Month: October 2018

ads

SCG ၏ ဥက္ကဌနှင့် စီအီးအိုဖြစ်သူ Mr. Roongrote Rangsiyopash က ၂၀၁၈ ခုနှစ် တတိယသုံးလပတ်အတွက် စာရင်းစစ်ဆေးခြင်း မပြုရသေးသော လုပ်ငန်းဆောင်ရွက်မှုရလဒ်အရ စီးပွားရေးလုပ်ငန်းယူနစ်အားလုံးတိုးတက်မှုနှုန်းတို့ကြောင့်စာရင်းသွင်းပြီးသော အရောင်းဝင်ငွေမှာ ယခင်နှစ်ကထက် ၉ ရာခိုင်နှုန်းနှင့်  ယခင်သုံးလပတ်ထက် ၂ ရာခိုင်နှုန်း တိုးတက်လာပြီး မြန်မာကျပ်ငွေ ၅၅၆၉ ဘီလျံ (အမေရိကန် ဒေါ်လာ ၃,၇၁၆ သန်း) ဤကာလအတွင်း အမြတ်ငွေပေါင်းမှာ မြန်မာကျပ်ငွေ ၄၃၁ ဘီလျံ (အမေရိကန် ဒေါ်လာ ၂၈ရ သန်း) ရရှိခဲ့ရာ ယခင်နှစ်ကထက် ၂ဝ ရာခိုင်နှုန်းနှင့်  ယခင်သုံးလပတ်ထက် ၂၄ ရာခိုင်နှုန်း လျော့နည်းပြီး မြန်မာကျပ်ငွေ 76 ဘီလျံ (အမေရိကန် ဒေါ်လာ ၅၁ သန်း) ရှိပြီးအဓိကအားဖြင့် စာရင်းကိုင်စံချိန်စံညွှန်းများ၊naphtha ဈေးနှုန်းနှင့်ကမာ္ဘ့ရေနံဈေးမြင့်တက်မှုများကြောင့်ဖြစ်ကြောင်ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အဆိုပါအခြေအနေများမရှိပါက SCG သည်ယခုကာလအတွက်အမြတ် မြန်မာကျပ်ငွေ ၅၀ရ ဘီလျံ (အမေရိကန် ဒေါ်လာ၃၃၈ သန်း) ရရှိခဲ့ကြောင်းမှတ်တမ်းတင်ထားရှိခဲ့ပါသည်။

၂၀၁၈ ခုနှစ်ပထမ ၉လကြာလည်ပတ်သည့်ရလဒ်များအရ SCG သည် စီးပွားရေးလုပ်ငန်းယူနစ်အားလုံးတိုးတက်မှုနှုန်းတို့ကြောင့်စာရင်းသွင်းပြီးသော အရောင်းဝင်ငွေမှာ ယခင်နှစ်ကထက် ရ ရာခိုင်နှုန်းတိုးတက်လာပြီး မြန်မာကျပ်ငွေ ၁၅၆၃ရ ဘီလျံ (အမေရိကန် ဒေါ်လာ ၁၁,၂၃၈ သန်း)ခန့်ရရှိခဲ့သည်။အဆိုပါကာလအတွက်အမြတ်ငွေစုစုပေါင်း မြန်မာကျပ်ငွေ ၁၄၈၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၁,၀၆ရ သန်း) ခန့်ရရှိခဲ့ပြီး အဓိကအားဖြင့်ဓါတုပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများ၏စွမ်းဆောင်ရည်ကျဆင်းခြင်းနှင့်တတိယသုံးလပတ်မှရရှိခဲ့သောအားနည်းချက်တို့ကြောင့် ယခင်နှစ်ကထက် ၁၉ ရာခိုင်းနှုန်းကျဆင်းခဲ့သည့်။ ထို့အပြင် ပို့ကုန်မှတဆင့်ရရှိသောဝင်ငွေမှာ ယခင်နှစ်ကထက် ရ ရာခိုင်နှုန်းတိုးတက်လာပြီး  မြန်မာကျပ်ငွေ ၄,၂၃၉ ဘီလျံ (အမေရိကန် ဒေါ်လာ ၃,၀၄ရ သန်း)ခန့်ရရှိခဲ့ပြီး ရောင်းချခြင်းမှတဆင့်ရှိခဲ့သော SCG ၏ဝင်ငွေသည် ၂ရ ရာခိုင်နှုန်းခန့်ရှိသည်ဟုတွက်ချက်သတ်မှတ်သည် ဟု သိရပါသည်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

ဆေးရောင်ကပြောသော အိပ်ခန်းများ အကြောင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ စိုးဝေ မှ
October 30, 2018 နေ့
ဆောင်းပါးများအိမ်တွင်း အလှဆင် နည်းလမ်းများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ကျွန်တော်တို့သည် နေ့စဉ်ဘဝများကိုဖြတ်သန်းကြရာဝယ် နေ့တစ်နေ့၏သုံးချိုးတစ်ချိုးကို အိပ်ယာအိပ်ခန်း ဆောင်အတွင်း၌အိပ်စက်ရင်း ကုန်ဆုံးကြရလေသည်။ ထိုသို့အိပ်စက်အနားယူရုံမျှမကသေး ကျွန်တော်တို့၏ အိပ်ခန်းများသည် မနက်ဘက်မျက်စိနှစ်လုံးပွင့်၍ပထမဆုံးတွေ့မြင်ကြည်ရှုရမည်နေရာ၊ အဝတ်အစားလဲလှယ် ကြသည်နေရာ၊ ဒီအပြင်ပင်ပန်းမှုများပြေပျောက်ရာ၊ ဖြေဖျောက်ရာနေရာဟုလည်း ဆိုနိုင်ပါသည်။ အိပ်ခန်း တစ်ခန်း၏ အတွင်းပိုင်းအပြင်အဆင်သည် အင်မတန်မှကိုအရေးကြီးပါသည်။

ထို့ကြောင့် ကျွန်တော်တို့သည်မည်သည့်အိပ်ခန်းမျိုးကို မည်ကဲ့သို့အလှဆင်နိုင်လျှင် ပိုမိုအဆင်ပြေစွဲ ဆောင်မှုရှိမည်ဆိုသည်ကို မျက်လုံးဖွင့်နားစွင့်ရှာဖွေတတ်ကြလေ့ရှိသည်။ လူသားတို့သည် နံနက်ခင်းအားမာန် တက်ကြွဖွယ်မြင်ကွင်းကိုတွေ့မြင်ရလျှင် တက်ကြွဖျတ်လက်မှုကိုရရှိ၍ တစ်နေ့တာအတွက်အောင်မြင်စွာဖြတ် သန်းနိုင်ကြလေသည်။

ယင်းအတွက်တက်ကြွအားမာန်ဖြစ်ဖွယ် အားကစားသမားပုံများ၊ အရှိန်အဟုန်ပြင်းစွာယှဉ်ပြိုင်နေသော ပြိုင်နေသော ပြိုင်ကားပိုစကာများစသဖြင့် မိမိစိတ်ကိုလှုံဆော်ပေးစေတတ်သော ရုပ်ပုံများကိုနံရံ၌ ချိတ်ဆွဲထား သင့်ပါသည်။ ထို့ပြင် ကြည်လင်စိမ်းစိုသောတောတောင်ရူခင်းပုံများ၊ ရေတံခွန်စိမ့်စမ်းများကိုလည်းထားရှိသင့် ပါသည်။ ၎င်းသည်အိမ်မှာနေရင်း နေရာတစ်ခုသို့ ခဏတစ်ဖြုတ်သွားရောက်အပန်းဖြေသကဲ့သို့ ချမ်းမြေ့ကြည် နူးမှုကိုရရှိစေနိုင်ပါသည်။

အိပ်ခန်းအတွင်းချိတ်ဆွဲရာတွင် လူတော်တော်များများက ပင်လယ်ပြာပြာရူခင်းများ၊ ကန်ရေပြင်ကျယ် များကိုနှစ်သက်သဘောကျသည်။ စိမ်းစိုသာယာသော တောရိပ်တောင်ရိပ်အောက်က ပင်စည်ကြီးကြီးသစ်ပင်ပုံ များ၊ နွယ်ခက်များအကြားမှ နေရောင်နုနုဖြာကျနေဟန်၊ တစ်မျှော်တစ်ခေါ်လယ်ကွင်းများ၊ ဟိုမှသည်မှ တောရိုင်းပန်းကလေးများ၊ တံတားအိုကလေးနှင့် စမ်းရေအိုင်ငယ်ပုံကလေးများသည် ရင်ကိုအေးမြစေနိုင်သည်။ လူကို တောရိပ်တောင်ရိပ်အောက်ရောက်သွားသကဲ့သို့ အသစ်တဖန်နုပျိုလတ်ဆတ်စေနိုင်ပါသည်။

နောက်ထပ်အရောင်အသွေးပိုင်နှင့် ခြယ်မှုန်းပုံကို ဆက်လက်တင်ပြလိုပါသည်။ အရောင်သည်အခန်း ကိုအလှဆင်ရာ၌များစွာစကားပြောသည်။ ဆေးအရောင်နှင့် နံရံကပ်ဝေါလ်ပေပါအလှဆင်စက္ကူတို့လို မတူ ညီသောမည်သည့် ဝတ္တုနှစ်ခုတို့အားတွဲဖက်အသုံးပြုသည်ဖြစ်စေ လိုက်ဖက်မှုရှိရန်တော့လိုပါသည်။ ဒီနေရာ၌ ပြိုးပြက်တောက်ပသောအရောင်များသည် စိတ်သဘာဝကို လှုံဆော်တက်ကြွစေနိုင်သဖြင့် အနားယူအပန်းဖြေ အိပ်ခန်းအတွင်း မသုံးစွဲသင့်ပေ။ ဆန်ကျင်ဘက်အားဖြင့်အရောင်ခပ်ရင့်ရင့်၊ ခပ်မှောင်မှောင်၊ ခပ်မှိန်မှိန်ကာ လာတို့သည် အိပ်ခန်းအတွက်များစွာသင့်လျော်ပါသည်။ လက်ရှိခေတ်စားနေသော အိပ်ခန်းသုံးအရောင်များမှာ ခပ်ဖျော့ဖျော့ဘယ်ရီသီးအရောင်၊ အစိမ်းရောင်၊ အပြာရင့်များဖြစ်ကြသည်။ အချို့ကလည်း အဆိုပါအရောင် များအပါအဝင် အရောင်စုံမြေဖြူ၊ ဆင်စွယ်အနှစ်ရောင်တို့ကို သဘာဝလေဝင်လေထွက် ကောင်းသောအိပ်ခန်း များတွင် အများဆုံးအသုံးပြုကြလေသည်။

စိတ်ဝင်စားဖွယ်အိပ်ခန်းတစ်ခုအဖြစ်အမြင်ကိုဆန်းသစ်စေနိုုင်သော အရောင်များလည်းရှိပါသည်။ ၎င်း အမြင်တင့်ဆန်းစေမည့်အရောင်များတွင် ကြက်သွေးရောင်နှင့် ချောကလက်ရောင်ရင့်ရင့်ကို လူကြိုက်များ သည်။ ချောကလက်ရင့်သည် ပကတိကြည်နူးဖွယ်အသွင်ကိုဆောင်သည်။ ၎င်းပြင် မနုလွန်မရင့်လွန်းသော အစိမ်းဖျော့ရောင်လေးသည် စိတ်ကိုလန်းဆန်းစေပြီး မိုးပြာရောင်ခပ်မှိန်မှိန်လေးက ကမ်းစပ်တစ်ခုမှနေ၍ ဟိုးအဝေးဆီကိုမျှော်ကြည့်နေသကဲ့သို့ကြည်လင်စေသည်။ လတ်ဆတ်စေသည်။ အမျိုးသမီးအများစုမှာ ၎င်းတို့ ၏အိပ်ခန်းများကို ပန်းရောင်နောက်ခံပြုှလျှက်အလှဆင်တတ်ကြသည်။ ပန်းရောင်ထက် လာဗင်ဒါခရမ်းပြာနု ရောင်က အမျိုးသမီးများကို ဖမ်းစားစေသော အိပ်ခန်းအရောင်ဟုဆိုလျှင် မမှားပေ။

အမျိုးသားများအတွက် သင့်တော်သောအိပ်ခန်းအရောင်များမှာ အပြာရင့်ရောင်၊ အစိမ်းရင့်ရောင်များ ဖြစ်ပြီး ၎င်းမှဖောက်ထွက်ကာခေတ်ဆန်သော အခန်းတွင်းအရောင်များတွင် အနက်နှင့်အဖြူကို အချိုးညီညီ ပေါင်းစပ်ရေးချယ်၍ နံရံအလှဆင်သည်ကိုလည်းတွေ့ရသည်။ နံရံအနုပညာဖန်တီးရာတွင် နာမည်ကျော် ပုံတူ ပန်းချီကားများ၊ ထင်မြင်ချက်အတွေးအခါ်ကို ရေးချယ်သည့်ပန်းချီများနှင့် လည်းချိတ်ဆွဲနိုင်ပါသည်။ ဥပမာအား ဖြင့် ပုံတူပန်းချီကားများတွင် လီလီပန်းခပ်ကြီးကြီးတစ်ပွင့်ပုံ၊ ဖန်အိုးထဲသစ္စာပန်းစိုက်ထားပုံ ပန်းချီကားများကို ချိတ်ဆွဲခြင်းဖြင့် ရှေးဟောင်း တန်ဖိုးကြီးပုံဏ္ဍန်ကို ခေတ်ပေါ်လက်ရာနှင့်ရောနှော ဖန်တီးထားရာရောက်စေပါ သည်။

ကျွန်တော်တို့သည် ကျွန်တော်တို့၏ ကိုယ်ပိုင်အိပ်ခန်းကို တစ်မျိုးပြီးတစ်မျိုးစိတ်ကြိုက်ပြင်ဆင်ပြောင်း လဲအလှဆင်ခြင်းဖြင့် ဘယ်တော့မှ ရိုးသွားလိမ့်မည် မဟုတ်ပါ။ ကျွန်တော်တို့ ထာဝစဉ်အိပ်စက်အနားယူသော အိပ်ခန်းလေးမှာ ကျွန်တော်တို့၏အရင်းနှီးဆုံးအားအင်သစ်ကိုဖြစ်စေဖို့ အိပ်ခန်းလေးကိုအကောင်းဆုံးနဲ့ အမိုက် ဆုံးဖြစ်အောင် အလှဆင်ကြပါစို့လား။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

ဘန်ကောက်မြို့မှ Baanlaesuan Year End Fair 2018

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ မေတန်ခူး မှ
October 29, 2018 နေ့
သတင်းနှင့် ပြပွဲများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

Baanlaesuan Fair ဟာ ထိုုင်းနိုုင်ငံရဲ့ နာမည်ကြီး အိမ်နှင့် ဥယျာဉ်ခြံမြေ အလှဆင်ခြင်းတိုု့အတွက် နောက်ဆုုံးပေါ်နည်းပညာများနဲ့ အဆင်မြင့်ထုုတ်ကုုန်များကိုု ခင်းကျင်းပြသတဲ့ ပြပွဲတစ်ခုုဖြစ်ပါတယ်။ ၁၈နှစ်တိုုင်တိုုင်အောင်မြင်စွာကျင်းပမြဲဖြစ်တဲ့ Baanlaesuan Fair ကိုု တစ်နှစ်လ ျှင် ၃ကြိမ်ကျင်းပလေ့ရှိပါတယ်။ နှစ်စဉ်တိုုင်းရဲ့ မေလ၊ ဩဂုုတ်လနဲ့ အောက်တိုဘာလတွေမှာ ခမ်းခမ်းနားနားကျင်းပလေ့ရှိပါတယ်။

ဒီပြပွဲများရဲ့ထူးခြားချက်တွေကတော့ ပြပွဲတစ်ခုုနဲ့တစ်ခုု ခင်းကျင်းပြတဲ့ Theme နဲ့ inspiration တွေဟာ မတူကြပါဘူး။ တီထွင်ဖန်တီးမှုအားကောင်းတဲ့အတွက် နှစ်လိုုဖွယ်ဖြစ်သလိုု နည်းပညာများကလည်း လေ့လာသင်ယူဖိုု့ကောင်းလှပါတယ်။

ယခုုပြပွဲမှာ အိမ်ဆောက်ခြင်း၊ အလှဆင်ခြင်းနဲ့ မြေယာဥယျာဉ်အလှဆင်ခြင်းတိုု့အတွက် နည်းပညာများ၊ ထုုတ်ကုုန်များကိုု ဝေဝေဆာဆာပြသထားပါတယ်။ အိမ်သုုံးပရိဘောဂတွေ၊ အိမ်နဲ့ ဥယျာဉ်များမှာ အလှဆင်တဲ့အမျိုးမျိုးသော အလှဆင်ပစ္စည်းတွေကိုုလည်း နာမည်ကျော်ကုုမ္ဗဏီများမှာ လာရောက်ခင်းကျင်းပြသလ ျှက်ရှိပါတယ်။ 

ဝင်ပေါက်မုုဒ်ဦးကိုု ကဒ်ထူစက္ကူတွေနဲ့ အဆင့်ဆင့်ဆက်ပြီး အလှဆင်ထားတာဖြစ်ပါတယ်။ စက္ကူတွေကိုု တိတိကျကျပိုုင်းဖြတ်ပြီး တစ်ခုုနဲ့တစ်ခု ပြန်လည်ချိတ်ဆက်ကာ လိုုချင်တဲ့ ဒီဇိုုင်းပေါ်အောင် ပြုလုုပ်ထားတာဖြစ်ပြီး အစိမ်းရောင်နွယ်များ၊ သစ်ပင်များကြောင့်ပိုုမိုုအသက်ဝင်စေပါတယ်။

ယနေ့ခေတ်မှာ အိမ်တစ်အိမ်ဆောက်ဖိုု့အတွက် ရွေးချယ်နုိုင်တဲ့အိမ်ဆောက်ပစ္စည်းများစွာရှိပါတယ်။ အဆင့်လည်းမြင့်မယ်၊ ကုုန်ကျစရိတ်လည်းသက်သာမယ်။ လူသားတိုု့အတွက်သဘာဝကပေးစွမ်းထားတဲ့ အလင်းရောင်နဲ့ လေနုုအေးတိုု့ကိုု ထိတွေ့ခံစားခွင့်ရမယ့် ရိုုးရှင်းပြီး ဒီဇိုုင်းကျစ်လစ်တဲ့ အိမ်နမူနာလေးတစ်ခုုကိုု အဓိကပြကွက်တစ်ခုုအဖြစ် ပြသထားပါတယ်။ SO Company မှ Narong Othavorn ရဲ့ ဒီဇိုုင်းဖြစ်ပြီး ရိုုးရှင်းတဲ့ဘဝပုုံရိပ်တစ်ခုုကိုု ထင်ဟပ်နေစေပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ Impact Challenger Hall မှာ ၂၀၁၈ ခုုနှစ်၊ အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၄ရက်အထိ Impact Challenger Hall မှာ နံနက် ၉း၃ဝ မှ ည ၉းဝဝ အထိ ကျင်းပသွားမယ့် Baanlaesuan Year End Fair မှာ ဆောက်လုပ်ရေး၊ အိမ်တွင်းအလှဆင်နဲ့ မြေယာလုပ်ငန်း ကုမ္ပဏီပေါင်း ၃၀၀ဝ ကျော်မှ ကုန်အမှတ်တံဆိပ်ပေါင်း ၅၀၀ဝ ကျော် ကို ခင်းကျင်းပြသလ ျှက်ရှိပါတယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar