Month: April 2019

Resort တစ်ခုအသွင်ခံစားရစေမည့် ဖန်တီးမှုများနှင့်အိမ်

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သက်ထင် မှ
April 27, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

အခုဖော်ပြပေးမှာကတော့ သုဝဏ္ဏမြို့နယ် ကျွန်းရွှေမြိုင်လမ်းနဲ့ ယင်းမာမြိုင်လမ်းထောင့်မှာ တည်ရှိတဲ့ လုံးချင်းအိမ်လေးတစ်လုံးရဲ့ တည်ဆောက်ထားပုံလေးဖြစ်ပါတယ်။ မြေအကျယ် ၉၈၈၀ စတုရန်းပေ ပေါ်မှာ စုစုပေါင်း ၁၂၀၀၀ စတုရန်းပေ ရှိတဲ့ အိမ်လေးဖြစ်ပါတယ်။

Basement ပါဝင်တဲ့ သုံးထပ်အဆောက်အဦးဖြစ်ပြီး ရုံးခန်းနဲ့ တွဲလျက် အိမ်လေးပါ။ နေရာချတဲ့ အခါမှာ လမ်းထောင့် အကွက်ဖြစ်တာကြောင့် အိမ်တွေနဲ့ ကပ်နေတဲ့ ဘက်ကို Privacy အရ ခပ်ပိတ်ပိတ်လေးလုပ်ထားပြီး မြင်ကွင်းကောင်းတဲ့ လမ်းဘက်ကို မျက်နှာစာ အနေနဲ့ထားပေးထားတယ်လို့ သိရပါတယ်။ မျက်နှာစာက အရှေ့ဘက်နဲ့ မြောက်ဘက်ကို မျက်နှာမူပြီးသားလည်း ဖြစ်ပါတယ်။ လမ်းထောင့်ဘက်ကို အသားပေးယူထားတာဖြစ်ပါတယ်။
တိုက်ပုံစံကတော့ လမ်းကနေကြည့်တဲ့ အခါမှာ အမိုးသုံးခုဆက်နေတဲ့ အဆောက်အအုံဖြစ်ပါတယ်။ အမိုးတွေက တစ်ခုနဲ့ တစ်ခု တစ်ထပ်၊ နှစ်ထပ် ၊ သုံးထပ် တဆင့်စီ တက်သွားတဲ့ ပုံစံမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လမ်းမ မျက်နှာစာဘက်က ကြည့်တဲ့ အခါ ပိတ်ပိတ်ကြီးဖြစ်မနေပဲ တဆင့်တဆင့် တက်သွားတာမျိုးမြင်ရပါတယ်။ ညာဘက်အစွန်ဆုံး အမိုးကတော့ ကျယ်ဝန်းတဲ့ကားဂိုထောင် ဖြစ်ပြီး အဆောက်အအုံရဲ့ ဘယ်ဘက်ခြမ်းက အမိုးမှာ ၂ထပ် ရှိပြီး နေရာမှာတော့ အိပ်ခန်းတွေနဲ့ ၊ private ဧည့်ခန်းလေး ရှိပါတယ်။ ကျယ်ဝန်းတဲ့ကားပါကင် ထည့်ထားတာကတော့ အိမ်တစ်ခုတည်းအတွက် မဟုတ်ပဲ ရုံးကိုလာတဲ့ ဧည့်သည်တွေအတွက်ပါ ထည့်သွင်း စဉ်းစားပေးထားတာပါ။ အဆောက်အအုံရဲ့အလည်ကတော့ သုံးထပ်ရှိတာ ဖြစ်ပြီး အောက်ဆုံးထပ်မှာ ဧည့်ခန်း၊ ထမင်းစားခန်း ၊ မီးဖိုခန်း ၊ ရုံးဝန်ထမ်းတွေအတွက် ရုံးခန်းနဲ့ MD ရုံးခန်းရှိပါတယ်။ MD ရုံးခန်းရှေ့မှာတော့ ရေကန်ငယ်လေးတစ်ခုလည်း ထည့်သွင်းပေးထားပါတယ်။ အလည်ထပ်နဲ့ အပေါ်ထပ်တွေမှာတော့ အိပ်ခန်းတွေရှိပါတယ်။ ရုံးကို လာတဲ့ အခါမှာ အိမ်ရဲ့ ပင်မ ဝင်ပေါက်ဘက်က ဝင်စရာမလိုပဲ ကားဂိုထောင် ဘေးမှာ ရုံးအတွက် ဝင်ပေါက်တစ်ခု သီးသန့် ထားပေးထားပါတယ်။


Landscaping အနေနဲ့ ခြံထဲမှာ လှလှပပ သာသာယာယာလေးဖြစ်အောင် ဖန်တီးပေးထားပါတယ်။ အပင်ကြီးတွေ အနေနဲ့Fox Tal (မြေခွေးမြီး) နဲ့ အုန်းပွှားပင်တွေ သုံးပေးထားပြီးပင်စည်အောက်ခြေကို ပတ်ပတ်လည် ပုဏ္ဏရိပ်ရောင်စုံလေးတွေ သုံးပေးထားပါတယ်။ စက္ကူပန်း၊ ကြိမ်စပ်၊ တောင်လန်း (Chinese Fam Palm) နဲ့ ဂမုန်းပင်တွေ ကို ထည့်သွင်းပေးထားတာကြောင့် အိမ်ထဲနေပဲ ကြည့်ကြည့်၊ အိမ်အပြင်ဘက်နေပဲ ကြည့်ကြည့် မြင်ကွင်းကောင်းလေးတစ်ခု ဖြစ်နေပါတယ်။ ဒီနေရာမှာ Landscaping ကို ခြံထဲမှာတင်မကပဲ ခြံအပြင်လမ်းမဘက်ကိုပါ လှလှပပလေး ဖန်တီးပေးထားပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ နေရာတင်မဟုတ်ပဲ ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ သာယာတဲ့နေရာလေးဖြစ်အောင်ပါ ဖန်တီးပေးထားပါတယ်။ ခြံစည်းရိုးအပြင်ဘက်အောက်ခြေတလျှောက် မှာ Flower Boxလေး ရှိပြီး လျှောက်လမ်း ရှိမယ်။ ပြီးတော့ လျှောက်လမ်းဘေးမှာ လျှောက်လမ်းနဲ့ ကားလမ်းမကိုခြားထားတဲ့ မြက်ခင်းလေးလည်း ရှိပါတယ်။ ဒါကတော့ လမ်းလျှောက်တဲ့သူတွေအတွက် အန္တရာယ်ကင်းစေပါတယ်။


အဆောက်အအုံရဲ့ ပြတင်းတွေမှာ လေဒဏ်၊ မိုးဒဏ်တွေကို ခံနိုင်ဖို့အတွက် sunshade/rainshade အမိုးတွေ တပ်ထားတာတွေ့ရပါတယ်။ ဒီ အမိုးလေးတွေက နေဒဏ်၊ မိုးဒဏ် ကာကွယ်နိုင်တဲ့အပြင် အထဲကနေ အပြင်ကိုကြည့်တဲ့ အခါမှာ မြင်ကွင်းကို ကွယ်နေတာမျိုး လုံးဝမဖြစ်ပါဘူး။ အဲ့ဒါလေးကတော့ ထူးထူးခြားခြား ဖြစ်သွားပါတယ်။ အပြင်ကနေ အဆောက်အအုံကို မြင်ရတဲ့ အခါမှာလည်း လှသွားပါတယ်။ ဒါကို အလှအပအနေနဲ့ ထည့်ခဲ့တာမဟုတ်ပဲ လိုအပ်ချက်အရ ထည့်သွင်းစဉ်းစားရာကနေ ၊ အဆင်ပြေဆုံးဖြစ်အောင် ပညာနဲ့ တန်ဆာဆင်ခဲ့တာလို့ သိရပါတယ်။ လိုအပ်ချက်အရစဉ်းစားရာကနေ အလှအပတွေက နောက်ကနေပါလာခဲ့တာပါ။


အဆောက်အအုံမှာ material အနေနဲ့က သစ်၊ သဘာဝကျောက်နဲ့ ပုံမှန်သုတ်ဆေးကို အချိုးအကျကျ သုံးထားပါတယ်။ အဓိက က material တွေအများကြီး ပြွတ်နေအောင် မသုံးပဲ အရောင်ကအစ လိုက်ဖက်ညီအောင် ပေါ့ပေါ့ပါးပါးလေး ဖြစ်အောင် သုံးထားတာကြောင့် တစ်ဘက်ဘက်မှာ လေးမနေပဲ ဟန်ချက်ညီနေပါတယ်။ သဘာဝပစ္စည်းတွေကိုသာ သုံးထားတာကြောင့် နွေးထွေးမှုကို ခံစားရပြီး ဘယ်တော့မှ မရိုးနိုင်တဲ့ ပုံစံမျိုး ဖြစ်စေပါတယ်။
အဆောက်အအုံကို ဇုံအနေနဲ့ပြောရရင် Public area ၊ Semi-public area နဲ့ Private area ဆိုပြီး ရှိနေပါတယ်။ ညာဘက် မြေညီကနေ ကြည့်မယ်ဆိုရင် ကားပါကင် ၊ office အခန်း ရှိတယ်၊ MD room ရှိပါတယ်။ အဲ့ဒီကနေတဆင့် Living room ရှိပါတယ်။ Living room ကိုလည်းသီးသန့် ပိတ်ထားတာမျိုးမဟုတ်ပဲနဲ့ ရုံးခန်းနဲ့ ဆက်ပေးထားပါတယ်။ အိမ်က ဧည့်သည်အတွက်ပဲ ဖြစ်ဖြစ် ၊ ရုံးက ဧည့်သည်အတွက်ပဲ ဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။

သီးသန့် တွေ့ချင်တဲ့ ဧည့်သည်အတွက်တော့ ဘယ်ဘက်ခြမ်းမှာ private living room တစ်ခု ရှိပါတယ်။ Public area နဲ့ Private area ကို Semi-public နဲ့ ခြားထားတဲ့ သဘော၊ တစ်နည်းပြောရရင် ချိတ်ဆက်ပေးထားတဲ့ သဘောဖြစ်ပါတယ်။ အလည်လှေကားကနေ အပေါ်တက်သွားရင် ဘယ်ဘက်မှာ အိပ်ခန်းတွေ ရှိမယ် ပြီးတော့ ညာဘက် Office ရဲ့အပေါ်တည့်တည့်မှာ office meeting room စသဖြင့် ရှိပါတယ်။ ပြောရရင်တော့ ညာဘက်ခြမ်းက office ဖြစ်ပြီး၊ ဘယ်ဘက်ခြမ်းက အိမ်ခန်းဖြစ်ပါတယ်။ လှေကားမှာတော့ တစ်ခုခုနဲ့ ပိတ်လိုက်တဲ့အခါ လှေကားက ကျဉ်းသလို ခံစားရတတ်တာကြောင့် မှန်တွေနဲ့ သုံးထားပါတယ်။ ပုံမှန်သုံးနေကျ စတီးဖရိန်တွေပါ မထည့်ပဲ မှန်နဲ့ပဲ သေသေချာချာလေး သုံးပေးထားတာကိုတွေ့ရပါတယ်။ လှေကားရဲ့ထုံးစံအရ လှေကားလက်ကိုင် ထည့်သွင်းဖို့ လိုအပ်တာကြောင့် လက်ကိုင်ကို ပိတ်နေတဲ့နံရံဘက်မှာ ထည့်ပေးထားပါတယ်။ အဖွင့်ဘက်မှာတော့ မှန်တွေကလွဲလို့ ဘာမှမထည့်ထားတော့ပါဘူး။ လက်ကိုင်တွေကလည်း ဦးတည်ချက်တွေကို ညွှန်ပြပေးသလို၊ မီးလေးတွေလည်း ထည့်သွင်းပေးထားပါတယ်။
ဒီမှာက အိမ်ခန်းတော်တော်များပါတယ်။ Master bed room ၃ခန်း အပါအဝင် အိပ်ခန်း ၈ ခန်း ပါ ပါတယ်။ အိမ်ရှင် client က ရုံးကိုလာတဲ့ နိုင်ငံခြားသား ဧည့်သည်တွေအတွက်ပါ နေလို့ရအောင် စိတ်ကူးထားတာဖြစ်ပါတယ် လို့ သိရပါတယ်။
အခန်းတွေရဲ့နံရံတွေမှာ သုတ်ဆေးနဲ့ သစ် ၂မျိုးသုံးပေးထားပါတယ်။ ဒီနေရာမှာသစ် pattern တွေ တွေ့ရပါတယ်။ အကြောင်းကတော့ သစ်သားတွေက ရာသီဥတုကြောင့် ကျုံ့ ကြွတာတွေ ဖြစ်လေ့ ရှိပါတယ်။ ပထမ လုပ်ထားတဲ့ အချိန်မှာ ကောင်းနေပေမယ့် နှစ်ကြာလာတဲ့ အခါ ကြွလာတတ်တယ်၊ စပ်ထားတဲ့နေရာမှာ လိုင်းတွေပေါ်လာမယ်။ အဲ့ဒီအချက်ကို ဘယ်လို ဖျောက်လို့ရမလဲ စဉ်းစားတဲ့ အခါမှာ တလွှာထဲတော့ မရဘူး၊ စပ်ထားတဲ့နေရာမှာ အပေါ်က လိုင်းလေးတွေ ထပ်ထည့်လိုက်ပါတယ်။ အဲ့ဒီကနေမှ pattern ပေါ်လာတယ်၊ ဒီဇိုင်းဖြစ်သွားတယ်။ အရှေ့ကပြောခဲ့သလိုပဲ တမင်လှအောင်ထည့်ထားတာ မဟုတ်ပဲ ပေါ်လာတဲ့ လိုအပ်ချက်တွေပေါ်မှာမှ အတတ်ပညာနဲ့ တန်ဆာဆင်ပြီး ပြန်ပြီးဖန်တီးယူခဲ့တာဖြစ်ပါတယ်။
အခန်းတစ်ခန်းထဲ ဝင်သွားတဲ့အခါတွေ့ရတာက မျက်နှာကျက်အလည်တည့်တည့်မှာ တစ်ခန်းနဲ တစ်ခန်း ပုံစံမတူတဲ့ မီးဆိုင်းတွေ ထားပေးပါတယ်။ အဲနေရာမှာ မျက်နှာကျက်ကို သစ် pattern တွေ သုံးထားပြီး မျက်နှာကျက်ကိုလည်း ပိုမြင့်ပေးထားတာကို တွေ့ရပါတယ်။ အခန်းတွင်းမီးရောင် လုံလောက်မှု ရှိဖို့အတွက် သစ်သားမျက်နှာကျက်မဟုတ်တဲ့ နေရာတွေမှာ down light တွေ ထပ်ထည့်ပေးထားပါတယ်။တစ်ခန်းနဲ့ တစ်ခန်းကို ဒီမျက်နှာကျက်က pattern လိုင်းတွေက ဆွဲခေါ်သွားပြီး တစ်နေရာမှာ ပြန်ကျသွားတာမျိုး ဖန်တီးထားပါတယ်။ ဒီ pattern ကိုပဲ အခန်းရဲ့ နံရံမှာ သုံးမလား၊ မျက်နှာကျက်မှာ သုံးမလား စသဖြင့် တစ်အိမ်လုံးမှာ concept မိအောင်ဖန်တီးပေးထားပါတယ်။
ပရိဘောဂတွေ သုံးတဲ့ အခါမှာတော့ မျက်နှာကျက်တို့ နံရံတို့မှာ ဒီဇိုင်းက အရမ်းအားကောင်းနေတာကြောင့် အရမ်းအကြီးကြီးတွေ မသုံးတော့ပဲ ပေါ့ပေါ့ပါးပါးဖြစ်မယ့် Modern Style တွေကို ရွေးချယ်ပေးထားပါတယ်။ Material အနေနဲ့ Fabric နဲ့ Leather ကို သုံးထားပါတယ်။ ပန်းချီကားတွေကိုလည်း မန္တလေးက ပန်းချီဆရာကြီးတစ်ဦးဆီမှာ လိုချင်တဲ့ ပုံကို သေချာပြောဆိုပြီး အပ်ယူခဲ့တယ်လို့သိရပါတယ်။ အိမ်ကိုလာတဲ့ ဧည့်သည်တွေမှာ နိုင်ငံခြားသားတွေပါဝင်တာကြောင့် မြန်မာ့ဓလေ့၊ ယဉ်ကျေးမှုအငွေ့အသက်တွေကို ထည့်သွင်းရေးဆွဲ စေခဲ့ပါတယ်။
ဒီအဆောက်အအုံမှာ နောက်ထပ် ဆွဲဆောင်မှု ရှိနေတာကတော့ Outdoor Bathroom ပါ။ ပုံမှန်ဆို ရေချိုးခန်း၊ အိမ်သာကို အတွင်းဘက်မှာ အပိတ်နဲ့ အလုံထားလေ့ ရှိပါတယ်။ လေဝင်ပေါက်ဆိုရင်လည်း သေးသေးလေးလေးတွေပဲ ထည့်လေ့ရှိပါတယ်။ ဒီမှာတော့ concept ကို ပြောင်းထားတာ တွေ့ရပါတယ်။ “ရေချိုးခန်းဆိုတာက သန့်သန့်ရှင်းရှင်း ရှိရမယ်၊ အပန်းဖြေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အပန်းဖြေတဲ့ နေရာမှာ ပိတ်ပိတ်ကြီးထဲမှာ ဝင်ပြီး ပြန်ထွက်သွားတာမျိုးထပ် ဒီလို outdoor space လေးက ပိုကောင်းပါတယ်။ outdoor bathroom ကို လိုက်ဖက်မယ့် project တိုင်းမှာလုပ်ချင်ပါတယ်” လို့လည်း သိရပါတယ်။ “ ဒီဇိုင်းဆွဲတဲ့ အခါ စဉ်းစားကြည့်တော့ ရေချိုးခန်း၊ အိမ်သာက privacy ရှိဖို့ လိုပါတယ်။ အပြင်ဘက်က သာသာယာယာရှိတာလေးတွေလည်း မြင်ရစေချင်တယ်။ ဒါ့ကြောင် အိမ်တွေရှိတဲ့ privacy ထိမယ့် နေရာတွေမှာ နံရံတွေ သုံးပြီး၊ တခြား လွတ်လွတ်လပ်လပ်ရှိမယ့် နေရာမှာတော့ outdoor space လေးထားပေးထားပါတယ်။ ကိုယ်တိုင်သွားနေကြည့်တဲ့ အခါမှာလည်း privacy ရှိတယ်၊ လွတ်လွတ်လပ်လပ်လေးလည်း နေလို့ ရတယ်ဆိုတာ သိရပါတယ် ” လို့ သိရပါတယ်။ နောက်တစ်ခုက ဒီမှာတော့ outdoor decking နဲ့ ဆက်ထားပြီး flower box လေးတွေနဲ့ အပင်စိုက်ထားပြီး private outdoor space လေး မှာ အပန်းဖြေနိုင်အောင် ဖန်တီးပေးထားတာပါ။ အိမ်ရဲ့ရေချိုးခန်းတစ်ခုလို့ မခံစားရပဲ resort တစ်ခုကို ရောက်နေသလိုတောင် ခံစားရစေပါတယ်။
ဒီ project လေးကို spine architect က ၂၀၁၃ ခုနှစ်မှာ ဒီဇိုင်းစဆွဲခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာအပြီးသတ် ဆောက်လုပ်နိုင်ခဲ့ပါတယ်။ ကြားထဲမှာ ပရိဘောဂတွေ စိတ်တိုင်းကျဖြစ်စေဖို့ အပ်နှံရတာတွေ၊ M&E ၊ Construction တွေနဲ့ ကြိုတင်ညှိနှိုင်းရတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ အားလုံးပြီးသွားတဲ့ အခါမှာတော့ Client အတွက် စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်တဲ့ project လေးတစ်ခု ဖြစ်နေပါတော့တယ်။

Zawgyi ျဖင့္ဖတ္ရန္

အခုေဖာ္ျပေပးမွာကေတာ့ သု၀ဏၰၿမိဳ႕နယ္ ကၽြန္းေရႊၿမိဳင္လမ္းနဲ႔ ယင္းမာၿမိဳင္လမ္းေထာင့္မွာ တည္ရွိတဲ့ လံုးခ်င္းအိမ္ေလးတစ္လံုးရဲ႕ တည္ေဆာက္ထားပံုေလးျဖစ္ပါတယ္။ ေျမအက်ယ္ ၉၈၈၀ စတုရန္းေပ ေပၚမွာ စုစုေပါင္း ၁၂၀၀၀ စတုရန္းေပ ရွိတဲ့ အိမ္ေလးျဖစ္ပါတယ္။ Basement ပါ၀င္တဲ့ သံုးထပ္အေဆာက္အဦးျဖစ္ၿပီး ရံုးခန္းနဲ႔ တြဲလ်က္ အိမ္ေလးပါ။ ေနရာခ်တဲ့ အခါမွာ လမ္းေထာင့္ အကြက္ျဖစ္တာေၾကာင့္ အိမ္ေတြနဲ႔ ကပ္ေနတဲ့ ဘက္ကို Privacy အရ ခပ္ပိတ္ပိတ္ေလးလုပ္ထားၿပီး ျမင္ကြင္းေကာင္းတဲ့ လမ္းဘက္ကို မ်က္ႏွာစာ အေနနဲ႔ထားေပးထားတယ္လို႔ သိရပါတယ္။ မ်က္ႏွာစာက အေရွ႕ဘက္နဲ႔ ေျမာက္ဘက္ကို မ်က္ႏွာမူၿပီးသားလည္း ျဖစ္ပါတယ္။ လမ္းေထာင့္ဘက္ကို အသားေပးယူထားတာျဖစ္ပါတယ္။
တိုက္ပံုစံကေတာ့ လမ္းကေနၾကည့္တဲ့ အခါမွာ အမိုးသံုးခုဆက္ေနတဲ့ အေဆာက္အအံုျဖစ္ပါတယ္။ အမိုးေတြက တစ္ခုနဲ့ တစ္ခု တစ္ထပ္၊ ႏွစ္ထပ္ ၊ သံုးထပ္ တဆင့္စီ တက္သြားတဲ့ ပံုစံမ်ိဳး ျမင္ေတြ႔ရမွာ ျဖစ္ပါတယ္။ လမ္းမ မ်က္ႏွာစာဘက္က ၾကည့္တဲ့ အခါ ပိတ္ပိတ္ႀကီးျဖစ္မေနပဲ တဆင့္တဆင့္ တက္သြားတာမ်ိဳးျမင္ရပါတယ္။ ညာဘက္အစြန္ဆံုး အမိုးကေတာ့ က်ယ္၀န္းတဲ့ကားဂိုေထာင္ ျဖစ္ၿပီး အေဆာက္အအံုရဲ႕ ဘယ္ဘက္ျခမ္းက အမိုးမွာ ၂ထပ္ ရွိၿပီး ေနရာမွာေတာ့ အိပ္ခန္းေတြနဲ႔ ၊ private ဧည့္ခန္းေလး ရွိပါတယ္။ က်ယ္၀န္းတဲ့ကားပါကင္ ထည့္ထားတာကေတာ့ အိမ္တစ္ခုတည္းအတြက္ မဟုတ္ပဲ ရံုးကိုလာတဲ့ ဧည့္သည္ေတြအတြက္ပါ ထည့္သြင္း စဥ္းစားေပးထားတာပါ။ အေဆာက္အအံုရဲ႕အလည္ကေတာ့ သံုးထပ္ရွိတာ ျဖစ္ၿပီး ေအာက္ဆံုးထပ္မွာ ဧည့္ခန္း၊ ထမင္းစားခန္း ၊ မီးဖိုခန္း ၊ ရံုး၀န္ထမ္းေတြအတြက္ ရံုးခန္းနဲ႔ MD ရံုးခန္းရွိပါတယ္။ MD ရံုးခန္းေရွ႕မွာေတာ့ ေရကန္ငယ္ေလးတစ္ခုလည္း ထည့္သြင္းေပးထားပါတယ္။ အလည္ထပ္နဲ႔ အေပၚထပ္ေတြမွာေတာ့ အိပ္ခန္းေတြရွိပါတယ္။ ရံုးကို လာတဲ့ အခါမွာ အိမ္ရဲ႕ ပင္မ ၀င္ေပါက္ဘက္က ၀င္စရာမလိုပဲ ကားဂိုေထာင္ ေဘးမွာ ရံုးအတြက္ ၀င္ေပါက္တစ္ခု သီးသန္႔ ထားေပးထားပါတယ္။
Landscaping အေနနဲ့ ၿခံထဲမွာ လွလွပပ သာသာယာယာေလးျဖစ္ေအာင္ ဖန္တီးေပးထားပါတယ္။ အပင္ႀကီးေတြ အေနနဲ့Fox Tal (ေျမေခြးၿမီး) နဲ႔ အုန္းပႊားပင္ေတြ သံုးေပးထားၿပီးပင္စည္ေအာက္ေျခကို ပတ္ပတ္လည္ ပုဏၰရိပ္ေရာင္စံုေလးေတြ သံုးေပးထားပါတယ္။ စကၠဴပန္း၊ ႀကိမ္စပ္၊ ေတာင္လန္း (Chinese Fam Palm) နဲ႔ ဂမုန္းပင္ေတြ ကို ထည့္သြင္းေပးထားတာေၾကာင့္ အိမ္ထဲေနပဲ ၾကည့္ၾကည့္၊ အိမ္အျပင္ဘက္ေနပဲ ၾကည့္ၾကည့္ ျမင္ကြင္းေကာင္းေလးတစ္ခု ျဖစ္ေနပါတယ္။ ဒီေနရာမွာ Landscaping ကို ၿခံထဲမွာတင္မကပဲ ၿခံအျပင္လမ္းမဘက္ကိုပါ လွလွပပေလး ဖန္တီးေပးထားပါတယ္။ ကိုယ္ပိုင္ဆိုင္တဲ့ ေနရာတင္မဟုတ္ပဲ ကိုယ့္ပတ္၀န္းက်င္အတြက္ပါ သာယာတဲ့ေနရာေလးျဖစ္ေအာင္ပါ ဖန္တီးေပးထားပါတယ္။ ၿခံစည္းရိုးအျပင္ဘက္ေအာက္ေျခတေလွ်ာက္ မွာ Flower Boxေလး ရွိၿပီး ေလွ်ာက္လမ္း ရွိမယ္။ ၿပီးေတာ့ ေလွ်ာက္လမ္းေဘးမွာ ေလွ်ာက္လမ္းနဲ႔ ကားလမ္းမကိုျခားထားတဲ့ ျမက္ခင္းေလးလည္း ရွိပါတယ္။ ဒါကေတာ့ လမ္းေလွ်ာက္တဲ့သူေတြအတြက္ အႏၱရာယ္ကင္းေစပါတယ္။
အေဆာက္အအံုရဲ႕ ျပတင္းေတြမွာ ေလဒဏ္၊ မိုးဒဏ္ေတြကို ခံႏိုင္ဖို႔အတြက္ sunshade/rainshade အမိုးေတြ တပ္ထားတာေတြ႔ရပါတယ္။ ဒီ အမိုးေလးေတြက ေနဒဏ္၊ မိုးဒဏ္ ကာကြယ္ႏိုင္တဲ့အျပင္ အထဲကေန အျပင္ကိုၾကည့္တဲ့ အခါမွာ ျမင္ကြင္းကို ကြယ္ေနတာမ်ိဳး လံုး၀မျဖစ္ပါဘူး။ အဲ့ဒါေလးကေတာ့ ထူးထူးျခားျခား ျဖစ္သြားပါတယ္။ အျပင္ကေန အေဆာက္အအံုကို ျမင္ရတဲ့ အခါမွာလည္း လွသြားပါတယ္။ ဒါကို အလွအပအေနနဲ႔ ထည့္ခဲ့တာမဟုတ္ပဲ လိုအပ္ခ်က္အရ ထည့္သြင္းစဥ္းစားရာကေန ၊ အဆင္ေျပဆံုးျဖစ္ေအာင္ ပညာနဲ႔ တန္ဆာဆင္ခဲ့တာလို႔ သိရပါတယ္။ လိုအပ္ခ်က္အရစဥ္းစားရာကေန အလွအပေတြက ေနာက္ကေနပါလာခဲ့တာပါ။
အေဆာက္အအံုမွာ material အေနနဲ႔က သစ္၊ သဘာ၀ေက်ာက္နဲ႔ ပံုမွန္သုတ္ေဆးကို အခ်ိဳးအက်က် သံုးထားပါတယ္။ အဓိက က material ေတြအမ်ားႀကီး ႁပြတ္ေနေအာင္ မသံုးပဲ အေရာင္ကအစ လိုက္ဖက္ညီေအာင္ ေပါ့ေပါ့ပါးပါးေလး ျဖစ္ေအာင္ သံုးထားတာေၾကာင့္ တစ္ဘက္ဘက္မွာ ေလးမေနပဲ ဟန္ခ်က္ညီေနပါတယ္။ သဘာ၀ပစၥည္းေတြကိုသာ သံုးထားတာေၾကာင့္ ေႏြးေထြးမႈကို ခံစားရၿပီး ဘယ္ေတာ့မွ မရိုးႏိုင္တဲ့ ပံုစံမ်ိဳး ျဖစ္ေစပါတယ္။
အေဆာက္အအံုကို ဇံုအေနနဲ႔ေျပာရရင္ Public area ၊ Semi-public area နဲ႔ Private area ဆိုၿပီး ရွိေနပါတယ္။ ညာဘက္ ေျမညီကေန ၾကည့္မယ္ဆိုရင္ ကားပါကင္ ၊ office အခန္း ရွိတယ္၊ MD room ရွိပါတယ္။ အဲ့ဒီကေနတဆင့္ Living room ရွိပါတယ္။ Living room ကိုလည္းသီးသန့္ ပိတ္ထားတာမ်ိဳးမဟုတ္ပဲနဲ႔ ရံုးခန္းနဲ႔ ဆက္ေပးထားပါတယ္။ အိမ္က ဧည့္သည္အတြက္ပဲ ျဖစ္ျဖစ္ ၊ ရံုးက ဧည့္သည္အတြက္ပဲ ျဖစ္ျဖစ္ အသံုးျပဳႏိုင္ပါတယ္။ သီးသန္႔ ေတြ႔ခ်င္တဲ့ ဧည့္သည္အတြက္ေတာ့ ဘယ္ဘက္ျခမ္းမွာ private living room တစ္ခု ရွိပါတယ္။ Public area နဲ့ Private area ကို Semi-public နဲ႔ ျခားထားတဲ့ သေဘာ၊ တစ္နည္းေျပာရရင္ ခ်ိတ္ဆက္ေပးထားတဲ့ သေဘာျဖစ္ပါတယ္။ အလည္ေလွကားကေန အေပၚတက္သြားရင္ ဘယ္ဘက္မွာ အိပ္ခန္းေတြ ရွိမယ္ ၿပီးေတာ့ ညာဘက္ Office ရဲ႕အေပၚတည့္တည့္မွာ office meeting room စသျဖင့္ ရွိပါတယ္။ ေျပာရရင္ေတာ့ ညာဘက္ျခမ္းက office ျဖစ္ၿပီး၊ ဘယ္ဘက္ျခမ္းက အိမ္ခန္းျဖစ္ပါတယ္။ ေလွကားမွာေတာ့ တစ္ခုခုနဲ႔ ပိတ္လိုက္တဲ့အခါ ေလွကားက က်ဥ္းသလို ခံစားရတတ္တာေၾကာင့္ မွန္ေတြနဲ႔ သံုးထားပါတယ္။ ပံုမွန္သံုးေနက် စတီးဖရိန္ေတြပါ မထည့္ပဲ မွန္နဲ႔ပဲ ေသေသခ်ာခ်ာေလး သံုးေပးထားတာကိုေတြ႔ရပါတယ္။ ေလွကားရဲ႕ထံုးစံအရ ေလွကားလက္ကိုင္ ထည့္သြင္းဖို႔ လိုအပ္တာေၾကာင့္ လက္ကိုင္ကို ပိတ္ေနတဲ့နံရံဘက္မွာ ထည့္ေပးထားပါတယ္။ အဖြင့္ဘက္မွာေတာ့ မွန္ေတြကလြဲလို႔ ဘာမွမထည့္ထားေတာ့ပါဘူး။ လက္ကိုင္ေတြကလည္း ဦးတည္ခ်က္ေတြကို ညႊန္ျပေပးသလို၊ မီးေလးေတြလည္း ထည့္သြင္းေပးထားပါတယ္။
ဒီမွာက အိမ္ခန္းေတာ္ေတာ္မ်ားပါတယ္။ Master bed room ၃ခန္း အပါအ၀င္ အိပ္ခန္း ၈ ခန္း ပါ ပါတယ္။ အိမ္ရွင္ client က ရံုးကိုလာတဲ့ ႏိုင္ငံျခားသား ဧည့္သည္ေတြအတြက္ပါ ေနလို႔ရေအာင္ စိတ္ကူးထားတာျဖစ္ပါတယ္ လို႔ သိရပါတယ္။
အခန္းေတြရဲ႕နံရံေတြမွာ သုတ္ေဆးနဲ႔ သစ္ ၂မ်ိဳးသံုးေပးထားပါတယ္။ ဒီေနရာမွာသစ္ pattern ေတြ ေတြ႔ရပါတယ္။ အေၾကာင္းကေတာ့ သစ္သားေတြက ရာသီဥတုေၾကာင့္ က်ဳံ႕ ႂကြတာေတြ ျဖစ္ေလ့ ရွိပါတယ္။ ပထမ လုပ္ထားတဲ့ အခ်ိန္မွာ ေကာင္းေနေပမယ့္ ႏွစ္ၾကာလာတဲ့ အခါ ႂကြလာတတ္တယ္၊ စပ္ထားတဲ့ေနရာမွာ လိုင္းေတြေပၚလာမယ္။ အဲ့ဒီအခ်က္ကို ဘယ္လို ေဖ်ာက္လို႔ရမလဲ စဥ္းစားတဲ့ အခါမွာ တလႊာထဲေတာ့ မရဘူး၊ စပ္ထားတဲ့ေနရာမွာ အေပၚက လိုင္းေလးေတြ ထပ္ထည့္လိုက္ပါတယ္။ အဲ့ဒီကေနမွ pattern ေပၚလာတယ္၊ ဒီဇိုင္းျဖစ္သြားတယ္။ အေရွ႕ကေျပာခဲ့သလိုပဲ တမင္လွေအာင္ထည့္ထားတာ မဟုတ္ပဲ ေပၚလာတဲ့ လိုအပ္ခ်က္ေတြေပၚမွာမွ အတတ္ပညာနဲ႔ တန္ဆာဆင္ၿပီး ျပန္ၿပီးဖန္တီးယူခဲ့တာျဖစ္ပါတယ္။
အခန္းတစ္ခန္းထဲ ၀င္သြားတဲ့အခါေတြ႔ရတာက မ်က္ႏွာက်က္အလည္တည့္တည့္မွာ တစ္ခန္းနဲ တစ္ခန္း ပံုစံမတူတဲ့ မီးဆိုင္းေတြ ထားေပးပါတယ္။ အဲေနရာမွာ မ်က္ႏွာက်က္ကို သစ္ pattern ေတြ သံုးထားၿပီး မ်က္ႏွာက်က္ကိုလည္း ပုိျမင့္ေပးထားတာကို ေတြ႔ရပါတယ္။ အခန္းတြင္းမီးေရာင္ လုံေလာက္မႈ ရွိဖို႔အတြက္ သစ္သားမ်က္ႏွာက်က္မဟုတ္တဲ့ ေနရာေတြမွာ down light ေတြ ထပ္ထည့္ေပးထားပါတယ္။တစ္ခန္းနဲ႔ တစ္ခန္းကို ဒီမ်က္ႏွာက်က္က pattern လိုင္းေတြက ဆြဲေခၚသြားၿပီး တစ္ေနရာမွာ ျပန္က်သြားတာမ်ိဳး ဖန္တီးထားပါတယ္။ ဒီ pattern ကိုပဲ အခန္းရဲ႔ နံရံမွာ သံုးမလား၊ မ်က္ႏွာက်က္မွာ သံုးမလား စသျဖင့္ တစ္အိမ္လံုးမွာ concept မိေအာင္ဖန္တီးေပးထားပါတယ္။
ပရိေဘာဂေတြ သုံးတဲ့ အခါမွာေတာ့ မ်က္ႏွာက်က္တို႔ နံရံတို႔မွာ ဒီဇိုင္းက အရမ္းအားေကာင္းေနတာေၾကာင့္ အရမ္းအႀကီးႀကီးေတြ မသံုးေတာ့ပဲ ေပါ့ေပါ့ပါးပါးျဖစ္မယ့္ Modern Style ေတြကို ေရြးခ်ယ္ေပးထားပါတယ္။ Material အေနနဲ႔ Fabric နဲ႔ Leather ကို သံုးထားပါတယ္။ ပန္းခ်ီကားေတြကိုလည္း မႏၱေလးက ပန္းခ်ီဆရာႀကီးတစ္ဦးဆီမွာ လိုခ်င္တဲ့ ပံုကို ေသခ်ာေျပာဆိုၿပီး အပ္ယူခဲ့တယ္လို႔သိရပါတယ္။ အိမ္ကိုလာတဲ့ ဧည့္သည္ေတြမွာ ႏိုင္ငံျခားသားေတြပါ၀င္တာေၾကာင့္ ျမန္မာ့ဓေလ့၊ ယဥ္ေက်းမႈအေငြ႔အသက္ေတြကို ထည့္သြင္းေရးဆြဲ ေစခဲ့ပါတယ္။
ဒီအေဆာက္အအံုမွာ ေနာက္ထပ္ ဆြဲေဆာင္မႈ ရွိေနတာကေတာ့ Outdoor Bathroom ပါ။ ပံုမွန္ဆို ေရခ်ိဳးခန္း၊ အိမ္သာကို အတြင္းဘက္မွာ အပိတ္နဲ႔ အလံုထားေလ့ ရွိပါတယ္။ ေလ၀င္ေပါက္ဆိုရင္လည္း ေသးေသးေလးေလးေတြပဲ ထည့္ေလ့ရွိပါတယ္။ ဒီမွာေတာ့ concept ကို ေျပာင္းထားတာ ေတြ႔ရပါတယ္။ “ေရခ်ိဳးခန္းဆိုတာက သန္႔သန္႔ရွင္းရွင္း ရွိရမယ္၊ အပန္းေျဖတဲ့ ေနရာတစ္ခုျဖစ္ပါတယ္။ အပန္းေျဖတဲ့ ေနရာမွာ ပိတ္ပိတ္ႀကီးထဲမွာ ၀င္ၿပီး ျပန္ထြက္သြားတာမ်ိဳးထပ္ ဒီလို outdoor space ေလးက ပိုေကာင္းပါတယ္။ outdoor bathroom ကို လုိက္ဖက္မယ့္္ project တိုင္းမွာလုပ္ခ်င္ပါတယ္” လို႔လည္း သိရပါတယ္။ “ ဒီဇိုင္းဆြဲတဲ့ အခါ စဥ္းစားၾကည့္ေတာ့ ေရခ်ိဳးခန္း၊ အိမ္သာက privacy ရွိဖို့ လိုပါတယ္။ အျပင္ဘက္က သာသာယာယာရွိတာေလးေတြလည္း ျမင္ရေစခ်င္တယ္။ ဒါ့ေၾကာင္ အိမ္ေတြရွိတဲ့ privacy ထိမယ့္ ေနရာေတြမွာ နံရံေတြ သံုးၿပီး၊ တျခား လြတ္လြတ္လပ္လပ္ရွိမယ့္ ေနရာမွာေတာ့ outdoor space ေလးထားေပးထားပါတယ္။ ကိုယ္တုိင္သြားေနၾကည့္တဲ့ အခါမွာလည္း privacy ရွိတယ္၊ လြတ္လြတ္လပ္လပ္ေလးလည္း ေနလို႔ ရတယ္ဆိုတာ သိရပါတယ္ ” လို႔ သိရပါတယ္။ ေနာက္တစ္ခုက ဒီမွာေတာ့ outdoor decking နဲ႔ ဆက္ထားၿပီး flower box ေလးေတြနဲ႔ အပင္စိုက္ထားၿပီး private outdoor space ေလး မွာ အပန္းေျဖႏိုင္ေအာင္ ဖန္တီးေပးထားတာပါ။ အိမ္ရဲ႕ေရခ်ိဳးခန္းတစ္ခုလို႔ မခံစားရပဲ resort တစ္ခုကို ေရာက္ေနသလိုေတာင္ ခံစားရေစပါတယ္။
ဒီ project ေလးကို spine architect က ၂၀၁၃ ခုႏွစ္မွာ ဒီဇိုင္းစဆြဲခဲ့တာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္မွာအၿပီးသတ္ ေဆာက္လုပ္ႏိုင္ခဲ့ပါတယ္။ ၾကားထဲမွာ ပရိေဘာဂေတြ စိတ္တိုင္းက်ျဖစ္ေစဖို႔ အပ္ႏွံရတာေတြ၊ M&E ၊ Construction ေတြနဲ့ ႀကိဳတင္ညိွႏႈိင္းရတာေတြလည္း ရွိခဲ့တယ္လို႔ သိရပါတယ္။ အားလံုးၿပီးသြားတဲ့ အခါမွာေတာ့ Client အတြက္ စိတ္ေက်နပ္မႈ အျပည့္အ၀ေပးႏုိင္တဲ့ project ေလးတစ္ခု ျဖစ္ေနပါေတာ့တယ္။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

သင့်ရုံးခန်းလေးအတွက် အပင်လေးများ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
April 15, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

လုပ်ငန်းခွင်နေရာလေးမှာအပင်ငယ်လေးတွေကဘယ်လောက်အရေးပါလဲဆိုတာ ရုံးဝန်ထမ်းတိုင်း လိုလိုသိထားပြီးသားပါ။ ရုံးခန်းထောင့်လေးကအပင်သေးသေးလေးတစ်ပင်ဆိုရင်တောင် အကျိုးရလဒ်တွေ က အံ့မခန်းဖွယ်ရာပါပဲ။
Texas A&M တက္ကသိုလ်ကသုတေသနပညာရှင် Dr. Roger S. Ulrich၊ Surrey တက္ကသိုလ်ကသုတေသနပညာရှင် Helen Russell နဲ့ Washington Stateတက္ကသိုလ်ကသုတေသနပညာရှင် Dr. Virginia Lohrတို့ရဲ့ ပူးပေါင်းလေ့လာမှုအရသက်ရှိအပင်လေးတွေကလူတွေရဲ့စိတ်ဖိစီးမှုတွေကိုလျှော့ချပေးနိုင် တယ်လို့ ဆိုပါတယ်။

ရုံးခန်းအလှပင်
အလုပ်တွေရှု့ပ်ရှက်ခတ်နေပြီး ဝန်ထမ်းတွေ အလုပ်ကိစ္စနဲ့ ပြောဆိုဆူညံနေကြတဲ့အခါ လုပ်ငန်းခွင်မှာဖိအားတွေဖြစ်လာစေပါတယ်။ ဒါပေမယ့် သက်ရှိအပင်ငယ်လေးတွေကိုရုံးခန်းမှာစိုက်ပျိုးနေရာချထားမယ်ဆိုရင် အပင်လေးတွေကအသံဗလံတွေကိုစုပ်ယူလိုက်တာကြောင့် ဆူညံသံတွေလျော့နည်းသွားစေပါတယ်။
ရုံးခန်းမှာအပင်လေးတွေစိုက်ထားတာကြောင့် ရရှိနိုင်တဲ့အကျိုးတရားတွေကတော့ ဒါထက်မကများပြားလှပါတယ်။

  • ရုံးခန်းထဲမှာအပင်လေးတွေ ခပ်များများစိုက်ထားပေးတဲ့အခါ လေထဲကတဆင့် ကူးစက်ပြန့်ပွားတတ်တဲ့ ဘက်တီးရီးယားပမာဏကိုသိသိသာသာလျှော့ချပေး နိုင်တာကြောင့် ဒီရုံးခန်းထဲအလုပ်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။ လေ့လာမှုတွေအရအပင်တွေနည်းပါးတဲ့ ရုံးခန်းထဲမှာ အလုပ်လုပ်ရတဲ့ဝန်ထမ်းတွေက အပင်တွေများများစိုက်ပေးထားတဲ့ရုံးခန်းမှာ လုပ်ရတဲ့ဝန်ထမ်းတွေက နာမကျန်းခွင့်ရက်တွေပိုများတာကိုလေ့လာတွေ့ရှိထားပါတယ်။
  • ဖုန်နှင့် မှိုဓာတ်မတည့်မှုအခြေအနေများကိုသက်သာစေပါတယ်။ အပင်လေးတွေ ရဲ့အရွက်တွေနဲ့ အိုးထဲကမြေသားကဖုန်မှုန့်တွေနဲ့ မှိုအမှုန်အမွှားတွေကို သဘာ၀ အတိုင်းစုဆောင်းထားလိုက်တဲ့နည်းလမ်းနဲ့ အမှုန်တွေလေထဲလွင့်ပါနေတာမျိုးကိုကာကွယ်ပေးပါတယ်။ အမှုန်တွေကြောင့် ဓာတ်မတည့်မှုအခြေအနေကြုံရတဲ့ဝန် ထမ်းတွေကခုခံအားစနစ်ကျဆင်းတဲ့အပြင် ဝန်ထမ်းတစ်ဦးရဲ့လုပ်ကိုင်နိုင်တဲ့ စွမ်းရည်ကိုပါ လျော့နည်းသွားစေပါတယ်။
  • အပင်လေးတွေကရုံးခန်းတွင်းကလေကိုအေးမြစေတာကြောင့် လေအေးပေးစက် ဖွင့်ရတာနည်းပါးစေပြီးငွေကုန်နည်းပြီးစွမ်းအင်ကိုလည်းချွေတာပြီးသားဖြစ်စေပါ တယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုရည်သန်တဲ့ ရုံးခန်းတွေမှာအပင်လေးတွေ ထားရှိစိုက်ပျိုးပေးခြင်းဖြင့် ရုံးခန်းတွင်းလေထုညစ်ညမ်းမှုလျော့နည်းစေတဲ့အပြင် စွမ်းအင်အသုံးပြုရမှုကိုလည်းလျှော့ချနိုင်မှာဖြစ်ပါတယ်။
  • ရုံးခန်းထဲမှာစိုက်ပျိုးထားတဲ့ အပင်လေးတွေရဲ့ အရွက်တွေဆီကနေငွေ့ရည်ပျံတဲ့ အခါ အခန်းတွင်းစိုထိုင်းဆဖြစ်စေကာအလုပ်လုပ်ကိုင်ကြတဲ့ ဝန်ထမ်းတွေကို နေရထိုင်ရသက်သောင့်သက်သာရှိစေမှာဖြစ်ပါတယ်။ အပင်တွေစိုက်မထားဘူးဆိုရင် ရုံးခန်းတွင်းလေကစိုထိုင်းဆလုံလောက်မှုမရှိတော့ဘဲရုံးခန်းမှာထားရှိအသုံးပြုတဲ့ တန်ဖိုးကြီးသစ်ထည်ပရိဘောဂတွေမှာလည်းကွဲအက်ပျက်စီးမှုတွေဖြစ်စေတတ်ပါ တယ်။
    ရုံးခန်းအတွက် အပင်အမျိုးအစားရွေးချယ်ခြင်း
    အချို့သောအပင်တွေကအခြားအပင်တွေထက် အကျိုးတရားတွေ ပိုများတတ်ပြီးထိန်းသိမ်းစောင့်ရှောက်ရတဲ့ပမာဏကလည်းအပင်အမျိုးအစားပေါ်မူတည်ပြီးပြောင်းလဲ နိုင်ပါတယ်။ အိုးနဲ့စိုက်ပျိုးတဲ့အပင်ငယ်တွေကလည်းအပင်ကြီးတွေလိုပဲအကျိုးတရားတွေ ရနိုင်တယ်ဆိုပေမယ့် အပင်သေးတော့ ရနိုင်တဲ့အကျိုးတရားရဲ့ပမာဏကလည်းနည်းနည်းချင်းပဲရနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ သင့်ရုံးခန်းမှာအပင်အိုးငယ်လေးတွေအမြောက်အမြားစိုက်ပျိုးထားမယ်ဆိုရင်တော့ အပင်အကြီးစားတစ်ပင်၊ နှစ်ပင်လောက် စိုက်ထားတဲ့ အကျိုးတရားနဲ့ ညီမျှတဲ့ပမာဏကိုရနိုင်မှာဖြစ်ပါတယ်။
    နေရောင်သိပ်မရဘဲလေထုခြောက်သွေ့လွန်းတဲ့ ရုံးခန်းမျိုးမှာဆိုရင် peace liliesလို့ ခေါ်တဲ့ ပိန်းပန်းငယ်လေးတွေကိုအိုးလေးတွေနဲ့ ထည့်စိုက်ပေးသင့်ပါတယ်။ ဒီပိန်းပန်းလေးတွေက သဘာဝလေသန့်စင်စက်လိုသဘောထားနိုင်ပြီးအလုံပိတ်အခန်းထဲကလေထုကိုအသေအချာသန့်စင်ပေးနိုင်တာကြောင့် လူကြိုက်အများဆုံးအခန်းတွင်းအပင်အမျိုးအစား ဖြစ်နေဆဲပါပဲ။ နှင်းဥလေးတွေလို ဖြူဖြူဖွေးတဲ့ ဒီပိန်းပန်းလေးတွေကပုံမှန်ဂရုစိုက်ပေးဖို့သာလိုပြီးအထူးတလည်ထိန်းသိမ်းစောင့်ရှောက်ပေးနေစရာမလိုတဲ့ အခန်းတွင်းအပင်ငယ်ဖြစ် ပါတယ်။
    အပင်က အခန်းတွင်းပတ်ဝန်းကျင်နဲ့သင့်မြတ်နေဖို့လိုတယ်ဆိုရင် ရွေးချယ်သင့်တဲ့နောက်ထပ်အပင်အမျိုးအစားကအသဲပုံစံအရွက်လေးတွေရှိတဲ့ ဂမုန်းနွယ်ပင်ကိုစိုက်ပျိုးပေးသင့်ပါတယ်။ ဒီအပင်လေးတွေကိုပုံမှန်လေးသာညှပ်ပေးထားမယ်ဆိုရင် အပင်နွယ်ပွားများလာမှာမဟုတ်တဲ့အတွက် သင့်ရုံးခန်းငယ်လေးမှာနေရာမယူဘဲစိုက်ပျိုးထားနိုင်မယ့် အပင်ဖြစ်ပါတယ်။ အရွက်တွေ ပိုများများလိုအပ်တယ်ဆိုရင်လည်း အနွယ်ရစ်ပတ်တက်စေဖို့ အပင်တိုင်စိုက်ပေးတာပဲဖြစ်ဖြစ်၊ နွယ်တက်ဖို့ နေရာအဖြစ် သွပ်နန်းကြိုးကိုရစ်ခွေပုံဖော်နေရာချပေးတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ ဒီဂမုန်းနွယ်အိုးအတွက် အထူးတလည် နေရာမပေး နိုင်ဘူးဆိုရင်လည်း ခြင်းသို့မဟုတ် အိုးကို ကြိုးနဲ့ဆိုင်းပြီးချိတ်ဆွဲစိုက်ပျိုးနိုင်ပါတယ်။ ရုံးခန်းတွေမှာစိုက်ကြတဲ့ ရှားစောင်းပင်လေးတွေကတကိုယ်စာစားပွဲပေါ်မှာတင်ပြီးစိုက်ထားလို့ရတဲ့အပြင် အထူးတလည် စောင့်ရှောက်ပေးစရာမလိုတဲ့ အကြမ်းပတမ်းခံတဲ့ ကန္တာရပင်တွေဖြစ်ပါတယ်။ အခန်းတွေ လေထုကိုသန့်စင်ပေးပြီးရုံးခန်းမှာနေရာမယူဘဲစိမ်းစိုလှပစေမယ့် အပင်တွေဖြစ်ပါတယ်။ ရေလောင်းဖို့လည်းသိပ်မလိုအပ်ဘဲ နေရောင်ဝင်တဲ့အ နားနေရာချပေးထားရုံနဲ့ စိမ်းစိုပြီးရှင်သန်နေနိုင်တဲ့ အပင်မျိုးဖြစ်ပါတယ်။
    ရုံးခန်းမှာထားစိုက်ဖို့အတွက် နောက်ထပ်သင့်လျော်တဲ့အပင်ကတော့ ဝါးပင်ငယ်တွေ ဖြစ်ပါတယ်။ ပန်းအိုးလေးထဲမှာ ရေမဝပ်စေဖို့ ကျောက်စရစ်ခဲလေးတွေကိုအိုးရဲ့အောက်ခြေမှာထည့်ပေးထားမယ်ဆိုရင် ဝါးပင်ငယ်တွေက ကောင်းကောင်းရှင်သန်နိုင်ပါတယ်။ နေရောင် တိုက်ရိုက်မကျတဲ့နေရာနားလေးမှာစိုက်ပျိုးထားသင့်ပါတယ်။ ကလိုရင်းဓာတ်ပါတဲ့ ပိုက်ခေါင်းရေက ဝါးပင်ငယ်ကို လောင်းမိရင် ထိခိုက်ပျက်စီးသွားစေတတ်တာကြောင့် အသေအချာစစ် ထုတ်သန့်စင်ထားတဲ့ရေနဲ့ လောင်းပေးသင့်ပါတယ်။ ဝါးပင်ငယ်က ရှည်လာခဲ့ရင်လည်းအရွက် တွေနဲ့အပင်ထိပ်ဖျားတွေကိုပုံမှန်လေးတိညှပ်ပေးထားရုံနဲ့ အရွက်တွေဖြာလာပြီးကိုယ့်စိတ် တိုင်းကျ ပုံသွင်းယူနိုင်မှာဖြစ်ပါတယ်။ ဝါးပင်ငယ်လေးတွက ကံပွင့်စေတဲ့အပင်လေးတွေလို့ လည်းသတ်မှတ်ထားကြပါတယ်။ ရုံးခန်းတွေမှာနေရာလွတ်တွေရှိနေတယ်ဆိုရင် အပင်အိုးငယ်လေးတွေနဲ့ နေရာချစိုက် ပျိုးထားသင့်ပါတယ်။ ရုံးခန်းစိုက်အပင်အများစုကတော့ နေရာလွတ်အနည်းအကျဉ်းရှိရုံမျှနဲ့ ကောင်းစွာရှင်သန်နိုင်ပြီးရုံးခန်းထဲလုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေအတွက် မျက်စိပသာဒဖြစ် စေရုံသာမကကျန်းမာရေးအတွက်လည်းအထောက်အပံ့ဖြစ်စေပါတယ်။ အပင်တွေဝယ်စိုက် ထားလို့ ကုန်ကျတာထက် ရုံးခန်းမှာအပင်တွေစိုက်ထားတာကြောင့် အခန်းတွင်းအပူချိန်ကို မျှတကောင်းမွန်စေပြီးလေထုညစ်ညမ်းမှုတွေမရှိဘဲ ဝန်ထမ်းတွေသက်သောင့်သက်သာနဲ့ အလုပ်လုပ်ကိုင်နိုင်လို့ ရလာမယ့် အကျိုးတရားတွေကအပင်အတွက် ကုန်ကျသွားတဲ့ စရိတ် စကထက် အဆများစွာမကပိုပြီးများပြားစေမှာ ဖြစ်ပါတယ်။ အရွက်အုပ်အုပ်လေးတွေနဲ့ သဖန်းပင်ငယ်လေးတွေကလည်းရုံးခန်းတွင်းအလှဆင်လို့ကောင်းတဲ့ အပင်အမျိုးအစားဖြစ် ပါတယ်။ အရွက်တွေများတာကြောင့် စိမ်းစိုတဲ့တောအုပ်ငယ်လေးသဖွယ် ရုံးခန်းထဲမှာဖန်တီးထားနိုင်ပြီးအရွက်တွေကြွေတဲ့အခါမှာတော့ အနည်းအကျဉ်းသိမ်းရဆည်းရတတ်ပေမယ့် ဒါ ကလည်းရုံးတွင်းပျော်ရွှင်စရာကောင်းတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်သွားစေနိုင်ပါတယ်။ အရွယ်အစားသေးတဲ့ အလှဆင်အပင်မျိုးထက် အလတ်စားအရွယ် အပင်မျိုးစိုက်ပျိုးအလှဆင်လိုတယ် ဆိုရင်တော့ ဒီသဖန်းပင်ငယ်တွေအပြင် အရွက်ဖားဖားနဲ့ အလှဆင်ထန်းပင်ငယ်မျိုးတွေလည်းစိုက်ပျိုးပေးနိုင်ပါတယ်။
    အလှဆင်အပင်တွေမှာမတူညီတဲ့ကွဲပြားခြားနားချက်တွေရှိပေမယ့်လည်းစွမ်းအင်ချွေ တာနိုင်စွမ်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရုံးခန်းပတ်ဝန်းကျင်ကို ဖန်တီးပေးစွမ်းနိုင်မှုကတော့ ရုံးတွင်းအလှဆင်အပင်တွေအားလုံးအတူတူပဲဖြစ်ပါတယ်။

  • ————— ။ —————
  • Zawgyi ျဖင့္ဖတ္ရန္
  • သင့္ရံုးခန္းေလးအတြက္ အပင္ေလးမ်ား

လုပ္ငန္းခြင္ေနရာေလးမွာအပင္ငယ္ေလးေတြကဘယ္ေလာက္အေရးပါလဲဆိုတာ ရံုး၀န္ထမ္းတိုင္း လိုလိုသိထားၿပီးသားပါ။ ရံုးခန္းေထာင့္ေလးကအပင္ေသးေသးေလးတစ္ပင္ဆိုရင္ေတာင္ အက်ဳိးရလဒ္ေတြ က အံ့မခန္းဖြယ္ရာပါပဲ။
Texas A&M တကၠသိုလ္ကသုေတသနပညာရွင္ Dr. Roger S. Ulrich၊ Surrey တကၠသိုလ္ကသုေတသနပညာရွင္ Helen Russell နဲ႔ Washington Stateတကၠသိုလ္ကသုေတသနပညာရွင္ Dr. Virginia Lohrတို႔ရဲ႕ ပူးေပါင္းေလ့လာမႈအရသက္ရွိအပင္ေလးေတြကလူေတြရဲ႕စိတ္ဖိစီးမႈေတြကိုေလွ်ာ့ခ်ေပးႏို္င္ တယ္လို႔ ဆိုပါတယ္။

ရံုးခန္းအလွပင္
အလုပ္ေတြရႈ႔ပ္ရွက္ခတ္ေနၿပီး ၀န္ထမ္းေတြ အလုပ္ကိစၥနဲ႔ ေျပာဆိုဆူညံေနၾကတဲ့အခါ လုပ္ငန္းခြင္မွာဖိအားေတြျဖစ္လာေစပါတယ္။ ဒါေပမယ့္ သက္ရွိအပင္ငယ္ေလးေတြကိုရံုးခန္းမွာစိုက္ပ်ဳိးေနရာခ်ထားမယ္ဆိုရင္ အပင္ေလးေတြကအသံဗလံေတြကိုစုပ္ယူလို္က္တာေၾကာင့္ ဆူညံသံေတြေလ်ာ့နည္းသြားေစပါတယ္။
ရံုးခန္းမွာအပင္ေလးေတြစိုက္ထားတာေၾကာင့္ ရရွိႏိုင္တဲ့အက်ဳိးတရားေတြကေတာ့ ဒါထက္မကမ်ားျပားလွပါတယ္။

  • ရံုးခန္းထဲမွာအပင္ေလးေတြ ခပ္မ်ားမ်ားစိုက္ထားေပးတဲ့အခါ ေလထဲကတဆင့္ ကူးစက္ျပန္႔ပြားတတ္တဲ့ ဘက္တီးရီးယားပမာဏကိုသိသိသာသာေလွ်ာ့ခ်ေပး ႏိုင္တာေၾကာင့္ ဒီရံုးခန္းထဲအလုပ္လုပ္ကိုင္ေနၾကတဲ့ ၀န္ထမ္းေတြရဲ႕ က်န္းမာေရးကိုပါ တိုးတက္ေကာင္းမြန္ေစပါတယ္။ ေလ့လာမႈေတြအရအပင္ေတြနည္းပါးတဲ့ ရံုးခန္းထဲမွာ အလုပ္လုပ္ရတဲ့၀န္ထမ္းေတြက အပင္ေတြမ်ားမ်ားစိုက္ေပးထားတဲ့ရံုးခန္းမွာ လုပ္ရတဲ့၀န္ထမ္းေတြက နာမက်န္းခြင့္ရက္ေတြပိုမ်ားတာကိုေလ့လာေတြ႕ရွိထားပါတယ္။
  • ဖုန္ႏွင့္ မႈိဓာတ္မတည့္မႈအေျခအေနမ်ားကိုသက္သာေစပါတယ္။ အပင္ေလးေတြ ရဲ႕အရြက္ေတြနဲ႔ အိုးထဲကေျမသားကဖုန္မႈန္႔ေတြနဲ႔ မႈိအမႈန္အမႊားေတြကို သဘာ၀ အတိုင္းစုေဆာင္းထားလိုက္တဲ့နည္းလမ္းနဲ႔ အမႈန္ေတြေလထဲလြင့္ပါေနတာမ်ဳိးကိုကာကြယ္ေပးပါတယ္။ အမႈန္ေတြေၾကာင့္ ဓာတ္မတည့္မႈအေျခအေနႀကံဳရတဲ့၀န္ ထမ္းေတြကခုခံအားစနစ္က်ဆင္းတဲ့အျပင္ ၀န္ထမ္းတစ္ဦးရဲ႕လုပ္ကိုင္ႏိုင္တဲ့ စြမ္းရည္ကိုပါ ေလ်ာ့နည္းသြားေစပါတယ္။
  • အပင္ေလးေတြကရံုးခန္းတြင္းကေလကိုေအးျမေစတာေၾကာင့္ ေလေအးေပးစက္ ဖြင့္ရတာနည္းပါးေစၿပီးေငြကုန္နည္းၿပီးစြမ္းအင္ကိုလည္းေခၽြတာၿပီးသားျဖစ္ေစပါ တယ္။ ပတ္၀န္းက်င္ထိန္းသိမ္းမႈကိုရည္သန္တဲ့ ရံုးခန္းေတြမွာအပင္ေလးေတြ ထားရွိစိုက္ပ်ဳိးေပးျခင္းျဖင့္ ရံုးခန္းတြင္းေလထုညစ္ညမ္းမႈေလ်ာ့နည္းေစတဲ့အျပင္ စြမ္းအင္အသံုးျပဳရမႈကိုလည္းေလွ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။
  • ရံုးခန္းထဲမွာစိုက္ပ်ဳိးထားတဲ့ အပင္ေလးေတြရဲ႕ အရြက္ေတြဆီကေနေငြ႕ရည္ပ်ံတဲ့ အခါ အခန္းတြင္းစိုထိုင္းဆျဖစ္ေစကာအလုပ္လုပ္ကိုင္ၾကတဲ့ ၀န္ထမ္းေတြကို ေနရထိုင္ရသက္ေသာင့္သက္သာရွိေစမွာျဖစ္ပါတယ္။ အပင္ေတြစိုက္မထားဘူးဆိုရင္ ရံုးခန္းတြင္းေလကစိုထိုင္းဆလံုေလာက္မႈမရွိေတာ့ဘဲရံုးခန္းမွာထားရွိအသံုးျပဳတဲ့ တန္ဖိုးႀကီးသစ္ထည္ပရိေဘာဂေတြမွာလည္းကြဲအက္ပ်က္စီးမႈေတြျဖစ္ေစတတ္ပါ တယ္။
    ရံုးခန္းအတြက္ အပင္အမ်ဳိးအစားေရြးခ်ယ္ျခင္း
    အခ်ဳိ႕ေသာအပင္ေတြကအျခားအပင္ေတြထက္ အက်ဳိးတရားေတြ ပိုမ်ားတတ္ၿပီးထိန္းသိမ္းေစာင့္ေရွာက္ရတဲ့ပမာဏကလည္းအပင္အမ်ဳိးအစားေပၚမူတည္ၿပီးေျပာင္းလဲ ႏိုင္ပါတယ္။ အိုးနဲ႔စိုက္ပ်ဳိးတဲ့အပင္ငယ္ေတြကလည္းအပင္ႀကီးေတြလိုပဲအက်ဳိးတရားေတြ ရႏိုင္တယ္ဆိုေပမယ့္ အပင္ေသးေတာ့ ရႏိုင္တဲ့အက်ဳိးတရားရဲ႕ပမာဏကလည္းနည္းနည္းခ်င္းပဲရႏိုင္မွာျဖစ္ပါတယ္။ တကယ္လို႔ သင့္ရံုးခန္းမွာအပင္အိုးငယ္ေလးေတြအေျမာက္အျမားစိုက္ပ်ဳိးထားမယ္ဆိုရင္ေတာ့ အပင္အႀကီးစားတစ္ပင္၊ ႏွစ္ပင္ေလာက္ စိုက္ထားတဲ့ အက်ဳိးတရားနဲ႔ ညီမွ်တဲ့ပမာဏကိုရႏိုင္မွာျဖစ္ပါတယ္။
    ေနေရာင္သိပ္မရဘဲေလထုေျခာက္ေသြ႕လြန္းတဲ့ ရံုးခန္းမ်ဳိးမွာဆိုရင္ peace liliesလို႔ ေခၚတဲ့ ပိန္းပန္းငယ္ေလးေတြကိုအိုးေလးေတြနဲ႔ ထည့္စိုက္ေပးသင့္ပါတယ္။ ဒီပိန္းပန္းေလးေတြက သဘာ၀ေလသန္႔စင္စက္လိုသေဘာထားႏိုင္ၿပီးအလံုပိတ္အခန္းထဲကေလထုကိုအေသအခ်ာသန္႔စင္ေပးႏိုင္တာေၾကာင့္ လူႀကိဳက္အမ်ားဆံုးအခန္းတြင္းအပင္အမ်ဳိးအစား ျဖစ္ေနဆဲပါပဲ။ ႏွင္းဥေလးေတြလို ျဖဴျဖဴေဖြးတဲ့ ဒီပိန္းပန္းေလးေတြကပံုမွန္ဂရုစိုက္ေပးဖို႔သာလိုၿပီးအထူးတလည္ထိန္းသိမ္းေစာင့္ေရွာက္ေပးေနစရာမလိုတဲ့ အခန္းတြင္းအပင္ငယ္ျဖစ္ ပါတယ္။
    အပင္က အခန္းတြင္းပတ္၀န္းက်င္နဲ႔သင့္ျမတ္ေနဖို႔လိုတယ္ဆိုရင္ ေရြးခ်ယ္သင့္တ့ဲေနာက္ထပ္အပင္အမ်ဳိးအစားကအသဲပံုစံအရြက္ေလးေတြရွိတဲ့ ဂမုန္းႏြယ္ပင္ကိုစိုက္ပ်ဳိးေပးသင့္ပါတယ္။ ဒီအပင္ေလးေတြကိုပံုမွန္ေလးသာညွပ္ေပးထားမယ္ဆိုရင္ အပင္ႏြယ္ပြားမ်ားလာမွာမဟုတ္တဲ့အတြက္ သင့္ရံုးခန္းငယ္ေလးမွာေနရာမယူဘဲစိုက္ပ်ဳိးထားႏိုင္မယ့္ အပင္ျဖစ္ပါတယ္။ အရြက္ေတြ ပိုမ်ားမ်ားလိုအပ္တယ္ဆိုရင္လည္း အႏြယ္ရစ္ပတ္တက္ေစဖို႔ အပင္တိုင္စိုက္ေပးတာပဲျဖစ္ျဖစ္၊ ႏြယ္တက္ဖို႔ ေနရာအျဖစ္ သြပ္နန္းႀကိဳးကိုရစ္ေခြပံုေဖာ္ေနရာခ်ေပးတာပဲျဖစ္ျဖစ္ လုပ္ေပးႏိုင္ပါတယ္။ ဒီဂမုန္းႏြယ္အိုးအတြက္ အထူးတလည္ ေနရာမေပး ႏိုင္ဘူးဆိုရင္လည္း ျခင္းသို႔မဟုတ္ အိုးကို ႀကိဳးနဲ႔ဆိုင္းၿပီးခ်ိတ္ဆြဲစိုက္ပ်ဳိးႏိုင္ပါတယ္။ ရံုးခန္းေတြမွာစိုက္ၾကတဲ့ ရွားေစာင္းပင္ေလးေတြကတကိုယ္စာစားပြဲေပၚမွာတင္ၿပီးစိုက္ထားလို႔ရတဲ့အျပင္ အထူးတလည္ ေစာင့္ေရွာက္ေပးစရာမလိုတဲ့ အၾကမ္းပတမ္းခံတဲ့ ကႏၱာရပင္ေတြျဖစ္ပါတယ္။ အခန္းေတြ ေလထုကိုသန္႔စင္ေပးၿပီးရံုးခန္းမွာေနရာမယူဘဲစိမ္းစိုလွပေစမယ့္ အပင္ေတြျဖစ္ပါတယ္။ ေရေလာင္းဖို႔လည္းသိပ္မလိုအပ္ဘဲ ေနေရာင္၀င္တဲ့အ နားေနရာခ်ေပးထားရံုနဲ႔ စိမ္းစိုၿပီးရွင္သန္ေနႏိုင္တဲ့ အပင္မ်ဳိးျဖစ္ပါတယ္။
    ရံုးခန္းမွာထားစိုက္ဖို႔အတြက္ ေနာက္ထပ္သင့္ေလ်ာ္တဲ့အပင္ကေတာ့ ၀ါးပင္ငယ္ေတြ ျဖစ္ပါတယ္။ ပန္းအိုးေလးထဲမွာ ေရမ၀ပ္ေစဖို႔ ေက်ာက္စရစ္ခဲေလးေတြကိုအိုးရဲ႕ေအာက္ေျခမွာထည့္ေပးထားမယ္ဆိုရင္ ၀ါးပင္ငယ္ေတြက ေကာင္းေကာင္းရွင္သန္ႏိုင္ပါတယ္။ ေနေရာင္ တိုက္ရိုက္မက်တဲ့ေနရာနားေလးမွာစိုက္ပ်ဳိးထားသင့္ပါတယ္။ ကလိုရင္းဓာတ္ပါတဲ့ ပိုက္ေခါင္းေရက ၀ါးပင္ငယ္ကို ေလာင္းမိရင္ ထိခိုက္ပ်က္စီးသြားေစတတ္တာေၾကာင့္ အေသအခ်ာစစ္ ထုတ္သန္႔စင္ထားတဲ့ေရနဲ႔ ေလာင္းေပးသင့္ပါတယ္။ ၀ါးပင္ငယ္က ရွည္လာခဲ့ရင္လည္းအရြက္ ေတြနဲ႔အပင္ထိပ္ဖ်ားေတြကိုပံုမွန္ေလးတိညွပ္ေပးထားရံုနဲ႔ အရြက္ေတြျဖာလာၿပီးကိုယ့္စိတ္ တိုင္းက် ပံုသြင္းယူႏိုင္မွာျဖစ္ပါတယ္။ ၀ါးပင္ငယ္ေလးတြက ကံပြင့္ေစတဲ့အပင္ေလးေတြလို႔ လည္းသတ္မွတ္ထားၾကပါတယ္။ ရံုးခန္းေတြမွာေနရာလြတ္ေတြရွိေနတယ္ဆိုရင္ အပင္အိုးငယ္ေလးေတြနဲ႔ ေနရာခ်စိုက္ ပ်ဳိးထားသင့္ပါတယ္။ ရံုးခန္းစိုက္အပင္အမ်ားစုကေတာ့ ေနရာလြတ္အနည္းအက်ဥ္းရွိရံုမွ်နဲ႔ ေကာင္းစြာရွင္သန္ႏိုင္ၿပီးရံုးခန္းထဲလုပ္ကိုင္ေနၾကတဲ့ ၀န္ထမ္းေတြအတြက္ မ်က္စိပသာဒျဖစ္ ေစရံုသာမကက်န္းမာေရးအတြက္လည္းအေထာက္အပံ့ျဖစ္ေစပါတယ္။ အပင္ေတြ၀ယ္စိုက္ ထားလို႔ ကုန္က်တာထက္ ရံုးခန္းမွာအပင္ေတြစိုက္ထားတာေၾကာင့္ အခန္းတြင္းအပူခ်ိန္ကို မွ်တေကာင္းမြန္ေစၿပီးေလထုညစ္ညမ္းမႈေတြမရွိဘဲ ၀န္ထမ္းေတြသက္ေသာင့္သက္သာနဲ႔ အလုပ္လုပ္ကိုင္ႏိုင္လို႔ ရလာမယ့္ အက်ဳိးတရားေတြကအပင္အတြက္ ကုန္က်သြားတဲ့ စရိတ္ စကထက္ အဆမ်ားစြာမကပိုၿပီးမ်ားျပားေစမွာ ျဖစ္ပါတယ္။ အရြက္အုပ္အုပ္ေလးေတြနဲ႔ သဖန္းပင္ငယ္ေလးေတြကလည္းရံုးခန္းတြင္းအလွဆင္လို႔ေကာင္းတဲ့ အပင္အမ်ဳိးအစားျဖစ္ ပါတယ္။ အရြက္ေတြမ်ားတာေၾကာင့္ စိမ္းစိုတဲ့ေတာအုပ္ငယ္ေလးသဖြယ္ ရံုးခန္းထဲမွာဖန္တီးထားႏိုင္ၿပီးအရြက္ေတြေၾကြတဲ့အခါမွာေတာ့ အနည္းအက်ဥ္းသိမ္းရဆည္းရတတ္ေပမယ့္ ဒါ ကလည္းရံုးတြင္းေပ်ာ္ရႊင္စရာေကာင္းတဲ့ လႈပ္ရွားမႈတစ္ခုျဖစ္သြားေစႏိုင္ပါတယ္။ အရြယ္အစားေသးတဲ့ အလွဆင္အပင္မ်ဳိးထက္ အလတ္စားအရြယ္ အပင္မ်ဳိးစိုက္ပ်ဳိးအလွဆင္လိုတယ္ ဆိုရင္ေတာ့ ဒီသဖန္းပင္ငယ္ေတြအျပင္ အရြက္ဖားဖားနဲ႔ အလွဆင္ထန္းပင္ငယ္မ်ဳိးေတြလည္းစိုက္ပ်ဳိးေပးႏိုင္ပါတယ္။
    အလွဆင္အပင္ေတြမွာမတူညီတဲ့ကြဲျပားျခားနားခ်က္ေတြရွိေပမယ့္လည္းစြမ္းအင္ေခၽြ တာႏိုင္စြမ္းနဲ႔ က်န္းမာေရးနဲ႔ညီညြတ္တဲ့ ရံုးခန္းပတ္၀န္းက်င္ကို ဖန္တီးေပးစြမ္းႏိုင္မႈကေတာ့ ရံုးတြင္းအလွဆင္အပင္ေတြအားလံုးအတူတူပဲျဖစ္ပါတယ္။
    ————— ။ —————

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

နံရံကိုပစ္စည်းထားဖို့နေရာအဖြစ်ပြောင်းလဲခြင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ အမရာ မှ
April 12, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ပစ္စည်းထားသိုဖို့နေရာဆိုတာမရှိမဖြစ်လိုအပ်ပေမယ့် သေတ္တာတွေနဲ့စာအုပ်စင်တွေလိုကြမ်းပြင်ပေါ်မှာထားရတဲ့ ပစ္စည်းသိုလှောင်ပရိဘောဂတွေဟာနေရာယူတဲ့အပြင် ထင်သလောက်လည်းအကျိုးသက်ရောက်မှုမရှိပါဘူး။ဒါပေမဲ့ နံရံတွေကိုပါးနပ်မှုရှိရှိအသုံးချတတ်မယ်ဆိုရင်တော့ ပစ္စည်းထားဖို့နေရာလည်းရသလို ကြမ်းပြင်မှာလည်းပရိဘောဂပစ္စည်းတွေကနေရာယူသက်သာသွားပါလိမ့်မယ်။
၁။ကုတ်အင်္ကျီများအတွက်ဗီရို
အိမ်အဝင်လျှောက်လမ်းတစ်လျောက်မှာအလျားလိုက်နံရံကိုကပ်ပြီးထားရှိနိုင်မယ့် ကုတ်အကျီၤချိတ်ဖို့ ငုတ်တွေ ပါတဲ့စင်တစ်ခုက တစ်မိသားစုလုံးရဲ့ကုတ်အကျီၤတွေထားဖို့လုံလောက်တဲ့နေရာကိုပေးစွမ်းနိုင်ပါတယ်။ဦးထုပ်နဲ့အိတ်တွေပါ ထားနိုင်မယ့်စင်ကိုရွေးချယ်ပြီး အောက်ဘက်မှာအလျားရှည်ပြီးအနံတိုတဲ့ဖိနပ်စင်လေးထားပါ။တစ်သားတည်းဖြစ်သွားစေဖို့ အတွက် စင်တွေအားလုံးကိုနံရံနဲ့ဆေးရောင်တစ်ခုတည်းသုတ်လိုက်ပါ။


၂။မှန်တင်ခုံ
များပြားလှတဲ့လက်ဝတ်ရတနာပစ္စည်းတွေနဲ့မိတ်ကပ်ပစ္စည်းတွေကို နံရံပေါ်မှာလှပအောင် စိတ်ကြိုက်အပြင်အ ဆင်နဲ့ဖန်တီးထားရှိလို့ရပါတယ်။အောက်မှာချိတ်လေးတွေပါတဲ့တန်းတွေထားဖို့နေရာလုံလောက်တဲ့အပြင် အခန်းကိုကျယ် သွားသယောင်ခံစားရစေဖို့ စင်တွေကိုဦးခေါင်းအထက်အမြင့်နေရာမှာတပ်ဆင်ပါ။စိတ်ကြိုက်အပြင်အဆင်ဆိုတာအကုန် အကျများတယ်လို့ခံစားရစေနိုင်ပေမယ့် ကိုယ်အကြိုက်ဆုံးဒီဇိုင်းကိုဖန်တီးနိုင်မှာပါ။
၃။နံရံကပ်ဗီရို
မီးဖိုချောင်ထဲမှာပစ္စည်းတွေတင်ဖို့နံရံကပ်စင်တွေထားရှိခြင်းအားဖြင့် မီးဖိုချောင်ကိုကျယ်ဝန်းသယောင်ဖန်တီးနိုင် ပါတယ်။တစ်လက်မမှအလဟဿအဖြစ်မခံပါနဲ့။စင်တွေရဲ့အောက်မှာချိတ်တွေနဲ့တန်းတွေထားပါ။စင်တွေပေါ်မှာမီးဖိုချောင်သုံးအိုးခွက်ပန်းကန်တွေကိုစုပြုံထားဖို့မစဉ်းစားပါနဲ့။အဲဒီအစား ကော်ဖီခွက်တွေနဲ့ဝိုင်ခွက်တွေကို ပြောင်းပြန်ချိတ်ဆွဲ ထားပါ။လိုက်ဖက်တဲ့အလှတန်ဆာပစ္စည်းတွေကိုရှာဖွေပြီးအတူထားရှိပေးခြင်းအားဖြင့်မီးဖိုချောင်တစ်ခုလုံးကိုလှပနေစေမှာပါ။


၄။အလှတန်ဆာပစ္စည်းများကိုအသုံးပြုခြင်း
အနုသုခုမရသကိုပေးစွမ်းနိုင်ဖို့အထူးပြုလုပ်ထားတဲ့နံရံကပ်စင်ကိုရှာဖွေဝယ်ယူပါ။ဒီလိုစင်တွေမှာ ချိတ်စရာနေရာ တွေအများကြီးပါဝင်လေ့ရှိပါတယ်။ဒါပေမဲ့ လှပတဲ့နံရံကပ်စင်မှာအဝတ်တွေအများကြီးချိတ်ထားမယ်ဆိုရင် အမြင်တင့် တယ်မှာမဟုတ်တာကြောင့် တတ်နိုင်မယ်ဆိုရင် ဒီလိုအလှနံရံကပ်စင်ကိုသုံးခုလောက်အသုံးပြုပါ။ချိတ်အဟောင်းတွေ၊ လက်ကိုင်ဖုတွေနဲ့လည်းကိုယ့်စိတ်ကြိုက်နံရံကပ်စင်ပုံစံကိုဖန်တီးယူလို့ရပါတယ်။
၅။စာရွက်ထည့်သေတ္တာ
ပင်အပ်ထိုးဘုတ်တစ်ခုရှိမယ်ဆိုရင် စာရွက်တွေထည့်ဖို့သီးသန့်သေတ္တာတစ်ခုထားဖို့မလိုအပ်ပါဘူး။ပုံမှာပြထားတဲ့ ဘုတ်ပြားဆိုရင် ငွေလက်ခံဖြတ်ပိုင်းတွေ၊လိပ်စာကတ်တွေနဲ့မှတ်စုစာရွက်တွေထားဖို့လုံလောက်တဲ့အရွယ်အစားပါပဲ။ပိုကြီး တဲ့ဘုတ်ပြားကိုသုံးချင်တယ်ဆိုရင် နံရံအရောင်နဲ့တူတဲ့ဘုတ်ပြားကိုရွေးချယ်ပါ။ဒါမှမဟုတ်ရင်လည်းအဖြူရောင်ဘုတ်ပြားပေါ်မှာနံရံအရောင်ချည်ထည်စတစ်ခုကိုဖုံးအုပ်ထားပါ။
၆။အိုးခွက်တွေအတွက်စင်
မီးဖိုချောင်ထဲမှာတံခါးပိတ်ဗီရိုမရှိတဲ့အခါ ချိတ် သို့မဟုတ် တန်းတွေမှာချိတ်ဆွဲထားလို့ရပါတယ်။နံရံပေါ်မှာချိတ် ထားရုံတင်မကဘဲဦးခေါင်းအထက်အမြင့်မှာချိတ်တာက ခံ့ညားထည်ဝါမှုကိုပေးစွမ်းနိုင်ပါတယ်။ဒါပေမဲ့ ကိုယ့်မီးဖိုချောင်ကအရမ်းကျဉ်းနေတယ်ဆိုရင် ပြတင်းပေါက်ကိုခွပြီးတန်းတစ်ခုသို့မဟုတ် နှစ်ခုအထိထားလို့ရပါတယ်။အလင်းပိတ်သလိုဖြစ် သွားနိုင်ပေမယ့် အိုးတွေကစတီးနဲ့လုပ်ထားတာဖြစ်တဲ့အတွက် အခန်းထဲမှာ ပြင်ပကဝင်ရောက်လာတဲ့အလင်းကို အလင်း ပြန်ဟပ်ပေးနိုင်ပါတယ်။


၇။သမားရိုးကျစင်များကိုစွန့်လွှတ်ခြင်း
ကုဗတုံးပုံစင်တွေကစာအုပ်တွေနဲ့ပစ္စည်းအတိုအစလေးတွေကိုအနုပညာလက်ရာဆန်တဲ့အပြင်အဆင်တစ်ခုအ ဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ကုဗတုံးပုံစင်လေးတွေကိုစုထားတာကအလှဆုံးဒီဇိုင်းပါ။အရောင်တူဒါမှမဟုတ် အရောင်မတူဒါမှမဟုတ် လိုက်ဖက်တဲ့အရောင်ရှိတဲ့ကုဗတုံးစင်တွေကိုရွေးချယ်အသုံးပြုပြီးသေသပ်လှပတဲ့ပုံသဏ္ဍာန်တစ်ခုကိုဖန် တီးခြင်းအားဖြင့် လှပမှုကိုပေးစွမ်းနိုင်ပါတယ်။


၈။လူသိအောင်ပြထားချင်တာတွေများနေလား
ပုံမှာပြထားသလိုနံရံတစ်ခုလုံးမှာစင်တွေအပြည့်ကပ်ပြီးစတိုင်လ်ကျတဲ့စားပွဲတစ်ခုနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင် ရုံးခန်းအသုံးအဆောင်တွေကိုပြသထားနိုင်သလိုအိမ်တွင်းတန်ဆာဆင်ပစ္စည်းတွေကိုလည်းပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။
၉။နံရံပေါ်မှာသံရိုက်ရာရှိတာမကြိုက်ဘူးလား။
သံလိုက်တွေကနံရံတွေကိုမပျက်စီးစေဘဲလိုအပ်တဲ့စာရွက်တွေကိုနံရံမှာချိတ်ထားပေးနိုင်ပါတယ်။ပုံမှာဖော်ပြ ထားတဲ့အခန်းက သံလိုက်ဓာတ်ရှိတဲ့ပလာစတာနဲ့လုပ်ထားပါ။အလားတူအကျိုးသက်ရောက်မှုမျိုးကိုရရှိချင်တယ်ဆိုရင် သံလိုက်ဓာတ်ရှိတဲ့နံရံသုတ်ဆေးဒါမှမဟုတ် နံရံမှာကပ်ထားတဲ့သံလိုက်ဘုတ်ပြားကိုအသုံးပြုနိုင်ပါတယ်။

၁၀။ကုန်ကျစရိတ်ချွေတာခြင်း
၁၉၇၀ ပြည့်နှစ်နဲ့ ၁၉၈၀ ပြည့်နှစ်ဖက်ရှင်တွေကမော်ဒယ်လ်လျှောက်လမ်းမှာသာမကနေအိမ်တွင်မှာပါ ပြန်လည် ခေတ်စားလာပါပြီ။အဝတ်အစားနဲ့အပြင်အဆင်ကိုပဲအာရုံစိုက်နေတာရပ်ပြီးဖော့ပြားကြော်ငြာဘုတ်ကိုအသုံးပြုကြည့်ပါ။ ဖော့ပြားတွေကိုနံရံမှာတိပ်နဲ့ကပ်ပြီးကိုယ်ဖန်တီးချင်တဲ့ဒီဇိုင်းနဲ့လိုက်ဖက်တဲ့ဆေးရောင်သုတ်ပေးလိုက်ပါ။

Zawgyi ျဖင့္ဖတ္ရန္

နံရံကိုပစၥည္းထားဖို႔ေနရာအျဖစ္ေျပာင္းလဲျခင္း

ပစၥည္းထားသိုဖို႔ေနရာဆိုတာမရွိမျဖစ္လိုအပ္ေပမယ့္ ေသတၱာေတြနဲ႔စာအုပ္စင္ေတြလိုၾကမ္းျပင္ေပၚမွာထားရတဲ့ ပစၥည္းသိုေလွာင္ပရိေဘာဂေတြဟာေနရာယူတဲ့အျပင္ ထင္သေလာက္လည္းအက်ိဳးသက္ေရာက္မႈမရွိပါဘူး။ဒါေပမဲ့ နံရံေတြကိုပါးနပ္မႈရွိရွိအသံုးခ်တတ္မယ္ဆိုရင္ေတာ့ ပစၥည္းထားဖို႔ေနရာလည္းရသလို ၾကမ္းျပင္မွာလည္းပရိေဘာဂပစၥည္းေတြကေနရာယူသက္သာသြားပါလိမ့္မယ္။

၁။ကုတ္အက်ၤီမ်ားအတြက္ဗီရို

            အိမ္အ၀င္ေလွ်ာက္လမ္းတစ္ေလ်ာက္မွာအလ်ားလိုက္နံရံကိုကပ္ၿပီးထားရွိႏိုင္မယ့္ ကုတ္အက်ီၤခ်ိတ္ဖို႔ ငုတ္ေတြ ပါတဲ့စင္တစ္ခုက တစ္မိသားစုလံုးရဲ႕ကုတ္အက်ီၤေတြထားဖို႔လံုေလာက္တဲ့ေနရာကိုေပးစြမ္းႏိုင္ပါတယ္။ဦးထုပ္နဲ႔အိတ္ေတြပါ ထားႏိုင္မယ့္စင္ကိုေရြးခ်ယ္ၿပီး ေအာက္ဘက္မွာအလ်ားရွည္ၿပီးအနံတိုတဲ့ဖိနပ္စင္ေလးထားပါ။တစ္သားတည္းျဖစ္သြားေစဖို႔ အတြက္ စင္ေတြအားလံုးကိုနံရံနဲ႔ေဆးေရာင္တစ္ခုတည္းသုတ္လိုက္ပါ။

၂။မွန္တင္ခံု

            မ်ားျပားလွတဲ့လက္၀တ္ရတနာပစၥည္းေတြနဲ႔မိတ္ကပ္ပစၥည္းေတြကို နံရံေပၚမွာလွပေအာင္ စိတ္ႀကိဳက္အျပင္အ ဆင္နဲ႔ဖန္တီးထားရွိလို႔ရပါတယ္။ေအာက္မွာခ်ိတ္ေလးေတြပါတဲ့တန္းေတြထားဖို႔ေနရာလံုေလာက္တဲ့အျပင္ အခန္းကိုက်ယ္ သြားသေယာင္ခံစားရေစဖို႔ စင္ေတြကိုဦးေခါင္းအထက္အျမင့္ေနရာမွာတပ္ဆင္ပါ။စိတ္ႀကိဳက္အျပင္အဆင္ဆိုတာအကုန္ အက်မ်ားတယ္လို႔ခံစားရေစႏိုင္ေပမယ့္ ကိုယ္အႀကိဳက္ဆံုးဒီဇိုင္းကိုဖန္တီးႏိုင္မွာပါ။

၃။နံရံကပ္ဗီရို

            မီးဖိုေခ်ာင္ထဲမွာပစၥည္းေတြတင္ဖို႔နံရံကပ္စင္ေတြထားရွိျခင္းအားျဖင့္ မီးဖိုေခ်ာင္ကိုက်ယ္၀န္းသေယာင္ဖန္တီးႏိုင္ ပါတယ္။တစ္လက္မမွအလဟႆအျဖစ္မခံပါနဲ႔။စင္ေတြရဲ႕ေအာက္မွာခ်ိတ္ေတြနဲ႔တန္းေတြထားပါ။စင္ေတြေပၚမွာမီးဖိုေခ်ာင္သံုးအိုးခြက္ပန္းကန္ေတြကိုစုၿပံဳထားဖို႔မစဥ္းစားပါနဲ႔။အဲဒီအစား ေကာ္ဖီခြက္ေတြနဲ႔၀ိုင္ခြက္ေတြကို ေျပာင္းျပန္ခ်ိတ္ဆြဲ ထားပါ။လိုက္ဖက္တဲ့အလွတန္ဆာပစၥည္းေတြကိုရွာေဖြၿပီးအတူထားရွိေပးျခင္းအားျဖင့္မီးဖိုေခ်ာင္တစ္ခုလံုးကိုလွပေနေစမွာပါ။

၄။အလွတန္ဆာပစၥည္းမ်ားကိုအသံုးျပဳျခင္း

            အႏုသုခုမရသကိုေပးစြမ္းႏိုင္ဖို႔အထူးျပဳလုပ္ထားတဲ့နံရံကပ္စင္ကိုရွာေဖြ၀ယ္ယူပါ။ဒီလိုစင္ေတြမွာ ခ်ိတ္စရာေနရာ ေတြအမ်ားႀကီးပါ၀င္ေလ့ရွိပါတယ္။ဒါေပမဲ့ လွပတဲ့နံရံကပ္စင္မွာအ၀တ္ေတြအမ်ားႀကီးခ်ိတ္ထားမယ္ဆိုရင္ အျမင္တင့္ တယ္မွာမဟုတ္တာေၾကာင့္ တတ္ႏိုင္မယ္ဆိုရင္ ဒီလိုအလွနံရံကပ္စင္ကိုသံုးခုေလာက္အသံုးျပဳပါ။ခ်ိတ္အေဟာင္းေတြ၊ လက္ကိုင္ဖုေတြနဲ႔လည္းကိုယ့္စိတ္ႀကိဳက္နံရံကပ္စင္ပံုစံကိုဖန္တီးယူလို႔ရပါတယ္။

၅။စာရြက္ထည့္ေသတၱာ

            ပင္အပ္ထိုးဘုတ္တစ္ခုရွိမယ္ဆိုရင္ စာရြက္ေတြထည့္ဖို႔သီးသန္႔ေသတၱာတစ္ခုထားဖို႔မလိုအပ္ပါဘူး။ပံုမွာျပထားတဲ့ ဘုတ္ျပားဆိုရင္ ေငြလက္ခံျဖတ္ပိုင္းေတြ၊လိပ္စာကတ္ေတြနဲ႔မွတ္စုစာရြက္ေတြထားဖို႔လံုေလာက္တဲ့အရြယ္အစားပါပဲ။ပိုႀကီး တဲ့ဘုတ္ျပားကိုသံုးခ်င္တယ္ဆိုရင္ နံရံအေရာင္နဲ႔တူတဲ့ဘုတ္ျပားကိုေရြးခ်ယ္ပါ။ဒါမွမဟုတ္ရင္လည္းအျဖဴေရာင္ဘုတ္ျပားေပၚမွာနံရံအေရာင္ခ်ည္ထည္စတစ္ခုကိုဖံုးအုပ္ထားပါ။

၆။အိုးခြက္ေတြအတြက္စင္

            မီးဖိုေခ်ာင္ထဲမွာတံခါးပိတ္ဗီရိုမရွိတဲ့အခါ ခ်ိတ္ သို႔မဟုတ္ တန္းေတြမွာခ်ိတ္ဆြဲထားလို႔ရပါတယ္။နံရံေပၚမွာခ်ိတ္ ထားရံုတင္မကဘဲဦးေခါင္းအထက္အျမင့္မွာခ်ိတ္တာက ခံ့ညားထည္၀ါမႈကိုေပးစြမ္းႏိုင္ပါတယ္။ဒါေပမဲ့ ကိုယ့္မီးဖိုေခ်ာင္ကအရမ္းက်ဥ္းေနတယ္ဆိုရင္ ျပတင္းေပါက္ကိုခြၿပီးတန္းတစ္ခုသို႔မဟုတ္ ႏွစ္ခုအထိထားလို႔ရပါတယ္။အလင္းပိတ္သလိုျဖစ္ သြားႏို္င္ေပမယ့္ အိုးေတြကစတီးနဲ႔လုပ္ထားတာျဖစ္တဲ့အတြက္ အခန္းထဲမွာ ျပင္ပက၀င္ေရာက္လာတဲ့အလင္းကို အလင္း ျပန္ဟပ္ေပးႏိုင္ပါတယ္။

၇။သမားရိုးက်စင္မ်ားကိုစြန္႔လႊတ္ျခင္း

          ကုဗတံုးပံုစင္ေတြကစာအုပ္ေတြနဲ႔ပစၥည္းအတိုအစေလးေတြကိုအႏုပညာလက္ရာဆန္တဲ့အျပင္အဆင္တစ္ခုအ ျဖစ္ေျပာင္းလဲေပးႏိုင္ပါတယ္။ကုဗတံုးပံုစင္ေလးေတြကိုစုထားတာကအလွဆံုးဒီဇိုင္းပါ။အေရာင္တူဒါမွမဟုတ္ အေရာင္မတူဒါမွမဟုတ္ လိုက္ဖက္တဲ့အေရာင္ရွိတဲ့ကုဗတံုးစင္ေတြကိုေရြးခ်ယ္အသံုးျပဳၿပီးေသသပ္လွပတဲ့ပံုသ႑ာန္တစ္ခုကိုဖန္ တီးျခင္းအားျဖင့္ လွပမႈကိုေပးစြမ္းႏိုင္ပါတယ္။

၈။လူသိေအာင္ျပထားခ်င္တာေတြမ်ားေနလား

            ပံုမွာျပထားသလိုနံရံတစ္ခုလံုးမွာစင္ေတြအျပည့္ကပ္ၿပီးစတိုင္လ္က်တဲ့စားပြဲတစ္ခုနဲ႔ေပါင္းစပ္လိုက္မယ္ဆိုရင္ ရံုးခန္းအသံုးအေဆာင္ေတြကိုျပသထားႏိုင္သလိုအိမ္တြင္းတန္ဆာဆင္ပစၥည္းေတြကိုလည္းပိုၿပီးဆြဲေဆာင္မႈရွိေစပါတယ္။

၉။နံရံေပၚမွာသံရိုက္ရာရွိတာမႀကိဳက္ဘူးလား။

            သံလိုက္ေတြကနံရံေတြကိုမပ်က္စီးေစဘဲလိုအပ္တဲ့စာရြက္ေတြကိုနံရံမွာခ်ိတ္ထားေပးႏိုင္ပါတယ္။ပံုမွာေဖာ္ျပ ထားတဲ့အခန္းက သံလိုက္ဓာတ္ရွိတဲ့ပလာစတာနဲ႔လုပ္ထားပါ။အလားတူအက်ိဳးသက္ေရာက္မႈမ်ိဳးကိုရရွိခ်င္တယ္ဆိုရင္ သံလိုက္ဓာတ္ရွိတဲ့နံရံသုတ္ေဆးဒါမွမဟုတ္ နံရံမွာကပ္ထားတဲ့သံလိုက္ဘုတ္ျပားကိုအသံုးျပဳႏိုင္ပါတယ္။

၁၀။ကုန္က်စရိတ္ေခၽြတာျခင္း

            ၁၉၇၀ ျပည့္ႏွစ္နဲ႔ ၁၉၈၀ ျပည့္ႏွစ္ဖက္ရွင္ေတြကေမာ္ဒယ္လ္ေလွ်ာက္လမ္းမွာသာမကေနအိမ္တြင္မွာပါ ျပန္လည္ ေခတ္စားလာပါၿပီ။အ၀တ္အစားနဲ႔အျပင္အဆင္ကိုပဲအာရံုစိုက္ေနတာရပ္ၿပီးေဖာ့ျပားေၾကာ္ျငာဘုတ္ကိုအသံုးျပဳၾကည့္ပါ။ ေဖာ့ျပားေတြကိုနံရံမွာတိပ္နဲ႔ကပ္ၿပီးကိုယ္ဖန္တီးခ်င္တဲ့ဒီဇိုင္းနဲ႔လိုက္ဖက္တဲ့ေဆးေရာင္သုတ္ေပးလိုက္ပါ။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar