Month: January 2019
ဖုန်းရွှေကောင်းအောင်လုပ်သော ပစ္စည်း(၁၀) မျိုး
တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဟိန္းလတ္ မှ
January 28, 2019 နေ့
ကျန်းမာရေးနှင့် စီးပွားရေး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။
ads
(၁) ရေနှင့်ပတ်သက်သောပစ္စည်းများ
ဘာတွေလဲ
ရေပန်း၊ ငါးကန် နှင့် အခြားရေနှင့်ပတ်သက်သည်များ
အကျိုးကျေးဇူး
ကျန်းမာရေးကောင်းစေသည်။ အိမ်တွင်းခုခံအားကောင်းမွန်စေသည်။
ဘယ်လိုသုံးမလဲ
အိမ်(သို့)အခန်း၏အရှေ့ အရပ်(သို့) အရှေ့တောင်အရပ်မှာထားပါ။
ဘယ်မှာဝယ်လို့ရ
ပန်းပင်ရောင်းသောဆိုင်၊ အလှအပ ပစ္စည်းရောင်းသောဆိုင်။
သင်သိပါသလား
လူတို့သည်ပင်လယ်ကမ်းခြေ၊ ရေပူစမ်း၊ စမ်းချောင်းများသို့ သွားကာ အပန်းဖြေကြ၏။ ဒဏ်ရာများ၊ ရောဂါများပျောက်အောင် ကုသကြသော အစဉ်အလာ ရှိ၏။ ဖုန်းရွှေပညာတွင်လည်း သန့်ရှင်း လတ်ဆက်သောရေတွင် ချီ ဓာတ်ရှိ၏။ ၎င်းသည် မိမိ ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်အပေါ်လှုပ်ခတ် သက်ရောက်မှုဖြစ်စေ၏။
(၂) ပင်လယ်ဆား
ဘာတွေလဲ
ပင်လယ်ဆားကြမ်း သို့မဟုတ် ဆားအနု
အကျိုးကျေးဇူး
တည်ငြိမ်မှုအားကောင်းစေမည်။ ချီ ဓာတ်ကိုသန့်စင်ပေး၏။
ဘယ်လိုသုံးမလဲ
အိမ်၏အရှေ့မြောက် (သို့) အနောက်တောင်တွင်ထားပါ။ သို့မဟုတ် ကြမ်းပြင်ပေါ်ဖြူးချပါ။
ဘယ်မှာဝယ်လို့ရ
ကျန်းမာရေးဆိုင်များ၊ စူပါမားကတ်များ
သင်သိပါသလား
လူသားနှင့် ဆား ဆက်စပ်မှုများစွာရှိ၏။ လူသားတို့သည် ပင်လယ် ကမ်းစပ်တွင် အခြေချနေထိုင်ကြ၏။ ကျွန်တော်တို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းအများစုတွင် အငန်အရသာရှိ၏။ ချက်ပေါ်ဆား အနည်းငယ်ပုံပါ။ သို့မဟုတ် ခါးလည်တွင် ဆားပွတ်ပါ။ သို့ဆိုလျှင် ပြင်ပအတိုက်အခိုက်ရန်များမှ လုံခြုံဘေးကင်းမည်။
(၃) အပင်များ
ဘာတွေလဲ
အိမ်ထဲစိုက်၍ရသောအပင်မျိုးစုံ
အကျိုးကျေးဇူး
အခန်းတွင်း သို့ ရှင်သန်နေသော ချီဓာတ်ကိုဝင်စေသည်။ အိမ်ထဲ ရှိလေထုညစ်ညမ်းမှု ၊ အသံညစ်ညမ်းမှုများကို လျော့နည်းစေသည်။
ဘယ်လို သုံးမလဲ
အိမ်ထဲတွင် အပင်မျိုးစုံအလှစိုက်ထားပါ။
ဘယ်မှာဝယ်လို့ရ
ပန်းခြံများ၊ အပင်အရောင်းဆိုင်။
သင်သိပါသလား
အခန်းထောင့်များတွင် အရွက်ချွန်ရှိသော အပင်များကိုစိုက်ပါ။ လှောင်ပိတ်ပုတ်သိုးနေသော ချီ များကို ပယ်ဖျက်စေမည်ဖြစ်၏။ ထောင့်စွန်းထွက်နေသော နေရာများတွင် ချုံပုတ်ကဲသို့ အပင်များစိုက်ကာ မြန်ဆန်စွာဝင်လာသော ချီများကို ငြိမ့်ညောင်းနှေးကွေးအောင်လုပ်ပါ။ ရေချိုးခန်းတွင် အပင်များနိုင်သမျှ များများစိုက်ပါ။ သစ်သားဓာတ် က ပိုလျှံနေသော ချီဓာတ်များကို နုတ်ယူရန်ဖြစ်၏။
(၄) ပန်းများ
ဘာတွေလဲ – ပန်းပင်စိုက်၊ ပန်းအိုးထိုး။
အကျိုးကျေးဇူး – ကွက်လပ်နေရာလွတ်ကိုဖြည့်ဆီးပေးကာ ရှင်သန်နေသော ချီဓာတ်ကို အိမ်ထဲသို့ ဆွဲဆောင်နိုင်သည်။
ဘယ်လိုသုံးမလဲ – အခန်းထဲတွင် လတ်ဆတ်သောပန်းများကို ထိုးပါ။ ရှင်သန်နေသော ချီ ဓာတ်ပို၍ တက်ကြွ စေနိုင်ပါသည်။
ဘယ်မှာဝယ်လို့ရ
ပန်းဆိုင်များ၊ ပန်းခြံများ၊ အလှပစ္စည်းဆိုင်များ
သင်သိပါသလား
ပန်းအိုးသည်နေရာလပ်ရှိ ချီဓာတ်ကိုပြောင်လဲစေနိုင်၏။ ပန်းအိုးကို အဝိုင်းအလုံးသုံးပါ။ သို့မှသာ သတ္တုချီဓာတ် ပိုမိုတိုးပွားစေမည်။ ရေ ချီဓာတ်အတွက် ဖန်အိုး၊ မြေကြီး ချီဓာတ်အတွက် သစ်သားအိုး၊ သုံးမြှောင့်အိုးက မီးချီဓာတ်တို့ကို အားပေးသည်။
(၅) တိုင်ကပ်နာရီ
ဘာတွေလဲ – သတ္တုပစ္စည်းအစိတ်အပိုင်းများများပါဝင်သော တိုင်ကပ်နာရီ
အကျိုးကျေးဇူး – ပိုမို ကောင်း သော၊ ပိုမိုကျန်းမာသော ဘဝကို ရစေရန်။
ဘယ်လိုသုံးမလဲ – အိမ်၏ အနောက်ခြမ်း (သို့) အနောက်မြောက်ခြမ်းတွင်ထားပါ။
ဘယ်မှာဝယ်လို့ရ – ရှေးဟောင်း ပစ္စည်းဆိုင် ၊ ရတနာဆိုင်
သင်သိပါသလား – ချိန်သီးပါသော နာရီသည် သင့်အိမ်ထဲတွင် အမြဲ လှုပ်ရှားနေမည်။ ထို့ကြောင့် ရှင်သန်ခြင်း နိမိတ်ကိုပြသည်။ အိမ်မှ မိသားစုများ ဟန်ချက်ညီရှိကာစည်းရုံးမှု ရှိကြမည်။ လူတိုင်းသည် နာရီစည်းချက်များဖြင့်ပြုလုပ်ထားကြသည်။ (ရင်ခုန်မှု၊ အသက်ရှုမှု) ထို့ကြောင့် ဘဝ၏ နာရီစည်းချက်ကျမှုကို ဖြည့်ဆီးမည့်တိုင်ကပ်နာရီကိုထားသင့်သည်။
(၆) ကျောက်မီးသွေးခဲ
ဘာတွေလဲ – ပန်းချီဆရာများခဲကြမ်းခြစ်သောကျောက်မီးသွေးခဲ။
အကျိုးကျေးဇူး – မီး ချီဓာတ်ကို အနောက် (သို့) အနောက်ခြမ်းတွင်ထားလျှင် ဟန်ချက်ညီသည်။
ဘယ်လိုသုံးမလဲ – ကျောက်မီးသွေးကို မြေအိုးနှင့်ထားပါ။ မီးချီဓာတ်နှင့် နီးသောနေရာတွင်ထားပါ။
သင်သိပါသလား – ၎င်းသည် ချီဓာတ်ကိုနှုတ်ယူတတ်ကာ လိုလျှင် ပြန်ထုတ်သုံး၍ရ၏။ အိမ်၏ တောင်ဘက်ခြမ်းတံခါးအနားတွင် ကျောက်မီးသွေးကိုထားလျှင် အကောင်းဆုံးဖြစ်၏။ ဤသို့ပြုလုပ်ခြင်းဖြင့် အိမ်သူ အိမ်သားခြင်းရန်ခိုက်ဖြစ်ပွား၊ အငြင်းအခုန်ဖြစ်မှုများကို လျော့ပါးစေ၏။
(၇) ဖယောင်းတိုင်များ
ဘာတွေလဲ – ဖယောင်းတိုင်များ
အကျိုးကျေးဇူး – ဒေါသကိုငြိမ်းစေ၊ စိတ်အေးချမ်းစေ။
ဘယ်လိုသုံးမလဲ – အိမ်၏တောင်ဘက်၊ အနောက်တောင်ဘက်၊ အရှေ့မြောက်ဘက်တို့တွင်ထားပါ။
ဘယ်မှာဝယ်လို့ရ – ဆိုင်တိုင်းတွင်ဝယ်လို့ရ။
သင်သိပါသလား – ရှုပ်ထွေးနေသော ချီဓာတ်ကို တည်ငြိမ်စေသည်။ မြောက်ဘက်ကို မျက်နှာမှုထိုင်ကာ ဖယောင်းတိုင်တစ်တိုင်ထွန်းပါ။ မျက်လုံးနှင့် တပြေးတည်း ရှိနေပါစေ။ ဖယောင်းတိုင်မှ အရည်ဖြစ်ပုံ၊ အရည်မှ အငွေ့ဖြစ်ပုံ၊ အလင်းဓာတ်နှင့် အပူဓာတ်ဖြစ်ပုံများကို အာရုံပြုထားပါ။ အသက်ကို ဖြည်းဖြည်းမှန်မှန်ရှုသွင်းရှုထုတ်လုပ်ပါ။ ထိုသို့ဖြင့် စိတ်တည်ငြိမ်မှုရကာ ကျန်းမာရေးပိုကောင်းမည်။
(ဂ)မှန်များ
ဘာတွေလဲ – မှန်အခုံး၊ မှန်အခွက်
အကျိုးကျေးဇူး – ပတ်ဝန်းကျင်ကို ပိုမိုမြန်ဆန်၊ ပိုမိုစိတ်လှုပ်ရှားစေမည်။ နေရာပိုကျယ်စေမည်။
ဘယ်လိုသုံးမလဲ – မှောင်မိုက်သော၊ ကျဉ်းမြောင်းသောအခန်းများတွင်ထားပါ။
ဘယ်မှာဝယ်လို့ရ – အိမ်သုံးပစ္စည်းဆိုင်တိုင်းတွင်ရ။
သင်သိပါသလား – မှန်အခုံးများသည် ချီစွမ်းအင်ကို ခွဲခြမ်းပစ်စေနိုင်၏။ အိမ်ရှေ့တံခါးနှင့် လှေကားတန်းနေပါက လှေကားတွင်တပ်ထားပါ။ သို့မဟုတ် ရှည်လျားသော စြင်္ကလမ်းအဆုံးတွင်ထားပါ။
(၉) လေသာဆည်းလည်းများ
ဘာတွေလဲ – သစ်သား (သို့) သတုလေသာဆည်းလည်း
အကျိုးကျေးဇူး – ချီ ကိုခွဲပစ်ကာပိုမိုသက်တောင့်သက်သာဖြစ်စေ၊ တည်ငြိမ်စေသည်။
ဘယ်လိုသုံးမလဲ – တံခါးဘေးတွင်တပ်ထားပါ။ တံခါးဖွင့်တိုင်း လေသာဆည်းလည်းသံကြားနေရပါစေ။
ဘယ်မှာဝယ်လို့ရမလဲ – ပန်းခြံဆိုင်များ၊ ကုန်တိုက်များ ။
သင်သိပါသလား – အသံမြည်ဖုန်းရွှေကောင်း၏။ တံခါးမဖွင့်လျှင်၊ လေမတိုက်လျှင်ဖုန်းရွှေကောင်းအောင် မိမိက လှုပ်ရမ်းပေးပါ။
(၁၀) ခေါင်းလောင်းများ
ဘာတွေလဲ – လက်ကိုင်ပါသော ခေါင်းလောင်း
အကျိုးကျေးဇူး – ခိုင်မာသန်စွမ်းသော ချီဓာတ်ဖြင့် ခံစားချက်များ၊ အတွေးများကို ထုတ်ပစ်။
ဘယ်လိုသုံးမလဲ – ခန္ဓာကိုယ်အနားကပ်ကာ ပြင်းပြင်းထန်ထန် ခေါင်းလောင်းထိုးပါ။
ဘယ်မှာဝယ်လို့ရ – ဘုရားကျောင်းများ၊ ဆိုင်များ။
သင်သိပါသလား – ပုတ်သိုးငြိမ်ဝပ်နေသော စွမ်းအင်ကိုလှုပ်ခါပစ်နိုင်၏။ အိမ်၏ထောင့်ချိုးများ၊ မှောင်နေသော အခန်းများတွင် ခေါင်းလောင်းလိုက်ထိုးပါ။ အသံလှုပ်ကာ စွမ်းအင်ကို ပြန်လည်လှုပ်ခါလာစေသည်။ ထိုနေရာသို့ လတ်ဆက်သော ချီ စွမ်းအင်များ ပြန်ဝင်လာမည်။
ဘာတွေလဲ
အကျိုးကျေးဇူး
ဘယ်လိုသုံးမလဲ
ဘယ်မှာဝယ်လို့ရ
သင်သိပါသလား
(၂) ပင်လယ်ဆား
ဘာတွေလဲ
အကျိုးကျေးဇူး
ဘယ်လိုသုံးမလဲ
ဘယ်မှာဝယ်လို့ရ
သင်သိပါသလား
(၃) အပင်များ
ဘာတွေလဲ
အကျိုးကျေးဇူး
ဘယ်လို သုံးမလဲ
ဘယ်မှာဝယ်လို့ရ
သင်သိပါသလား
(၄) ပန်းများ
ဘယ်မှာဝယ်လို့ရ
သင်သိပါသလား
(၅) တိုင်ကပ်နာရီ
(၆) ကျောက်မီးသွေးခဲ
(၇) ဖယောင်းတိုင်များ
(ဂ)မှန်များ
(၉) လေသာဆည်းလည်းများ
(၁၀) ခေါင်းလောင်းများ
လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်
  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar
ads
၁။ပျော်ရွှင်မှုကိုထွေးပိုက်ပါ။
ပျော်ရွှင်မှုဆိုတဲ့စကားလုံးကလူတိုင်းကြားဖူးနေပေမယ့် တကယ်တမ်းတော့ အဓိပ္ပာယ်နက်နဲတဲ့စကားလုံးပါ။ ဒီစကားလုံးရဲ့နောက်ကွယ်မှာ သက်သောင့်သက်သာရှိခြင်းဆိုတဲ့ခံစားချက်တွေအများကြီးပါဝင်နေပါတယ်။စဉ်းစားကြည့် လိုက်မယ်ဆိုရင် အိစက်နေတဲ့မွေ့ယာ၊အေးမြတဲ့အိပ်ရာခင်းနဲ့စောင်တွေ၊ပူပူနွေးနွေးဖျော်ထားတဲ့လက်ဖက်ရည်၊ကိုယ်အကြိုက်ဆုံးစာအုပ်တစ်အုပ်၊မီးဖိုထဲကမီးတောက်လေးတွေရဲ့အသံကိုပေါင်းစပ်လိုက်တာနဲ့ နေအိမ်ထဲကပျော်ရွှင်မှုခံစားချက် တစ်မျိုးကိုခံစားမိကြမှာပါ။
နေအိမ်တွင်းမှာပျော်ရွှင်မှုကိုဖန်တီးပေးနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပေမယ့် ဒါတွေအားလုံးမှာ နွေးထွေးလှိုက် လှဲမှု၊သက်သောင့်သက်သာရှိမှုဆိုတဲ့ခံစားချက်တွေပါဝင်နေပါတယ်။ပျော်ရွှင်မှုရဲ့အကောင်းဆုံးအပိုင်းက ပျော်ရွှင်နိုင်ဖို့ဆိုတာ အိမ်အကျယ်ကြီးပိုင်ဆိုင်ထားမှမဟုတ်ပါဘူး။ပျော်ရွှင်မှုတွေပြည့်နှက်နေတဲ့နေရာအများစုက ကျဉ်းမြောင်းတဲ့နေရာတွေပါ။ကိုယ့်ရဲ့ကျဉ်းမြောင်းတဲ့အိမ်လေးမှာ ပျော်ရွှင်မှုကိုဖန်တီးပေးနိုင်မယ့်အရာတွေကိုပေါင်းထည့်ပေးဖို့ပဲလိုအပ်တာပါ။
၂။ဖယောင်းတိုင်အသုံးပြုခြင်း
နေအိမ်တွင်းမှာပျော်ရွှင်မှုရဲ့ရနံ့ကိုအမြဲခံစားချင်မိတယ်ဆိုရင် ပုံမှာပြထားတဲ့အတိုင်းနေရာအနှံ့မှာအမွေးနံ့ဖ ယောင်းတိုင်တွေထွန်းညှိထားပါ။ပျော်ရွှင်မှုဆိုတဲ့ခံစားချက်ကိုဖန်တီးဖို့ ဖယောင်းတိုင်တွေကမရှိမဖြစ်လိုအပ်ပါတယ်။ကိုယ့် ရဲ့ကျဉ်းမြောင်းတဲ့နေအိမ်တွင်းမှာ နွေးထွေးမှုကိုခံစားရဖို့အလွယ်ကူဆုံးနည်းလမ်းတွေထဲကတစ်ခုပါ။စာအုပ်စင်၊ကော်ဖီစား ပွဲနဲ့ရေချိုးကန်ဘေးနားတဝိုက်မှာ အမွေးနံ့သာဖယောင်းတိုင်တွေကိုလှပတင့်တယ်အောင်ထားသိုပြီးထွန်းညှိထားပေးခြင်း က စိတ်ပြေလက်ပျောက်ဖြစ်စေပါတယ်။
၃။အိပ်ရာခင်းလဲပေးခြင်း
ပုံမှာပြထားတဲ့အိပ်ခန်းထဲမှာကြည့်လိုက်မယ်ဆိုရင် ပစ္စည်းတွေနည်းပေမယ့် သေသေသပ်သပ်ရှိတဲ့အတွက် သက် သောင့်သက်သာရှိစေပါတယ်။ကိုယ့်အိပ်ခန်းထဲမှာတင်ပျော်ရွှင်မှုကိုဖန်တီးဖို့ အဆင့်နှစ်ဆင့်လိုအပ်ပါတယ်။ပထမတစ်ခုကပစ္စည်းတွေကိုသေသေသပ်သပ်စီထားပါ။ဒုတိယတစ်ခုကအကောင်းဆုံးအိပ်ရာခင်းကိုအသုံးပြုပါ။အရမ်းဇိမ်ယူတတ်တဲ့လူတွေအတွက် အရမ်းပူအိုက်နေမယ်ဆိုရင် အလင်းရောင်ကိုဂရုစိုက်ပြင်ဆင်လို့ရပါတယ်။အိပ်ရာခင်းကိုလည်းအနည်းငယ် ပါးအောင်ပြင်ဆင်လိုက်ပါ။
၄။သဘာဝကိုထွေးပိုက်ပါ။
ဓာတ်ပုံတွေကိုအသားပေးဖော်ပြတဲ့အင်စတာဂရမ်လူမှုကွန်ရက်မီဒီယာစာမျက်နှာပေါ်မှာ နေအိမ်တွင်းပျော်မွေ့မှု အတွက်အများဆုံးမြင်တွေ့ရတတ်တဲ့ဓာတ်ပုံတွေကစောင်တွေ၊မီးဖိုတွေနဲ့ကော်ဖီခွက်တွေပဲဖြစ်ပါတယ်။ဒါဟာဘယ်တော့ မှပျောက်ပျက်သွားမယ့်အလေ့အထတစ်ခုပါ။ဒါပေမဲ့ တကယ်တော့ အများစုကဆောင်းရာသီနဲ့သာကိုက်ညီတာပါ။ရာသီတစ်နှစ်ပတ်လုံးနဲ့ကိုက်ညီတာကတော့ သဘာဝပတ်ဝန်းကျင်ရဲ့စိမ်းလန်းစိုပြေမှုပဲဖြစ်ပါတယ်။စိမ်းလန်းစိုပြေမှုဟာ မျက်စိအေးပြီးလေထုကိုသန့်စင်ပေးတဲ့အပြင် အခန်းတစ်ခန်းလုံးကိုပြီးပြည့်စုံသွားအောင်ဖန်တီးပေးနိုင်ပါတယ်။
၅။ပျော်ရွှင်စရာကောင်းတဲ့မီးဖိုချောင်ကိုဖန်တီးပါ။
ဘဝကိုပျော်ရွှင်အောင်နေနည်းများဆိုတဲ့စာအုပ်ထဲမှာဖော်ပြထားတဲ့နည်းလမ်းတစ်ခုအရဆိုရင် မီးဖိုကိုအမြဲပူနေ အောင်ထားပါလို့ပါရှိပါတယ်။ပျော်ရွှင်အောင်နေနည်းအတွက်အကြံပေးကြတဲ့ပညာရှင်တွေကလည်း မိသားစုဝင်တွေနဲ့အတူ လက်ဆုံထမင်းစားပါ။ကော်ဖီသောက်ရင်းမုန့်စားပါလို့ ဆိုထားပါတယ်။ဒါဟာပျော်ရွှင်စရာကောင်းတဲ့မီးဖိုချောင်တစ်ခုကိုဖန်တီးဖို့ ထင်မထားတဲ့အလွယ်ကူဆုံးနည်းလမ်းတစ်ခုပါ။ပျော်ရွှင်မှုရဲ့အဓိကလျှို့ဝှက်ချက်အများစုက ဘဝရဲ့အသေးအမွှား အရာလေးတွေကနေဖြစ်ပေါ်လာတာပါ။
၆။စာအုပ်သတ်မှတ်ထားပါ။
ပျော်ရွှင်မှုကိုဖန်တီးရာမှာအဓိကကျတဲ့အရာတစ်ခုကစာအုပ်ကောင်းတစ်အုပ်ပါ။နေ့စဉ်စာရေးစာဖတ်ချင်စိတ်ကိုလှုံ့ဆော်ပေးနိုင်တဲ့နေရာမှာ ကိုယ်အကြိုက်ဆုံးစာအုပ်တစ်အုပ်ထက်ကောင်းတာမရှိနိုင်ပါဘူး။ပုံမှာဖော်ပြထားတဲ့အပြင် အဆင်ကိုကြည့်လိုက်ရင် ဇိမ်ကျတဲ့စာဖတ်ခန်းတစ်ခုဖန်တီးဖို့ နေရာအကျယ်ကြီးမလိုအပ်ဘူးဆိုတဲ့သက်သေပါပဲ။တကယ် တော့ နေအိမ်တွင်းစာကြည့်တိုက်ဆိုတာတစ်မူထူးခြားပြီးသေသပ်ကျစ်လစ်နေရင် ပိုပြီးသက်သောင့်သက်သာရှိပါတယ်။
၇။ပရိဘောဂများမလိုအပ်ခြင်း
ပျော်ရွှင်မှုကိုဖန်တီးတဲ့နေရာမှာဖြစ်လေ့ဖြစ်ထရှိတဲ့အမှားတစ်ခုကတစ်အိမ်လုံးအပြည့်ခေတ်မီပရိဘောဂပစ္စည်းတွေထားရှိလိုက်တာပါပဲ။နေအိမ်ဆိုတာသပ်သပ်ရပ်ရပ်နဲ့ပစ္စည်းအနည်းငယ်သာရှိသင့်တဲ့အတွက် တကယ်တော့ ဘယ်ပရိ ဘောဂမှမလိုအပ်ပါဘူး။နွေးထွေးလှိုက်လှဲပြီးသက်သောင့်သက်သာရှိတဲ့အခန်းဆိုတာ ပျော်ရွှင်မှုကိုဖော်ကျူးတဲ့နေရာဖြစ် သင့်ပါတယ်။ကိုယ့်ရဲ့အိမ်ကျဉ်းကျဉ်းလေးနဲ့သင့်တော်တဲ့ခေတ်မီပရိဘောဂကိုရွေးလို့မရဖြစ်နေရင် နောက်ကျောမှီဆိုဖာခေါင်းအုံးအနည်းငယ်သာချထားပေးလိုက်ပါ။
၈။လက်မှုပညာတွေသင်ယူပါ။
အိမ်ကိုပျော်ရွှင်အောင်ဖန်တီးထားပြီဆိုတာနဲ့ အိမ်မှာပဲနေပြီးလက်မှုပညာလေးတွေသင်ယူဖို့အကြောင်းပြချက် ကောင်းကောင်းရသွားပါပြီ။ကျဉ်းမြောင်းတဲ့နေအိမ်တွေမှာသိုးမွေးထိုးခြင်းကပျော်ရွှင်မှုကိုဖန်တီးပေးနိုင်တဲ့လက်မှုပညာတစ်ခုပါ။သက်သောင့်သက်သာရှိပြီးနေရာအကျယ်ကြီးမလိုအပ်ဘဲနဲ့ စစ်မှန်တဲ့ပျော်ရွှင်ချမ်းမြေ့မှုကိုခံစားရစေပါတယ်။ သိုးမွေးမထိုးဖူးဘူးဆိုရင် အွန်လိုင်းကနေအလွယ်တကူသင်ယူလို့ရပါတယ်။
၉။အလင်းရောင်ကိုပြင်ဆင်ပါ။
အွန်လိုင်းပေါ်မှာမြင်တွေ့ရလေ့ရှိတဲ့အိပ်မက်ဆန်ဆန်အိပ်ရာလေးကိုစာအုပ်ကောင်းကောင်းလေးတစ်အုပ်နဲ့တွဲဖက်မိချင်မှာပါ။ပျော်ရွှင်မှုရဲ့ရသအပြည့်အဝရရှိဖို့ စာအုပ်ဖတ်တဲ့နေရာရဲ့အပေါ်မှာမီးအလင်းအနည်းငယ်နဲ့ကော်ဖီခွက်ကို ဖြည့်စွက်လိုက်ပါ။အလင်းရောင်ကိုမှန်မှန်ကန်ကန်ထားရှိနိုင်မယ်ဆိုရင် အခန်းတစ်ခန်းကို နွေးထွေးလှိုက်လှဲအောင်ဖန်တီး နိုင်ပါတယ်။အကောင်းဆုံးကတော့ ဒီလိုအပြင်အဆင်မျိုးရရှိဖို့ နေရာအကျယ်ကြီးထပ်မလိုအပ်တော့တာပါပဲ။
၁၀။ထမင်းစားစားပွဲ
အင်စတာဂရမ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာပျော်ရွှင်မှုလို့ရိုက်ထည့်လိုက်တာနဲ့ အိပ်ရာထဲမှာမနက်စာစားနေတဲ့ လူတွေရဲ့ဓာတ်ပုံတွေအများကြီးထွက်လာပါလိမ့်မယ်။နေရာကျဉ်းမြောင်းတဲ့နေအိမ်တွေမှာ သာမန်ထမင်းစားစားပွဲကိုသာထားလေ့ရှိပေမယ့် ပျော်ရွှင်စရာကောင်းတဲ့ပတ်ဝန်းကျင်ကိုလိုချင်တယ်ဆိုရင်တော့ ထမင်းစားဖို့အတွက် စားပွဲဝယ်ထားဖို့မ လိုအပ်ပါဘူး။အားလပ်ရက်ရဲ့မနက်ခင်းတိုင်းအိပ်ရာထဲမှာလခြမ်းကွေးမုန့်၊ကော်ဖီတစ်ခွက်နဲ့နိုးထရမယ်ဆိုရင် အရမ်းဇိမ် ကျမှာပါ။
၁၁။နည်းလေကောင်းလေပါပဲ။
တကယ်တော့ခေတ်မီပစ္စည်းတွေဆိုတာ ကိုယ့်ရဲ့ပျော်ရွှင်ချမ်းမြေ့မှုတွေကိုကန့်သတ်လိုက်တဲ့အရာတွေပါပဲ။ကျဉ်း မြောင်းတဲ့နေအိမ်မှာပရိဘောဂတွေအများကြီးထားလို့မရဘူးဆိုရင် ရှင်းလင်းတဲ့မီးကြိုးအပြင်အဆင်၊ရိုးရှင်းတဲ့အရောင် တွေ၊ပရိဘောဂနည်းနည်းလေးရယ်နဲ့ ပျော်ရွှင်စရာကောင်းတဲ့နေရာတစ်ခုဖြစ်အောင်ဖန်တီးနိုင်ပါတယ်။အားလုံးလိုက်ဖက် စွာနဲ့နေသားတကျဖြစ်သွားပြီဆိုရင် ပျော်ရွှင်မှုကိုအလိုလိုခံစားမိလာမှာပါ။ကျဉ်းမြောင်းတဲ့နေရာတွေမှာအရေးကြီးတဲ့ ပစ္စည်းတွေကိုပဲအဓိကအာရုံစိုက်ပြီး ပြီးပြည့်စုံတဲ့အပြင်အဆင်ဖြစ်အောင်ဖန်တီးပါ။
ကျဉ်းမြောင်းသည့်နေအိမ်များအတွက်ပျော်ရွှင်မှုကိုဖန်တီးပေးနိုင်သည့်လျှို့ဝှက်ချက်
၎။သဘာဝကိုထွေးပိုက်ပါ။
၆။စာအုပ်သတ်မှတ်ထားပါ။
၈။လက်မှုပညာတွေသင်ယူပါ။
၁၀။ထမင်းစားစားပွဲ
၁၁။နည်းလေကောင်းလေပါပဲ။
လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်
  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar
ပြည်တော်အေးရိပ်သာလမ်းမှSingle Family Home
တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဝင်နီ မှ
January 27, 2019 နေ့
စွဲမက်ဖွယ် အိမ်ပုံစံလေးများဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။
ads
ပြည်တော်အေးရိပ်သာလမ်းထဲကိုရောက်ခဲ့တဲ့အချိန်မှာ သစ်သားတိုင်လုံးကြီးတွေနဲ့ ခမ်းနားလှပတဲ့ အိမ်လေးကို သတိထားမိခဲ့ပါတယ်။ ဒီအိမ်လေးက ထူးခြားလှပခမ်းနားပြီး ဆွဲဆောင်မှုရှိနေတာကြောင့် အိမ်လေးကို တာဝန်ယူဖန်တီးပေးခဲ့တဲ့ SPiNE Architects သို့သွားရောက်တွေ့ဆုံဖြစ်ခဲ့ပါတယ်။ ဒီအိမ်လေးနဲ့ ပတ်သက်ပြီး ကိုစတီဗင်ဇော်မိုးရွှေ (SPiNE Architects) ထံမှ စာရေးသူတို့ သိခွင့်ရခဲ့တာတွေကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ဒီအိမ်လေးက Single Family Home ပါ။ Single Family ဆိုတာက မိသားစုတစ်စုတည်းနေတဲ့အိမ်ကို ခေါ်တာပါ။ ပြည်တော်အေးရိပ်သာလမ်းထဲမှာရှိတဲ့ Single Family Home လေးတစ်လုံးပါ။ ပထမဆုံး မြေကွက်အနေအထားက တခြားမြေကွက် အနေအထားတွေနဲ့စာရင်နည်းနည်းထူးခြားပါတယ်။ ပုံမှန်ကတော့ လေးထောင့်စပ်စပ် ပေ ၁၀၀ ပတ် လည်၊ ပေ ၈၀ ပတ်လည်၊ ပေ ၄၀ x ၆၀ စတဲ့အကွက်တွေ လုပ်ကြတဲ့အထဲမှာ ဒီအကွက် ကတော့မျက်နှာစာက ပေ ၆၀ ကျော်ကျော်လေးရှိတယ်။ အရှည်ကတော့ ပေ ၂၀၀ နီးပါး ရှိပါတယ်။ ပေ ၆၀ x ပေ ၂၀၀ ဆိုတော့ မြေကွက်ရဲ့အနေအထားက ပါးပါးရှည်ရှည်လေး ဖြစ်နေတယ်။ ဒီနေရာမှာ Challenge က ဘာလဲဆိုတော့ Site တစ်ခုရဲ့အနေအထားကို ကျွန် တော်တို့ Architect တွေက ကြည့်တဲ့အချိန်မှာ အဆောက်အဦးကို ဘယ်လိုသင့်တော်မလဲ၊ ဘယ်နေရာမှာထည့်မလဲဆိုတာ ဒီဇိုင်းလုပ်တဲ့လုပ်ငန်းစဉ်မှာ ပထမဆုံးစဉ်းစားရတဲ့အဆင့်ပါ။ ဒီ ပါးပါးရှည်ရှည်မြေကွက်လေးမှာ လိုအပ်တဲ့ Program တွေကို ဘယ်လိုထည့်မလဲဆိုရင် ဒီမြေကွက်အနေအထားနဲ့ ကျွန်တော်တို့စဉ်းစားပြီ။
ဘယ်လိုစဉ်းစားလဲဆိုတော့ဥပမာအားဖြင့် ပုံမှန်ကအရှေ့ခြမ်းမှာ ပန်းခြံထားလေ့ရှိတယ်။ ဒါပေမယ့်ဒီအိမ်မှာထူးခြားချက်က ပန်းခြံဆိုပေမယ့်အရံအတားသဘော Green Zone သေးသေးလေး ရှိပြီးတော့ဝင်လာတာနဲ့ကားပါကင်ရှိတယ်။ ပေါ်တီကိုနေရာလေးလုပ်ထားပြီး အဲ့ဒီပေါ်တီကိုအမိုးမှာ ရေကူးကန်ထည့်ထားတယ်။ ဘာဖြစ်လို့အဲဒီလိုစဉ်းစားလဲဆိုတော့ မြေပြင်မှာပဲ ရေကူးကန်ထည့်မယ်ဆိုရင် မြေကွက်က ပေ ၆၀ ပဲကျယ်တဲ့အတွက် နေရာက မလောက်တော့ဘူး။ ကျွန်တော်တို့က outdoor area ကို ပိုကျယ် အောင်လုပ်ချင်တဲ့အတွက် elevation မှာကစားလိုက်တာပါ။ သဘောတရားက ရေကူးကန်ကို ပေါ်တီကို ရဲ့အပေါ်ကို ဆွဲတင်လိုက်တယ်။ ပေါ်တီကိုရဲ့အပေါ်မှာက ရေကူးကန်နဲ့ swimming pool deck နဲ့ outdoor space area တွေ ထပ်ထွက်လာတယ်။ ဆိုတော့ကျွန်တော်တို့က ရှေ့ခြမ်းလေးကို outdoor နှစ်ဆဖြစ်အောင် လုပ်လိုက်တဲ့သဘောတရားပါ။ အောက်မှာလည်း ကားငါးစီး၊ ခြောက်စီးလောက် အေးအေးဆေးဆေးထားလို့ရတဲ့ ကားပါကင်တစ်ခုဖြစ်မယ်၊ အပေါ်မှာလည်း ရေကူးကန်လေးရှိမယ်၊ အရှေ့ နဲ့ ဘေးမှာလည်း Green Zone ရှိမယ်။
ဒီမှာတော့Linear ခေါ်တာပေါ့။ ဒီလို Linear ဖြစ်တဲ့ ဒီမြေကွက်တစ်ခုမှာပဲ ကျွန်တော်တို့က အိမ်ကိုလည်း Linear ဖြစ်အောင်ဆွဲချလိုက်တယ်။ သဘောတရားက ဒီပါးပါးရှည်ရှည်လေးမှာ အိမ်ကို အပြည့်သွားလုပ်လိုက်ရင် ဘာဖြစ်သွားမလဲဆိုတော့ နောက်က Back Yard နဲ့ ရှေ့က Front Yard က သိပ်ကွဲထွက်သွားမယ်။ ကျွန်တော်တို့က အဲ့ဒီလိုမလိုချင်ဘူး။ ကျွန်တော်တို့က ဒီအိမ်ကိုမြေကွက်ရဲ့ အနေအထားအရ ပန်းခြံကိုတောက်လျှောက်အပြည့်လုပ်ချင်တာ။ ပြီးတော့ ပေ ၂၀၀ လုံးကိုအသုံးချချင်တာ။ အဲဒီတော့ဘာလုပ်ရလည်းဆိုရင် အိမ်ကိုလည်း ဘယ်ဘက်ခြမ်းကိုပါးပါးလေးဆွဲထွက်လိုက်တယ်၊ ညာဘက် ခြမ်းကိုဖွင့်ပေးလိုက်တယ်။ ဆိုတော့ဘာပဲဖြစ်ဖြစ် ရှေ့ဘက် Front Yard နဲ့ ဘေးဘက် Side Yard ပန်းခြံ လေးနဲ့ Back Yard ကတစ်စုတစ်စည်းတည်းဖြစ်သွားတယ်။ ဒါတှကေဒီ Site Plan အတှကျ Architect တစ်ယောက်အနေနဲ့ ဘယ်လိုစဉ်းစားကြသလဲဆိုတာပါ။
နောက်တစ်ခုကတော့ Design Process မှာ ပထမဆုံးအရေးကြီးတာက Concept တစ်ခုက အခြေခံပါ။ Concept မရှိပဲလုပ်တဲ့Design မှာ Soul မရှိနိုင်ပါဘူး။ လူတစ်ယောက်မှာSoul ရှိသလို Design မှာလည်း Soul ရှိရပါမယ်။ အဆောက်အဦတစ်ခုမှာ ဘာကြောင့် ဒီလိုဖြစ်လာသလဲဆို တာက အရမ်းအရေးကြီးပါတယ်။ ဒီအဆောက်အဦဆိုရင် ဘေးကပန်းခြံထဲမှာ အပင်ကြီးတွေရှိတယ်။ အဆောက်အအုံကို အပေါ်ကိုဆွဲမြောက်လိုက်မယ်ဆိုရင် အောက်မှာ အပင်တွေက ပိုပြီးထင်ရှားစွာကျန်ခဲ့မယ်။ ဒီတိုင်တွေကလည်း ဘယ်လိုစဉ်းစားသလဲဆိုရင် သစ်တော (Jungle)တစ်ခုထဲရောက်သွားတဲ့ အချိန်မှာ သစ်ပင်ရဲ့ပင်စည်နဲ့အိမ်ကိုဆွဲတင်ထားသလို၊ သဘောကတော့ Tree House ပေါ့၊ သစ်ပင်ပေါ်မှာ အိမ်လေးကိုဆွဲတင်ထားသလိုမျိုး၊ ဒီအိမ်လေးကလည်း Tree House လို ပုံစံမျိုးပါပဲ။ ကျွန်တော်တို့ Architect တွေက ဒီလို Concept ယူတဲ့အခါမှာ တိုက်ရိုက်မဟုတ်ပဲ နဲနဲဖုံးကွယ်ထားတာမျိုး ရှိပါတယ်။ တိုက်ရိုက်ကြီးသွားတဲ့အခါကျတော့ professional မကျတော့ဘူး။Tresshouse မို့လို့ သစ်ပင်ပေါ်မှာအိမ်သွားဆောက်တာမျိုး မဟုတ်ဘူး။ ဒါပေမယ့် အတွေးအခေါ်ပိုင်းကျတော့ အဲ့ဒီကလာတာပါ။ အခု ကျွန်တော်က ဒီ Conceptကို ပြောပြလိုက်တဲ့အခါကျတော့ အော် ဟုတ်ပါလားပေါ့၊ ဒါ Tree House ပါလားပေါ့။ အဲ့လိုဖြစ်သွားတယ်။ အဲ့ဒါက တကယ်တော့ ကောင်းတယ်။ ရှင်းပြလိုက်တဲ့အခါကျတော့ Concept ကို တွေ့တယ်။ ချက်ချင်းကြီး ပေါ်တင်သွားချပြလိုက်တဲ့ အခါကျတော့ အရသာပေါ့သွားတာပေါ့။
ဒီတိုင်တွေကိုတော့ ကျွန်းပြားသေးသေးလေးတွေကိုကပ်ပြီး အလုံးဖြစ်အောင် ဖန်တီးထားတယ်။ ဒီထဲကမှ တချို့ က Structure တိုင်ပေါ့၊ တချို့ကျတော့လည်း architecture element အနေနဲ့ထပ်ပြီး ထည့်ရတာတွေရှိတယ်။ ဒါက သစ်တောထဲမှာ ပင်စည်တွေတစ်ခုနဲ့တစ်ခု ကပ်နေတဲ့ပုံမျိုး။ သစ်ပင်ဆိုတာက တည့်တည့်ပေါက်တာ၊ စောင်းစောင်းပေါက်တာရှိတယ်ပေါ့၊ ဒါတွေက ထည့်စဉ်းစားထားပါတယ်။ ခြံစည်းရိုးမှာ ကျောက်အစောင်းလေးတွေ ထည့်ထားတာကလည်း ဒီ့ Theme ကိုယူထားတာပါ။ အတွင်းနဲ့ အပြင်ကTheme က တူမှ အိမ်တစ်လုံးက ကြည့်ရတာ Harmony ဖြစ်တာပါ။ ကျွန်တော်တို့က ဒါကို main theme ပေါ့။ ဒီကနေမှ interior design လုပ်တဲ့အခါမှာလည်း သစ်သားပြားလေးတွေကို အ စောင်းအစောင်းလေးတွေနဲ့ pattern ဖော်ထားပါတယ်။
ဒီအဆောက်အဦမှာဆိုရင် အထပ်တွေက တစ်လွှာတစ်လွှာချင်းစီသွားထားတာမဟုတ်ပါဘူး။Split level ခေါ်တာပေါ့။ အထပ်တစ်ဝက်နဲ့ခွဲထားတာတွေရှိပါတယ်။ ပြောရမယ်ဆိုရင် ပေါ်တီကိုအပေါ်မှာ outdoor swimming pool ရှိတယ်။ ဒါပေမယ့်ကားရပ်ပြီးတက်လာရင် လှေကားအကွေ့တစ်ဝက်မှာLiving Room ရှိတယ်။ ဒီ living room က formal living room ပါ။ ပုံမှန်ဧည့်သည်တွေကို လာတွေ့ရတဲ့ဧည့်ခန်းပါ။ Program အရဆိုရင်လည်း အရင်ဆုံးတွေ့ရမှာက living room ဖြစ်ပါတယ်။ ဒီဧည့်ခန်းမှာရှိတဲ့လှေကားကနေဆက်တက်သွားမယ်ဆိုရင် အနောက်ဘက် dinning room ဖြစ်သွားပြီ။
လူတစ်ယောက်ကို အိမ်ထဲဝင်လာတဲ့အခါ ပထမဆုံးဘာတွေ့စေချင်လဲ၊ နောက်ထပ်သွားရင် ဘာထပ်တွေ့စေချင်လဲဆိုတာက control ပေါ့။ ဒါကရုပ်ရှင်ဒါရိုက်တာတွေလိုပဲ ကျွန်တော်တို့ architect တွေအနေနဲ့ကလည်း ကျွန်တော်တို့ဖန်တီးလိုက်တဲ့ အဆောက်အဦကို လူတွေဘယ်လိုသုံးစေချင်လဲဆိုတာ ဃသညအမသူ လုပ်ထားတာပါ။ ဒီမှာဆိုရင် လူတစ်ယောက်က ကားရပ်တယ် တက်လာတယ် လှေကား တစ် ဝက်ချိုးအလွှာမှာ formal living room ရောက်မယ်၊ နောက်ဆက်တက်သွားရင် မိသားစု ထမင်းစား ခန်းလေးနဲ့ Dry Kitchen လေးပေါ့။ ဒါက နည်းနည်းလေးပိုပြီး private ဘက်ရောက်သွားပါတယ်။
နောက်တစ်ခုထူးခြားတာက ဒီမှာကားပါကင်ကတက်လာတဲ့ အပြင်လှေကားကွေ့ချိုးကနေ ခေါက်ပြီး ဆက်တက်သွားမယ်ဆို အပေါ်က outdoor swimming pool area ကို တန်းရောက်သွားမယ်။ အဓိက ရည်ရွယ်ချက်ကတော့ ပါတီတွေဘာတွေလုပ်တဲ့အခါမျိုးမှာ ဧည့်သည်တွေက အိမ်ထဲဝင်စရာမလိုပဲ အပြင် လှေကားကနေတန်းတက်ပြီး ပါတီလုပ်လို့ရတယ်၊ ရေကူးလို့ရမယ်ပေါ့။ လျှောက်တဲ့ လမ်းကြောင်းတွေက လည်း အမျိုးမျိုးကွေ့ပြီး ပြထားပါတယ်။ ဒီ swimming pool area ကနေ ထပ်ပြီး လှေကားတစ်ဝက် ခေါက်ချိုးတက်သွားမယ်ဆိုရင် semi public ဖြစ်တဲ့ ဧည့်ခန်းနေရာကိုရောက်မယ်။ မိသားစု၊ ဆွေမျိုးတွေ လို ခင်မင်ရင်နှီးတဲ့ဧည့်သည်တွေအတွက် ရည်ရွယ်ပါတယ်။ အောက်မှာတုန်းကတော့ public area တွက် ဖန်တီးထားပါတယ်။ တစ်ဆင့်ထပ်တက်မယ်ဆိုရင်တော့ master bed room ၂ ခန်းရှိမယ်။ နောက်ထပ်တက်သွားရင် အိပ်ခန်း ၄ ခန်း၊ ဆိုတော့ စုစုပေါင်း အိပ်ခန်း ၆ ခန်းပါဝင်ပါတယ်။ ဒီလမ်းကြောင်းကနေတက်လာတာ နောက်ဆုံး အပေါ်ဆုံးအဆင့်မှာတော့ ဘုရားခန်းရှိပါတယ်။
ခုနပြောခဲ့တဲ့ progression ပေါ့။ လူတစ်ယောက်ရဲ့ လမ်းကြောင်းကို ပြန်ပြတာပေါ့။ အရေးကြီးဆုံး private ဖြစ်ဆုံးနေရာက လမ်းကြောင်းရဲ့နောက်ဆုံးမှာရှိတယ်။ public ဖြစ်တဲ့နေရာတွေကတော့အရှေ့ဆုံးမှာ ရှိတယ်ဆိုတာလေးပါ။ ဒီ project လေးမှာ အနှစ်သက်ဆုံးနေရာကိုပြောရမယ်ဆိုရင်တော့ တော်တော်များပါတယ်။ ဘာ ကြောင့်လဲဆိုတော့ကျွန်တေ်ာတို့အနေနဲ့ အိမ်တစ်လုံးဖန်တီးတယ်ဆိုတာ ခုနကပြောသလိုပါပဲ။ ဒါရိုက်တာ တစ်ယောက်က သူရဲ့ဇာတ်ကွက်တွေကိုဖန်တီးပြသလို ကျွန်တော်တို့ကလည်း လူတစ်ယောက် အိမ်ထဲဝင်လာတဲ့အခါ ဘာတွေတွေ့မလဲ၊ ဘယ်လိုခံစားမှုတွေရမလဲဆိုတာက ကွက်တိချိန်ပေးထားပါတယ်။ နောက်ပြီးတော့ နေရာတစ်ခုမှာ လူတစ်ယောက်ထိုင်နေတဲ့အခါ အဲ့ဒီထိုင်နေတဲ့လူကို ဘာမြင်စေချင်တာလေးတွေ ရှိတယ်။ အခန်းကိုအမှောင်လေးထားမှာလား ဒါမှမဟုတ် မြင်ကွင်းတစ်ခုခုပေးမှာလား စသဖြင့်ပေါ့၊ ဒါတွေက ကျွန်တော်တို့ ဒီအိမ်မှာဆိုရင် စုံလင်စွာတွေ့ရပါတယ်။ပုံမှန်အိမ်နဲ့ ကွဲထွက်သွားတာက ပုံမှန်အိမ်မှာက မြေညီမှာဆိုရင် ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်း နောက် အိပ်ခန်းတစ်ခန်း ပါရင်ပါမယ်ပေါ့။ ဒီအိမ်က ထူးခြားတာက ပါးပါးရှည်ရှည်လေးဖြစ်နေတာက တစ်ခု၊ မြေကြီးက ကျဉ်းတာတစ်ခု၊ ဒါတွေကြောင့် ကျွန်တော်တို့က အိမ်ကို အပေါ်ဆွဲမြောက်ထားပြီး နေရာတွေ အများကြီးထွက်လာအောင် ဖန်တီးထားပါတယ်။ တစ်နေရာနဲ့တစ်နေရာ၊ တစ်လွှာနဲ့တစ်လွှာကို ချိတ်ဆက် ထားပေးထားပါတယ်။ အောက်ကအခန်းနဲ့ အပေါ်ကအခန်းတွေက အချိတ်အဆက်ရှိနေမယ်။ လှမ်းမြင်နေရမယ်။ နောက်တစ်ခု ပထမဆုံးဝင်လာတဲ့နေရာကကြည့်လိုက်ရင် လှေကားထစ်တွေနဲ့ ပင်မဝင်ပေါက်ရှိ တယ်။ အဲ့နေရာမရောက်ခင်မှာ ရေကန်လေးတစ်ခုနဲ့တံတားလေးတစ်ခုထားပေးထားတယ်။ ဒါကဘာလဲဆိုရင် တံတားဆိုတာက ဒီဘက်နဲ့ ဟိုဘက်၊ ဇုံတစ်ခုနဲ့တစ်ခုကို ချိတ်ထားတဲ့ပုံစံပါ။ ဒီတံတားကို ကျော်တာ နဲ့ နောက်တစ်နေရာရောက်ပြီဆိုတဲ့သဘောပါ။ ကားရပ်တယ်၊ ဒီတံတားကို ကျော်တယ်၊ outdoor foyer လေးကိုရောက်မယ်။ အဲ့ဒီမှာ ဖိနပ်ချွတ်နေရာလေးကိုလည်း ကျကျနနထည့်ပေးထားတယ်။ လှေကားထစ်တွေကနေ ၄ပေ အမြင့်မှာရှိနေတဲ့ ဧည့်ခန်းကို သွားလို့ရတယ်။ နောက် အဲ့ဒီလှေကားကနေပဲ ဘယ်ဘက် အပေါ်ကိုခေါက်ချိုးပြီးတက်လိုက်ရင် ရေကူးကန်ကိုရောက်သွားမယ်။ အဲ့ဒီနေရာလေးကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ လူတစ်ယောက်ကို ရွေးချယ်ခွင့်ပေးထားတာပေါ့။ ပုံမှန်ဆို ဒီလမ်းကဝင် ဒီနေရာ ရောက်မယ်ပေါ့။ ဒါက ပုံသေထားရမယ်လို့ ဘယ်သူမှ မသတ်မှတ်ထားပါဘူး။
ဒီတော့ ဒီဖိနပ်ချွတ်လေးကနေ လှေကားလေး ခေါက်တက်ပြီး အပေါ်ကိုတက်ဖို့ နောက်ထပ် အခြေနေတစ်ခုကို ဖန်တီးပေးထားပါတယ်။ လှေကားဒီဇိုင်းကလည်း ဒီလို အခြေအနေတွေကိုဖန်တီးပေးချင်လို့ ဒီလိုပုံစံ မျိုးဖြစ်လာပါတယ်။ လှေကားကိုလုပ်ချင်လို့ ဒီအခြေအနေတွေဖြစ်လာတာ မဟုတ်ပါဘူး။ အဓိက function ပါ။ အဆောက်အဦကို သုံးစွဲတဲ့အနေအထားမှာ ဒီလိုအခြေအနေမျိုး လိုချင်တဲ့အတွက် ဒီပုံစံထွက်လာတာပါ။ မြင်နေကျမဟုတ်တာလေးတွေ ထွက်လာပါတယ်။ လှတာမလှတာကတော့ material ဘယ်လို သုံးမလဲ၊ အချိုးဘယ်လိုချမလဲဆိုတာနဲ့ ပြန်ထိန်းလို့ရပါတယ်။ အဓိကကတော့ function ကို ဦးစားပေးပြီးဖြစ်လာတဲ့ နေရာလေးပါ။
နောက်တစ်ခုကဧည့်ခန်းပါ။ လေးဘက် လေးတန် နံရံတွေမှာ ဘယ်လို စိတ်ဝင်စား
    အောင်လုပ်မလဲ ဆိုတဲ့အခါကျတော့ ဓာတ်လှေကားဒီဇိုင်းရှိမယ်။ ထမင်းစားခန်းကိုသွားတဲ့ လှေကားလေးရှိ မယ်။ ညာဘက်မှာ ပန်းခြံလေးမြင်နေရမယ်၊ အရှေ့ကိုကြည့်တဲ့အခါမှာ ရေကူးကန်ရဲ့  decking ကို တစ်စွန်းတစ်စလေး လှမ်းမြင်ရပါတယ်။ Dinning room လည်း ဒီလိုပါပဲ။ ပန်းခြံရဲ့အလှအပကို မြင်ရမယ်၊ လှေကားတစ်ခုလည်း ပန်းခြံနဲ့ dinning room ကို ဆက်ပေးထားပါသေးတယ်။ ထမင်းစားနေရင်း ပန်းခြံ ထဲကို ဆင်းလျှောက်လို့ရမယ်။ 
ဒီအိမ်မှာဆွဲတဲ့ plan တွေက အရမ်း open type ဖြစ်ပါတယ်။ လူတစ်ယောက်ကို ဒီနေရာမှာပဲ နေရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ရွေးချယ်စရာတွေ အများကြီးပေးထားပါတယ်။ ရေကူးကန်ဆိုရင်လည်း တော်တော်လှတဲ့နေရာလေးတစ်ခုပါ။ လမ်းမနဲ့ကပ်နေပေမယ့်လမ်းသွားလမ်းလာတွေမမြင်ရပါဘူး။ Privacy ရှိပါတယ်။ ရေကူးကန်ရဲ့အလှအပကို မိသားစုအခန်းလေးကနေ လှမ်းမြင်ရတယ်။ Gym ကနေ မြင်ရမယ်။ ဘယ်အခန်းကနေကြည့်ကြည့် ရေကူးကန်ကိုမြင်ရမယ်ဆိုတဲ့ စိတ်ကူးလေးပါပါတယ်။ ဒါတွေကတော့အကြိုက်ဆုံးနေရာတွေ ပါပဲ လို့ပြောချင်ပါတယ်။ 
ယခုဖတ်ရှုခဲ့ရတာကတော့ သစ်လုံးအိမ်လေးသဖွယ် လှပပြီးခမ်းနားတဲ့ အိမ်လေးအကြောင်းပါပဲ။ သဘောကျ နှစ် ခြိုက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အိမ်လေးအကြောင်းကို အချိန်ပေးဖြေကြားပေးခဲ့တဲ့ ကိုစတီဗင်ဇော်မိုးရွှေ (ှSPiNE Architects) ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။  
Download eBook version as a FREE!
လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်
  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar