Month: March 2019

ဖုန္းေရႊနည္းျဖင့္ ၾကည့္မွန္တပ္ဆင္ျခင္း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ မေတန်ခူး မှ
March 29, 2019 နေ့
ဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ရှေးတရုတ်လူမျိုးတို့ရဲ့ ဖုန်းရွှေအယူအဆများမှာ ကြည့်မှန်ကိုထားသိုတဲ့အခါမှာ လွန်စွာအရေးပါလှပါတယ်။ ကြည့်မှန်သည် ဘုန်းရွှေပညာတွင် တွန်းအားတစ်ခုအဖြစ် အမြဲရပ်တည်လျှက်ရှိပါသည်။ တွန်းအားဟုဆိုရာဝယ် ကောင်းသောအရာကို ဆတိုးတိုးကာ တွန်းအားပေးသကဲ့သို့ မကောင်းသောအရာဆိုလျှင်လည်း ဆတိုးတွန်းအားပေးတတ်သောကြောင့် အထူးဂရုပြုသင့်ပါသည်။ ကြည့်မှန်ကို ရုံးခန်းနှင့် နေအိမ်တို့တွင် နေရာမှန်ကန်စွာတပ်ဆင်ခြင်းဖြင့် ကောင်းသောခွန်အားစီးဆင်းမှုနှင့် မင်္ဂလာရှိသော ဖုန်းရွှေစီးဆင်းမှုတို့ကို ဖြစ်ပေါ်စေမည်ဖြစ်သောကြောင့် လေ့လာမှတ်သားထားသင့်ပါသည်။


ဖုန်းရွှေနည်းပညာ အယူအဆများတွင် ကြည့်မှန်များသည် ကောင်းသောခွန်အားသာမက တပ်ဆင်အသုံးပြုသည့် နေရာအထားအသို မမှန်ကန်ပါက မကောင်းသောခွန်အားများကိုပါ သယ်ဆောင်လာတတ်သည့် သဘောသဘာဝလည်းရှိပါသေးသည်။ “ပါ့ကွ”သဘောတရားအရ မှန်မထားသင့်တဲ့အဓိကကျတဲ့ နေရာနှစ်ခုရှိပါသည်။ ထိုနေရာများကတော့ အိမ်ထဲဝင်သည့်ဝင်ပေါက်နှင့် တည့်တည့်နေရာ၊ အိပ်ယာနှင့်မျက်နှာမူနေသည့်နေရာတို့ဖြစ်ကြပါသည်။


ကြည့်မှန်ကိုအိမ်ဝင်ပေါက်ရဲ့ တည့်တည့် (အိမ်ဝင်ပေါက်နှင့်မျက်နှာချင်းဆိုင်) မှာထားတယ်ဆိုလျှင် အိမ်အထဲကို ဝင်လာမည့် ခွန်အားစီးဆင်းမှုတွေကို အဟန့်အတားဖြစ်စေပါသည်။
နေအိမ်များမှာ ကြည့်မှန်ကိုတပ်ဆင်ရန် နေရာများစွာရှိသည့်အနက်တွင် အဝတ်ဘီရိုတွင် ဒေါင်လိုက်အနေအထားဖြင့် တပ်ဆင်ထားသည့် ကြည့်မှန်သည် ကောင်းသောအင်အားရရှိမှုကို ဖြစ်ပေါ်စေပါသည်။
ပြတင်းပေါက်အနီးတွင်ကြည့်မှန်ကိုချိတ်ဆွဲမည်ဆိုပါက ပြတင်းပေါက်မှမြင်ရသည့် မြင်ကွင်းသည် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုဖြစ်ပေသည်။ ကြည့်မှန်တွင် ပုံရိပ်ထင်မည့်အပြင်ပတ်ဝန်းကျင်သည် စိမ်းလန်းစိုပြေသောရှုခင်းမျိုးဖြစ်လျှင် အိမ်အတွင်းသို့ ကောင်းသောအရာတို့ကို ယူဆောင်ပေးနိုင်ပါသည်။


မီးဖိုခန်းတွင် ကြည့်မှန်ချိတ်ဆွဲခြင်းကို ရှောင်ကျဉ်ရပါမည်။ မီးဖိုခန်းများသည် မီးနှင့် မီးဖိုချောင်အမှိုက်သရိုက်များကြောင့် အနှုတ်လက်္ခဏာဆောင်သောတွန်းအားများရှိသည်ဟု ယူဆသောကြောင့် မကောင်းသောခွန်အားတို့တိုးပွားခြင်းကို ဖြစ်စေနိုင်သောကြောင့် ရှောင်ကျဉ်ရန်ဖြစ်ပါသည်။
ကြည့်မှန်ကို ရေချိုးခန်းတွင်ချိတ်ဆွဲသည့်အခါ ဝင်ပေါက်တံခါးနှင့် တည့်တည့် နေရာသော်လည်းကောင်း၊ အိမ်သာနှင့် တည့်တည့်နေရာတွင်သော်လည်းကောင်း ချိတ်ဆွဲခြင်းကို ရှောင်ကျဉ်ရပါမည်။ မကောင်းသောခွန်အားတို့ တိုးပွားခြင်းကို ဟန့်တားနိုင်ရန် ဖြစ်ပါသည်။


စြင်္ကံလျှောက်လမ်းနေရာများသည် ကြည့်မှန်ချိတ်ဆွဲရန် သင့်တော်သော်လည်း စြင်္ကံလျှောက်လမ်း၏ အဆုံးသတ် နေရာတွင် မချိတ်ဆွဲသင့်ပါ။
အိပ်ခန်းအတွင်းတွင် မိမိအိပ်စက်အနားယူရာ အိပ်ရာခြေရင်းတွင် ကြည့်မှန်ရှိနေပါက ကောင်းမွန်စွာအိပ်စက်ခြင်းကို ပိုင်ဆိုင်နိုင်မည်မဟုတ်။
အလုပ်စားပွဲ၏ရှေ့တည့်တည့်တွင် ကြည့်မှန်ထားရှိခြင်းကို ရှောင်ကျဉ်ပါ။ အလုပ်လုပ်နေသူအား အနှောက်အယှက် ဖြစ်စေပြီး အလုပ်တာဝန်များကို ဆတိုးတိုးပွားစေနိုင်ပါသည်။

Zawgyi ျဖင့္ဖတ္ရန္

ေရွးတရုတ္လူမ်ိဳးတို႔ရဲ႕ ဖုန္းေရႊအယူအဆမ်ားမွာ ၾကည့္မွန္္ကိုထားသိုတဲ့အခါမွာ လြန္စြာအေရးပါလွပါတယ္။ ၾကည့္မွန္သည္ ဘုန္းေရႊပညာတြင္ တြန္းအားတစ္ခုအျဖစ္ အၿမဲရပ္တည္လွ်က္ရွိပါသည္။ တြန္းအားဟုဆိုရာ၀ယ္ ေကာင္းေသာအရာကို ဆတိုးတိုးကာ တြန္းအားေပးသကဲ့သို႔ မေကာင္းေသာအရာဆိုလွ်င္လည္း ဆတိုးတြန္းအားေပးတတ္ေသာေၾကာင့္ အထူးဂရုျပဳသင့္ပါသည္။ ၾကည့္မွန္ကို ရံုးခန္းႏွင့္ ေနအိမ္တို႔တြင္ ေနရာမွန္ကန္စြာတပ္ဆင္ျခင္းျဖင့္ ေကာင္းေသာခြန္အားစီးဆင္းမႈႏွင့္ မဂၤလာရွိေသာ ဖုန္းေရႊစီးဆင္းမႈတို႔ကို ျဖစ္ေပၚေစမည္ျဖစ္ေသာေၾကာင့္ ေလ့လာမွတ္သားထားသင့္ပါသည္။
ဖုန္းေရႊနည္းပညာ အယူအဆမ်ားတြင္ ၾကည့္မွန္မ်ားသည္ ေကာင္းေသာခြန္အားသာမက တပ္ဆင္အသံုးျပဳသည့္ ေနရာအထားအသို မမွန္ကန္ပါက မေကာင္းေသာခြန္အားမ်ားကိုပါ သယ္ေဆာင္လာတတ္သည့္ သေဘာသဘာ၀လည္းရွိပါေသးသည္။ “ပါ့ကြ”သေဘာတရားအရ မွန္မထားသင့္တဲ့အဓိကက်တဲ့ ေနရာႏွစ္ခုရွိပါသည္။ ထိုေနရာမ်ားကေတာ့ အိမ္ထဲ၀င္သည့္၀င္ေပါက္ႏွင့္ တည့္တည့္ေနရာ၊ အိပ္ယာနွင့္မ်က္ႏွာမူေနသည့္ေနရာတို႔ျဖစ္ၾကပါသည္။
ၾကည့္မွန္ကိုအိမ္၀င္ေပါက္ရဲ႕ တည့္တည့္ (အိမ္၀င္ေပါက္ႏွင့္မ်က္ႏွာခ်င္းဆိုင္) မွာထားတယ္ဆိုလွ်င္ အိမ္အထဲကို ၀င္လာမည့္ ခြန္အားစီးဆင္းမႈေတြကို အဟန္႔အတားျဖစ္ေစပါသည္။
ေနအိမ္မ်ားမွာ ၾကည့္မွန္ကိုတပ္ဆင္ရန္ ေနရာမ်ားစြာရွိသည့္အနက္တြင္ အ၀တ္ဘီရိုတြင္ ေဒါင္လိုက္အေနအထားျဖင့္ တပ္ဆင္ထားသည့္ ၾကည့္မွန္သည္ ေကာင္းေသာအင္အားရရွိမႈကို ျဖစ္ေပၚေစပါသည္။
ျပတင္းေပါက္အနီးတြင္ၾကည့္မွန္ကိုခ်ိတ္ဆြဲမည္ဆိုပါက ျပတင္းေပါက္မွျမင္ရသည့္ ျမင္ကြင္းသည္ အေရးႀကီးေသာ အခန္းက႑ တစ္ခုျဖစ္ေပသည္။ ၾကည့္မွန္တြင္ ပံုရိပ္ထင္မည့္အျပင္ပတ္၀န္းက်င္သည္ စိမ္းလန္းစိုေျပေသာရႈခင္းမ်ိဳးျဖစ္လွ်င္ အိမ္အတြင္းသို႔ ေကာင္းေသာအရာတို႔ကို ယူေဆာင္ေပးႏိုင္ပါသည္။
မီးဖိုခန္းတြင္ ၾကည့္မွန္ခ်ိတ္ဆြဲျခင္းကို ေရွာင္က်ဥ္ရပါမည္။ မီးဖိုခန္းမ်ားသည္ မီးႏွင့္ မီးဖိုေခ်ာင္အမႈိက္သရိုက္မ်ားေၾကာင့္ အႏႈတ္လက္ၡဏာေဆာင္ေသာတြန္းအားမ်ားရွိသည္ဟု ယူဆေသာေၾကာင့္ မေကာင္းေသာခြန္အားတို႔တိုးပြားျခင္းကို ျဖစ္ေစႏိုင္ေသာေၾကာင့္ ေရွာင္က်ဥ္ရန္ျဖစ္ပါသည္။
ၾကည့္မွန္ကို ေရခ်ိဳးခန္းတြင္ခ်ိတ္ဆြဲသည့္အခါ ၀င္ေပါက္တံခါးႏွင့္ တည့္တည့္ ေနရာေသာ္လည္းေကာင္း၊ အိမ္သာႏွင့္ တည့္တည့္ေနရာတြင္ေသာ္လည္းေကာင္း ခ်ိတ္ဆြဲျခင္းကို ေရွာင္က်ဥ္ရပါမည္။ မေကာင္းေသာခြန္အားတို႔ တိုးပြားျခင္းကို ဟန္႔တားႏိုင္ရန္ ျဖစ္ပါသည္။
စႀကႍေလွ်ာက္လမ္းေနရာမ်ားသည္ ၾကည့္မွန္ခ်ိတ္ဆြဲရန္ သင့္ေတာ္ေသာ္လည္း စႀကႍေလွ်ာက္လမ္း၏ အဆံုးသတ္ ေနရာတြင္ မခ်ိတ္ဆြဲသင့္ပါ။
အိပ္ခန္းအတြင္းတြင္ မိမိအိပ္စက္အနားယူရာ အိပ္ရာေျခရင္းတြင္ ၾကည့္မွန္ရွိေနပါက ေကာင္းမြန္စြာအိပ္စက္ျခင္းကို ပိုင္ဆိုင္ႏိုင္မည္မဟုတ္။
အလုပ္စားပြဲ၏ေရွ႕တည့္တည့္တြင္ ၾကည့္မွန္ထားရွိျခင္းကို ေရွာင္က်ဥ္ပါ။ အလုပ္လုပ္ေနသူအား အေႏွာက္အယွက္ ျဖစ္ေစၿပီး အလုပ္တာ၀န္မ်ားကို ဆတိုးတိုးပြားေစႏိုင္ပါသည္။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

ကုန္က်စရိတ္ေခၽြတာႏိုင္မယ့္ အိမ္ျပဳျပင္မြမ္းမံနည္းမ်ား

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
March 27, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ရေးသူ- လင်းလက် ၊ ဓာတ်ပုံ- အင်တာနက်။
သင့်အိမ်လေးကို ပိုပြီးလှလှပပလေးဖြစ်အောင်၊ ပိုပြီးသက်သောင့်သက်သာရှိအောင် ပြုပြင်မွမ်းမံသွား ဖို့စီစဉ်ထားတယ်ဆိုရင် ကုန်ကျစရိတ်ကိုအရင်စဉ်းစားမလား ဒါမှမဟုတ် အသေးစိတ်ခြစ်ရာလေးကအစ လုံးဝပြီးပြည့်စုံအောင် အနုစိတ်ပြင်ဆင်မွမ်းမံသွားမှာလား စဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။


ဗိသုကာပညာရှင်တစ်ဦးကိုအလုပ်အပ်နှံပြီးပြင်ဆင်မယ်ဆိုရင်တော့ သူကအစီအစဉ်ဆွဲပေးမှာဖြစ်ပေမယ့် ပထမဆုံးအဆင့်မှာကတည်းက ငွေကုန်သက်သာစေဖို့ စဉ်းစားပြီး ကိုယ်တိုင်ပဲ ပရောဂျက်ဆွဲပြီး ကိုယ်တိုင် ပြင်ဆင်မွမ်းမံတော့မယ် ဆိုရင်တော့ ဒီဆောင်းပါးကဏ္ဍလေးက သင့်အတွက် ကုန်ကျစရိတ်သက်သာစွာနဲ့ ပြင်ဆင်နိုင်မယ့် DIY နည်းလမ်းလေးတွေကို ဖော်ပြ ပေးသွားမှာဖြစ်ပါတယ်။
စရိတ်စကအနည်းအကျဉ်းနဲ့ အိမ်ကိုလှပသေသပ်အောင်ပြင်ဆင်နိုင်မယ့် အဓိအချက်က လုပ်ငန်းစဉ် တစ်ခုလုံးကို မူလကတည်းက အကျိုးရှိရှိ စီစဉ်ထားနိုင်ရမှာ ဖြစ်ပါတယ်။ သင့်မှာရှိထားတဲ့နေရာလေးပေါ်မူတည်ပြီး ပြင်ဆင်မွမ်းမံမှုကဏ္ဍတွေ ဘယ်လိုပိုင်းခြားစီစဉ်မလဲ ဆိုတာ ဖော်ပြသွားမှာဖြစ်ပါတယ်။


ပိုင်းခြားစီစဉ်ပါ
အပေါ်မှာဖော်ပြထားခဲ့သလိုပါပဲ။ အစီအစဉ်ရေးဆွဲမှုကောင်းတာက ပြင်ဆင်မွမ်းမံကောင်းတစ်ခုဖြစ်လာစေဖို့အတွက် အဓိကသော့ချက်ပဲဖြစ်ပါတယ်။ သင်ကိုယ်တိုင်ပြင်ဆင်မွမ်းမံတယ်ဆိုရင် သင့်အနေနဲ့ပန်းချီကား ဘောင်အကြီးကြီးကစလို့ အသေးစား အစိတ်အပိုင်းလေးတွေအထိ သင်ကိုယ်တိုင်အာရုံတစိုက်လုပ်ဆောင်ဖို့လိုပါတယ်။ တစ်ကဏ္ဍချင်းစီကိုမှ ထပ်ပေါင်းပြီး လုပ်ရတာထက် ကိုယ့်အတွက် ပရောဂျက်တစ်ခုလုံးကို အရင်ဆုံး ခြုံငုံစဉ်းစားပြီးမှ တစ်ကဏ္ဍချင်းစီကိုထပ်ပြီး အသေးစိတ်ထုတ်ပြီး ပိုင်းခြားစီစဉ်သင့်ပါတယ်။ မွမ်းမံပြင်ဆင်ဖို့ ဗိသုကာတစ်ဦးကို အလုပ်အပ်မယ်ဆိုရင်တော့ ဗိသုကာပညာရှင်ကပဲ သင့်ရဲ့လိုလားချက်တွေနဲ့ ကိုက်ညီစွာ ပြင်ဆင်မွမ်းမံ ပေးမှာဖြစ်ပါတယ်။ သင်ကိုယ်တိုင်ပဲ ဦးစီးပြင်ဆင်မယ်လို့ စိတ်ပိုင်းဖြတ်ထားပြီဆိုရင်တော့ သင်ရဲ့လိုအင်တွေကို သင့်အနေနဲ့ မွှေနှောက် စဉ်းစားဖို့လိုအပ်ပြီး သင့်အိမ်တစ်အိမ်လုံးရဲ့ နေရာတစ်ခုစီတိုင်းကို ဘယ်လိုအသုံးပြုမလဲဆိုတဲ့ ကဏ္ဍကနေ စတင်ခြုံငုံသုံးသပ်ပြီးမှ ပြင်ဆင်မွမ်းမံ ဖို့ဆီ ရှေ့တိုးလုပ်ဆောင်ရမှာဖြစ်ပါတယ်။
စရိတ်တွက်ခြင်း
သင့်အိမ်ကို ငွေကုန်သက်သာစွာနဲ့ ပြင်ဆင်လိုပြီဆိုမှတော့ ပြင်ဆင်မွမ်းမံမှုအားလုံးအတွက် စုစုပေါင်းလိုအပ်တာနဲ့ သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်တွေကို ယှဉ်ထိုးစဉ်းစားဖို့က အရေးပါလာပါပြီ။ ဒီတော့ ကုန်ကျစရိတ်တွက်တဲ့အခါ ပိုပိုသာသာ တွက်ထားတာမျိုး မလုပ်ပါနဲ့။ ကုန်ကျစရိတ်ကို အသက်သာဆုံးဆိုတာတွေကို အတတ်နိုင်ဆုံးမှန်းဆတွက်ထားပြီးတော့မှ ဒီကုန်ကျစရိတ်နဲ့လည်း အံဝင်မယ့် လိုချင်တဲ့အရာတွေကို ဈေးကွက်မှာ လိုက်ရှာဝယ်ထားရမှာဖြစ်ပါတယ်။


ရှာဖွေပါ
အိမ်ပြင်ဆင်မွမ်းမံဖို့ ရှာဖွေမှုစတင်ပြီဆိုတာနဲ့ သင့်မှာ ဘယ်လောက်တောင်ရွေးချယ်စရာတွေများနေသလဲဆိုတာ သင်အံ့အားသင့်သွားပါလိမ့်မယ်။ တန်ဖိုးမြင့်အရောင်းဆိုင်ကြီးတွေမှာသင့်အကြိုက်တွေ့လာခဲ့တဲ့ မီးအိမ်လှလှလေးတစ်ခုက တကယ်လည်း လိုက်ရှာကြည့်လိုက်ရော ပိုဈေးချိုနေတဲ့ ဆိုင်တွေရော၊ ပိုဈေးကြီးနေတဲ့ဆိုင်တွေမှာပါ သင်တွေ့လာပါလိမ်မယ်။ ဒါကြောင့် စရိတ်အခြွေတာ ဆုံးနဲ့အိမ်ပြင်ဆင်မယ်ဆိုရင် ဈေးလည်းသက်သာပြီး သင်လည်းကြိုက်တဲ့ပရိဘောဂမျိုးကို အရင်ဝယ်ပါ။ ပြီးရင် သင်အကြိုက် တွေ့ထား ခဲ့ပြီးသား ပရိဘောဂပုံစံမျိုးနဲ့ ဆင်တူအောင် ဆေးပြန်သုတ်တာ၊ အလှဆင်တာလေးတွေ သင့်စိတ်ကြိုက်လုပ်ပေးပါ။ ဆိုင်ပေါ်က အဆင်သင့်ဝယ်ယူတဲ့ ပရိဘောဂတွေထက် ပိုပြီးဈေးသက်သာတဲ့အပြင် ကိုယ့်စိတ်တိုင်းကျလည်းရစေမှာမို့ ဒီနည်းလမ်းကို မှတ်သားထားပါ။ အွန်လိုင်းမှာ တပတ်ရစ် အရောင်းပို့စ်တွေလည်း ရှိတတ်ပါတယ်။ ဒီထဲကနေ သင့်အကြိုက်ပုံစံအတိုင်းလည်း ရနိုင်သလို၊ ကိုယ်တိုင်ပြန် အလှဆင်ပြီး စိတ်ကြိုက်ပုံနဲ့ အနီးစပ်ဆုံးဖြစ်အောင် ပြုပြင်သုံးလို့ရတဲ့ ပရိဘောဂတွေလည်း ရှာတွေ့နိုင်ပါတယ်။
မြင်မြင်ချင်းအထင်ကြီးဖွယ်တံခါး
သင့်အိမ်ကိုရောက်လာတာနဲ့ ပထမဆုံးမြင်မြင်ချင်းမှာ အထင်ကြီးသွားစေဖို့ ပြင်ဆင်မွမ်းမံထားနိုင်တဲ့နေရာက တံခါးပဲဖြစ်ပါတယ်။ တံခါးကို အလုံးစုံလဲတပ်ဖို့ မတတ်နိုင်သေးရင်တောင်မှ အကောင်းတိုင်းရှိနေပြီးသားတံခါးကိုပဲ ဆေးအသစ်ပြန်သုတ်ပြီး မွမ်းမံနိုင်ပါတယ်။ တံခါးရဲ့ဆေးအရောင်က အခန်းအလင်းအမှောင်ကိုလည်း သက်ရောက်မှုရှိစေပါတယ်။ မှောင်မှိုင်းတဲ့ အခန်းမျိုးမှာ နံရံတွေက ဘာအရောင်ပဲဖြစ်နေနေ၊ မျက်နှာကြက်၊ အနားဘောင်ကွတ်တွေနဲ့ တံခါးတွေမှာတော့ နံရံကဆေးရောင်ထက် ၅၀ရာခိုင်နှုန်းပိုလင်းတဲ့ အရောင်မျိုး သုတ်ထားပေးရင် အခန်းကို လင်းသွားစေပါတယ်။ ဒါကြောင့် သင့်အခန်းရဲ့အလင်းအမှောင်ပုံစံကို ကုန်ကျစ ရိတ်အသက်သာဆုံးနဲ့ ပြောင်းလဲလိုတယ်ဆိုရင် အခန်းထဲမှာ များများစားစားပြင်ဆင်နေစရာမလိုဘဲ တံခါးကိုဆေးအရောင်ပြောင်းလိုက်ရုံနဲ့ ၅၀ ရာခိုင်နှုန်း လောက်က သိသိသာသာ ပြောင်းလဲသွားမှာဖြစ်ပါတယ်။
အလင်းရောင်ကိုသိသာပြောင်းလဲစေမည့်ဆေးရောင်
ဆေးရောင်က အလင်းအမှောင်ကို သိသာစွာ ပြောင်းလဲစေပါတယ်။ ဒါကြောင့်သင့်အိမ်ကို ပြန်ပြီး ပြင်ဆင်မွမ်းမံမယ်ဆိုရင် ဆေးရောင်အသစ်တစ်မျိုး ပြောင်းသုတ်သင့်ပါတယ်။ လိုချင်စရာကောင်းတဲ့ ဆေးရောင်တွေက အများသားဆိုတော့ ဘာကိုရွေးရမလဲ ဆုံးဖြတ်ရကျပ်တတ်ပါတယ်။ သင့်အနေနဲ့ အကုန်အကျလည်း ခြွေတာမယ်၊ ခေတ်ဆန်တဲ့အသွင်မျိုး ဖန်တီးမယ်ဆိုရင်တော့ အဖြူနဲ့အနက်ကိုသာ ရွေးချယ်ပါ။ အဖြူနဲ့အနက်က သင့်အိမ်ကို ဘယ်တော့မှ အရွေးမမှားစေမယ့် ခေတ်ဆန်တဲ့အရောင်တွေဖြစ်ပြီး အချိန်ကန့်သတ်မှု ပြင်ပမှာ အမြဲရှိနေတဲ့အရောင်တွေပဲဖြစ်ပါတယ်။


အခန်းကျဉ်းတွေ ကျယ်တဲ့အသွင်ဖြစ်စေမည့်နည်း
သင့်အိမ်က ကျဉ်းတာကို ပိုပြီးကျယ်ဝန်းတဲ့အသွင်ဖြစ်အောင် ပြုပြင်ချင်တယ်၊ လှလှပပလေးနဲ့ အကုန် အကျ လည်းနည်းရမယ်ဆိုရင်တော့ ကြည့်မှန်ချပ်တွေ ထည့်သွင်းပြင်ဆင်ပေးပါ။ ကြည့်မှန်ချပ်တွေက နေရာအတိုင်းအဆကို ပိုပြီးကျယ်ပြောသွားတဲ့အသွင်ဖြစ်စေတာကြောင့် အခန်းကျဉ်းလေးထဲ လှောင်ပိတ်ပြီး မွန်းကျပ်နေရတဲ့ ခံစားချက်မျိုး မကြိုက်တဲ့သူတွေအနေနဲ့ အခန်းကျဉ်းတွေမှာ ကြည့်မှန်တွေကို အထာကျကျလေးထည့်တပ်ပေးပါ။
မီးဖိုချောင်နှင့်သိုလှောင်ခန်း
အခန်းတွေမွမ်းမံပြင်ဆင်တဲ့အခါ ပစ္စည်းအတိုအထွာတွေနဲ့ ပွရှုပ်နေတာမျိုးမရှိဘဲ သပ်သပ်ရပ်ရပ်၊ လှလှပပလေးဖြစ်လိုရင် သိုလှောင်ခန်းကို ခပ်ကြီးကြီးထားပေးဖို့လိုပါတယ်။ မီးဖိုခန်းကို နေရာကျယ်ကျယ်ထားပေးပြီး ချက်ပြုတ်တဲ့ပစ္စည်းတွေကို သေချာနေရာချ သိမ်းဆည်းပေးမယ်ဆိုရင်လည်း သိုလှောင်ခန်းဖယ်ထားဖို့ကို လျှော့တွက်လိုက်လို့ရပါတယ်။ မီးဖိုခန်းမှာ ကုန်ပစ္စည်းတွေသိုလှောင်ဖို့ဆိုရင် ပြန်အသုံးချနိုင်တဲ့ ပစ္စည်းတွေနဲ့ DIY မီးဖိုခန်းဘီရိုတွေ ဒါမှမဟုတ် သိုလှောင်ဖို့နေရာတွေ ဖန်တီးလုပ်ယူနိုင်ပါတယ်။ ဒါမှမဟုတ် တစ်ပတ်ရစ်ဆိုင် လေးတွေမှာ ဈေးချိုချိုနဲ့ရနိုင်တဲ့ မီးဖိုခန်းဘီရိုတွေ ရှာဝယ်အသုံးပြုနိုင်ပါတယ်။
သင့်မီးဖိုခန်းအကျယ်ကို သင့်ထက် ဘယ်သူကမှ ပိုပြီးသိနိုင်မှာ မဟုတ်ပါဘူး။ သင့်မီးဖိုခန်းမှာ လိုအပ်နေတဲ့ ဘီရိုခန်းနေရာတွေကို DIY နည်းတွေလေ့လာပြီး ပြန်လည်အသုံးချနိုင်တဲ့ ပစ္စည်းတွေ ရှာဖွေပြီး သင်ကိုယ်တိုင်ဖန်တီးပြုလုပ်ပါ။ ပစ္စည်းဟောင်းတွေကို ပုံစံအသစ်နဲ့ ပြန်လည်အသုံးချတာက ငွေကုန်သက်သာစေရုံသာမက ကိုယ့်စိတ်ကြိုက်ဖန်တီးယူရတာဖြစ်တာမို့ စိတ်ကျေနပ်စရာကောင်းပြီး အကျိုးရှိစေတဲ့နည်းပဲဖြစ်ပါတယ်။ မီးဖိုခန်းဘီရိုဟောင်းတွေကို အသစ်နဲ့အစားထိုးလဲပစ်စရာမလိုပါဘူး။ ဆေးပြန်သုတ်တာပဲဖြစ်ဖြစ်၊ ပေါလစ် အရောင်ပြန်တင်တာပဲဖြစ်ဖြစ် ပြုလုပ်ပေးလိုက်ရုံနဲ့ အသစ်နီးပါး လှပသွားမှာပါ။
ပြတင်းပေါက်တွေကဝင်လာတဲ့ အလင်းရောင်
အိမ်ထဲမှာနေပြီး အိမ်ပြင်ဘက်ကို မြင်တွေ့နေစေတာက မွမ်းမံမှုကို တစ်ဝက်သက်သာစေမှာဖြစ်ပါတယ်။ ပြတင်း ပေါက်တွေမှာ မှန်ချပ်အကြီးစားတွေ တပ်ဆင်ပြီးမွမ်းမံပြင်ဆင်ကြပေမယ့် ပြတင်းပေါက်မှန်တွေကို ပြင်ဆင်ဖို့အတွက် ပိုက်ဆံ အများကြီးမသုံးချင်ဘူးဆိုရင် ပြတင်းတံခါးဘောင်တွေ ဒါမှမဟုတ် ပြတင်းပေါက်တွေ ရှိတဲ့နံရံကို အိမ်ရဲ့အခြားနေရာတွေထက် ပိုပြီး လင်းဖျော့တဲ့ အရောင်မျိုးသုတ်ပေးပါ။ ပြတင်းပေါက်တွေကနေ ဝင်လာတဲ့အလင်းရောင်နဲ့ ပေါင်းစည်းပြီး ပိုပြီးလင်းထင်းသွားစေပြီး လွတ်လပ် ပေါ့ပါးတဲ့အသွင်မျိုးဖြစ်သွားစေမှာပါ။
ရေချိုးခန်းပြင်ဆင်ခြင်း
ဈေးလည်းသိပ်မများဘဲ ရေချိုးခန်းထဲမှာ အရည်အသွေးကောင်းတဲ့ပစ္စည်းတွေအသုံးပြုနိုင်တယ်ဆိုရင် အံ့သြသွားမလား။ အိမ်သာအိုးကို အသစ်လဲလိုက်ပြီး ကျန်တဲ့အရာတွေကို အသစ်ပြန်မသုံးတော့ဘဲ ဒီတိုင်း ခြွေတာမယ်ဆိုရင်တောင် နံရံဆေး အရောင်ပြောင်းသုတ်တာ၊ ဘီရိုအရောင်ပြောင်းသုတ်တာ၊ ရေပန်းပိုက်ခေါင်းက ရေဖိအားကို ပြန်ကောင်းအောင်ပြင်ပေးတာမျိုးလေးတွေပဲ လုပ်ပေးရုံပါပဲ။ ဒီနည်းက စရိတ်နည်းနည်းနဲ့ သိသာ ထိရောက်တဲ့ရေချိုးခန်းပြင်ဆင်မှုပဲ ဖြစ်ပါတယ်။
ကြမ်းခင်းပြင်ဆင်ခြင်း
စရိတ်ခြွေတာတဲ့ ပြုပြင်မွမ်းမံမှုမျိုးလုပ်တဲ့အခါ ကြမ်းခင်းပြင်ဆင်မှုက အကုန်အကျများတတ်တဲ့ ကဏ္ဍလို့ သတ်မှတ် ကြပါတယ်။ ဒီတော့ ကိုယ့်အိ်မ်ကို အကြီးစားပြုပြင်မွမ်းမံမှုလုပ်တဲ့အခါ ကြမ်းခင်းပြင်ဆင်ရတဲ့ စရိတ်ကို ဘယ်လိုခြွေတာကြမလဲ။ လွယ်ပါတယ်။ ဆိုးဆိုးရွားရွားပျက်စီးနေတဲ့ ကြမ်းခင်းမျိုးမဟုတ်ရင် ကြမ်းခင်းကို အသစ်လဲပစ်တာမျိုးမလုပ်ဘဲ မူလကြမ်းခင်းကို ဒီတိုင်း ဆက်ထားပြီး အခန်းထဲက အခြားအပြင်အဆင်တွေမှာမှ ဒီကြမ်းခင်းဒီဇိုင်းနဲ့ လိုက်ဖက်တဲ့အပြင်အဆင်မျိုး ထည့်သွင်းပြီး ပြုပြင်မွမ်းမံလိုက်ရုံပါပဲ။
Ref; entrepreneur
—————- ။ —————–

Zawgyi ျဖင့္ဖတ္ရန္….

ေရးသူ- လင္းလက္ ၊ ဓာတ္ပံု- အင္တာနက္။
သင့္အိမ္ေလးကို ပိုၿပီးလွလွပပေလးျဖစ္ေအာင္၊ ပိုၿပီးသက္ေသာင့္သက္သာရွိေအာင္ ျပဳျပင္မြမ္းမံသြား ဖို႔စီစဥ္ထားတယ္ဆိုရင္ ကုန္က်စရိတ္ကိုအရင္စဥ္းစားမလား ဒါမွမဟုတ္ အေသးစိတ္ျခစ္ရာေလးကအစ လံုး၀ၿပီးျပည့္စံုေအာင္ အႏုစိတ္ျပင္ဆင္မြမ္းမံသြားမွာလား စဥ္းစားဆံုးျဖတ္ရမွာျဖစ္ပါတယ္။
ဗိသုကာပညာရွင္တစ္ဦးကိုအလုပ္အပ္ႏွံၿပီးျပင္ဆင္မယ္ဆိုရင္ေတာ့ သူကအစီအစဥ္ဆြဲေပးမွာျဖစ္ေပမယ့္ ပထမဆံုးအဆင့္မွာကတည္းက ေငြကုန္သက္သာေစဖို႔ စဥ္းစားၿပီး ကိုယ္တိုင္ပဲ ပေရာဂ်က္ဆြဲၿပီး ကိုယ္တိုင္ ျပင္ဆင္မြမ္းမံေတာ႕မယ္ ဆိုရင္ေတာ့ ဒီေဆာင္းပါးက႑ေလးက သင့္အတြက္ ကုန္က်စရိတ္သက္သာစြာနဲ႔ ျပင္ဆင္ႏိုင္မယ့္ DIY နည္းလမ္းေလးေတြကို ေဖာ္ျပ ေပးသြားမွာျဖစ္ပါတယ္။
စရိတ္စကအနည္းအက်ဥ္းနဲ႔ အိမ္ကိုလွပေသသပ္ေအာင္ျပင္ဆင္ႏိုင္မယ့္ အဓိအခ်က္က လုပ္ငန္းစဥ္ တစ္ခုလံုးကို မူလကတည္းက အက်ဳိးရွိရွိ စီစဥ္ထားႏိုင္ရမွာ ျဖစ္ပါတယ္။ သင့္မွာရွိထားတဲ့ေနရာေလးေပၚမူတည္ၿပီး ျပင္ဆင္မြမ္းမံမႈက႑ေတြ ဘယ္လိုပိုင္းျခားစီစဥ္မလဲ ဆိုတာ ေဖာ္ျပသြားမွာျဖစ္ပါတယ္။
ပိုင္းျခားစီစဥ္ပါ
အေပၚမွာေဖာ္ျပထားခဲ့သလိုပါပဲ။ အစီအစဥ္ေရးဆြဲမႈေကာင္းတာက ျပင္ဆင္မြမ္းမံေကာင္းတစ္ခုျဖစ္လာေစဖို႔အတြက္ အဓိကေသာ့ခ်က္ပဲျဖစ္ပါတယ္။ သင္ကိုယ္တိုင္ျပင္ဆင္မြမ္းမံတယ္ဆိုရင္ သင့္အေနနဲ႔ပန္းခ်ီကား ေဘာင္အႀကီးႀကီးကစလို႔ အေသးစား အစိတ္အပိုင္းေလးေတြအထိ သင္ကိုယ္တိုင္အာရံုတစိုက္လုပ္ေဆာင္ဖို႔လိုပါတယ္။ တစ္က႑ခ်င္းစီကိုမွ ထပ္ေပါင္းၿပီး လုပ္ရတာထက္ ကိုယ့္အတြက္ ပေရာဂ်က္တစ္ခုလံုးကို အရင္ဆံုး ၿခံဳငံုစဥ္းစားၿပီးမွ တစ္က႑ခ်င္းစီကိုထပ္ၿပီး အေသးစိတ္ထုတ္ၿပီး ပိုင္းျခားစီစဥ္သင့္ပါတယ္။ မြမ္းမံျပင္ဆင္ဖို႔ ဗိသုကာတစ္ဦးကို အလုပ္အပ္မယ္ဆိုရင္ေတာ့ ဗိသုကာပညာရွင္ကပဲ သင့္ရဲ႕လိုလားခ်က္ေတြနဲ႔ ကိုက္ညီစြာ ျပင္ဆင္မြမ္းမံ ေပးမွာျဖစ္ပါတယ္။ သင္ကိုယ္တိုင္ပဲ ဦးစီးျပင္ဆင္မယ္လို႔ စိတ္ပိုင္းျဖတ္ထားၿပီဆိုရင္ေတာ့ သင္ရဲ႕လိုအင္ေတြကို သင့္အေနနဲ႔ ေမႊေႏွာက္ စဥ္းစားဖို႔လိုအပ္ၿပီး သင့္အိမ္တစ္အိမ္လံုးရဲ႕ ေနရာတစ္ခုစီတိုင္းကို ဘယ္လိုအသံုးျပဳမလဲဆိုတဲ့ က႑ကေန စတင္ၿခံဳငံုသံုးသပ္ၿပီးမွ ျပင္ဆင္မြမ္းမံ ဖို႔ဆီ ေရွ႕တိုးလုပ္ေဆာင္ရမွာျဖစ္ပါတယ္။
စရိတ္တြက္ျခင္း
သင့္အိမ္ကို ေငြကုန္သက္သာစြာနဲ႔ ျပင္ဆင္လိုၿပီဆိုမွေတာ့ ျပင္ဆင္မြမ္းမံမႈအားလံုးအတြက္ စုစုေပါင္းလိုအပ္တာနဲ႔ သတ္မွတ္ထားတဲ့ ကုန္က်စရိတ္ေတြကို ယွဥ္ထိုးစဥ္းစားဖို႔က အေရးပါလာပါၿပီ။ ဒီေတာ့ ကုန္က်စရိတ္တြက္တဲ့အခါ ပိုပိုသာသာ တြက္ထားတာမ်ဳိး မလုပ္ပါနဲ႔။ ကုန္က်စရိတ္ကုိ အသက္သာဆံုးဆိုတာေတြကို အတတ္ႏိုင္ဆံုးမွန္းဆတြက္ထားၿပီးေတာ့မွ ဒီကုန္က်စရိတ္နဲ႔လည္း အံ၀င္မယ့္ လိုခ်င္တဲ့အရာေတြကို ေစ်းကြက္မွာ လိုက္ရွာ၀ယ္ထားရမွာျဖစ္ပါတယ္။
ရွာေဖြပါ
အိမ္ျပင္ဆင္မြမ္းမံဖို႔ ရွာေဖြမႈစတင္ၿပီဆိုတာနဲ႔ သင့္မွာ ဘယ္ေလာက္ေတာင္ေရြးခ်ယ္စရာေတြမ်ားေနသလဲဆိုတာ သင္အံ့အားသင့္သြားပါလိမ့္မယ္။ တန္ဖိုးျမင့္အေရာင္းဆိုင္ႀကီးေတြမွာသင့္အႀကိဳက္ေတြ႔လာခ့ဲတဲ့ မီးအိမ္လွလွေလးတစ္ခုက တကယ္လည္း လိုက္ရွာၾကည့္လိုက္ေရာ ပိုေစ်းခ်ဳိေနတ့ဲ ဆိုင္ေတြေရာ၊ ပိုေစ်းႀကီးေနတဲ့ဆိုင္ေတြမွာပါ သင္ေတြ႔လာပါလိမ္မယ္။ ဒါေၾကာင့္ စရိတ္အေႁခြတာ ဆံုးနဲ႔အိမ္ျပင္ဆင္မယ္ဆိုရင္ ေစ်းလည္းသက္သာၿပီး သင္လည္းႀကိဳက္တဲ့ပရိေဘာဂမ်ဳိးကို အရင္၀ယ္ပါ။ ၿပီးရင္ သင္အႀကိဳက္ ေတြ႔ထား ခဲ့ၿပီးသား ပရိေဘာဂပံုစံမ်ဳိးနဲ႔ ဆင္တူေအာင္ ေဆးျပန္သုတ္တာ၊ အလွဆင္တာေလးေတြ သင့္စိတ္ႀကိဳက္လုပ္ေပးပါ။ ဆိုင္ေပၚက အဆင္သင့္၀ယ္ယူတဲ့ ပရိေဘာဂေတြထက္ ပိုၿပီးေစ်းသက္သာတဲ့အျပင္ ကိုယ့္စိတ္တိုင္းက်လည္းရေစမွာမို႔ ဒီနည္းလမ္းကို မွတ္သားထားပါ။ အြန္လိုင္းမွာ တပတ္ရစ္ အေရာင္းပို႔စ္ေတြလည္း ရွိတတ္ပါတယ္။ ဒီထဲကေန သင့္အႀကိဳက္ပံုစံအတိုင္းလည္း ရႏိုင္သလို၊ ကိုယ္တိုင္ျပန္ အလွဆင္ၿပီး စိတ္ႀကိဳက္ပံုနဲ႔ အနီးစပ္ဆံုးျဖစ္ေအာင္ ျပဳျပင္သံုးလို႔ရတဲ့ ပရိေဘာဂေတြလည္း ရွာေတြ႔ႏိုင္ပါတယ္။
ျမင္ျမင္ခ်င္းအထင္ႀကီးဖြယ္တံခါး
သင့္အိမ္ကိုေရာက္လာတာန႔ဲ ပထမဆံုးျမင္ျမင္ခ်င္းမွာ အထင္ႀကီးသြားေစဖို႔ ျပင္ဆင္မြမ္းမံထားႏိုင္တဲ့ေနရာက တံခါးပဲျဖစ္ပါတယ္။ တံခါးကုိ အလံုးစံုလဲတပ္ဖို႔ မတတ္ႏိုင္ေသးရင္ေတာင္မွ အေကာင္းတိုင္းရွိေနၿပီးသားတံခါးကိုပဲ ေဆးအသစ္ျပန္သုတ္ၿပီး မြမ္းမံႏိုင္ပါတယ္။ တံခါးရဲ႕ေဆးအေရာင္က အခန္းအလင္းအေမွာင္ကိုလည္း သက္ေရာက္မႈရွိေစပါတယ္။ ေမွာင္မိႈင္းတဲ့ အခန္းမ်ဳိးမွာ နံရံေတြက ဘာအေရာင္ပဲျဖစ္ေနေန၊ မ်က္ႏွာၾကက္၊ အနားေဘာင္ကြတ္ေတြနဲ႔ တံခါးေတြမွာေတာ့ နံရံကေဆးေရာင္ထက္ ၅၀ရာခိုင္ႏႈန္းပိုလင္းတဲ့ အေရာင္မ်ဳိး သုတ္ထားေပးရင္ အခန္းကို လင္းသြားေစပါတယ္။ ဒါေၾကာင့္ သင့္အခန္းရဲ႕အလင္းအေမွာင္ပံုစံကို ကုန္က်စ ရိတ္အသက္သာဆံုးနဲ႔ ေျပာင္းလဲလိုတယ္ဆိုရင္ အခန္းထဲမွာ မ်ားမ်ားစားစားျပင္ဆင္ေနစရာမလိုဘဲ တံခါးကိုေဆးအေရာင္ေျပာင္းလိုက္ရံုနဲ႔ ၅၀ ရာခိုင္ႏႈန္း ေလာက္က သိသိသာသာ ေျပာင္းလဲသြားမွာျဖစ္ပါတယ္။
အလင္းေရာင္ကိုသိသာေျပာင္းလဲေစမည့္ေဆးေရာင္
ေဆးေရာင္က အလင္းအေမွာင္ကို သိသာစြာ ေျပာင္းလဲေစပါတယ္။ ဒါေၾကာင့္သင့္အိမ္ကို ျပန္ၿပီး ျပင္ဆင္မြမ္းမံမယ္ဆိုရင္ ေဆးေရာင္အသစ္တစ္မ်ဳိး ေျပာင္းသုတ္သင့္ပါတယ္။ လိုခ်င္စရာေကာင္းတဲ့ ေဆးေရာင္ေတြက အမ်ားသားဆိုေတာ့ ဘာကိုေရြးရမလဲ ဆံုးျဖတ္ရက်ပ္တတ္ပါတယ္။ သင့္အေနနဲ့ အကုန္အက်လည္း ေႁခြတာမယ္၊ ေခတ္ဆန္တဲ့အသြင္မ်ဳိး ဖန္တီးမယ္ဆိုရင္ေတာ့ အျဖဴနဲ႔အနက္ကိုသာ ေရြးခ်ယ္ပါ။ အျဖဴနဲ႔အနက္က သင့္အိမ္ကို ဘယ္ေတာ့မွ အေရြးမမွားေစမယ့္ ေခတ္ဆန္တဲ့အေရာင္ေတြျဖစ္ၿပီး အခ်ိန္ကန္႔သတ္မႈ ျပင္ပမွာ အၿမဲရွိေနတဲ့အေရာင္ေတြပဲျဖစ္ပါတယ္။
အခန္းက်ဥ္းေတြ က်ယ္တဲ့အသြင္ျဖစ္ေစမည့္နည္း
သင့္အိမ္က က်ဥ္းတာကို ပိုၿပီးက်ယ္၀န္းတဲ့အသြင္ျဖစ္ေအာင္ ျပဳျပင္ခ်င္တယ္၊ လွလွပပေလးနဲ႔ အကုန္ အက် လည္းနည္းရမယ္ဆိုရင္ေတာ့ ၾကည့္မွန္ခ်ပ္ေတြ ထည့္သြင္းျပင္ဆင္ေပးပါ။ ၾကည့္မွန္ခ်ပ္ေတြက ေနရာအတိုင္းအဆကို ပိုၿပီးက်ယ္ေျပာသြားတ့ဲအသြင္ျဖစ္ေစတာေၾကာင့္ အခန္းက်ဥ္းေလးထဲ ေလွာင္ပိတ္ၿပီး မြန္းက်ပ္ေနရတဲ့ ခံစားခ်က္မ်ဳိး မႀကိဳက္တဲ့သူေတြအေနနဲ႔ အခန္းက်ဥ္းေတြမွာ ၾကည့္မွန္ေတြကို အထာက်က်ေလးထည့္တပ္ေပးပါ။
မီးဖိုေခ်ာင္ႏွင့္သိုေလွာင္ခန္း
အခန္းေတြမြမ္းမံျပင္ဆင္တဲ့အခါ ပစၥည္းအတိုအထြာေတြနဲ႔ ပြရႈပ္ေနတာမ်ဳိးမရွိဘဲ သပ္သပ္ရပ္ရပ္၊ လွလွပပေလးျဖစ္လိုရင္ သိုေလွာင္ခန္းကို ခပ္ႀကီးႀကီးထားေပးဖို႔လိုပါတယ္။ မီးဖိုခန္းကို ေနရာက်ယ္က်ယ္ထားေပးၿပီး ခ်က္ျပဳတ္တဲ့ပစၥည္းေတြကို ေသခ်ာေနရာခ် သိမ္းဆည္းေပးမယ္ဆိုရင္လည္း သိုေလွာင္ခန္းဖယ္ထားဖို႔ကို ေလွ်ာ့တြက္လိုက္လို႔ရပါတယ္။ မီးဖိုခန္းမွာ ကုန္ပစၥည္းေတြသိုေလွာင္ဖုိ႔ဆိုရင္ ျပန္အသံုးခ်ႏိုင္တဲ့ ပစၥည္းေတြနဲ႔ DIY မီးဖိုခန္းဘီရိုေတြ ဒါမွမဟုတ္ သိုေလွာင္ဖို႔ေနရာေတြ ဖန္တီးလုပ္ယူႏိုင္ပါတယ္။ ဒါမွမဟုတ္ တစ္ပတ္ရစ္ဆိုင္ ေလးေတြမွာ ေစ်းခ်ဳိခ်ဳိနဲ႔ရႏိုင္တဲ့ မီးဖိုခန္းဘီရိုေတြ ရွာ၀ယ္အသံုးျပဳႏိုင္ပါတယ္။
သင့္မီးဖိုခန္းအက်ယ္ကို သင့္ထက္ ဘယ္သူကမွ ပိုၿပီးသိႏုိင္မွာ မဟုတ္ပါဘူး။ သင့္မီးဖိုခန္းမွာ လိုအပ္ေနတဲ့ ဘီရုိခန္းေနရာေတြကို DIY နည္းေတြေလ့လာၿပီး ျပန္လည္အသံုးခ်ႏိုင္တဲ့ ပစၥည္းေတြ ရွာေဖြၿပီး သင္ကိုယ္တိုင္ဖန္တီးျပဳလုပ္ပါ။ ပစၥည္းေဟာင္းေတြကို ပံုစံအသစ္နဲ႔ ျပန္လည္အသံုးခ်တာက ေငြကုန္သက္သာေစရုံသာမက ကိုယ့္စိတ္ႀကိဳက္ဖန္တီးယူရတာျဖစ္တာမို႔ စိတ္ေက်နပ္စရာေကာင္းၿပီး အက်ဳိးရွိေစတဲ့နည္းပဲျဖစ္ပါတယ္။ မီးဖိုခန္းဘီရိုေဟာင္းေတြကို အသစ္နဲ႔အစားထိုးလဲပစ္စရာမလိုပါဘူး။ ေဆးျပန္သုတ္တာပဲျဖစ္ျဖစ္၊ ေပါလစ္ အေရာင္ျပန္တင္တာပဲျဖစ္ျဖစ္ ျပဳလုပ္ေပးလိုက္ရံုနဲ႔ အသစ္နီးပါး လွပသြားမွာပါ။
ျပတင္းေပါက္ေတြက၀င္လာတဲ့ အလင္းေရာင္
အိမ္ထဲမွာေနၿပီး အိမ္ျပင္ဘက္ကို ျမင္ေတြ႔ေနေစတာက မြမ္းမံမႈကို တစ္၀က္သက္သာေစမွာျဖစ္ပါတယ္။ ျပတင္း ေပါက္ေတြမွာ မွန္ခ်ပ္အႀကီးစားေတြ တပ္ဆင္ၿပီးမြမ္းမံျပင္ဆင္ၾကေပမယ့္ ျပတင္းေပါက္မွန္ေတြကို ျပင္ဆင္ဖို႔အတြက္ ပိုက္ဆံ အမ်ားႀကီးမသံုးခ်င္ဘူးဆိုရင္ ျပတင္းတံခါးေဘာင္ေတြ ဒါမွမဟုတ္ ျပတင္းေပါက္ေတြ ရွိတဲ့နံရံကို အိမ္ရဲ႕အျခားေနရာေတြထက္ ပိုၿပီး လင္းေဖ်ာ့တဲ့ အေရာင္မ်ဳိးသုတ္ေပးပါ။ ျပတင္းေပါက္ေတြကေန ၀င္လာတဲ့အလင္းေရာင္နဲ႔ ေပါင္းစည္းၿပီး ပိုၿပီးလင္းထင္းသြားေစၿပီး လြတ္လပ္ ေပါ့ပါးတဲ့အသြင္မ်ဳိးျဖစ္သြားေစမွာပါ။
ေရခ်ဳိးခန္းျပင္ဆင္ျခင္း
ေစ်းလည္းသိပ္မမ်ားဘဲ ေရခ်ဳိးခန္းထဲမွာ အရည္အေသြးေကာင္းတဲ့ပစၥည္းေတြအသံုးျပဳႏိုင္တယ္ဆိုရင္ အံ့ၾသသြားမလား။ အိမ္သာအိုးကို အသစ္လဲလိုက္ၿပီး က်န္တဲ့အရာေတြကို အသစ္ျပန္မသံုးေတာ့ဘဲ ဒီတိုင္း ေႁခြတာမယ္ဆိုရင္ေတာင္ နံရံေဆး အေရာင္ေျပာင္းသုတ္တာ၊ ဘီရိုအေရာင္ေျပာင္းသုတ္တာ၊ ေရပန္းပိုက္ေခါင္းက ေရဖိအားကို ျပန္ေကာင္းေအာင္ျပင္ေပးတာမ်ဳိးေလးေတြပဲ လုပ္ေပးရုံပါပဲ။ ဒီနည္းက စရိတ္နည္းနည္းနဲ႔ သိသာ ထိေရာက္တဲ့ေရခ်ဳိးခန္းျပင္ဆင္မႈပဲ ျဖစ္ပါတယ္။
ၾကမ္းခင္းျပင္ဆင္ျခင္း
စရိတ္ေႁခြတာတဲ့ ျပဳျပင္မြမ္းမံမႈမ်ဳိးလုပ္တဲ့အခါ ၾကမ္းခင္းျပင္ဆင္မႈက အကုန္အက်မ်ားတတ္တဲ့ က႑လို႔ သတ္မွတ္ ၾကပါတယ္။ ဒီေတာ့ ကိုယ့္အိ္္မ္ကို အႀကီးစားျပဳျပင္မြမ္းမံမႈလုပ္တဲ့အခါ ၾကမ္းခင္းျပင္ဆင္ရတဲ့ စရိတ္ကို ဘယ္လိုေႁခြတာၾကမလဲ။ လြယ္ပါတယ္။ ဆိုးဆိုးရြားရြားပ်က္စီးေနတဲ့ ၾကမ္းခင္းမ်ဳိးမဟုတ္ရင္ ၾကမ္းခင္းကို အသစ္လဲပစ္တာမ်ဳိးမလုပ္ဘဲ မူလၾကမ္းခင္းကို ဒီတိုင္း ဆက္ထားၿပီး အခန္းထဲက အျခားအျပင္အဆင္ေတြမွာမွ ဒီၾကမ္းခင္းဒီဇို္င္းနဲ႔ လိုက္ဖက္တဲ့အျပင္အဆင္မ်ဳိး ထည့္သြင္းၿပီး ျပဳျပင္မြမ္းမံလိုက္ရံုပါပဲ။
Ref; entrepreneur
—————- ။ —————–

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar