲ့အချိန်မှာစာဖတ်လို့တောင်ရပါသေးတယ်။အရောင်အမျိုးမျိုးရှိတဲ့စာ အုပ်တွေကို စာအုပ်စင်ပေါ်မှာ ဆန်းသစ်တဲ့အသွင်အပြင်ဖြစ်အောင်စီရီရတဲ့အလုပ်က ပျော်ဖို့လည်းကောင်းတာကြောင့် ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်ရတဲ့အလုပ်ပါပဲ။
၁၀။စားပွဲပေါ်ကအပြင်အဆင်ကိုပြောင်းလဲလိုက်ပါ။
ဗီရိုပေါ်မှာအလှဖန်ပစ္စည်းတွေကို ပုံစံတစ်ခုတည်းပဲအချိန်အကြာကြီးထားရှိခဲ့မယ်ဆိုရင် သတိတောင်မထားမိ တော့ဘဲဖြစ်သွားတတ်ပါတယ်။ပတ်ဝန်းကျင်ကိုလတ်ဆတ်တဲ့အမြင်နဲ့ကြည့်ပြီး ပစ္စည်းတွေကိုနေရာအရွှေ့အပြောင်းလုပ် ပါ။အုပ်စုပြန်ခွဲပြီး ရောနှောပစ်တာ ဒါမှမဟုတ် တခြားအခန်းကပစ္စည်းတွေကိုယူလာပြီးထားတာမျိုးလုပ်ပေးမယ်ဆိုရင် သစ်လွင်လန်းဆန်းတဲ့အခန်းအသွင်အပြင်ကိုဖြစ်ပေါ်စေမှာပါ။
၁၁။နေရာတချို့မှာကြွေပြားကပ်ပါ။
နေအိမ်ရဲ့တခြားနေရာတွေမှာပြင်ဆင်ပြီးလို့ကျန်တာဖြစ်ဖြစ်၊ကြွေပြားအနည်းငယ်လောက်ဝယ်လိုက်တာပဲဖြစ်ဖြစ် အဆင်ပြေရာကိုရွေးချယ်နိုင်ပါတယ်။ပြီးရင်တော့ လှပတဲ့နောက်ခံအပြင်အဆင်ဖြစ်စေဖို့အတွက် အဆင်သင့်ရောစပ်ပြီး သားကြွေပြားကပ်ကော်ကိုအသုံးပြုပြီး လက်ဆေးဘေစင်နောက်မှာကပ်ပေးပါ။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar