Month: May 2019

မိုးရာသီကို ႀကိဳဆိုေနမယ့္ အိမ္ကေလး

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
May 30, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

တစ္ေပါက္ၿပီးတစ္ေပါက္က်ေနတဲ့ မိုးစက္ေလးေတြရဲ႕ ကိုယ္ပိုင္အသံ တစ္ေဖ်ာက္ေဖ်ာက္ကို အိမ္ေလး ထဲကေန ၾကားေနရရင္း ေမႊးပ်ံတဲ့သင္းရနံ႔ေလးက ႏွာေခါင္းဖ်ားမွာ ႀကိဳင္လႈိင္ႏိုးဆြေနတာကို သတိျပဳမိလာခဲ့ တယ္။ မီးဖိုေခ်ာင္ထဲက ထြက္လာတဲ့ ေကာ္ဖီသင္းနဲ႔ေလးေၾကာင့္ အိမ္ျပင္မွာမိုးေလေတြနဲ႔ ေအးစက္စက္ျဖစ္ေန တာကေန ခ်က္ခ်င္း ရင္ထဲထိေႏြးေထြးသြားျပန္တယ္။ ႏွပ္ထားတဲ့ ေကာ္ဖီစက္ထဲက တေထာင္းေထာင္းထေန တဲ့ အေငြ႕ေတြနဲ႔အတူ ေကာ္ဖီနံ႔ေလးက တစ္အိမ္လံုးကို သင္းပ်ံ႕ထံုလႊမ္းသြားတယ္။ ေကာ္ဖီတခြက္ကို စိတ္ႀကိဳက္သြားေဖ်ာ္လာခဲ့ၿပီး ဧည့္ခန္းထဲျပန္ထြက္လာေတာ့ ဧည့္ခန္းျပတင္းေပါက္မွန္မွာ တသြင္သြင္စီးက် ေနတဲ့ မိုးစက္မိုးေပါက္ေတြကို ၾကည့္မိရင္း မိုးရာသီေတာင္ ေရာက္ျပန္လာေခ်ၿပီေပါ့လို႔ တစ္ကိုယ္တည္း မွတ္ ခ်က္ခ်လိုက္မိတယ္။

          မိုးရာသီျမင္ကြင္းနဲ႔ပတ္သက္ၿပီး သတိမထားျဖစ္ခဲ့တာ ၾကာခဲ့ၿပီဆိုေပမယ့္ ဒီ မိုးဦးအစေလးမွာ ရံုးပိတ္ရက္နဲ႔တိုက္တိုက္ဆိုင္ဆိုင္ အိမ္မွာ တကိုယ္တည္းရွိေနတာမို႔ အိမ္ျပင္က မိုးစက္မိုးေပါက္ေလးေတြကို ဒီတစ္ခါမွာေတာ့ ရင္ထဲလႈိက္ခနဲျဖစ္သြားေအာင္ကို အျမင္အာရံုနဲ႔ အေတြးအာရံုတို႔ တၿပိဳင္နက္တည္း ခ်ိတ္ဆက္ ခံစားမိလိုက္ပါေတာ့တယ္။ မိုးစက္မိုးေပါက္ေတြ ဘယ္လိုပဲ တစ္ေသာေသာ ရြာသြန္းၿဖိဳးေနေပမယ့္လည္း ဟန္ မပ်က္ ေကာ္ဖီေလးတစ္ခြက္နဲ႔ ဧည့္ခန္းထဲ ဇိမ္က်က်ႏွပ္ေနႏိုင္ေအာင္ အဓိကအကာအကြယ္ေပးထားတဲ့ ေက်း ဇူးရွင္ေလးက ကိုယ့္ရဲ႕အိမ္ေလးပါလားလို႔ ဆက္စပ္ေတြးမိသြားတယ္။ တကယ္တမ္း မုတ္သံုမိုးေတြ စတင္ သြန္းၿဖိဳးရြာၿပီဆိုတာနဲ႔ ေျမျပင္ေပၚကေန ဆြတ္ပ်ံ႕ႀကိဳင္လိႈင္ထြက္လာတဲ့ ေျမသင္းနံ႔ေလးေတြက ခုနက ေကာ္ဖီ ခြက္ထဲက ေကာ္ဖီနံ႔ေတြၾကား တခ်က္ခ်က္ တိုး၀င္ေရာေႏွာလာလို႔ ေအးျမတဲ့ရာသီနဲ႔ ေႏြးေထြးတဲ့ခံစားခ်က္က ေရာေႏွာယွက္တင္သြားျပန္တယ္။ သဘာ၀နဲ႔ ဆက္စပ္ေနတဲ့ ခံစားခ်က္ေတြကို ဒီအိမ္ေလးထဲကေနပဲ အားပါး တရႀကိဳဆိုလိုက္မိပါေတာ့တယ္။ “ ႀကိဳဆိုပါတယ္ မိုး…။ ”

          မိုးရာသီနဲ႔ ပတ္သက္လို႔အိမ္ေလးမွာ ႀကိဳတင္ျပင္ဆင္ထားႏိုင္တာေတြ၊ မိုးရာသီလြန္ၿပီးသြားရင္လည္း တစ္ရာသီလံုး ရြာသြန္းၿဖိဳးထားတဲ့ မိုးဒဏ္ေလဒဏ္ေတြေၾကာင့္ ကိုယ့္အိမ္ေလး အႀကီးအက်ယ္မပ်က္စီးသြား ေစဘဲ သက္တမ္းၾကာရွည္ခံႏိုင္ေစမယ့္နည္းေတြလည္း အေတြးထဲ ဆက္စပ္ေမ်ာပါလာျပန္ေတာ့တယ္။ တစ္ႏွစ္လံုးမွာ စိတ္လႈပ္ရွားစရာအေကာင္းဆံုးလရာသီလို႔ သတ္မွတ္ရမယ့္ မိုးအခါမွာ သက္ ေရာက္မႈအမ်ားဆံုးခံရတဲ့ေနရာေတြက ေခါင္မိုးနဲ႔ ေဘးနံရံေတြပဲျဖစ္ပါတယ္။         မိုးစက္ေတြေၾကာင့္ စိုထိုင္းဆေတြမ်ားလာတဲ့ေလေၾကာင့္ အိမ္ခန္းထဲက ပရိေဘာဂေတြလည္း ထိခိုက္ပ်က္စီးမႈ အနည္းနဲ႔အမ်ားရွိ တတ္ပါတယ္။ ပ်က္စီးမႈေတြအႀကီးအက်ယ္ျဖစ္မသြားရေေလေအာင္ ႀကိဳတင္ကာကြယ္ထားတဲ့အခါ ေနာက္ပိုင္းမွာ ျပန္လည္ျပင္ဆင္ရမယ့္ စရိတ္စကေတြၿခိဳးၿခံေခၽြတာၿပီးသားလည္း ျဖစ္သလို လူပင္ပန္းလည္း သက္သာေစပါတယ္။ မိုးရာသီနဲ႔ပတ္သက္ၿပီး ႀကိဳတင္သတိျပဳျပင္ဆင္ထားႏိုင္မယ့္ အခ်က္ေလးေတြလည္း တစ္ဆက္ တည္း စီတန္းၿပီး သံုးသပ္မိျပန္တာေၾကာင့္ စာဖတ္သူေတြလည္း ကိုယ့္လိုပဲ လံုၿခံဳလွပတဲ့အိမ္ေလးထဲကေန မိုးရာသီကို အားပါးတရ ႀကိဳဆိုႏိုင္ေစဖို႔ ဒီေနရာမွာ ျပန္လည္ေ၀မွ်လိုပါတယ္။

ႀကိဳတင္စစ္ေဆးျခင္း

          မိုးက်ေတာ့မယ္ဆိုတာနဲ႔ ကိုယ့္အိမ္ေလးမွာ ဘာေတြယိုယြင္းစျပဳေနသလဲဆိုတာ အေသအခ်ာေစ့ငွ ေအာင္ လိုက္လံစစ္ေဆးထားသင့္ပါတယ္။ နံရံေတြနဲ႔ ၾကမ္းခင္းေတြမွာ အက္ကြဲေၾကာင္းေတြရွိေနလား၊ ၾကမ္း ခင္းေၾကြျပားေတြပ်က္စီးေနသလားၾကည့္ထားၿပီး မိုးအရြာ ေရစိမ့္၀င္မလာေစဖို႔ ကာကြယ္ျပင္ဆင္ထားရမွာပါ။

ယိုေပါက္မ်ား

          ေခါင္မိုးနဲ႔ တံစက္ၿမိတ္ေတြမွာ အက္ေၾကာင္းေတြနဲ႔ မိုးေရယိုလာႏိုင္ေစမယ့္ ယိုေပါက္ေတြရွိမရွိကို ၾကည့္ထားပါ။ အက္ေၾကာင္းေတြရွိေနခဲ့ရင္ ေရခံသုတ္ေဆး (Waterproof Coating)သံုးၿပီး ျပင္ဆင္ထား ႏိုင္ပါတယ္။ ေခါင္မိုးေရတံေလွ်ာက္မွာ အမႈိက္ေတြ၊ သစ္ရြက္ေဆြးေတြ ပိတ္ဆို႔ေနတာေတြကို ႀကိဳၿပီး ဖယ္မ ထားမိဘူးဆိုရင္လည္း မိုးေတြၿဖိဳင္ၿဖိဳင္ရြာခ်တဲ့အခါ ေရတံေလွ်ာက္မွာ ေရလွ်ံၿပီး ေခါင္မိုးစပ္ေတြကေန ေရေတြ ယို၀င္လာတတ္တာကိုလည္း သတိရပါ။

ေဆးသုတ္ျခင္း

          အိမ္အျပင္ဘက္နံရံက မိုးဒဏ္ေလဒဏ္အခံရဆံုးေနရာေတြျဖစ္ၿပီး အိမ္ရဲ႕ႀကံ႕ခိုင္မႈကို ထိခိုက္မသြားေစ ဖို႔အတြက္ မိုးမက်မီကတည္းက နံရံေတြေပၚ ေဆးေတြသုတ္ၿပီး ကာကြယ္ထားပါ။ နံရံထဲမိုးေရစိမ့္၀င္မႈမရွိေစ ဖို႔လည္း အေကာင္းဆံုးအကာအကြယ္ေပးႏိုင္မွာျဖစ္ပါတယ္။ နံရံေတြေပၚ ေရတားေဆးေတြ၊ ေရခံသုတ္ေဆး ေတြကို ေရြးခ်ယ္သုတ္ထားေပးတာက မိုးရာသီအတြက္ အသင့္ေလ်ာ္ဆံုးသုတ္ေဆးေရြးခ်ယ္မႈပဲျဖစ္ပါတယ္။

တံခါးမ်ား

          သတၱဳေဘာင္ကြပ္ေတြ၊ သံပန္းေတြပါတဲ့ တံခါးေတြ၊ ျပတင္းေပါက္ေတြမွာလည္း မိုးေရေၾကာင့္သံေခ်း တက္ၿပီးမပ်က္ဆီးရေလေအာင္ ေဆးျပန္သုတ္ေပးထားသင့္ပါတယ္။ သစ္သားတံခါးရြက္ေတြနဲ႔ သစ္သား ျပတင္းတံခါးရြက္ေတြကိုလည္း ေသခ်ာမတပ္ထားဘူးဆိုရင္ မိုးအခါပိုၿပီး ပ်က္စီးေစတတ္ပါတယ္။ မိုးေရေတြ သစ္သားထဲစိမ့္၀င္တဲ့အခါ သစ္ထည္က ပြေယာင္းလာတတ္တာမို႔ သစ္ထည္ကို ေပၚလစ္ဆီတိုက္တာေတြ၊ ဖ ေယာင္းဆီတိုက္တာေတြ ဒါမွဟုတ္ သေဘၤာေဆးသုတ္တာေတြ ျပဳလုပ္ထားသင့္ပါတယ္။

လွ်ပ္စစ္ဓာတ္ႀကိဳးမ်ား

          မိုးမတိုင္မီ အေရးအႀကီးဆံုးျပင္ဆင္ထားသင့္တဲ့ထဲမွာ လွ်ပ္စစ္ဓာတ္ႀကိဳးေတြလည္း ပါပါတယ္။ မိုးေရနဲ႔ တိုက္ရိုက္ထိေတြ႕ႏိုင္တဲ့ အိမ္ျပင္ဘက္ျခမ္းက လွ်ပ္စစ္မီးခလုတ္ခံုေတြနဲ႔ လွ်ပ္စစ္ဓာတ္ႀကိဳးသြယ္တန္းမႈေတြကို လွ်ပ္စစ္ကၽြမ္းက်င္ပညာရွင္အကူအညီနဲ႔ ႀကိဳတင္စစ္ေဆးျပင္ဆင္ထားပါ။ ေရွာ့ခ္မျဖစ္ေစဖို႔ မိုးေရလံုေအာင္ဖံုး ထားသင့္တာေတြကို ေသခ်ာဖံုးပါ။ ေပါက္ၿပဲေနတဲ့လွ်ပ္စစ္ဓာတ္ႀကိဳးေတြရွိရင္ ခ်က္ခ်င္းျပင္ဆင္လဲလွယ္ထားပါ။

အင္းဆက္ကာကြယ္ျခင္း

          မုတ္သံုမိုးနဲ႔အတူ လိုက္ပါလာတတ္တဲ့ သဘာ၀ေဘးအႏၱရာယ္ေတြထဲမွာ အဆိုးရြားဆံုး အင္းဆက္ပိုး မႊားအႏၱရာယ္ကိုလည္း သတိျပဳပါ။ ျခင္၊ယင္ေတြသာမက ျခေတြ၊ ပုရြက္ေတြကလည္း မိုးေရွာင္တဲ့အေနနဲ႔ အိမ္ ထဲထိ က်ဴးေက်ာ္လာႏိုင္ၿပီး သူတို႔ေလးေတြေၾကာင့္ အိမ္ကိုပ်က္စီးေစတတ္ပါေသးတယ္။ အင္းဆက္ေတြ အိမ္ ထဲမေရာက္လာေစဖို႔ ေစာင့္ၾကည့္ႏွိမ္နင္းၿပီး လိုအပ္ရင္အင္းဆက္ႏွိမ္နင္းေရးကၽြမ္းက်င္သူနဲ႔ တိုင္ပင္ၿပီး ကိုယ့္ အိမ္ေလးမပ်က္စီးေစဖို႔ ျပင္ဆင္ေဆာင္ရြက္ပါ။

ပရိေဘာဂမ်ား

          အိ္မ္ခန္းထဲက ပရိေဘာဂေတြက မိုးအခါဆို မႈိတက္တာမ်ဳိးေၾကာင့္ပ်က္စီးတတ္ၿပီး တခါတရံ ျခေတြ ေၾကာင့္လည္း ပ်က္စီးတတ္ပါတယ္။ စိုထိုင္းမႈေၾကာင့္ အိမ္ရဲ႕တန္ဖိုးႀကီးပရိေဘာဂေတြ၊ အ၀တ္အထည္ေတြနဲ႔ အသံုးအေဆာင္ပစၥည္းေတြ ပ်က္စီးဆံုးရံႈးမႈမျဖစ္ရေလေအာင္ ပရုပ္လံုးေတြ၊ တမာရြက္ေတြနဲ႔ ေလးညင္းပြင့္ေတြ ျဖန္႔ထားေပးပါ။ မႈိမစြဲေအာင္နဲ႔ ေျခာက္ေသြ႕ေအာင္ အၿမဲသန္႔ရွင္းေပးေနရမွာျဖစ္ပါတယ္။

ေရႏုတ္ေျမာင္း

          အိမ္ပတ္လည္မွာရွိတဲ့ ေရႏုတ္ေျမာင္းေတြမွာ အမႈိက္ေတြ႕ပိတ္ဆို႔ေနတာမ်ဳိးမရွိေအာင္ ႀကိဳတင္စစ္ ေဆးရွင္းလင္းထားပါ။ မိုးရြာတဲ့အခါ ေရနဲ႔အတူ အမႈိက္ေတြ ေရႏုတ္ေျမာင္းထဲ ျပန္ဆို႔ေနတတ္တာေၾကာင့္ ေရ ႏုတ္ေျမာင္းေတြထဲ မၾကာမၾကာစစ္ေဆးရွင္းလင္းေပးပါ။ အမႈိက္ေတြေၾကာင့္ ေျမာင္းေတြထဲ ေရပိတ္တဲ့အခါ ေရလွ်ံၿပီး အိမ္ထဲ၀င္လာတတ္သလို၊ ျခင္ေတြလည္း ေပါက္ဖြားလာတတ္ပါတယ္။

အတြင္းျပင္ဆင္မႈ

          မိုးအခါ ေနေရာင္ရရွိမႈအလြန္ရွားပါးတာေၾကာင့္ အိမ္ထဲက အျပင္အဆင္ေလးေတြလည္း ေျပာင္းလဲေပး ဖို႔လိုပါတယ္။ ထူထဲပိတ္ပိန္းတဲ့ ခန္းဆီးစေတြက မိုးအခါ စိုထိုင္းဆေၾကာင့္ အနံ႔အသက္မေကာင္းေစတတ္သလို အိမ္ထဲမွာလည္း ေမွာင္ရိပ္သန္းေစတာေၾကာင့္ ရာသီဥတုအံု႔မႈိင္းသလို လူေတြလည္း ၾကည္လင္လန္းဆန္းမႈမရွိ ဘဲ ထိုင္းမႈိင္းလာတတ္ပါတယ္။ ေပါ့ပါးရွင္းလင္းၿပီး ပါးလြတဲ့အျပင္အဆင္ေလးေတြလိုအပ္ၿပီး မႈန္မိႈင္းတဲ့၀န္းက်င္ ရာသီဥတုမွာ လန္းဆန္းသြားေစဖို႔ အိမ္တြင္းအသံုးအေဆာင္ပစၥည္းေတြကို အစိမ္းေရာင္၊ လိေမၼာ္ေရာင္၊ အ၀ါ ေရာက္ေတြလိုမ်ဳိး လန္းဆန္းေပါ့ပါးေစတဲ့ အေရာင္ေတာက္ေတာက္ေတြနဲ႔ အလွဆင္ေပးပါ။

          ေအာက္သိုးသိုးအနံ႔ဆိုးေတြ ကင္းရွင္းေစဖို႔ အေမႊးရနံဆီပါတဲ့ ဖေယာင္းတိုင္၊ ဖေယာင္းခြက္ေလးေတြ ထြန္းညွိၿပီး ဧည့္ခန္းမွာ အလွဆင္ႏိုင္ပါတယ္။ မိုးနဲ႔အတူ ေလအေ၀ွ႕မွာ မိုးသံနဲ႔စည္းခ်က္လိုက္ေပးမယ့္ ဆည္း လည္းတန္ဆာေလးေတြ ျပတင္းေပါက္မွာ ခ်ိတ္ဆြဲအလွဆင္ပါ။ သာယာၿငိမ့္ေညာင္းတဲ့ဆည္းလည္းသံေလးနဲ႔ ေမွးစက္အနားယူတာပဲျဖစ္ျဖစ္၊ စာဖတ္ရင္းအပန္းေျဖတာပဲျဖစ္ျဖစ္ ထူးျခားတဲ့ မုတ္သုံခံစားခ်က္ေတြကို ထပ္ ေပါင္းျဖည့္ဆည္းေပးႏိုင္မွာပဲျဖစ္ပါတယ္။

 ဒီက႑ေလးမွာေဖာ္ျပေပးခဲ့တဲ့အခ်က္အလက္ေလးေတြနဲ႔ အိမ္ေလးကို ဂရုစိုက္ရင္း မၾကာမီေရာက္လာေတာ့မယ့္ မုတ္သံုမိုးေတြကို စိတ္ႀကိဳက္အားပါးတရ ႀကိဳဆိုၾကႏိုင္ပါေစလို႔ ဆႏၵျပဳလိုက္ပါတယ္။

“ မိုး၊ မိုး… ရြာသာရြာပါ မိုး…။ ”

Unicode ျဖင့္ဖတ္ရန္

မိုးရာသီကို ကြိုဆိုနေမယ့် အိမ်ကလေး

တစ်ပေါက်ပြီးတစ်ပေါက်ကျနေတဲ့ မိုးစက်လေးတွေရဲ့ ကိုယ်ပိုင်အသံ တစ်ဖျောက်ဖျောက်ကို အိမ်လေး ထဲကနေ ကြားနေရရင်း မွှေးပျံတဲ့သင်းရနံ့လေးက နှာခေါင်းဖျားမှာ ကြိုင်လှိုင်နိုးဆွနေတာကို သတိပြုမိလာခဲ့ တယ်။ မီးဖိုချောင်ထဲက ထွက်လာတဲ့ ကော်ဖီသင်းနဲ့လေးကြောင့် အိမ်ပြင်မှာမိုးလေတွေနဲ့ အေးစက်စက်ဖြစ်နေ တာကနေ ချက်ချင်း ရင်ထဲထိနွေးထွေးသွားပြန်တယ်။ နှပ်ထားတဲ့ ကော်ဖီစက်ထဲက တထောင်းထောင်းထနေ တဲ့ အငွေ့တွေနဲ့အတူ ကော်ဖီနံ့လေးက တစ်အိမ်လုံးကို သင်းပျံ့ထုံလွှမ်းသွားတယ်။ ကော်ဖီတခွက်ကို စိတ်ကြိုက်သွားဖျော်လာခဲ့ပြီး ဧည့်ခန်းထဲပြန်ထွက်လာတော့ ဧည့်ခန်းပြတင်းပေါက်မှန်မှာ တသွင်သွင်စီးကျ နေတဲ့ မိုးစက်မိုးပေါက်တွေကို ကြည့်မိရင်း မိုးရာသီတောင် ရောက်ပြန်လာချေပြီပေါ့လို့ တစ်ကိုယ်တည်း မှတ် ချက်ချလိုက်မိတယ်။
မိုးရာသီမြင်ကွင်းနဲ့ပတ်သက်ပြီး သတိမထားဖြစ်ခဲ့တာ ကြာခဲ့ပြီဆိုပေမယ့် ဒီ မိုးဦးအစလေးမှာ ရုံးပိတ်ရက်နဲ့တိုက်တိုက်ဆိုင်ဆိုင် အိမ်မှာ တကိုယ်တည်းရှိနေတာမို့ အိမ်ပြင်က မိုးစက်မိုးပေါက်လေးတွေကို ဒီတစ်ခါမှာတော့ ရင်ထဲလှိုက်ခနဲဖြစ်သွားအောင်ကို အမြင်အာရုံနဲ့ အတွေးအာရုံတို့ တပြိုင်နက်တည်း ချိတ်ဆက် ခံစားမိလိုက်ပါတော့တယ်။ မိုးစက်မိုးပေါက်တွေ ဘယ်လိုပဲ တစ်သောသော ရွာသွန်းဖြိုးနေပေမယ့်လည်း ဟန် မပျက် ကော်ဖီလေးတစ်ခွက်နဲ့ ဧည့်ခန်းထဲ ဇိမ်ကျကျနှပ်နေနိုင်အောင် အဓိကအကာအကွယ်ပေးထားတဲ့ ကျေး ဇူးရှင်လေးက ကိုယ့်ရဲ့အိမ်လေးပါလားလို့ ဆက်စပ်တွေးမိသွားတယ်။ တကယ်တမ်း မုတ်သုံမိုးတွေ စတင် သွန်းဖြိုးရွာပြီဆိုတာနဲ့ မြေပြင်ပေါ်ကနေ ဆွတ်ပျံ့ကြိုင်လှိုင်ထွက်လာတဲ့ မြေသင်းနံ့လေးတွေက ခုနက ကော်ဖီ ခွက်ထဲက ကော်ဖီနံ့တွေကြား တချက်ချက် တိုးဝင်ရောနှောလာလို့ အေးမြတဲ့ရာသီနဲ့ နွေးထွေးတဲ့ခံစားချက်က ရောနှောယှက်တင်သွားပြန်တယ်။ သဘာဝနဲ့ ဆက်စပ်နေတဲ့ ခံစားချက်တွေကို ဒီအိမ်လေးထဲကနေပဲ အားပါး တရကြိုဆိုလိုက်မိပါတော့တယ်။ “ ကြိုဆိုပါတယ် မိုး…။ ”
မိုးရာသီနဲ့ ပတ်သက်လို့အိမ်လေးမှာ ကြိုတင်ပြင်ဆင်ထားနိုင်တာတွေ၊ မိုးရာသီလွန်ပြီးသွားရင်လည်း တစ်ရာသီလုံး ရွာသွန်းဖြိုးထားတဲ့ မိုးဒဏ်လေဒဏ်တွေကြောင့် ကိုယ့်အိမ်လေး အကြီးအကျယ်မပျက်စီးသွား စေဘဲ သက်တမ်းကြာရှည်ခံနိုင်စေမယ့်နည်းတွေလည်း အတွေးထဲ ဆက်စပ်မျောပါလာပြန်တော့တယ်။ တစ်နှစ်လုံးမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးလရာသီလို့ သတ်မှတ်ရမယ့် မိုးအခါမှာ သက် ရောက်မှုအများဆုံးခံရတဲ့နေရာတွေက ခေါင်မိုးနဲ့ ဘေးနံရံတွေပဲဖြစ်ပါတယ်။ မိုးစက်တွေကြောင့် စိုထိုင်းဆတွေများလာတဲ့လေကြောင့် အိမ်ခန်းထဲက ပရိဘောဂတွေလည်း ထိခိုက်ပျက်စီးမှု အနည်းနဲ့အများရှိ တတ်ပါတယ်။ ပျက်စီးမှုတွေအကြီးအကျယ်ဖြစ်မသွားရေလေအောင် ကြိုတင်ကာကွယ်ထားတဲ့အခါ နောက်ပိုင်းမှာ ပြန်လည်ပြင်ဆင်ရမယ့် စရိတ်စကတွေခြိုးခြံချွေတာပြီးသားလည်း ဖြစ်သလို လူပင်ပန်းလည်း သက်သာစေပါတယ်။ မိုးရာသီနဲ့ပတ်သက်ပြီး ကြိုတင်သတိပြုပြင်ဆင်ထားနိုင်မယ့် အချက်လေးတွေလည်း တစ်ဆက် တည်း စီတန်းပြီး သုံးသပ်မိပြန်တာကြောင့် စာဖတ်သူတွေလည်း ကိုယ့်လိုပဲ လုံခြုံလှပတဲ့အိမ်လေးထဲကနေ မိုးရာသီကို အားပါးတရ ကြိုဆိုနိုင်စေဖို့ ဒီနေရာမှာ ပြန်လည်ဝေမျှလိုပါတယ်။
ကြိုတင်စစ်ဆေးခြင်း
မိုးကျတော့မယ်ဆိုတာနဲ့ ကိုယ့်အိမ်လေးမှာ ဘာတွေယိုယွင်းစပြုနေသလဲဆိုတာ အသေအချာစေ့ငှ အောင် လိုက်လံစစ်ဆေးထားသင့်ပါတယ်။ နံရံတွေနဲ့ ကြမ်းခင်းတွေမှာ အက်ကွဲကြောင်းတွေရှိနေလား၊ ကြမ်း ခင်းကြွေပြားတွေပျက်စီးနေသလားကြည့်ထားပြီး မိုးအရွာ ရေစိမ့်ဝင်မလာစေဖို့ ကာကွယ်ပြင်ဆင်ထားရမှာပါ။
ယိုပေါက်များ
ခေါင်မိုးနဲ့ တံစက်မြိတ်တွေမှာ အက်ကြောင်းတွေနဲ့ မိုးရေယိုလာနိုင်စေမယ့် ယိုပေါက်တွေရှိမရှိကို ကြည့်ထားပါ။ အက်ကြောင်းတွေရှိနေခဲ့ရင် ရေခံသုတ်ဆေး (Waterproof Coating)သုံးပြီး ပြင်ဆင်ထား နိုင်ပါတယ်။ ခေါင်မိုးရေတံလျှောက်မှာ အမှိုက်တွေ၊ သစ်ရွက်ဆွေးတွေ ပိတ်ဆို့နေတာတွေကို ကြိုပြီး ဖယ်မ ထားမိဘူးဆိုရင်လည်း မိုးတွေဖြိုင်ဖြိုင်ရွာချတဲ့အခါ ရေတံလျှောက်မှာ ရေလျှံပြီး ခေါင်မိုးစပ်တွေကနေ ရေတွေ ယိုဝင်လာတတ်တာကိုလည်း သတိရပါ။
ဆေးသုတ်ခြင်း
အိမ်အပြင်ဘက်နံရံက မိုးဒဏ်လေဒဏ်အခံရဆုံးနေရာတွေဖြစ်ပြီး အိမ်ရဲ့ကြံ့ခိုင်မှုကို ထိခိုက်မသွားစေ ဖို့အတွက် မိုးမကျမီကတည်းက နံရံတွေပေါ် ဆေးတွေသုတ်ပြီး ကာကွယ်ထားပါ။ နံရံထဲမိုးရေစိမ့်ဝင်မှုမရှိစေ ဖို့လည်း အကောင်းဆုံးအကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ နံရံတွေပေါ် ရေတားဆေးတွေ၊ ရေခံသုတ်ဆေး တွေကို ရွေးချယ်သုတ်ထားပေးတာက မိုးရာသီအတွက် အသင့်လျော်ဆုံးသုတ်ဆေးရွေးချယ်မှုပဲဖြစ်ပါတယ်။
တံခါးများ
သတ္တုဘောင်ကွပ်တွေ၊ သံပန်းတွေပါတဲ့ တံခါးတွေ၊ ပြတင်းပေါက်တွေမှာလည်း မိုးရေကြောင့်သံချေး တက်ပြီးမပျက်ဆီးရလေအောင် ဆေးပြန်သုတ်ပေးထားသင့်ပါတယ်။ သစ်သားတံခါးရွက်တွေနဲ့ သစ်သား ပြတင်းတံခါးရွက်တွေကိုလည်း သေချာမတပ်ထားဘူးဆိုရင် မိုးအခါပိုပြီး ပျက်စီးစေတတ်ပါတယ်။ မိုးရေတွေ သစ်သားထဲစိမ့်ဝင်တဲ့အခါ သစ်ထည်က ပွယောင်းလာတတ်တာမို့ သစ်ထည်ကို ပေါ်လစ်ဆီတိုက်တာတွေ၊ ဖ ယောင်းဆီတိုက်တာတွေ ဒါမှဟုတ် သင်္ဘောဆေးသုတ်တာတွေ ပြုလုပ်ထားသင့်ပါတယ်။
လျှပ်စစ်ဓာတ်ကြိုးများ
မိုးမတိုင်မီ အရေးအကြီးဆုံးပြင်ဆင်ထားသင့်တဲ့ထဲမှာ လျှပ်စစ်ဓာတ်ကြိုးတွေလည်း ပါပါတယ်။ မိုးရေနဲ့ တိုက်ရိုက်ထိတွေ့နိုင်တဲ့ အိမ်ပြင်ဘက်ခြမ်းက လျှပ်စစ်မီးခလုတ်ခုံတွေနဲ့ လျှပ်စစ်ဓာတ်ကြိုးသွယ်တန်းမှုတွေကို လျှပ်စစ်ကျွမ်းကျင်ပညာရှင်အကူအညီနဲ့ ကြိုတင်စစ်ဆေးပြင်ဆင်ထားပါ။ ရှော့ခ်မဖြစ်စေဖို့ မိုးရေလုံအောင်ဖုံး ထားသင့်တာတွေကို သေချာဖုံးပါ။ ပေါက်ပြဲနေတဲ့လျှပ်စစ်ဓာတ်ကြိုးတွေရှိရင် ချက်ချင်းပြင်ဆင်လဲလှယ်ထားပါ။
အင်းဆက်ကာကွယ်ခြင်း
မုတ်သုံမိုးနဲ့အတူ လိုက်ပါလာတတ်တဲ့ သဘာဝဘေးအန္တရာယ်တွေထဲမှာ အဆိုးရွားဆုံး အင်းဆက်ပိုး မွှားအန္တရာယ်ကိုလည်း သတိပြုပါ။ ခြင်၊ယင်တွေသာမက ခြတွေ၊ ပုရွက်တွေကလည်း မိုးရှောင်တဲ့အနေနဲ့ အိမ် ထဲထိ ကျူးကျော်လာနိုင်ပြီး သူတို့လေးတွေကြောင့် အိမ်ကိုပျက်စီးစေတတ်ပါသေးတယ်။ အင်းဆက်တွေ အိမ် ထဲမရောက်လာစေဖို့ စောင့်ကြည့်နှိမ်နင်းပြီး လိုအပ်ရင်အင်းဆက်နှိမ်နင်းရေးကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး ကိုယ့် အိမ်လေးမပျက်စီးစေဖို့ ပြင်ဆင်ဆောင်ရွက်ပါ။
ပရိဘောဂများ
အိမ်ခန်းထဲက ပရိဘောဂတွေက မိုးအခါဆို မှိုတက်တာမျိုးကြောင့်ပျက်စီးတတ်ပြီး တခါတရံ ခြတွေ ကြောင့်လည်း ပျက်စီးတတ်ပါတယ်။ စိုထိုင်းမှုကြောင့် အိမ်ရဲ့တန်ဖိုးကြီးပရိဘောဂတွေ၊ အဝတ်အထည်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုမဖြစ်ရလေအောင် ပရုပ်လုံးတွေ၊ တမာရွက်တွေနဲ့ လေးညင်းပွင့်တွေ ဖြန့်ထားပေးပါ။ မှိုမစွဲအောင်နဲ့ ခြောက်သွေ့အောင် အမြဲသန့်ရှင်းပေးနေရမှာဖြစ်ပါတယ်။
ရေနုတ်မြောင်း
အိမ်ပတ်လည်မှာရှိတဲ့ ရေနုတ်မြောင်းတွေမှာ အမှိုက်တွေ့ပိတ်ဆို့နေတာမျိုးမရှိအောင် ကြိုတင်စစ် ဆေးရှင်းလင်းထားပါ။ မိုးရွာတဲ့အခါ ရေနဲ့အတူ အမှိုက်တွေ ရေနုတ်မြောင်းထဲ ပြန်ဆို့နေတတ်တာကြောင့် ရေ နုတ်မြောင်းတွေထဲ မကြာမကြာစစ်ဆေးရှင်းလင်းပေးပါ။ အမှိုက်တွေကြောင့် မြောင်းတွေထဲ ရေပိတ်တဲ့အခါ ရေလျှံပြီး အိမ်ထဲဝင်လာတတ်သလို၊ ခြင်တွေလည်း ပေါက်ဖွားလာတတ်ပါတယ်။
အတွင်းပြင်ဆင်မှု
မိုးအခါ နေရောင်ရရှိမှုအလွန်ရှားပါးတာကြောင့် အိမ်ထဲက အပြင်အဆင်လေးတွေလည်း ပြောင်းလဲပေး ဖို့လိုပါတယ်။ ထူထဲပိတ်ပိန်းတဲ့ ခန်းဆီးစတွေက မိုးအခါ စိုထိုင်းဆကြောင့် အနံ့အသက်မကောင်းစေတတ်သလို အိမ်ထဲမှာလည်း မှောင်ရိပ်သန်းစေတာကြောင့် ရာသီဥတုအုံ့မှိုင်းသလို လူတွေလည်း ကြည်လင်လန်းဆန်းမှုမရှိ ဘဲ ထိုင်းမှိုင်းလာတတ်ပါတယ်။ ပေါ့ပါးရှင်းလင်းပြီး ပါးလွတဲ့အပြင်အဆင်လေးတွေလိုအပ်ပြီး မှုန်မှိုင်းတဲ့ဝန်းကျင် ရာသီဥတုမှာ လန်းဆန်းသွားစေဖို့ အိမ်တွင်းအသုံးအဆောင်ပစ္စည်းတွေကို အစိမ်းရောင်၊ လိမ္မော်ရောင်၊ အဝါ ရောက်တွေလိုမျိုး လန်းဆန်းပေါ့ပါးစေတဲ့ အရောင်တောက်တောက်တွေနဲ့ အလှဆင်ပေးပါ။
အောက်သိုးသိုးအနံ့ဆိုးတွေ ကင်းရှင်းစေဖို့ အမွှေးရနံဆီပါတဲ့ ဖယောင်းတိုင်၊ ဖယောင်းခွက်လေးတွေ ထွန်းညှိပြီး ဧည့်ခန်းမှာ အလှဆင်နိုင်ပါတယ်။ မိုးနဲ့အတူ လေအဝှေ့မှာ မိုးသံနဲ့စည်းချက်လိုက်ပေးမယ့် ဆည်း လည်းတန်ဆာလေးတွေ ပြတင်းပေါက်မှာ ချိတ်ဆွဲအလှဆင်ပါ။ သာယာငြိမ့်ညောင်းတဲ့ဆည်းလည်းသံလေးနဲ့ မှေးစက်အနားယူတာပဲဖြစ်ဖြစ်၊ စာဖတ်ရင်းအပန်းဖြေတာပဲဖြစ်ဖြစ် ထူးခြားတဲ့ မုတ်သုံခံစားချက်တွေကို ထပ် ပေါင်းဖြည့်ဆည်းပေးနိုင်မှာပဲဖြစ်ပါတယ်။
ဒီကဏ္ဍလေးမှာဖော်ပြပေးခဲ့တဲ့အချက်အလက်လေးတွေနဲ့ အိမ်လေးကို ဂရုစိုက်ရင်း မကြာမီရောက်လာတော့မယ့် မုတ်သုံမိုးတွေကို စိတ်ကြိုက်အားပါးတရ ကြိုဆိုကြနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
“ မိုး၊ မိုး… ရွာသာရွာပါ မိုး…။ ”

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဇင်ယော်နီ မှ
May 4, 2019 နေ့
ကျန်းမာရေးနှင့် စီးပွားရေး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

တစ်နေ့သ၌ ကျွနု်ပ်ထံသို့ ဒေါ်လှချောဆိုသူ အသက်ငါးဆယ်ကျော်အရွယ် မိန်းမကြီးတစ်ဦး ရောက်ရှိလာလေ၏။ ၎င်းသည် လွန်စွာ လျှာရှည်လှသောကြောင့် ကျွနု်ပ်က ဒေါ်ဝါယောဟုသာ ခေါ်လေတော့၏။ ကျွနု်ပ်က – “ပျောက်လှချေလား ဒေါ်ဝါယောရေ . . . ဟု မေးလိုက်သောအခါ ဒေါ်ဝါယောကြီးက – “ ပျောက်နေရင် စိတ်ချမ်းသာပေတော့ဆရာရေ . . .၊ ကိုယ့်ဟာကိုယ် အဆင်ပြေလို့ ပျောက်နေတာမှတ်ပါ …၊ အဟဲ … အခုလို ပေါ်လာပြီဆိုရင်တော့ တစ်ခုခု အဆင်မပြေလို့လို့သာ မှတ်ပေတော့ ဆရာရေ . . . ဟု ပြန်ပြောလေ၏။ ကျွနု်ပ်လည်း ၎င်းအား မနောမယလက်ဖက်ရည်ဖြင့် ဧည့်ခံရလေ၏။


ထို့နောက် ကျွနု်ပ်က – “ဆိုစမ်းပါဦး၊ ဘာတွေများ အဆင်မပြေလို့လဲ … . . ဟု မေးလိုက်ရာ ဒေါ်ဝါယောကြီးက –
“အဆင်မပြေတာက ကျွန်မမဟုတ်ဘူး ဆရာရဲ့၊ တူမလေးတစ်ယောက် အဆင်မပြေတာပါ၊ သို့ပေသော်လည်းပဲ အဲဒီတူမလေးက ကျွန်မကို ပေးကမ်းထောက်ပံ့နေတာဆိုတော့ သူအဆင်မပြေခြင်းဟာ ကျွန်မရဲ့အဆင်မပြေခြင်းပဲပေါ့၊ အဲဒီတော့ . . .သူအဆင်ပြေပါမှ ကျွန်မအဆင်ပြေမယ့် ကိစ္စပေါ့ဆရာရယ် .. . . ဟု ပြောလေတော့၏။ ကျွနု်ပ်လည်း ခေါင်းကိုကုပ်ရင်း “ရှင်းရှင်းပြောစမ်းပါ ဒေါ်ဝါယောရယ် ”ဟု ပြောလိုက်ရ၏။ ဒေါ်ဝါယောကြီးက နှုတ်ခမ်းကိုမဲ့ရင်း “ဆရာ နားရှုပ်မှာစိုးလို့ကိုပဲ အစကတည်းက မရှင်းရှင်းအောင်ဆိုပြီး ရှုပ်နိုင်တဲ့ကိစ္စကို ရှင်းအောင် တစ်ချက်ခြင်း ရှင်းရှင်းလေး ပြောလိုက်တာလေ ဆရာရဲ့ ဆရာတို့လည်း ခက်ပါတယ် … . .ဟု ပြောပြန်သဖြင့် ဟု ပြောပြန်သဖြင့် ကျွနု်ပ်လည်း – “ဟုတ်ပါပြီဗျား၊ ခင်ဗျားတို့ပဲ လွယ်ပါတယ်၊ ကဲ . . .ပြောကြည့်ပါဦး၊ ဘာကိစ္စလဲ . . .”ဟု ပြောလိုက်ရလေ၏။ ထိုအခါ ဒေါ်ဝါယောကြီးက “အဲဒီကိစ္စက အစတုန်းကတော့ အဆင်ပြေနေတာ ဆရာရဲ့ ၊ ဒီနောက်ပိုင်းကျမှ သိသိသာသာ အဆင်မပြေဖြစ်လာတာ၊ ဘာကိစ္စလဲဆိုတော့ တူမလေးရဲ့ မုန့်ဟင်းခါးဆိုင်ကိစ၊ တူမလေးက သူ့အိမ်ရှေ့မှာပဲ မုန့်ဟင်းခါးဆိုင်လေး တစ်နိုင်တစ်ပိုင်ဖွင့်ပြီးရောင်းတာ၊ တော်တော့်ကို အဆင်ပြေခဲ့တာ၊ သူတို့ရပ်ကွက်ထဲမှာတော့ နာမည်ကိုကြီးသွားတာပဲ၊ တော်တော်ကိုရောင်းရတာ၊ သူ့မုန့်ဟင်းခါးဆိုရင် အဖိုးကြီး အဖွားကြီးတွေကလည်းကြိုက်တယ်၊ ကလေးတွေကလည်း အရမ်းကြိုက်တာ ဆရာရဲ့” ဟု ပြောရာ ကျွနု်ပ်က -“ အဲဒီလောက် အဆင်ပြေနေတာများ ကျုပ်စားဖို့လည်း မုန့်ဟင်းခါးလေးထည့်ယူလာခဲ့ပါတော့လားဗျာ . . .” ဟု ပြောလိုက်လေ၏။ ထိုအခါ ဒေါ်ဝါယောကြီးက -“ အဲဒါက ဟိုအရင်တုန်းကပြောတာ ဆရာရဲ့ ၊ အခု အဲဒီလိုမဟုတ်တော့ဘူး၊ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီ . . .” ဟု ပြောသောကြောင့် ကျွနု်ပ်က -“ သြော် . . .အဲဒါဆို ကျုပ်ကတောင် လမ်းထိပ်ကနေ မုန့်ဟင်းခါးဝယ်ပြီး ခင်ဗျားကိုပြန်ထည့်ပေးလိုက်မယ့် အပေါက်မျိုး ဖြစ်နေပြီထင်တယ် . . .” ဟု ပြောလိုက်ရာ ဒေါ်ဝါယောကြီးက ခေါင်းကလေးကို တွင်တွင်ညိတ်ရင်း – “ ကောင်းတယ် ကောင်းတယ်၊ ဆရာ့အစီအစဉ်မဆိုးဘူး . . .”ဟု ပြောလေ၏။

ထို့ကြောင့် ကျွနု်ပ်က – “ ကဲပါ ဒေါ်ဝါယောရယ် . . .ခင်ဗျားတူမဆိုင်က ဘာဖြစ်နေလို့လဲ ဆိုတာလေးပဲ လိုရင်းကိုရောက်အောင် ပြောစမ်းပါဗျာ . . .” ဟု တိုက်တွန်းရလေ၏။ ထိုအခါ ဒေါ်ဝါယောကြီးက –
“ ဒီလို ဆရာရဲ့ . . . သူ့ဆိုင်လေးက တော်တော့်ကို ရောင်းကောင်းခဲ့တာ၊ ကျွန်မလည်းစိတ်ချမ်းသာရတာပေါ့လေ၊ ဒီနောက်ပိုင်း သိသိသာသာ ရောင်းအားကျသွားတယ်၊ သူ့ဆိုင်ကိုအားပေးနေကျ ပုံမှန်ဖောက်သည်တွေပါ တဖြည်းဖြည်းပျောက်သွားကြတယ်၊ ကျွန်မသတိထားမိတဲ့အတိုင်းဆိုရင်တော့ . . .သူတို့ဆိုင်နဲ့ မျက်နှာချင်းဆိုင်က အခန်းကို လူအသစ်တွေပြောင်းလာပြီးကတည်းက မှတ်မှတ်ရရ အဲဒီလိုဖြစ်သွားတာပဲ . . .” ဟု ပြောပြလေ၏။ ထိုအခါ ကျွနု်ပ်က -“ အဲဒီပြောင်းလာတဲ့မိသားစုဟာ တော်တော့်ကို ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး၊ ကြင်ကြင်နာနာရှိကြဟန်တူတယ်ဗျ . . .” ဟု ပြောလိုက်ရာ ဒေါ်ဝါယောကြီးသည် ရင်ဘတ်ကိုလက်ဖြင့် ဖြတ်ကနဲ ဖိ၏။ မေးစေ့ကို ရှေ့သို့ထိုး၍ နှုတ်ခမ်းကိုမဲ့၏။ ပြီးနောက် – “ အောင်မယ်လေးတော် . . .အဲဒီမိသားစုလောက် ရန်သတ်တာ၊ အဲဒီမိသားစုပဲ ရှိမယ်ထင်ပါရဲ့၊ ပြီးကို မပြီးနိုင်တော့ဘူး၊ နှစ်လေးဆယ် စစ်တိုက်ခဲ့ကြတယ်ဆိုတဲ့ ဗမာဘုရင် အင်းဝမင်းခေါင်နဲ့ မွန်ဘုရင် ရာဇဓိရာဇ်တို့ တစ်မိသားစုထဲမှာ ဝင်စားလာကြသလား အောက်မေ့ရတယ်၊ သတ်လိုက်ကြတဲ့ရန်ဆိုတော့ ဆရာရယ် . . .၊ သံဃာတော်တွေ အရုဏ်ဆွမ်းခံ မကြွခင်ကနေ ညကာလသားတွေ အိမ်ပြန်ရောက်တဲ့အထိ သူတို့အိမ်မှာက ပတ်လည်လှည့်ပြီး ရန်သတ်နေကြတာ ဆရာရေ . . .” ဟု မဲ့ကာရွဲ့ ကာနှင့် ပြောနေသောကြောင့် ကျွနု်ပ်လည်း တခစ်ခစ်နှင့် ရယ်နေမိလေတော့၏။ ထို့နောက်တွင်မှ – “ ဒီလိုရှိတယ် ဒေါ်ဝါယောရဲ့ ၊ ကိုယ့်အိမ်တို့ ၊ ဆိုင်တို့ရဲ့ ခေါင်းရင်းဘက်တွေ၊ ရှေ့မျက်နှာစာတွေ ဆိုတာဟာ ကိုယ့်ရဲ့ မင်္ဂလာယူရာ အရပ်တွေဗျ . . .၊ အဲဒီဘက်တွေကနေ ဘုရားသံ၊ တရားသံတို့ ၊ ကြည်နူးချမ်းမြေ့စရာတို့ မြင်လေလေ၊ ကြားလေလေ၊ ကြုံလေလေ ကိုယ်အိမ်၊ ကိုယ့်ဆိုင်မှာလည်း နိမိတ်ကောင်းပြီး လာဘ်ရွှင်စီးပွားတက်လေ ဖြစ်တတ်တယ်ဗျ . . .။


အဲဒီလိုမဟုတ်ဘဲ အဲဒါနဲ့ပြောင်းပြန် ရှေ့မျက်နှာစာတို့၊ ခေါင်းရင်းဘက်တို့ကနေ ဆဲကြ၊ ဆိုကြ၊ သတ်ကြ၊ ပုတ်ကြ၊ ငိုကြ၊ ယိုကြ … မကောင်းတာတွေ မြင်ရ၊ ကြားရ၊ ကြုံရမယ်ဆိုရင်တော့၊ သူတို့ဆီက မကောင်းခြင်းတွေဟာ ကိုယ့်အတွက်ပါ မကောင်းနိမိတ်အဖြစ် လာပြီးသက်ရောက်တတ်တယ်ဗျို့ . . .၊ ဟိုဘက်က ရန်သတ်လေလေ၊ ဒီဘက်ကလည်း နေရင်းထိုင်ရင်း လာဘ်ပိတ်လေလေတွေ ဖြစ်ကုန်တတ်တယ် . . .”ဟု ပြောလိုက်ရာ ဒေါ်ဝါယောကြီးက အလျင်စလိုဖြင့် –
“ ဟုတ်တယ်ဆရာရေ့ ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်မက သေသေချာချာကို သတိထားမိနေတာ၊ ဟိုတလောလေးတုန်းက အဲဒီမိသားစု တစ်စုလုံး ခရီးထွက်သွားကြတာ လေးရက်လောက် ပျောက်သွားကြတယ်၊ အဲဒီလေးရက်လောက်မှာ လူပါးနေတဲ့ တူမလေးရဲ့ ဆိုင်ဟာလေ ကြိတ်ကြိတ်တိုး လူတွေပြန်ပြည့်သွားတယ် ဆရာရဲ့ ၊ သူတို့တွေလည်းပြန်ရောက်လာရော ကျွန်မတူမရဲ့ ဆိုင်ကလေးလည်း အရင်းပြုတ်ရော ဖြစ်တော့တာပါပဲ ဆရာရဲ့ ၊ အဲဒီတော့ ဘယ်လိုလုပ်ရမှာလဲ၊ အဲဒီမိသားစု အမြဲတမ်းခရီးထွက်နေအောင် ဆရာ့အနေနဲ့ ဓါတ်ရိုက်ဓါတ်ဆင်လေးလုပ်ပေးပါလား . . . ဟု ပူဆာလေတော့၏။ ကျွနု်ပ်က ရယ်၍ –
“ အောင်မယ်လေး ဒေါ်ဝါယောရယ် . . .၊ သူများမိသားစုကိစ္စက ခင်ဗျားနဲ့ဘာဆိုင်လို့လဲ၊ ကိုယ့်တူမဆိုင် အဆင်ပြေရေးကိုပဲ ခင်ဗျားက လုပ်ရမှာလေ၊ ဒီလိုလုပ်ဗျာ . . .၊ ဟိုဘက်က ဆဲသံ၊ ဆိုသံ၊ ရန်ဖြစ်သံကြားလေလေ ကိုယ့်ဘက်ကလည်း ဘုရားတရားကြည်ညိုခြင်းကို ပိုပြီး လုပ်လေလေ ဆိုတာမျိုးဖြစ်အောင် ကြိုးစားပါ၊ ပြီးတော့ ခေါင်းရင်းတို့၊ မျက်နှာချင်းဆိုင်တို့ကနေ ဆဲသံ၊ ငိုသံ၊ ရန်ဖြစ်သံလိုဟာမျိုး ကြားလိုက်ပြီဆိုတာနဲ့ ကိုယ့်ဆိုင်တို့ ၊ အိမ်တို့ရဲ့ နောက်ဖေးဘက်မှာရှိတဲ့ အိမ်သာတံခါးတို့ ၊ မီးဖိုချောင်တံခါးတို့ စသည်ဖြင့် နောက်ဖေးဘက်မှာ ဆူဆူညံညံအသံထွက်သွားအောင် ခြေထောက်နဲ့ ကန်ကျောက်လိုက်တာမျိုး လုပ်လိုက်ပါ၊ အဲဒါဆိုရင် ကိုယ့်အတွက် လာပြီးခိုက်စေမယ့် နိမိတ်ဆိုးဟာ နိမိတ်ကောင်းအဖြစ် ပြောင်းသွားပြီး ဟိုဘက်က မကောင်းတဲ့ အသံဗလံတွေ ထွက်လေလေ ကိုယ့်ဆီမှာ လာဘ်ပွင့်လေလေ ဖြစ်လာပါလိမ့်မယ်တဲ့ဗျား . . .”ဟု ပြောပြလိုက်ရလေ၏။ ဒေါ်ဝါယောကြီးက – “ အဲဒါလောက်လေးနဲ့ အဆင်ပြေပါ့မလား ဆရာရယ် . . .” ဟု မယုံမရဲလေသံကလေးဖြင့် မေးလေ၏။ ထို့ကြောင့် ကျွနု်ပ်က – “အဆင်ပြေတဲ့အပြင် ဟိုဘက်ကိုတောင် လွန်သွားပါလိမ့်ဦးမယ် ဒေါ်ဝါယောရေ . . .၊ အဲဒီလို အဆင်ပြေတဲ့အကြောင်း သက်သေပြတဲ့အနေနဲ့ နောက်တစ်ပတ် ဆယ်ရက်ကြာတဲ့အခါ ခင်ဗျားတူမဆိုင်က မုန့်ဟင်းခါးလေး ပါဆယ်နှစ်ထုပ်လောက်ဆွဲလာပြီး ဝမ်းသာအားရ လာပြောလှည့်ပေတော့ဗျို့ . . .” ဟု ပြောလိုက်ရလေတော့သတည်း … ။

Zawgyi ျဖင့္ဖတ္ရန္

တစ္ေန႔သ၌ ကၽြႏု္ပ္ထံသို႔ ေဒၚလွေခ်ာဆိုသူ အသက္ငါးဆယ္ေက်ာ္အရြယ္ မိန္းမႀကီးတစ္ဦး ေရာက္ရွိလာေလ၏။ ၄င္းသည္ လြန္စြာ လွ်ာရွည္လွေသာေၾကာင့္ ကၽြႏု္ပ္က ေဒၚ၀ါေယာဟုသာ ေခၚေလေတာ့၏။ ကၽြႏု္ပ္က – “ေပ်ာက္လွေခ်လား ေဒၚ၀ါေယာေရ . . . ဟု ေမးလိုက္ေသာအခါ ေဒၚ၀ါေယာႀကီးက – “ ေပ်ာက္ေနရင္ စိတ္ခ်မ္းသာေပေတာ့ဆရာေရ . . .၊ ကိုယ့္ဟာကိုယ္ အဆင္ေျပလို႔ ေပ်ာက္ေနတာမွတ္ပါ …၊ အဟဲ … အခုလို ေပၚလာၿပီဆိုရင္ေတာ့ တစ္ခုခု အဆင္မေျပလို႔လို႔သာ မွတ္ေပေတာ့ ဆရာေရ . . . ဟု ျပန္ေျပာေလ၏။ ကၽြႏု္ပ္လည္း ၄င္းအား မေနာမယလက္ဖက္ရည္ျဖင့္ ဧည့္ခံရေလ၏။
ထို႔ေနာက္ ကၽြႏု္ပ္က – “ဆိုစမ္းပါဦး၊ ဘာေတြမ်ား အဆင္မေျပလို႔လဲ … . . ဟု ေမးလိုက္ရာ ေဒၚ၀ါေယာႀကီးက –
“အဆင္မေျပတာက ကၽြန္မမဟုတ္ဘူး ဆရာရဲ႕၊ တူမေလးတစ္ေယာက္ အဆင္မေျပတာပါ၊ သို႔ေပေသာ္လည္းပဲ အဲဒီတူမေလးက ကၽြန္မကို ေပးကမ္းေထာက္ပံ့ေနတာဆိုေတာ႕ သူအဆင္မေျပျခင္းဟာ ကၽြန္မရဲ႕အဆင္မေျပျခင္းပဲေပါ့၊ အဲဒီေတာ့ . . .သူအဆင္ေျပပါမွ ကၽြန္မအဆင္ေျပမယ့္ ကိစၥေပါ့ဆရာရယ္ .. . . ဟု ေျပာေလေတာ့၏။ ကၽြႏု္ပ္လည္း ေခါင္းကိုကုပ္ရင္း “ရွင္းရွင္းေျပာစမ္းပါ ေဒၚ၀ါေယာရယ္ ”ဟု ေျပာလိုက္ရ၏။ ေဒၚ၀ါေယာႀကီးက ႏႈတ္ခမ္းကိုမဲ့ရင္း “ဆရာ နားရႈပ္မွာစိုးလို႔ကိုပဲ အစကတည္းက မရွင္းရွင္းေအာင္ဆိုၿပီး ရႈပ္ႏိုင္တဲ့ကိစၥကို ရွင္းေအာင္ တစ္ခ်က္ျခင္း ရွင္းရွင္းေလး ေျပာလိုက္တာေလ ဆရာရဲ႕ ဆရာတို႔လည္း ခက္ပါတယ္ … . .ဟု ေျပာျပန္သျဖင့္ ဟု ေျပာျပန္သျဖင့္ ကၽြႏု္ပ္လည္း – “ဟုတ္ပါၿပီဗ်ား၊ ခင္ဗ်ားတို႔ပဲ လြယ္ပါတယ္၊ ကဲ . . .ေျပာၾကည့္ပါဦး၊ ဘာကိစၥလဲ . . .”ဟု ေျပာလိုက္ရေလ၏။ ထိုအခါ ေဒၚ၀ါေယာႀကီးက “အဲဒီကိစၥက အစတုန္းကေတာ့ အဆင္ေျပေနတာ ဆရာရဲ႕ ၊ ဒီေနာက္ပိုင္းက်မွ သိသိသာသာ အဆင္မေျပျဖစ္လာတာ၊ ဘာကိစၥလဲဆိုေတာ့ တူမေလးရဲ႕ မုန္႔ဟင္းခါးဆိုင္ကိစ၊ တူမေလးက သူ႔အိမ္ေရွ႕မွာပဲ မုန္႔ဟင္းခါးဆိုင္ေလး တစ္ႏိုင္တစ္ပုိင္ဖြင့္ၿပီးေရာင္းတာ၊ ေတာ္ေတာ့္ကို အဆင္ေျပခဲ့တာ၊ သူတို႔ရပ္ကြက္ထဲမွာေတာ့ နာမည္ကိုႀကီးသြားတာပဲ၊ ေတာ္ေတာ္ကိုေရာင္းရတာ၊ သူ႔မုန္႔ဟင္းခါးဆိုရင္ အဖိုးႀကီး အဖြားႀကီးေတြကလည္းႀကိဳက္တယ္၊ ကေလးေတြကလည္း အရမ္းႀကိဳက္တာ ဆရာရဲ႕” ဟု ေျပာရာ ကၽြႏု္ပ္က -“ အဲဒီေလာက္ အဆင္ေျပေနတာမ်ား က်ဳပ္စားဖို႔လည္း မုန္႔ဟင္းခါးေလးထည့္ယူလာခဲ့ပါေတာ့လားဗ်ာ . . .” ဟု ေျပာလိုက္ေလ၏။ ထိုအခါ ေဒၚ၀ါေယာႀကီးက -“ အဲဒါက ဟိုအရင္တုန္းကေျပာတာ ဆရာရဲ႕ ၊ အခု အဲဒီလုိမဟုတ္ေတာ့ဘူး၊ အေျခအေနက ေျပာင္းျပန္ျဖစ္သြားၿပီ . . .” ဟု ေျပာေသာေၾကာင့္ ကၽြႏု္ပ္က -“ ေၾသာ္ . . .အဲဒါဆို က်ဳပ္ကေတာင္ လမ္းထိပ္ကေန မုန္႔ဟင္းခါး၀ယ္ၿပီး ခင္ဗ်ားကိုျပန္ထည့္ေပးလိုက္မယ့္ အေပါက္မ်ဳိး ျဖစ္ေနၿပီထင္တယ္ . . .” ဟု ေျပာလိုက္ရာ ေဒၚ၀ါေယာႀကီးက ေခါင္းကေလးကို တြင္တြင္ညိတ္ရင္း – “ ေကာင္းတယ္ ေကာင္းတယ္၊ ဆရာ့အစီအစဥ္မဆိုးဘူး . . .”ဟု ေျပာေလ၏။ ထို႔ေၾကာင့္ ကၽြႏု္ပ္က – “ ကဲပါ ေဒၚ၀ါေယာရယ္ . . .ခင္ဗ်ားတူမဆိုင္က ဘာျဖစ္ေနလို႔လဲ ဆိုတာေလးပဲ လိုရင္းကိုေရာက္ေအာင္ ေျပာစမ္းပါဗ်ာ . . .” ဟု တိုက္တြန္းရေလ၏။ ထိုအခါ ေဒၚ၀ါေယာႀကီးက –
“ ဒီလို ဆရာရဲ႕ . . . သူ႔ဆိုင္ေလးက ေတာ္ေတာ့္ကို ေရာင္းေကာင္းခဲ့တာ၊ ကၽြန္မလည္းစိတ္ခ်မ္းသာရတာေပါ့ေလ၊ ဒီေနာက္ပိုင္း သိသိသာသာ ေရာင္းအားက်သြားတယ္၊ သူ႔ဆိုင္ကိုအားေပးေနက် ပံုမွန္ေဖာက္သည္ေတြပါ တျဖည္းျဖည္းေပ်ာက္သြားၾကတယ္၊ ကၽြန္မသတိထားမိတဲ့အတိုင္းဆိုရင္ေတာ့ . . .သူတို႔ဆိုင္နဲ႔ မ်က္ႏွာခ်င္းဆိုင္က အခန္းကို လူအသစ္ေတြေျပာင္းလာၿပီးကတည္းက မွတ္မွတ္ရရ အဲဒီလုိျဖစ္သြားတာပဲ . . .” ဟု ေျပာျပေလ၏။ ထိုအခါ ကၽြႏု္ပ္က -“ အဲဒီေျပာင္းလာတဲ့မိသားစုဟာ ေတာ္ေတာ့္ကို ခ်စ္ခ်စ္ခင္ခင္၊ စည္းစည္းလံုးလံုး၊ ၾကင္ၾကင္နာနာရွိၾကဟန္တူတယ္ဗ် . . .” ဟု ေျပာလိုက္ရာ ေဒၚ၀ါေယာႀကီးသည္ ရင္ဘတ္ကိုလက္ျဖင့္ ျဖတ္ကနဲ ဖိ၏။ ေမးေစ႕ကို ေရွ႕သို႔ထုိး၍ ႏႈတ္ခမ္းကိုမဲ့၏။ ၿပီးေနာက္ – “ ေအာင္မယ္ေလးေတာ္ . . .အဲဒီမိသားစုေလာက္ ရန္သတ္တာ၊ အဲဒီမိသားစုပဲ ရွိမယ္ထင္ပါရဲ႕၊ ၿပီးကို မၿပီးႏိုင္ေတာ့ဘူး၊ ႏွစ္ေလးဆယ္ စစ္တိုက္ခဲ့ၾကတယ္ဆိုတဲ့ ဗမာဘုရင္ အင္း၀မင္းေခါင္နဲ႔ မြန္ဘုရင္ ရာဇဓိရာဇ္တို႔ တစ္မိသားစုထဲမွာ ၀င္စားလာၾကသလား ေအာက္ေမ့ရတယ္၊ သတ္လိုက္ၾကတဲ့ရန္ဆိုေတာ့ ဆရာရယ္ . . .၊ သံဃာေတာ္ေတြ အရုဏ္ဆြမ္းခံ မႂကြခင္ကေန ညကာလသားေတြ အိမ္ျပန္ေရာက္တဲ့အထိ သူတုိ႔အိမ္မွာက ပတ္လည္လွည့္ၿပီး ရန္သတ္ေနၾကတာ ဆရာေရ . . .” ဟု မဲ့ကာရြဲ႕ ကာႏွင့္ ေျပာေနေသာေၾကာင့္ ကၽြႏု္ပ္လည္း တခစ္ခစ္ႏွင့္ ရယ္ေနမိေလေတာ့၏။ ထို႔ေနာက္တြင္မွ – “ ဒီလိုရွိတယ္ ေဒၚ၀ါေယာရဲ႕ ၊ ကိုယ့္အိမ္တို႔ ၊ ဆိုင္တို႔ရဲ႕ ေခါင္းရင္းဘက္ေတြ၊ ေရွ႕မ်က္ႏွာစာေတြ ဆိုတာဟာ ကိုယ့္ရဲ႕ မဂၤလာယူရာ အရပ္ေတြဗ် . . .၊ အဲဒီဘက္ေတြကေန ဘုရားသံ၊ တရားသံတို႔ ၊ ၾကည္ႏူးခ်မ္းေျမ႕စရာတို႔ ျမင္ေလေလ၊ ၾကားေလေလ၊ ႀကံဳေလေလ ကိုယ္အိမ္၊ ကိုယ့္ဆိုင္မွာလည္း နိမိတ္ေကာင္းၿပီး လာဘ္ရႊင္စီးပြားတက္ေလ ျဖစ္တတ္တယ္ဗ် . . .။
အဲဒီလိုမဟုတ္ဘဲ အဲဒါနဲ႔ေျပာင္းျပန္ ေရွ႔မ်က္ႏွာစာတို႔၊ ေခါင္းရင္းဘက္တို႔ကေန ဆဲၾက၊ ဆိုၾက၊ သတ္ၾက၊ ပုတ္ၾက၊ ငိုၾက၊ ယိုၾက … မေကာင္းတာေတြ ျမင္ရ၊ ၾကားရ၊ ႀကံဳရမယ္ဆိုရင္ေတာ့၊ သူတို႔ဆီက မေကာင္းျခင္းေတြဟာ ကိုယ့္အတြက္ပါ မေကာင္းနိမိတ္အျဖစ္ လာၿပီးသက္ေရာက္တတ္တယ္ဗ်ဳိ႕ . . .၊ ဟိုဘက္က ရန္သတ္ေလေလ၊ ဒီဘက္ကလည္း ေနရင္းထိုင္ရင္း လာဘ္ပိတ္ေလေလေတြ ျဖစ္ကုန္တတ္တယ္ . . .”ဟု ေျပာလိုက္ရာ ေဒၚ၀ါေယာႀကီးက အလ်င္စလိုျဖင္႕ –
“ ဟုတ္တယ္ဆရာေရ႕ ဟုတ္တယ္၊ ဟုတ္တယ္၊ ကၽြန္မက ေသေသခ်ာခ်ာကို သတိထားမိေနတာ၊ ဟိုတေလာေလးတုန္းက အဲဒီမိသားစု တစ္စုလံုး ခရီးထြက္သြားၾကတာ ေလးရက္ေလာက္ ေပ်ာက္သြားၾကတယ္၊ အဲဒီေလးရက္ေလာက္မွာ လူပါးေနတဲ့ တူမေလးရဲ႕ ဆိုင္ဟာေလ ႀကိတ္ႀကိတ္တိုး လူေတြျပန္ျပည့္သြားတယ္ ဆရာရဲ႕ ၊ သူတုိ႔ေတြလည္းျပန္ေရာက္လာေရာ ကၽြန္မတူမရဲ႕ ဆိုင္ကေလးလည္း အရင္းျပဳတ္ေရာ ျဖစ္ေတာ့တာပါပဲ ဆရာရဲ႕ ၊ အဲဒီေတာ့ ဘယ္လိုလုပ္ရမွာလဲ၊ အဲဒီမိသားစု အၿမဲတမ္းခရီးထြက္ေနေအာင္ ဆရာ့အေနနဲ႔ ဓါတ္ရိုက္ဓါတ္ဆင္ေလးလုပ္ေပးပါလား . . . ဟု ပူဆာေလေတာ့၏။ ကၽြႏု္ပ္က ရယ္၍ –
“ ေအာင္မယ္ေလး ေဒၚ၀ါေယာရယ္ . . .၊ သူမ်ားမိသားစုကိစၥက ခင္ဗ်ားနဲ႔ဘာဆိုင္လို႔လဲ၊ ကိုယ့္တူမဆိုင္ အဆင္ေျပေရးကိုပဲ ခင္ဗ်ားက လုပ္ရမွာေလ၊ ဒီလိုလုပ္ဗ်ာ . . .၊ ဟိုဘက္က ဆဲသံ၊ ဆိုသံ၊ ရန္ျဖစ္သံၾကားေလေလ ကိုယ့္ဘက္ကလည္း ဘုရားတရားၾကည္ညိဳျခင္းကို ပိုၿပီး လုပ္ေလေလ ဆိုတာမ်ဳိးျဖစ္ေအာင္ ႀကိဳးစားပါ၊ ၿပီးေတာ့ ေခါင္းရင္းတို႔၊ မ်က္ႏွာခ်င္းဆိုင္တို႔ကေန ဆဲသံ၊ ငိုသံ၊ ရန္ျဖစ္သံလိုဟာမ်ဳိး ၾကားလိုက္ၿပီဆိုတာနဲ႔ ကိုယ့္ဆိုင္တို႔ ၊ အိမ္တို႔ရဲ႕ ေနာက္ေဖးဘက္မွာရွိတဲ့ အိမ္သာတံခါးတို႔ ၊ မီးဖိုေခ်ာင္တံခါးတို႔ စသည္ျဖင့္ ေနာက္ေဖးဘက္မွာ ဆူဆူညံညံအသံထြက္သြားေအာင္ ေျခေထာက္နဲ႔ ကန္ေက်ာက္လိုက္တာမ်ဳိး လုပ္လိုက္ပါ၊ အဲဒါဆိုရင္ ကိုယ့္အတြက္ လာၿပီးခိုက္ေစမယ့္ နိမိတ္ဆိုးဟာ နိမိတ္ေကာင္းအျဖစ္ ေျပာင္းသြားၿပီး ဟိုဘက္က မေကာင္းတဲ့ အသံဗလံေတြ ထြက္ေလေလ ကိုယ့္ဆီမွာ လာဘ္ပြင့္ေလေလ ျဖစ္လာပါလိမ့္မယ္တဲ့ဗ်ား . . .”ဟု ေျပာျပလိုက္ရေလ၏။ ေဒၚ၀ါေယာႀကီးက – “ အဲဒါေလာက္ေလးနဲ႔ အဆင္ေျပပါ့မလား ဆရာရယ္ . . .” ဟု မယံုမရဲေလသံကေလးျဖင့္ ေမးေလ၏။ ထို႔ေၾကာင့္ ကၽြႏု္ပ္က – “အဆင္ေျပတဲ့အျပင္ ဟိုဘက္ကိုေတာင္ လြန္သြားပါလိမ့္ဦးမယ္ ေဒၚ၀ါေယာေရ . . .၊ အဲဒီလို အဆင္ေျပတဲ့အေၾကာင္း သက္ေသျပတဲ့အေနနဲ႔ ေနာက္တစ္ပတ္ ဆယ္ရက္ၾကာတဲ့အခါ ခင္ဗ်ားတူမဆိုင္က မုန္႔ဟင္းခါးေလး ပါဆယ္ႏွစ္ထုပ္ေလာက္ဆဲြလာၿပီး ၀မ္းသာအားရ လာေျပာလွည့္ေပေတာ့ဗ်ဳိ႕ . . .” ဟု ေျပာလိုက္ရေလေတာ့သတည္း … ။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း