Month: February 2019

Green Architecture အကြောင်း တစေ့တစောင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဝင်နီ မှ
February 15, 2019 နေ့
ဆောင်းပါးများအင်တာဗျူး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ကျွန်တော်တို့နိုင်ငံအနေနဲ့ Green Architecture လို့ပြောလိုက်ရင် အိမ်ဆောက်တဲ့အခါမှာ သစ်ပင်ထည့်စိုက်ဖို့ပဲ တွေးကြပါတယ်။ တကယ်တော့ Green Architecture ဆိုတာဟာ စိတ်ဝင်စားစရာကောင်းပြီး နောင်ဆယ်စုနှစ် အတွင်းမှာ ကျွန်တော်တို့ရဲ့ လူနေမှုအဆင့်အတန်းကိုပြောင်းလဲပေးမယ့် အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စာဖတ်ပရိတ်သတ်အတွက် အသိပညာဗဟုသုတရစေဖို့နဲ့ မိမိရဲ့ပတ်ဝန်းကျင်သာယာလှပဖို့အတွက်ကို မြန်မာနိုင်ငံ ဗိသုကာအသင်းရဲ့Grenn Architecture Committee ကို ဦးဆောင်ပေးနေတဲ့ ဗိသုကာဦးမျိုးထွဋ်မြိုင်ကို သွား ရောက်မေးမြန်းဖြစ်ခဲ့ပါတယ်။

Green Architecture နဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေကို ဗဟုသုတဖြန့်ဝေပေးချင်ပါတယ်။ အများအားဖြင့် သာမာန်ကတော့ Green Architecture ကို နားမလည်တဲ့သူတွေ များကြပါတယ်။ ဒါ့ကြောင့် ဆရာ ဦးမျိုးထွဋ်မြိုင်နဲ့ လာရောက်တွေ့ဆုံခြင်းဖြစ်ပါတယ်ရှင့်။
ပထမဆုံး အနေနဲ့ မြန်မာနိုင်ငံ ဗိသုကာအသင်းမှာ ဆရာတာဝန်ယူဆောင်ရွက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါရှင့်။ Green Architecture ကော်မတီ အကြောင်းလေးလည်း မိတ်ဆက်ပေးပါရှင့်။
ကျွန်တော်ကတော့ မြန်မာနိုင်ငံဗိသုကာအသင်းမှာ ၂၀၁၉ နဲ့ ၂၀၂၀ အတွက် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီးတော့ ဒီနှစ်တွေအတွက် ပြန်လုပ်ပါတယ်။ ၂၀၁၇ မှာ Green Architecture ကော်မတီ ဆိုပြီးစ ဖွဲ့စည်းထားပါတယ်။ ဖွဲ့စည်းတုန်းက Green Architecture အကြောင်းက သူတို့ စပြီးတော့ ဆွေးနွေးနေကြပြီ။ ဒါပေမယ့် ကော်မတီ အနေနဲ့ သပ်သပ် မရှိသေးတော့ ကျွန်တော်က ရှိသင့်တယ်ထင်တယ် ဆိုပြီး ကျွန်တော်နဲ့အတူ Green Architecture ကို စိတ်ဝင်စားတဲ့ အခြား အာခီတက်တွေ ပေါင်း ပြီးတော့ Green Architecture ကော်မတီကို ဖွဲ့ထားတာပါ။ ဒီ ကော်မတီရဲ့ တာဝန်တွေကတော့ ပထမဆုံးက အသိပေးမယ် နှိုးဆော်မယ်၊ ပြည်သူတွေနဲ့ အခြားဗိသုကာတွေကို အသိပေးနှိုးဆော်တယ်၊ ပြီးတော့ တာဝန်ရှိသူတွေလည်း သိအောင် ကျွန်တော်တို့ ပြောပြပေးဖို့ပေါ့။ ကျွန်တော်တို့အနေနဲ့ တခြား Green နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့လည်း ပေါင်းပြီးတော့ လုပ်နိုင်တာတွေ လုပ်ဖို့်ပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ မှာဆိုရင် Substainable Development Program ဆိုတာလည်း ရှိလာပြီဆိုတော့ ကျွန်တော်တို့ ဘက်ကနေ ဗိသုကာပိုင်းဆိုင်ရာ အဖွဲ့အစည်းတစ်ခု အနေနဲ့ အဲ့ဒီမှာလည်းပါပြီးတော့ တစ်တပ်တစ်အား ကူညီပေးချင်ပါတယ်။ အဲ့ အတွက် ကျွန်တော်တို့ ဒီ Green Architecture ကော်မတီ ဆိုတဲ့ အဖွဲ့အစည်းကို ဖွဲ့ထားတာပါ။


မြန်မာနိုင်ငံမှာ Green Architecutre နဲ့ ပတ်သက်ပြီး မသိသေးတာတွေ၊ နားလည်မှုလွဲနေတာလေးတွေ ရှိပါတယ်။ အဲ့ဒါကြောင့် Green Architecture ကို အဓိပါယ် ဖွင့်ဆိုပေးပါ ဆရာ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Green ဆိုတာနဲ့ ပတ်သက်ပြီး မသိကြသေးတာ များပါတယ်။ ပထမကတော့ ပညာရေးပိုင်းဆိုင်ရာမှာ သိပ်ပြီးတော့ ပါဝင်ထားတာ မရှိသေးဘူး၊ အစိုးရပိုင်းဆိုင်ရာ အနေနဲ့လည်း စောသေးတယ်ပေါ့။ တခြား အိမ်နီးနားချင်းနိုင်ငံတွေကတော့ ဒါကို စလုပ်နေကြပါပြီ။ မြန်မာနိုင်ငံမှာတော့ ပညာရေးပိုင်းမှာလည်း ဒီအကြောင်းအရာတွေ မပါသေးတာကြောင့် ပြည်သူလူထု အနေနဲ့ သိပ်မသိကြသေးပါဘူး။ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ က ဒီဟာတွေကို နားလည်မှု ကွဲလွဲတာတွေကို ရှင်းပြပေးတယ်၊ မှန်တဲ့ အချက်ကို သိအောင် ဆွေးနွေးပေးတယ်။
ပထမဆုံး Green ဆိုတာ ဘာလဲဆိုတာကို သဘောထား ကွဲလွဲတာတွေ နားလည်မှု ကွဲလွဲတာတွေပေါ့။ ဘာတွေလည်းဆိုရင် သစ်ပင်နဲ့ ဆိုင်တယ်၊ သစ်ပင်တွေ အများကြီးစိုက်ရင် Green ဖြစ်တယ်ပေါ့။ တကယ်က အဲ့ဒါက မဟုတ်ပါဘူး။ သစ်ပင်ကလည်း အရေးကြီးပါတယ်၊ ဒါပေမယ့် သစ်ပင်တစ်ခုတည်း စိုက်ရုံနဲ့လည်း မရသေးပါဘူး ။ သစ်ပင်ကို ဘယ်နေရာမှာ စိုက်ရမယ်၊ ဘာကြောင့်စိုက်တယ် ၊ အရိပ်ရအောင်စိုက်တာလား၊ အေးအောင်စိုက်တာလား၊ လေထုညစ်ညမ်းမှုကို သန့်စင်စေဖို့ စိုက်တာလား ၊ ပြီးတော့ ဘာအပင်တွေ စိုက်မလဲ ။ နေရာတိုင်းမှာ ကိုယ် ကြိုက်တဲ့ အပင်စိုက်လို့ မရဘူး။ သူ့နေရာဒေသနဲ့ လိုက်လျောတဲ့ အပင်တွေကို စိုက်ဖို့လိုပါတယ်။
တခြားအပိုင်းကတော့ Green ဆိုတာက စွမ်းအင်သုံးစွဲမှုလျော့ချတာ ပါပါတယ်။ နောက်တစ်ခုကတော့ အညစ်အကြေးပါ ၊ အဓိကက အမှိုက်တွေပေါ့ အမှိုက်စွန့်ပစ်တဲ့ နေရာမှာ သပ်သပ်ရပ်ရပ်နဲ့ စနစ်တကျ စွန့်ပစ်ဖို့ ပါပါတယ်။ နောက်တစ်ခုက ရေ ၊ ရေ သုံးစွဲမှုမှာလည်း ရန်ကုန်မြို့မှာဆိုရင် မြေအောက်ရေကို သုံးစွဲတာ တော်တော်များပါတယ်။ အဲ့ဒါက လည်း ကျွန်တော်တို့ ဂျိုးဖြူကလာတဲ့ ရေပိုက်လိုင်းတွေက သေသေချာချာ infrastructure အနေနဲ့ ပြည့်ပြည့်စုံစုံ မရှိတဲ့ အတွက်ကြောင့် ပြည်သူတွေက မြေအောက်ရေကနေ ယူရတာဖြစ်ပါတယ်။ ဒီလို မြေအောက်ကနေ ယူတဲ့ အခါမှာ ရန်ကုန်မြို့က လူဦးရေလည်း ထူထပ်လာတဲ့ အတွက် မြေအောက်ရေသုံးစွဲတာများများလေလေ မြေအောက်ရေ ကျသွားတဲ့အခါမှာ ပင်လယ်နဲ့ နီးတဲ့နေရာလည်းဖြစ်တာကြောင့် ပင်လယ်က ဆားငံရေတွေက မြေအောက်ရေထဲကိုဝင်လာနိုင်ပါတယ်။ ဒါ့ကြောင့် ရေသုံးစွဲမှုမှာလည်း တခြားနည်းနဲ့ ဘယ်လို ချွေတာ သုံးစွဲရမယ်ဆိုတာတွေကို ထည့်ပြီး စဉ်းစားတွက်ချက်ရပါတယ်။ အခုဆို မိုးရွာတဲ့ အခါမှာ ရေကို မခံနိုင်ကြဘူး။ ရေကလည်း ကွန်ကရစ်တွေကြောင့် မြေအောက်ထဲကို စိမ့်ဝင်လို့မရတော့ဘူး။ အဲ့တော့ ၂ခု မကောင်းတာဖြစ်ပါတယ်။ ကွန်ကရစ်ပေါ်ကျတဲ့ ရေတွေက အမှိုက်တွေရော အကုန်သယ်သွားပြီးတော့ မြစ်တွေ ချောင်းတွေကို pollution ဖြစ်စေတယ်။ မြောင်းတွေ အမှိုက်တွေပိတ်ဆို့ပြီး ရေကြီးမှု ဖြစ်တယ်။ နောက်ပိုင်း အမှိုက်ပြသနာနဲ့ ရေကြီးတဲ့ ပြသနာပေါ့ အဲ့ ၂ခုကလည်း ဆက်စပ်နေပါတယ်။ မြေအောက်ကို မစိမ့်ဝင်တဲ့ အတွက် မြေအောက်ရေ လည်း ပြန်မဖြည့်နိုင်ဘူး။ အဲ့ဒါတွေ အားလုံးဆက်နွယ်နေတာကို ဖြေရှင်းပေးတာက Green ပါ။
နောက်တစ်ခုက Engergy သုံးစွဲမှုပါ။ ရန်ကုန်မြို့က ပူပြင်းတယ်၊ စိုထိုင်းတယ်။ ကျွန်နော်တို့ တိုက်တွေ အများကြီးဆောက်တဲ့ နေရာမှာ နေသာထိုင်သာဖြစ်ဖို့ အဲကွန်းတွေ အများကြီး သုံးရပါတယ်။ အဲကွန်းက တကယ်တော့ စွမ်းအင်သုံးစွဲမှု အရမ်းမြင့်ပါတယ်။ နွေရာသီလိုမျိုး အချိန်မှာ မီးတွေ ခဏခဏ ပျက်တယ်။ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ အစကတည်းက မီးအားလုံလုံလောက်လောက် မပေးနိုင်သေးဘူး ။ အဲကွန်းတွေ သုံးစွဲမှု များလာတဲ့ အခါကျတော့ မီးသုံးစွဲမှု များလာတဲ့ အခါကျတော့ မီးတွေ ခဏခဏပျက်တယ်၊ မီတာခတွေ တက်တယ်။ မီတာခ တက်တယ်ဆိုတာကလည်း စွမ်းအင် ထုတ်ဝေတဲ့ နေရာမှာ သုံးစွဲမှု များလာလေလေ ထုတ်လုပ်မှု အပိုင်းမှာလည်း ဖြည့်ပေးရပါတယ်။ အစိုးရဘက်ကလည်း ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်မှ ခေတ်မီတိုးတက်တဲ့ နိုင်ငံဖြစ်လာမယ်။ အဲ့ အပိုင်းမှာလည်း သူတို့ အနေနဲ့လည်း Pressure ရှိတယ်။ ဒီလို မြှင့်တင်ပေးတဲ့ အခါ ထုတ်လုပ်မှု အပိုင်းမှာလည်း ကျောက်မီးသွေးတို့ ဘာတို့ကလည်း သဘာဝပတ်ဝန်းကျင် လေထု ညစ်ညမ်းစေတယ်။ ကျောက်မီးသွေးကဆိုရင် Clean Coal သုံးဖို့ပြောကြတယ်။ Clean Coal စနစ်က အရင်က Coal ထက်စာရင်တော့ ပိုပြီး သန့်ရှင်းတယ်ဆိုပေမယ့် တခြား နည်း green energy နည်းတွေဖြစ်တဲ့ solar နဲ့ wind တွေနဲ့ ယှဉ်လိုက်ရင်တော့ သူက လေထုကို ညစ်ညမ်းစေတာပါပဲ။ အဲ့ဒါမျိုး clean coal /coal power တွေ သုံးမယ်ဆို လေထု ညစ်ညမ်းမှု ပိုတိုးလာနိုင်ပါတယ်။ အဲ့ဒါကြောင့် စွမ်းအင်ကို ဘယ်လို လျော့ပြီး သုံးမလဲ ဆိုတာကိုလည်း ကျွန်တော်တို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ အဲ့တော့ Green ထဲမှာ ဆိုရင် စွမ်းအင်သုံးစွဲမှု လျော့အောင်ဘယ်လို လုပ်ရမလဲဆိုတာ ပါပါတယ်။


Green Building လို့ သတ်မှတ်ဖို့ စံချိန်စံညွှန်းတွေ ရှိပါသလား ဆရာ။
ဟုတ်ကဲ့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Green Building ဆိုတဲ့ စံချိန်စံညွှန်းတွေ မရှိသေးပါဘူး။ MNBC (Myanmar National Building Code) မှာတော့ green နဲ့ သက်ဆိုင်တဲ့ အချက် အချို့ပါ ပါတယ်။ ဒါပေမယ့် သိပ်မပါသေးပါဘူး။ ကျွန်တော်တို့ Green Architecture ကော်မတီနဲ့ အခြားအဖွဲ့ Green Building ကော်မတီ ဆိုတာ ရှိတယ်။ သူတို့နဲ့ ပေါင်းပြီးတော့ အတူတူ စံချိန်စံညွှန်းတွေ ထွက်လာအောင် ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ အဲ့ဒါကလည်း ကမ္ဘာက အသိအမှတ်ပြုတဲ့ စနစ်နေတွေကို ကြည့်ပြီး မြန်မာနိုင်ငံနဲ့ ဘယ်လို ကိုက်ညီမှု ရှိမလဲ ဆိုတာ ချင့်ချိန်ပြီးတော့ သုံးရမှာပေါ့။ နိုင်ငံခြားမှာ သုံးတိုင်း ကိုယ့်နိုင်ငံမှာ သုံးလို့ မရဘူး။ လိုက်လျောညီထွေမှု ရှိချင်မှ ရှိမယ်။ အင်္ဂလန်တို့ ဂျာမနီတို့လိုမျိုး နိုင်ငံတွေဆို အေးတယ်။ အဲ့ဒီမှာ သုံးတဲ့ စနစ်တွေက ကျွန်တော်တို့ ရန်ကုန်မြို့မှာ သုံးလို့ မရဘူး။ ကျွန်တော်တို့ ရာသီဥတုနဲ့ နီးစပ်တာက စင်ကာပူ၊ ထိုင်း လို နိုင်ငံတွေက သုံးတဲ့ စနစ်တွေကို ကျွန်တော်တို့ သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတု၊ စီးပွားရေ း အခြေအနေနဲ့ ကိုက်ညီတဲ့ စံချိန်စံညွှန်းတွေ ထုတ်မှလည်း အဆင်ပြေမှာဖြစ်ပါတယ်။
Green Buidling တွေကို ဒီဇိုင်းရေးဆွဲဖို့အတွက် အဓိကကျတဲ့ အချက်အလက်လေးတွေနဲ့ စဉ်းစားပုံလေးတွေကို ပြောပြပေးပါရှင့်။
ခုနပြောတာက ကျွန်တော်တို့ Green လုပ်မယ်ဆိုရင် သစ်ပင်တွေက တကဏပါပါတယ်။ နောက်တစ်ခုက စွမ်းအင်သုံးစွဲမှု လျော့ချအောင် ဘယ်လို လုပ်မလဲ ဆိုတာ စဉ်းစားပါတယ်။ နောက်တစ်ခုက ရေသုံးစွဲမှုမှာ ဘယ်လိုလုပ်မလဲ၊ အညစ်အကြေးအမှိုက်စွန့်ပစ်မှုတွေကိုလျော့နည်းအောင် စနစ်တကျဘယ်လို ထိန်းသိမ်း စီမံကြမလဲ ဆိုတာတွေပါ ထည့်စဉ်းစားရပါတယ်။ ကျွန်တော်တို့ Green Architecture မှာကတော့ Passive Design လို့ ခေါ်တဲ့ စနစ်ကို အဓိကထား သုံးစွဲပါတယ်။ သဘာဝကပေးတဲ့ မြေကြီး၊ ကိုယ်ဆောက်မယ့် နေရာမြေအနေအထားကို ကြည့်ရပါတယ်။ နောက်တစ်ခုက နေ ကလာတဲ့ အပူချိန်ရယ်၊ အလင်းရောင်ရယ်ကို ဘယ်လို သုံးစွဲရမလဲ စဉ်းစားပါတယ်။ နောက် အခန်းတွေထဲကို လေဘယ်လို ဝင်အောင်၊ လေထုညစ်ညမ်းမှု မဖြစ်အောင် ဘယ်လိုသုံးစွဲရမလဲဆိုတာ စဉ်းစားပါတယ်။ နောက်ထပ်တစ်ခုက မိုးရေပါ။ မိုးရေကို ဘယ်လိုသုံးစွဲရမလဲ ရေသုံးစွဲမှုလျော့ချမလဲ ၊ စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးနိုင်မယ့် ဒီဇိုင်းနဲ့ သုံးစွဲမှုတွေ ရှိပါတယ်။ လေရယ်၊ ရေရယ်က ပူနေတဲ့အချိန်မှာ သဘာဝပတ်ဝန်းကျင်ကို အေးမြအောင်လုပ်နိုင်တဲ့အစွမ်းတွေရှိပါတယ်။ သစ်ပင်တွေကိုလည်း အရိပ်ရအောင်၊ အေးမြအောင်၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုလျော့ချနိုင်အောင် ဘယ်လို သုံးစွဲရမလဲဆိုတာ ဒီ၅ခုပေါ့။ မြေကြီးရယ်၊ ရေ ရယ်၊ လေရယ်၊ နေရယ်၊ သစ်ပင်ရယ်ပါ။ ဒါ့အပြင် ကျွန်တော်တို့က အဆောက်အအုံမှာ သုံးစွဲတဲ့ ပစ္စ

ည်းတွေရယ်၊ ဆောက်လုပ်တဲ့နည်းပညာတွေရယ် ဒါတွေကိုလည်း ပြန်ပြီးစဉ်းစားရပါတယ်။ အဲ့ဒီ ၅ခုနဲ့ အတူ စဉ်းစားပြီးတော့မှ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းအောင်၊ ရေ သုံးစွဲမှု ၊ စွမ်းအင်သုံးစွဲမှုလျော့နည်းအောင် ၊ အမှိုက် အညစ်အကြေး စွန့်ပစ်မှုကို လျော့နည်းအောင် နဲ့စနစ်တကျဖြစ်အောင် လုပ်ဆောင်တဲ့ ဒီဇိုင်း နည်းပညာဖြစ်ပါတယ်။
ရန်ကုန် မြို့မှာရော Green Building ရှိပါပြီလားဆရာ၊ ရှိမယ်ဆိုရင်လည်း ပြောပြပေးပါဆရာ။
ကျွန်တော် ဝမ်းသာစွာနဲ့ပြောချင်တာကတော့ ရန်ကုန်မြို့မှာ Green Building ရှိပါတယ်။ အခုဆိုရင် လူသိများတဲ့ Junction City ပါ။ Junction City ဆိုရင် သူတို့ရဲ့ ဆောက်လုပ်တဲ့ အဖွဲ့က မြန်မာနိုင်ငံက ကုမ္ပ
ဏီ တစ်ခုရယ် ၊ စင်ကာပူက အဖွဲ့တစ်ခုရယ် ပူးပေါင်းပြီးလုပ်တယ်။ စင်ကာပူ အဖွဲ့လည်းပါတာကြောင့် သူတို့နိုင်ငံမှာဆိုရင် နိုင်ငံနဲ့ လိုက်ဘက်တဲ့ Green နဲ့ ဆိုင်တဲ့ ဥပဒေ ရှိပါတယ်။ Junction City ဟာ စင်ကာပူရဲ့ Green Building စနစ်နဲ့ ဆောက်ထားတဲ့ အဆောက်အအုံဖြစ်ပါတယ်။ သူတို့ရဲ့ Green Standard ကို Building Construction Authority (BCA) ဆိုတဲ့ အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ Green Mark Standard ကို ကိုက်ညီအောင် ဆောက်ထားတာဖြစ်ပါတယ်။ Green Building လို့ ခေါ်လို့ ရပါတယ်။ သူတို့မှာ Green Mark Standard က အဆင့် အမျိုးမျိုးရှိပါတယ်။ Gold , Silver, Platinum ဆိုပြီး အဆင့်ဆင့်မြင့်သွားတာမျိုး ရှိပါတယ်။ Junction City ကဆိုရင် mixed use property လို့ခေါ်ပါတယ်။ Shopping Center, Residential, Office Tower, Hotel ရှိတယ်။ အားလုံးပေါင်းဆိုရင် သူတို့နိုင်ငံနဲ့ဆို Green Mark Gold Standard နဲ့ လုပ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အဲ့ဒီမှာ ဆိုရင် စွမ်းအင်၊ ရေ သုံးစွဲမှု လျော့နည်းအောင် အဓိကထား လုပ်ထားပါတယ်။ အထဲမှာဆိုရင် indoor air quality ပေါ့၊ အဆိပ်အတောက်ဖြစ်စေမယ့် အငွေ့အသက်ရှိတဲ့ ပစ္စည်းတွေကို မသုံးထားဘူး ။ အတွင်းမှာ လည်း လေထုက သန့်ရှင်းတယ်၊ အပြင်ကို ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထွက်မှုမှာလည်း လျော့နည်းအောင် လုပ်ထားပါတယ်။ နောက်တစ်ခုက Sedona Hotel က အသစ်ဆောက်ထားတဲ့ Inya Wing အဆောက်အအုံပါ။ အဲ့ဒါကလည်း စင်ကာပူက green mark gold standard နဲ့ ညီအောင် ဆောက်ထားတာဖြစ်ပါတယ်။ ကျွန်တော်သိသလောက်တော့ ဒီနှစ်ခုက စင်ကာပူစံနှုန်းနဲ့ ဆိုရင်တော့ green buildingဆိုတာ အတိအကျပြောလို့ရပါတယ်။
Green Builing ရဲ့ အားသာချက်တွေက ဘာတွေ ဖြစ်ပါမလဲ ဆရာ။
စွမ်းအင်သုံးစွဲမှု အများကြီး လျော့ချထားနိုင်ပါတယ်။၂၀ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်ထိ လျော့ချလို့ရနိုင်ပါတယ်။ ဒါကတော့ ကိုယ်ဘယ်လောက် လုပ်နိုင်မလဲဆိုတာပေါ်မူတည်ပါတယ်။ စွမ်းအင်၊ ရေ သုံးစွဲမှုလျော့ချနိုင်မယ်၊ အမှိုက်စွန့်ပစ်မှုလျော့ချနိုင်မယ် စနစ်တကျရှိမယ်၊ လေထုသန့်စင်မှုရှိမယ်။ အဆိပ်အတောက်ဖြစ်စေမယ့် ပစ္စည်းတွေ သုံးထားတာ နည်းပါးတယ်။ ဒါ့ကြောင့် Green Building မှာနေမယ်ဆိုရင် ကျန်းမာရေးအတွက် ပိုကောင်းမယ်၊ စီးပွားရေးမှာဆိုရင် စွမ်းအင်သုံးစွဲမှု နည်းတာကြောင့် မီတာခတွေ သက်သာသွားမယ်၊ ဒါ့အပြင် သဘာ၀ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကိုလျော့ချနိုင်မယ်၊ ရေသုံးစွဲမှုလျော့နည်းမယ်။ ဒီ Green Building တွေမှာ ဆိုရင် မိုးရေကို သုံးထားတာမျိုး၊ အသုံးပြုပြီးသားရေ grey water ကို သန့်စင်ပြီး တခြားနေရာမှာ ပြန်သုံးတာမျိုးတွေရှိပါတယ်။ ဥပမာ လက်ဆေးထားတဲ့ ရေကို အိမ်သာရေဆွဲချတဲ့နေရာမှာပြန်သုံးတာမျိုးပေါ့။ ရေကို လျှော့သုံးနိုင်တဲ့အတွက် မြေအောက်ရေလျော့နည်းမှုနဲ့ ဆားငန်ရေဝင်ရောက်မှု စတာတွေကို တားဆီးနိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ Myanmar Home & Decor ပရိသတ်ကို ဆရာပေးချင်တဲ့ message လေးလည်း ပြောပေးပါဦးဆရာ။
Green Architecture က ပြည်သူလူထုအတွက်ကောင်းတာတွေက အများကြီး ရှိပါတယ်။ ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ စီးပွားရေးမှာဆိုရင် Operating Cost နဲ့ မီတာခတွေ လျော့ကျစေနိုင်ပါတယ်။လေထု၊ ရေသုံးစွဲမှု၊ အမှိုက်သရိုက်စွန့်ပစ်မှု စနစ်တကျ ရှိတဲ့အတွက်ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ အများကြီးလျော့နည်းစေတယ်။ သန့်ရှင်းစေတယ်။ ဒီနေရာမှာ နားလည်မှုလွဲနေကြတာလေးက Green building ကို ဈေးကြီးတယ်လို့ ထင်ကြပါတယ်။ တကယ်က သာမန်နဲ့ ယှဉ်ရင် ၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်တော့ ပိုများနိုင်ပါတယ်။ ဒါပေမယ့် Operating cost နဲ့ ပြန်ပြီး ချေသွားနိုင်ပါတယ်။ ၃ နှစ်ကနေ ၇ နှစ်အတွင်းမှာ အရင်း ပြန်ကျေသွားနိုင်ပါတယ်။ ရေရှည်မှာဆိုရင် Green Building က ပိုကောင်းပါတယ်လို့ ပြောချင်ပါတယ်။


နောက်တစ်ခု မြန်မာပြည်သူလူထုကို ပထမဆုံး ပြညိသူလူထုအနေနဲ့ Green Architecture ရှိတယ်ဆိုတာနဲ့ ဘာကြောင့်ကောင်းလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ပညာရှင်တွေရှိပါတယ်။ ဒါပေမယ့် ပညာရှင်တွေ အနေနဲ့ကလည်း ပြည်သူလူထုက တောင်းဆိုမှသာ လုပ်ပေးနိုင်မှာပါ။ Public Building တွေဆိုရင်လည်း ပြည်သူလူထုက Green ဆိုတာကို သိပြီး တောင်းဆိုရင် အစိုးရက လိုက်လျောပြီး လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သိဖို့လိုပါတယ် နောက်တဆင့်က တောင်းဆိုဖို့ လိုပါတယ်။ အခုဆိုရင် Green ပစ္စည်း တွေအများကြီးရှိလာတဲ့အတွက် ဈေးနှုန်းထားတွေကလည်း လျော့ကျလာပါပြီ။ ဈေးနှုန်း သက်သာလာတဲ့ အတွက် ဆင်းရဲ ချမ်းသာမရွေးသုံးနိုင်လာမှာဖြစ်ပါတယ်။ တောင်းဆိုကြပါ သုံးစွဲကြပါ၊ ဒါဆိုရင် ပစည်းတွေ များများ ရောက်လာပြီး ဈေးနှုန်းတွေပိုပြီ သက်သာလာမယ်၊ နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွက် ကျန်းမာရေး၊ စီးပွာရေး အများကြီးပိုကောင်းဖို့ အလားအလာရှိပါတယ်။ ဒါ့အပြင် Green ဆိုတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်လည်း ပိုမို နားလည် သိရှိလာအောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့ အခုလို ပြည်သူလူထု အတွက် အကျိုးဖြစ်ထွန်းစေမယ့် Green architecture အကြောင်းကို ပြည့်ပြည့်စုံစုံနဲ့ စိတ်ရှည်ရှည်ရှင်းပြပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

ads

မှန်ကန်သင့်မြတ်တဲ့အရောင်အသွေးကိုရွေးချယ်တတ်မယ်ဆိုရင် ယခုမင်္ဂလာနှစ်ကူးချိန်ခါကစလို့ လာမယ့်တစ်နှစ်တာပတ်လုံးမှာသင့်ဆီကံကောင်းခြင်းတွေ ရောက်ရှိလာမှာဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာအရောင်သတ်မှတ်မှုအဖွဲ့အစည်းတစ်ခုအဖြစ်ထင်ရှားကျော်ကြားတဲ့ Pantone ကနေ၂၀၁၉ခုနှစ်တစ်နှစ်တာလုံးမှာလွှမ်းမိုးအားအကောင်းဆုံးအရောင်အမျိုးအစားအဖြစ်ကြေညာထားခဲ့တာကတော့ Living Coralလို့ အမည်ပေးထားတဲ့ ခပ်ဖျော့ဖျော့သန္တာရောင်အမျိုးအစားဖြစ်ပါ တယ်။ တရုတ်ရိုးရာဗေဒင်နဲ့ဖုန်းရွှေပညာဆိုင်ရာ ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ KarmaWeatherရဲ့ဖော်ပြ ချက်မှာလည်းတရုတ်ရိုးရာပြက္ခဒိန်အရယခု ၂၀၁၉ခုနှစ်ကမြေဝက်နှစ်ဖြစ်ပြီး မြေဝက်နှစ်ကိုကိုယ် စားပြုတဲ့ အရောင်တွေကအနီ၊ လိမ္မော်၊ ပန်းရောင်တို့ဖြစ်ကြပြီးဒီအရောင်တွေကိုအတူရောစပ်လိုက် မယ်ဆိုရင်လည်းခုနကLiving Coralလို့ဆိုတဲ့ သန္တာရောင်ဖျော့ကိုရရှိနိုင်မှာဖြစ်ပါတယ်။ ဒီအရောင် အုပ်စုတွေကိုရွေးချယ်ပြီး ဝတ်စားဆင်ယင်တဲ့သူတွေမှာ ကံကောင်းမှုတွေ ရောက်လာမှာဖြစ်သလိုဒီအရောင်အုပ်စုတွေကိုအသုံးပြုပြီးအလှဆင်ထားတဲ့အိမ်တွေ၊ ရုံးခန်းတွေမှာနေထိုင်လုပ်ကိုင် ဆောင်ရွက်ကြတဲ့အခါမှာလည်းမိသားစုတွင်းကံကောင်းမှုတွေဖြစ်စေသလို၊ အလုပ်အကိုင်တွေလည်းပိုမိုအောင်မြင်နိုင်ကြမှာဖြစ်ပါတယ်။

အာရှရဲ့နာမည်ကျော်သုတ်ဆေးကုမ္ပဏီကြီးဖြစ်တဲ့ Nippon Paintကလည်းNew Trend Lifestyle Groupရဲ့ ဖုန်းရွှေနဲ့ဗေဒင်ပညာရှင် Hillary Phangနဲ့ အတူပူးပေါင်းပြီးတရုတ်ရိုးရာရာသီခွင် နှစ်ဖွားတစ်မျိုးချင်းစီတိုင်းအတွက် ကံထူးကံပွင့်စေမယ့်အရောင်များ (Colours of Fortune)ဆိုပြီးပိုပြီးအသေးစိတ်တိကျတဲ့အရောင်လမ်းညွှန်မှုပုံစံနဲ့ပါ ဖန်တီးဖော်ပြခဲ့ပါတယ်။

ကြွက်နှစ်
မွေးဖွားသည့်နှစ်- 1948, 1960, 1972, 1984, 1996, 2008
Colours of Fortuneကံပွင့်အရောင်များ- ကြည်လွင်သည့် အပြာရောင် (ပုံတွင်ပြထားသကဲ့သို့)၊ အစိမ်းရောင်၊အဖြူရောင်၊ အဝါရောင်နှင့် ကြွယ်ဝစေမည့် ခရမ်းရောင်။
Karma Weatherကံပွင့်အရောင်များ- ခဲစိမ်းပုပ်ရောင်၊ Fuchsiaပန်းရောင် (ပန်းခရမ်းရောင်)နှင့် အဝါရောင်တောက်တောက်။

နွားနှစ်
မွေးဖွားသည့်နှစ်- 1949, 1961, 1973, 1985, 1997, 2009
Colours of Fortune ကံပွင့်အရောင်များ- ပန်းရောင်အမျိုးမျိုး(သစ်ခွကဲ့သို့ အပြာရောင်သမ်းသည့် ပန်းရောင်မျိုးမှအစအရောင်ပိုမိုထင်ရှားသောပန်းရောင်များအထိ) ။
Karma Weatherကံပွင့်အရောင်များ- မိုးပြာရောင်၊Fuchsiaပန်းရောင်။

ကျားနှစ်
မွေးဖွားသည့်နှစ်- 1950, 1962, 1974, 1986, 1998, 2010
Colours of Fortuneကံပွင့်အရောင်များ- အဝါရောင်အမျိုးမျိုး (ပုံတွင်ပြထားသည့် ငှက်ပျောသီးအဝါ ရောင်ဖျော့ဖျော့မျိုးမှအစ ဂရိတ်ဖရုသီးအဝါမျိုးအထိ) နှင့် သဘာဝအရောင်ဖျော့များ။
Karma Weatherကံပွင့်အရောင်များ- ကျောက်စိမ်းရောင်၊မီးခိုးပြာရောင်။

ယုန်နှစ်
မွေးဖွားသည့်ခုနှစ်- 1951, 1963, 1975, 1987, 1999, 2011
Colours of Fortune ကံပွင့်အရောင်များ- အနီရောင်သမ်းသည့်ပန်းရောင်အမျိုးမျိုး၊ ပုံတွင်ပြထားသည့် အစေ့အဆန်ကဲ့သို့သောအညိုရောင်များ ။
Karma Weather ကံပွင့်အရောင်များ- မဲနယ်ရောင်၊ Fuchsiaပန်းရောင်၊ ဆနွင်းဝါရောင်။

နဂါးနှစ်
မွေးဖွားသည့်နှစ်- 1952, 1964, 1976, 1988, 2000, 2012
Colours of Fortune ကံပွင့်အရောင်များ- ပုံတွင်ပြထားသကဲ့သို့သောမီးခိုးရောင်အမျိုးမျိုးနှင့် အညိုရောင်အမျိုးမျိုး။
Karma Weatherကံပွင့်အရောင်များ- အနီရောင်၊ မီးခိုးရောင်။

မြွေနှစ်
မွေးဖွားသည့်နှစ်- 1953, 1965, 1977, 1989, 2001, 2013
Colours of Fortune ကံပွင့်အရောင်များ- ပုံတွင်ပြထားသကဲ့သို့သောခရမ်းရောင်အမျိုးမျိုးနှင့် သဘာဝဆန်သည့်အစိမ်းရောင်အမျိုးမျိုး။
Karma Weather ကံပွင့်အရောင်များ- အစိမ်းရောင်၊ ထောပတ်ဝါရောင်။
DESIGN INTERVENTION

မြင်းနှစ်
မွေးဖွားသည့်ခုနှစ်- 1954, 1966, 1978, 1990, 2002, 2014
Colours of Fortune ကံပွင့်အရောင်များ- ပုံတွင်ပြထားသကဲ့သို့သောခရင်မ်ရောင်အမျိုးမျိုး၊ အဝါရောင်တောက်တောက်နှင့် ပန်းမိတ်ကပ်ရောင်အမျိုးမျိုး။
Karma Weatherကံပွင့်အရောင်များ- နီညိုရောင်၊ ငွေရောင်။

ဆိတ်နှစ်
မွေးဖွားသည့်ခုနှစ်- 1955, 1967, 1979, 1991, 2003, 2015
Colours of Fortune ကံပွင့်အရောင်များ- အနီရောင်နှင့် အပြာဖျော့ရောင်အမျိုးမျိုး။
Karma Weatherကံပွင့်အရောင်များ- မီးခိုးရောင်၊ ပင်လယ်ပြာရောင်။

မျောက်နှစ်
မွေးဖွားသည့်ခုနှစ်- 1956, 1968, 1980, 1992, 2004, 2016
Colours of Fortune ကံပွင့်အရောင်များ- မီးသွေးရောင်၊ ပုံတွင်ပြထားသကဲ့သို့သောစိမ်းပြာရောင်အမျိုးမျိုး၊ မြေနီရောင်အမျိုးမျိုးနှင့်ပုလဲဖြူရောင်။
Karma Weather ကံပွင့်အရောင်များ- အပြာရောင်၊ ပန်းရောင်၊ ဆနွင်းဝါရောင်။
Free Space Intent

ကြက်နှစ်
မွေးဖွားသည့်ခုနှစ်- 1957, 1969, 1981, 1993, 2005, 2017
Colours of Fortuneကံပွင့်အရောင်များ- သဘာဝဆန်သည့်အရောင်အမျိုးမျိုး၊ ပုံတွင်ပြထားသကဲ့သို့ အင်္ဂတေဆန်သည့် မီးခိုးဖျော့ရောင်အမျိုးမျိုး။
Karma Weather ကံပွင့်အရောင်များ- ပန်းစီဖျော့ရောင်၊ ပင်လယ်ပြာရောင်၊ ရွက်နုစိမ်းရောင်။
Blum SEA

ခွေးနှစ်
မွေးဖွားသည့်ခုနှစ်- 1958, 1970, 1982, 1994, 2006
Colours of Fortune ကံပွင့်အရောင်များ- ပုံတွင်ပြထားသကဲ့သို့သောသိပ်သည်းသည့် အပြာရင့်ရောင်အမျိုးမျိုး၊ အရောင်ငြိမ်သည့် အစိမ်းရောင်အမျိုးမျိုး။
Karma Weatherကံပွင့်အရောင်များ- ဂျင်းပြာရောင်အမျိုးမျိုး၊ ဆနွင်းဝါရောင်။

ဝက်နှစ်
မွေးဖွားသည့်ခုနှစ်- 1947, 1959, 1971, 1983, 1995, 2007
Colours of Fortune ကံပွင့်အရောင်များ- ပုံတွင်ပြထားသကဲ့သို့သောခဲပြာပုပ်ရောင်အမျိုးမျိုး၊ ကောင်းကင်ပြာရောင်နှင့် မီးခိုးရောင်အမျိုးမျိုး။
Karma Weatherကံပွင့်အရောင်များ- ရွှန်းစိုသောအနီရောင်၊ နာနတ်သီးကဲ့သို့သောအဝါရောင်။

ဝက်နှစ်တွင် လာဘ်လာဘရွှင်ကာကံကောင်းစေမည့် အရောင်များ
ကြွက်နှစ်

နွားနှစ်

ကျားနှစ်

ယုန်နှစ်

နဂါးနှစ်

မြွေနှစ်
DESIGN INTERVENTION

မြင်းနှစ်

ဆိတ်နှစ်

မျောက်နှစ်
Free Space Intent

ကြက်နှစ်
Blum SEA

ခွေးနှစ်

ဝက်နှစ်


လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

မဟာတံတိုင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သံသာ မှ
February 7, 2019 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ဒုတိယပိုင်း

အံ့အားသင့်ဖွယ်ခမ်းနားတဲ့မဟာတံတိုင်းကြီးကိုဉာဏ်ပညာ၊ ရည်မှန်းချက်၊ သွေး၊ ချွေး၊ မျက်ရည်တွေ နဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မိသားစုတွေ ကွဲကွာခဲ့ကြရပြီးအလုပ်သမားအများအပြားလည်းတံတိုင်းကြီးကိုတည်ဆောက်ရင်းသေဆုံးခဲ့ရပါတယ်။
• အလုပ်သမား: စစ်သည်တော်များ၊ အဓမ္မချောဆွဲစေခိုင်းခံရသည့်လယ်သမားများ၊ အကျဉ်းကျခံရသည့် အပြစ်သားများ
• ဆောက်လုပ်ရေးပစ္စည်း: ကျောက်တုံး၊ သဲ၊ မြေကြီးနှင့် အုတ်
• ပစ္စည်းသယ်ယူပို့ဆောင်မှု: လူချင်းလက်ကမ်းသယ်ဆောင်မှု၊ ကြိုး၊ လှည်း၊ ဆိတ်
ကြီးမားခမ်းနားမှုအပြင် ကာလရှည်ကြာခိုင်ခံ့မှုနဲ့ပါ နာမည်ကျော်ကြားတဲ့ မဟာတံတိုင်းကြီးကိုတည်ဆောက်ထားခဲ့ ဆောက်လုပ်ရေးပစ္စည်းတွေထဲမှာသာမန်အသုံးပြုနေကျ ကျောက်တုံးတွေ၊ သဲတွေ၊ မြေကြီးတွေနဲ့ အုတ်ချပ်တွေအပြင် ထူးခြားတာကအလွန်စေးကပ်တဲ့ ကောက်ညှင်းဆန်ကိုပါ ထည့်သွင်းသုံးစွဲခဲ့တာဖြစ်ပါတယ်။ အုတ်တစ်ချပ်နဲ့တစ်ချပ်ကိုထပ်တဲ့နေရာမှာဘိလပ်မြေလိုမျိုးဒီကောက်ညှင်းဆန်အနှစ်ကိုကပ်အားကောင်းတဲ့ကော်အဖြစ် ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။ နှစ်ကာလများစွာတိုင်

ကြာရှည်ခိုင်ခံ့တည်မြဲနေဆဲဖြစ်တဲ့ မဟာတံတိုင်းကြီးရဲ့ လျှို့ဝှက်ချက်ကို ယနေ့ ခေတ်ပညာရှင်တွေကလေ့လာခဲ့ကြရာမှာတံတိုင်းကြီးဆောက်လုပ်တုန်းကသုံးစွဲထားခဲ့တဲ့ ကောက်ညှင်းဆန်မှာ ပါဝင်တဲ့ Amylopectinဓာတ်ကြောင့်တံတိုင်းကြီးကခိုင်ခံ့နေခဲ့တာလို့ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
မဟာတံတိုင်းကြီးကဘယ်လောက်မြင့်လဲ
မဟာတံတိုင်းကြီးရဲ့ပကတိအမြင့်ကိုတိုင်းတာမှုများအရ ၅မီတာကနေ ၈မီတာထိ (၁၆ပေကနေ ၂၆ပေထိ)မြင့်တယ်လို့ သိရပါတယ်။ လူတစ်ယောက်ရဲ့ ပျမ်းမျှအရပ်အမြင့်ထက် သုံးဆထက်မနည်းရှိစေဖို့ ဒီဇိုင်းရေးဆွဲတည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ တံတိုင်းကြီးရဲ့ အချို့ နေရာတွေကတောင်ထိပ်ပိုင်းမှာရှိနေတဲ့အခါ ပိုပြီး မြင့်မားနေသယောင် မြင်တွေ့ရမှာဖြစ်ပါတယ်။
မဟာတံတိုင်းကြီး၏အသွင်သဏ္ဌာန်- တံတိုင်းနံရံများ၊မျှော်စင်များ၊ ခံတပ်များမဟာတံတိုင်းကြီးဆိုတာကနံရံတံတိုင်းတစ်ခုဆိုတာထက်ကိုပိုပါတယ်။ စစ်ရေးဗျူဟာအရကာကွယ်ရေးစနစ်တွေအတွက် ထောက်လှမ်းကြည့်ရှုရာမျှော်စင်ဆောင်တွေ၊ စစ်သည်ရဲမက်တွေ စောင့်ကြပ်ရာ၊ စစ်သည်ရေးရာနဲ့ထောက်ပို့စီမံရေးရာတွေ လုပ်ဆောင်ကြတဲ့ ခံတပ်တွေ၊ တစ်ဆောင်နဲ့ တစ်ဆောင် ဆက်သွယ်သတင်းပို့ဖို့ရာအတွက် မီးအချက်ပြမျှော်စင် စတာတွေနဲ့ စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။

မင်မင်းဆက်ကာလ (၁၃၆၈ခုနှစ်- ၁၆၄၄ခုနှစ်)မှာတည်ဆောက်ရေးနည်းပညာတွေ ပိုမိုတိုးတက်အားကောင်းလာခဲ့ပြီးမဟာတံတိုင်းကြီးကိုပိုမိုခိုင်ခံ့စေဖို့နဲ့ ပိုမိုတင့်တယ်စေဖို့ရာအတွက် ပြန်လည်မွမ်းမံတည်ဆောက်မှုတွေလုပ်ခဲ့ပါတယ်။
မင်မင်းဆက် ပျက်သုဉ်းသွားခဲ့ချိန်ကစပြီးမဟာတံတိုင်းကြီးကိုစစ်ရေးစစ်ရာအတွက် ပြုပြင်မွမ်းမံတာမျိုးမရှိတော့ဘဲခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက်သာမွမ်းမံလာခဲ့ကြတာဖြစ်ပါတယ်။
မဟာတံတိုင်းကြီးကိုတရုတ်နိုင်ငံရဲ့အထင်ကရအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ဖို့ရာအတွက် ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်မှုတွေကို ၁၉၅၇ခုနှစ်မှာပါတာ့လင်လမ်းပိုင်းကနေစတင်ပြီး ပြုလုပ်ခဲ့ကြပါတယ်။
ခရီးသွားဆွဲဆောင်မှုနေရာတစ်နေရာအဖြစ် အများပြည်သူလည်ပတ်ဖို့ စတင်ဖွင့်လှစ်ခဲ့ပြီးချိန်စလို့ နှစ်စဉ်နှစ်တိုင်း ပြည်တွင်းပြည်ပခရီးသွားလည်ပတ်သူတွေအမြောက်အမြားမဟာတံတိုင်းကြီးကိုလာရောက်လည်ပတ်နေကြတာဖြစ်ပါတယ်။ စာရင်းမှတ်တမ်းတွေအရမဟာတံတိုင်းကြီးမှာပါတာ့ လင်လမ်းပိုင်းကခရီးသွားလည်ပတ်မှုအများဆုံးလမ်းပိုင်းဖြစ်ပြီး ၂၀၀၁ခုနှစ်မှတ်တမ်းအရအဆိုပါနှစ် မှာခရီးသည် ၆၃၀၀၀၀၀၀ အလည်အပတ်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ ခရီးသွားလည်ပတ်မှု အမြင့်မားဆုံးကာလတွေမှာတော့ နေ့စဉ်အလည်အပတ်ရောက်ရှိလာတဲ့ ခရီးသွားဦးရေ ၇၀၀၀၀ခန့် ရှိတယ်လို့သိရပါတယ်။
၁၉၈၇ခုနှစ်၊ ဒီဇင်ဘာလမှာမဟာတံတိုင်းကြီးကိုယူနက်စကိုကကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာအဖြစ် မှတ်တမ်းရေးသွင်းခဲ့တာဖြစ်ပါတယ်။ တည်ဆောက်မှုကာလအရှည်ကြာဆုံးပရောဂျက်လည်းဖြစ်တဲ့အပြင် လူပေါင်းများစွာရဲ့ အသက်တွေ၊ သွေး၊ ချွေးနဲ့ မျက်ရည်တွေ အများကြီးပေးဆပ်ခဲ့ရတာကြောင့် သမိုင်းမှာလူသားတွေရဲ့ အကြီးကျယ်ဆုံးအောင်မြင်ပြီးမြောက်မှုဖြစ်ပြီးယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဆောက်အအုံအဖြစ်သာမက ကမ္ဘာ့အံ့ဖွယ်ခုနှစ်ပါးမှာ တစ်ခုအပါအဝင်အဖြစ် မှတ်တမ်းတင်ခဲ့ကြပါတယ်။
သဘာဝဘေးဒဏ်တွေနဲ့ လူတွေရဲ့ အဆင်အခြင်မဲ့လုပ်ရပ်တွေကြောင့် မဟာတံတိုင်းကြီးရဲ့ ၂၀၀၀ကီလိုမီတာခန့် (မင်မင်းဆက်ကာလကတည်ဆောက်ခဲ့တဲ့ မဟာတံတိုင်းကြီးရဲ့ ၃၀ရာခိုင်နှုန်းကျော်ခန့်က ပျက်စီးဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။

မဟာတံတိုင်းကြီးရဲ့ ၃၀ရာခိုင်နှုန်းကျော်ကပျက်စီးဆုံးရှုံးခဲ့ပြီဖြစ်ပါတယ်။
မဟာတံတိုင်းကြီးကတရုတ်နိုင်ငံရဲ့ ကြီးကျယ်ခမ်းနားတဲ့ အထင်ကရဗိသုကာလက်ရာလည်းဖြစ်ပါတယ်။ မဟာတံတိုင်းကြီးကတရုတ်နိုင်ငံရဲ့ယဉ်ကျေးမှု၊ အမျိုးသားရေးမာန်၊ ခမ်းနားတဲ့ပရောဂျက်တွေနဲ့ နှစ်ပေါင်းများစွာအရှည်တည်တံ့ခိုင်မြဲမှုဆိုတာတွေကို ပြသနေရုံသာမကတရုတ်နိုင်ငံရဲ့ လေးစားအံ့အားသင့်ဖွယ်ရာဗိသုကာပညာနဲ့ တီထွင်ဆန်းသစ်မှုတွေကိုပါ ယနေ့ချိန်ထိသက်သေထူပြသနေဆဲပင် ဖြစ်ပါတော့တယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar