Month: ဒီဇင်ဘာ 2018

အိမ်ရောင်းဖို့အတွက် ဓါတ်ပုံရိုက်တဲ့အခါ ကြည့်ကောင်းစေမယ့် နည်းလမ်းကောင်းများ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ မြတ်လှ မှ
ဒီဇင်ဘာ 20, 2018 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

အခုအခါမှာတော့ ဆိုရှယ်မီဒီယာတွေက ခေတ်စားလာတဲ့အတွက် သင့်အနေနဲ့သင်လိုအပ်တာမှန်သမျှ ကို onlineပေါ်ကနေ အလွယ်တကူရရှိနိုင်ပါတယ်။ တကယ်လို့ သင်ကသင့်အိမ်ရောင်းထွက်ဖို့အတွက် online မှာတင်ပြီး ကြော်ငြာမယ်ဆိုရင် သင်ရောင်းမယ့်အိမ်ပုံစံကိုအရင်ဆုံးမြင်မှာကတော့ အိမ်ပွဲစားတွေဖြစ်ပြီး တင် ထားတဲ့ဓါတ်ပုံတွေက စိတ်ဝင်စားစရာမကောင်းပဲ ပွဲစားတွေကိုမဆွဲဆောင်နိုင်ဘူးဆိုရင်တော့ ဝယ်သူတွေနဲ့တွေ့ ဆုံဖို့လွဲချော်နိုင်ပါတယ်။ ဒါ့ကြောင့် အိမ်ရောင်းဖို့အတွက် Online မှာဓါတ်ပုံတင်တဲ့အခါ သင့်အိမ်ရဲ့အပြင်အဆင် က စိတ်ဝင်စားစရာကောင်းဖို့နဲ့ ပွဲစားတွေ၊ ဝယ်သူတွေကို ဖမ်းစားနိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် အခုပြောပြပေး မယ့်နည်းလမ်းတွေကို ဓါတ်ပုံရိုက်မယ့်နေ့မတိုင်ခင် ပြင်ဆင်ပြုလုပ်မယ်ဆိုရင် သင့်အိမ်ရောင်းထွက်ဖို့အတွက် အကူအညီကောင်းတစ်ခုဖြစ်မှာပါ။

(၁) အေးဂျင့်ရွေးချယ်ပါ။
အိမ်ကိုဓါတ်ပုံရိုက်ဖို့အစီအစဉ်စဆွဲတဲ့အခါမှာ သင့်ရဲ့အိမ်ခြံမြေအေးဂျင့်က အရည်အသွေးကောင်းတဲ့ ဓါတ်ပုံတွေ တကယ်ပဲပေးနိုင်ရဲ့လားဆိုတာကလည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် အရည်အသွေးကောင်းတဲ့ ဓါတ်ပုံတွေထွက်လာနိုင်ဖို့အတွက် ပြုလုပ်ပေးနိုင်မယ့်အေးဂျင့်တွေကိုလေ့လာဖို့လိုပါတယ်။ အခုပြောပြပေးမယ့် မေးခွန်းအနည်းငယ်ကို ဓါတ်ပုံရိုက်ပေးမယ့်အေးဂျင့်ကို မေးကြည့်သင့်ပါတယ်။
(၁) အေးဂျင့် မှာ ကျွမ်းကျင်ဓါတ်ပုံဆရာရှိရဲ့လား?
(၂) သင်ကိုယ်တိုင်ဓါတ်ပုံရိုက်မယ်ဆိုရင် ဘယ်လိုပစ္စည်းကိရိယာတွေသုံးမလဲ။ ဒေါက်တိုင်တွေပါတဲ့ ပရော်ဖက် ရှင်နယ်ကင်မရာလား ဒါမှမဟုတ် ဆဲလ်ဖုန်းလား?
(၃) လိုအပ်လာမယ်ဆိုရင်အေးဂျင့် ဒါမှမဟုတ် ဓါတ်ပုံဆရာက ပိုမိုအလင်းအားကောင်းစေတဲ့ Lighting လိုအ ရာတွေ ယူလာနိုင်မလား?
(၄) ပုံမှန်အားဖြင့်ဓါတ်ပုံရိုက်ဖို့ အချိန်ဘယ်လောက်ထားပေးလဲ?
(၅) ဓါတ်ပုံထဲမှာ အိမ်ပုံစံကကြည့်ကောင်းစေဖို့ဘာတွေလုပ်ရမလဲ?


(၂) ပြတင်းပေါက်တွေကိုသန့်ရှင်းပြီး Shadeတွေကိုဖွင့်ထားပါ။
သင့်အိမ်ကိုဓါတ်ပုံထဲမှာတောက်ပနေအောင် ပြုလုပ်တဲ့အခါ လုံလောက်တဲ့အလင်းရောင်ကအချိန်အ ကြာကြီးရှိနေသင့်ပါတယ်။ ဒါ့ကြောင့်ပြတင်းပေါက်တွေကိုသန့်ရှင်းပြီး Shade တွေကိုဖွင့်ထားပါ။
(၃) ပိုကြည့်ကောင်းစေဖို့ အိမ်တွင်းမှာ အပင်ထားရှိပါ။
သင့်အိမ်ရဲ့အတွင်းပိုင်းကိုဓါတ်ပုံရိုက်တဲ့အခါမှာ အစိမ်းရောင်အပင်လေးထားရှိလိုက်တာက အားအင်အ ပြည့်ဖြစ်သွားတယ်လို့ ခံစားရစေမှာပါ။ ဒါ့ကြောင့် အပင်ရဲ့မကောင်းတော့တဲ့အရွက်တစ်ချို့ကို ကပ်ကြေး ဒါမှမ ဟုတ် ချွန်ထက်တဲ့အရာတစ်ခုခုသုံးပြီး ရှင်းထုတ်လိုက်ပါ။ ကြီးမားတဲ့အရွက်တွေကိုတော့ နှူးညံ့တဲ့အဝတ်လေးနဲ့ သုတ်ပေးပါ။
(၄) ကောင်တာပေါ်မှ ပစ္စည်းတွေရှင်းလင်းထားပါ။
ရှုပ်ပွမနေတဲ့ကောင်တာက သင့်ရဲ့မီးဖိုချောင်ကို ပိုပြီးကျယ်ဝန်းတယ်လို့ မြင်စေမှာပါ။ မလိုအပ်တာတွေ အကုန်လုံးကိုဖယ်ထုတ်ပြီးရင်တော့ ကောင်တာကိုသန့်ရှင်းအောင်ထားလိုက်ပါ။ ပေါင်မုန့်မီးကင်စက် နဲ့ ကော်ဖီ ဖျော်စက်လိုမျိုး သေးငယ်တဲ့ပစ္စည်းတွေတစ်ခု၊နှစ်ခုလောက်ဖယ်ရှားလိုက်တာလည်း ကောင်းပါတယ်။ ဒါပေမယ့် အပိုအနေနဲ့ ရှိနေတာကိစ္စတော့မရှိပါဘူး။ ဒီလိုပစ္စည်းအသေးစားလေးတွေက တခါတရံမှာ သင့်အတွက်ကောင်း မွန်တဲ့နေ့ရက်တွေဖြစ်စေနိုင်ပါတယ်။
(၅) ကြမ်းပြင်တွေကို ပြောင်လက်နေအောင်သန့်စင်ပါ။
သစ်သားကြမ်းပြင်တွေက သင့်အိမ်ရောင်းထွက်ဖို့ အဓိကပွိုင့်ဖြစ်လာနိုင်တဲ့အတွက် ကြမ်းပြင်တစ်ခုလုံး သန့်ရှင်းရေးလုပ်ပြီး သင့်ရဲ့ကြမ်းပြင်ကို ကောင်းတဲ့ထုတ်ကုန်တစ်ခုခုနဲ့ တိုက်လိုက်မယ်ဆိုရင် သစ်သား ကြမ်းခင်းလေးက ဓါတ်ပုံထဲမှာ အကောင်းဆုံးဖြစ်နေစေမှာပါ။ အဲ့နည်းအတိုင်းပဲ stainless Steel တွေကိုပြုလုပ် မယ်ဆိုရင် ကြမ်းပြင်ကတလက်လက်တောက်ပနေမှာ သေချာပါတယ်။


(၆) ရေချိုးခန်းထဲကမလိုအပ်တော့တာတွေကို ဖယ်ထုတ်ပါ။
ရေနှူးနေတဲ့ဆပ်ပြာကို စင်ပေါ်ကနေဖယ်ရှားပါ။ ရေချိုးခန်းနဲ့ သန့်စင်ခန်းသုံးပစ္စည်းတွေဖြစ်တဲ့ များပြား လှတဲ့ထုတ်ကုန်တွေကို ရေချိုးခန်းနဲ့သန့်စင်ခန်းထဲမှာ အကုန်သိုလှောင်ထားဖို့ကိုအကြံပေးချင်ပါတယ်။ ရေချိုးခန်းလိုက်ကာတွေကိုဆွဲဖွင့်ထားတာ၊ မှန်တွေကိုသန့်ရှင်းရေးလုပ်တာတွေအပြင် အိမ်သာကမုတ်ကိုပိတ်ထားပါ။ ပြီး ရင်တော့ ရေချိုးခန်းကိုအလင်းရောင်ရရှိအောင်ပြုလုပ်ထားပါ။ နောက်ပြီး နှူးညံ့တဲ့အဖြူရောင်သဘက်တစ်ထည်သင့်မှာရှိတယ်ဆိုရင် အသုံးပြုထားတာကြာနေပြီဖြစ်တဲ့ သဘက်အ ဟောင်း ကို ဖယ်ရှားလိုက်ပါ။. ဒီလိုဝယ်ယူထားတဲ့ သဘက် အသစ်တစ်ခုမရှိဘူးဆိုရင်တော့ နဂိုအဝတ်ကိုသန့်ရှင်းအောင်ပြုလုပ်ပြီး ထားထားလိုက်ပါ။
(၇) အိပ်ရာခင်းပေါ်ကအဝတ်တွေကိုရှင်းလင်းပါ။
ဓါတ်ပုံတွေကနေ မကောင်းတဲ့အရာ၊မပြည့်စုံတဲ့အရာမှန်သမျှကို မြင်ရတဲ့အတွက် ထိန်းသိမ်းဖို့လိုအပ်ပါ တယ်။ ဒါ့ကြောင့် ဓါတ်ပုံရိုက်မယ့်နေ့မှာ မရိုက်ခင်အချိန်အနည်းငယ်လောက်ကို အိပ်ရာပေါ်ကမလိုတဲ့အရာတွေ ကို ရှင်းထုတ်ဖို့စီစဉ်လိုက်ပါ။ သင့်ရဲ့အိပ်ခန်းလေးက ဓါတ်ပုံထဲမှာအလှဆုံးဖြစ်နေဖို့အတွက်ကတော့ ခေါင်းအုံး အပေါ် ပျော့ပျောင်းတဲ့ခြုံထည်ထင်ထားတာ၊ တောင့်တင်းတဲ့ အိပ်ရာခင်းကိုအပေါ်ကိုဆွဲတင်ထားတာမျိုးတွေ လုပ်ပေးပါ။ နောက်ဆုံးအနေနဲ့ အိပ်ရာဘေးကစားပွဲခုံပေါ်က အရေးကြီးပစ္စည်းတွေမပျောက်အောင်နဲ့ ရှုပ်ထွေး မနေအောင် ပစ္စည်းတွေကိုအချိန်ခဏလောက်ဖယ်ရှားထားလိုက်ပါ။
(၈) လျှောက်လမ်းတစ်လျှောက်မှာရှိတဲ့ မလိုတာတွေကိုသိမ်းထားပါ။
သင့်အိမ်ကိုဓါတ်ပုံရိုက်တဲ့ရည်ရွယ်ချက်က သင့်အိမ်ကကျယ်ဝန်းပြီး သန့်ရှင်းနေတယ်ဆိုတာကိုပြသဖို့ ဖြစ်သလို သင့်အိမ်ကိုဝယ်ယူမယ့်သူတွေလာရောက်ကြည့်ဖို့ဖိတ်ခေါ်ခြင်းလည်းဖြစ်မှာပါ။ ဒါ့ကြောင့် မလိုအပ်တဲ့ အရာတွေကို တတ်နိုင်သလောက်ဖယ်ထုတ်ပြီး စိတ်ဝင်စားစရာကောင်းအောင်ဖန်တီးလိုက်ပါ။ ဖိနပ်စင်၊ စာရွက် စာတမ်းတွေနဲ့mailအတွက် ဖိုင်၊ Remote controls၊ magazines၊ ကလေးကစားစရာ၊ အိမ်မွေးတိရစ္ဆာန်အစာ ကျွေးတဲ့ခွက် စတာတွေနဲ့ ရူပ်ပွနေတဲ့ သံတိုသံစ၊ ဓါတ်ပုံအသေးအမွှားစတာတွေကို ဓါတ်ပုံဆရာရောက်မလာ ခင် သိမ်းထားလိုက်ပါ။


(၉) မီးခလုတ်တွေကိုဖွင့်ထားပါ။
ဓါတ်ပုံရိုက်မယ့်နေ့မှာ သင့်အိမ်ကသဘာဝအလင်းရောင်နည်းနေရင် လိုအပ်တဲ့ အလင်းပမာဏကို ဓါတ်ပုံဆရာက studio Lighting သုံးပြီးရိုက်ကူးပေးလိမ့်မယ်လို့ တစ်ထစ်ချမယူဆထားပါနဲ့။ ဘာလို့လဲဆိုတော့ ဓါတ်ပုံဆရာအနေနဲ့ တစ်ခုခုကြောင့်မေ့နေတာမျိုးတွေရှိနိုင်တတ်ပြီး သင့်အိမ်ကမီးခလုတ်တွေကို ရှာမတွေ့နိုင် တာတွေလည်းဖြစ်တတ်ပါတယ်။ ဒါ့ကြောင့်ဓါတ်ပုံမရိုက်ခင် အချိန်ခဏယူပြီး အလင်းရောင်ရနိုင်မယ့် မီးသီး၊ မီးအိမ် စတာတွေကိုဖွင့်ထားပြီး အပြင်ကအလင်းရောင်ကောင်းကောင်းရအောင်လို့ လိုက်ကာနဲ့ Shade စတာ တွေကိုဖွင့်ထားမထားဆိုတာ နောက်တစ်ခေါက်ထပ်စစ်ဆေးပါ။
(၁၀) ထူးခြားမူများကို အဓိကထားပါ။
သင့်မှာချစ်စရာကောင်းတဲ့ gas မီးဖိုထားဖို့နေရာ ဒါမှမဟုတ် ပုံမှာပြထားသလို မီးတောက်တွေပြုလုပ် လို့ရတဲ့နေရာလေးတစ်ခုရှိရဲ့လား။ ရှိတယ်ဆိုရင်တော့ သင့်အိမ်ကိုဓါတ်ပုံရိုက်မယ့်နေ့မှာ မီးအလင်းကိုသေချာ လေးလုပ်ပါ။ အဲ့အတိုင်းပဲ သင့်မှာ hot tab ဒါမှမဟုတ် အိမ်နောက်ဖေးမှာရေကူးကန်လိုမျိုး ဟိုက်လိုက်ဖြစ်နိုင် တဲ့အရာတွေရှိတယ်ဆိုရင် အဲဒါတွေကိုဓါတ်ပုံထဲမှာထင်ရှားမူရှိအောင်ပြုလုပ်ပါ။ ဒါပေမယ့် သန့်ရှင်းနေဖို့တော့ လိုအပ်ပါလိမ့်မယ်။


(၁၁) ကြည့်ကောင်းနေဖို့ကို အာရုံစိုက်ပါ။
ဒီအချိန်က major landscape အပြောင်းအလဲနဲ့ပက်သက်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် မြက်ခင်းပြင် ကပြန်မစိမ်းလန်းတော့တာပဲဖြစ်ဖြစ် အဲဒါမျိုးတွေကို စိုးရိမ်ရမယ့်အချိန်မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီလိုစိုးရိမ်နေ မယ့်အစား အမြန်ပြင်ဆင်ဖို့ကိုသာအာရုံထားပြီး ဓါတ်ပုံထဲမှာသင့်အိမ်က ကြည့်ကောင်းနေစေဖို့အတွက်သာ ပြုလုပ်သင့်ပါတယ်။ ပန်းပင်ကမကောင်းတော့တဲ့အပွင့်တွေကိုညှပ်ပစ်တာနဲ့ အပင်ကကြွေကျလာတဲ့သစ်ရွက် တွေကိုဝင်ပေါက်နဲ့အဝေးဆုံးကိုလှည်းထုတ်တာတွေပြုလုပ်ပြီး ရှုပ်ပွနေတဲ့အရာတွေကိုခြံပြင်ကိုရှင်းထုတ်ပါ။ ပြီး ရင်တော့ ပန်းအိုးထဲကပန်းပင်ရဲ့အပွင့်အဖူးလေးတွေကို လှပသွားအောင်ပြုပြင်လိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ ခြံဝန်းလေးကကြည့်ကောင်းနေတော့မှာသေချာပါတယ်။ သင့်အိမ်ကိုလမ်းမပေါ်ကနေရိုက်ဖို့ ဓါတ်ပုံဆရာကအ ဆင်သင့်ဖြစ်ပြီဆိုရင် ကားကို အိမ်ရဲ့အရှေ့မှာထားခဲ့ဖို့လိုပါတယ်။ ဒီလိုမှသာသင့်အိမ်ရဲ့မြင်ကွင်းကို ရှင်းရှင်း လင်းလင်းမြင်နိုင်မှာပါ။
အကုန်လုံးပြီးသွားပြီဆိုရင်တော့ နောက်ဆုံးအနေနဲ့ သင့်အိမ်ပတ်ဝန်းကျင်မှာ ပရိဘောဂတွေကသေ သေသပ်သပ်ရှိရဲ့လား၊ အမှိုက်တွေကိုရောသေချာရှင်းလင်းပြီးရဲ့လား စတာတွေစစ်ဆေးပါ။ ဒီလိုစစ်ဆေးမူတွေ ပါပြုလုပ်ပြီးပြီဆိုရင်တော့ သင့်အိမ်က အိမ်ဝယ်ချင်သူတွေကြားထဲမှာ ရေပန်းစားလူကြိုက်များနေမှာပါ။

 

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်


ads

ကျွန်မတို့အနေနဲ့ အိမ်တစ်အိမ်အတွက် ကိုယ့်ဘာသာဒီဇိုင်းပြင်ဆင်ဖို့က အရမ်းကိုစွန့်စားလွန်းသလိုဖြစ်နေတတ်ပါတယ်။ ဖက်ရှင် အမြင်ရှိတဲ့သူတွေအနေနဲ့ကတော့ ပြဿနာမရှိနိုင်ပေမယ့် ကျွန်မတို့လိုသူတွေအတွက်ကတော့ ပြဿနာရှိနိုင်ပါတယ်။ အဲ့ထဲမှာ မှ ရိုးရိုးရှင်းရှင်းလေးနဲ့ဆွဲဆောင်မူရှိအောင်ပြင်ဆင်ရမယ်ဆိုရင်တော့ ပိုပြီးအခက်တွေ့စေမှာပါ။ ဒါ့ကြောင့်ဒီတစ်ခါမှာတော့ မိမိရဲ့ အိမ်အသစ်လေးက ရိုးရှင်းမူတွေနဲ့ဆွဲဆောင်မူရှိနေအောင် ပြင်ဆင်နိုင်တဲ့နည်းလမ်းလေးတွေကို တင်ဆက်ပေးချင်ပါတယ်။


(၁) နံရံကိုလင်းစေတဲ့ အရောင်လေးတွေအသုံးပြုပါ။
နံရံကိုလင်းစေတဲ့ အရောင်တွေကို ရွေးချယ်မယ်ဆိုရင် သင့်ရဲ့အခန်းက ပိုပြီးတော့ကျယ်တယ်လို့ ခံစားရစေမှာပါ။ ကြီး မားတဲ့ ပြတင်းပေါက်တွေနဲ့ မှန်တွေကို လုံလောက်အောင်အသုံးပြုတာက သဘာဝအလင်းရောင်အလင်းပြန်စေရုံမကပဲ နေရာ ကိုပိုကျယ်စေတယ်လို့ မြင်မိစေမှာပါ။ ဆန့်ကျင်ဘက်အနေနဲ့ မှောင်တဲ့အရောင်တွေကိုရွေးချယ်မိမယ်ဆိုရင်တော့ သင့်ရဲ့အခန်း ကို ပိုသေးတယ်လို့ခံစားမိစေမှာ ဖြစ်ပါတယ်။
(၂) တောက်ပသော အရောင်တွေအသုံးပြုပါ။
သင့်အိမ်မှာရှိတဲ့ အခင်း ဒါမှမဟုတ် လေးချောင်းထောက်ဆိုဖာထိုင်ခုံတွေအတွက် တောက်ပတဲ့အရောင်တွေကို အသုံးပြုမယ်ဆိုရင် တောက်ပပြီး သင့်ရဲ့အခန်းကိုအသွင်ပြောင်းသွားစေမှာပါ။
(၃) အစိမ်းရောင်ရှိတဲ့ အပင်လေးတွေကိုအသုံးပြုပါ။
သင့်အိမ်ရဲ့နေရာတစ်ခုမှာ အစိမ်းရောင်ရှိတဲ့ အပင်ငယ်လေးတွေထားရှိပါ။ ဒီလိုထားလိုက်ခြင်းက နေရာကို ပိုမိုလှပ သွားစေပြီး အိမ်ရဲ့လေထုကိုလည်း သန့်စင်စေနိုင်တဲ့အပြင် စိုထိုင်းမူကိုပါ ထိန်းညှိပေးပါတယ်။
(၄) ပြတင်းပေါက်လိုက်ကာ တပ်ဆင်ပါ။
ဖုန်တွေပေနေတဲ့လိုက်ကာတွေနဲ့ တိုလွန်းတဲ့လိုက်ကာတွေကတော့ ထားဖို့မသင့်တော်ပါဘူး။ တကယ်လို့ သင့်ရဲ့ ကန့်လန့်ကာတွေကို လိုသလိုစီမံနိုင်အောင် ပြုလုပ်ပေးမယ်ဆိုရင်တော့ အချိန်တွေအကြာကြီး သပ်ရပ်ကောင်းမွန်တာထက် ပိုကောင်းတဲ့အမြင်တွေကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။


(၅) အထည်များကို ရောစပ်ပြင်ဆင်ပါ။
အထည်တွေ ပိတ်စတွေကို ပရိဘောဂအတွက် ဒါမှမဟုတ် ခြေသုတ်ခုံ၊ ခေါင်းအုံးစွပ် အနေနဲ့လည်း အသုံးပြုပေးပါ။ ကွဲ ပြားတဲ့အရောင်ဖန်တီးမူတွေက သင့်ရဲ့အခန်းနေရာကို နွေးထွေးမူတွေယူဆောင်လာပေးမှာပါ။
(၆) မှန်ရဲ့အလင်းနဲ့ မှန်ရဲ့ပုံရိပ်
မှန်တွေထားရှိထားတဲ့နေရာကို အလင်းရောင်က ပြတင်းပေါက်ကနေတဆင့် တိုက်ရိုက်ဖြတ်ပြီး သင့်ရဲ့အခန်းနေရာဆီကို ရောက်ရှိလာနိုင်ပါတယ်။ သင့်ရဲ့ ကျယ်ပြန့်တဲ့နံရံကို လိုက်ဖက်ညီအောင် မှန်နဲ့အလှဆင်ဖြည့်စွက်လိုက်ခြင်းကလည်း အနုပညာ တစ်ရပ်ပဲဖြစ်ပါတယ်။ နောက်ပြီး ပရိဘောဂတွေကို မှန်မှာပုံရိပ်လေးထင်နေအောင် ဖန်တီးလိုက်မယ်ဆိုရင် သပ်သပ်ရပ်ရပ်လေး နဲ့ ကြည့်ကောင်းနေမှာပါ။
(၇) Slip Cover
ကလေးတွေ မကြာခဏအသုံးပြုတဲ့ Slip Cover က အခန်းအတွက် အကောင်းဆုံးဖြစ်ပါတယ်။ အဖြူရောင် Slip Cover မွေ့ရာပေါ်မှာလဲလျောင်းမယ်ဆိုရင် ပေါ့ပါးပြီးသက်တောင့်သက်သာရှိစေနိုင်မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သင့်ရဲ့တန်ဖိုးကြီး တဲ့ပရိဘောဂတွေကို နှစ်တွေအကြာကြီး ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။
(၈) ရွှေရောင်ကိုအသုံးပြုပါ။
ရွှေရောင်ကိုအသုံးပြုခြင်းက သင့်ရဲ့ အခန်းကိုနွေးထွေးစေမှာပါ။ ရွှေရောင်က ဘယ်သောအခါမှရိုးမသွားတဲ့ ကောင်း မွန်တဲ့ အဆင်တန်ဆာတစ်ခုဖြစ်ပါတယ်။


(၉) ပရိဘောဂတွေကို နှစ်ဆသုံးပါ။
ဆိုလိုချင်တာကတော့ ပရိဘောဂတွေကို သာမန်လုပ်ဆောင်ချက်တွေထက် ပိုပြီးပြုလုပ်စေချင်တာပါ။ ဒီလိုပြုလုပ်ပေး တာက နေရာစားသက်သာအောင်ပြုလုပ်ပြီးသားဖြစ်သလို ဖန်တီးမူတစ်ခုကို ပြသပြီးသားလည်းဖြစ်ပါတယ်။ ပုံမှာပြထားသလို နောက်မှီနဲ့လက်တန်းမပါတဲ့ခုံတွေနဲ့ coffee table က နေရာစားသက်သာစေသလို လူလည်းပိုဆန့်စေပါတယ်။
(၁၀) ကြာရှည်အသုံးပြုနိုင်သောသားရေထိုင်ခုံကို သုံးပါ။
သားရေက အလွန်အသုံးခံတဲ့ပစ္စည်းဖြစ်ပါတယ်။ သင့်အနေနဲ့ ထူးခြားတဲ့အဖြူရောင်သားရေထိုင်ခုံကိုလိုချင်ရင်တော့ နှစ်တွေအကြာကြီးစောင့်ရမှာပါ။ ဒါပေမယ့် နှစ်တွေကြာရင်ကြာသလောက်သားရေက တန်ဖိုးတက်လာမှာဖြစ်ပါတယ်။ သားရေ ထိုင်ခုံကိုအသုံးပြုတာက သင့်ရဲ့အိမ်ကိုချစ်စရာကောင်းတဲ့အသွင်ရရှိစေမှာပါ။
(၁၂) ကော်ဇောများ
သင့်အနေနဲ့ အိမ်မှာ သေးငယ်တဲ့ကော်ဇောတစ်ခုတောင်မထားချင်ဘူးလား ဒါမှမဟုတ် ကော်ဇောမလိုဘူးလို့ တွေးနေ ပြီလား။ အမှန်ကတော့ ရှေ့ခြေထောက်လေးတွေတင်ထားဖို့ ကော်ဇောလေးတွေထားသင့်ပါတယ်။ အရောင်အဆင်းရှိတဲ့ ကော် ဇော် ဒါမှမဟုတ် လေးထောင့်ပုံစံကော်ဇောလေးထားတာက ကောင်းမွန်တဲ့လိုက်ဖက်မူတစ်ခုဖြစ်ပါတယ်။


(၁၃) အဓိကကျတဲ့အရာတစ်ခုဖန်တီးပါ။
သင့်အိမ်ရဲ့နေရာတစ်နေရာမှာ ဆွဲဆောင်မူရှိတဲ့ အရာတစ်ခုကိုရေးဆွဲလိုက်ပါ။ တစ်ကယ်လို့သင်က မျက်စိရူပ်တာကိုမ ကြိုက်တဲ့သူဆိုရင်တော့ ပရိဘောဂအစိတ်အပိုင်းတစ်ချို့ကို အသုံးပြုလိုက်ပါ။ ဒါဆိုရင်တော့ ဒီပရိဘောဂအစိတ်အပိုင်းတစ်ချို့ နဲ့ဖန်တီးထားတဲ့အရာက သင့်အိမ်ကိုဆွဲဆောင်မူရှိစေမှာအမှန်ပါ။
(၁၄) အလင်းရောင်ကိုဖြန့်ကျက်ပါ။
ကျွမ်းကျင်တည်ဆောက်သူတွေက အလင်းရောင်ဖြန့်ကျက်သွားတဲ့ပုံစံကို စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးတည်
ဆောက်ကြပါတယ်။ ဒီလိုအလင်းဖြန့်ကျက်လိုက်ခြင်းက အခန်းရဲ့ဘယ်နေရာကိုပဲဖြစ်ဖြစ်အလင်းရောင်ရရှိစေပြီး အလင်းက တစ် နေရာတည်းကို စူးနေတော့မှာမဟုတ်ပါဘူး။ တကယ်လို့သင့်အနေနဲ့ တစ်နေရာတည်းကိုပဲ အလင်းဖြာကျနေပြီးအလင်းအားနည်း တဲ့ စားပွဲတင်မီးအိမ်လိုပုံစံမျိုးကိုပါ သင့်အခန်းထဲမှာ ထားထားမယ်ဆိုရင် အခန်းအနေအထားကဆွဲဆောင်မူရှိနေမှာဖြစ်ပါတယ်။
မိမိရဲ့အိမ်အသစ်လေးကို အများနဲ့မတူပဲ ထူးခြားချင်တယ်။ ဒါပေမယ့် အရမ်းကြီးလည်းမဆန်းပြားချင်တဲ့သူတွေအတွက် အခုနည်းလမ်းတွေက အထောက်အကူဖြစ်စေမှာပါ။

 

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်


ဗိသုကာပညာရှင်တစ်ဦး၏အရောင်နှင့်တီထွင်ဖန်တီးဆန်းသစ်မှုများ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ မှ
ဒီဇင်ဘာ 14, 2018 နေ့
Promotion ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ဗိသုကာပညာရှင်ထရီဇာဆာပေးက “ ကျွန်မအိမ်က ကျွန်မလိုပဲပြီးပြည့်စုံမှုမရှိပါဘူး။ကျွန်မရဲ့ကမ္ဘာကနေကြိုဆိုပါ တယ်” လို့ ဆိုပါတယ်။ရယ်စရာတွေရောပြွန်းပြီးထေ့လုံးတွေနဲ့ပြည့်နေတဲ့ ထရီဇာရဲ့စိတ်ကူးအကြံဉာဏ်တွေဟာသူ့ရဲ့လူ နေမှုဘဝနဲ့ဒီဇိုင်းတွေကို ထင်ဟပ်ပေါ်လွင်စေပါတယ်။ထရီဇာရဲ့ပင်ကိုစရိုက်ကပရိဘောဂတွေ၊အနုပညာလက်ရာတွေပြည့် နှက်နေတဲ့အိမ်ရဲ့နေရာတိုင်းမှာစိမ့်ဝင်ပျံ့နှံ့နေပါတယ်။သူ့အတွက် အိမ်ဆိုတာအိမ်တွင်းဒီဇိုင်းပရောဂျပ်တစ်ခုနဲ့မခြားပါဘူး။
ထရီဇာရဲ့မက်ထရစ်မှာနေထိုင်တဲ့ ၂၅ နှစ်အတွင်းငါးကြိမ်တိတိအိမ်ပြောင်းနေခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ်ရေ ကြည်ရာမြက်နုရာနေတတ်တဲ့လူမျိုးလို့သတ်မှတ်ခဲ့ပါတယ်။ဒါပေမဲ့ ခြောက်ခုမြောက်နေအိမ်မှာတော့ အခြေကျသွားခဲ့ပါ တယ်။လက်ရှိမက်ဒရစ်မြို့လယ်ခေါင်ကစိမ်းလန်းစိုပြေတဲ့ Retiro Park ကိုလှမ်းမြင်နေရတဲ့တိုက်ခန်းတစ်ခုမှာနေထိုင် လျက်ရှိပါတယ်။


ထရီဇာက” Retiro Park ရဲ့အစိမ်းရောင်၊အညိုရောင်၊လိမ္မော်ရောင်၊အနီရောင်နဲ့အညိုရောင်အစရှိသဖြင့် အရောင် အသွေးစုံလင်တဲ့ပန်းခြံကြီးကိုလှမ်းမြင်နေရတာဟာ သစ်ပင်အိမ်ထိပ်မှာနေနေရသလိုပါပဲ” လို့ဆိုပါတယ်။ ပုံမှာပြထားတဲ့ အီတလီနွယ်ဖွားထရီဇာထိုင်နေတဲ့ခုံဟာ ဒီဇိုင်နာချားလ်စ်နဲ့ရေးအိမ်းစ်တို့ရဲ့ Vitra La Chaise ကုလားထိုင်ရှည်ဖြစ်ပါတယ်။
အိမ်ထဲကိုဝင်လိုက်တာနဲ့အရင်ဆုံးတွေ့ရမှာက ဒီထမင်းစားခန်းဖြစ်ပြီးတော့ ထရီဇာရဲ့နှံ့စပ်မှုကိုထင်ဟပ်ပြသနေ ပါတယ်။ မြင်းခွာကုလားထိုင်တွေ၊Fornasettiပန်းအိုး၊ထရီဇာကိုယ်တိုင်လုပ်ထားတဲ့ အနုပညာလက်ရာတွေနဲ့ပြည့်နှက်နေပါ တယ်။ နံရံမှာAitor Ortiz ရဲ့တည်ဆောက်ဆဲအဆောက်အအုံတစ်ခု ဓာတ်ပုံချိတ်ဆွဲထားပြီးတစ်ဖက်မှာတော့ နီယွန်မီးသီး တွေနဲ့စာလုံးတွေကို ထရီဇာကိုယ်တိုင်ဖန်တီးထားပါတယ်။ ထရီဇာက” ဒီအိမ်ကိုဒီဇိုင်နာဒါမှမဟုတ် အိမ်တွင်းပြင်ဆင်သူတစ် ဦးက ဒီဇိုင်းရေးဆွဲတည်ဆောက်ပေးထားတာမဟုတ်ပါဘူး။ ဒါကကျွန်မရဲ့ကိုယ်ပိုင်ကမ္ဘာငယ်လေးပါ။ ကျွန်မကတူးရင်းမြို့ ကပါ။ ငယ်ငယ်ကFornasettiအဲဒီလောက်နာမည်မကြီးသေးတဲ့အချိန်မှာ ကျွန်မမိဘတွေအိမ်ကိုလာတိုင်း သူ့လက်ရာတွေ ကိုယူဆောင်လာလေ့ရှိပါတယ်” လို့ဆိုပါတယ်။ ပုံကိုကြည့်ရင် စားပွဲပေါ်မှာတွေ့ရတဲ့ပန်းအိုးကအီတလီအနုပညာရှင် Fornasettiရဲ့လက်ရာပဲဖြစ်ပါတယ်။


ထရီဇာက” ကျွန်မမိဘတွေဆီကကော်ဇော၊ စားပွဲနဲ့ပန်းချီကားလိုပစ္စည်းတွေအများကြီးကိုအမွေရခဲ့ပါတယ်။ဝယ် ခဲ့တာတွေလည်းရှိပါတယ်။ ဒီအိမ်ကဒီဇိုင်းဆွဲပြင်ဆင်ထားတဲ့အိမ်ထက် ကျွန်မကိုယ်တိုင်အစိတ်အပိုင်းတွေကိုနေရာကျ အောင်တပ်ဆင်ထားတဲ့အိမ်နဲ့ပိုတူပါတယ်။ ကျွန်မကအနုပညာကိုချစ်ပါတယ်။ အနုပညာကစွမ်းအင်တွေပေးနိုင်ပါတယ်။ ဒီဇိုင်းတစ်ခုကိုစဉ်းစားတဲ့အခါ အနုပညာရှု့ထောင့်ကနေပဲစဉ်းစားပါတယ်” လို့ ဆိုပါတယ်။ ထမင်းစားခန်းထဲမှာ လက်တွေ့ ပုံပါဝင်တဲ့အခင်းကို အလယ်မှာပန်းတွေထားပြီးအလှဆင်ထားတာဟာ ထရီဇာရဲ့အနုပညာခံစားမှုတစ်ခုပါ။
အိမ်ကိုစစတွေ့ချင်းမှာမပြီးပြည့်စုံမှုတွေများနေပေမယ့် ကျက်သရှိပြီးရှေးဆန်တဲ့အသွင်အပြင်ကြောင့် ထရီဇာက စိတ်ဝင်စားသွားခဲ့တာပါ။ အရင်အိမ်ရှင်ကလည်းရှေးဟောင်းအနုပညာပစ္စည်းတွေကို နှစ်ခြိုက်သူတစ်ဦးပါ။ဒါပေမဲ့ ထရီဇာ က အရင်ပစ္စည်းတွေအားလုံးကိုရှင်းထုတ်ပြီးကိုယ်ပိုင်လက်ရာတွေနဲ့ပဲ ပြုပြင်ခဲ့တာပါ။
ဧည့်ခန်းမှာကြည့်လိုက်ရင် ဂန္ထဝင် AchilleCastiglioniဒီဇိုင်းဖြစ်တဲ့ Mies van der Roheနဲ့ Arco Lamp တို့ရဲ့ လက်ရာဘာစီလိုနာလက်တင်ကုလားထိုင်တွေကို မြင်တွေ့ရပါတယ်။ နံရံကလေးထောင့်အလင်းပုံးမှာ Julian Opie ရဲ့ အနုပညာဗီဒီယိုကိုပြသထားပြီး ကုလားထိုင်ပေါ်မှာတော့ Niki de Saint Phalleရဲ့ရောင်စုံလေထိုးမြွေရုပ်လေးကိုတင် ထားပါတယ်။
စပိန်ကုမ္ပဏီVandomအတွက် Adan collection တစ်စိတ်တစ်ပိုင်းအဖြစ် ထရီဇာကဒီဘောပင်ထည့်တဲ့အိုးလေး ကိုဒီဇိုင်းရေးဆွဲခဲ့တာပါ။ ထရီဇာကထမင်းစားခန်းစားပွဲပေါ်မှာ ဒီအိုးလေးကိုတင်ထားပါတယ်။ဧည့်ခန်းထောင့်ကစားပွဲနဲ့ ကော်ဇောက မိသားစုအမွေဖြစ်ပါတယ်။ စတီရီယိုရဲ့အပေါ်ဘက်နံရံကအနုပညာလက်ရာက Tatsuo Miyajimaရဲ့ဒီဇိုင်းပါ။ ပန်းအပြင်ဆင်ကိုပါပေါင်းထည့်လိုက်မယ်ဆိုရင် အခန်းထဲမှာ သဘာဝအလှအပလေးတွေကိုပါခံစားနိုင်ပါတယ်။
ထရီဇာရဲ့ဒီဇိုင်းက ပြင်သစ်စတိုင်လ်ဖြစ်ပေမယ့် အသေးစိတ်လက်ရာတွေမှာအီတလီစတိုင်လ်တွေကိုပါ ထည့် သွင်းထားပါတယ်။ ဒါပေမဲ့ တကယ်တမ်းသူ့ဒီဇိုင်းတွေရဲ့အဓိကအင်အားကတော့ စပိန်စတိုင်လ်ပါပေါင်းစပ်ပါဝင်နေခြင်း ဖြစ်ပါတယ်။
အခန်းရဲ့နောက်ထောင့်တစ်နေရာမှာတော့ Andy Warhol ရဲ့လက်ရာဖြစ်တဲ့ မာရီလင်မွန်ရိုးပိုးပန်းချီကားကိုချိတ် ဆွဲထားပါတယ်။ ဗီရိုရဲ့ဘေးကGlo-Ball မီးအိမ်ဟာFlosအတွက် Jasper Morrison ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီးတော့ Adan Collection ထဲကခုံပုလေးနဲ့ တွဲဖက်ပေးထားပါတယ်။


လေအေးပေးစနစ်ရဲ့ပိုက်တွေကိုတပ်ဆင်ရာမှာလည်း အနုပညာရှု့ထောင့်ကနေဖန်တီးထားတာကို မြင်တွေ့ရပါ တယ်။ ထရီဇာအတွက် ဆိုဖာ၊ ပန်းချီကားနဲ့တခြားဘယ်အရာဝတ္တုလိုမဆို တန်းတူညီမျှအရေးကြီးတာကြောင့် ခေတ်မီတဲ့ လေဝင်လေထွက်စနစ်တပ်ဆင်ပုံကိုပြသထားပါတယ်။
ထရီဇာရဲ့ဒီဇိုင်းနှံ့စပ်တဲ့မွမ်းမံပြင်ဆင်မှုပုံစံတစ်မျိုးကိုကြည့်မယ်ဆိုရင် ဂန္ထဝင်စာရေးစားပွဲ၊အီဂျစ်စကျင်ကျောက်ပန်း အိုးတွေနဲ့ နံရံပေါ်မှာဆိုရင်တော့ ပန်းချီကားတစ်ခုနဲ့အတူ ၁၇-၁၈ ရာစုလောက်ကထင်ရှားခဲ့တဲ့ဖယောင်းတိုင်စင်ကိုပါ မြင် တွေ့နိုင်ပါတယ်။
ဘယ်ဘက်ကဧည့်ခန်းနဲ့အဝင်အဝကိုဦးတည်နေတဲ့အခန်းငယ်လေးကိုပိုင်းခြားဖို့ ဆွဲတံခါးကိုအသုံးပြုပြီး ပိတ်ထား လို့ရပါတယ်။ ထရီဇာကဧည့်ခန်းထဲမှာစားပွဲငယ်လေးတွေကို အများကြီးအသုံးမပြုထားပါဘူး။ ထရီဇာရဲ့အဆိုအရတော့ အိမ်တွေမှာစတူဒီယိုသို့မဟုတ် စာကြည့်တိုက်ထားဖို့မလိုအပ်တော့ပါဘူး။ အိမ်ရဲ့ဘယ်နေရာမှမဆိုဆိုဖာပေါ်မှာသက် သောင့်သက်သာလှဲလျောင်းရင်းတက်ဘလက်တစ်ခုနဲ့အလုပ်လုပ်လို့ရပါတယ်။
အဝင်အဝနေရာဆိုတာလည်း ဒီနေ့ခေတ်မှာ အသုံးမဝင်တော့ပါဘူး။ အဝင်အဝမှာနေရာပေးရမယ့်အစားလူတွေ က ဧည့်ခန်းထဲ ဒါမှမဟုတ် အခန်းတစ်ခန်းထဲကိုတိုက်ရိုက်ဝင်ရတာကိုပဲ ကြိုက်ပါတယ်။ အလားတူပဲအိမ်ပိုင်ရှင် အများစုက လည်း မီးဖိုချောင်နဲ့ဧည့်ခန်းကြားကဘယ်လိုအတားအဆီးကိုမှ မကြိုက်မနှစ်သက်ပါဘူး။ Retiro Park ကိုလှမ်းမြင် နေရတဲ့ ဝရံတာတွေနားက ဧည့်ခန်းရဲ့မျက်နှာချင်းဆိုင်ဘက်ခြမ်းမှာVondomအတွက် ထရီဇာဒီဇိုင်းရေးဆွဲပေးထားတဲ့ Chemistubes ပန်းအိုးကြီးတွေကိုထားထားပါတယ်။ ဒါဟာ အရွယ်အစားကြီးမားတဲ့အရာဝတ္တုတွေနဲ့ပတ်သက်လာရင် ထရီဇာရဲ့ရဲရဲတင်းတင်းအသုံးပြုရဲတဲ့သက်သေပါပဲ။ ပန်းအိုးအရှည်ကြီးရဲ့နောက်က စင်ပေါ်မှာပြင်ဆင်ထားပုံကတော့ Bauhaus Symbols တွေကိုကြည့်ပြီး ထရီဇာကိုယ်တိုင်ပြင်ဆင်ထားတဲ့အနုပညာလက်ရာပဲဖြစ်ပါတယ်။ပုံမှာပြထားတဲ့ Muranoဖန်မီးဆိုင်းကြီးကဆိုရင်လည်း ထရီဇာရဲ့မိသားစုအမွေအနှစ်တစ်ခုဖြစ်ပြီးတော့ ဂန္ထဝင်ပင့်ကူမီးဆိုင်းပုံစံကိုပိုမိုဆန်း သစ်အောင်လုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပင်မဝင်ပေါက်ကနေ အခန်းတွေဆီကိုသွားတဲ့လျှောက်လမ်းကအတွင်းဘက် ဝင်းကိုမျက်နှာမူထားတာပါ။ အောက်ခြေခုံတစ်ခုံရဲ့အပေါ်မှာငွေရောင်ကမ္ဘာလုံးတစ်ခုထားပြီးအလှဆင်ခြင်းကလည်း ထရီ ဇာရဲ့စိတ်ကူးပဲဖြစ်ပါတယ်။


လျှောက်လမ်းတစ်လျှောက်မှာပထမဆုံးတွေ့ရမယ့်အခန်းကမီးဖိုချောင်ပါ။မီးဖိုချောင်ကိုလက်တွေ့လုပ်ငန်းဆောင်တာနဲ့အဆင်ပြေစေဖို့ရည်ရွယ်ပြီး ဒီဇိုင်းရေးဆွဲထားတာပါ။အဝါရောင်နောက်ခံ၊ဂျီသြမေတြီအကွက်ပုံစံမျက်နှာကြက်၊ အရွယ်အစားကြီးမားတဲ့ပေါင်းမိုးတွေကဒီနေရာရဲ့ဒီဇိုင်းအတွက် ပြီးပြည့်စုံနေပါတယ်။
မက်ဒရစ်မြို့ရဲ့လဟာပြင်ဈေးဖြစ်တဲ့ El Rastro ကနေဝယ်ယူထားတဲ့ အဝင်အဝကအရုပ်လေးက အိမ်သာအိုး အဖုံးကိုဖုံးဖိထားသယောင်မြင်တွေ့ရပါတယ်။ သန့်စင်ခန်းကတစ်အိမ်လုံးမှာအတောက်ပဆုံးနေရာဖြစ်နေတာကြောင့် စာအုပ်တွေ၊ ဘရပ်ရှ်တွေ၊ ရေမွေးတွေနဲ့ ထရီဇာက ပြခန်းငယ်လေးတစ်ခုအသွင်ပြောင်းလဲလိုက်ပါတယ်။
သူ့အိပ်ခန်းကိုသွားတဲ့လျှောက်လမ်းမှာတော့ တန်ဆာဆင်တဲ့ပစ္စည်းတွေအများကြီးကိုပြသထားပါတယ်။ခရစ္စ တယ်လ်ပစ္စည်းတွေ၊ စာအုပ်စင်တွေနဲ့အတူjonathan Adler ရဲ့ကြွေထည်ပန်းကန်လုံးနောက်မှာ Miguel Chevalier အနုပညာလက်ရာပစ္စည်းနှစ်ခုကို မြင်တွေ့ရပါတယ်။
လျှောက်လမ်းရဲ့အဆုံးသတ်မှာရှိနေတာကစာဖတ်ဖို့လုပ်ထားတဲ့နေရာလေးပါ။အဲဒီကနေဆက်သွားရင် အိမ်ရဲ့ နောက်ဆုံးအခန်းဖြစ်တဲ့ ထရီဇာရဲ့အခန်းကိုရောက်မှာဖြစ်ပါတယ်။ စာဖတ်တဲ့နေရာလေးကတောက်ပမှုရှိပြီးနေချင့်စရာ ကောင်းအောင်ပြင်ဆင်ထားပါတယ်။ Arne Jacobsen ရဲ့ကြက်ဥကုလားထိုင်၊ဧရာမလိမ္မော်ရောင်မီးအိမ်ကြီးနဲ့အတူစင်ပေါ် မှာလည်းအနုပညာလက်ရာပစ္စည်းတွေ၊ ဒီဇိုင်းစာအုပ်တွေကအပြည့်ပဲဖြစ်ပါတယ်။
ထရီဇာရဲ့အိပ်ခန်းကတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ လက်တွေ့အသုံးဝင်အောင်ဒီဇိုင်းရေးဆွဲထားပါတယ်။အသေးစိတ် လေးတွေကအစနေရာလွတ်မကျန်အောင် ဂရုစိုက်ထားတာပါ။ဥပမာ-အိပ်ရာခင်းမှာထရီဇာရဲ့နာမည်စာလုံးအစလေးတွေ ထိုးထားတာ၊ကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့ အဝါရောင်လိုက်ကာတစ်ခုထားထားတာပဲဖြစ်ပါတယ်။
ထရီဇာကကမ္ဘာကြီးမှာသူ့ရဲ့ဖန်တီးမှုတွေနဲ့ပြည့်နှက်နေတာကိုသဘောကျသူဖြစ်ပါတယ်။ နေအိမ်အတွင်းပိုင်း ဒီဇိုင်းတွေဆွဲရတာကိုပိုသဘောကျတဲ့ထရီဇာက သူဟာနာမည်ကျော်တစ်ယောက်မဟုတ်ပေမယ့် မက်ဒရစ်မြို့က သူ့ လက်ရာတွေကိုကြည့်ရင် ဝါရင့်ဒီဇိုင်နာတစ်ယောက်ရဲ့လက်ရာတွေဆိုတာသိနိုင်ပါတယ်လို့ ဆိုထားပါတယ်။

Myanmar Home & Decor Magazine

Ref; Houzz

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်